← Chapters

ဓားဆွေးနွေးတိုက်ပွဲကွင်း

Vol. 145 Ch. 2171

ဓားဆွေးနွေးတိုက်ပွဲကွင်း

Vol. 145 Ch. 2171

ယန်လောရှုသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်၏။ သူ၏ မျက်နှာက ထင်ရှားပေါ်လွင်ပြီး သူ၏ အသားအရေက အနည်းငယ်ညိုနေ၏။ သူက ထက်ရှသော အကြည့်နှင့် ခန့်ညားသော အမူအရာတစ်ခုနှင့်အတူ အကြီးအကဲထန်ကို စိုက်ကြည့်လိုက်၏။

ဆူဇီမိုသည် ယန်လောရှုကို တွေ့မြင်သောအခါ စိတ်သက်သာရာရသွား၏။

သူသည် အတွင်းဂိုဏ်း၏ ဤစီနီယာအစ်ကိုအပေါ် ကောင်းမွန်သော ထင်မြင်ချက်တစ်ခု ရှိလေသည်။

ယန်လောရှုသည်လည်း အောက်ဘုံလောကကနေ လာခဲ့ခြင်းကြောင့် သူ၏ ရင်ထဲမှာ ရင်းနှီးမှု အငွေ့အသက်တစ်ခု ရှိနေဆဲဖြစ်၏။

ဒါ့အပြင် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာတုန်းက သူသည် မင်းသားယွမ်ကျော၏ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်ပြီး တက္ကသိုလ်သို့ ဝင်ရောက်နိုင်ခဲ့သည်မှာ ယန်လောရှု၏ တည်ကြည်ခိုင်မာမှုနှင့် မဆုတ်မနစ် ရပ်တည်ပေးခဲ့မှုကြောင့် ဖြစ်လေသည်။

စီနီယာအစ်ကိုယန်၏ စိတ်နေစရိုက်အရ သူသည် အခြေအနေတစ်ရပ်လုံးကို သိရှိသွားမည်ဆိုလျှင် ဒီတိုင်းငြိမ်နေလိမ့်မည် မဟုတ်ပေ။

ဤတစ်ခေါက်မှာ ဆူဇီမိုနှင့် အကြီးအကဲထန်က တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် မင်းသမီး သက်တံနီက ရှေ့သို့ ထွက်ပြီး ဤကိစ္စကို ပြန်ပြောပြလိုက်၏။

ဤကိစ္စ၏ အမှန်တရားက ရှုပ်ထွေးနေခြင်း မရှိပေ။

“အကြီးအကဲထန်.. အပြင်ဂိုဏ်း စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ယောက်အနေနဲ့ စောစောက မင်းရဲ့ ဆုံးဖြတ်ချက်က သင့်လျော်မျှတမှု မရှိဘူး”

ယန်လောရှုက ပြောလိုက်၏။

“ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်မှာ တရားစီရင်ဆုံးဖြတ်မှုက မမျှတဘူးဆိုရင် တပည့်ဂိုဏ်းသားတွေက တက္ကသိုလ်အပေါ် ယုံကြည်စိတ်ချမှု ဘယ်လိုလုပ် ရှိလာတော့မှာလဲ”

အကြီးအကဲထန်က ရှက်ကိုးရှက်ကန်းဟန်ပြုံး၍ ငြင်းဆန်ချင်လေသည်။

သို့သော်လည်း ယန်လောရှု၏ အကြည့်နှင့် ဆုံမိသောအခါ သူ၏ အော်ရာက ချက်ချင်းပင် အားနည်းသွားပြီး သူ၏ ခေါင်းကို ငုံ့ကာ ထိုသူ၏ အကြည့်ကို ရှောင်လွှဲလိုက်လေသည်။

ယန်လောရှုက မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားပြီး သူ၏ မျက်လုံးများက သမာသမတ်ကျမှုဖြင့် ပြည့်နှက်နေ၏။ သူသည် လှုပ်ရှားယိမ်းယိုင်ခြင်း မရှိဘဲ ဒုံမင်းအင်မော်တယ် မုန့်ယောင်နှင့်ပင်လျှင် ရင်ဆိုင်ဝံ့ခဲ့လေသည်။

အကြီးအကဲထန်၏ ကျင့်ကြံမှုနယ်ပယ်က ယန်လောရှုထက် နိမ့်ကျနေခဲ့ပြီးသား ဖြစ်၏။ သူက မလုံမလဲခံစားနေရသည်နှင့် ထပ်ပေါင်းလိုက်သောအခါ ယန်လောရှု၏ စိုက်ကြည့်ခြင်း ခံရပြီးနောက် သူက မည်သည့်အရာကိုမှ ပြောဆိုရဲခြင်း မရှိတော့ပေ။

“ဒီတစ်ခေါက် မင်းက တဒင်္ဂမိုက်မဲပြီး အဲဒါကို ပြုလုပ်ခဲ့တာ ဖြစ်လောက်တဲ့အတွက် ငါ မင်းကို ဆက်ပြီး ပြဿနာ မရှာတော့ဘူး”

ယန်လောရှု၏ မျက်လုံးများက တောက်ပနေပြီး လျှို့ဝှက်ချက်များ အားလုံးကို ထွင်းဖောက်မြင်နေရသည့်အလား အကြီးအကဲထန်ကို နက်ရှိုင်းစွာ ကြည့်လိုက်၏။

“မဟုတ်ရင် ဒီတစ်ခေါက် မင်းလုပ်တဲ့ အမှားနဲ့ဆိုရင် အဲဒါက စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဆိုတဲ့ မင်းရဲ့ရာထူးကနေ ဖြုတ်ချခံရဖို့ လုံလောက်တယ်”

“ဟုတ်.. ဟုတ်ပါတယ်”

အကြီးအကဲထန်က ချွေးများပြန်နေပြီး စောစောက သူ၏ အော်ရာက ပျောက်ဆုံးသွားခဲ့လေပြီ။ သူက သူ၏ ခေါင်းကို နာခံစွာ ငုံ့ထား၏။

“အခုလို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုယန်.. ကျုပ် စောစောက တကယ်ပဲ နားဝေတိမ်တောင်ဖြစ်သွားခဲ့တယ်”

“ယန်လောရှု.. မင်းက တော်တော်အထင်ကြီးဖို့ ကောင်းတာပဲ”

ထိုစဉ်မှာပင် လှောင်ပြောင်ထေ့ငေါ့လိုက်သော အသံတစ်သံက မလှမ်းမကမ်း လေထဲကနေ ထွက်ပေါ်လာ၏။

ချက်ချင်းပင် ပုံရိပ်တစ်ခုက ဆင်းသက်လာခဲ့၏။

ကျင့်ကြံသူများစွာသည် ထိုသူကို တွေ့မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ပြီး နှုတ်ဆက်လိုက်ကြ၏။

“မင်္ဂလာပါ စီနီယာအစ်ကိုဖန်း”

ဝင်ရောက်လာသူသည် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ကျောပေါ်မှာ ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားလေသည်။ သူ၏ အနက်ရောင် ဆံပင်များကို သူ၏ ကျောပေါ်မှာ ရိုးရှင်းစွာ ချည်ထားပြီး သူ့မှာ ဓားကဲ့သို့ မျက်ခုံးများ ရှိလေသည်။

ဤလူနှင့် ပတ်သက်ပြီး အထင်ရှားဆုံးအရာမှာ သူ၏ လက်နှစ်ဖက်ဖြစ်၏။ သူ၏ လက်ချောင်းများက ရှည်လျားဖြူဖွေးပြီး သူသည် ဓားများကို ဆုပ်ကိုင်ဖို့ ရည်ရွယ်ထား​သော လက်တစ်စုံဖြင့် မွေးဖွားလာခဲ့၏။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ကို ဝင်ရောက်လာပြီးနောက် သူသည် နှစ်တစ်ထောင်ကြာသည်အထိ တံခါးပိတ်ကျင့်ကြံနေခဲ့၏။ သူသည် တက္ကသိုလ်နှင့် ထိတွေ့ဆက်ဆံမှုများစွာ မရှိခဲ့ပေ။ ထို့ကြောင့် သူက ဤလူကို မသိရှိပေ။

မင်းသမီး သက်တံနီက အသံတစ်ခုကို သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ပို့လွှတ်လိုက်၏။

“သူက အတွင်းဂိုဏ်းတပည့် ဖန်းယွီပဲ.. သူ့မှာ စွမ်းအားကြီးမားတဲ့ နောက်ခံတစ်ခုရှိတယ်.. သူက ဓားကျင့်ကြံသူပဲ.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အတွင်းဂိုဏ်းရဲ့ ထိပ်ဆုံးငါးယောက်ထဲ ဝင်တယ်လို့ ပြောကြတယ်.. သူက စီနီယာအစ်ကို ယန်လောရှုထက် ပိုပြီးသန်မာလောက်တယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ဖန်းယွီ ရောက်ရှိလာပြီးနောက် စောစောက ဦးညွှတ်နေသော အကြီးအကဲထန်က ဆက်လက်၍ ကျိုးနွံစွာ ရှိမနေတော့ပေ။ သူက သူ၏ ရင်ဘတ်ကို ကော့ပြီး စိတ်အားမာန် တက်ကြွလာသည့်ပုံပေါ်လေသည်။

ကြည့်ရသည်မှာ အကြီးအကဲထန်၏ နောက်ခံက ဤအတွင်းဂိုဏ်းတပည့် ဖန်းယွီ ဖြစ်ဖို့များလေသည်။

သို့သော်လည်း ဆူဇီမိုသည် ဖန်းယွီနှင့် လုံးဝ မသိရှိပေ။ သူက ထိုသူနှင့် ရန်ငြိုးရန်စတစ်ခု ဘယ်လိုရှိထားသလဲ နားမလည်နိုင်ပေ။

ဖန်းယွီက သူ့ကို ဘာလို့ ပစ်မှတ်ထားလာတာလဲ…။

“စီနီယာအစ်ကို ဖန်း”

ယန်လောရှုက ဖန်းယွီကို တွေ့မြင်သောအခါ သူက အမူအရာ ကင်းမဲ့စွာဖြင့် လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

ကျင့်ကြံရေးလောကမှာ လူအများစုသည် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များအရ အခြားသူများကို စီနီယာအစ်ကို သို့မဟုတ် ဂျူနီယာညီဟု ခေါ်ဆိုကြလေသည်။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက တူညီနေမည်ဆိုလျှင် ဂိုဏ်းသို့ သူတို့ ဝင်ရောက်ချိန် ကြာမြင့်မှုနှင့် အဲဒါကို တိုင်းတာလေသည်။

သူတို့နှစ်ယောက်စလုံးက အဆင့်-၉ ကောင်းကင်အင်မော်တယ်များ ဖြစ်သော်လည်း ဖန်းယွီသည် ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သည်မှာ ယန်လောရှုထက် ပိုစောလေသည်။

“ဂျူနီယာညီ ယန်.. မင်းက အတွင်းဂိုဏ်းတပည့်တစ်ယောက်ပဲ.. တက္ကသိုလ်ရဲ့ စည်းကမ်းထိန်းသိမ်း​ရေး အကြီးအကဲရာထူးက မင်း အလွယ်တကူ ပြောင်းလဲပေးလို့ရတဲ့အရာလို့ ထင်နေလို့လား”

ဖန်းယွီက ယန်လောရှုကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“အဲဒါကို တကယ်ပဲ ငါမပြောင်းလဲနိုင်ပါဘူး”

ယန်လောရှု၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

“ဒါပေမဲ့ အကြီးအကဲထန်က မမျှမတ တရားစီရင်ဆုံးဖြတ်ထားပြီး ငါက ဒီကိစ္စကို တက္ကသိုလ်ကို တင်ပြလိုက်မယ်ဆိုရင် သူက သူ့ရဲ့ရာထူးကို ထိန်းသိန်းထားနိုင်မှာ မဟုတ်တော့ဘူး”

“သူ့ရဲ့ ရာထူးကို ထိန်းသိမ်းထားနိုင်လား မထားနိုင်ဘူးလားဆိုတာက မင်းအလုပ် မဟုတ်ဘူး”

ဖန်းယွီက လှောင်ရယ်လိုက်၏။

“ဂျူနီယာညီ ယန်.. မင်း စဉ်းစားနေတာကို ငါမသိဘူးများ ထင်လို့လား.. မင်းက အောက်ဘုံလောကကနေ လာခဲ့တာပဲ.. ဆူဇီမိုလည်း အတူတူပဲ.. အဲဒါကြောင့် မင်းက သူ့ကို ကာကွယ်ပေးဖို့ ကြိုးစားနေတာပဲ”

“ဒါက တက္ကသိုလ်ပဲ.. ယန်လောရှု.. မင်းက အတွင်းဂိုဏ်းရဲ့ နံပါတ်တစ်တောင်မှ မဟုတ်ဘူး.. မင်းက တက္ကသိုလ်မှာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူး”

“စီနီယာအစ်ကိုဖန်း.. မင်းက ကိစ္စတွေကို အတည်ပေါက်ကြီးနဲ့ လျှောက်ပြောနေတာပဲ”

ယန်လောရှုက မှင်သေသေဖြင့် ပြန်ပြောလိုက်၏။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလောက်ထိ အငြင်းပွားစရာဖြစ်လာပြီဆိုမှတော့ ငါတို့က အဲဒါကို တက္ကသိုလ်မှာ တင်ပြပြီး အကြီးအကဲတွေကို ဆုံးဖြတ်ချက်ချခိုင်းလိုက်ရင် မကောင်းဘူးလား”

ထိုစကားကို ကြားသောအခါ အကြီးအကဲထန်က ထိတ်လန့်တကြားဖြစ်သွား၏။ သူက ဤကိစ္စကို ကောင်းကောင်းသိထားလေသည်။

ဤကိစ္စမှာ ဆူဇီမိုက လုံးဝ အပြစ်ကင်းလေသည်။

အဲဒါကို တက္ကသိုလ်ထံမှာ တင်ပြမည်ဆိုလျှင် အပြစ်ပေးခံရမည့်သူက သူဖြစ်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် ယန်လောရှု ပြောသည့်အတိုင်းပင် သူသည် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဟူသော သူ၏ ရာထူးကို ထိန်းသိမ်းထားနိုင်ချင်မှ ထိန်းသိမ်းထားနိုင်ပေတော့မည်။

ဖန်းယွီ၏ အမူအရာက သုန်မှုန်တည်တံ့လာခဲ့၏။

ဤကိစ္စကို တက္ကသိုလ်ထံ တင်ပြမည်ဆိုလျှင် သူသာ အရှက်ရနိုင်သည်ကို သူ၏ ရင်ထဲမှာ သိရှိထားလေသည်။

ထိုစဉ်မှာပင် အကြီးအကဲထန်က တစ်ချက်စွေကြည့်ပြီး ရုတ်တရက် ပြောလိုက်၏။

“စီနီယာအစ်ကိုတို့.. ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ဆက်ဆံရေးကို မပျက်စီးပါစေနဲ့.. အပြင်ဂိုဏ်းရဲ့ ကိစ္စတွေက အသေးအဖွဲ့ကိစ္စလေးတွေပဲ.. အဲဒါက ဘာမှ အထွေအထူး မဟုတ်ဘူး”

“ကျုပ်အထင်တော့ ဒီကိစ္စကို မေ့လိုက်ကြတာ ကောင်းပါတယ်”

အကြီးအကဲထန်က ပြုံး၍ ပြောလိုက်၏။

ခဏမျှ ရပ်တန့်ပြီးနောက် သူက စကားလမ်းကြောင်းပြောင်းကာ မလှမ်းမကမ်းမှာ ရှိသော ဆူဇီမိုကို ကြည့်လိုက်၏။

“ဒါပေမဲ့ ကျုပ်က ဆူဇီမိုနဲ့ ပုဂ္ဂိုလ်ရေး အငြိုးအတေးတစ်ခု ရှိသွားပြီ”

“သူက ကျုပ်ကို တိုက်ခိုက်မယ်ဆိုရင် ကျုပ်က ခုခံဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူးလို့ အဲဒီလူက စောစောတုန်းက အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပြောခဲ့သေးတယ်.. ဒီမှာ ကျင့်ကြံသူတွေ အားလုံးက အဲဒါကို ရှင်းရှင်းလင်းလင်း ကြားခဲ့ကြတယ်”

“အဲဒါကို ကျုပ်ကြားတယ်”

ချက်ချင်းပင် လူအုပ်ထဲမှ ကျင့်ကြံသူအချို့က အားတက်သရော အော်ဟစ်ပြောဆိုလိုက်ကြ၏။

အကြီးအကဲထန်၏ အမူအရာက တည်ကြည်လေးနက်နေပြီး သူက ပြောလိုက်လေသည်။

“ငါ့ရဲ့ စီရင်ဆုံးဖြတ်မှုက တရားမမျှတဘူးထင်လို့ မင်းက ငါ့ရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဆိုတဲ့ ရာထူးကို မလေးစားဘူးဆိုရင် ရတယ်.. ဒါပေမဲ့ မင်းက ငါ့ရဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံမှုကို ဒီလိုမျိုး အထင်သေးစော်ကားတာ ခွင့်ပြုမပေးနိုင်ဘူး”

ဆူဇီမိုက မျက်ခုံး အနည်းငယ်ပင့်ပြီး အကြီးအကဲထန်ကို ကြည့်လိုက်၏။

“အဲ့တော့ ခင်ဗျားက ဘာလုပ်ချင်လို့လဲ အကြီးအကဲထန်”

“ဒါက ငါတို့ကြားက ပုဂ္ဂိုလ်ရေး အငြိုးအတေးတစ်ခုပဲ.. အဲဒါက တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မဆိုင်တော့ဘူး… ငါက မင်းကို ဖိနှိမ်ဖို့အတွက် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဆိုတဲ့ ငါ့ရဲ့ အဆင့်အတန်းကို အသုံးချမှာ မဟုတ်ဘူး”

အကြီးအကဲထန်က ဖြောင့်မတ်မှန်ကန်သယောင် ပြောလိုက်၏။

“ဒါပေမဲ့ မင်းစကားပြောတာ အရမ်းကို ရိုင်းတယ်.. ငါတို့ ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ သွားပြီး ယှဉ်ပြိုင်ကြတာပေါ့”

“အရှက်မဲ့လိုက်တာ”

ထိုစကားကို ကြားသောအခါ မင်းသမီး သက်တံနီက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

ဘေးပတ်လည်မှာ ရှိသော ကျင့်ကြံသူများစွာမှာလည်း အထင်အမြင်သေးသော အမူအရာများ ထွက်ပေါ်လာ၏။

အကြီးအကဲထန်သည် စကားကို ကြားကောင်းအောင် ပြောဆိုခဲ့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ဆူဇီမိုကတော့ အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာ ဖြစ်လေသည်။ သူတို့နှစ်ယောက်မှာ ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခု ကွာဟနေ၏။

သူသည် အားနည်းသူကို အနိုင်ကျင့်လိုခြင်းဖြစ်သည်မှာ သိသာသော်လည်း သူက အဲဒါကို မှန်ကန်ဖြောင့်မတ်သည့် ပုံစံဖြင့် ပြောဆိုနေခဲ့၏။

ယန်လောရှုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

“အကြီးအကဲထန်.. မင်းတို့နှစ်ယောက်ကြား ကျင့်ကြံမှု ကွာဟချက်က အရမ်းကို ကြီးမားနေတယ်.. အဲဒါက ယှဉ်ပြိုင်ဖို့ မသင့်လျော်ဘူး”

“ဒါပေါ့.. ကျုပ်တို့ အဲဒါကို ယှဉ်ပြိုင်မှု မရှိဘဲနဲ့ ပြုလုပ်လို့ ရတယ်”

အကြီးအကဲထန်က ပြုံးပြလိုက်၏။

“ဆူဇီမိုက ကျုပ်ကို နာခံစွာနဲ့ ဦးညွှတ်တောင်းပန်မယ်ဆိုရင် ကျုပ်က သူ့ကို ခွင့်လွှတ်ပေးနိုင်တယ်”

“သူက မတောင်းပန်ဘူးဆိုရင်တော့ စောစောက သူပြောခဲ့တဲ့ စကားတွေအတွက် သူတာဝန်ယူရလိမ့်မယ်”

အကြီးအကဲထန်၏ မျက်လုံးများက ထက်ရှနေသည်။ ဆူဇီမို၏ စိတ်နေစရိုက်နှင့် ကိစ္စများကို သူကိုင်တွယ်ဖြေရှင်းတတ်သည့်ပုံစံကို သူက သိရှိထားလေသည်။

“မင်းရဲ့ စည်းလွတ်ဝါးလွတ် ပြောခဲ့တဲ့စကားတွေအတွက် အပြစ်ဒဏ်ကို လက်ခံရလိမ့်မယ်”

အကြီးအကဲထန်က ဆူဇီမိုကို ကြည့်ပြီး လှောင်ရယ်လိုက်၏။

“ဒါက တက္ကသိုလ်ပဲ.. အသေအကြေ တိုက်ခိုက်မှုတွေကို ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ ခွင့်ပြုပေးမထားဘူး.. မပူပါနဲ့.. ငါ မင်းအသက်ကို ချမ်းသာမှာပါ.. ဒါပေမဲ့ မင်းကို မှတ်လောက်သားလောက်ဖြစ်အောင် သင်ခန်းစာတစ်ခုတော့ ပေးရလိမ့်မယ်”

All Chapters