နိုင်ငံတွင်းလျှို့ဝှက်ကြံစည်မူ
Vol. 2 Ch. 16
ကျန်းယန်းခရိုင် အစိုးရရုံး၏ အဓိက ခန်းမတွင် ရှန့်ရှင်းအိမ်တော်ကဲ့သို့ပင် ခရိုင်ဝန် ရန်ဖုန်းသည် ခေါင်းဆောင်ထိုင်ခုံတွင် မျက်နှာမည်းမှောင်စွာ ထိုင်နေပြီး တီးဘူဒုံ၊ တန်ဂန်းနှင့် ဂိုချန်းတို့သည် အောက်တွင် တောင့်တင်းစွာ ထိုင်နေကြ၏။ သူတို့၏ မျက်နှာအမူအရာများသည် မဲ့ရွဲ့ရုံသာမက သူတို့မျက်လုံးများတွင် ထိတ်လန့်မှု အနည်းငယ် ရောယှက်နေသည်။
ရန်ဖုန်းသည် အောက်သို့ ငုံ့ကြည့်ပြီး လူသုံးယောက်ကို ကြည့်ကာ သူတို့၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုကို မြင်သောအခါ သူ့မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် အပြုံးတစ်ခု ပေါ်လာပြီး စကားစပြောလိုက်သည်။
“ဒါက တကယ်ကို အဲဒီလို အဓိပ္ပာယ်ပဲ။ ဝန်ခံဖို့ ဝန်လေးနေပေမဲ့ ရှန့်ရှင်းအိမ်တော်မှာ ဟိုယုရှောင်ဆီက ထွက်လာတာက တကယ်ကို ဂန်းချီပဲ”
“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး… အဲဒီ ကောင်လေးက အသက် ဘယ်လောက်ရှိသေးလို့လဲ။ အသက် ၂၅ နှစ်အရွယ် ဂန်းချီအဆင့် စစ်သည်တော်၊ အင်အားကြီးတစ်ခုရဲ့ ဂိုဏ်းဝင်တွေ ဖြစ်ရင်တောင် ဒီလို အရည်အချင်းမျိုး ရှိမှာ မဟုတ်ဘူး”
တီးဘူဒုံသည် ရန်ဖုန်း၏ စကားများကို ငြင်းဆိုရင်း သူ့ခေါင်းကိုသာ အဆက်မပြတ် ခါယမ်းနေသည်။ တန်ဂန်းနှင့် ဂိုချန်းတို့က စကားမပြောသော်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြကြသည်။
“ဒါဆို မင်းတို့ သုံးယောက်က ငါ လိမ်နေတယ်လို့ ထင်နေတာလား”
ရန်ဖုန်း၏ အသံထဲရှိ ကြောက်မက်ဖွယ်ကောင်းသည့် အသံနေအသံထားကြောင့် ထိုလူသုံးယောက်၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး အလျင်အမြန် ခေါင်းခါယမ်းလိုက်ကြသည်။ သို့သော် သူတို့၏ နှလုံးသားထဲတွင် သူ့စကားများကို ယုံကြည်ရန် ခက်ခဲနေပြီး တိတ်ဆိတ်စွာ ထိုင်နေကြသည်။
သူတို့၏ မျက်နှာအမူအရာများကို မြင်သောအခါ ရန်ဖုန်းသည် ထိုလူများအား အလွယ်တကူ လှည့်စားခံမည့်သူများ မဟုတ်ကြောင်း သိသောကြောင့် သက်ပြင်းချလိုက်သည်။
“ဟုတ်ပါတယ်၊ ဂန်းချီကို မြင်ရတာက ဂန်းချီအဆင့်ကို ဖောက်ထွက်သွားတယ်လို့ မဆိုလိုပါဘူး။ သွေးကို ဂန်းချီအဖြစ် ခိုင်မာစေတာက တစ်ညတည်းနဲ့ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ချီနဲ့ သွေးအားလုံးကို ဂန်းချီအဖြစ် လုံးဝ ပြောင်းလဲဖို့ ယွမ်ဂန်း လျှို့ဝှက်နယ်မြေတွေကို ပိုင်ဆိုင်တဲ့ အင်အားကြီးတွေရဲ့ တပည့်တွေအတွက်တောင် အနည်းဆုံး တစ်လလောက် ကြာတယ်။ ယွမ်ဂန်း ပုလဲတွေကိုပဲ အားကိုးနိုင်တဲ့ ငါတို့လို သာမန်လူတွေဆို မပြောနဲ့တော့”
“ရက္ခိုသ သန့်ရှင်းသောဂိုဏ်းရဲ့ အစွန်အဖျားမှာ ငါရှိတုန်းက အတော်ဆုံး စီနီယာအစ်ကိုတောင် ဒီလုပ်ငန်းစဉ်ကို ပြီးမြောက်ဖို့ ယွမ်ဂန်း ပုလဲ စုစုပေါင်း ခြောက်လုံးနဲ့ ကြိုးစားပြီး ကျင့်စဉ်ကို သုံးလကြာ လေ့ကျင့်တာကို တွေ့ခဲ့ရတာ။ ဒါကြောင့် ရှန့်ရှင်းအိမ်တော်မှာ ဟိုယုရှောင်က ငါနဲ့ မင်းတို့ သုံးယောက်ကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ပြီး သူ့ရဲ့ ဂန်းချီကို တမင်တကာ ပြခဲ့တာ ဖြစ်နိုင်တယ်”
ထိုလူသုံးယောက်သည် ချက်ချင်း သက်ပြင်းချလိုက်ပြီး တီးဘူဒုံက အခွင့်အရေးကို လက်လွတ်မခံဘဲ စိတ်အားထက်သန်စွာ ရှေ့သို့ တိုးထွက်၍ ပြောလိုက်သည်။
“သခင်ကြီး အဲဒီ ခွေးကောင်လေး လှည့်စားနေတယ်ဆိုတာကို သိရင် ဘာလို့ သူ့ကို ဒီလောက်ထိမောက်မာခွင့်ပေးခဲ့တာလဲ။ သခင်ကြီးက ဦးဆောင်သရွေ့ ကျွန်တော်တို့ သုံးယောက်က သေချာပေါက် နောက်ကလိုက်ပါမယ်။ ပြီးတော့ ဟိုမျိုးနွယ်စုကို လုံးဝ ချေမှုန်းပစ်မယ်”
ရန်ဖုန်းသည် တီးဘူဒုံကို ဘေးတိုက် ကြည့်ပြီး အေးစက်စွာ နှာမှုတ်ပြီး ပြောလိုက်သည်။
“ပြောတာက လွယ်ပါတယ်။ အဲဒီကောင်လေးက တကယ်ပဲ လှည့်စားနေတာလားဆိုတာကို စောင့်ကြည့်ရဦးမယ်။ သူက တကယ်ပဲ ဂန်းချီအဆင့်ကို ဖောက်ထွက်သွားရင် ငါက သူ့ကို တစ်ကြိမ် နှစ်ကြိမ်လောက် အနိုင်ယူနိုင်တယ်လို့ တော့ ဝန်ခံပါတယ်။ ဒါပေမယ့် သူ့ကို ဖမ်းဆီးဖို့က မဖြစ်နိုင်သေးဘူး။ အကြောင်းပြချက် မရှိဘဲ ဂန်းချီအဆင့် စစ်သည်တော်ကို စော်ကားတာဆိုတော့ ငါက ခရိုင်ဝန်အဖြစ် ဆက်လုပ်နိုင်မှာ မဟုတ်တော့ဘူး။ မင်းတို့ သုံးယောက်က တာဝန်ယူနိုင်လို့လား။ ဒီနှစ်တစ်လျှောက်လုံး ဟိုမျိုးနွယ်စုက ခရိုင်အစိုးရကို အခွန်တွေ တစ်ပြားတစ်ချပ်မှ မလျှော့ဘဲ ပေးဆောင်ခဲ့ပြီး ငါ့ကို အလွန် ရိုသေလေးစားစွာ ဆက်ဆံခဲ့တာ။ အစကနေအဆုံးအထိ ဟိုမျိုးနွယ်စုက မင်းတို့ မိသားစု သုံးခုနဲ့ပဲ ပြဿနာရှိခဲ့တာ။ ငါနဲ့ ဘာမှ မဆိုင်ဘူး။
ပြီးတော့ ဟိုယုရှောင်က အရမ်း ရဲတင်းလွန်းရင်တောင်မှပဲ နောက်ဆုံးမှာ သူက ငါ့ရဲ့ မွေးစားသားပဲ။ ငါ ရန်ဖုန်းက မင်းတို့ကို ငါ့ရဲ့ မွေးစားသားကို ကိုင်တွယ်တဲ့အခါ ကူညီပေးဖို့ ငါ့ရဲ့ အနာဂတ်ကို ဘာလို့ စတေးရမှာလဲ”
ထိုအရာအားလုံးကို ကြားပြီးနောက် တီးဘူဒုံနှင့် ကျန်လူများ၏ နှလုံးသားများသည် တုန်လှုပ်သွား၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နားလည်မှုတစ်ခုကိုဖော်ပြနေကြသည်။
ရန်ဖုန်းက စကားပြောပြီးနောက် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ အနည်းငယ် ငုံ့သောက်ပြီး မျက်လုံးများကို မှိတ်ကာ စိတ်ကို ငြိမ်သက်စေသည်။ နောက်ထပ် ဘာမှ မပြောတော့ပေ။
ဤအဆင့်အထိ သူ့စကားကို ပြောပြီးနောက် ထိုလူသုံးယောက်သာ နားမလည်သေးလျှင် သူတို့သည် တကယ်ကို တုံးအစွာ နေထိုင်ခဲ့ကြခြင်းပင်။
အောက်ရှိ လူသုံးယောက်သည် စကားမပြောဘဲ ခဏမျှ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် တီးဘူဒုံက အံကြိတ်ကာ ရန်ဖုန်းဆီသို့ ရိုရိုသေသေ လျှောက်သွားပြီး ဦးညွတ်၍ ပြောလိုက်သည်။
“စကားလုံးတွေကို သေချာ ထည့်မစဉ်းစားမိတာ ကျွန်တော့်ရဲ့ အပြစ်ပါ။ သခင်ကြီးကို ပျံလွှားဂိုဏ်းက ဟိုမျိုးနွယ်စုကိုသာ ချေမှုန်းဖို့ ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဂိုဏ်းက အခုကစပြီး သခင်ကြီးကို ဂုဏ်ပြုဖို့ ကျွန်တော်တို့ တစ်နှစ်စာဝင်ငွေရဲ့ ၂၀% ကို ပေးပါ့မယ်”
“အစိမ်းရောင်ဝံပုလွေဂိုဏ်းလည်း အတူတူ လုပ်ပါ့မယ်”
“ပျော်ရွှင်သောတောအုပ်လည်း သူတို့အတိုင်းပါဘဲ”
တန်ဂန်းနှင့် ဂိုချန်းတို့က ထိုအဆိုပြုချက်သည် အလွန် နာကျင်စရာကောင်းသည်ဟု ခံစားရသော်လည်း တီးဘူဒုံနောက်သို့ လိုက်ကာ သူတို့ခံစားချက်ကို ဖော်ပြလိုက်ကြသည်။
ယုံကျိုးကို တရားစီရင်ပိုင်ခွင့်ရှိသော ရက္ခိုသ သန့်ရှင်းသောဂိုဏ်းသည် အင်အားအဆင့်အလိုက် အခွန်ကောက်ခံပြီး တစ်ခုချင်းစီမှ ညီတူညီမျှသာ ကောက်ခံခြင်းပင်။
ပုံမှန်အားဖြင့် အင်အားအဆင့် မြင့်လေ အခွန်နှုန်း သက်သာလေဖြစ်သည်။ တစ်ဖက်တွင် အင်အားကြီးသော ဂိုဏ်းများကို အသိအမှတ်ပြုခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် အင်အားကြီးသော ဂိုဏ်းများက ဝင်ငွေ ပိုမိုရရှိသည်။ အချိုးအစားနှုန်း နည်းပါးလျှင်ပင် အခွန်ပမာဏသည် သန့်ရှင်းသောဂိုဏ်းအတွင်း အကျိုးသက်ရောက်မှု ရှိရန် လုံလောက်သော ပမာဏ ပိုကြီးမား၏။
ကျန်းယန်းခရိုင်ရှိ ထိုကဲ့သို့သော အင်အားငယ် လေးခုအတွက် အခွန်ဝင်ငွေ အချိုးအစားသည် တစ်နှစ်ဝင်ငွေ၏ ၄၀% ဖြစ်သည်။ အင်အား လေးခု၏ ဝင်ငွေသည် ဆင်တူပြီး တစ်ခုလျှင် ငွေသား လေးသောင်းတန်ခန့် ရှိသည်။ ၄၀% သည် ငွေသား တစ်သောင်းခြောက်ထောင်တန် ဖြစ်ပြီး ၂၀% သည် ငွေသား ရှစ်ထောင်တန် ဖြစ်သည်။
ဤရှုထောင့်က တီးဘူဒုံနှင့် ကျန်လူများက ဘာကြောင့် ဤမျှ နာကျင်ခံစားရကြောင်း ရှင်းလင်းစွာ ဖော်ပြနေခြင်းပင်။
တစ်နှစ်ဝင်ငွေ စုစုပေါင်း ငွေသား လေးသောင်းတန်သာ ရှိသောကြောင့် သူတို့သည် ချက်ချင်း ၂၀% ဆုံးရှုံးနေကြသည်။ အဓိကအချက်မှာ ဤအရာအပြင် သူတို့သည် ရန်ဖုန်းကို တစ်နှစ်လျှင် ငွေသား သုံးထောင်မှ ငါးထောင်အထိ ရိုးရာဓလေ့အရ ပေးဆောင်ရသောကြောင့် ဤသည်မှာ ဒဏ်ရာကို ပိုဆိုးစေခြင်းသာဖြစ်သည်။
သို့သော် ထိုတိရစ္ဆာန်ငယ်လေး ဟိုယုရှောင်သည် မကြာမီ ဂန်းချီအဆင့် စစ်သည်တော် ဖြစ်လာရန် အလွန် ဖြစ်နိုင်သည်ဟု ထည့်သွင်း စဉ်းစားပြီးနောက် နာကျင်စွာ ဆုံးရှုံးနိုင်ရသော်လည်း လူသုံးယောက်သည် အံကြိတ်ကာ ငွေကို ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ဆန့်ကျင်ဘက်အနေနှင့် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်တော့မည့် ခရိုင်ဝန် ရန်ဖုန်းသည် လူသုံးယောက်ကို ကူညီရန် ထရပ်ပြီး ပြောလိုက်သည်။
“မင်းတို့ သုံးယောက် ဘာတွေပြောနေတာလဲ။ ငါ ရန်ဖုန်းက ကျန်းယန်းကို ကြီးကြပ်ဖို့ သန့်ရှင်းသောဂိုဏ်းက ခန့်အပ်ထားတာ။ ဟိုယုရှောင်လို ပြဿနာရှာသူက ခရိုင်ကို ဝင်ရောက်နေတော့ မင်းတို့ သုံးယောက် မပြောရင်တောင် ငါ ရန်ဖုန်းက လူတွေအတွက် ဒီကပ်ဆိုးကို ချေမှုန်းဖို့ ကတိပြုတယ်”
ဒီ မြေခွေးအိုကြီးကတော့…. သူပဲ အခုလေးတင် ဟိုယုရှောင်က သူ့ရဲ့ မွေးစားသားလို့ ပြောခဲ့တာလေ။
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့ ဒီလူဆိုးက ငါ့ရဲ့ မွေးစားသားလည်း ဖြစ်တယ်။ သူ့ကို ဖြုတ်ချဖို့က ငါ့အတွက် မငြင်းဆန်နိုင်တဲ့ တာဝန်ပဲ”
ရန်ဖုန်း၏ ဟန်ဆောင်နေသော အမူအရာကို မြင်သော ထိုလူသုံးယောက်သည် သူ့အား သဘာဝကျကျပင် ဖော်ထုတ်မည် မဟုတ်ပေ။ ရှေ့သို့ တိုးထွက်ကာ တီးဘူဒုံက မေးလိုက်သည်။
“သခင်ကြီးက အဲဒီ တိရစ္ဆာန်ငယ်လေးကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ”
ရှန့်ရှင်းအိမ်တော်မှ အရှက်ရစေသော မြင်ကွင်းကို ပြန်သတိရလာသောအခါ ရန်ဖုန်း၏ မျက်နှာအမူအရာသည် ပြန်လည် မှောင်မိုက်သွားပြီး သူ့မျက်လုံးများတွင် ဒေါသများ တက်လာကာ အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်၏။
“စောင့်ကြည့်လိုက်ပါ။ ခရိုင်က ခန့်အပ်ထားတဲ့ အကာအကွယ်ပေးသူက မကြာခင် ရောက်တော့မှာပါ။ သူက ငါနဲ့ အဆက်အသွယ်ဟောင်းတွေ ရှိတယ်။ သူ့ရဲ့ အကူအညီနည်းနည်းနဲ့ ဟိုယုရှောင်ကို ကိုင်တွယ်တာက လွယ်လွယ်လေးပါ”
“အကာအကွယ်ပေးသူလား။ ငါတို့ ကျန်းယန်းခရိုင်ရဲ့ အကာအကွယ်ပေးသူ ရောက်လာတော့မှာလား”
တီးဘူဒုံ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအချို့ လင်းလက်သွားပြီး သူ့ဘေးနားမှ တန်ဂန်းနှင့် ဂိုချန်းတို့က မကျေနပ်မှု အနည်းငယ်ကို ပြသလိုက်သည်။
ယုံကျိုးတစ်ခုလုံးကို မြို့နယ် သုံးခုနှင့် ခရိုင် ရှစ်ခုဖြင့် ရက္ခိုသ သန့်ရှင်းသောဂိုဏ်းက အုပ်ချုပ်သည်။ ဂိုဏ်း၏ အုပ်ချုပ်မှုသည် အနည်းငယ် လျော့ရဲပြီး ခရိုင်များ၊ ခရိုင်ကြီးများနှင့် ဒေသများကို ကြီးကြပ်ရန် အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများကို ထားရှိကာ အကျဉ်းထောင် စီမံခန့်ခွဲရေးဌာနက ပြည်နယ်အတွင်းရှိ အရာရှိအားလုံးကို ကြီးကြပ်သည်။
ရန်ဖုန်းကဲ့သို့ ခရိုင်ဝန်ရာထူးများမှ ခရိုင် တရားသူကြီးနှင့် ခရိုင်အကြီးအကဲအထိသည် ဒေသအဆင့်ရှိ အုပ်ချုပ်ရေးဆိုင်ရာ ရာထူးများဖြစ်သည်။ အလားတူ အကျဉ်းထောင် စီမံခန့်ခွဲရေးဌာနသည် ၎င်း၏ ရာထူးများကို အဆင့် သုံးဆင့် ခွဲခြားထားသည်။ ခရိုင်တစ်ခုစီအတွက် အကာအကွယ်ပေးသူ၊ ခရိုင်ကြီးတစ်ခုစီအတွက် ဘာသာရေး အကာအကွယ်ပေးသော ဘုရင်နှင့် ခရိုင်ကြီးတစ်ခုစီကို စောင့်ရှောက်ရန် ကျာလန်တို့ ဖြစ်သည်။
ကျန်းယန်းခရိုင်သည် အင်အားမလုံလောက်ခြင်း သို့မဟုတ် အခြားအရာများကြောင့် ခရိုင်ကြီးက အကာအကွယ်ပေးသူကို မည်သည့်အခါမှ ခန့်အပ်ခြင်း မခံခဲ့ရပေ။ ရန်ဖုန်း၏ ရည်ရွယ်ချက်များကို ကြားသောအခါ ခရိုင်သည် ခရိုင်ကြီးရုံးမှ အကာအကွယ်ပေးသူကို မကြာမီ ရရှိတော့မည်ဟု ထင်ရသည်။
ပျံလွှားဂိုဏ်း၊ ပျော်ရွှင်သောတောအုပ်နှင့် အစိမ်းရောင်ဝံပုလွေဂိုဏ်းကဲ့သို့ ဒေသဆိုင်ရာ အင်အားစုများအတွက် အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲဖြစ်စေ ဂိုဏ်း၏ အကာအကွယ်ပေးသူဖြစ်စေ သန့်ရှင်းသောဂိုဏ်းက သူတို့၏ ခေါင်းပေါ်တွင် တင်ထားသော လေးလံသော ကျောက်တုံးကြီးတစ်ခုဖြစ်သည်။ သူတို့၏ အင်အားသည် သာလွန်ကြောင်း မပြောလိုပေ။ သန့်ရှင်းသောဂိုဏ်းက စေလွှတ်ခြင်းခံရသော အထောက်အထားတစ်ခုတည်းဖြင့်ပင် သူတို့၏ နေ့စဉ်ဘဝများတွင် ရိုသေလေးစားခံရမည်ပင်။
ခရိုင်ဝန် ရန်ဖုန်းက နှစ်စဉ် ငွေအမြောက်အမြား တောင်းဆိုခြင်းသည် သူတို့အတွက် ခံနိုင်ရည်ရှိရန် လုံလောက်နေပြီဖြစ်သည်။ ယခု ဂိုဏ်း၏ အကာအကွယ်ပေးသူ ရောက်လာတော့ လူသုံးယောက်သည် သဘာဝကျကျ လုံးဝ မပျော်ရွှင်ကြပေ။
ဤအချိန်တွင် တန်ဂန်းသည် သူ့၏ သံသယကို မဖော်ထုတ်ဘဲ မနေနိုင်ပေ။
“သခင်ကြီးကိုယ်တိုင် မလှုပ်ရှားဘူးလား”
ရန်ဖုန်းက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
“ငါကိုယ်တိုင် လှုပ်ရှားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ တိရစ္ဆာန်ငယ်လေးက တကယ်ကို ဂန်းချီအဆင့်ကို ဖောက်ထွက်သွားပြီး ငါတစ်ယောက်တည်းက သူ့ကို မဖြုတ်ချနိုင်ရင် မင်းတို့ သုံးယောက်လည်း အေးအေးဆေးဆေး အိပ်နိုင်မှာ မဟုတ်ဘူး”
“ကျွန်တော်တို့ကို ထည့်စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“သခင်ကြီးက သူ့လုပ်ရပ်တွေတိုင်းကို သေချာမှလုပ်တာ။ ဒါကြောင့် ကျွန်တော် အရမ်း လေးစားမိပါတယ်”
“တကယ်ပဲ သတိထားတာ ပိုကောင်းပါတယ်။ သခင်ကြီးဆီက သတင်းကောင်းကို ကျွန်တော်တို့ စောင့်နေပါ့မယ်”
သူတို့ သုံးယောက်သည် ခဏတာ အံ့အားသင့်သွားကြသည်။ သူတို့သည် ချီးကျူးစကားများ ပြောနေစဉ် သူတို့၏ နှလုံးသားထဲတွင် မထီမဲ့မြင်ပြုမှု အနည်းငယ် လင်းလက်သွားသည်။
နောက်ဆုံးတော့ သူက အသက်ကြီးလာပြီး သေမှာ ကြောက်နေတာ မဟုတ်ဘူးလား...
သို့သော် ဟိုယုရှောင်၏ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်ကို စဉ်းစားသောအခါ ရန်ဖုန်းကို မထီမဲ့မြင်ပြုမှုသည် အနည်းငယ် လျော့ပါးသွား၏။
နောက်ဆုံးတော့ သူတို့ကိုယ်တိုင်လည်း ဟိုယုရှောင်ကို ကြောက်ရွံ့ကြသည်။ မဟုတ်ရင် သူတို့သည် ရန်ဖုန်းကို ငွေပေးမှာ မဟုတ်ပေ။
......
ကျန်းယန်းခရိုင်သည် နောက်ဆုံး၌ နေရာငယ်တစ်ခုသာ ဖြစ်သည်။ ညအချိန်ရောက်သောအခါ အလုပ်အများဆုံး လမ်းလေးလမ်းသည်ပင် လူသူကင်းမဲ့လုနီးပါး ဖြစ်သွား၏။ ညနက်အချိန်ရောက်သောအခါ လမ်းမီးများ ငြိမ်းသွားပြီး ခရိုင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မှောင်မိုက်နေသောမြို့သည် တိတ်ဆိတ်သွားပြီးနောက် လေအေးများ တိုက်ခတ်လာပြီး လမ်းများပင် တိတ်ဆိတ်ငြိမ်သက်နေပုံရသည်။
ရှန့်ရှင်းအိမ်တော်အနီးရှိ ပင်ယန်းလမ်း၏ အလယ်တွင် လမ်းထောင့်တစ်ခုမှ တရွတ်ရွတ်မြည်သံများ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် လေအေးထဲတွင် ကလေးဆန်သော အသံ သုံးလေးသံ ထွက်ပေါ်လာသည်။
“ဒီနယ်မြေက ငါ့နယ်မြေပဲ။ မင်းတို့ ဘယ်သူမှ ဒီဘက်ကို လာခွင့်မရှိဘူး”
သူမ၏ အသံထဲတွင် ကြောက်ရွံ့တုန်လှုပ်နေသော်လည်း ကောင်မလေး၏ အသံနေအသံထားတွင် ချစ်စရာ ကောင်းမူ ပါဝင်နေဆဲပင်။
သို့သော် သူမနှင့် စကားပြောနေသူသည် သူမ၏ စကားများထဲတွင် ဝမ်းနည်းကြေကွဲမှုကို ရှင်းရှင်းလင်းလင်း မခံစားရပေ။
“မင်းလို ကောင်မလေးက သေဖို့ ရှာနေတာပဲ။ ရိုက်သတ်ပစ်လိုက်”
စကားပြောဆိုမှု ပြီးဆုံးပြီးနောက် ရိုက်နှက်သံများဖြင့် ဆူညံသွားသည်။
“ခေါင်းဆောင်… သူမ သေသွားပြီ ထင်တယ်”
“ကံဆိုးလိုက်တာ။ ရှန့်ရှင်းအိမ်တော်က ကျန်တဲ့ အစားအစာတွေကို ကောက်ယူလို့ ရမယ်လို့ ထင်ခဲ့တာ။ ညသန်းခေါင်မှာ သွေးမြင်ရတော့ မကောင်းတော့ဘူး….သွားကြစို့… တခြားနေရာကို ရွှေ့ကြရအောင်”
စုတ်ပြတ်သတ်နေသော ပုံရိပ် သုံးလေးခု လမ်းထောင့်မှ ပျောက်ကွယ်သွားသောအခါ ကြောင်ငယ်လေးကဲ့သို့ သေးငယ်သော အားနည်းသည့် ခန္ဓာကိုယ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ သူမသည် အသက်ရှင်ရန်အတွက် အခြေခံဗီဇတစ်ခုဖြစ်သည့် သူမ အသက်ရှင်သေးကြောင်း ကမ္ဘာကို အချက်ပြနေသကဲ့သို့ ရေအိုင်ထဲတွင် ပြိုလဲနေကာ တုန်လှုပ်နေပြီး သူမကို ကယ်တင်ပေးမည့် လူတစ်ဦးကို မျှော်လင့်နေဆဲပင်။
ကံမကောင်းစွာဖြင့် ဤအချိန်နှင့် ဤနေရာတွင် လမ်းသွားလမ်းလာ မပြောနှင့်၊ လမ်းဘေးကြောင် သို့မဟုတ် ခွေးတစ်ကောင်ပင် မတွေ့ရပေ။ သူမ မည်မျှ တုန်လှုပ်နေပါစေ အချည်းနှီးသာဖြစ်သည်။
ရှန့်ရှင်းအိမ်တော်၏ ဒုတိယထပ်တွင် ရိုးရိုးရှင်းရှင်းနှင့် ခမ်းနားစွာ အလှဆင်ထားသော အိပ်ဆောင်တစ်ခုတွင် အပြာရောင်ဝတ် မိန်းကလေးတစ်ဦးသည် နူးညံ့သော ဆိုဖာပေါ်တွင် ပက်လက်ထိုင်နေသည်။ သူမ၏ ဘယ်ဘက်လက်တွင် ဓားတစ်လက်နှင့် ညာဘက်လက်တွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး သူမသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ၏ လှပတည်ငြိမ်သော မျက်ခုံးများသည် အနည်းငယ် ရှုံ့မဲ့သွားပြီး သနားကြင်နာသော မျက်နှာအမူအရာကို ဖော်ပြကာ သက်ပြင်းချလိုက်သည်။
“ပန်းပွင့်…. အဲဒီ ကောင်မလေးကို သွားကယ်လိုက်”
“မမလေး… ကျွန်မ သွားလိုက်ပါ့မယ်”
အနက်ရောင်ဝတ် အစေခံမလေးသည် အရိပ်ထဲမှ ထွက်လာပြီး ပြတင်းပေါက်မှ ခုန်ထွက်ကာ တောင်းရမ်းသူ ကလေးမလေးကို ကယ်တင်ရန် ပြင်နေ၏။
“ခဏလေး”
အပြာရောင်ဝတ် မိန်းကလေးသည် ရုတ်တရက် စကားထပြောကာ ပန်းပွင့်ကို ရပ်တန့်ခိုင်းလိုက်သည်။ သူမသည် တိတ်တဆိတ် ထရပ်ပြီး သူမ၏ ဓားတို သို့မဟုတ် စာအုပ်ကိုပင် မချဘဲ ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ အပေါက်မှ ချောင်းကြည့်ကာ လမ်းထောင့်ရှိ ကောင်မလေးရှိရာသို့ ကြည့်လိုက်၏။
ထောင့်တွင် အပြာရောင် ပုံရိပ်တစ်ခုသည် ရုတ်တရက် ကောင်မလေးရှေ့တွင် ရပ်တန့်လိုက်သည်။ အခြားမိန်းကလေးကဲ့သို့ပင် တိုးတိုးလေး သက်ပြင်းချကာ ပုံရိပ်သည် ကောင်မလေးကို ကောက်ယူပြီး ညထဲသို့ ပျောက်ကွယ်သွားသည်။
“ကောင်းမှုလုပ်တာက ငါ့ရဲ့ စစ်မှန်တဲ့ ခေါ်သံပဲ။ သဘာဝကျကျကို ဖြစ်လာတာ”
အပြာရောင်ဝတ်သူ၏ အသံသည် လေနှင့်အတူ အပြာရောင်ဝတ် မိန်းကလေး၏ နားထဲသို့ ရောက်လာပြီး သူမ၏ နှုတ်ခမ်းများတွင် လှပစွာ ကွေးညွတ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
အပြာရောင် ပုံရိပ်သည် လမ်းထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေသော အနက်ရောင်ဝတ် အစေခံမလေး ပန်းပွင့်သည် စူးစမ်းလိုသော မျက်နှာအမူအရာကို ဆောင်ထား၏။ သူမခေါင်းကို စောင်းကာ အံ့အားသင့်စွာဖြင့် အပြာရောင်ဝတ် မိန်းကလေးကို မေးလိုက်သည်။
“နေ့ခင်းတုန်းက ရှန့်ရှင်းအိမ်တော်က လူ မဟုတ်ဘူးလား။ ဒီ အပြုအမူက သူ့ရဲ့ အပြင်က ဂုဏ်သတင်းနဲ့ သိပ်မကိုက်ညီဘူး မဟုတ်လား”
အပြာရောင်ဝတ် မိန်းကလေးသည် တိုးတိုးလေး ရယ်မောကာ ညင်ညင်သာသာ ပြောလိုက်သည်။
“ငါ မင်းကို ပြောခဲ့တယ်လေ။ သူက မင်းတို့ ထင်သလောက် မရိုးရှင်းဘူး။ ဂန်းချီအဆင့်ရဲ့ တစ်ဝက်အဆင့် ကျင့်စဉ်နဲ့တောင် သူက ကောင်းမှုလမ်းကို မြင်ဖူးနေပြီ။ ကျန်းယန်းခရိုင်လို နေရာငယ်လေးက ဒီလို အရည်အချင်းရှိတဲ့သူကို မွေးထုတ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါ ဒီကို လာခဲ့တာ တကယ်ကို တန်ဖိုးရှိသွားပြီ”