မင်းစိတ်ပျက်အားငယ်သွားတဲ့ထိ ငါရိုက်မယ်
Vol. 145 Ch. 2173
အကြီးအကဲထန်က အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦးဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မယှဥ်နိုင်ပေ။
အဆင့်-၁၀ ဖန်တီးခြင်းကြာပဒုမ္မာနှင့် မိုးကြိုးအရိုးကြံ့ခိုင်ခြင်းနှင့်အတူ အဲ့ဒါသည် မျိုးဆက်သွေးစွမ်းအားကို အသုံးပြုခြင်းမရှိလျှင်တောင် မည်သည့်ကမ္ဘာမြေအဆင့် မူလဓမ္မရတနာကိုမဆို ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။
အကြီးအကဲထန်၏ ခန္ဓာကိုယ်သည် အဲ့ဒါကို လုံးဝခံနိုင်ရည်မရှိပေ။ ဆူဇီမိုက လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ ချဥ်းကပ်လာခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်က ကြေမွပျက်စီးသွားပြီး အသားစများက အဘက်ဘက်ကို ပြန့်ကြဲသွား၏။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ကလည်း အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်နိုင်လေသည်။
သို့သော်လည်း ထိုသို့ပြုလုပ်စရာမလိုပေ။
သူသည် အကြီးအကဲထန်ကို ရှင်းထုတ်ဖို့အတွက် အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးနည်းလမ်းကိုသာ အသုံးပြုမည်ဖြစ်ပြီး ထိုသူနှင့်အချိန်ဖြုန်းနေလိမ့်မည် မဟုတ်ပေ။
အစက သူပြောခဲ့သည့်အတိုင်းပင် အကြီးအကဲထန်သည် သူတိုက်ခိုက်သည့်အခါ ခုခံတိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုပင် ရလိမ့်မည်မဟုတ်ပေ။
ဆူဇီမို၏ တိုက်ခိုက်မှုက အရမ်းကိုရုတ်တရက်ဆန်လွန်း၏။ ယန်လောရှုနှင့် ဖန်းယွီကဲ့သို့ ကောင်းကင်အင်မော်တယ်များကလွဲလျှင် လက်ရှိတခြားလူတိုင်းက ကြောင်အ,မှင်တက်နေကြ၏။
အကြီးအကဲထန်၏ ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရသည့်အခါမှသာ လူအုပ်ကြားထဲမှ အံ့အားတသင့်ရေရွတ်သံများထွက်ပေါ်လာလေသည်။
“ဘုရားရေ... အကြီးအကဲထန်က လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ခြေမွှဖျက်ဆီးခံလိုက်ရတာပဲ”
“အဲ့ဒါက အရမ်းကိုမြန်လွန်းတယ်”
“အဲ့ဒါက တည်နေရာခုန်ကူးခြင်းလား”
“အဲ့ဒါက တည်နေကာခုန်ကူးခြင်းမဟုတ်နိုင်ဘူး... ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ဘာနတ်ဘုရားစွမ်းအားအော်ရာမှမရှိဘူး... နောက်ပြီး ဆူဇီမိုက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... သူက တည်နေရာခုန်ကူးခြင်းကို ထုတ်ဖော်နိုင်မှာမဟုတ်ဘူး”
“အကြီးအကဲထန်က တော်တော်နမော်နမဲ့နိုင်တာပဲ... သူက တည်နေရာခုန်ကူးခြင်းကို မထုတ်ဖော်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီ”
ဓားဆွေးနွေးပြိုင်ပွဲကွင်းပတ်လည်မှာ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာ၏။
ယန်လောရှုက ဘေးသို့တစ်ချက်ကြည့်ပြီး လှောင်ရယ်လိုက်၏။
“စီနီယာအစ်ကိုဖန်း... ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်က တိုက်ပွဲတစ်ခုမှာ အပြင်လူတွေကို ဝင်ရောက်စွက်ဖက်ခွင့်ပေးမထားဘူး... စောစောက မင်းသတိပေးလိုက်တာက စည်းမျဥ်းစည်းကမ်းကိုဖောက်ဖျက်တာလို့ ပြောလို့ရနေပြီ”
“ဟမ့်...”
သူမှားနေသည်ကိုဆိုတာကို သိရှိထားပြီး ဖန်းယွီက နှာတစ်ချက်မှုတ်၍ ငြင်းဆန်ခြင်းမရှိပေ။
ဆူဇီမို၏ တိုက်ခိုက်မှုသည် ဤမျှအထိရက်စက်ကြမ်းတမ်းပြီး သူ၏ ပြိုင်ဘက်ကို ခုခံဖို့အတွက် မည်သည့်အခွင့်အရေးမှ ပေးလိမ့်မည်မဟုတ်ဟု သူက ထင်မှတ်မထားခဲ့ပေ။
သူ၏ သတိပေးမှုနှင့်ပင်လျှင် အကြီးအကဲထန်က ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးမရခဲ့ပေ။
ယန်လောရှုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒီတိုက်ပွဲကိုဆက်ပြီး ခွင့်ပြုပေးစရာမလိုတော့ဘူးလို့ ငါထင်တယ်... ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီ”
“မဟုတ်သေးပါဘူး”
ဖန်းယွီက ပြောလိုက်၏။
“အကြီးအကဲထန်က နမော်နမဲ့နိုင်လို့ စဦးအရေးနိမ့်သွားတာ... ကောင်းကင်အင်မော်တယ်တစ်ယောက်ရဲ့နည်းလမ်းတွေက သူ့လိုမျိုးကမ္ဘာမြေအင်မော်တယ်တစ်ယောက် ယှဥ်နိုင်တဲ့တစ်စုံတစ်ရာမဟုတ်ဘူး”
“ကောင်းကင်အင်မော်တယ်တွေက သွေးကနေပြန်လည်မွေးဖွားခြင်းကို လှည့်ပတ်နိုင်တယ် သူတို့ရဲ့အမြုတေစိတ်ဝိညာဥ်တွေက ဖျက်ဆီးမခံရသရွေ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက ပျက်စီးကြေမွသွားမယ်ဆိုရင်တောင် သူတို့က သူဆို့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီး တစ်ခဏချင်းမှာ တိုက်ခိုက်ရည်ခွန်အားကို ပြန်ရယူနိုင်တယ်”
ယန်လောရှုက ပြောလိုက်၏။
“ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ အသေအကြေတိုက်ခိုက်မှုကို ခွင့်ပြုမပေးထားလို့... မဟုတ်ရင် ဆူဇီမိုရဲ့လက်ဝါးရိုက်ချက်က အကြီးအကဲထန်ရဲ့ ဦးခေါင်းပေါ်ကို ဆင်းသက်သွားလိမ့်မယ်”
“အဲ့ဒါဆိုရင် အခုလောက်ဆို ခြေမွှဖျက်ဆီးခံရတာက အကြီးအကဲထန်ရဲ့ခန္ဓာကိုယ် မဟုတ်ဘဲ သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ဖြစ်နေလိမ့်မယ်”
တကယ်တော့... ယန်လောရှုပြောသည့်အတိုင်းပင် တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။
သို့သော်လည်း ဖန်းယွီက မကျေမချမ်းဖြစ်နေပြီး ရပ်တန့်ဖို့အတွက်လှမ်းမပြောပေ။
ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ အကြီးအကဲထန်က ပို၍ပင်ဒေါသထွက်နေပြီး သူ၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရန် သွေးကနေပြန်လည်မွေးဖွားခြင်းကိုအသုံးပြုကာ သူ၏ အစွမ်းကုန်ရှိသမျှနှင့် ဆူဇီမိုကို ဖိနှိမ်ချင်နေ၏။
အကြီးအကဲထန်၏ ခန္ဓာကိုယ်က လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွားပြီးနောက် ဆူဇီမိုကရပ်တန့်၍ ထပ်မံမတိုက်ခိုက်တော့ပေ။
သို့သော်လည်း သူ၏ အကြည့်က ရွေ့လျားသွားပြီး ရပ်တန့်ဖို့စိတ်ကူးမရှိသော ဖန်းယွီကို တွေ့မြင်လိုက်ရ၏။
တစ်ဘက်မှာတော့... အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်က ဓားဆွေးနွေးပြိုင်ပွဲကွင်း၏ ထောင့်တစ်နေရာသို့ ထွက်ပြေးလွတ်မြောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် သွေးကနေပြန်လည်မွေးဖွားခြင်းကို လှည့်ပတ်လိုက်၏။ တစ်ဘက်လူက လုံးဝအလျှော့ပေးလိမ့်မည်မဟုတ်သည်ကို ဆူဇီမိုကနားလည်သဘောပေါက်သွား၏။
ဆူဇီမိုက အေးစက်စွာသရော်ပြုံး ပြုံးလိုက်၏။
သွေးကနေပြန်လည်မွေးဖွားခြင်းက အလွန်တရာမြန်ဆန်လေသည်။
တစ်ခဏချင်းမှာပင် အကြီးအကဲထန်၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးသွား၏။
အကြီးအကဲထန်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်တော့မည့်ဆဲဆဲမှာပင် တစ်စုံတစ်ရာကဖျတ်ခနဲလက်သွားသည့်အလား သူ၏ အမြင်အာရုံက ဝေဝါးသွားသည်ဟု ခံစားလိုက်ရ၏။
နောက်ခဏ၌ သိပ်သည်းပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုက သူ့ကိုလွှမ်းခြုံလာသည်ဟုခံစားလိုက်ရပြီး သူကခေါင်းနားပန်းကြီးလာခဲ့၏။
“ဆိုးပြီ”
အကြီးအကဲထန်က စိတ်ထဲကနေအော်လိုက်လေသည်။
ထို့နောက်ချက်ချင်းပင် သူ၏ နောက်ကျောမှာ စူးရှသော နောက်ထပ်နာကျင်မှုတစ်ခုကိုခံစားလိုက်ရပြီး သူ၏ ရင်ဘတ်က ပေါက်ကွဲထွက်သွား၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်စရာကောင်းသောစွမ်းအားဖြင့် နောက်တစ်ဖန်ကြေမွပျက်စီးသွား၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် ယခုတင် ပြန်လည်တည်ဆောက်ထားသော အကြီးအကဲထန်၏ ခန္ဓာကိုယ်က ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် နောက်တစ်ဖန်ကြေမွသွား၏။
အကြီးအကဲထန်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် မဟာကစဉ့်ကလျားအမြုတေလက်ဝါး ပေါင်းစပ်ထားသည့်စွမ်းအားကို ခံနိုင်ရည်မရှိပေ။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွား၏။
အပြင်ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ယောက်အနေဖြင့် အကြီးအကဲထန်မှာ မြင့်မြတ်သောအဆင့်အတန်းတစ်ခုရှိပြီး သူက အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦးပင်ဖြစ်လေသည်။ ယခုသူသည် ခုခံတိုက်ခိုက်ဖို့အတွက် အခွင့်အရေးပင်မရဘဲ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ နှစ်ကြိမ်ဆက်တိုက် ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။
“ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်သလဲ”
“အကြီးအကဲထန်က စဦးအရေးနိမ့်ပြီး ခြေလှမ်းတိုင်းမှာ ဖိနှိမ်ခံနေရပြီ... သူ့မှာ အရှုံးကနေအနိုင်ပြောင်းဖို့ အခွင့်အရေးတစ်ခုရှိပါဦးမလား”
“ဆူဇီမိုက တကယ်ပါးနပ်တယ်... ကမ္ဘာမြေအင်မော်တယ်တွေနဲ့ ကောင်းကင်အင်မော်တယ်တွေကြားက ကွာခြားချက်ကိုသူသိထားတယ်... သူက အန္တိမနတ်ဘုရားစွမ်းအားတွေကို မခုခံနိုင်ဘူးဆိုတာကိုလည်း သိထားတယ်... အဲ့ဒါကြောင့် သူက အဆက်မပြတ်တိုက်ခိုက်ပြီး အကြီးအကဲထန်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နေတာပဲ... အဲ့ဒါမှ ကောင်းကင်အင်မော်တယ်က သူ့ရဲ့အားသာချက်ကို မထုတ်ဖော်နိုင်မှာ”
ကျင့်ကြံသူတချို့က ဆွေးနွေးပြောဆို၍ ဝေဖန်ဆန်းစစ်နေကြ၏။
အမြုတေစိတ်ဝိညာဥ်တစ်ခုကို ကောင်းကင်အင်မော်တယ်နယ်ပယ်ထိ ကျင့်ကြံထားသည့်အခါ သူတို့သည် အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်နိုင်လေသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ဖို့အတွက် ကိုယ်ကာယခန္ဓာကိုယ်တစ်ခုကို လိုအပ်လေသည်။
မဟုတ်ပါက အမြုတေစိတ်ဝိညာဥ်သက်သက်သည် အန္တိမနတ်ဘုရားစွမ်းအားများ၏ စွမ်းအားကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုမရှိဘဲ အကြီးအကဲထန်သည် အန္တိမနတ်ဘုရားစွမ်းအားများကို အသုံးမပြုနိုင်ပေ။
တစ်ဘက်မှာတော့ ဖန်းယွီ၏ အမူအရာကသုန်မှုန်လာပြီး သူက ကျိန်ဆဲလိုက်လေသည်။
“တကယ့်ကိုသောက်ရူးပဲ”
“မင်းရဲ့ခန္ဓာကိုယ်ကို တည်ဆောက်ပြီးရင် တည်နေရာခုန်ကူးခြင်းကိုထုတ်ဖော်ပြီး နေရာကနေချက်ချင်းထွက်ခွာပြီးမှ ပြန်တိုက်ခိုက်လို့ရမှာပေါ့”
ဖန်းယွီက သူ့ဘာသာသူကျိန်ဆဲနေသည်ဟုထင်ရသော်လည်း တကယ်တမ်းမှာတော့ သူသည် အခြေအနေကိုကိုင်တွယ်ဖို့အတွက် အကြီးအကဲထန်ကို သတိပေးနေခြင်းဖြစ်၏။
အကြီးအကဲထန်၏ ခန္ဓာကိုယ်သည် ဒုတိယအကြိမ်ဖျက်ဆီးခံရပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်က ထောင့်တစ်နေရာသို့ နောက်တစ်ဖန်ပြေးထွက်သွားပြီး အသွေးအသားခန္ဓာကိုယ်တစ်ခုကို ရယူရန် သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးပြုလိုက်၏။
ဤတစ်ခေါက်မှာတော့.... သူက သင်ခန်းစာရသွားခဲ့လေပြီ။
သူ၏ ခန္ဓာကိုယ်ကို စုဖွဲ့ပြီးနောက် သူက အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်က တည်နေရာခုန်ကူးခြင်းကိုထုတ်ဖော်ပြီး နေရာကနေ ချက်ချင်းထွက်ခွာလိုက်၏။
သူသည် ဆူဇီမိုနှင့် အကွာအဝေးတစ်ခုခြားပြီး အသက်ရှုခွင့်ရသည်နှင့် သူ့အနေဖြင့် ဆူဇီမိုကိုဖိနှိမ်ဖို့အတွက် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့နိုင်မည်ဖြစ်၏။
သို့သော်လည်း တည်နေရာခုန်ကူးပြီးနောက် သူ၏ ပုံရိပ်ပြန်လည်ပေါ်ထွက်လာသည့်ခဏမှာပင် သူသည်ရင်းနှီးနေကျအန္တရာယ်အငွေ့အသက်တစ်ခုက နောက်တစ်ဖန် ဆင်းသက်လာသည်ကို ခံစားလိုက်ရ၏။
“ချီးပဲ…”
အကြီးအကဲထန်က ဒေါသထွက်သွားပြီး ဣန္ဒြေပျက်ယွင်းကာ ကျိန်ဆဲလိုက်လေသည်။
နောက်ခဏ၌ သူ၏ ခန္ဓာကိုယ်က ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် နောက်တစ်ဖန်ကြေမွပျက်စီးသွား၏။
သူ့မှာ တည်နေရာခုန်ကူးခြင်းရှိသော်လည်း ဆူဇီမိုမှာ အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ရှိနေ၏။
သွေးကနေပြန်လည်မွေးဖွားခြင်းမှာ ကန့်သတ်မှုများမရှိသည်မဟုတ်ပေ။
သူ၏ ခန္ဓာကိုယ်က တစ်ကြိမ်ကြေမွပျက်စီးသွားတိုင်း အကြီးအကဲထန်သည် မျိုးဆက်သွေးအဆီအနှစ်များစွာကို ဆုံးရှုံးရလေသည်။
သူ၏ ခန္ဓာကိုယ်က သုံးကြိမ်ဆက်တိုက် ဖျက်ဆီးခံခဲ့ရပြီး သူက သွေးချီအမြောက်အမြားကို ဆုံးရှုံးခဲ့ရပြီဖြစ်၏။
အစကတည်းက သူ၏ အသက်အရွယ်က မငယ်တော့ဘဲ သူ၏ သွေးချီက အထွတ်အထိပ်ကနေကျဆင်းလာခဲ့ပြီလေပြီ။ ယခု သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး တစ်ခဏချင်းမှာပင် သူက သိသိသာသာအိုစာသွားသည်ဟု ခံစားရလေသည်။
အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် တည်နေရာခုန်ကူးခြင်းကို ထုတ်ဖော်လိုက်၏။
ဘန်း...
ထို့နောက်ချက်ချင်းပင် ဆူဇီမိုက ဆင်းသက်ရောက်ရှိလာပြီး လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ သူ၏ ခန္ဓာကိုယ်ကို ခြေမွှဖျက်ဆီးလိုက်၏။
အစကတော့ အကြီးအကဲထန်၏ နှလုံးသားသည် အမျက်ဒေါသနှင့် မကျေမချမ်းမှုများဖြင့် ပြည့်နှက်နေခဲ့၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ခြောက်ကြိမ်ဆက်တိုက် ခြေမွှဖျက်ဆီးခံရပြီးနောက် သူ၏ နှလုံးသားထဲမှာ စိတ်ပျက်အားငယ်မှုသာလျှင် ကျန်ရှိတော့လေသည်။
ဤတိုင်းသာဆက်သွားလျှင် သူ၏ သွေးချီခန်းခြောက်လာသည့်အခါ သူသည် သွေးကနေပြန်လည်မွေးဖွားခြင်းကိုပင် အသုံးပြုနိုင်တော့မည်မဟုတ်ပေ။
အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်က အခြားတစ်ဘက်မှာရှိသော ဖန်းယွီကို ကြည့်နေ၏။
သူ၏ မျက်နှာက ထိတ်လန့်မှု၊ ကြောက်ရွံ့မှု၊ ကူကယ်ရာမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
ဖန်းယွီက စကားတစ်ခွန်းပြောလိုက်သည်နှင့်အမျှ သူသည် ဤကဲ့သို့သော ညှင်းပန်းနှိပ်စက်မှုကို ခံစရာမလိုတော့ဟု အကြီးအကဲထန်က ယုံကြည်နေ၏။
သို့သော်လည်း ဖန်းယွီ၏ အမူအရာက အေးစက်နေပြီး မည်သည့်စကားမှမဆိုပေ။
ယန်လောရှုက အဲ့ဒါကိုမကြည့်ရက်နိုင်တော့ပေ။
“ရလဒ်က ဆုံးဖြတ်ပြီးသွားပြီပဲ... အခုချိန်မှာ အကြီးအကဲထန်ကို ဆင်းလာဖို့ ခေါ်သင့်ပြီလို့ငါထင်တယ်”
“မဟုတ်သေးဘူး”
ဖန်းယွီက အဲ့ဒါကို လေးတွဲစွာငြင်းပယ်ပြီး အေးစက်စွာပြောလိုက်၏။
“ဒါက... သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းပဲ... သူကအဲ့ဒါကိုပြီးဆုံးအောင်လုပ်ရမယ်... သူက ကောင်းကင်အင်မော်တယ်တစ်ဦးပဲ... သူက ရှုံးနိမ့်မှုကို ဘယ််လိုလုပ်ပြီး အလွယ်တကူဝန်ခံလို့ရပါ့မလဲ... သူက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ထံမှာ ဘယ်လိုလုပ်ပြီး အလွယ်တကူ ရှုံးနိမ့်လို့ရပါ့မလဲ”
“ကောင်းကင်အင်မော်တယ်တစ်ဦးက သေရမယ်ဆိုရင်တောင် သူ့ရဲ့ဂုဏ်သိက္ခာကို ကမ္ဘာမြေအင်မော်တယ်တစ်ဦးက နင်းချေဖျက်ဆီးမှာကို ခွင့်ပြုမပေးသင့်ဘူး”
ယန်လောရှုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဖန်းယွီက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်သည်ဟု သူကဝိုးတဝါးပြောနိုင်လေသည်။