← Chapters

ဟိုမိသားစုက တတိယအဆင့် အာဏာရရှိလာသောအခါ

Vol. 2 Ch. 25

ဟိုမိသားစုက တတိယအဆင့် အာဏာရရှိလာသောအခါ

Vol. 2 Ch. 25

နန်လင်းတောင်၏ တိတ်ဆိတ်ငြိမ်သက်သော အစွန်အဖျားတွင် စိမ်းလွင်ဂိုဏ်း၏ သံမိုင်းတွင်းနှင့် မလှမ်းမကမ်းရှိ သစ်ကိုင်းကောက်တစ်ခုပေါ်တွင် အနက်ရောင်ဝတ်စုံများဖြင့် ဟိုယုချန်နှင့် ဟိုဖေးတို့သည် အရိပ်မည်းများအကြား တိတ်တဆိတ် ပုန်းအောင်းနေကြသည်။

“မိသားစုခေါင်းဆောင်က အထဲမှာ အချိန်အတော်ကြာနေပြီ။ မထွက်လာသေးဘူး။ တစ်ခုခုများ ဖြစ်နေလို့လား”

ဟိုယုချန်၏ စိုးရိမ်သောလေသံက တိတ်ဆိတ်သောညဉ့်ကို ဖြိုခွင်းလိုက်သည်။

“ဘာများဖြစ်နိုင်မှာလဲ။ ရန်ဖုန်းပင် အစ်ကိုကြီးရဲ့ အသွင်ပြောင်းပညာကို မမှတ်မိနိုင်ဘူး။ ခဏလောက် စောင့်ကြည့်လိုက်ပါ၊ သူ မကြာခင် ထွက်လာလိမ့်မယ်”

ဟိုဖေးက စိတ်ရှည်လက်ရှည် ပြောလိုက်သည်။

ဟိုယုချန်၏ စကားမဆုံးမီမှာပင် အေးစက်သောလေပြင်းတစ်ချက် တိုက်ခတ်လာပြီး သူ၏ မျက်ခုံးများ တင်းမာသွား၏။ သူသည် ဓားလက်ကိုင်ပေါ်သို့ လက်တင်ကာ ဓားကို ဆွဲထုတ်ရန် အသင့်ပြင်လိုက်သည်။

သူ့ဘေးနားရှိ ဟိုဖေးလည်း လှုပ်ရှားသွားပြီး လက်ထဲတွင် သေးငယ်သော ဓားမြှောင်တစ်လက် ပေါ်လာကာ အေးစက်သောလေပြင်း၏ အရင်းအမြစ်ကို စူးစိုက်ကြည့်ရှုနေ၏။

“ငါပါ”

စိမ်းလွင်ဂိုဏ်း၏ ဝံပုလွေပုံစံ အဝတ်အစားကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် အံ့အားသင့်သော မျက်နှာဖြင့် အရိပ်ထဲမှ ထွက်လာကာ သူတို့နှစ်ယောက်ဆီသို့ ချဉ်းကပ်လာသည်။ သူ၏ ပုံပန်းသဏ္ဌာန်နှင့် ခန္ဓာကိုယ်သည် အံ့ဖွယ်နည်းဖြင့် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ခဏလေးအတွင်းမှာပင် ထိုလူသည် ဟိုယုရှောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဟိုယုရှောင်၏ စစ်မှန်သော မျက်နှာကို မြင်လိုက်ရသောအခါ ဟိုယုချန်နှင့် ဟိုဖေးတို့ နှစ်ဦးစလုံး သက်ပြင်းချကာ စိတ်အေးသွားကြသည်။ သူ့မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှု အလွန်အကျူးကို သတိပြုမိသော ဟိုယုချန်က အလျင်အမြန် မေးမြန်းလိုက်သည်။

“အစ်ကိုကြီး ဘာတွေ တွေ့ခဲ့လဲ”

အတွေးထဲတွင် နစ်မြောနေသော ဟိုယုရှောင်၏ မျက်နှာသည် တောက်ပသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ဟိုယုချန်၏ မေးခွန်းကို သတိပြုမိရန် အသက်ရှူ ဆယ်ကြိမ်ကျော်ကြာသွားသည်။ သူတို့နှစ်ဦးကို လှည့်ကြည့်ကာ ခံစားချက်ပြင်းထန်သော လေသံဖြင့် ပြောလိုက်သည်။

“ရွှေတွင်းတစ်ခု... အထဲမှာ ရွှေတွင်းတစ်ခု ရှိတယ်...”

ဟိုယုချန်နှင့် ဟိုဖေးတို့ နှစ်ဦးစလုံး ခဏမျှ ကြောင်အသွားကြပြီးနောက် သူတို့၏ မျက်နှာများတွင် အတွင်းမှ ပေါက်ထွက်လာသော စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားရင်း နီရဲလာကြသည်။

ယခု သူတို့သည် ဟိုယုရှောင် အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေသည်ကို နားလည်သွားကြ၏။

ရွှေတွင်းတစ်ခု...

၎င်းသည် အမှန်တကယ်ပင် ရွှေတွင်းတစ်ခု ဖြစ်သည်။

ယေဘူယျအားဖြင့် အသေးဆုံး ရွှေတွင်းတွင်ပင် ရွှေအနည်းဆုံး ဂျင်တစ်ထောင် ပါဝင်သည်။ တစ်ဂျင်လျှင် ၁၆ ကျပ်သားနှင့် ညီမျှသည်။ ဆိုလိုသည်မှာ သူတို့၏ မျက်စိရှေ့တွင် ရွှေ ၁၆,၀၀၀ ကျပ်သား ရှိသည်။ ၎င်းသည် ငွေ ၁.၆ သန်းနှင့် ညီမျှသည်။

ငွေ ၁.၆ သန်း။

ဟိုယုချန်၏ ခန္ဓာကိုယ်က တုန်ရီသွားပြီး မရည်ရွယ်ဘဲ ရှေ့သို့ ခြေတစ်လှမ်း တိုးမိသွားသည်။

“အစ်ကိုကြီး အတူတူ လုပ်ကြရအောင်။ အထဲမှာ ရန်ဟူ တစ်ယောက်တည်း ရှိတယ်။ သူ့ကို သတ်ပြီး ဒီကလူတွေ အားလုံးကို သတ်ပစ်လိုက်ရင် ရွှေတွင်းက ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားလိမ့်မယ်”

ဟိုယုချန်က ဓားကို တစ်ဝက်နီးပါး ဆွဲထုတ်တော့မည့် အမူအရာကို မြင်လိုက်ရသောအခါ ဟိုယုရှောင်၏ နဖူးထက်တွင် အနက်ရောင် မျဉ်းသုံးကြောင်း ထင်ရှားလာပြီး ကူကယ်ရာမဲ့သော မျက်နှာအမူအရာကို ဖော်ပြလိုက်သည်။ ရှေ့သို့ ခြေလှမ်းတိုးကာ ဟိုယုချန်၏ လက်ကို ညင်သာစွာ ဖိချပြီး တည်ငြိမ်စွာ နေရန် အချက်ပြလိုက်သည်။

“ရန်ဟူ ဒီမှာ ရှိနေတယ်ဆိုတာ ရန်ဖုန်းလည်း စိမ်းလွင်ဂိုဏ်းရဲ့ ဒီရွှေတွင်းအကြောင်းကို သိတယ်ဆိုတာကို ပြနေတာ။ ငါတို့ သုံးယောက်တည်းနဲ့ ရုတ်တရက် လုပ်ဆောင်မယ်ဆိုရင် သေသေချာချာ မလုပ်နိုင်ရင် တွင်းရဲ့ လျှို့ဝှက်ချက် ပေါက်ကြားသွားနိုင်ပြီး အရှုံးက အမြတ်ထက် ပိုများသွားလိမ့်မယ်။

အရင်ဆုံး ပြန်သွားပြီး ရေရှည်အတွက် စီစဉ်ကြရအောင်”

ဟိုယုရှောင်သည် အခြားနှစ်ယောက်ကဲ့သို့ပင် ရွှေငွေများဖြင့် ပြည့်နှက်နေသော အိပ်မက်များဖြင့် လောဘကြီးနေသော်လည်း မိမိ၏ တပ်မက်မှုကို ထိန်းချုပ်ကာ တည်ငြိမ်အေးဆေးစွာဖြင့် ည၏ အကာအကွယ်အောက်တွင် ထိုနှစ်ယောက်ကို ခရိုင်မြို့သို့ ပြန်ခေါ်သွားသည်။

ပြန်လမ်းတစ်လျှောက်တွင် ဟိုယုရှောင်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ လှည့်ပတ်နေပြီး မကြာသေးမီက ရန်ဖုန်း၏ ထူးဆန်းသော အပြုအမူများစွာသည် ရုတ်တရက် အဓိပ္ပါယ်ရှိလာသည်။

“အံ့ဩစရာ မရှိပါဘူး... ရန်ဖုန်းက ရှန်ရှင်းအိမ်တော်မှာ ငါ့ရဲ့ ရန်စမှုတွေနဲ့ အရှက်ခွဲမှုတွေကို ခံနိုင်ရည်ရှိတာ အံ့ဩစရာ မရှိပါဘူး။ သူက ကြီးမားတဲ့ ရွှေတွင်းတစ်ခုကို တိတ်တဆိတ် တူးနေလို့။ ငါ့ကို ဂရုစိုက်ဖို့ အချိန်မရှိတာပဲ”

ဤရွှေတွင်းသည် စိမ်းလွင်ဂိုဏ်း၏ သတ္တုတွင်းဧရိယာအတွင်းတွင် တည်ရှိသည်။ ဂိုဏ်းခေါင်းဆောင် တန်ဂိုဏ်းသည် ဤအကြောင်းကို သေချာပေါက် သိလိမ့်မည်။ ရန်ဖုန်းကို အသိပေးသူသည် သူပင် ဖြစ်နိုင်သည်။

မကြာသေးမီက သူ့အပေါ် ရန်ဖုန်း၏ သည်းခံနိုင်စွမ်းသည် ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ပေ။ သူသည် ရွှေတူးရန် အလုပ်များနေသောကြောင့် သူ့အား ဂရုစိုက်ရန် အချိန်မရှိခြင်းပေ။

ပြီးခဲ့သောနှစ်က ခရိုင်မြို့ရှိ လေလံပွဲတစ်ခုတွင် ယွမ်ဂိုဏ်း အဖိုးတန်ဆေးလုံးတစ်လုံး ရောင်းချခဲ့သည်။ နောက်ဆုံးဈေးနှုန်းသည် ငွေ ၁.၅ သန်းဖြစ်ကြောင်း သူမှတ်မိသည်။ အဘိုးကြီး ရန်ဖုန်းသည် အမှန်တကယ်ပင် ကံကောင်းလွန်းသည်။ သူ၏ ဘဝအဆုံးသတ်ရန် နီးကပ်လာသောအခါ ကောင်းကင်ဘုံက သူ့ကို ရွှေတွင်းတစ်ခု လက်ဆောင်ပေးလိုက်သည်။

ဂိုဏ်းချီနယ်ပယ်တွင် အသေးစားနယ်ပယ် သုံးခုရှိသည်။ ဂိုဏ်းခဲ၊ မကောင်းဆိုးဝါးစုစည်းခြင်းနှင့် ဆေးလုံးကို ပွေ့ဖက်ခြင်း။ ရန်ဖုန်းသည် ဂိုဏ်းခဲနယ်ပယ်၏ ကျင့်ကြံမှုသာ ရှိသည်။ ထို့ကြောင့် သူ၏ သက်တမ်းသည် အများဆုံး နှစ် ၁၅၀ သာ ရှိသည်။ မကောင်းဆိုးဝါးစုစည်းခြင်း နယ်ပယ်မှ စစ်သည်များသည် နှစ် ၂၀၀ အထိ အသက်ရှင်နိုင်ပြီး ဆေးလုံးကို ပွေ့ဖက်ခြင်း နယ်ပယ်သို့ ရောက်ရှိပါက သက်တမ်း နှစ်တစ်ရာ တိုးလာပြီး အသက် ခြောက်ဆယ်စက်ဝန်း ငါးခု၊ စုစုပေါင်း နှစ် ၃၀၀ အထိ အသက်ရှင်နိုင်သည်။

ရန်ဖုန်းသည် ယခုနှစ်တွင် အသက် ၁၃၀ ကျော်ပြီဖြစ်သည်။ သာမန်အားဖြင့် သူ၏ ဘဝသက်တမ်းသည် များစွာ မကျန်တော့ပေ။ ဤရွှေကို ရရှိပါက သူသည် ယွမ်ဂိုဏ်း အဖိုးတန်ဆေးလုံးကို ဝယ်ယူနိုင်ပြီး မကောင်းဆိုးဝါးစုစည်းခြင်းနယ်ပယ်သို့ ဖောက်ထွက်နိုင်ကာ သူ၏ သက်တမ်းကို နောက်ထပ် နှစ်ငါးဆယ်အထိ တိုးမြှင့်နိုင်ပေသည်။

ဤကမ္ဘာတွင် အံ့ဖွယ်ဆေးများစွာ ရှိသော်လည်း အဖိုးတန်ဆေးလုံးဟု ခေါ်ဆိုနိုင်သည်မှာ ငါးမျိုးထက် မနည်းပေ။ တစ်ခုချင်းစီသည် ငွေတစ်သန်းမှ သန်းပေါင်းများစွာအထိ တန်ဖိုးရှိပြီး ဂိုဏ်းချီနယ်ပယ်တွင် ဖောက်ထွက်ရန် အထောက်အကူပြုနိုင်သည်။ ယွမ်ဂိုဏ်း၏ အဖိုးတန်ဆေးလုံးသည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။

ယွမ်ဂိုဏ်း အဖိုးတန်ဆေးလုံး၏ ပါဝင်ပစ္စည်းများသည် ယွမ်ဂိုဏ်း လျှို့ဝှက်နယ်ပယ်မှ လာသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ ထိုနယ်ပယ်ကို ကမ္ဘာအဆင့် အင်အားကြီးများ၌သာ တွေ့ရှိနိုင်ပြီး ပါဝင်ပစ္စည်းများ၏ ဈေးနှုန်းသည်ပင် ငွေခုနစ်သိန်းကျော် တန်ဖိုးရှိသည်။ ပါဝင်ပစ္စည်းများကို စုဆောင်းရုံဖြင့် မလုံလောက်ပေ။ ကမ္ဘာအဆင့် ဆေးသမားတစ်ဦးသည် ကိုယ်တိုင် ကိုင်တွယ်ပြီး သန့်စင်ပေးရမည်ဖြစ်သည်။

ကမ္ဘာအဆင့် ဆေးသမားဟူသော အယူအဆသည် ရှင်းလင်းစွာ နားလည်ရန် ခက်ခဲနိုင်သည်။ အခြားနည်းဖြင့် ဆိုရလျှင် ကမ္ဘာအဆင့် ဆေးသမားများသည် ကောင်းကင်အဆင့် အင်အားကြီးများ၌သာ တွေ့ရှိနိုင်သည်။

ပြည်နယ်ဆယ့်သုံးခုရှိသော ကမ္ဘာတစ်ခုလုံးတွင် ကောင်းကင်အဆင့် အင်အားကြီး ၅၀ မှ ၆၀ ခန့်သာ ရှိသည်။ ကမ္ဘာအဆင့် ဆေးသမားများ မည်မျှ အဖိုးတန်သည်ကို ဤအချက်က ပြသနေသည်။

ထို့ကြောင့် ယွမ်ဂိုဏ်း အဖိုးတန်ဆေးလုံး၏ တန်ဖိုးသည် အနည်းဆုံး ငွေ ၁.၅ သန်းအထက်တွင် ရှိ၏။

တုံလင်းခရိုင်သည် ပြီးခဲ့သောနှစ်တွင် ၁.၈ သန်းဖြင့် တစ်လုံး ရောင်းချခဲ့သည်။ ဈေးနှုန်းမြင့်သည်ဟု ထင်ရသော်လည်း တုံလင်းခရိုင်သည် ဆင်းရဲသောကြောင့် အခြားနေရာများ၏ အရောင်းအဝယ်ဈေးနှုန်းထက် အလွန်နည်းပါးသည်။

သူ၏ စိတ်ထဲတွင် ရွှေတွင်းအကြောင်း အတွေးများ ပြည့်နှက်နေသော ဟိုယုရှောင်သည် သူ၏ စိတ်လှုပ်ရှားမှုကို အပြည့်အဝ ငြိမ်သက်အောင် မပြုလုပ်နိုင်ပေ။ ဟိုယုချန်နှင့် ဟိုဖေးတို့နှင့်အတူ သူတို့ သုံးယောက်သည် မတည်ငြိမ်သော ခံစားချက်များဖြင့် ခရိုင်မြို့ရှိ ဟိုအိမ်တော်သို့ ပြန်လာကြသည်။

သူတို့ သုံးယောက် ဟိုအိမ်တော်၏ အဓိက ခန်းမထဲသို့ ဝင်ရောက်သည်နှင့် လေ့ကျင့်ရေးကွင်းတွင် သေသေချာချာ တန်းစီထားသော မြင်းဆွဲလှည်းလေးစီးကို သတိပြုမိကြသည်။ ဟိုယုရှောင်သည် ခဏမျှ ကြောင်အသွားသည်။

သူသည် ရှေ့ဆုံးမှ လှည်းကို မှတ်မိလိုက်သည်။ ၎င်းသည် ဟိုယုချန်နှင့် ဟိုဖေးတို့က စိမ်းလွင်ဂိုဏ်း၏ သံမိုင်းမှ အတင်းအဓမ္မ ရယူခဲ့သော သံခဲ ၁၅၀၀ ဖြစ်သည်။ နောက်မှ လှည်းသုံးစီးအတွက်...

သူ၏ စိတ်ထဲတွင် အတွေးများ လှည့်ပတ်နေစဉ် ရုတ်တရက် လူသုံးယောက်သည် အဓိကခန်းမမှ ထွက်လာသည်။ သူတို့အား ဦးဆောင်သူများမှာ သူတို့ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသော ဟိုယုကျဲနှင့် ဟိုကွန်တို့ဖြစ်ပြီး နောက်တွင်ရှီသည့် လင်းတပျံ ကုန်တင်ယာဉ်တန်းအဖွဲ့၏ ခေါင်းဆောင် ဝမ်ကုန်း လိုက်ပါလာသည်။

ဤမြင်ကွင်းကို မြင်လိုက်သောအခါ ဟိုယုရှောင်သည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။

“အစ်ကိုကြီး လူတစ်ယောက်နဲ့ အရင် မိတ်ဆက်ပေးပါရစေ”

“ကျောက်ယန်းခရိုင်ရဲ့ နာမည်ကြီး ခေါင်းဆောင် ဝမ်ကုန်းကို ငါ ဘယ်လို မသိဘဲနေမလဲ”

ဟိုယုရှောင်သည် အလျင်အမြန် ခြေလှမ်းနှစ်လှမ်း ရှေ့သို့ တိုးလာပြီး သူတို့ နှစ်ယောက်ကို ကျော်ကာ နောက်မှ ဝမ်ကုန်းကို အနည်းငယ် ဦးညွှတ်ကာ ရွှင်လန်းသော အမူအရာဖြင့် ပြောလိုက်သည်။

“ခေါင်းဆောင်ဝမ်ကို ကျွန်တော်တို့ ဟိုမျိုးနွယ်ကို အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် အကြိမ်တိုင်း ငြင်းဆိုခံခဲ့ရတယ်။ ဒီနေ့တော့ မင်း အလင်းရောင်ကို မြင်သွားပြီပဲ”

ဝမ်ကုန်းကို ဟိုယုရှောင်က လေးစားစွာ ဆက်ဆံသည်ကို မြင်သော ပတ်ဝန်းကျင်မှ လူများသည် အံ့အားသင့်သွားကြသည်။

ဝမ်ကုန်းကိုယ်တိုင်ပင် ကျောက်ယန်းခရိုင်၏ နံပါတ်တစ် လူဆိုးနှင့် ဟိုမိသားစု၏ ခေါင်းဆောင် ဟိုယုရှောင်သည် ဤကဲ့သို့ ပြုမူလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သို့သော် ခရီးအဝေးကြီး သွားဖူးပြီး ကမ္ဘာကြီးကို အများကြီး မြင်ဖူးသူတစ်ယောက်အနေဖြင့် ဝမ်ကုန်းသည် သူ့ကို အနိုင်ယူရန် ဟိုယုရှောင်၏ ယခင်က သိမ်မွေ့သော ကြိုးပမ်းမှုများနှင့် သူ၏ ရည်ရွယ်ချက်များကို အလျင်အမြန် နားလည်သွားသည်။

ဟိုမိသားစုသည်လည်း အကျိုးအမြတ်များသော ကုန်တင်ယာဉ်တန်း လုပ်ငန်းကို မျက်စိကျနေခြင်းမှလွဲ၍ အခြားမဟုတ်ပေ။

“သခင်ဟိုက အလွန်ကြင်နာလွန်းပါတယ်။ ဝမ်ကုန်းက နှိမ့်ချသော လူသားတစ်ဦးသာ ဖြစ်ပြီး ဒီလို ဧည့်ခံမှုမျိုးနဲ့ မထိုက်တန်ပါဘူး။ အနာဂတ်မှာ သခင်ဟိုသာ အမိန့်တစ်ခုပေးမယ်ဆိုရင် မီးနှင့်ရေကို ဖြတ်ကျော်ပြီး ဆောင်ရွက်ပေးပါ့မယ်။ နေထိုင်ရန် လုံခြုံသော နေရာလေးတစ်နေရာကိုသာ မျှော်လင့်မိတာပါ”

ဟိုယုရှောင်သည် ဒေါသအနည်းငယ် ထွက်ဟန်ဆောင်ကာ သူ့ဘေးမှ ဟိုယုကျီကို ကြည့်လိုက်သည်။

“စတုတ္ထအကြီးအကဲ… ခေါင်းဆောင်ဝမ်ကို ဖိတ်ခေါ်ဖို့ ငါမင်းကို ပြောခဲ့တာလေ။ ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးက ဘယ်လိုလုပ် ရာဇဝတ်သားတစ်ဦး ဖြစ်သွားရတာလဲ။ ခေါင်းဆောင် ဝမ်ကို မင်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တာလား”

“အစ်ကိုကြီးရဲ့ အမိန့်ကို ယုကျီ အာမခံရဲပါဘူး။ ကျွန်တော် တရားဝင်လမ်းမှာ ခေါင်းဆောင် ဝမ်နဲ့ တွေ့ခဲ့ပြီး စကားအနည်းငယ် ပြောဆိုပြီးနောက်မှာ ကျွန်တော်တို့ ပျော်ရွှင်စွာ စကားပြောခဲ့ကြပါတယ်။

ခေါင်းဆောင်ဝမ်က လင်းတပျံဂိုဏ်းကနေ ထွက်ပြီး ကျွန်တော်တို့ ဟိုမိသားစုထဲကို ဝင်ချင်တဲ့ ဆန္ဒကို ချက်ချင်း ဖော်ပြခဲ့ပါတယ်။ ဒါတင်မကဘူး ဒီကုန်တင်ခရီးက ပြည်သူတွေဆီကနေ အတင်းအဓမ္မ ယူထားတဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်လာတာလို့လည်း ပြောပြီး ကျွန်တော်တို့ ဟိုမိသားစုကို သစ္စာကတိရဲ့ အထောက်အထားအဖြစ် ပေးချင်တယ်လို့လည်း ပြောခဲ့ပါတယ်။

ကျွန်တော် ဒီစကားကို ကြားတော့ အရမ်း စိတ်လှုပ်ရှားသွားပြီး ခေါင်းဆောင် ဝမ်ကို ချက်ချင်း ပြန်ခေါ်လာခဲ့တာပါ။ အစ်ကိုကြီး မယုံရင် သူ့ကို ကိုယ်တိုင် မေးကြည့်လို့ရပါတယ်”

ဟိုယုကျီ၏ လုံးဝအဓိပ္ပါယ်မဲ့သော စကားများကို နားထောင်နေစဉ် ဝမ်ကုန်း၏ မျက်နှာသည် ရှုံ့တွသွားသည်။ အထူးသဖြင့် နောက်ပိုင်းတွင် သူက ကုန်တင်ခရီးယာဉ်များကို သစ္စာကတိ၏ အထောက်အထားအဖြစ် တက်ကြွစွာ ပေးအပ်ခဲ့သည်ဟု ပြောဆိုသောအခါ ဝမ်ကုန်း၏ မျက်နှာအမူအရာသည် ခဏမျှ တောင့်တင်းသွားပြီးနောက် သူ၏ ပရော်ဖက်ရှင်နယ် အလေ့အကျင့်အရ ကန့်ကွက်လိုစိတ် ပေါ်လာသည်။

“ဒါက...”

သူ စကားမပြောနိုင်မီ ဟိုယုရှောင်နှင့် ဟိုယုကျီတို့ နှစ်ဦးစလုံးသည် သူ့ကို ငြိမ်သက်သော နွေဦးရေကန်ကဲ့သို့ မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ၏ လေသံကို အလျင်အမြန် ပြောင်းလဲလိုက်သည်။

“ဟုတ်ပါတယ်။ ဒီခရီးရဲ့ ကုန်တင်ပစ္စည်းတွေကို ကျွန်တော့် ဆန္ဒအလျောက် ဟိုမိသားစုကို ပေးအပ်လိုက်တာပါ။ စတုတ္ထအကြီးအကဲ ပြောတာ အမှန်ပါဘဲ”

ဝမ်ကုန်း၏ စကားများကို ကြားသောအခါ ဟိုယုရှောင်၏ တည်ငြိမ်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပျံ့နှံ့သွားပြီး သူက ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

“ဒီလိုဆိုရင်တော့ ကျွန်တော်က ဝမ်းမြောက်စွာ လက်ခံပါတဘ်။ ဟိုဖေးနဲ့ ဟိုကွန်.. ခေါင်းဆောင်ဝမ်ကို ဧည့်ခန်းထဲမှာ အနားယူဖို့ ခေါ်ဆောင်သွားလိူက်ပါ”

“ဟုတ်ကဲ့ မိသားစုခေါင်းဆောင်”

ဟိုဖေးနှင့် ဟိုကွန်တို့သည် ဝမ်ကုန်းကို အဓိကခန်းမမှ ခေါ်ဆောင်သွားကြသည်။

လူသုံးယောက် တဖြည်းဖြည်း ထွက်ခွာသွားသည်ကို ကြည့်ပြီး ဟိုယုရှောင်က တိုးတိုးလေး ပြောလိုက်သည်။

“ဝမ်ကုန်းက တောင်နဲ့မြောက်ကို နှစ်ပေါင်းများစွာ ခရီးသွားခဲ့တာ အချည်းနှီး မဟုတ်ဘူး။ သူက အခြေအနေကို သိရှိနားလည်တဲ့ လူသားတစ်ယောက်ပဲ”

သူ့ဘေးတွင် ရပ်နေသော ဟိုယုကျီက သူ၏ သံသယများကို ဖော်ပြလိုက်သည်။

“အစ်ကိုကြီးက ကုန်တင်ယာဉ်တန်း လုပ်ငန်းထဲကို တကယ် ဝင်ရောက်ချင်တာလား။ ကုန်ကျစရိတ် အားလုံး နုတ်ကြည့်တဲ့အခါ လင်းတပျံ ကုန်တင်ယာဉ်တန်းရဲ့ လစဉ်အမြတ်က ငွေတစ်ထောင်ကျော်ပဲ ရှိတယ်လို့ ကျွန်တော်ကြားထားတာ။ ခရိုင်ဝန် ရန်ဖုန်းနဲ့ ဒီလောက် နည်းပါးတဲ့ ပမာဏကို ခွဲဝေရမှာဆိုရင် လုပ်ရကျိုးနပ်မဲ့ပုံ မပေါ်ဘူး”

“အခြေအနေပေါ်မှာ မူတည်တယ်။ လင်းတပျံ ကုန်တင်ယာဉ်တန်းရဲ့ အမြတ်နည်းရတဲ့ အကြောင်းရင်းက သူတို့ အားနည်းလွန်းလို့ပဲ။ ပထမအချက်အနေနဲ့ သူတို့က ပတ်ဝန်းကျင်ဒေသတွေက ဓားပြတွေနဲ့ လူဆိုးတွေကို တံစိုးလက်ဆောင်ပေးရတယ်။ ဒုတိယအချက်အနေနဲ့ တခြားခရိုင်တွေကို ပို့တဲ့ ကုန်တင်ယာဉ်တန်းတိုင်းကို ဒေသတွင်း အင်အားကြီးတွေက အမြတ်ရဲ့ သုံးပုံတစ်ပုံကို အတင်းအဓမ္မ ယူကြတယ်။

အဲဒီလို ဖြစ်နေရင်တောင် လင်းတပျံ ကုန်တင်ယာဉ်တန်းမှာ ဒီလို စည်းကမ်းချက်တွေ ရှိနေတာက ခရိုင်ဝန် ရန်ဖုန်းရဲ့ နာမည်အောက်မှာ ရှိနေလို့ပဲ။ သူ့နာမည်ကို အသုံးမချရရင် သူတို့ လုံးဝ လုပ်ငန်းလည်ပတ်နိုင်မှာ မဟုတ်ဘူး။

တုံလင်းခရိုင်မှာ ယုလင်၊ ဘိုင်ရဲနဲ့ ငါတို့ရဲ့ ကျောက်ယန်းခရိုင် ရှိတယ်။

ငါတို့ကလွဲရင် ကျန်တဲ့ ခရိုင်နှစ်ခုမှာ တတိယတန်း အင်အားတစ်ခုစီက ထိန်းချုပ်ထားတယ်။ ခရိုင်မြို့အတွက် ပြောဖို့ မလိုဘူး။ ဒုတိယတန်း အင်အားတစ်ခုနဲ့ တတိယတန်း အင်အား အများအပြားရှိပြီး အဲဒီအထဲက နှစ်ခုက ကုန်တင်ယာဉ်တန်း လုပ်ငန်းမှာ လုပ်ကိုင်နေတယ်။ ဒါက ကုန်တင်ယာဉ်တန်း လုပ်ငန်းဟာ အမြတ်အစွန်းရနိုင်တယ်ဆိုတာကို ပြနေတာပဲ”

“ဒါပေမဲ့ ကျွန်တော်တိုနဲ့ ရန်ဖုန်းရဲ့ ဆက်ဆံရေး အရမ်းဆိုးတယ်။ ကျွန်တော်တို့သာ ကုန်တင်ယာဉ်တန်း လုပ်ငန်းထဲကို တကယ် ဝင်ရောက်ရင် သူက ကျွန်တော်တို့ နာမည်ကို လာတွဲမှာ မဟုတ်ဘူး”

ဟိုယုချန်က ထိုအချိန်တွင် သူ့၏ သံသယများကို ထုတ်ဖော်ပြောကြားလိုက်သည်။

ဟိုယုရှောင်က ခေါင်းခါလိုက်သည်။

“ငါက အခု ကုန်တင်ယာဉ်တန်း လုပ်ငန်းကို လုပ်မယ်လို့ ဘယ်သူပြောလဲ။ ရန်ဖုန်းက သူ့နာမည်ကို ငှားဖို့ သဘောတူရင်တောင် လစဉ်ဝင်ငွေ ငွေငါးရာကျော်နဲ့ လူအများကြီးကို ထောက်ပံ့ဖို့ မလုံလောက်ဘူး။ ဒါ့အပြင် ငါက အဲဒီလောက် နည်းပါးတဲ့ ပမာဏကို စိတ်မဝင်စားဘူး။ မင်းကို ဝမ်ကုန်းကို ပြန်ခေါ်လာဖို့ ငါပြောခဲ့တာက အစောပိုင်း ပြင်ဆင်မှုအနေနဲ့ပဲ”

“ငါတို့ ဟိုမိသားစုက တတိယတန်း အင်အားတစ်ခု ဖြစ်လာတဲ့အခါ ကျွန်တော်တို့ ပတ်ဝန်းကျင်က ဓားပြတွေနဲ့ လူဆိုးတွေကို နှိမ်နင်းနိုင်တဲ့အခါနဲ့ ပတ်ဝန်းကျင်က ခရိုင်နှစ်ခုနဲ့ ခရိုင်မြို့က စစ်သည်တွေက ကျွန်တော်တို့ကို လေးစားမှု ပြရတဲ့အခါ အမြတ်အစွန်းတွေက လုံလောက်တဲ့အထိ ကြီးမားလာလိမ့်မယ်။ အဲဒီအချိန်ကျမှ ငါက ကုန်တင်ယာဉ်တန်း လုပ်ငန်းကို လုပ်မှာ”

ဟိုမိသားစုက တတိယတန်း အင်အားတစ်ခု ဖြစ်လာတဲ့အကြောင်းကို ဟိုယုရှောင် ပြောတာကို ကြားတော့ ဟိုယုကျီနှင့် ဟိုယုချန်တို့၏ အသက်ရှူနှုန်းများ ရုတ်တရက် ပိုလေးလာပြီး သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားသည်။

ကျောက်ယန်းခရိုင်တွင် လူလေးသိန်းနီးပါး ရှိသော်လည်း အနိမ့်ဆုံးအဆင့် အင်အားတစ်ခုပင် မရှိပေ။

လူဦးရေ ငါးသိန်းကျော်စီရှိသော ယုလင်နှင့် ဘိုင်ရဲက အိမ်နီးချင်း ခရိုင်များသည် တတိယတန်း အင်အားတစ်ခုစီသာ ထုတ်လုပ်နိုင်ခဲ့သည်။

လူဦးရေ နှစ်သန်းကျော်ရှိသော ခရိုင်မြို့တွင် ဒုတိယတန်း အင်အားတစ်ခုနှင့် တတိယတန်း အင်အား ငါးခုသာ ရှိသည်။ ဤအင်အားများသည် ပတ်ဝန်းကျင်က ခရိုင်သုံးခုနှင့် မြို့ ၂၇ မြို့က လူဦးရေနှင့် အမျိုးမျိုးသော အရင်းအမြစ်များကို မြို့ထဲသို့ အဆက်မပြတ် ပို့ဆောင်ပေးသောကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

တုံလင်းခရိုင်တစ်ခုလုံးတွင် စုစုပေါင်း လူဦးရေ ငါးသန်းနီးပါးရှိပြီး စစ်သည် နှစ်သောင်းခန့်သာ ရှိသည်။ တတိယတန်း အင်အားတစ်ခု တည်ထောင်ရန် မည်မျှ ခက်ခဲသည်ကို ဤအချိုးအစားကနေ နားလည်နိုင်သည်။ ထို့အပြင် ပါဝင်သော စည်းမျဉ်းများနှင့် အခြေအနေများ အများအပြား ရှိသေးသည်။

တတိယတန်း အင်အားတစ်ခုအတွက် အနည်းဆုံး လိုအပ်ချက်မှာ ဂိုဏ်းချီနယ်ပယ်တွင် စစ်သည်တစ်ဦး ရှိရန်ဖြစ်သည်။

တကယ်တော့ ဟိုယုရှောင်သည် သိပ်မတုံးပေ။ သို့သော် သူက ဖောက်ထွက်လျှင်ပင် ဂိုဏ်းချီနယ်ပယ်၏ အဆင့်သုံးဆင့်ထဲတွင် အနိမ့်ဆုံးဖြစ်သော ဂိုဏ်းခဲစစ်သည်တစ်ဦးသာ ဖြစ်လိမ့်မည်။

ထိုသို့သော အင်အားသည် တတိယတန်း အင်အားတစ်ခုကို ဦးဆောင်ရန် မလုံလောက်ပေ။

သူတို့၏ အမြင်တွင် ဟိုမိသားစု၏ လက်ရှိအခြေအနေသည် တတိယတန်း အင်အားတစ်ခုနှင့် အလွန်ကွာခြား၏။

သို့သော် ဟိုယုရှောင်က ဟိုမိသားစု တတိယတန်းသို့ တက်ရောက်ပြီးနောက် မိသားစု၏ လုပ်ငန်းအတွက် ပြင်ဆင်မှုများ လုပ်နေပြီဖြစ်သည်။

သူတို့ ဘယ်လိုလုပ် အံ့အားမသင့်ဘဲ နေနိုင်မျာလဲ။ ဘယ်လိုလုပ်ပြိး အသက်ရှူနှုန်းများ ပိုပြီးလေးလံလာမှာလဲ။ ဟိုယုရှောင်ကသာ ရူးသွားပြီး ထိုသို့သော အဓိပ္ပါယ်မရှိသော စကားများ ပြောနေသည်ဟုပင် ခံစားရမည်ဖြစ်သည်။

“သံသယဝင်နေစရာ မလိုဘူး။ အဲဒီနေ့က သိပ်မဝေးတော့ဘူး... မကြာခင် ရောက်လာတော့မယ်...”

All Chapters