← Chapters

ကောင်းကင်ဘုံဝံပုလွေ၏ ဇာစ်မြစ်

Vol. 145 Ch. 2164

ကောင်းကင်ဘုံဝံပုလွေ၏ ဇာစ်မြစ်

Vol. 145 Ch. 2164

“ပြောလေ”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်လေသည်။

“ကျုပ်က အဲဒီလူ ကျင့်ကြံဖို့အတွက် အရမ်းသင့်လျော်တဲ့ ကျင့်ကြံရေး နည်းစနစ်တစ်ခုကို သိထားတယ်”

“အို…”

သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို အနည်းငယ်​ မှေးကျဉ်းပြီး​ မေးလိုက်၏။

“အစ်ကိုယန်ရဲ့ ထိခိုက်ဒဏ်ရာတွေက အဲဒီ ကျင့်ကြံရေး နည်းစနစ်ကို ကျင့်ကြံပြီးရင် ပြန်ကောင်းလာနိုင်မှာလား… သူ့ရဲ့ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာတွေရောလား”

သူသည် မရေမတွက်နိုင်သော ကျင့်ကြံရေး နည်းစနစ်များနှင့် နတ်ဘုရားစွမ်းအားများကို အရည်ဖျော်ချခဲ့သော်လည်း သူသည် ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံရေး နည်းစနစ်တစ်ခုကို တစ်ခါမှ မကြားဖူးပေ။

စောစောက အနက်ရောင် ကားချပ်မှာ လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ်တစ်ခု ရှိပြီး ၎င်းပေါ်မှာ ရေးဆွဲထားသည့် မိစ္ဆာနည်းစနစ်က အလွန်တရာ စွမ်းအားကြီးမားသော်လည်း အဲဒါက ယန်ပေးချန်ကို မကယ်တင်နိုင်ပေ။

ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။

“သူက အဲဒီ ကျင့်ကြံရေး နည်းစနစ်ကို ကျင့်ကြံမယ်ဆိုရင် အဆူရာရဲ့ ထိခိုက်ဒဏ်ရာတွေက သေချာပေါက် သက်သာပျောက်ကင်းလာလိမ့်မယ်… ဒါပေမဲ့ သူ့ရဲ့ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာတွေကိုတော့ ကုသပေးနိုင်မှာ မဟုတ်ဘူး.. ဒီကျင့်ကြံရေး နည်းစနစ်က သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ထိခိုက်ဒဏ်ရာတွေကို ယာယီပဲ ဖိနှိမ်ပေးထားနိုင်မယ်.. လောလောဆယ်မှာ သူက ရှင်သန်နိုင်သွားလိမ့်မယ်”

“သူက အဲဒီ ကျင့်ကြံရေး နည်းစနစ်ကို ကျင့်ကြံပြီးရင် အစ်ကိုယန်ရဲ့ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာတွေက နောက်ပိုင်းမှာ ပိုပြီးတော့တောင် ဆိုးဝါးလာနိုင်သေးတယ်လို့ မင်းပြောချင်တာလား”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်လေသည်။

“အမြုတေစိတ်ဝိညာဉ်ထဲမှာ ပုန်းလျှိုးနေတဲ့ ဖျားနာမှုတစ်ခု ရှိနေဦးမယ်ဆိုတာကတော့ တကယ်ပဲ.. ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်တို့က လောလောဆယ်မှာ သူ့ရဲ့အသက်ကို ထိန်းသိမ်းထားနိုင်မယ်.. ကျန်တာကိုတော့ နောက်ပိုင်းကျမှ…”

ထိုနေရာအရောက်တွင် ကောင်းကင်ဘုံဝံပုလွေက အနည်းငယ် ရပ်တန့်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။ သူက ထူးခြားမှု တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး​ အေးစက်စွာ ပြောလိုက်၏။

“မင်းက အဲဒါကို အဆုံးသတ်မပေးနိုင်ဘူးလား”

ကောင်းကင်ဘုံဝံပုလွေက ခဏမျှ တုံ့ဆိုင်းပြီးနောက် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“အဲဒီကျင့်ကြံရေး နည်းစနစ်က ပြီးပြည့်စုံမှု မရှိဘူး.. ကျုပ်က အဲဒါရဲ့ တစ်ဝက်ကိုပဲ သိထားတယ်”

“ဟမ့်..”

သိုင်းတာအိုပင်မခန္ဓာ၏ လေသံက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးက မကောင်းဆိုးဝါးဆန်ဆန် အလင်းတစ်ခုကို ထုတ်ဖော်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဆန္ဒကို အာရုံခံမိသွားပြီး ကောင်းကင်ဘုံဝံပုလွေက ရင်တစ်ချက်ထိတ်သွား၏။ ထိုသူက သူ့ကို ညှင်းပန်းနှိပ်စက်ဖို့အတွက် မီးတောက်လုံး ၄လုံးကို ဆင့်ခေါ်လိုက်မည်ကို သူက စိုးရိမ်ပူပန်နေ၏။

ကောင်းကင်ဘုံဝံပုလွေက အလောတကြီး ရှင်းပြလိုက်၏။

“ကျုပ်က တကယ်ပဲ အဲဒါရဲ့ တစ်ဝက်ကိုပဲ သိထားတာ.. အရင်တုန်းက ကျုပ်သခင်က ကျုပ်ကို အဲဒါရဲ့ တစ်ဝက်ကိုပဲ သင်ပေးခဲ့တယ်”

သိုင်းတာအိုပင်မခန္ဓာက အသံတိတ်သွား၏။

သူက တိတ်ဆိတ်ငြိမ်သက်နေလေ.. ကောင်းကင်ဘုံဝံပုလွေက ပို၍ ထိတ်ထိတ်ပျာပျာဖြစ်လာလေပင်။

သူက ဆက်ပြောလိုက်၏။

“အဲဒါက မိစ္ဆာနည်းစနစ်၊ မိစ္ဆာဥပါဒါန် ဗုဒ္ဓကြမ္မာသုတ္တန်ပဲ.. အဲဒါကို အရင်တုန်းက ကျုပ်သခင်က ဖန်တီးခဲ့တာ.. အဲဒါကို အပိုင်းနှစ်ပိုင်း ခွဲထားပြီး အဲဒါက တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုနဲ့ ယှဉ်နိုင်တယ်.. အဲဒါက အရမ်းကို စွမ်းအားကြီးမားပေမဲ့ ကျုပ်သိထားတဲ့ တစ်ဝက်က မိစ္ဆာဥပါဒါန်အပိုင်းပဲ”

“အဆူရာရဲ့ နှလုံးသားက သိပ်သည်းပြင်းထန်တဲ့ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေပြီးတော့ အမုန်းတရားဆိုတာ ဥပါဒါန်တစ်မျိုးပဲ.. သူ့ရဲ့ ခန္ဓာကိုယ်က လမ်းဆုံးကို ရောက်နေပြီဆိုရင်တောင် သူက မိစ္ဆာဥပါဒါန်အပိုင်းကို ကျင့်ကြံနိုင်နေသေးတယ်”

“လူတစ်ယောက်ရဲ့ နှလုံးသားထဲက ဥပါဒါန်က ပိုပြီး သန်မာလေလေ.. အဲဒီမိစ္ဆာနည်းစနစ်ရဲ့ စွမ်းအားက ပိုပြီးတော့ ကြောက်စရာကောင်းလေပဲ”

သိုင်းတာအိုပင်မခန္ဓာက လေးနက်စွာ စဉ်းစားတွေးတောလိုက်၏။

ထိုစွဲလမ်းမှု ဥပါဒါန်က လူတစ်ယောက်ကို မိစ္ဆာဖြစ်အောင် ပြုလုပ်နိုင်သည်ဟု ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက နတ်ဆိုးမကျိက သူ့ကို ပြောခဲ့ဖူးလေသည်။

ဤမိစ္ဆာနည်းစနစ်၏ အခြေခံအုတ်မြစ်က စွဲလမ်းမှု ဥပါဒါန် ဖြစ်၏။

အမုန်းသုတ္တန်က သန်မာပြီး ၎င်း၏ အခြေခံအုတ်မြစ်ကလည်း အမုန်းတရား ဖြစ်လေသည်။

မုန်းတီးမှုသည် စွဲလမ်းမှု ပုံစံတစ်ခုသာ ဖြစ်၏။

ထိုအချိုးအစားကနေ ကြည့်မည်ဆိုလျှင် မိစ္ဆာဥပါဒါန်အပိုင်းသည် အမုန်းသုတ္တန်ထက်ပင် များစွာပိုမို တကယ်ပင် အဆင့်မြင့်နေ၏။

ကောင်းကင်ဘုံဝံပုလွေ ပြောသည့်အတိုင်းပင် ယန်ပေးချန်သည် အမုန်းသုတ္တန်ကို သူ၏ အခြေခံအုတ်မြစ်အဖြစ် ထားရှိပြီး သူ၏ နှလုံးသားက မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့၏။ မိစ္ဆာဥပါဒါန်အပိုင်းသည် သူ့အနေဖြင့် ကျင့်ကြံဖို့အတွက် အသင့်လျော်ဆုံးနှင့် အလွယ်ကူဆုံး ဖြစ်လေသည်။

သို့သော်လည်း မိစ္ဆာဥပါဒါန်သုတ္တန်ကို ကျင့်ကြံပြီးလျှင်တောင် ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဉ်မှာ ပေါက်ကွဲထွက်ပေါ်လာနိုင်သည့် ပုန်းလျှိုးနေသော ဖျားနာမှုတစ်ခုက ကျန်ရှိနေပေဦးမည်။

“အရင်တုန်းက မင်းရဲ့သခင်က ဘယ်သူလဲ”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

ကောင်းကင်ဘုံဝံပုလွေက သိုင်းတာအိုပင်မခန္ဓာ တက်လှမ်းလာတော့မည့်ဆဲဆဲ အချိန်မှသာ အညံ့ခံခဲ့လေသည်။

ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာသည် သူ့ကို နှစ်ပေါင်းထောင်ချီ အကျဉ်းချထားခဲ့သော်လည်း သူတို့နှစ်ယောက်က ထိတွေ့ဆက်ဆံမှုများစွာ မရှိခဲ့ပေ။

ယခင်တုန်းက သူ့သခင်အကြောင်း ပြောချိန်မှာ ကောင်းကင်ဘုံဝံပုလွေက အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အရင်တုန်းက ကျုပ်သခင်က ကောင်းကင်ဘုံကမ္ဘာရဲ့ သမိုင်းထဲမှာ အကြီးကျယ်ဆုံး ဧကရာဇ် ပိုရွှင်းပဲ”

(ပိုရွှင်းဆိုတာ တကယ်တော့ မာရ်နတ်ကိုခေါ်တဲ့နာမည်ပါပဲ။)

သူက တကယ်ပင် ဧကရာဇ်တစ်ပါး ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အဲဒါနှင့် ပတ်သက်၍ ယခင်က ခန့်မှန်းကြည့်ခဲ့ဖူးလေသည်။

“ဧကရာဇ် ပိုရွှင်းရဲ့ ပါရမီ အရည်အချင်းက တုန်လှုပ်စရာကောင်းပြီး သူက ဗုဒ္ဓတာအိုနဲ့ ဓမ္မတာအိုတွေရဲ့ ဓမ္မအစီအရင်တွေမှာ ကျွမ်းကျင်ပိုင်နိုင်တယ်.. သူက မိစ္ဆာဥပါဒါန် ဗုဒ္ဓကြမ္မာသုတ္တန်ကို ဖန်တီးပြီး ကိုယ်ပွား ၃ခု ဖြစ်ပေါ်လာစေဖို့အတွက် အလောင်း ၃လောင်း ကိုယ်ပွားနည်းစနစ်ကို ကျင့်ကြံခဲ့တယ်.. ဗုဒ္ဓခန္ဓာ၊ စိတ်ခံစားချက် ၇မျိုး ခန္ဓာနဲ့ စိတ်အာရုံ ၆ပါး ခန္ဓာတွေပဲ.. သူတို့တွေ အားလုံးက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ရောက်ရှိခဲ့ပြီး သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားကလည်း ကောင်းကင်ဘုံကို ဖီဆန်နိုင်ခဲ့တယ်”

“သူက စိတ်အာရုံ ၆ပါးကို ထိန်းချုပ်ထားတဲ့ ကိုယ်ပွားတစ်ခုကို သန့်စင်မွမ်းမံပြီး အဲဒါကို ဧကရာဇ်လက်နက် ကေတုဆေဘာအဖြစ် သွန်းလုပ်ခဲ့တယ်.. အဲဒါမှာ စိတ်အာရုံ ၆ပါးရဲ့ စွမ်းအားပါဝင်ပြီး ဆိုးယုတ်တဲ့ကံကပဲ စိတ်အာရုံ ၆ပါးကို လောင်ကျွမ်းပြာချပြီး ကေတုဆေဘာကို ကိုင်စွဲနိုင်မယ်”

“သူက စိတ်ခံစားချက် ၇မျိုးကို ထိန်းချုပ်ထားတဲ့ နောက်ထပ်ကိုယ်ပွားတစ်ခုကို သန့်စင်မွမ်းမံပြီး နောက်ထပ် ဧကရာဇ်လက်နက် မာရ်နတ်မျက်နှာဖုံးကို ဖန်တီးခဲ့တယ်.. အဲဒီမှာ စိတ်ခံစားချက် ၇မျိုးရဲ့ စွမ်းအား ပါဝင်ပြီး ဥပါဒါန်ကပဲ သူတို့ကို ဖြတ်တောက်နိုင်မယ်”

ထိုစကားကို ကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွားသော်လည်း သူက မည်သည့်အရာကိုမှ ပြောဆိုခြင်း မရှိပေ။

ဧကရာဇ် ပိုရွှင်းအကြောင်း ပြောဆိုချိန်မှာ ကောင်းကင်ဘုံဝံပုလွေ၏ လေသံတွင် နက်ရှိုင်းသော မာန်မာနတစ်ခု ပါဝင်လာပြီး သူက ဆက်ပြောလိုက်၏။

“ဧကရာဇ် ပိုရွှင်းက သူ့ရဲ့ စိတ်ခံစားချက် ၇မျိုးနဲ့ စိတ်အာရုံ ၆ပါးကို ဖြတ်တောက်ပြီး သူတို့ကို ဧကရာဇ်လက်နက်နှစ်ခုအဖြစ် သန့်စင်ခဲ့တယ်.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ မြင့်တက်လာပြီး သူက မိစ္ဆာမဟာနယ်မြေမှာ ပြိုင်ဘက်ကင်း စိုးမိုးခြယ်လှယ်နိုင်ခဲ့တယ်.. သိပ်မကြာခင် သူက မိစ္ဆာမဟာနယ်မြေကို ပေါင်းစည်းပြီး မိစ္ဆာမဟာနယ်မြေရဲ့ နံပါတ်တစ် မိစ္ဆာဧကရာဇ် ဖြစ်လာခဲ့တယ်”

“အဲဒီနောက်ပိုင်း ဧကရာဇ် ပိုရွှင်းရဲ့ တတိယမြောက်ကိုယ်ပွား ဗုဒ္ဓခန္ဓာက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်သွားခဲ့တယ်.. သူ့ရဲ့ ပင်မခန္ဓာက ဗုဒ္ဓခန္ဓာနဲ့ ပေါင်းစည်းပြီး သူက မိစ္ဆာတာအိုနဲ့ ဗုဒ္ဓတာအိုရဲ့ မကြုံစဖူး အံ့မခန်း ထူးခြားတဲ့ ပေါင်းစည်းမှုတစ်ခု ပြုလုပ်ခဲ့တယ်.. သူက မိစ္ဆာမဟာနယ်မြေရဲ့ မိစ္ဆာဧကရာဇ် ဖြစ်လာရုံတင်မကဘူး.. သူက သုခဘုံသန့်စင်ကုန်းမြေမှာ ဗုဒ္ဓဧကရာဇ်လည်း ဖြစ်လာခဲ့တယ်”

“သူက မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့အတွက် ခြေလှမ်းဝက်ပဲ လိုတော့တယ်”

ကောင်းကင်ဘုံဝံပုလွေက သူ၏ လေသံကို ဖုံးကွယ်မထားပေ။

ဘေးကနေ ယန်ပေးချန်နှင့် ဖျံဖြူလေးက တုန်လှုပ်နေ၏။

သိုင်းတာအိုပင်မခန္ဓာကလည်း ခေါင်းညိတ်လိုက်၏။

ဗုဒ္ဓဝါဒနှင့် မိစ္ဆာဝါဒ၏ ဓမ္မတာအိုနှစ်ခုက လုံးဝကို ကွဲပြားခြားနားနေ၏။

သူ၏ ဗုဒ္ဓခန္ဓာနှင့် မိစ္ဆာခန္ဓာ နှစ်ခုစလုံးသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည့် အချက်ကပင် စိတ်ကူးစိတ်သန်းများထက် ကျော်လွန်နေပြီဖြစ်ပြီး အဲဒါက သမိုင်းတစ်လျှောက် တုန်လှုပ်သွားစေဖို့ လုံလောက်လေသည်။

မိစ္ဆာခန္ဓာနှင့် ဗုဒ္ဓခန္ဓာ နှစ်ခုကိုပင် တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့၏။

ပါရမီ၊ အရည်အချင်း၊ ကံကြမ္မာ၊ ရဲဝံ့မှု၊ အခွင့်အလမ်းနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ အားလုံးကို လိုအပ်လေသည်။

မိစ္ဆာများက ဗုဒ္ဓဖြစ်လာပြီး ဗုဒ္ဓများက မိစ္ဆာဖြစ်လာခဲ့၏။

“မိစ္ဆာမဟာနယ်မြေကို ပေါင်းစည်းပြီးတဲ့နောက် ဧကရာဇ် ပိုရွှင်းက သုခဘုံသန့်စင်ကုန်းမြေကို သိမ်းပိုက်ပြီး မိစ္ဆာမဟာနယ်မြေနဲ့ သုခဘုံသန့်စင်ကုန်းမြေကို ပေါင်းစည်းလိုခဲ့တယ်.. နောက်ဆုံးမှာ သူက ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းပြီး အရှင်သခင် ဖြစ်လာချင်ခဲ့တယ်”

ရုတ်တရက် ကောင်းကင်ဘုံဝံပုလွေက ရပ်တန့်လိုက်၏။

ခဏမျှ ငြိမ်သက်ပြီးနောက် သူက စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ သူက နောက်ဆုံးမှာ ကျရှုံးသွားပြီး သုခဘုံသန့်စင်ကုန်းမြေမှာ မြုပ်နှံခံခဲ့ရတယ်”

“ဧကရာဇ် ပိုရွှင်း သန့်စင်ထားတဲ့ ဧကရာဇ်လက်နက် မာရ်နတ်မျက်နှာဖုံးက ငါ့မျက်နှာပေါ်က ဒီငွေရောင်မျက်နှာဖုံးပဲ ဟုတ်တယ်မလား”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

ကောင်းကင်ဘုံဝံပုလွေက ခါးသက်စွာ ရယ်မောလိုက်၏။

“ကျုပ်က မာရ်နတ်မျက်နှာဖုံးထဲက ဘာမဟုတ်တဲ့ လက်နက်စိတ်ဝိညာဉ်တစ်ခုပဲ.. ကျုပ်က ကံကောင်းထောက်မပြီး အသက်ရှင်နိုင်ခဲ့တယ်.. ဒါပေမဲ့ ကျုပ်က ဒဏ်ရာ အပြင်းအထန်ရရှိပြီး အောက်ဘုံလောကတွေဆီကို ကျဆင်းသွားခဲ့ရတယ်”

“မင်းက လက်နက်စိတ်ဝိညာဉ်တစ်ခုပဲ မဟုတ်ပါဘူး”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းက တစ်ခါတုန်းက ဧကရာဇ် ပိုရွှင်းရဲ့ စိတ်ခံစားချက် ၇မျိုး ကိုယ်ပွားဖြစ်ခဲ့တာပဲ”

“စိတ်ခံစားချက် ၇မျိုး ကိုယ်ပွားက အစတုန်းက ကောင်းကင်လိုဏ်ဂူ ဘုရင်တစ်ပါး ဖြစ်ခဲ့တယ်.. ဧကရာဇ်ပိုရွှင်းက စိတ်ခံစားချက် ၇မျိုး ကိုယ်ပွားကို သန့်စင်မွမ်းမံပြီး ဧကရာဇ်လက်နက် မာရ်နတ်မျက်နှာဖုံးကို ဖန်တီးခဲ့တယ်ဆိုတာ သူက မင်းကို နောက်ထပ်ပုံစံတစ်မျိုးနဲ့ ဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တာပဲ”

ကောင်းကင်ဘုံဝံပုလွေက အသံတိတ်၍ ငြင်းဆန်ခြင်း မရှိပေ။

သူသည် ဤကိစ္စကို ဖုံးကွယ်ထားပြီး ရှင်းရှင်းလင်းလင်း မပြောဆိုခဲ့ပေ။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက အဲဒါကို ခန့်မှန်းမိသွားလေပြီ။

“ကျုပ်ရဲ့ အရင်ဘဝတုန်းက ကျုပ်က တကယ်ပဲ စိတ်ခံစားချက် ၇မျိုး ကိုယ်ပွား ဖြစ်ခဲ့တယ်”

ကောင်းကင်ဘုံဝံပုလွေက ပွင့်ပွင့်လင်းလင်းပင်​ ပြောလိုက်၏။

“ဒါပေမဲ့ ခင်ဗျားပြောတာ တချို့နေရာတွေက မှားနေတယ်.. ကျုပ်က အရင်တုန်းက ကြီးမားတဲ့ တိုက်ပွဲတစ်ခုကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး စိတ်အာရုံ ၆ပါးကိုယ်ပွားနဲ့အတူ သေဆုံးခဲ့ရတယ်.. အဲဒါကြောင့်ပဲ ဧကရာဇ် ပိုရွှင်းက ကျုပ်ရဲ့ ခန္ဓာကိုယ်ကို မာရ်နတ်မျက်နှာဖုံးအဖြစ် သန့်စင်သွန်းလုပ်ခဲ့တာပဲ.. ကြေမွပျက်စီးသွားတဲ့ အမြုတေစိတ်ဝိညာဉ်ကို သူက ဒီဧကရာဇ်လက်နက်ရဲ့ လက်နက်စိတ်ဝိညာဉ်အဖြစ် သန့်စင်မွမ်းမံပေးခဲ့ပြီး ကျုပ်ကို တစ်ဖန်ပြန်လည်မွေးဖွားလာစေခဲ့တယ်”

စိတ်ခံစားချက် ၇မျိုး ကိုယ်ပွားနှင့် ဧကရာဇ် ပိုရွှင်းသည် တူညီသော ဇာစ်မြစ်မှ လာခဲ့ခြင်း ဖြစ်သော်လည်း သူတို့က လုံးဝကို ကွဲပြားခြားနားနေ၏။

ပိုရွှင်းမှာ ဗုဒ္ဓဆန်သော သဘာဝနှင့် မိစ္ဆာဆန်သော သဘာဝ နှစ်မျိုးစလုံး ရှိနေပြီး စိတ်ခံစားချက်များနှင့် စိတ်အာရုံများ အားလုံးကို ဖြတ်တောက်ခဲ့လေသည်။

စိတ်ခံစားချက် ၇မျိုး ကိုယ်ပွားဖြစ်စေ.. စိတ်အာရုံ ၆ပါး ကိုယ်ပွားဖြစ်စေ… သူတို့၏ အတွေးများသည် ဧကရာဇ် ပိုရွှင်းနှင့် လုံးဝကို ကွဲပြားခြားနားနေ၏။

ဥပမာအားဖြင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် သိုင်းတာအိုပင်မခန္ဓာမှာ တူညီသော အတွေးများ ရှိလေသည်။ အစစ်အမှန်ခန္ဓာနှစ်ခုလုံးက ဆူဇီမိုပင် ဖြစ်လေသည်။

နောက်ပိုင်းမှာ စိတ်ခံစားချက် ၇မျိုး ကိုယ်ပွားသည် မာရ်နတ်မျက်နှာဖုံးအဖြစ် သန့်စင်သွန်းလုပ်ခံခဲ့ရပြီး သေဆုံးသွားသော အမြုတေစိတ်ဝိညာဉ်က လက်နက်စိတ်ဝိညာဉ်တစ်ခု၏ ပုံစံဖြင့် ပြန်လည်မွေးဖွားလာခဲ့၏။

အဲဒါက ကောင်းကင်ဘုံဝံပုလွေ ဖြစ်လေသည်။

သူက ပြန်လည်မွေးဖွားလာပြီးနောက် ကောင်းကင်ဘုံဝံပုလွေသည် လုံးဝ ကွဲပြားခြားနားသော ဘဝသစ်တစ်ခုကို ရရှိလာခဲ့ပြီး သူ့ကို စိတ်ခံစားချက် ၇မျိုး ကိုယ်ပွားဟု ဆက်၍ မခေါ်ဆိုနိုင်တော့ပေ။

ထို့ကြောင့်ပင်လျှင် သူက ဧကရာဇ် ပိုရွှင်းကို သူ၏ သခင်အဖြစ် ရည်ညွှန်းခေါ်ဆိုခဲ့ခြင်း ဖြစ်လေသည်။

All Chapters