← Chapters

ရိုက်ချက်တစ်ချက်

Vol. 145 Ch. 2169

ရိုက်ချက်တစ်ချက်

Vol. 145 Ch. 2169

“တာအိုရောင်းရင်းဆူ အရမ်းကာရော မလုပ်နဲ့”

မင်းသမီး သက်တံနီက အလောတကြီး သတိပေးလိုက်၏။

ယခုအချိန်မှာ အမြုစိတ်ဝိညာဉ်ဌာနရှေ့တွင် စုဝေးလာသော ကျင့်ကြံသူများက ပို၍ ပို၍ များပြားလာပြီဖြစ်၏။ ဆူဇီမိုသည် လူတိုင်း၏ ရှေ့မှောက်မှာ တစ်ယောက်ယောက်ကို ထိခိုက်ဒဏ်ရာ ရရှိအောင် ပြုလုပ်လိုက်မည်ဆိုလျှင် သူသည် စစချင်း လမ်းမှန်မှာ ရှိနေခဲ့သည်ဆိုလျှင်တောင် အပြစ်ပေးခံရပေလိမ့်မည်။

မည်သည့်အရာကိုမှ မကြားရသည့်အလား ဆူဇီမိုက ဘဏ္ဍာစိုးချန်၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး အေးစက်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက နောက်ခဏ၌ တိုက်ခိုက်တော့မည့်အလား ပြင်ဆင်ထားသည့်ပုံပေါ်နေ၏။

သူသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ၏ အမြုစိတ်ဝိညာဉ်က ယခုအခါ အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦးလောက် သန်မာနေပြီဖြစ်၏။

အဲဒါသည် စိတ်ပိုင်းဆိုင်ရာ ပကတိဖိနှိမ်ခြင်းတစ်ရပ် ဖြစ်လေသည်။

ဆူဇီမို၏ ရှေ့မှာ ဘဏ္ဍာစိုးချန်သည် တောင်တစ်လုံးကဲ့သို့ ဖိအားကို ခံစားလာရ၏။ သူ၏ ရင်ဘတ်က လေးလံတင်းကျပ်လာပြီး သူက အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။

ဤကဲ့သို့ သိပ်သည်းပြင်းထန်သော ဖိအားအောက်မှာ ဘဏ္ဍာစိုးချန်က ထိတ်လန့်တကြားဖြင့် ပျာပျာသလဲ ဖြစ်လာခဲ့၏။

ဆူဇီမိုသည် နောက်ခဏ၌ သူ့ကို ပစ်ဝင်တိုက်တော့မည့်အလား သူ၏ မျက်လုံးများက တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်လိုက်သည်ကို တွေ့မြင်သောအခါ ဘဏ္ဍာစိုးချန်သည် ဆူဇီမိုနှင့် ပတ်သက်သည့် သတင်းအချက်အလက်တချို့ကို ပြန်လည်အမှတ်ရလာ၏။

ဆူဇီမိုသည် သတ်ဖြတ်ရာမှာ ပြတ်သားလေသည်။ အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ သူသည် မင်းသားယွမ်ကျော၏ ရှေ့မှာပင် အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်ကို သတ်ဖြတ်ရဲခဲ့လေသည်။

ဤလူသည် မည်သည့်နောက်ဆံတင်းမှုမှ မရှိဘဲ အကြောက်အလန့်ကင်းမဲ့လေသည်။ သူက တကယ့်ကို တဇွတ်ထိုး တဇောက်ကန်း ဖြစ်လေသည်။

“အခြေအနေမကောင်းတော့ဘူး”

ဘဏ္ဍာစိုးချန်က ရင်တစ်ချက်ထိတ်သွား၏။

“ဒီလူက ငါ့ကို သတ်ချင်နေတာပဲ”

သူသည် လှည့်ထွက်ပြေးချင်သော်လည်း မမြင်ရသော ဖိအားတစ်ရပ်က သူ့ကို ချုပ်နှောင်ထားပုံရပြီး သူက လှုပ်ရှားလို့ မရနိုင်သည်ကို နားလည်သဘောပေါက်လိုက်၏။

“အား..”

ဘဏ္ဍာစိုးချန်က အော်ဟစ်လိုက်ပြီး သူ၏ သွေးချီကို အစွမ်းကုန်ဖြင့် ထုတ်ဖော်လိုက်၏။ သူက လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

အဲဒါက အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်၏။

ဆူဇီမိုက သူ့ကို တိုက်ခိုက်လာပြီး သူက သေဆုံးမည်ကို စောင့်ဆိုင်းနေစရာ အကြောင်းမရှိပေ။ သူက ခုခံတိုက်ခိုက်ရမည်ဖြစ်၏။

သူ၏ ထင်မြင်ချက်အရ သူသည် ဆူဇီမို၏ လှုပ်ရှားမှုကို ခုခံနိုင်သည်နှင့်အမျှ အခြားသော ကျင့်ကြံသူများက တုံ့ပြန်လာပြီး ထိုသူကို ဖမ်းဆီးကြပေလိမ့်မည်။

သို့သော်လည်း သူ၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည့် ခဏမှာပင် သူက ဆူဇီမို၏ မျက်လုံးထဲမှ လှောင်ပြောင်သရော်လိုသော အကြည့်ကို တွေ့မြင်လိုက်ရ၏။

ဆူဇီမိုသည် နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူ့ကို လုံးဝ တိုက်ခိုက်မလာခဲ့ပေ။

“ငါတော့ လှည့်စားခံလိုက်ရပြီ”

ဘဏ္ဍာစိုးချန်က ရင်ထဲမှာ နင့်သွား၏။ သူက ရပ်တန့်ချင်သော်လည်း နောက်ကျသွားခဲ့လေပြီ။

သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေကြ၏။ သူ၏ အဆင့်မြင့်နတ်ဘုရားစွမ်းအား ထွက်ပေါ်လာသည့် ခဏမှာပင် အဲဒါက ခပ်ထိုင်းထိုင်း အသံတစ်သံနှင့်အတူ ဆူဇီမို၏ ရင်ဘတ်ကို ထိခတ်မိသွား၏။

ထိုသည်ကို တွေ့မြင်သောအခါ လူဝမ်ပင်းက မျက်မှောင်ကြုတ်လိုက်၏။

အစကတော့ အရာရာတိုင်းသည် သူ စီစဉ်ထားသည့်အတိုင်း ဖြစ်လာနေခဲ့၏။ သို့သော်လည်း နောက်ဆုံးအခိုက်အတန့်မှာ ဘဏ္ဍာစိုးချန်က ဆူဇီမိုကို အရင်စပြီး တိုက်ခိုက်လိုက်လေသည်။

ထိုသို့ဖြင့် ဆူဇီမိုမှာ ခုခံတိုက်ခိုက်ဖို့အတွက် အကြောင်းပြချက် ရသွားလေပြီ။

“ဘဏ္ဍာစိုးချန်… နင်က ဂိုဏ်းသားအချင်းချင်း ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ”

မင်းသမီး သက်တံနီက ချက်ချင်းပင် ရှေ့သို့ ထွက်လာပြီး အော်ငေါက်လိုက်၏။

ဘဏ္ဍာစိုးချန် တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူက တစ်စုံတစ်ရာ လွဲမှားနေသည်ကို သိရှိသွားပြီဖြစ်၏။

“ငါ.. ငါ..”

ဘဏ္ဍာစိုးချန်က သူ၏ ဘေးပတ်လည်မှ ကျင့်ကြံသူများစွာကို ကြည့်ပြီး ရှင်းပြချင်၏။

ထိုစဉ်မှာပင် ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။

“ဘဏ္ဍာစိုးချန်.. မင်းက အဆင့်မြင့်နတ်ဘုရားစွမ်းအားနဲ့ ငါ့ကို တိုက်ခိုက်ခဲ့တယ်.. ငါ မင်းကို တစ်ချက်ပြန်ရိုက်မှပဲ မျှတလိမ့်မယ်”

ထိုသို့ပြောလိုက်သည့် ခဏမှာပင် ဆူဇီမိုက ရုတ်တရက် တိုက်ခိုက်လိုက်၏။

ဆူဇီမိုက သူ၏ လက်ကို မြှောက်လိုက်သည်ကို ဘဏ္ဍာစိုးချန် တွေ့မြင်လိုက်သည့် ခဏမှာပင် သိပ်သည်းပြင်းထန်သော အင်အားတစ်ရပ်က သူ၏ ပါးပြင်ပေါ်သို့ ကျဆင်းလာပြီး သူက မတုံ့ပြန်နိုင်လိုက်ပေ။

သူ၏ စိတ်ထဲမှာ တဝီဝီမြည်သွား၏။

သူ၏ ဦးခေါင်းက ဧရာမ ကျောက်တူတစ်လက်ဖြင့် ထုရိုက်ခံလိုက်ရသည့်အလားပင်။ အရိုးများကျိုးသံကို ကြားလိုက်ရပြီး သူ၏ မျက်နှာတစ်ခုလုံးက နာကျင်ကိုက်ခဲသွား၏။

နောက်ခဏ၌ သူ၏ အသိစိတ်ကို ဆုံးရှုံးသွားလေသည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် ဆူဇီမိုက သူ၏ လက်ကို မြှောက်ပြီး ဘဏ္ဍာစိုးချန်ကို သာမန်ကာလျှံကာ ရိုက်ချခဲ့သည့်ပုံပင်။

ကြိုးပြတ်သွားသော စွန်ကဲ့သို့ ဘဏ္ဍာစိုးချန်၏ ပုံရိပ်က ပေအတော်အတန် ညင်သာစွာ မြောက်တက်သွားပြီး မြက်ခင်းပြင်ပေါ်သို့ မလှုပ်မယှက် လဲကျသွား၏။ သူ၏ အခြေအနေကို မသိရတော့ပေ။

“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ ခွန်အားလဲ”

“မင်းတို့ သတိထားမိလား.. ဘဏ္ဍာစိုးချန်ရဲ့ အဆင့်မြင့် နတ်ဘုရားစွမ်းအားက ဆူဇီမိုကို ထိမိတဲ့အချိန်မှာ သူက ဘာမှ မခံစားရသလိုပဲ.. သူ့ရဲ့ အမူအရာက ပုံမှန်ပဲ”

“အသွေးအသား ခန္ဓာကိုယ်တစ်ခုက အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို ခုခံနိုင်တာလား.. အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျင့်ကြံသူများစွာက တီးတိုးပြောဆိုလိုက်ကြ၏။

“ဘာတွေ ဖြစ်နေကြတာလဲ”

မလှမ်းမကမ်းကနေ ခန့်ညားသော အမူအရာတစ်ခုနှင့်အတူ လူအိုကြီးတစ်ယောက်က စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့်အတူ လေထဲကနေ ပျံသန်းလာ၏။ ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး သူက အမြုစိတ်ဝိညာဉ် ဌာန၏ ဝင်ပေါက်ဝ ရှေ့သို့ ရောက်ရှိလာကာ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

“မင်္ဂလာပါ အကြီးအကဲထန်”

ထိုသူကို တွေ့မြင်သောအခါ ကျင့်ကြံသူများစွာက သူတို့၏ လက်များကိုယှက်ကာ နှုတ်ဆက်လိုက်ကြ၏။

အဲဒါသည် အပြင်ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦး ဖြစ်လေသည်။ သူ၏ အဆင့်အတန်းက ဘဏ္ဍာစိုးချန်ထက် များစွာပိုမိုမြင့်မားပြီး စည်းမျဉ်းစည်းကမ်းအတိုင်း ကြပ်မတ်ဆောင်ရွက်ပေးဖို့ သူက တကယ်ပင် အဆင့်မီလေသည်။

မင်းသမီး သက်တံနီက ရှေ့သို့ လျှောက်လှမ်းလာပြီး မလှမ်းမကမ်းမှာ လဲကျနေသော ဘဏ္ဍာစိုးချန်ကို လက်ညှိုးထိုးပြလိုက်၏။

“အကြီးအကဲထန်.. ကျွန်မ ရှင်းပြပေးမယ်.. ဘဏ္ဍာစိုးချန်က အမြုစိတ်ဝိညာဉ်ဌာနမှာ သိမ်းဆည်းထားတဲ့ အပြင်ဂိုဏ်းတပည့်တစ်ယောက်ရဲ့ အမြုစိတ်ဝိညာဉ်ကျောက်တုံးတွေကို ခိုးယူထားရုံတင်မကဘူး.. သူက တက္ကသိုလ်ထဲမှာပါ တိုက်ခိုက်ခဲ့တယ်”

“နောက်ဆုံးမှာတော့ သူက အရည်အချင်း မပြည့်မီလို့ သင်ခန်းစာပေးခံလိုက်ရတယ်”

အကြီးအကဲထန်က မျက်မှောင် အနည်းငယ်ကြုတ်ပြီး သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ သူ၏ အမြုတေချီကို လှည့်ပတ်ပြီး သတိလစ်နေသော ဘဏ္ဍာစိုးချန်ကို အနီးကပ် ဆွဲယူကြည့်လိုက်၏။

ဘဏ္ဍာစိုးချန်၏ မျက်နှာကို တွေ့မြင်သောအခါ လူတိုင်းက တိတ်တဆိတ် ဆွံ့အသွား၏။ အဲဒါက သွေးသံရဲရဲဖြစ်နေပြီး မျက်နှာတစ်ခြမ်းက ချိုင့်ဝင်နေ၏။ သူတို့သည် ကြောက်ရွံ့မှု အငွေ့အသက်နှင့်အတူ ဆူဇီမိုကို ကြည့်လိုက်ကြ၏။

ဤလူက တကယ့်ကို ရက်စက်လွန်း၏။

အဲဒါသည် ရိုက်ချက်တစ်ချက်၏ ရလဒ်ဖြစ်လေသည်။

အကြီးအကဲထန်သည် သူ၏ နတ်ဘုရားစွမ်းအားကို လှည့်ပတ်ပြီး ဘဏ္ဍာစိုးချန်၏ မျက်နှာပေါ်ရှိ ထိခိုက်ဒဏ်ရာ အများစုကို ကုသပေးလိုက်၏။ ထို့နောက် သူက ထိုသူကို လှုပ်နိုးပြီး သူ၏ ရှေ့သို့ ပစ်ချလိုက်၏။

“မင်းက အပြင်ဂိုဏ်းတပည့်တစ်ယောက်ရဲ့ အမြုစိတ်ဝိညာဉ်ကျောက်တုံးတွေကို လုယူပြီး တက္ကသိုလ်ထဲမှာတောင် တိုက်ခိုက်ခဲ့တယ်ဆို”

အကြီးအကဲထန်က ဘဏ္ဍာစိုးချန်ကို စိုက်ကြည့်ပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။

“ကျုပ်.. ကျုပ်က…”

ဘဏ္ဍာစိုးချန်က နိုးထလာပြီး စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကို တွေ့မြင်သောအခါ သူ၏နှလုံးက အေးစက်သွားပြီး အလောတကြီး ရှင်းပြလိုက်၏။

“အကြီးအကဲထန်.. အဲဒါ ကျုပ်အမှား မဟုတ်ဘူး.. ဒီလူ့ကို အကျပ်ကိုင်ဖို့ ကျုပ်ကို စေခိုင်းခဲ့တဲ့သူက လူဝမ်ပင်းပဲ”

“ဟမ်”

အကြီးအကဲထန်က လူအုပ်ကြားထဲမှ လူဝမ်ပင်းကို လှမ်းကြည့်လိုက်၏။

“မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့.. အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ”

လူဝမ်ပင်း၏ အမူအရာက ညိုမည်းသွားပြီး သူက သူ့ကိုယ်သူ ခုခံကာကွယ်လိုက်၏။

ဘဏ္ဍာစိုးချန်ကလည်း အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်လေသည်။

“လူဝမ်ပင်း.. မင်း အခုမှ ရိုးသားချင်ယောင် ဟန်ဆောင်မနေနဲ့.. ဒီကိစ္စက မင်းနဲ့ ဘာမှ မပတ်သက်ဘူးလို့ မင်းကျိန်ဆိုရဲလား”

“မင်း..”

လူဝမ်ပင်းက ပြောစရာစကားမဲ့သွားပြီး သူ၏ မျက်နှာက နီမြန်းသွား၏။

ဘေးကနေ ဆူဇီမိုက သူတို့နှစ်ယောက် ငြင်းခုန်တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေလေသည်။

အကြီးအကဲထန်က စည်းမျဉ်းစည်းကမ်းအတိုင်း သမာသမတ်ကျစွာ ပြုမူဆောင်ရွက်ပေးသည်နှင့်အမျှ သူတို့နှစ်ယောက်သည် ဤကိစ္စအတွက် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ပြီး သူက ဝင်ပါစရာ မလိုတော့ပေ။

ထိုသည်ကို တွေ့မြင်သောအခါ အကြီးအကဲထန်က ဖြစ်ပျက်နေသည့်အရာကို နားလည်သိရှိသွားပြီဖြစ်၏။

“ချန်ရှန်.. လူဝမ်ပင်း.. မင်းတို့နှစ်ယောက်က တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့တယ်.. မင်းတို့တွေကို လက်ရှိရာထူးကနေ ဖြုတ်ချပြီး အစေခံဧရိယာမှာ နှစ်အနည်းငယ်ကြာအောင် သွားနေရမယ်”

အကြီးအကဲထန်က လက်ထောင်ပြလိုက်၏။

ချက်ချင်းပင် အခြားသော အပြင်ဂိုဏ်း ဘဏ္ဍာစိုးများက အကြီးအကဲထန်၏ နောက်မှာ ထွက်ရပ်လာကြပြီး ဘဏ္ဍာစိုးချန်နှင့် လူဝမ်ပင်းကို ခေါ်ထုတ်သွားချင်နေကြ၏။

“အကြီးအကဲထန်.. အဲဒါ ကျုပ်အမှား တကယ်မဟုတ်ဘူး.. အဲဒါကို သွေးထိုးလှုံ့ဆော်ခဲ့တဲ့လူက လူဝမ်ပင်း....”

ဘဏ္ဍာစိုးချန်က အနည်းငယ် စိုးရိမ်ကြောင့်ကြနေပြီး သူက ကျယ်လောင်စွာ ခုခံကာကွယ်ပြောဆိုနေ၏။

“ကျုပ်က အရင်စပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာလည်း ဆူဇီမို လှည့်စားတာကို ခံလိုက်ရလို့ပဲ.. သူက ကျုပ်ကို တိုက်ခိုက်တော့မယ်လို့ ထင်ပြီး ကျုပ်က ခုခံချင်ခဲ့တာ”

“ဟမ်”

အကြီးအကဲထန်၏ အမူအရာက ပြောင်းလဲသွားပြီး မလှမ်းမကမ်းမှာ ရှိသော ဆူဇီမိုကို ကြည့်လိုက်၏။

သူ၏ အ​ကြည့်က ဆူဇီမို၏ ခါးပေါ်ရှိ တံဆိပ်ပြားပေါ်သို့ ရောက်ရှိသွားလေသည်။ တံဆိပ်ပြားပေါ်မှ နာမည်ကို တွေ့မြင်သောအခါ သူက သူ၏ အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။

“မင်း..”

အကြီးအကဲထန်က ဆူဇီမိုကို လက်ညှိုးထိုးပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းက ခွင့်ပြုချက် မရှိဘဲ တက္ကသိုလ်ထဲမှာ တခြားသူတွေကို တိုက်ခိုက်ခဲ့တယ်.. မင်းလည်း အစေခံတစ်ယောက်အဖြစ် နှစ်အနည်းငယ်ကြာအောင် သွားနေရလိမ့်မယ်”

ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းပြီး သူ၏ အမူအရာက တည်တံ့လာခဲ့၏။

အစကတော့ အကြီးအကဲထန်သည် ဤဆုံးဖြတ်ချက်ကိုချဖို့ စိတ်ကူးမရှိခဲ့ပေ။

သူသည် ဆူဇီမို၏ သရုပ်သကန်ကို သိရှိပြီးမှာသာ နောက်ဆုံး အခိုက်အတန့်တွင် သူ၏ စိတ်ကို ပြောင်းလဲခဲ့သည်မှာ သိသာလေသည်။

All Chapters