ခေတ်သစ်ကမ္ဘာမှာ ငယ်စဉ်ကတည်းက မိဘမဲ့လေးတစ်ယောက်ဖြစ်ခဲ့ရတဲ့ ဟိုယုရှောင်က တစ်နေ့မှာ အဘွားအိုကိုကြာပန်ခူးဖို့ကူညီပေးရင်းကနေ ကားတိုက်ပြီး ကျောက်ယန်က ဟိုမိသားစုထဲရောက်သွားတော့တယ်။ ငါတို့တစ်မိသားစုလုံးကဗီလိန်ဆိုတဲ့အတိုင်းပဲ မောင်နှမငါးယောက်လုံးက တစ်မျိုးစီဆိုးကြတာ။ အကြီးဆုံးသားဖြစ်တဲ့ဟိုယုရှောင်ကိုတော့ အများကခေါ်ကြတာက အကြီးအကဲဟို၊ မျက်နှာတစ်ထောင်ချောမောတဲ့ယောကျာ်းဆိုပြီးခေါ်ကြတယ်။ ဒီဇာတ်လမ်းထဲမှာ မျက်နှာတစ်ထောင်ချောမောတဲ့ယောကျာ်းဆိုတဲ့အတိုင်း ဟိုယုရှောင်ရဲ့ ညဏ်နီညဏ်နက်များမှု၊ ရှေ့တစ်မျိုးနောက်တစ်မျိုးအမှုအရာနဲ့ ကလိမ်ကကျစ်ကျမှုလေးတွေကိုမြင်တွေ့ရမှာပါ။ တစိမ်းတွေနဲ့ကျရင်အဲ့လိုပုံစံပေမဲ့ သူ့မောင်နှမအပေါ်တော့အရမ်းချစ်တက်သူကြီးပါ။ ဒုတိယညီဖြစ်တဲ့ ဟိုယုချန်ကတော့ တစ်ခုခုဆိုစိတ်ထက်လက်ကပိုမြန်တဲ့သူပါ။ ထစ်ခနဲရှိဒေါသထွက်တဲ့သူကြီးပေါ့။ တစ်ခုခုဆိုသူ့ဓားကြီးဆွဲပြီး လိုက်ခုတ်တာပါပဲ ကျန်တာတော့ ဆက်ဖတ်ကြည့်ရယ်ရတယ်။ တစ်ဦးတည်းသောမိန်းကလေးဖြစ်တဲ့ ဟိုမိသားစုရဲ့တတိယမြောက်သခင်မလေး ဟိုယုလင်းကတော့ရုပ်ကလေးချောတဲ့မမကြီးပေါ့။ သူကျ မိန်းကလေးပဲကြိုက်တာ😅 သူ့အကြောင်း နဲ့ပတ်သတ်တဲ့ spoiler ကတော့အကြီးကြီးပဲ။ လေးယောက်မြောက်ညီဖြစ်တဲ့ ဟိုယုကျဲကတော့ သူ့ဒုတိယအစ်ကိုထက်ပိုကြမ်းတယ်။ သူက ဘာစကားမှမပြောဘဲ အရင်သတ်တဲ့သူမျိုး လူသတ်ရမယ်ဆို ပြုံးနေရော။ သူအစ်ကိုတွေနဲ့မတူတဲ့ အငယ်ဆုံးညီဖြစ်သူ စာပေသမားလေးက ဟိုယုဒွမ်။ တည်ငြိမ်မယ်ထင်ရပေမဲ့ အားလုံးထက်သူကပိုဆိုးတယ်။ သရဲမလေးနဲ့ကြိုက်လို့ အားလုံးကို surprise ဖြစ်သွားစေသူပါပေါ့။ ဒါကညီအစ်ကိုငါးယောက်အကြောင်းမိတ်ဆက်ပါ။ နောက်ပိုင်းတွေကပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။

