ခင်ဗျားတောင် အိုလာပြီပဲ
Vol. 1 Ch. 12
ကျန်းယန်းခရိုင်၊ ပင်ယန်းလမ်း၊ ရှန့်ရှင်းအိမ်ရာ
စစ်ကမ္ဘာမှာ ဘယ်နေရာက အစည်ကားဆုံးလဲ၊ ဘယ်မှာ သတင်းအချက်အလက် အစုံလင်ဆုံးလဲလို့ မေးရင်..
အဲဒါကတော့ သေချာပေါက် အရက်ဆိုင်ပင်။
ခရီးသွားလာနေသည့် စစ်သည်တော်တွေဆိကနေ အရက်ကြောင့် လျှာလေးသွားသည့် ဧည့်သည်များအထိ၊ အရက်ဆိုင်က အစေခံများနှင့် ပတ်ဝန်းကျင်မှာ လျှောက်သွားနေသည့်တောင်းရမ်းနေသည့် ကလေးများအား ငွေစအနည်းငယ်လောက် ပစ်ပေးလိုက်ပါက စစ်ကမ္ဘာက လျှို့ဝှက်သတင်း သုံးပုဒ်လောက် သူတို့ဆီက ရရှိနိုင်သည်။
ထိုသို့ ကောင်းမွန်သည် သတင်းအချက်အလက်လမ်းကြောင်းနှင့် အကျိုးအမြတ်ရှိသည့် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကြီးမားသည့် အရက်ဆိုင်တိုင်းသည် သာမန်နေရာတစ်ခု မဟုတ်သည်မှာ အသေအချာပင်။
ကျန်းယန်းခရိုင်၏ နံပါတ်တစ် အရက်ဆိုင်ဖြစ်သည့် ရှန့်ရှင်းအိမ်ရာကလည်း ခြွင်းချက်မဟုတ်ပေ။
သန့်ရှင်းသည့် အဆင့်ရှိ အင်အားကြီးဆယ်ခုက ကမ္ဘာကို ပိုင်းခြားလိုက်သည့်အချိန်ကစပြီး ဤကမ္ဘာမှာ သန့်ရှင်းခြင်း ဆိုသည့် စာလုံးပါသော မည်သည့်အရာမဆို ထူးခြား၏။
ယုံကျိုး၏ စက်ဝိုင်းသုံးခု၊ ခရိုင်ရှစ်ခုနှင့် ခရိုင်ငယ်နှစ်ရာနီးပါးရှိသည့် ခရိုင်ပေါင်း ၆၂ ခုတွင် ရှန့်ရှင်းအိမ်ရာသည် နေရာတိုင်းမှာ ရှိ၏။ ရှန်းရှင်းမြို့၏ တည်နေရာများသည် မြို့၏ အစည်ကားဆုံးနှင့် အသက်ဝင်ဆုံးနေရာတွေမှာရှိတက်သည့် ခရိုင်အစိုးရရုံးနှင့် ကပ်လျက်မှာတည်ရှိသည်။
ထိုမြို့၏နောက်ကွယ်က ပိုင်ရှင်က ဘယ်သူလဲဆိုတာ ပြောနေစရာ မလိုပေ။
စစ်ကမ္ဘာသည် လူများ စုဝေးသည့်နေရာဖြစ်တဲ့အတွက် ကျန်းယန်းခရိုင်လို နေရာငယ်လေးမှာရှိသည့် ရှန့်ရှင်းအိမ်ရာမှာပင် အနည်းဆုံး ဝင်ရောက်ခွင့်ကုန်ကျစရိတ် ရှိ၏။ ထိုနေရာမှာ အစားအသောက်စားပါက ငွေစငါးကျပ်လောက်ကစ၍ ကုန်ကျမည် ဖြစ်သည်။
ပေါင်မုန့်တစ်လုံး၏ တန်ဖိုးသည် ငွေဒင်္ဂါးနှစ်ပြားနဲ့ ငွေတစ်ကျပ်သည် ငွေဒင်္ဂါးတစ်ရာနဲ့ ညီမျှတယ်ဆိုတာ မှတ်သားထားရမည်။ ငွေသုံးကျပ်သည် ဆင်းရဲသော မိသားစုသုံးယောက်၏ တစ်လတာ နေထိုင်စရိတ်နှင့် ညီမျှသည်။
တောင်ဓားဂိုဏ်းကဲ့သို့ တတိယအဆင့် သဩဇာလွှမ်းမိုးမှုရှိသည့် နေရာက ဒွမ်ကျန့်ချီလို လူမျိုးအတွက် တစ်လမှာ ငွေကျပ်ငါးရာလောက် ရအောင် အသည်းအသန် အလုပ်လုပ်သည့် တပည့်ရင်းတစ်ယောက်တောင် ရှိနိုင်သည်။ သူ့ထက်ဆိုးသည့် စစ်သည်တော်တွေဆိုရင် ရှန့်ရှင်းအိမ်ရာမှာ နေ့တိုင်း ထမင်းစားဖို့ ဖိအားကို ခံစားရမှာ အသေအချာပင်
ရှန့်ရှင်းအိမ်ရာတွင် မည်သည့်နေရာမှာပဲရှိရှိ အနည်းဆုံး အထပ်သုံးထပ်ရှိရမယ်ဆိုသည့် စည်းမျဉ်းတစ်ခုရှိသည်။
ပထမထပ်သည် ခန္ဓာကိုယ်ဖွင့်အဆင့်က စစ်သည်တော်တွေကို ဝန်ဆောင်မှုပေးပြီး ရောင်းသည့် အစားအစာတွေက ငွေစဆယ်ကျပ်အောက်သာ တန်ဖိုးရှိသည်။ ဒုတိယထပ်က ပိုမြင့်သည့် အတန်းကို ပေးဆောင်ပြီး ဂန်းချီအဆင့်က စစ်သည်တော်တွေသာ တက်ရောက်နိုင်ကာ အစားအသောက်နှင့် အဖျော်ယမကာများ၏ ဈေးနှုန်းများသည် ဆယ်ကျပ်ကျော်မှ တစ်ရာအောက်အထိ ရှိ၏။
ကျန်းယန်းခရိုင်မှာရှိသည့် ရှန့်ရှင်းအိမ်ရာတွင် နှစ်ထပ်သာရှိတာကြောင့် တတိယထပ်၏ စံနှုန်းကို ဘယ်သူမှ မသိကြပေ။
သို့သော်လည်း ကျန်းယန်းရှိ ရှန့်ရှင်းအိမ်ရာ၏ ဒုတိယထပ်မှာရှိသည့် သီးသန့်အခန်းများတွင် ဖုန်ထူနေသော အလွှာတစ်ခု စုပုံနေခြင်းပင်။
ဤသည်ကိုကြည့်၍ ကျန်းယန်းခရိုင်သည် တကယ်ကို အားနည်းတယ်ဆိုတာကို မြင်နိုင်၏။
“ရှင်းနန်ပြည်နယ်က ခရိုင်ခြောက်ခုထဲမှာ တုန်လင်းခရိုင်ရဲ့ ရှန့်ရှင်းအိမ်ရာက စီးပွားရေးအဆိုးဆုံးဖြစ်ပြီး တုန်လင်းက ခရိုင်သုံးခုထဲမှာ မင်းရဲ့ ကျန်းယန်းခရိုင်က အဆိုးဆုံးပဲ။ မင်းတို့က တစ်နှစ်ကို ငွေကျပ်တစ်သောင်းကျော်ပဲ ဝင်တယ်။ နောက်ဆုံးတော့ ရှန့်ရှင်းအိမ်ရာက ငါတို့ သန့်ရှင်းသောဘုရားကျောင်းရဲ့ စီးပွားရေးပဲ။ ယွမ်ဖူ မင်းက အရက်ဆိုင်ကို ဒီလိုပဲ လုပ်ကိုင်နေတာလား။ မင်းက ဆိုင်ရှင် မလုပ်ချင်တော့ဘူးနဲ့ တူတယ်”
ရှန့်ရှင်းအိမ်တော်၏ ဒုတိယထပ်မှာ ဆိုင်ရှင် ယွမ်ဖူသည် ကြမ်းပြင်ပေါ် ဒူးထောက်လျက်အနက်ရောင် ဝတ်စုံနှင့် အစေခံ မိန်းကလေး၏ ဆူပူကြိမ်းမောင်းသံကို ကြောက်လန့်တုန်လှုပ်စွာ ခံယူနေ၏။ သူ့နောက်မှာလည်း အလားတူ ဝတ်စုံနှင့် မိန်းကလေးငယ် နှစ်ယောက်သည် နောက်ဘက် ပြတင်းပေါက်မှာ မှီထိုင်နေသည့် အပြာရောင် ဝတ်စုံနှင့် မိန်းကလေးငယ်ကို ပြုစုပေးနေကြသည်။
သန့်ရှင်းသော ဘုရားကျောင်း၏ ပိုင်ဆိုင်မှု တစ်ခုအနေနှင့်၊ ခရိုင်တစ်ခုစီမှာရှိသည့် ရှန့်ရှင်းအိမ်တော်ရဲ့ ဆိုင်ရှင်များသည် သန့်ရှင်းသော ဘုရားကျောင်းရဲ့ တပည့်များထဲကပဲ ခန့်အပ်လေ့ရှိသည်။
ယခုနှစ်မှာ အသက် ငါးဆယ်ကျော် ရှိသည့် ယွမ်ဖူသည် ခန္ဓာကိုယ် ဖွင့်အဆင့် ဆယ်ဆင့်ရဲ့ ကျင့်စဉ်ကို ပိုင်ဆိုင်ထားပြီး သန့်ရှင်းသော ဘုရားကျောင်းရဲ့ အပြင်ဆုံး တပည့်တစ်ယောက်အနေနှင့် သူ့မှာ အရေးပါသည့် အခန်းကဏ္ဍ မရှိပေ။ ထို့ကြောင့် အနက်ရောင် ဝတ်စုံနှင့် မိန်းကလေးငယ်၏ ဆူပူကြိမ်းမောင်းသံကို တုံ့ပြန်ဖို့ စကားတစ်ခွန်းတောင် မပြောရဲချေ။
သူ့အကြည့်များသည် အနက်ရောင် ဝတ်စုံနှင့် အစေခံ မိန်းကလေး သုံးယောက်ကြားက ကွက်လပ်ကနေ ပြတင်းပေါက်နားက အပြာရောင် ဝတ်စုံနှင့် မိန်းကလေးကို တစ်ချက်တစ်ချက် ခိုးကြည့်နေ၏။
အပြာရောင်ဝတ် မိန်းကလေးသည် အသက် ၁၇၊ ၁၈ နှစ်ဝန်းကျင်မျှသာ ရှိသော်လည်း သူမ၏ အမူအရာက ခန့်ညားတည်ကြည်လွန်းလှသည်။ ညာလက်က ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး ဘယ်လက်က စာလိပ်ကို ဖွဖွလေး ထိန်းကိုင်ထားသည်။ သူမ၏ မျက်နှာကို အနက်ရောင် ပိတ်ပါးပါးလေးဖြင့် ဖုံးအုပ်ထားသော်လည်း မျက်ခုံးနှင့် မျက်လုံးများက တစ်ခဏတွင် နူးညံ့ပျော့ပြောင်းသွားပြီး နောက်တစ်ခဏတွင် ပြတ်သားခက်ထန်သွားသည်။ ရှန့်ရှင်းအိမ်တော် ပထမထပ်ရှိ မြင်ကွင်းကို စူးစမ်းလေ့လာနေသည့် နတ်သမီးတစ်ပါးနှင့်ပင် တူနေသည်။
ယွမ်ဖူ၏ စူးစမ်းသည့် အကြည့်ကို သိရှိသွားဟန်ဖြင့် အပြာရောင်ဝတ် မိန်းကလေးက ခေါင်းကို ညင်သာစွာ လှည့်ကာ သူ့ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်သည်။
လောကအရေးအရာ အားလုံးကို ထိုးဖောက်မြင်နိုင်သည့် ရှေးဆန်တည်ငြိမ်ပြီး လောကနှင့် မသက်ဆိုင်သည့် လှပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်တွင် ယွမ်ဖူတစ်ယောက် တုန်လှုပ်ချောက်ချားသွားသည်။ သုံးကြိမ်မျှ အသက်ရှူပြီးနောက်မှ သတိဝင်လာကာ လျှာကို ပြင်းပြင်းထန်ထန် ကိုက်ပြီး ခေါင်းကို ကြမ်းပြင်နှင့် အားဖြင့် တိုက်ရင်း တုန်ရီနေသောလေသံဖြင့် ပြောလိုက်သည်။
“သန့်ရှင်းသော မိန်းမပျို နှင့် အထက်တန်းစား အမျိုးသမီးများ၊ ယွမ်ဖူက သေသင့်ပါတယ်။ ဒါပေမဲ့ မင်းတို့မသိသေးတဲ့ အရာတစ်ခုရှိသေးတယ်။ ကျန်းယန်းခရိုင်က အရမ်း ဆင်းရဲလွန်းပါတယ်။ ဒုတိယထပ်မှာ ဖုန်တွေအများကြီး စုပုံနေတာ အပြင် ပထမထပ်ရဲ့ စီးပွါးရေးတောင် အနိုင်နိုင် ရပ်တည်နေရတာပါ”
“လွန်ခဲ့တဲ့ နှစ်နှစ်က အနက်ရောင်မျောက်နတ်ဆိုး ဟိုထုံ မသေဆုံးခင်တုန်းက ဒုတိယထပ်က အရေးပါမှု အနည်းငယ် ရှိသေးတယ်။ အနည်းဆုံး ခရိုင်ဝန် ရန်ဖုန်းနဲ့ သူက တစ်ခါတစ်ရံ လာလေ့ရှိတယ်။ အခု လက်ရှိ အခြေအနေမှာက...”
“အနက်ရောင်မျောက်နတ်ဆိုး”
အပြာရောင်ဝတ် မိန်းကလေးသည် သူမ၏ အသံထဲတွင် ရှုပ်ထွေးမှု အနည်းငယ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ၏ အသံသည် အလွန် နူးညံ့ညင်သာသည်။ အလင်းရောင် အကြည့်ဖြင့် သူမသည် အနက်ရောင်ဝတ် အစေခံမိန်းကလေးကို ကြည့်လိုက်သည်။
ယွမ်ဖူကို အခုလေးတင် ဆူပူကြိမ်းမောင်းခဲ့သည့် အစေခံမိန်းကလေးသည် သူမ၏ သခင်မ၏ အသံထဲတွင် ရှုပ်ထွေးမှုကို ကြားပြီး အလျင်အမြန် ရှင်းပြသည်။
“မမလေး ဒီ အနက်ရောင်မျောက်နတ်ဆိုးကို ဟိုထုံလို့ ခေါ်ပါတယ်။ သူက ဂန်းစုစည်းအဆင့် စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ဖြောင့်မတ်သောလမ်းရဲ့ နတ်ဆိုးဖျက်ဆီးရေးစာရင်းမှာ အဆင့် ၈၁၉ မှာရှိနေတဲ့သူပါ။ လွန်ခဲ့သည့် နှစ်နှစ်က သူက ကျန်းယန်းခရိုင်မှာ သတ်ဖြတ်ခံခဲ့ရတာပါ”
“လွန်ခဲ့တဲ့ နှစ်နှစ်က... သူ့ကို သတ်တာ ချင်ကျန့်ဗီလာက ကျောက်ပိုနုလား”
“ဟုတ်ပါတယ်… သူပါပဲ”
အပြာရောင်ဝတ် မိန်းကလေးငယ်က ခေါင်းညိတ်လိုက်သည်။ ကျောက်ပိုနုဆိုသည့် နာမည်ကို ပြောလိုက်တာက တည်ငြိမ်နေသော သူမ၏ မျက်လုံးများထဲမှာ ခဏတာ မငြိမ်သက်မှုကို ဖြစ်စေခဲ့ပုံပင်။ ဒူးထောက်နေဆဲဖြစ်သည့် ယွမ်ဖူကို သူမက တစ်ချက်ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။
“ကျန်းယန်းခရိုင်ရဲ့ လူဦးရေ နည်းပါးလာပြီး ရှန့်ရှင်းအိမ်တော်ရဲ့ စီးပွားရေး မကောင်းတာ မင်းအမှား မဟုတ်ပါဘူး။ စိတ်မပူပါနဲ့ ငါ ဒီကိစ္စအတွက် လာတာ မဟုတ်ဘူး။ ငါ ကျန်းယန်းမှာ ခဏလောက်နေမှာမို့ ငါ့အတွက် ဒုတိယထပ်ကို ရှင်းပေးပါ”
ထိုစကားကို ကြားလိုက်ရ၍ ယွမ်ဖူ၏ မျက်နှာသည် ချက်ခြင်း တောက်ပသွားပြီး ရိုရိုသေသေနှင့် ဦးညွှတ်လိုက်၏။
“ကျေးဇူးတင်ပါတယ် သန့်ရှင်းသော မိန်းမပျို၊ ကျွန်မအသက်ကို ချမ်းသာပေးလို့”
ထိုအချိန်၌ ပထမထပ်က ဧည့်သည်များဆီမှ ဆူညံသံများ ထွက်လာပြီး အပြာရောင်ဝတ် မိန်းကလေးငယ်က အောက်ကို ကြည့်လိုက်တော့ အားကောင်းသည့် အရှိန်အဝါများဖြင့် ခန္ဓာကိုယ် ဖွင့်အဆင့် စစ်သည်တော် သုံးယောက်ကို လူအုပ်ကြီးက ဗဟို စားပွဲဝိုင်းမှာ ထိုင်ဖို့ ခေါ်ဆောင်လာတာကို တွေ့လိုက်ရသည်။
အနက်ရောင်ဝတ် အစေခံ မိန်းကလေးက သူမ သခင်မ၏ အကြည့်နောက်ကို လိုက်ပြီး ချက်ချင်း နားလည်သွားကာ ယွမ်ဖူကို ကြည့်ပြီး မေးလိုက်သည်။
“အောက်မှာ ဘာတွေ ဖြစ်နေတာလဲ”