← Chapters

ကောင်းကင်အင်မော်တယ်တစ်ယောက်၏ တိုက်ခိုက်မှု

Vol. 145 Ch. 2175

ကောင်းကင်အင်မော်တယ်တစ်ယောက်၏ တိုက်ခိုက်မှု

Vol. 145 Ch. 2175

“မင်းတို့တွေက နိမ့်ကျသက်ရှိတွေပဲ... မင်းတို့တွေကပတ်သက်ဆက်စပ်မှုမရှိဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ”

ဖန်းယွီက အထင်အမြင်သေးသောအမူအရာဖြင့် လှောင်ရယ်လိုက်၏။

“သူ့ရဲ့သေဆုံးမှုက တရားမျှတမှုမရှိတာမဟုတ်ဘူး... မင်းက သူ့ကိုမင်းရဲ့အစွမ်းကုန်နဲ့ နောက်ခံပေးထားမှတော့ သူက အဲ့ဒါနဲ့ထိုက်တန်တယ်”

ထိုစကားလုံးများနှင့်အတူ သူတို့နှစ်ယောက်က ယခုအချိန်မှာ လုံးဝကိုအချေအတင်ဖြစ်လာခဲ့ပြီဖြစ်၏။

“ဒီနေ့ကိစ္စက သတိပေးချက်တစ်ခုသာသာပဲ”

ဖန်းယွီ၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးညွှတ်သွားပြီး သူကပြောလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ မင်းရဲ့နာမည်ဂုဏ်သတင်းက မကြာသေးခင်အချိန်တွေမှာ မြင့်တက်လာတယ်ဆိုပေမယ့် မင်းကိုငါပြောလိုက်မယ်... မင်းက တက္ကသိုလ်ရဲ့အတွင်းဂိုဏ်းမှာ ဘာမှမဟုတ်ဘူး”

“မင်းက တက္ကသိုလ်က နိမ့်ကျသက်ရှိတစ်ယောက်ကိုတောင် ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး”

ဓားဆွေးနွေးပြိုင်ပွဲကွင်း၏ ဘေးပတ်လည်က တိတ်ဆိတ်ငြိမ်သက်သွားပြီး လေထုက တင်းကျပ်လေးလံလာခဲ့၏။

ဖန်းယွီ၏ စကားလုံးများကိုကြားသောအခါ လက်ရှိလူတိုင်းက ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြ၏။

ဖန်းယွီ၏ စကားလုံးများသည် ယန်လောရှုကိုသာပြောနေခြင်းမဟုတ်ဘဲ လက်ရှိတက္ကသိုလ်၏ တပည့်ဂိုဏ်းသားများကို သတိပေးနေခြင်းဖြစ်၏။

ယန်လောရှုနှင့် ပတ်သက်ဆက်စပ်သောမည်သူမဆို တက္ကသိုလ်မှာ အလွန်တရာခက်ခဲသောအခြေအနေတစ်ရပ်နှင့် ကြုံတွေ့ရပြီး သူတို့၏ အသက်များကိုပင် ဆုံးရှုံးရနိုင်သည်ကို သူကလက်ရှိကျင့်ကြံသူများကို သတိပေးနေခြင်းဖြစ်၏။

ထိုသို့ပြုလုပ်ပါက သူတို့သည်လည်း စောစောက ဆူဇီမိုကဲ့သို့ တူညီသောရလဒ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

“ငါသိသွားပြီ”

ထိုစဥ်မှာပင် ဓားဆွေးနွေးပြိုင်ပွဲကွင်းကနေ သရော်လိုက်သောအသံတစ်သံက ထွက်ပေါ်လာ၏။

ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ လူနှစ်ယောက်သာလျှင်ရှိလေသည်။

တစ်ယောက်က အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်ဖြစ်၏။

သူ၏ ခန္ဓာကိုယ်က အဆက်မပြတ်ဖျက်ဆီးခံခဲ့ရခြင်းကြောင့် သူ၏ သွေးချီက ပြင်းထန်စွာလျော့ကျနေပြီး ကုန်ခန်းလုနီးပါးဖြစ်နေ၏။

ယခုအချိန်မှာသူသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် သူ၏ သွေးချီကို တဖြည်းဖြည်းပြန်လည်စုဆောင်းနေရဆဲဖြစ်၏။

ထိုအသံက အကြီးအကဲထန်၏ အသံ မဟုတ်ပေ။

ထိုအသံပိုင်ရှင်က...။

“ဖြစ်နိုင်တာက...”

မင်းသမီးသက်တံနီက တစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး သူမ၏ မျက်လုံးက ဝင်းလက်သွား၏။

ချက်ချင်းပင် ​ကျင့်ကြံသူအားလုံး၏ အကြည့်များက ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်ရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူပေါ်သို့ ဆင်းသက်ရောက်ရှိသွားကြ၏။

“ဟာ...”

လူတိုင်းက ပင့်သက်ကိုရှိုက်လိုက်ကြ၏။

ဆူဇီမိုက မသေပေ။

ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ဖြင့် ထိခတ်ခံခဲ့ရသော အပြင်ဂိုဏ်းတပည့်က အသက်ရှင်နေသေး၏။

ဒါ့အပြင် သူ၏ ခန္ဓာကိုယ်က အသက်ဓာတ်အားဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်နှာက ပုံမှန်အတိုင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိထားသည့် မည်သည့်လက္ခဏာမှမရှိပေ။

“ဘာ...ဘာလဲဟ”

တုန်လှုပ်မှုဖြင့် ကျင့်ကြံသူများစွာက အံ့အားသင့်သွားကြ၏။

အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်က ဆူဇီမို၏အသိစိတ်ထဲသို့ ဝင်ရောက်သွားသည်ကို လူတိုင်းက တွေ့မြင်ခဲ့ရ၏။ ကမ္ဘာမြေအင်မော်တယ်များကိုမပြောနှင့် ကောင်းကင်အင်မော်တယ်များပင်လျှင် သူတို့၏ အမြုတေစိတ်ဝိညာဥ်များက အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုဖြင့် ထိခတ်ခံရပါက သေချာပေါက်သေရပေလိမ့်မည်။

ထိုအချိန်မှာ ပြောင်းလဲမှုက ရုတ်တရက်ဆန်လွန်း၏။

ဆူဇီမိုသည် အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ဖြင့် ထိခတ်ခံရ​ပြီးနောက် နေရာမှာပင် မလှုပ်မယှက်ရှိနေခဲ့၏။

တကယ်တမ်းမှာတော့ အကြီးအကဲထန်၏ သတ်ဖြတ်လိုစိတ်ပေါ်ထွက်လာသည့်ခဏမှာပင် ဆူဇီမိုက အဲ့ဒါကို အာရုံခံမိခဲ့ပြီးပြီဖြစ်၏။

သူသည် အကြီးအကဲထန်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အသုံးမပြုခဲ့သည်မှာ အဲ့ဒါက မလိုအပ်သောကြောင့်ဖြစ်၏။

အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသောအခါ အဲ့ဒါသည် အစိမ်းရောင်ကြာစေ့များကနေ ဖြစ်ပေါ်လာသော အစိမ်းရောင်ကြာပန်းဓားဖြင့် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရ၏။

ဖန်တီးခြင်းကြာခုံ၏ ကာကွယ်မှုနှင့်အတူ ကြွင်းကျန်ရစ်သော စိတ်ဝိညာဥ်အသိစိတ်စွမ်းအားက အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်ကို လုံးဝမထိခိုက်စေနိုင်ပေ။

ထို့နောက် ဆူဇီမိုကသေဆုံးသွားပြီဟု လူတိုင်းကတွေးထင်ထားခဲ့ကြ၏။

နောက်ပိုင်းမှာ လူတိုင်း၏ စိတ်အာရုံသည် ယန်လောရှုနှင့် ဖန်းယွီကြား ငြင်းခုံမှုပေါ်သို့ ရောက်ရှိနေခဲ့ကြ၏။ မည်သူကမှ သူ့ကိုအာရုံမစိုက်ခဲ့ကြတော့ပေ။

ဆူဇီမိုသည် အကြီးအကဲထန်က သူ့ကိုပစ်မှတ်ထားလာသည့်အကြောင်းအရင်းကို သိရှိချင်နေခဲ့ပြီး သူက မည်သည့်အရာကိုမှ မပြောဆိုခဲ့ပေ။

ယခုအခါမှသာလျှင် သူက အခြေအနေတစ်ရပ်လုံးကို နားလည်သဘောပေါက်သွားပြီး စကားပြောလိုက်ခြင်းဖြစ်၏။

“မင်းကမသေဘူးလား”

ဖန်းယွီ၏ မျက်နှာပေါ်ရှိ အပြုံးကပျောက်ကွယ်သွားပြီး ဆူဇီမိုကိုအေးစက်စွာစိုက်ကြည့်လိုက်၏။

“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”

ဖန်းယွီက အော်ဟစ်ရယ်မောလိုက်ပြီး ချီးကျူးလိုက်၏။

“ဂျူနီယာညီဆူ... မင်းကတော်တော်အစွမ်းထက်သားပဲ”

ဆူဇီမိုက မသေဘူးဆိုမှတော့ သူသည် မလုံမလဲခံစားနေစရာမလိုတော့ပေ။

“မင်း... မင်းဘာလို့ မသေတာလဲ”

အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်က ထိတ်ထိတ်ပျာပျာဖြစ်သွား၏။

သူ့ရှေ့မှအပြင်ဂိုဏ်းတပည့်က ပြန်လည်သတိရလာလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။

“ငါမသေဘူးဆိုမှတော့...”

ဆူဇီမိုက အကြီးအကဲထန်ကိုကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“သေရမယ့်သူက မင်းပဲ”

“မင်း...”

အကြီးအကဲထန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး လှည့်ထွက်ပြေးချင်လေသည်။

သို့သော်လည်း ဆူဇီမိုက ပို၍ပင် မြန်ဆန်လေသည်။ သူ၏ စကားမဆုံးသေးခင်မှာပင် သူကတိုက်ခိုက်လိုက်ပြီဖြစ်၏။ သူကရှေ့သို့တက်လှမ်းပြီး သူ၏ လက်ဖဝါးကိုဖြန့်ကာ အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်ကို ဖမ်းဆီးလိုက်၏။

“စီနီယာအစ်ကိုဖန်း ကျုပ်ကိုကယ်ပါဦး”

အကြီးအကဲထန်က လိပ်ပြာလွင့်မတတ်ကြောက်လန့်နေပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

“ဆူဇီမိုရပ်လိုက်စမ်း”

ဖန်းယွီ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက်ပေါ်ထွက်လာခဲ့၏။ သူက ချက်ချင်းတိုက်ခိုက်ရမည့်အစား အော်ငေါက်လိုက်လေသည်။

“တက္ကသိုလ်ရဲ့ စည်းမျဥ်းစည်းကမ်းတွေအရ ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ အသေအကြေတိုက်ခိုက်တာကို ခွင့်ပြုမထားဘူး”

“ဟီးဟီး”

ဆူဇီမိုက ရယ်မောလိုက်၏။

သည့်ယခင်က သူ့ကိုအမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ဖြင့် သတ်ဖြတ်ရန် အကြီးအကဲထန်ကို ဖန်းယွီက တိတ်တဆိတ်လှုံ့ဆော်ခဲ့လေသည်။

ယခု တက္ကသိုလ်၏ စည်းမျဥ်းစည်းကမ်းများအကြောင်းကို ဖြောင့်မတ်မှန်ကန်သယောင်ဖြင့် သူက ထုတ်ဖော်ပြောဆိုနေ၏။

ဆူဇီမိုသည် အစကတုန်းက စာပေသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူသည် ပညာရှင်များ၏ အဆိုအမိန့်များမှာ ကျွမ်းကျင်နှံ့စပ်ခဲ့လေသည်။ သူသည် ကျင့်ကြံရေးလောကသို့ ဝင်ရောက်လာပြီး မရေမတွက်နိုင်သောလူများကို သတ်ဖြတ်ခဲ့စဥ်မှာတောင် သူက ကျိန်ဆဲပြောဆိုခြင်းမရှိသလောက်နီးပါးပင်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် ဖန်းယွီကိုအရိုးထိတိုင်မုန်းတီးလာခဲ့၏။ သူက ထိုသူကိုစိုက်ကြည့်ပြီး မှင်သေသေဖြင့် အော်ပြောလိုက်၏။

“ချီးကို အသေအကြေမတိုက်ခိုက်ရဘူးတဲ့လား... ဖင်..လိုက်လေ.. ခွေးမသား”

ထိုသို့ပြောရင်း ဆူဇီမိုက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်ပြီး အကြီးအကဲထန်၏ အမြုတေစိတ်ဝိညာဥ်ကို ခြေမွှဖျက်ဆီးလိုက်၏။

အပြင်ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲသည် ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်တွင် သူ၏ ခန္ဓာကိုယ်ရော အမြုတေစိတ်ဝိညာဥ်ကပါ ဖျက်ဆီးခံလိုက်ရ၏။

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက ကြက်သေသေနေပြီး ဆူဇီမိုကို မယုံကြည်နိုင်စွာကြည့်နေကြ၏။

ဖန်းယွီပင်လျှင် မှင်တက်သွားရလေသည်။

တကယ်ဆို ဆူဇီမိုက အကြီးအကဲထန်ကို သတ်ဖြတ်မည်ဆိုတာကို သူကထင်မှတ်ခဲ့ပြီးသားဖြစ်၏။

ထိုသို့ဖြင့် သူသည် ဆူဇီမိုသည် ဖိနှိမ်ဖို့အတွက် ကိုယ်တိုင်ဝင်ရောက်ဖို့ အကြောင်းပြချက်ရရှိသွားပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုသည် သူ့ကိုပါ ဆဲဆိုအော်ငေါက်ရဲလိမ့်မည်ဟု သူကထင်မှတ်မထားပေ။

ဖန်းယွီက လုံးဝကိုမှင်တက်နေ၏။

“ကောင်စုတ်... မင်းငါ့ကိုဘယ်လိုတောင် အော်ငေါက်ရဲတာလဲ”

ဖန်းယွီက သူ၏ ငေးငိုင်ရကနေနိုးထလာပြီး ဒေါသချောင်းချောင်းထွက်သွား၏။ သူ၏ မျက်လုံးက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်ကာ တည်နေရာခုန်ကူးခြင်းကို ထုတ်ဖော်လိုက်၏။

သူက နေရာကနေ ပျောက်ကွယ်သွားလေသည်။

ဖန်းယွီပြန်လည်ပေါ်ထွက်လာသည့်အချိန်မှာ သူက ဆူဇီမို၏ ဘေးမှာ ပေါ်ထွက်လာခဲ့လေပြီ။

“သေစမ်း”

ဖန်းယွီက ကြောက်စရာကောင်းသောစွမ်းပကားတစ်ခုနှင့်အတူ လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်၏။

ဆူဇီမိုသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ စွမ်းအားကို လုံးဝမခုခံနိုင်ပေ။

သူ၏ အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကပင်လျှင် ကြေမွပျက်စီးသွားရပေလိမ့်မည်။

ဖန်းယွီက တည်နေရာခုန်ကူးခြင်းကိုထုတ်ဖော်လိုက်သည့်ခဏမှာပင် ဆူဇီမိုက အဲ့ဒါကို အာရုံခံမိလိုက်ပြီဖြစ်၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ထုတ်ဖော်လိုက်၏။

ဖန်းယွီပေါ်ထွက်လာသည့်ခဏမှာပင် ဆူဇီမိုက နေရာကနေပျောက်ကွယ်သွားခဲ့လေပြီ။

ဖန်းယွီ၏ လက်ဝါးရိုက်ချက်က လွဲချော်သွားခဲ့သည်။

လူအုပ်ကြီးက နောက်တစ်ဖန် အံ့အားသင့်သွားလေသည်။

အတွင်းဂိုဏ်းတပည့်တစ်ယောက်အနေဖြင့် ထိပ်ဆုံးငါးယောက်ထဲမှတစ်ယောက်​ဖြစ်သော အဆင့်-၉ ကောင်းကင်အင်မော်တယ်ဖန်းယွီ၏ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်တိုက်ခိုက်မှုက ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။

သို့သော်လည်း လူတိုင်းကို ပို၍ပင် တုန်လှုပ်သွားစေသည့်အရာမှာ ဖန်းယွီ၏ ပထမဆုံးတိုက်ခိုက်မှုက လွဲချော်သွားပြီး ဆူဇီမိုကို မသတ်ဖြတ်နိုင်ခဲ့ခြင်းပင်။

ဖန်းယွီ၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်လေသည်။ ဖျတ်ခနဲဆို သူက ဆူဇီမိုဆင်းသက်ရာနေရာကို ဆုံးဖြတ်နိုင်သည့်အလား အံ့မခန်းအမြန်နှုန်းဖြင့် ပြေးထွက်သွား၏။

တစ်ချိန်တည်းမှာပင် သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်ဖိအားကို ထုတ်ဖော်လိုက်၏။

ဆူဇီမို၏ ပုံရိပ်က ပေါ်ထွက်လာသည့်ခဏမှာပင် သူက ဤကဲ့သို့သိပ်သည်းပြင်းထန်သော စိတ်ဝိညာဥ်အသိစိတ်ဖိအားအောက်မှာ ကျရောက်သွားလေသည်။

ထိုစိတ်ဝိညာဥ်အသိစိတ်ဖိအားနှင့် ရင်ဆိုင်ရချိန်မှာ သူသည် ရွှံ့ညွန်ထဲသို့ ကျဆင်းသွားသည့်အလားဖြစ်ပြီး လှုပ်ရှားဖို့အတွက် ခက်ခဲလာခဲ့၏။ သူက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို မထုတ်ဖော်နိုင်တော့ပေ။

အဲ့ဒါသည် ထိပ်သီးကောင်းကင်အင်မော်တယ်တစ်ဦး၏ နည်းလမ်းဖြစ်လေသည်။

ဖန်းယွီက သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဓားကွက်တစ်ကွက်ကိုဆင့်ခေါ်ကာ ဆူဇီမို၏ နှာရောင်ဆီသို့ ပစ်ထိုးလိုက်၏။

ချက်ချင်းပင် ထက်ရှသောဓားတစ်လက်က ပေါ်ထွက်လာသည့်အလားပင်။ အဲ့ဒါက ဆင်းသက်မလာခင်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်မှ သွေးထွက်လာခဲ့ပြီဖြစ်၏။

ဖန်းယွီ၏ ပထမဆုံး တိုက်ခိုက်မှုလွဲချော်သွားသည်ကပင် သူ့အတွက် အရှက်ရစရာကောင်းနေခဲ့ပြီဖြစ်၏။

သူသည် သူ၏ လက်ချောင်းများနှင့်အတူ ဆူဇီမိုကို နေရာမှာတင်သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်၏။

All Chapters