ဟိုမျိုးနွယ်၏ အစွယ်များ
Vol. 2 Ch. 20
"အစ်ကိုကြီး ဒီတစ်ခေါက်က ကျွန်တော် ဦးဆောင်မယ်လို့ ကျွန်တော်တို့ သဘောတူထားတာလေ။ အစ်ကိုက ထျန်လင်ခရိုင်ကို သွားနေတုန်းမှာ အဲဒီကောင်တွေက ကျွန်တော့်ကို အမြဲတမ်း ရန်စနေတာ။ အစ်ကိုသာ သည်းခံဖို့ မပြောထားရင် ကျွန်တော် သူတို့ကို အရင်ကတည်းက နှိမ်နင်းပြီး အဲဒီတန်ဖိုးမရှိတဲ့ အုပ်စုကို သတ်ပစ်လိုက်မှာ”
ဟိုယုရှောင်၏ စကားကို ကြားသောအခါ ဟိုယုချန်က ပြင်းထန်စွာ စိတ်လှုပ်ရှားသွား၏။ သူက ရှေ့ကို ခြေလှမ်းလိုက်ပြီး သူ့ခါးမှာရှိသည့် ဓားကြီးက သူ့သခင်ကဲ့သို့ပင် မထိန်းနိုင်တော့သည့်အလား အသံမြည်လာသည်။
ဟိုယုချန်၏ အမူအရာကို မြင်၍ ဟိုယုရှောင်က မျက်မှောင်ကြုတ်လိုက်၏။
နန်လင်တောင်က လူသုံးဆယ်လုံးက မင်းကြောင့် သေကုန်တာ မဟုတ်ဘူးလား။ အဲ့တာကို မင်းက သည်းခံခဲ့တယ်လို့ ပြောရဲသေးတယ်။
“မလောပါနဲ့… ဟိုဂိုဏ်းရဲ့ လက်ရှိ လူအင်အား အခြေအနေကို ပြောပြပါဦး။ ငါ သင့်တော်တဲ့ စီစဉ်မှုတွေ လုပ်နိုင်အောင်လို့”
သူတို့၏ အင်အားကို စုစည်းရန်အတွက် ဟိုမိသားစု၏ သိုင်းသမားအားလုံးကို မိသားစု၏ အင်အားအကြီးဆုံး စစ်တပ်ဖြစ်သည့် ဟိုဂိုဏ်းရှိ ဟိုယုရှောင်၏ စုစည်းညွှန်ကြားမှုအောက်မှာ ထားထားခြင်းပင်။ ခေါင်းဆောင်များမှာ မွေးချင်းငါးယောက်ဖြစ်ပြီး အစပိုင်းတွင် နဂါးခေါင်းကြီးနေရာ ငါးနေရာ စီစဉ်ထားသော်လည်း ပဉ္စမမြောက်မောင် ဟိုယုဒွမ်က ဆက်တိုက် ပါဝင်ဖို့ ငြင်းဆိုနေ၍ နဂါးခေါင်းကြီး လေးယောက်သာ ကျန်ခဲ့သည်။
မိသားစုခေါင်းဆောင်အနေနှင့် သဘာဝကျကျပင် နဂါးခေါင်းကြီးကိုယ်တိုင်ဖြစ်သည့် ဟိုယုရှောင်နောက်တွင် ဟိုယုချန်၊ ဟိုယုလင်နဲ့ ဟိုယုကျယ်တို့ လိုက်ပါလာသည်။
အထက်ဟိုတံခါးကို ဒုတိယနဂါးခေါင်းကြီး ဟိုယုချန်က စီမံခန့်ခွဲပြီး အောက်ဟိုဂိုဏ်းကို စတုတ္ထနဂါးခေါင်းကြီး ဟိုယုကျီက စီမံခန့်ခွဲသည်။ တတိယနဂါးခေါင်းကြီး ဟိုယုလင်က လက်ရှိတွင် သံရိုင်းနှင့် ဆေးဖက်ဝင်အပင်တွေ ပါဝင်သည့် လုပ်ငန်းတွေကို စီမံခန့်ခွဲနေပြီး တုန်လင်ခရိုင်နဲ့ ပတ်ဝန်းကျင် ခရိုင်နှစ်ခုကြားမှာ မကြာခဏ ခရီးသွားနေတာကြောင့် သိုင်းလောကက သတင်းအချက်အလက်တွေကို စုဆောင်းသည့် တာဝန်ကိုလည်း ထမ်းဆောင်နေဆဲပင်။
ဟိုယုရှောင်က ဟိုဂိုဏ်း၏ အခြေအနေကို မေးမြန်းသည့်အခါ ဟိုယုချန်နှင့် ဟိုယုကျီတို့က ခေါင်းညိတ်ပြီး အလှည့်ကျ ပြန်ဖြေနေကြသည်။
“လက်ရှိ အထက်ဟိုတံခါးမှာ ဟိုဖေး ဦးဆောင်တဲ့ ကိုးအဖွဲ့သာ ရှိပါသေးတယ်။ နဂါးခေါင်းကြီး ဟိုဖေးမှာ ကိုယ်ဖွင့်ရှစ်လွှာ လေ့ကျင့်မှုရှိပြီး သူ့လက်အောက်မှာ လက်အောက်ငယ်သား သုံးဆယ်ရှိပြီး အဲဒီထဲက ရှစ်ယောက်က ခြောက်လွှာအဆင့်ရှိပြီး ကျန်နှစ်ဆယ့်နှစ်ယောက်က ငါးလွှာအဆင့်မှာ ရှိပါတယ်”
“အောက်ဟိုဂိုဏ်းရဲ့ မြေကြီးအကိုင်း ဆယ့်နှစ်ခုက နေရာတွေ သတ်မှတ်ပြီးပြီဆိုပေမယ့် ဇိရှုအဖွဲ့ကသာ အင်အားအပြည့်အဝ ရှိပါတယ်။ ဇိရှုအဖွဲ့ခေါင်းဆောင် ဟိုချွန်မှာ ကိုယ်ဖွင့်ခုနစ်လွှာ လေ့ကျင့်မှုရှိပြီး လူတစ်ရာကို ဦးဆောင်နေပြီးတော့ အဲဒီထဲက ငါးဆယ့်လေးယောက်က ပထမအဆင့်မှာ ရှိပြီး သုံးဆယ့်နှစ်ယောက်က ဒုတိယအဆင့်မှာ ရှိပြီး ဆယ့်လေးယောက်က တတိယအဆင့်မှာ ရှိပါတယ်။
ကိုယ်ဖွင့်ခုနစ်လွှာ လေ့ကျင့်မှုရှိပြီး လူခြောက်ယောက်ကို ဦးဆောင်တဲ့ ချန်လုံဂိုဏ်းခေါင်းဆောင် ဟိုယင်ကလွဲရင် ကျန်ဂိုဏ်းခေါင်းဆောင် ဆယ်ယောက်က ကိုယ်ဖြည်ခြောက်လွှာ လေ့ကျင့်မှုရှိပြီး တစ်ယောက်ကို လူလေးယောက်စီ ဦးဆောင်ထားပြီး အားလုံးက ကိုယ်ဖွင့်ပထမအဆင့်မှာ ရှိပါတယ်”
ထိုအရေအတွက်တွေကို ကြားပြီးနောက် ဟိုယုရှောင်က ခဏတာ စဉ်းစားပြီး အကြမ်းဖျင်း နားလည်သွား၏။ အထက်ဟိုတံခါးတွင် စုစုပေါင်း လူ ၃၁ ယောက်ရှိပြီး အောက်ဟိုဂိုဏ်းမှာ စုစုပေါင်း လူ ၁၆၃ ယောက်ရှိ၍ ဟိုမိသားစုမှာ လက်ရှိ သိုင်းသမား ၁၉၄ ယောက်ရှိသော အရေအတွက်နှင့် အံဝင်ခွင်ကျပင်။
ကိုယ်ဖွင့်ရှစ်လွှာအဆင့်မှာ သိုင်းသမား တစ်ယောက်သာ ရှိပြီး ဟိုဖေးတွင် ခုနစ်လွှာအဆင့်မှာ နှစ်ယောက်ရှိသည်။ ဟိုချွန်နှင့် ဟိုယင် ထံတွင် ခြောက်လွှာအဆင့်မှာ သိုင်းသမား ဆယ်ယောက်၊ ငါးလွှာအဆင့်မှာ နှစ်ဆယ့်နှစ်ယောက်၊ တတိယအဆင့်မှာ ဆယ့်လေးယောက်၊ ဒုတိယအဆင့်မှာ သုံးဆယ့်နှစ်ယောက်ရှိပြီး ကျန် ၁၁၁ ယောက်က ကိုယ်ဖွင့်ပထမအဆင့်မှာ ရှိကြသည်။
သူတို့ငါးယောက်ကိုပါ ထည့်ရေတွက်လျှင် မိသားစုမှာ စုစုပေါင်း သိုင်းသမား အရေအတွက်က ၁၉၉ ယောက်ဖြစ်ပြီး နှစ်ရာအမှတ်ကို ကျော်လွန်ဖို့ တစ်ယောက်သာ လိုတော့သည်။
သူတို့ငါးယောက်ထဲမှာ အရေးအကြီးဆုံးသည် ဟိုယုဒွမ်ကလွဲ၍ ကျန်သုံးယောက်သည် ကိုယ်ဖွင့်အလွှာဆယ်ခု ရိုးတွင်းခြင်ဆီသန့်စင်ခြင်းနယ်ပယ် လေ့ကျင့်မှုရှိ၏။ ဟိုယုရှောင်ကိုယ်တိုင်ကပင် ခြေလှမ်းတစ်ဝက်ဖြစ်သည့် ဂန်းချီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ပင်။ ကျုံးယန်ခရိုင်တစ်ခုလုံးတွင် ရန်ဖုန်းကိုသာ သတိထားဖို့ လို၏။
“ ငါတို့တွေ မသိလိုက်ခင်မှာဘဲ မိသားစုက ဒီလောက်အံ့သြစရာကောင်းတဲ့ အင်အားကို စုစည်းမိသွားတာများလား”
အံ့အားသင့်မှုကို ဖော်ပြသူက ဟိုယုချန်တစ်ယောက်တည်းသာဖြစ်သော်လည်း ကျန်နှစ်ယောက်ဖြစ်သည့် ဟိုယုကျီနှင့် ဟိုယုလင်တို့၏ အသက်ရှူသံက သိသိသာသာ ပိုလေးလာခဲ့သည်။
ဟိုယုဒွမ်တစ်ယောက်တည်းသာ လှုပ်ရှားမည့်ပုံမပေါ်ပေ။ သူသည် မိသားစုဘဏ္ဍာရေးကို တာဝန်ယူထားပြီး သိုင်းသမားအရေအတွက်ကို ကောင်းကောင်းသိတာကြောင့် ထိုအရေအတွက်များက သူ့အား အံ့အားသင့်စေမှာ မဟုတ်ပေ။ ထို့အစား သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုအနည်းငယ် ပေါ်လာသည်။
လူတိုင်း၏ မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုများကို မြင်သောအခါ သူ မနေနိုင်တော့ဘဲ သူတို့အပေါ် ရေအေးလောင်းလိုက်သကဲ့သို့ ဘေးကနေ အေးအေးဆေးဆေး ပြောလိုက်သည်။
“လူအရေအတွက်က တကယ်တိုးလာတာ မှန်ပေမယ့် ကုန်ကျစရိတ်တွေလည်း တိုးလာတယ်။ အစ်ကိုကြီးက သိုင်းသမားတွေရဲ့ လစာစနစ်ကို တည်ထောင်ကတည်းက လိုအပ်တဲ့ လေ့ကျင့်ရေးစရိတ်တွေအပြင် ဒီသိုင်းသမား ၁၉၄ ယောက်ရဲ့ လစာတွေက တစ်လကို ငွေသား ၁၅၀၀ ကျပ်လောက်ရှိပြီး လစာမယူတဲ့ လေ့ကျင့်ရေးအမြင့်ဆုံး အမှုထမ်းသုံးယောက်ဖြစ်တဲ့ ဟိုချွန်၊ ဟိုယင်နဲ့ ဟိုဖေးတို့ကို မပါသေးဘူး။
ပြီးတော့ တစ်ယောက်ကို ကိုယ်ဖွင့်အမှုန့် တစ်လစာ ၅ ကျပ်နှုန်းနဲ့ဆိုရင် အဲဒီအတွက် တစ်လကို နောက်ထပ် ငွေသား ၁၀၀၀ ကျပ် ကုန်ကျတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ဒါမှမဟုတ် သေဆုံးတဲ့ ညီအစ်ကိုတွေအတွက် နောက်ဆက်တွဲကိစ္စတွေလည်း ထည့်စဉ်းစားရင် ဒီပစ္စည်းသုံးမျိုးက မိသားစုအတွက် တစ်လကို ငွေသား ၃၀၀၀ ကျပ် ကုန်ကျပြီး တစ်နှစ်ကို ငွေသား ၃၆၀၀၀ ကျပ် ဖြစ်သွားတယ်။
သိုင်းသမားတွေရဲ့ စရိတ်တွေအပြင် မိသားစုမှာ ပုံမှန်အိမ်ထောင်စုဝင် ရှစ်ရာကျော်ရှိပြီး တစ်လကို အနည်းဆုံး ငွေသား ၁၆၀၀ ကျပ် ကုန်ကျတယ်။
အခြားအသေးအဖွဲစရိတ်တွေ မပြောသေးပါဘူး။ ဥပမာ- အစ်ကိုကြီး နောက်ဆုံး ထျန်လင်ခရိုင်ကို သွားတုန်းက ငွေသား ၆၀၀၀ ကျပ် ယူသွားတယ်”
ထိုအချိန်တွင် ဟိုယုဒွမ်က ဟိုယုရှောင်အား အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်တော်က ဒီနှစ်အစပိုင်းမှာ မိသားစုစာရင်းတွေကို တာဝန်ယူခဲ့တာပါ။ အဲဒီတုန်းက အစ်ကိုကြီးက ရန်ဖုန်းကို ကြီးမားတဲ့လက်ဆောင်တစ်ခုပေးခဲ့လို့ ကျွန်တော်တို့မှာ ငွေသား သုံးသောင်းကျော်သာ ကျန်တော့တာ။ ဟိုဖေးနဲ့ ဇိရှုအဖွဲ့အတွက် မြင်းတစ်ရာဝယ်တာက ငွေသား ငါးထောင်ကျပ် ကုန်ကျပြီး မိသားစုရဲ့ လေ့ကျင့်ရေးသုံးစွဲမှုနဲ့ အစ်ကိုကြီးရဲ့ ခေါ်ယူမှုတွေကြောင့် ငွေတွေက သုံးလမပြည့်ခင်မှာ ကုန်သွားတယ်”
“ဒီနှစ်မှာ တစ်လပဲ ကျန်တော့ပြီး နန်လင်တောင်ရဲ့ သံနဲ့ ဆေးဖက်ဝင်အပင်လုပ်ငန်းတွေက အမျိုးမျိုးသော ကုန်ကျစရိတ်တွေကို ထည့်တွက်ပြီး ခရိုင်အစိုးရကို ပေးဆောင်ရတဲ့ လေးပုံတစ်ပုံက အခွန် မပါရင် ငွေသား နှစ်သောင်းလေးထောင်လောက်သာ ရနိုင်ပြီး တစ်လကို ငွေသား နှစ်ထောင်လောက်ပဲ ရနိုင်တာ။
အခုအချိန်မှာ ဒီလုပ်ငန်းနှစ်ခုက မိသားစုအတွက် အမြတ်အစွန်းအများဆုံးဖြစ်ပြီး တစ်လကို ငွေသား နှစ်ထောင်လောက်ရပြီး ချန်လယ်လမ်းက အကာအကွယ်အခွန်ကို ထည့်ပေါင်းရင် အဲဒီက ဆိုင်တစ်ရာလောက်ကနေ ငွေသား တစ်ထောင်လောက် စုဆောင်းနိုင်ပြီး စုစုပေါင်း တစ်လဝင်ငွေ သုံးထောင်ကျပ် ရနိုင်တယ်။
ကျွန်တော်က ကုန်ကျစရိတ်တွေကို တွက်ချက်ထားပြီး အားလုံးပေါင်းရင် တစ်လကို အနည်းဆုံး ငွေသား ငါးထောင်ကျပ် လိုအပ်တယ်။ မိသားစုရဲ့ လက်ရှိဝင်ငွေက ဒါကို လွှမ်းခြုံဖို့ လုံလောက်မှု မရှိဘူး။ အခုအချိန်အထိ ကျွန်တော်တို့ တောင့်ခံနိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ဒီနှစ်အစပိုင်းက ငွေသား သုံးသောင်းကျပ်ကြောင့်ပဲ။
ဒါပေမယ့် မနေ့ကအထိ ကျွန်တော့်လက်ထဲမှာ ငွေသား သုံးထောင်ကျပ်အောက်ပဲ ကျန်တော့တယ်။ ဒီအတိုင်း ဆက်သွားရင် သိုင်းသမား နှစ်ရာကို မပြောနဲ့ မိသားစုက အစေခံတွေကိုတောင် မတတ်နိုင်တော့မှာကို ကျွန်တော် ကြောက်တယ်”