ကောင်းကင်ဘုံဝံပုလွေ ပြန်လည်မွေးဖွားလာခြင်း
Vol. 145 Ch. 2166
“ကောင်းကင်ဘုံဝံပုလွေ... မင်း အမှန်တကယ်ပြန်လည်မွေးဖွားလာဖို့ကို တွေးကြည့်မိဖူးလား”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
ကောင်းကင်ဘုံဝံပုလွေက အနည်းငယ်မှင်တက်သွားပြီး ဂရုတစိုက် အကဲစမ်းမေးလိုက်၏။
“သခင်.... ခင်ဗျားပြောချင်တာက...”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ငါမင်းကိုဒီဘက်မျိုးဆက်မှာ ပြန်မွေးဖွားစေပြီး လွတ်လပ်တဲ့ အသက်နဲ့ခန္ဓာတစ်ခုကို ပိုင်ဆိုင်စေမယ်”
“အဲ့ဒါက...”
ခဏကြာသည်အထိ ကောင်းကင်ဘုံဝံပုလွေက အဲ့ဒါကို မယုံကြည်နိုင်ပေ။
သူ့ကို ဧကရာဇ်ပိုရွှင်းက တခြားသောနည်းဖြင့် ပြန်လည်မွေးဖွားစေခဲ့သော်လည်း သူကလက်နက်စိတ်ဝိညာဥ်တစ်ခုသာဖြစ်ခဲ့၏။
သူ့မှာ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်တစ်ခု မရှိခဲ့ပေ။
သူ့ကံကြမ္မာက မာရ်နတ်မျက်နှာဖုံးကို ကာကွယ်ဖို့သာဖြစ်၏။
သူ့မှာ ဤကဲ့သို့သော အတွေးများရှိနေသည်ဆိုလျှင်တောင် ဧကရာဇ်ပိုရွှင်းက အဲ့ဒါကိုခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။
မာရ်နတ်မျက်နှာဖုံးသည် ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့၏။
သူက လွတ်လပ်သောသက်ရှိတစ်ဦးဖြစ်လာခဲ့မည်ဆိုလျှင် ဧကရာဇ်လက်နက်သည် သူ၏ လက်နက်စိတ်ဝိညာဥ်ကို ဆုံးရှုံးသွားခြင်းနှင့် တူပေလိမ့်မည်။ ၎င်း၏ စွမ်းအားကလည်း ကြီးမားစွာလျော့ကျသွားပေလိမ့်မည်။
ကောင်းကင်ဘုံဝံပုလွေက အဲ့ဒါကိုချက်ချင်းသဘောမတူသေးပေ။
အဲ့ဒါသည် သိုင်းတာအိုပင်မခန္ဓာထံမှ စမ်းသပ်ချက်တစ်ခုဖြစ်နေမှာကို သူကအနည်းငယ်စိုးရိမ်နေ၏။
ကောင်းကင်ဘုံဝံပုလွေက ခဏမျှငြိမ်သက်ပြီးနောက် သတိပေးလိုက်၏။
“လက်နက်စိတ်ဝိညာဥ်တစ်ခုမရှိရင် မာရ်နတ်မျက်နှာဖုံးက အနာဂတ်မှာ ဧကရာဇ်လက်နက်တစ်ခုရဲ့ အဆင့်ကို ဘယ်တော့မှပြန်မရောက်နိုင်တော့တာ ဖြစ်သွားနိုင်တယ်”
“ငါဂရုမစိုက်ဘူး”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“ငါက... ဧကရာဇ်နယ်ပယ်ကိုမတက်လှမ်းနိုင်ဘူးဆိုရင် မာရ်နတ်မျက်နှာဖုံးက ငါ့အတွက်အသုံးမတည့်ဘူး”
“ငါက... ဧကရာဇ်နယ်ပယ်ကို တက်လှမ်းသွားနိုင်တယ်ဆိုရင်လည်း အဲ့ဒါကဧကရာဇ်လက်နက်တစ်ခုပဲ... အဲ့ဒါက ငါ့အတွက်မရှိလည်းဖြစ်တယ်”
သိုင်းတာအို၏ အခြေခံအုတ်မြစ်က ခန္ဓာကိုယ်ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်သည် အသန်မာဆုံး ဧကရာဇ်လက်နက်ဖြစ်လာပေလိမ့်မည်။ သူ့အတွက်တော့ မာရ်နတ်မျက်နှာဖုံး၏ အသုံးဝင်မှုမှာ သူ၏ သရုပ်သကန်ကို ဖုံးကွယ်ပေးထားဖို့သာဖြစ်၏။
ထိုနေရာအရောက်တွင် ကောင်းကင်ဘုံဝံပုလွေ၏ စိတ်နှလုံးက တောက်လောင်ပြင်းပြလာခဲ့၏။
သူသည် မာရ်နတ်မျက်နှာဖုံးထံကနေလွတ်မြောက်နိုင်ပြီး အမှီအခိုကင်းမဲ့သည့် အသွေးအသားခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လာမည်ဆိုလျှင် အဲ့ဒါက သူမျှော်လင့်စောင့်စားနေခဲ့ရသည့် အိပ်မက်တစ်ခုဖြစ်ပေလိမ့်မည်။
သူသည် အောက်ဘုံလောကသို့ ကျဆင်းသွားခဲ့စဥ်က သူသည် တာအိုအရှင်သွေးမိစ္ဆာ၏ ဘေးမှာ အမြဲတမ်းရှိနေခဲ့၏။
သူသည် တာအိုအရှင်သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုခြင်းမရှိခဲ့သည် မဟုတ်ပေ။
အဲ့ဒါသည် သူ၏ ခွန်အားက တာအိုအရှင်သွေးမိစ္ဆာပင်လျှင် ခံနိုင်ရည်မရှိသော တစ်စုံတစ်ရာဖြစ်နေသောကြောင့်ပင်။
သူသည် တာအိုအရှင်သွေးမိစ္ဆာကို ပူးကပ်သိမ်းပိုက်လိုက်မည်ဆိုလျှင် ထိုသူ၏ ခန္ဓာကိုယ်က လဲပြိုကျသွားပြီး အောက်ဘုံလောက၏ နိယာမများကိုပင် နှိုးဆွပေးလာနိုင်၏။
ထို့ကြောင့်ကောင်းကင်ဘုံဝံပုလွေသည် တာအိုအရှင်သွေးမိစ္ဆာကို ပူးကပ်သိမ်းပိုက်ခြင်းမပြုခင် ထိုသူတက်လှမ်းမည့်အချိန်ကို စောင့်ဆိုင်းခြင်း သို့မဟုတ် အခြားသောသင့်တော်သည့် ခန္ဓာကိုယ်တစ်ခုကိုရှာဖွေလိုခဲ့ခြင်း ဖြစ်လေသည်။
သို့သော်လည်း နောက်ပိုင်းမှာ ဆူဇီမိုက ရုတ်တရက်ပေါ်ထွက်လာပြီး လောကထံ သူ၏ တာအိုကို သင်ကြားပေးခဲ့၏။ သူသည် သိုင်းတာအိုပင်မခန္ဓာကဲ့သို့ မူကွဲတစ်ခုပင်စုဖွဲ့နိုင်ခဲ့ပြီး သူ့ကိုလုံးဝအကျဥ်းချထားနိုင်ခဲ့၏။
ကောင်းကင်ဘုံဝံပုလွေသည် မကျေမချမ်းဖြစ်၍ အညံ့ခံဖို့ကို ငြင်းဆန်နေခဲ့၏။
အဲ့ဒါသည် သူ့နှလုံးသားအနက်ပိုင်းရှိ မာန်မာနအပြင် သူသည် တစ်နေ့မှာ ထွက်ပြေးလွတ်မြောက်ပြီး ပြန်လည်မွေးဖွားလာမည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ချင်ခဲ့သောကြောင့်ဖြစ်၏။
နောက်ပိုင်းမှာ သိုင်းတာအိုပင်မခန္ဓာသည် လောကကိုလှည့်စားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက အောက်ဘုံလောကများမှာ အဆက်မပြတ် မြင့်တက်လာခဲ့၏။ သူ၏ ပါရမီအလားအလာကလည်း အတော်လေးကောင်းမွန်ပြီး သူသည် အနာဂတ်မှာ တစ်စုံတစ်ရာကို အောင်မြင်ရရှိနိုင်သည့် အခွင့်အရေးပင်ရှိနေခဲ့၏။
သူ့ယခင်သခင်က သေဆုံးသွားခဲ့ပြီကိုပြန်တွေးမိပြီး ကောင်းကင်ဘုံဝံပုလွေက နောက်ဆုံးမှာ အညံ့ခံဖို့ရွေးချယ်ခဲ့၏။
ယခု.. ဤကဲ့သို့သောအခွင့်အလမ်းတစ်ခုက သူ၏ ရှေ့မှောက်မှာ ရောက်ရှိလာခဲ့လေပြီ။
“ခင်ဗျား ကျုပ်ကို တကယ်ပဲပြန်လည်မွေးဖွားလာစေချင်လို့လား”
ကောင်းကင်ဘုံဝံပုလွေက မယုံကြည်နိုင်စွာဖြင့်မေးလိုက်၏။
“အမှန်ပဲ”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မင်းရဲ့နာမည်က ကောင်းကင်ဘုံဝံပုလွေဆိုမှတော့... ဒီနေရာမှာမင်းအတွက် သင့်လျော်တဲ့ ခန္ဓာကိုယ်တစ်ခုရှိနေတယ်”
ထိုသို့ပြောရင်း သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကို ဝေ့ယမ်းပြီး မလှမ်းမကမ်းအပျက်အစီးပုံထဲမှာ ကြီးမားသောတွင်းချိုင့်တစ်ခုကို ဖန်တီးလိုက်၏။
ငွေရောင်သားမွေးတိုတိုနှင့်အတူ ဧရာမဝံပုလွေသားရဲတစ်ကောင်က အထဲမှာလှဲလျောင်းနေ၏။
လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေ...။
အဲ့ဒါသည် အင်မော်တယ်သတ်ဖြတ်ခြင်းစံအိမ်၏ စံအိမ်သခင် ခေါ်ဆောင်လာခဲ့သော သားရဲတောကောင်တစ်ကောင်ဖြစ်ပြီး အဲ့ဒါကအဆင့်-၉ မဟူရာအမြုတေနယ်ပယ်မှာရှိလေသည်။ စောစောက ရုန်းရင်းဆန်ခတ်တိုက်ပွဲမှာ ၎င်း၏အမြုတေစိတ်ဝိညာဥ်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ဟိန်းဟောက်သံကြောင့် ကြေမွပျက်စီးသွားခဲ့၏။
ဝံပုလွေသားရဲ၏ ခန္ဓာကိုယ်မှာ သွေးသံရဲရဲဒဏ်ရာတချို့ရှိနေသော်လည်း အနည်းဆုံးတော့ သူ၏ ခန္ဓာကိုယ်က ခြေလက်အင်္ဂါအစုံအပြင် အကောင်းတိုင်းရှိနေ၏။
ကောင်းကင်ဘုံဝံပုလွေမျိုးနွယ်သည် အစကတည်းက ဝံပုလွေမျိုးနွယ်၏ ဘုရင်ဖြစ်လေသည်။
လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေမျိုးဆက်သည် ကောင်းကင်ဘုံဝံပုလွေမျိုးနွယ်၏ အသန်မာဆုံးမျိုးဆက်ဖြစ်လေသည်။
ကောင်းကင်ဘုံဝံပုလွေက တကယ်ပင် စိတ်ပါယိမ်းယိုင်လာခဲ့၏။
အဲ့ဒါသည် သူက သိုင်းတာအိုပင်မခန္ဓာကြောင့် အကျဥ်းချဖိနှိမ်ခံထားရခြင်း မရှိခဲ့စဥ်ကဆိုလျှင် သူသည် ဤခန္ဓာကိုယ်ကို စိတ်ဝင်စားမှုရှိချင်မှရှိပေလိမ့်မည်။
သို့သော်ယခု... သူက လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေ၏ အသိစိတ်ထဲသို့ ဝင်ရောက်နိုင်သည်ဆိုလျှင် သူသည် ပြန်လည်မွေးဖွားပြီး အစစ်အမှန် ပြန်လည်မွေးဖွားခြင်းတစ်ခုကိုရရှိလာပေလိမ့်မည်။
သူ၏ နည်းလမ်းများအရ သူ့အနေဖြင့် လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေ၏ မျိုးဆက်သွေးကို ပြုပြင်ပြောင်းလဲပြီး ပိုမိုသန်မာလာအောင်ပြုလုပ်ဖို့က အခက်အခဲမရှိပေ။
ကောင်းကင်ဘုံဝံပုလွေက ချက်ချင်းသဘောမတူသေးပေ။ ထိုအခိုက်အတန့်မှာ သူက အလွန်တရာသတိကြီးကြီးထားနေ၏။
“သခင်... ခင်ဗျားကျုပ်ကို ဘာလုပ်စေချင်လို့လဲ”
ကောင်းကင်ဘုံဝံပုလွေက ကျိုးနွံစွာနှင့် ဂရုတစိုက်မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ဤမျှအထိကြင်နာတတ်ပြီး သူ့ကို ဤကဲ့သို့သောပုံစံဖြင့် ပြန်လည်မွေးဖွားခွင့်ပေးလိမ့်မည်ဟု သူက မယုံကြည်သေးပေ။
သူသည် ဤကဲ့သို့သောပုံစံဖြင့် ပြန်လည်မွေးဖွားလားမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာအတွက် အလွန်တရာ အန္တရာယ်များလေသည်။
သူသည် လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက် သူက ကျင့်ကြံနိုင်ပြီဖြစ်သောကြောင့်ပင်။
သူ၏ ကျင့်ကြံမှုအလျင်အဟုန်က သိုင်းတာအိုပင်မခန္ဓာထက် ပိုမိုမြန်ဆန်ပြီး ထိုသူ့ထက်ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခုကျော်တက်လာနိုင်သည်နှင့် သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်ထဲမှာ ထိုသူထည့်သွင်းထားသည့် ကန့်သတ်ချုပ်နှောင်မှုကို ချေဖျက်ဖို့ကြိုးစားကြည့်နိုင်မည်ဖြစ်၏။
ထိုသို့ဖြင့် သူသည် အစစ်အမှန်လွတ်မြောက်မှုကို ပြန်လည်ရရှိလာပေလိမ့်မည်။
သူ၏ ယခင်ဘဝမှာ သူသည် စိတ်ခံစားချက် ၇မျိုးကိုယ်ပွားဖြစ်ခဲ့ပြီး မိစ္ဆာမဟာနယ်မြေမှာ အသန်မာဆုံး မိစ္ဆာဘုရင်များထဲမှတစ်ပါးဖြစ်ခဲ့လေသည်။ ဤဘဝမှာ သူသည် ဧကရာဇ်လက်နက်တစ်ခု၏ လက်နက်စိတ်ဝိညာဥ်တစ်ခုဖြစ်ခဲ့ပြီး... ကျင့်ကြံရေးနည်းစနစ်များစွာကို သိရှိထားလေသည်။
သူ၏ ကျင့်ကြံရေးအတွေ့အကြုံက သိုင်းတာအိုပင်မခန္ဓာထက်ပင် များစွာပိုမိုကြွယ်ဝလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအို၏ နောက်ပိုင်းဓမ္မအစီအရင်ကိုပင် ကောက်ချက်မချရသေးပေ။
သူ၏ ကျင့်ကြံမှုနယ်ပယ်က သူပြန်လည်မွေးဖွားလာပြီးနောက် အတော်လေးနိမ့်ကျနေမည်ဖြစ်သော်လည်း သူသည် အနာဂတ်မှာ သိုင်းတာအိုပင်မခန္ဓာထက် သေချာပေါက်ကျော်တက်နိုင်မည့်အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
တကယ်တော့... သူက ဤကဲ့သို့သောအတွေးများကို ဖော်ထုတ်ပြရဲလိမ့်မည်မဟုတ်ပေ။
“ငါမင်းကို ကိစ္စတချို့လုပ်ပေးစေချင်တယ်”
သိုင်းတာအိုပင်မခန္ဓာက လိုရင်းကိုတန်းပြောလိုက်၏။
“ပထမဆုံး... မင်းပြန်လည်မွေးဖွားပြီးရင် မင်းရဲ့ အရင်ဘဝမှာရော ဒီဘက်မျိုးဆက်မှာပါ လေ့လာသိရှိထားတဲ့ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေအားလုံးကို ချရေးပေးရမယ်”
“မိစ္ဆာဥပါဒါန်အပိုင်းနဲ့ အလောင်းသုံးလောင်းနည်းစနစ်အပါအဝင်ပေါ့”
“အဲ့ဒါက ကိစ္စမရှိပါဘူး”
ကောင်းကင်ဘုံဝံပုလွေက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။
သူသည် ထိုကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များအားလုံးကို သိုင်းတာအိုပင်မခန္ဓာထံ လွှဲပြောင်းပေးရမည်ဆိုလျှင်တောင် ကိစ္စမရှိပေ။
သိုင်းတာအိုပင်မခန္ဓာသည် သူတို့ကို တိုက်ရိုက်မကျင့်ကြံနိုင်ဘူးဆိုတာကို ကောင်းကင်ဘုံဝံပုလွေက သိရှိထား၏။
သူသည် သိုင်းတာအို၏ နောက်ထပ်ခြေလှမ်းကို ကောက်ချက်ချဖို့အတွက် ထိုကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို အသုံးချချင်ရုံသာဖြစ်လေသည်။
သို့သော်လည်း သိုင်းတာအိုကို ကောက်ချက်ချဖို့က သိပ်ပြီးလွယ်ကူမနေပေ။
ကောင်းကင်ဘုံဝံပုလွေက ကြိတ်၍လှောင်ရယ်လိုက်၏။
တကယ်ဆို... သိုင်းတာအိုပင်မခန္ဓာ၏ အောင်မြင်ထွန်းပေါက်မှုများက ဤနေရာမှာအဆုံးသတ်သွားဖို့များသည်ဟုပင် သူကသံသယရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ဒုတိယတစ်ချက်... မင်းပြန်လည်မွေးဖွားပြီးရင် မင်းကတတ်နိုင်သမျှမြန်မြန်ကျင့်ကြံပြီး မင်းရဲ့တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ရမယ်... ဒီအနီးနားဝန်းကျင်မှာရှိတဲ့ မဟူရာအဆင့်အဖွဲ့အစည်းတွေအားလုံးကို စုစည်းပြီး အဖွဲ့အစည်းအသစ်တစ်ခုတည်ထောင်ရမယ်”
“အစောပိုင်းမှာဆိုရင် ဒီကိစ္စကို ပြီးမြောက်ဖို့အတွက် ငါမင်းကိုကူညီပေးမယ်”
“နောက်ပိုင်းကျရင်... ဒီအဖွဲ့အစည်းက မင်းရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေလိမ့်မယ်”
ကောင်းကင်ဘုံဝံပုလွေ၏ မျက်လုံးများက တောက်ပသွား၏။
သိုင်းတာအိုပင်မခန္ဓာ၏ ညွှန်ကြားမှုမရှိလျှင်တောင် သူသည် အသည်းအသန်ကျင့်ကြံ၍ သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် မြှင့်တင်မည်ဖြစ်လေသည်။
ဤနှစ်များမှာ ဤပိုင်နက်နယ်မြေ၏ အနီးနားမှာရှိသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် သိုင်းတာအိုပင်မခန္ဓာ၏ အမည်ကို ကြားဖူးထားကြလေပြီ။
ဤတိုက်ပွဲမှာ သွေးနီရောင်တောင်ကြားက ဖျက်ဆီးခံခဲ့ရ၏။ သိုင်းတာအိုပင်မခန္ဓာက ပေါ်ထွက်လာပြီး မဟူရာအဆင့်အဖွဲ့အစည်းများအားလုံးကို စုစည်းမည်ဆိုလျှင် အဲ့ဒါက သေချာပေါက်အရမ်းကို လွယ်ကူနေပေလိမ့်မည်။
သူသည် တစ်ခါက မိစ္ဆာဘုရင်တစ်ပါးဖြစ်ခဲ့ပြီး အဖွဲ့အစည်းတစ်ခုကို ဘယ်လိုထိန်းချုပ်ဦးဆောင်ရမည်ကို ကောင်းကောင်းသိလေသည်။
ကောင်းကင်ဘုံဝံပုလွေကို ပို၍ပင်စိတ်လှုပ်ရှားစေသည့်အရာမှာ သိုင်းတာအိုပင်မခန္ဓာသည် သူ့ကို ဤအဖွဲ့အစည်းကိုထိန်းချုပ်စေချင်သောကြောင့်ဖြစ်၏။
သူ၏ တိုက်ခိုက်ရည်ခွန်အားတိုးလာသည်နှင့် သူသည် နေရာတိုင်းမှာချဲ့ထွင်ပြီး အလျင်အမြန်မင့်မားတိုးတက်လာပေလိမ့်မည်။
တကယ်ဆို သူသည် သူ၏ ယခင်ဘဝက စိတ်ခံစားချက်၇မျိုး မိစ္ဆာဘုရင်ဟူသော သူ၏ ဂိုဏ်ကျက်သရေကိုပင် ပြန်လည်ရရှိလာဖို့ အခွင့်အရေးရှိလေသည်။
ကောင်းကင်ဘုံဝံပုလွေ၏ စိတ်ကို ဖတ်မိနိုင်သည့်အလား သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မင်းကနေရာတိုင်းမှာတိုက်ခိုက်ပြီး မင်းရဲ့ပိုင်နက်နယ်မြေကို ချဲ့ထွင်နိုင်တယ်... ဒါပေမဲ့ မင်းရဲ့အကန့်အသတ်ကို မင်းထိန်းချုပ်နိုင်ရမယ်... မင်းက သန်မာတဲ့ရန်သူတွေကို ရန်စမိပြီး သေဆုံးသွားမယ်ဆိုရင် ငါတောင်မှမင်းကိုကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး”
“ဒီအချိန်အတောအတွင်းမှာ မင်းက ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေကို တတ်နိုင်သမျှများများစုဆောင်းရမယ်... မင်းကအဲ့ဒါတွေကို စိတ်ရှိသလိုကျင့်ကြံနိုင်တယ်... ဒါပေမဲ့ မင်းငါ့ကိုမိတ္တူတစ်ခုစီပွားပေးရမယ်”