← Chapters

ရိုက်ချက်တစ်ချက်

Vol. 145 Ch. 2172

ရိုက်ချက်တစ်ချက်

Vol. 145 Ch. 2172

“အဲ့ဒါအကြံကောင်းပဲ”

ဖန်းယွီက ခေါင်းညိတ်၍ ပြုံးလိုက်၏။

“ဟုတ်ပြီလေ... ငါမင်းကိုရွေးချယ်စရာတစ်ခုပေးလိုက်မယ်... မင်းကတောင်းပန်ရင်တောင်းပန်... မဟုတ်ရင် မင်းရဲ့သင်ခန်းစာကိုလက်ခံယူဖို့အတွက် ဓားဆွေးနွေးပြိုင်ပွဲကွင်းကို သွားရလိမ့်မယ်”

အကြီးအကဲထန်၏ အစီအစဥ်က ဟာကွက်မရှိပေ။

ဆူဇီမိုက အများရှေ့မှာတောင်းပန်မည်ဆိုလျှင်တောင် သူသည် ဆူဇီမို၏ စိတ်ရင်းမမှန်ကန်မှုကို အကြောင်းပြကာ သူ့ကိုဆက်လက်၍ ဖိအားပေးနိုင်မည်ဖြစ်၏။

“တာအိုရောင်းရင်းဆူ... သူ့ကိုတောင်းပန်လိုက်တာက ဘာမှမဖြစ်ဘူး... ရှင်က ဘာကိုမှဆုံးရှုံးရမှာ မဟုတ်ဘူး”

ဆူဇီမိုက တိတ်တဆိတ်ဖြင့် မတ်တတ်ရပ်နေသည်ကိုတွေ့မြင်သောအခါ သူကဒွိဟဖြစ်၍ ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေသည်ဟု တွေးမိသွားပြီး မင်းသမီးသက်တံနီက သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

ထိုအခိုက်အတန့်မှာ ဤနေရာမှာဖြစ်ပွားသော အုတ်အော်သောင်းနင်းက တက္ကသိုလ်၏ အပြင်ဂိုဏ်းတပည့်တစ်ဝက်နီးပါးကို ဆွဲဆောင်မိလာခဲ့၏။

လူတိုင်း၏ မျက်လုံးထဲမှာ အများရှေ့တွင်တောင်းပန်ရခြင်းက အရှက်ရစရာဖြစ်သော်လည်း အဲ့ဒါသည် ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ ကောင်းကင်အင်မော်တယ်တစ်ဦး၏ ရိုက်နှက်ခံရတာထက် များစွာပိုမိုကောင်းမွန်လေသည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် ဆူဇီမိုက ရုတ်တရက်ပြုံးလိုက်လေသည်။

“ရတယ်လေ... ကျုပ်တို့ ဓားဆွေးနွေးပြိုင်ပွဲကွင်းကို သွားကြတာပေါ့”

ဆူဇီမိုက ထိုစကားကိုပြုံး၍ပြောလိုက်၏။

ဘေးပတ်ဝန်းကျင်က ခဏမျှငြိမ်သက်သွားပြီးနောက် ရုတ်ရုတ်သဲသဲအသံများထွက်ပေါ်လာ၏။

“အဲ့ဒီဆူဇီမိုက ရူးသွားတာလား”

“အဲ့ဒီလူက မောက်မာပြီးတော့ဘဝင်မြင့်နေတာ... အဲ့ဒါကို အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာကထဲက ငါသိခဲ့တယ်”

“ဟီးဟီး... သူက သက်သက်ပြဿနာရှာချင်နေတာပဲ... သူက မတောင်းပန်ဘူးဆိုရင် သူ့ရဲ့ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်မယ်လို့ တွေးနေတာဖြစ်မယ်... ဒါပေမဲ့ အကြီးအကဲထန်ရဲ့အထုအထောင်းခံရရင် သူက ပိုပြီးတော့အရှက်ရစရာကောင်းမယ်ဆိုတာ သူမသိဘူး”

အပြင်ဂိုဏ်းတပည့်များစွာက သူတို့၏ ခေါင်းများကိုခါယမ်းလိုက်ကြ၏။

ထို့အပြင် ဂိုဏ်းတပည့်များသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ သတင်းတချို့ကနေသာ ဆူဇီမို၏ နာမည်ကို ကြားဖူးထားခြင်းဖြစ်ပြီး သူ့အပေါ် နက်ရှိုင်းသော နားလည်သဘောပေါက်မှုမရှိကြပေ။

တကယ်ဆို... အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ ကောလာဟလများက ချဲ့ကားပြောဆိုနေခြင်းဖြစ်မည်ဟု လူများစွာက တွေးထင်နေခဲ့ကြ၏။

ယန်လောရှုကလည်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူက ဆူဇီမိုကို တည်တံ့စွာကြည့်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။

“မင်းက ဓားဆွေးနွေးပြိုင်ပွဲကွင်းကို သွားချင်တာသေချာလို့လား”

တက္ကသိုလ်၏ စည်းမျဥ်းစည်းကမ်းအရ ဂိုဏ်းတူတပည့်များကြား တိုက်ခိုက်ခြင်းကို ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာသာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး မည်သူ့ကိုမှ စွက်ဖက်ခွင့်မပေးပေ။

ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို သူတို့စိတ်ရှိသလို ထုတ်ဖော်နိုင်ကြလေသည်။ သို့သော်လည်း အသေအကြေတိုက်ခိုက်မှုကို တားဆီးပိတ်ပင်ထားပြီး အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကိုလည်း ခွင့်ပြုမပေးထားပေ။

အမြုတေစိတ်ဝိညာဥ်များကြား တိုက်ခိုက်မှုတစ်ခုက အန္တရာယ်များလွန်းလေသည်။

တစ်ယောက်က အနိုင်ရမည်ဆိုလျှင်တောင် သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်၏။

တက္ကသိုလ်သည် သူတို့၏ တပည့်ဂိုဏ်းသားများကို ထိခိုက်ဒဏ်ရာ မရရှိစေချင်ပေ။

ထိုသို့ဆိုလျှင်တောင် အကြီးအကဲထန်သည် ဆူဇီမိုကို သင်ခန်းစာတစ်ခုပေးချင်သည်ဆိုလျှင် သူသည် ထိုသူကို အပြင်းအထန်ထုထောင်းပြီး သူ၏ ကိုယ်ကာယကို ဖျက်ဆီးပစ်နိုင်လေသည်။

ကမ္ဘာမြေအင်မော်တယ်များသည် ပြတ်တောက်သွားသောခြေလက်များကို ပြန်ပေါက်စေနိုင်သော်လည်း သူတို့သည် သွေးကနေပြန်လည်မွေးဖွားခြင်းအဆင့်ထိ မရောက်ရှိသေးပေ။

သူ၏ ခန္ဓာကိုယ်က ကုသ၍မရသောအတိုင်းအတာအထိ ချို့ယွင်းပျက်စီးသွားမည်ဆိုလျှင် သူ၏ မူလခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို ရှာဖွေရပေလိမ့်မည်။

အဲ့ဒါက မျက်နှာပျက်ရခြင်းကိစ္စတစ်ခု မဟုတ်တော့ပေ။

“ရတယ်လေ... ကျုပ်စမ်းကြည့်လိုက်မယ်”

ဆူဇီမိုက သူ၏ ပခုံးကို အနည်းငယ်တွန့်လိုက်၏။ သူ၏ အမူအရာက ပြေလျော့၍ ဂရုမစိုက်သည့်ပုံရှိနေ၏။

သူ၏ တုံ့ပြန်မှုက အပြင်ဂိုဏ်းတပည့်များထံမှ အထင်အမြင်သေးမှုများကို နောက်တစ်ဖန်ရရှိသွား၏။

သို့သော်လည်း ယန်လောရှုက မည်သည့်အထင်အမြင်သေးမှုကိုမှ မပြသပေ။ ​တည်တံ့သောအမူအရာတစ်ခုနှင့်အတူ သူကထပ်မံ၍ သတိပေးလိုက်၏။

“မင်းတို့နှစ်ယောက်မှာ ကျင့်ကြံမှုနယ်ပယ်နှစ်ခု ကွာဟနေရုံတင်မဟုတ်ဘူး မင်းတို့ကြားကွာချက်က ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နဲ့ ကောင်းကင်အင်မော်တယ်တစ်ယောက်ကြားက ကွာဟချက်ဖြစ်တယ်ဆိုတာကို နားလည်ထားရမယ်”

“ကောင်းကင်အင်မော်တယ်ပညာရှင်တွေက...”

“တော်လောက်ပြီ”

ယန်လောရှုက စကားဆုံးအောင်မပြောရသေးခင်မှာပင် သူ့ကိုဖန်းယွီက စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်၏။

“ဂျူနီယာညီယန်... ဓားဆွေးနွေးပြိုင်ပွဲကွင်းကိုသွားရမှာက မင်းမဟုတ်ဘူး... မင်းဘာလို့အဲ့လောက်ထိ စိုးရိမ်ကြောင့်ကြနေတာလဲ”

ဖန်းယွီက လှောင်ရယ်လိုက်၏။

“တောင်းပန်ရင်တောင်းပန်... မဟုတ်ရင်ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ တိုက်ခိုက်ရမယ်... ဘာမှအပိုတွေလျှောက်ပြောမနေနဲ့တော့”

ယန်လောရှု၏ စကားက မပြီးဆုံးသေးသော်လည်း ကောင်းကင်အင်မော်တယ်ပညာရှင်များသည် အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်နိုင်သည်ဟု သူ့ကိုသတိပေးလိုခြင်းဖြစ်ကြောင်း ဆူဇီမိုက သိထားလေသည်။

အဲ့ဒါသည် ကောင်းကင်အင်မော်တယ်ပညာရှင်များ၏ အကြီးမားဆုံး မှီခိုအားထားရာဖြစ်၏။

သို့သော်လည်း ဆူဇီမိုသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်ထိ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး သူကလည်း အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်နိုင်လေသည်။

ယန်လောရှုက စကားဆုံးအောင် မပြောရသေးဘဲ ဖန်းယွီ၏ ဖြတ်အော်ခြင်းကိုခံလိုက်ရ၏။ သို့သော်လည်း သူက ဆူဇီမိုကိုကြည့်နေဆဲဖြစ်၏။

ဆူဇီမိုက အသာအယာခေါင်းညိတ်ပြီး ယုံကြည်စိတ်ချစေလိုသောအကြည့်ဖြင့် ယန်လောရှုကို ကြည့်လိုက်၏။

ယန်လောရှုက စိတ်သက်သာရာရသွား၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ သူသည် ဆူဇီမို၏ ခွန်အားနှင့် ပါရမီအရည်အချင်းကို တွေ့မြင်ခဲ့ပြီးပြီဖြစ်၏။

ရစ်ခွေနဂါးတောင်ကြောရိုးမှာတုန်းက ဤစာပေသမားလူငယ်ကို မည်သူကမှ မြင့်မြင့်မားမား မသတ်မှတ်ခဲ့ကြပေ။ ဤအစိမ်းရောင်ဝတ်စာပေသမားသည် အာဏာပါးကွက်သားအစောင့်တပ်သားတစ်ရာကျော်၏ ဆေဘာများကနေ ရှင်သန်နိုင်လိမ့်မည်ဟု သူတို့လေးယောက်ပင်လျှင် မထင်ခဲ့ကြပေ။ သို့သော်လည်း သူတို့အားလုံးမှားယွင်းကြောင်းကို ထိုသူက သက်သေပြပေးခဲ့၏။

ထို့ကြောင့် ယန်လောရှုက ဆူဇီမိုကို ယုံကြည်လေသည်။ သို့သော်လည်း ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သော ဆူဇီမိုက ကောင်းကင်အင်မော်တယ်တစ်ယောက်၏ စွမ်းအားကို ဘယ်လိုရင်ဆိုင်မလဲ သူမသိသေးပေ။

“သွားကြတာပေါ့”

စိတ်လက်ပေါ့ပါးသောအမူအရာတစ်ခုနှင့်အတူ ဆူဇီမိုက သူ့ဘာသာသူပြောသလိုဖြင့် တီးတိုးပြောဆိုလိုက်၏။

“မှတ်လောက်သားလောက် သင်ခန်းစာတစ်ခု... ငါက အဲ့ဒါကို စောင့်မျှော်မိနေပြီ”

“ဟားဟားဟားဟား...”

အကြီးအကဲထန်က သူ၏ ခေါင်းကိုမော့၍ ရယ်မောလိုက်၏။

“မပူပါနဲ့... မင်းဆန္ဒတွေက သိပ်မကြာခင်ပြည့်သွားမှာပါ”

အပြင်ဂိုဏ်းမှာဖြစ်စေ... အတွင်းဂိုဏ်းမှာဖြစ်စေ ဓားဆွေးနွေးပြိုင်ပွဲကွင်းများစွာရှိလေသည်။

ဓားဆွေးနွေးခြင်းဆိုသည်မှာ ရိုးရှင်းသောဓားပြိုင်ပွဲတစ်ခုကို ဆိုလိုခြင်းမဟုတ်ပေ။ အဲ့ဒါက ဂိုဏ်းသားအဖော်များကြား လက်ရည်စမ်းမှုတစ်ခုဖြစ်၏။

သိပ်မကြာခင် လူတိုင်းသည် အပြင်ဂိုဏ်း၏ အမြုတေစိတ်ဝိညာဥ်ဌာနနှင့် အနီးဆုံးဖြစ်သော ဓားဆွေးနွေးပြိုင်ပွဲကွင်းသို့ ရောက်ရှိလာကြ၏။

ဤနေရာမှာဖြစ်ပွားသော ရုတ်ရုတ်သဲသဲအခြေအနေက ဖြတ်သွားဖြတ်လာအတွင်းဂိုဏ်းတပည့်တချို့ကိုပါ ဆွဲဆောင်မိသွားပြီး လူအုပ်ကြီးက ပို၍ကြီးမားလာ၏။

တက္ကသိုလ်မှာ ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်ရှိ လက်ရည်စမ်းပြိုင်ပွဲတိုင်းက လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်နိုင်လေသည်။

ဤတစ်ခေါက်က အထူးခြားဆုံးဖြစ်၏။

ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်ရှိလူနှစ်ယောက်ကြား ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က အရမ်းကိုကြီးမားနေသောကြောင့်ဖြစ်၏။

တစ်ယောက်က ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်က ကောင်းကင်အင်မော်တယ်တစ်ဦးဖြစ်လေသည်။

တစ်ယောက်က အပြင်ဂိုဏ်းတပည့်တစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်က အပြင်ဂိုဏ်းစည်းကမ်းထိန်းသိမ်းရေးအကြီးအကဲတစ်ယောက်ဖြစ်၏။

ဓားဆွေးနွေးပြိုင်ပွဲကွင်းကို ဧရာမကျောက်တုံးတစ်တုံးကနေပြုလုပ်ထားပြီး လူနှစ်ယောက် စိတ်ရှိလက်ရှိတိုက်ခိုက်နိုင်လောက်အောင် ကြီးမားလေသည်။

“အားလုံးပဲ အကြီးအကဲထန်က အနိုင်ရဖို့အတွက် ဘယ်နှချီလောက်ယူရလိမ့်မယ်လို့ မင်းတို့ထင်လဲ”

“အဲ့ဒါက မသေချာဘူး... အကြီးအကဲထန်က သူ့ကိုဘယ်နှချီထိ ဆွဲခေါ်သွားချင်လဲဆိုတာပေါ် မူတည်တယ်... အကြီးအကဲထန်က မြန်မြန်အနိုင်ရချင်လို့ အန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်မယ်ဆိုရင် ပထမတစ်ချီမှာတင် ဆူဇီမိုက ရှုံးနိမ့်သွားရလိမ့်မယ်”

“ကြောင်တစ်ကောင်တောင်မှ သူအမဲလိုက်နေတဲ့ကြွက်တစ်ကောင်ကို ချက်ချင်းသတ်မှာမဟုတ်ဘူး... အကြီးအကဲထန်က ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ အဲ့ဒီလူနဲ့ အချိန်တချို့ယူပြီး ဆော့ကစားလိမ့်မယ်လို့ ငါထင်တယ်”

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက အသည်းအသန်ဆွေးနွေးပြောဆိုနေကြ၏။ ဆူဇီမိုနှင့် အကြီးအကဲထန်က ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကာ မတ်တတ်ရပ်နေကြ၏။

“ကောင်လေး...”

အကြီးအကဲထန်က ဆူဇီမိုကို ကြည့်ပြီး သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို ကောင်းကောင်းမဖိနှိမ်နိုင်ဘဲ ပြုံးပြလိုက်၏။

“တကယ်တော့... ငါကအဲ့ဒါကို မင်းကောင်းဖို့အတွက်လုပ်ပေးရတာ.. အနဲဆုံးတော့ တက္ကသိုလ်မှာ ငါမင်းကိုသင်ခန်းစားတစ်ခုပေးပြီးရင် မင်းကရှင်သန်နိုင်လိမ့်မယ်”

“မင်းက တက္ကသိုလ်အပြင်ဘက်မှာ ဒီလိုမျိုးမောက်မာခက်ထန်နေမယ်ဆိုရင် မင်းကသိပ်မကြာခင် သေသွားရလိမ့်မယ်”

ဆူဇီမိုက အကြီးအကဲထန်ကို လျစ်လျူရှုထား၏။ ထိုအစားသူက ယန်လောရှုနှင့် ဖန်းယွီဘက်သို့ကြည့်ပြီး ကျယ်လောင်စွာမေးလိုက်၏။

“ကျုပ်တို့က ဆွေးနွေးခြင်းကို စတင်လို့ရပြီလား”

“မင်းက ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာရှိနေသရွေ့ အချိန်မရွေးစတင်နိုင်တယ်”

အကြီးအကဲထန်က ရယ်မောပြောဆိုလိုက်၏။

သူ့ရယ်သံမဆုံးသေးခင်မှာပင် ဆူဇီမိုက သူ့မြင်ကွင်းထဲကနေပျောက်သွား၏။

“သတိထား”

နောက်ခဏ၌ ဖန်းယွီ၏ သတိပေးသံက သူ၏ နားထဲမှာ ပေါက်ကွဲထွက်ပေါ်လာ၏။

နောက်ခဏ၌ သူကနှလုံးခုန်ရပ်တန့်သွားသည်ဟု ထင်ရလေသည်။

အကြီးအကဲထန်သည် ဆူဇီမိုဘာ့ကြောင့်ရုတ်တရက်ပျောက်ကွယ်သွားသည်ကို စဥ်းစားနေဖို့အချိန်မရပေ။

သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို သူ၏ အစွမ်းကုန်ဖြင့် လှည့်ပတ်ပြီး လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ချင်လေသည်။

အစကတော့ သူသည် သူ၏ ခွန်အားကို ထိန်ချန်ထားချင်၏။

သို့သော် ထိုအခိုက်အတန့်မှာ သူက အသက်ရှင်သန်ဖို့သာ အာရုံရှိတော့လေသည်။

ဖန်းယွီ၏ သတိပေးမှုနှင့်ပင်လျှင် သူကစဦးအရေးနိမ့်သွားရ၏။

ဆူဇီမိုသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို အသုံးပြုပြီး ပေတစ်ရာအကွာအဝေးကို ဖြတ်ကျော်လာခဲ့၏။ သူကတည်နေရာခုန်ကူးလိုက်သည့်အလား အကြီးအကဲထန်၏ ဘေးမှာ ဆင်းသက်ရောက်ရှိလာပြီး ထိုသူ၏ ကျောကို ပစ်ရိုက်ချလိုက်၏။

ဘန်း...

အသားများက ပေါက်ကွဲထွက်သွားပြီး သွေးများကလေထဲမှာ ပြန့်ကျဲသွားလေသည်။

All Chapters