စတေးခံရခြင်း
Vol. 145 Ch. 2174
ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်တွင်...။
သူသည် ဖန်းယွီ၏ စကားကို ကြားသောအခါ ထွက်ပြေးလာသော အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်က ရုတ်တရက်ရပ်တန့်သွား၏။
ပထမ သူ၏ မျက်လုံးထဲတွင် တွေဝေရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေ၏။ ထို့နောက် သူသည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား သူ၏ မျက်နှာက ရုတ်တရက်ပျက်ယွင်းသွားပြီး ရူးသွပ်ဖောက်ပြန်သွားသောအမူအရာတစ်ခုနှင့်အတူ ကြောက်စရာကောင်းလာခဲ့၏။
“ကောင်းကင်အင်မော်တယ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အရှက်ခွဲလို့မရဘူး”
ရုတ်တရက် အကြီးအကဲထန်က ခပ်စူးစူး အော်ပြောလိုက်၏။
“ဆူဇီမို... ငါမင်းနဲ့ တိုက်ခိုက်မယ်”
ထိုသို့ပြောရင်း ပြင်းထန်ကြမ်းတမ်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက ဓားဆွေးနွေးပြိုင်ပွဲကွင်းကနေ ပေါက်ကွဲထွက်ပေါ်လာ၏။
အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်။
ကျင့်ကြံသူများက တုန်လှုပ်သွားပြီးအော်ဟစ်လိုက်ကြ၏။
“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
ယန်လောရှု၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး နောက်ဆုံးမှာ ဖန်းယွီဆိုလိုသည့်အဓိပ္ပါယ်ကို သူက နားလည်သဘောပေါက်သွား၏။
သူသည် အကြီးအကဲထန်ကို သူ့အသက်နှင့်ရင်းပြီးတိုက်ခိုက်ဖို့ သတိပေးလိုက်ခြင်ဖြစ်၏။
အန္တိမနတ်ဘုရားစွမ်းအားများအပြင် ကောင်းကင်အင်မော်တယ်ပညာရှင်များ၏ အသန်မာဆုံးနည်းလမ်းများမှာ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များဖြစ်လေသည်။
ယန်လောရှုသည် ဆူဇီမိုကို ချက်ချင်းပင်ကယ်တင်လို၏။ သို့သော်လည်း သူ့ကျင့်ကြံမှုနယ်ပယ်က မြင့်မား၍ သူကသန်မာသော်လည်း အဲ့ဒါကို သူနားလည်သည့်အချိန်မှာ နောက်ကျသွားခဲ့လေပြီ။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များ၏ အလျင်အဟုန်က အရမ်းကိုမြန်ဆန်ပြီး ဘေးကနေရပ်ကြည့်နေသူများက ကြားဝင်စွက်ဖက်နိုင်မည်မဟုတ်ပေ။
အခြားသူများကိုမပြောနှင့် ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ရှိနေသော ဆူဇီမိုပင်လျှင် အဲ့ဒါကို တုံ့ပြန်နိုင်ပုံမရပေ။
သူက လေထဲမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေ၏။
အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်မးအတတ်က အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး ချက်ချင်းပင်ရောက်ရှိလာကာ ဆူဇီမို၏ နှာရောင်ထဲသို့ဝင်ရောက်သွား၏။
“သွားပါပြီ”
မင်းသမီးသက်တံနီ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွားပြီး သူမ၏ အမူအရာက ဖြူဖျော့သွားလေသည်။
သူမကျင့်ကြံမှု၏ ဤအဆင့်ထိ သူမသည် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားပေါင်းများစွာကို တွေ့ကြုံခဲ့ဖူးလေသည်။ သို့သော်လည်း ဆူဇီမိုက သူမကို အထူးခြားဆုံး ခံစားချက်ကို ပေးခဲ့လေသည်။
အဲ့ဒါသည် သူမချီးကျူးရပြီး စူးစမ်းလိုစိတ်ဖြစ်ပေါ်မိသောအမျိုးသားတစ်ယောက်ဖြစ်လေသည်။
ကံဆိုးစွာနှင့်ပင် မင်းသားယွမ်ကျော၊ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်တို့နှင့်ပင် ရင်ဆိုင်တိုက်ခိုက်ဝံ့ခဲ့သော ဤကဲ့သို့သော ရှားရှားပါးပါး ပြိုင်စံရှား ပြန်ဝင်စားမွန်းစတားတစ်ယောက်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ဤကဲ့သို့ပင် သေဆုံးရပေတော့မည်။
ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှာ ဂိုဏ်သားရောင်းရင်းများကြား အသေအကြေတိုက်ခိုက်ခြင်းကို ခွင့်ပြုမထားပေ။
သို့သော်လည်း ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုနှင့်အတူ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ တိုက်ခိုက်ခြင်းကို ယခုခံလိုက်ရလေပြီ။
ပြိုင်စံရှားတစ်ယောက်အတွက် ဤကဲ့သို့သေဆုံးမှုက အလွန်တရာခံပြင်းစရာကောင်းပြီး မျှတမှုမရှိပေ။
“အာ...”
လူအုပ်ကြားထဲမှ သက်ပြင်းချသံများထွက်ပေါ်လာ၏။
စောစောက အကြီးအကဲထန်၏ ခန္ဓာကိုယ်ကို ဆူဇီမိုက အဆက်မပြတ် ဖျက်ဆီးခဲ့သည့်မြင်ကွင်းက အပြင်ဂိုဏ်းတပည့်များအတွက် တုန်လှုပ်စရာကောင်းလွန်းနေပြီး သူတို့၏ သွေးများကိုဆူပွက်စေခဲ့၏။
ယခု ဆူဇီမိုသည် တစ်ခဏချင်းမှာပင် ဤကဲ့သို့သောပုံစံဖြင့် အဆုံးသတ်ရပေတော့မည်။
“ဘယ်လောက်နှမြောဖို့ကောင်းလိုက်သလဲ”
“သူ့ရဲ့ပါရမီအရည်အချင်းနဲ့ နည်းလမ်းတွေအရဆို... သူ့ရဲ့အနာဂတ်အောင်မြင်ရရှိမှုတွေက တိုင်းတာကြည့်လို့တောင်ရမှာ မဟုတ်ဘူး... ဒါပေမဲ့...”
“အဲ့ဒါဘာမှမထူးဆန်းဘူး... သမိုင်းတစ်လျှောက်မှာ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေက မရေမတွက်နိုင်အောင်ရှိခဲ့ကြတာပဲ... သူတို့ထဲကအများစုက အရွယ်မတိုင်ခင်သေဆုံးခဲ့ကြတယ်... သူက သူတို့ထဲကတစ်ယောက်ပဲ”
တချို့က သနားဂရုဏာသက်နေပြီး တချို့က ဝမ်းနည်းနေကြ၏။ တချို့က အေးစက်နေပြီး တချို့က ဝမ်းသာပျော်ရွှင်နေကြ၏။
လူသားသဘာဝအမျိုးမျိုးက ပေါ်ထွက်လာခဲ့လေသည်။
“ဖန်းယွီ..”
ယန်လောရှုက ဒေါသထွက်သွားပြီး သူ့ကို စီနီယာအစ်ကိုဟုပင်မခေါ်တော့ဘဲ အော်ပြောလိုက်၏။
“မင်းကအရမ်းကို ရက်စက်ကောက်ကျစ်လွန်းမနေဘူးလား”
“သူက တက္ကသိုလ်ကိုဝင်ရောက်တာ နှစ်တစ်ထောင်ပဲရှိသေးတယ်... သူက ဘာအမှားကိုမှလည်း မကျူးလွန်ထားဘူး... မင်းက ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုနဲ့ သူ့ကိုသတ်ဖြတ်ဖို့ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ဘယ်လိုတောင်ညွှန်ကြားရဲတာလဲ... မင်း လူရောဟုတ်သေးရဲ့လား”
ယန်လောရှု၏ အသားအရောင်က ကြေးညိုရောင်နှင့်ဆင်တူလေသည်။ သူဒေါသထွက်လာသောအခါ သူ၏ သွေးချီကတလိပ်လိပ်ထိုးတက်လာပြီး သူ၏ မျက်နှာကညိုမည်းလာကာ အလွန်တရာကြောက်စရာကောင်းသော ဒေါသူပုန်ထနေသည့် မိုးကြိုးနတ်ဘုရားတစ်ပါးနှင့်တူလာ၏။
ဆူဇီမိုကို သတ်ဖြတ်ဖို့ကြိုးစာခဲ့သည့်သူက အကြီးအကဲထန်ဖြစ်သော်လည်း ဤပြဿနာ၏ အရင်းအမြစ်က ဖန်းယွီဖြစ်သည်ဆိုတာကို ယန်လောရှုက သိထား၏။
အကြီးအကဲထန်သည် ယခုအချိန်မှာ အသက်ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်မည်ဖြစ်သော်လည်း သူကသေလူတစ်ယောက်ဖြစ်သွားခဲ့လေပြီ။
တက္ကသိုလ်၏ စည်းမျဥ်းစည်းကမ်းများအရ ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုခြင်းက ကြီးလေးသည့် ပစ်မှုတစ်ခုဖြစ်လေသည်။
ဒါ့အပြင် အကြီးအကဲထန်သည် ဂိုဏ်းသားရောင်းရင်းတစ်ယောက်အပေါ် အဲ့ဒါကိုပြုလုပ်ခဲ့လေသည်။
ဆူဇီမိုသေဆုံးမှု၏ နောက်ကွယ်မှကြိုးကိုင်သူက လုံးဝပါဝင်ပတ်သက်ခြင်းရှိပုံမရသော ဖန်းယွီဖြစ်သည်ဆိုတာကို ယန်လောရှုက ကောင်းကောင်းသိလေသည်။
“ဟီးဟီး...”
ဖန်းယွီက အူမြုးအားရစွာရယ်မောလိုက်၏။
ယန်လောရှုက ဒေါသထွက်လေလေ သူကပိုပြီးပျော်ရွှင်ရလေလေဖြစ်လေသည်။
ဖန်းယွီက သူ၏ ပခုံးကို အနည်းငယ်တွန့်ပြီး ရိုးသားဖြောင့်မတ်ပုံရသော အကြည့်တစ်ခုကို ထုတ်ဖော်လိုက်၏။
“ဂျူနီယာညီယန်... မင်းပါးစပ်ကနေ ပြောချင်တိုင်းလျှောက်ပြောလို့မရတဲ့ တချို့ကိစ္စတွေရှိတယ်”
“ဆူဇီမိုကို သတ်ဖြတ်ဖို့ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုခုသုံးပါလို့ ငါကအကြီးအကဲထန်ကို ဘယ်တုန်းကညွှန်ကြားလိုက်လို့လဲ”
ယန်လောရှုက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ထားပြီး အံကိုကြိတ်ထားလေသည်။ သူကမည်သည့်အရာကိုမှ မပြောဆိုဘဲ ဖန်းယွီကိုသာ စိုက်ကြည့်နေ၏။
ဖန်းယွီ၏ အမူအရာကတည်ငြိမ်နေပြီး အေးအေးလူလူပြောလိုက်၏။
“ဒီနေ့ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်က တိုက်ပွဲကို လူတိုင်းမြင်တွေ့နေကြတာပဲ... ဒီမှာရှိတဲ့ကျင့်ကြံသူတွေအားလုံးက ငါ့အတွက်သက်သေလိုက်ပေးနိုင်တယ်”
ယန်လောရှုက ဒေါသထွက်နေပြီး ဖန်းယွီကိုချက်ချင်းပင် တိုက်ခိုက်လိုလေသည်။
သို့သော်လည်း သူ့မှာတိုက်ခိုက်ဖို့အတွက် မည်သည့်အကြောင်းပြချက်မှ မရှိပေ။
ဖန်းယွီက အရမ်းကိုပါးနပ်လေသည်။
စောစောက ဖန်းယွီသည် သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အသုံးပြုဖို့ သို့မဟုတ် ဆူဇီမိုကိုသတ်ဖြတ်ဖို့ အကြီးအကဲထန်ကို ရှင်းရှင်းလင်းလင်းညွှန်ကြားခဲ့ခြင်းမရှိပေ။
သူ့ကိုယ်သူ မည်သည့်ငြိစွန်းမှုမှမရှိစေဘဲ သူက ဆူဇီမိုကိုသတ်ဖြတ်ရန် အကြီးအကဲထန်ကို အသုံးချခဲ့လေသည်။
“ဖန်းယွီ”
ယန်လောရှုက အံကိုကြိတ်ပြီး အေးစက်စွာပြောလိုက်၏။
“အတွင်းဂိုဏ်းမှာ မင်းတို့တွေက ငါ့ကိုအမြဲတမ်းအထင်သေးပြီး ငါ့ကိုဖိနှိမ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေတယ်ဆိုတာ ငါသိတယ်”
အဲ့ဒါက လျှို့ဝှက်ချက်မဟုတ်ပေ။
အတွင်းဂိုဏ်းမှာသာမက အပြင်ဂိုဏ်းတပည့်ဂိုဏ်းသားများပင်လျှင် တစ်ခုခုလွဲမှားနေသည်ကို သတိထားမိကြလေသည်။
ယန်လောရှုသည် အောက်ဘုံလောကကနေလာခဲ့ပြီး သူသည် အစကတည်းက တက္ကသိုလ်မှာ ဝိုင်းကြဥ်ခံခဲ့ရ၏။
ဒါ့အပြင် သူကဖြောင့်မတ်မှန်ကန်သောလူတစ်ယောက်ဖြစ်ပြီး လိမ္မာပါးနပ်မှုသိပ်မရှိပေ။ ထိုသို့ဖြင့် သူသည် အတွင်းဂိုဏ်းတပည့်များစွာ၏ တဖြည်းဖြည်း ခွဲထုတ်ခြင်းကိုခံလာရ၏။
သို့သော်လည်း ယန်လောရှုသည် အခက်အခဲများကြားမှာ ရှင်သန်ကြီးပြင်းလာဖို့အတွက် သူ့ဘာသာသူအပတ်တကုတ်ကြိုးစားခဲ့ပြီး အတိုက်အခိုက်များကို တဖြည်းဖြည်းဖြတ်ကျော်လာခဲ့၏။
သူသည် တဖြည်းဖြည်းနှင့် အတွင်းဂိုဏ်းတပည့်များ၏ ထိပ်ဆုံးဆယ်ရောက်ထဲသို့ ဝင်ရောက်လာခဲ့၏။
နောက်ပိုင်းမှာ သူသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကိုကျင်းပရန် ရစ်ခွေနဂါးတောင်ကြောရိုးသို့ သွားရောက်ဖို့ တက္ကသိုလ်ကိုပင် ကိုယ်စားပြုနိုင်ခဲ့၏။
ဤကိစ္စသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ သူ့ကို ကျော်ကြားစေခဲ့သော်လည်း သူသည်တက္ကသိုလ်မှာ ရန်လိုမှုများကို ပို၍ရရှိလာခဲ့၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ယန်လောရှုသည် တက္ကသိုလ်ကိုကိုယ်စားပြုသည့် အတွင်းဂိုဏ်းတပည့်တစ်ယောက် မဖြစ်သင့်ပေ။
တက္ကသိုလ်တွင် တိုက်ခိုက်ရည်ခွန်အား၊ အဆင့်အတန်းနှင့် နောက်ခံတို့မှာ ယန်လောရှုထက် ပိုမိုသာလွန်သောသူ အများဆုံးငါးယောက်လောက်ရှိလေသည်။
ဖန်းယွီက သူတို့ငါးဦးထဲမှာ အပါအဝင်ဖြစ်၏။
အတွင်းဂိုဏ်းမှာ ယန်လောရှုရရှိထားသော ရန်လိုမှုများကို စဥ်းစားကြည့်နိုင်လေသည်။
နှစ်ဘက်စလုံးမှာ ပဋိပက္ခတချို့ရှိပြီး အတိုက်အခံဖြစ်နေကြသော်လည်း သူတို့သည် ဘာပဲပြောပြော ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှာရှိနေကြ၏။ အနည်းဆုံးတော့ အပေါ်ယံမှာ ကိစ္စများကတည်ငြိမ်နေပြီး သူတို့သည် တိုက်ခိုက်ခြင်း သို့မဟုတ် စကားများရန်ဖြစ်ခဲ့ခြင်း မရှိသလောက်နီးပါးပင်။
အဲ့ဒါသည် လွန်ခဲ့သည့်နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအထိသာ ဖြစ်ခဲ့လေသည်။
နတ်မိမယ်မိုချင်နှင့် ယန်လောရှုအကြား ကောလာဟလတချို့ပျံ့နှံ့ထွက်ပေါ်လာသည့်အခါ တည်ငြိမ်အေးချမ်းမှုက ကျိုးပျက်သွားခဲ့လေသည်။
ထိုကောလာဟလများသည် ယန်လောရှုကို မုန်တိုင်း၏ အလယ်ဗဟိုသို့ တွန်းပို့လိုက်၏။
ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း ယန်လောရှုသည်လည်း ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ အတွင်းဂိုဏ်းတပည့်များနှင့် အကြိမ်ရေအတော်များများ လက်ရည်စမ်းခဲ့ရ၏။
ဆူဇီမိုသည် လွန်ခဲ့သည့်နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ အရေးပါသောလူတစ်ယောက်ဖြစ်ခဲ့၏။ သူသည် ယန်လောရှုကဲ့သို့ပင် အောက်ဘုံလောကများကနေလာခဲ့ပြီး ထိုသူ၏ ကာကွယ်ပေးခြင်းကိုခံနေရ၏။
ထို့ကြောင့်ပင်လျှင် ဖန်းယွီနှင့်အခြားသူများသည် ဆူဇီမိုကိုပစ်မှတ်ထားလာကြခြင်းဖြစ်၏။
ဆူဇီမိုကိုသင်ခန်းစာပေးနိုင်မည့် အခွင့်အလမ်းတစ်ခုကိုရှာဖွေရန် အကြီးအကဲထန်ကို ဖန်းယွီက တစ်ခါမှာကြားခဲ့ပြီး ထိုသူကို တက္ကသိုလ်ကနေ ကန်ထုတ်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
တကယ်တော့.. ဆူဇီမိုသည် မည်သည့်အရာကိုမှမသိရှိရဘဲ အတွင်းဂိုဏ်းတပည့်များကြားတိုက်ပွဲမှာ ကြားညှပ်နေခြင်းဖြစ်လေသည်။
သူသည် ဤအတွင်းဂိုဏ်းတပည့်များအကြားတိုက်ပွဲအတွက် စတေးခံလိုက်ရခြင်းမျှသာဖြစ်လေသည်။
“မင်းတို့တွေရဲ့အထင်သေးမှုနဲ့ ရန်လိုမှုတွေကို ငါလက်ခံနိုင်တယ်”
“ဒါပေမဲ့ ဆူဇီမိုက ငါနဲ့ဘာမှမပတ်သက်ဘူး... အရင်တုန်းက သူက သာမန်ကျင့်ကြံသူတစ်ယောက်ပဲ... သူကတက္ကသိုလ်ကိုဝင်ရောက်လာတဲ့တခြားတပည့်တွေနဲ့ ဘာမှမကွာခြားဘူး... မင်းတို့တွေ ဘာလို့သူ့ကို ပစ်မှတ်ထားလာရတာလဲ”
ယန်လောရှုက ဖန်းယွီကိုစိုက်ကြည့်ပြီးအော်ပြောလိုက်၏။
“ငါတို့ရဲ့ ရန်ငြိုးရန်စနဲ့သူက ဘာမှမပတ်သက်ဘူး... သူကအပြစ်ကင်းတယ်... မင်းတို့မှာ အစွမ်းအစရှိတယ်ဆိုရင် ငါ့ဆီကိုတိုက်ရိုက်လာခဲ့ကြပေါ့”