← Chapters

လရောင်အောက်၌ ကြံစည်ခြင်း​

Vol. 3 Ch. 29

လရောင်အောက်၌ ကြံစည်ခြင်း​

Vol. 3 Ch. 29

ဒီဇင်ဘာ ၂၈ ရက်၊ ညဦးပိုင်းအချိန်

ညဦးပိုင်းရောက်လာသည်နှင့်အမျှ လတစ်ဝက်ပြည့်နေသောလသည် ကောင်းကင်သို့ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။

အေးစိမ့်သောလေများသည် တိုက်ခတ်လာပြီး တဖြည်းဖြည်း အေးမြသောခံစားချက်ကို ယူဆောင်လာကာ ချမ်းလဲ့လမ်းပေါ်ရှိ လူသွားလူလာ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

အပြင်ဘက်ရှိ မှောင်မိုက်သောမြင်ကွင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဟိုအိမ်တော်ကြီး၏ အဓိကခန်းမမှာ လုံးဝကွဲပြားခြားနားသောကမ္ဘာတစ်ခုဖြစ်နေသည်။ တောက်ပစွာထွန်းလင်းနေပြီး လူတစ်ဒါဇင်ခန့်သည် တည်တည်ငြိမ်ငြိမ်ထိုင်နေကြ၏။

ဟိုယုရှောင်သည် အဓိကနေရာတွင် တစ်ယောက်တည်းထိုင်နေပြီး သူ၏မျက်ခုံးများအား ကြုတ်ထားကာ တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း စဉ်းစားနေသည်။

သူနှင့် အနီးဆုံးလူသုံးဦးမှာ ဒုတိယအကြီးအကဲ ဟိုယုချန်၊ တတိယအကြီးအကဲ ဟိုယုလင် နှင့် စတုတ္ထအကြီးအကဲ ဟိုယုကျဲတို့ဖြစ်ပြီး ဟိုမိသားစု၏ သားငါးယောက်ဖြစ်သည့် ဟိုယုတွမတစ်ဦးသာ မပါဝင်ခဲ့ချေ။

သူတို့၏နောက်တွင် ဟိုဖေး၊ ဟိုယင် နှင့် ဟိုချွန်းတို့ရှိပြီး ဤသုံးဦး၏နောက်တွင် မျိုးနွယ်စု၏ မကြာခဏမတွေ့ရသော မျက်နှာဆယ်ခုဖြစ်သည့် ခန္ဓာကိုယ်ဖွင့်အဆင့် ခြောက်ဆင့်ရှိ စစ်သည်များအားလုံး ရပ်တည်နေကြသည်။

အထက်ဟိုဂိတ်၏ ကွီအဖွဲ့ခေါင်းဆောင် ဟိုဖေး၊ အောက်ဟိုဂိတ်၏ ခေါင်းဆောင်ဆယ့်နှစ်ဦး၊ နှင့် ခန္ဓာကိုယ်ဖွင့်အဆင့် ဆယ်ဆင့်ရှိ စစ်သည်လေးဦး…..

ဤလူဆယ့်ခုနစ်ဦးသည် သူတို့၏ ကိုယ်ပိုင်စွမ်းရည်နှင့် သူတို့၏ အမိန့်ပေးနိုင်သော အင်အားများအရ ဟိုမိသားစု စုစည်းနိုင်သော အတောင့်တင်းဆုံးသော စစ်ရေးအင်အားဟု မှတ်ယူနိုင်၏။

ဟိုယုရှောင်က ၎င်းတို့အား ဤနေရာသို့ စုရုံးစေခြင်းသည် သူတို့၏ ရည်ရွယ်ချက်ကို စကားတစ်ခွန်းမျှမပြောဘဲ ရှင်းလင်းစေခဲ့သည်။

ဟိုယုရှောင်သည် ပြတင်းပေါက်အပြင်ဘက်ရှိ တောက်ပသောလရောင်ကို မော့ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏ တင်းမာနေသော မျက်ခုံးများ ပြေလျော့သွား၏။ သူသည် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပုံပင်။ သူသည် လူဆယ့်ခြောက်ဦးကို ပြန်လှည့်ကြည့်ပြီး အသံနက်နက်ဖြင့် စတင်ပြောကြားလိုက်သည်။

“လူကြီးမင်းတို့ နှိမ့်ချနေခဲ့ရတာ နှစ်နှစ်ရှိပြီ… အားလုံးလည်း အတော်လေး စိတ်ညစ်နေကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”

ဤစကားကိုကြားသည်နှင့် လူတိုင်း၏ အသက်ရှူသံများမှာ သိသိသာသာ ပိုမိုလေးလံလာခဲ့သည်။

ထိုနေရာတွင် ရပ်တည်နေသူအားလုံးသည် မိသားစု၏ အဓိကအင်အားစုများဖြစ်သည်။

သူတို့အများစုသည် ဟိုမောင်နှမများနှင့်အတူ ကြီးပြင်းလာခဲ့ခြင်းပင်။ အသက်ကြီးသူများသည် အစောပိုင်းကာလများမှစ၍ ဟိုထုံနှင့်အတူရှိခဲ့ပြီး မောင်နှမများ ကြီးပြင်းလာသည်ကို မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ကြသည်။

သူတို့၏ ဟိုမိသားစုအပေါ် သစ္စာစောင့်သိမှုသည် မည်သည့်စမ်းသပ်မှုကိုမဆို ခံနိုင်ရည်ရှိခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်က ဖြစ်ရပ်ပြီးကတည်းက မိသားစုအတွက် ဘဝသည် အလွန်ခက်ခဲခဲ့သည်။

ပျံလင်းတဂိုဏ်း၊ အစိမ်းရောင်ဝံပုလွေအဖွဲ့၊ နှင့် ပျော်ရွှင်သောတောအုပ်တို့သည် ဟိုမိသားစုကို နေရာတိုင်းတွင် ဖိနှိပ်ခဲ့ရုံသာမက သူတို့၏ ညီအစ်ကိုများစွာကို သတ်ဖြတ်ခဲ့ကြသည်။ ဟိုမိသားစု၏ စည်းစိမ်ဥစ္စာအများစုကို ယူဆောင်သွားခဲ့သော မြို့စား ရန်ဖုန်းသည်လည်း သူတို့အား အဆက်မပြတ် နှိပ်စက်ခဲ့သည်။

ပိုပြီးဒေါသထွက်စရာကောင်းခြင်းသည် ဟိုမိသားစု၏ ကြီးမားသည့် စွန့်လွှတ်အနစ်နာခံမှုများကြားထဲကပင် ထိုလူလိမ်လူကောက်ကြီး ရန်ဖုန်းက ဤအင်အားသုံးခုဘက်ကို ဆက်လက်ရပ်တည်နေပြီး ဟိုအိမ်တော်ကို အပြီးတိုင် ဖျက်ဆီးဖို့ ရည်ရွယ်နေခြင်းပင်။

ဟိုယုရှောင်က တီးဘူဒုံနှင့် သရေကျပြီးနောက် လွန်ခဲ့သည့်ခြောက်လက အခြေအနေများ အတော်လေးတိုးတက်လာပြီး သူတို့၏လုပ်ငန်းများကလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသော်လည်း သူတို့၏နှလုံးသားထဲတွင် အောင့်အီးထားရသည့် စိတ်ပျက်အားငယ်မှုက ဘယ်တော့မှ မလျော့ပါးခဲ့ပေ။

“ငါတို့မိသားစုရဲ့အင်အားက အခုထိ မလုံလောက်သေးဘူး၊ အလျင်စလိုလုပ်တာက မသင့်တော်ဘူး”

“နည်းနည်းလောက် သည်းခံလိုက်ပါ၊ ငါတို့လှုပ်ရှားတဲ့အခါ ဒီကိစ္စကို တစ်ကြိမ်တည်းနဲ့ အပြီးသတ်ရမယ်၊ မြွေကိုကိုက်မခံရဘဲ သတ်ပစ်ရမယ်”

“နီးနေပြီ၊ ကျင့်ကြံရေးမှာ နည်းနည်းလေးပိုပြီး တိုးတက်လိုက်ရင် ငါတို့မကြာခင်မှာ လုပ်ဆောင်နိုင်တော့မယ်”

......

အိမ်ထောင်ဦးစီး ဟိုယုရှောင်သာ မိသားစုက အင်အားစုဆောင်းဖို့ လိုအပ်သေးသည်ဟု ပြောပြီး သူတို့၏ လက်စားချေလိုသောဆန္ဒကို အဆက်မပြတ် ဖိနှိပ်မထားရင် သူတို့က အရင်ကတည်းက လုပ်ဆောင်ပြီးသားဖြစ်လောက်ပြီ။

ဒီနေ့ ဟိုယုရှောင်က ရှန့်ရှင်းအိမ်တော်ကနေ ပြန်လာပြီးနောက် သူက သူတို့အားလုံးကို ပထမဆုံးအကြိမ် အပြည့်အဝစုရုံးဖို့ ဆင့်ခေါ်ခဲ့ပြီး လူတိုင်း၏ စိတ်အတွင်းထဲ၌ သူတို့၏ အဖြေရှိနေပြီဖြစ်သည်။ အခု ဟိုယုရှောင်၏မေးခွန်းက သူတို့နှလုံးသားထဲက ဒေါသမီးကို လောင်စာထည့်ပေးရုံပင်။

“အစ်ကိုကြီး၊ အမိန့်ပေးပါ။ အဲဒီကောင်တွေကိုသတ်ဖို့ ကျွန်တော့်ဓားရှည်ကို မနည်းထိန်းထားရတာ”

ဟိုယုချန်သည် သူ၏ဘယ်ဘက်လက်သီးကို ဆုပ်ထားပြီး သူ့ညာဘက်လက်ကို ခါးတွင်ရှိသော ဓားရှည်၏လက်ကိုင်ပေါ်တွင် တင်ထားကာ ချက်ချင်းလုပ်ဆောင်ရန် အသင့်ဖြစ်နေသည်။ ဓားရှည်လား၊ သူကိုယ်တိုင်လား ဘယ်သူက ပိုမစောင့်နိုင်တော့ဘူးလဲဆိုတာ မရှင်းလင်းပေ။

“လွန်ခဲ့တဲ့ နှစ်နှစ်က တီးဘူးဒုံ အဲဒီကောင်လေးက ကျွန်တော့်ကိုကန်ခဲ့တယ်။ ကျွန်တော်အဲဒါကို အထင်းသားမှတ်မိနေတယ်။ ဒီနေ့ကို ကျွန်တော် အကြာကြီးစောင့်ခဲ့ရတာ။ အဲဒီကောင်ကို အဲဒီကန်ချက်က ဘယ်လောက်ကုန်ကျလဲဆိုတာ သိအောင်လုပ်ပေးဖို့ပဲ”

အရပ်ပုသော ဟိုဖေးလည်း ရှေ့သို့တိုးလာပြီး သူ၏စကားကို ထပ်ဖြည့်ပြောလိုက်သည်။

သူ့စကားကြောင့် လူတိုင်းက အနည်းငယ်ပြုံးလိုက်ကြသည်။ ဒီကလေးကောင်က အငြိုးအတေးကြီးပါလား…

“အဟွတ် အဟွတ်...”

စတုတ္ထအကြီးအကဲ ဟိုယုကျီက အနည်းငယ်သာ ချောင်းဟန့်လိုက်သော်လည်း သူ၏မျက်လုံးများထဲမှ လူသတ်လိုစိတ်မှာ အခြားမည်သူ့ထက်မဆို ပိုမိုပြင်းထန်နေ၏။

ကျန်သူများသည်လည်း စိတ်အားထက်သန်မှုအပြည့်ရှိကြပြီး စကားမပြောသူများပင်လျှင် ရန်လိုသောလေထုရှိကာ သူတို့၏လက်နက်များသည် သူတို့၏ဘေးတွင် တုန်ခါလုနီးပါးဖြစ်နေသည်။

ဒီလောက် စိတ်ဓာတ်တက်ကြွနေကြတာ။

ခန်းမထဲတွင် စိတ်လှုပ်ရှားနေသော လူအုပ်ကိုမြင်သောအခါ ဟိုယုရှောင်၏မျက်လုံးများတွင် ထက်မြက်သောအရိပ်အယောင်တစ်ခု ပေါ်လာပြီး ယနေ့ညအတွက် အစီအစဉ်များကို စတင်ချမှတ်ခဲ့သည်။

“ဒုတိယအကြီးအကဲ၊ စတုတ္ထအကြီးအကဲ မင်းတို့က အောက်ဟိုဂိတ်ရဲ့ ခေါင်းဆောင်ဆယ့်နှစ်ဦးကို ခေါ်ပြီး ဖေးယွန်းလမ်းက ပျံလင်းတဂိုဏ်းကိုသွားပြီး တီးဘူးဒုံနဲ့ သူ့သားကို ရှာပါ။ သနားညှာတာမှုမရှိဘဲ သတ်ပစ်လိုက်ပါ။ ပျံလင်းတဂိုဏ်းရဲ့ အခြားနောက်လိုက်တွေက မခုခံရင် အသက်ချမ်းသာပေးလိုက်ပါ”

“တတိယအကြီးအကဲ မင်းနဲ့ ဟိုဖေးက အထက်ဟိုဂိတ် ကွီအဖွဲ့ရဲ့ တပ်ဖွဲ့တွေကို ခေါ်ပြီး ဒုံကန်းလမ်းက အစိမ်းရောင်ဝံပုလွေအဖွဲ့ကို သွားပါ။ ဂိုဏ်းခေါင်းဆောင် ထန်ဂန်းနဲ့ သူ့တပည့်လေးယောက်….. ဒီငါးယောက်ကို ဖယ်ရှားရမယ်။ ဒုံကန်းလမ်းက ပင်ယန်းလမ်းနဲ့ နီးတယ်။ ခရိုင်အစိုးရနဲ့ အကျဉ်းထောင်အုပ်ချုပ်ရေးဌာနက အင်အားဖြည့်တင်းမှုတွေ ပို့ပေးနိုင်တယ်။ မင်းတို့ကို ကူညီဖို့ တခြားသူတွေကို ငါ စေလွှတ်ထားတယ်။ မှားယွင်းပြီး သူတို့ကို မထိခိုက်မိစေဖို့ သတိရပါ”

ဟိုယုလင်က သူ့တာဝန်ကို ကြားသောအခါ ချက်ချင်း အံ့သဩသွား၍ မေးလိုက်သည်။

“တခြားလူတွေ”

ဟိုမိသားစု၏ စစ်ရေးအင်အားက ဟိုမျိုးနွယ်စုကိုသာ အားကိုးခြင်းပင်။ အခြားဘယ်သူများ ရှိဦးမှာလဲ။ ဟိုယုလင်တင်မကပေ ဟိုယုချန်၊ ဟိုယုကျီနှင့် တခြားသူများကလည်း အံ့အားသင့်နေသည့် အမူအရာများအား ပြသနေကြ၏။

“ပျော်ရွှင်သောတောအုပ်က ငါတို့လူတွေပဲ”

ထိုစကားကို ကြားသည့်အခါ လူတိုင်း အံ့အားသင့်သွားပြီး မယုံကြည်နိုင်သည့် အမူအရာများအား ပြလိုက်ကြသည်။

လွန်ခဲ့သော နှစ်နှစ်က ပျံလင်းတဂိုဏ်း၊ အစိမ်းရောင်ဝံပုလွေအဖွဲ့နှင့်အတူ သူတို့ကို ဆန့်ကျင်ခဲ့သည့် ပျော်ရွှင်သောတောအုပ်က သူတို့လူများ ဖြစ်နေခြင်းပင်... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

“သံသယဝင်စရာမလိုဘူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က အဖေက ဇောင်ယန်းခရိုင်ကို ပထမဆုံးရောက်လာတဲ့အခါ ဂေါချန်နဲ့ ဂေါဟူ မောင်နှမတွေကို မွေးစားခဲ့တယ်။ အဖေက အဲဒီအချိန်မှာ အင်အားကြီးပေမယ့် သူက အခုမှရောက်လာတာဆိုတော့ အရမ်းပေါ်လွင်အောင် မလုပ်နိုင်ဘူး။ ဒါကြောင့် မိသားစုအတွက် မကောင်းတဲ့အလုပ်တချို့ကို လုပ်ဆောင်ဖို့ ပျော်ရွှင်သောတောအုပ်ကို တည်ထောင်ဖို့ ရန်ပုံငွေထောက်ပံ့ပေးခဲ့တယ်”

“မထင်မှတ်ဘဲ ပျော်ရွှင်သောတောအုပ်က အတော်လေးကောင်းကောင်း ဖွံ့ဖြိုးတိုးတက်လာတယ်။ အဖေက ပြန်သိမ်းရင် မြို့စားက သတိထားမှာကို စိုးရိမ်တာကြောင့် ဒါကို လူသိရှင်ကြား မလုပ်ခဲ့ဘူး။ ဂေါချန်က အဖေလွန်သွားပြီး နှစ်နှစ်အကြာမှာ လာအကြောင်းကြားမှ ငါလည်း သိခဲ့တာ”

“ဒါဆို ဂေါဝမ်ဝမ်နဲ့ ဖြစ်ရပ်က...”

ဟိုယုလင်က ရုတ်တရက် တည်တည်ကြည်ကြည် ဖြစ်သွားသည်။

ဟိုယုလင်၏ မှတ်ချက်ကို ကြားသည့်အခါ လူတိုင်းက ရုတ်တရက် သတိရသွားကြသည်။ လွန်ခဲ့သော နှစ်နှစ်က ဟိုယုရှောင်က မျက်နှာပြောင်းလဲနည်းကို သုံးပြီး ဂေါဝမ်ဝမ်ကို အရှက်ခွဲခဲ့ကာ ပျော်ရွှင်သောတောအုပ်နှင့် လင်းတပျံဂိုဏ်းကြားမှာ သွေးထွက်သံယို ရန်ငြိုးရန်စတွေ ဖြစ်စေခဲ့ခြင်းပင်။ ထိုအချိန်က သူတို့က အရမ်းထူးဆန်းတယ်လို့ ထင်ခဲ့ကြသော်လည်း အခုတော့ သူတို့က ချက်ချင်းနားလည်သွားကြပြီး အသိဉာဏ်ပွင့်သွားသလိုပင်။

ဟိုယုရှောင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အဲဒီဖြစ်ရပ်က ဂေါချန်နဲ့ ငါနဲ့ သုံးမိသားစု ပေါင်းစည်းတာကို တားဆီးဖို့ လုပ်ကြံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ အဲဒီအချိန်တုန်းက အဖေက အခုမှဆုံးသွားပြီး ငါတို့ရဲ့အင်အားက အရမ်းအားနည်းနေတော့ ဒီနည်းလမ်းကိုပဲ သုံးရတော့တာပေါ့”

ရှင်းပြချက်ကို ကြားပြီးနောက် ဟိုယုလင်က ဟိုယုရှောင်ကို ကြည့်ပြီး မကျေနပ်သည့် အမူအရာအနည်းငယ်ကို ပြသကာ ပြောလိုက်သည်။

“အစ်ကိုကြီးက ကျွန်တော့်ကို ဒီလောက်ထိ စိတ်ဆင်းရဲအောင် လုပ်ထားတာ။ ဝမ်ဝမ်က ကျွန်တော်ကို တကယ်ချစ်ပြီး ကျွန်တော်နဲ့အတူနေချင်တယ်လို့ ထင်ခဲ့တာ။ အဲဒါတွေအားလုံးက ကျွန်တော်ရဲ့ အထင်လွဲမှားမှုတွေ ဖြစ်နေတာပဲ”

......

ဟိုယုရှောင်၏ မျက်ခုံးများ ကြုတ်လိုက်ကာ ထပ်ပြောလိုက်သည်။

“ဝမ်ဝမ်က အဖေ့အမိန့်ကို လိုက်နာခဲ့တာ။ မိန်းကလေးတစ်ယောက်အနေနဲ့ သူက ဒီလောက်ထိ စွန့်လွှတ်အနစ်နာခံခဲ့ပြီး သူ့ဂုဏ်သိက္ခာကိုတောင် လျစ်လျူရှုခဲ့ပြီးသား။ သူသာ ငါနဲ့ ဆက်ပြီး ရောနှောနေရင် အရာတွေက တကယ်ကို မရှင်းလင်းတော့မှာမို့ ငါက သူ့ကို မင်းနဲ့ပဲ ထားခဲ့နိုင်တာပေါ့”

“ဒါပေမယ့် အစ်ကိုကြီး ကျွန်တော်ကို အရင်ကတည်းက မပြောပြနိုင်ဘူးလား။ ဝမ်ဝမ် ကျွန်တော်ကို သစ္စာရှိအောင်လုပ်တဲ့အရာက ကျွန်တော်ရဲ့ ပါးနပ်တဲ့နည်းဗျူဟာတွေကြောင့်လို့ ထင်ခဲ့တာ”

“မင်းရဲ့နည်းဗျူဟာတွေကလည်း မဆိုးပါဘူး။ ဘိုင်ယွီကျဲက မင်းရဲ့ဆွဲဆောင်မှုအောက်မှာ လုံးဝမူးယစ်သွားတာ မဟုတ်ဘူးလား”

ထိုသို့ ကူကယ်ရာမဲ့သည့် တုံ့ပြန်မှုက ဟိုယုလင်အတွက် သူ့ကိုယ်သူ ချီးကျူးသလိုမျိုး ဖြစ်နေ၏။ သူ့မျက်နှာမှာ ချက်ချင်း ဂုဏ်ယူနေသည့် အထိအတွေ့တစ်ခု ပေါ်လာပြီး သူက သူ့၏ အထူးကောင်းမွန်သော ပရောပရည်စွမ်းရည်များအတွက် သူ့ကိုယ်သူ ဂုဏ်ပြုနေသလိုမျိုး ဖြစ်နေခြင်းပင်။

ပျော်ရွှင်သောတောအုပ်သည်လည်း သူတို့လူများဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်း၏ ယုံကြည်မှုမှာ သိသိသာသာ ပိုမိုခိုင်မာလာပြီး သူတို့၏ တိုက်ခိုက်လိုစိတ်မှာလည်း အလားတူ မြင့်တက်လာခဲ့သည်။

ဇောင်ယန်းရှိ အင်အားနည်းသော အင်အားစုလေးခုထဲမှ သူတို့၏ ဟိုမိသားစုသည် ပထမနေရာတွင် ရပ်တည်နေပြီးဖြစ်သည်။ ပျော်ရွှင်သောတောအုပ်သည်လည်း သူတို့လူများဖြစ်ကြောင်း ထည့်သွင်းစဉ်းစားပါက လင်းတပျံဂိုဏ်းနှင့် အစိမ်းရောင်ဝံပုလွေအဖွဲ့တို့၏ ကံကြမ္မာသည် အပြီးသတ်ပြီးသားပင်။

မြို့စား ရန်ဖုန်းနှင့် အကျဉ်းထောင်အုပ်ချုပ်ရေးမှူး ချန်ယွဲ့တို့ကိုသာ ထည့်သွင်းစဉ်းစားရန် ကျန်ရှိတော့သည်။

ဇောင်ယန်းခရိုင်တွင် တတိယအဆင့် အင်အားစုတစ်ခုသည် နှစ်ပေါင်းများစွာ မပေါ်ပေါက်လာရသည့် အကြောင်းရင်းမှာ မြို့စား ရန်ဖန်းနှင့် အနီးကပ်ဆက်စပ်နေသည်။ ယခု အကျဉ်းထောင်အုပ်ချုပ်ရေးမှူးအသစ် ရောက်ရှိလာပြီး အရေးပါသော သြဇာလွှမ်းမိုးမှုရှိသူတစ်ဦးဖြစ်သောကြောင့် လူတိုင်းက စိုးရိမ်ပူပန်မှုအနည်းငယ်ကို ပြသခဲ့ကြသည်။

“ရန်ဖုန်း အဲဒီလူလိမ်ကြီး ဒီနေ့နေ့လည်က သူ့အကြံအစည်ထဲမှာ ငါပါသွားတယ်လို့ ထင်ပြီး သူ့ကို သွားစိန်ခေါ်ခဲ့တယ်။ ဒီညမှာ သူက ရွှေတွင်းကို အသေအချာ စောင့်နေလိမ့်မယ်။ ခရိုင်အစိုးရက စိုးရိမ်စရာမလိုဘူး။ ဒီအကျဉ်းထောင်အုပ်ချုပ်ရေးမှူးအသစ်အတွက် မင်းတို့ စိတ်ပူစရာမလိုဘူး။ ငါကိုယ်တိုင် သူ့ကို သွားတွေ့မယ်”

ဟိုယုရှောင်၏ ထိုပြောကြားချက်ကြောင့် လူတိုင်း၏ နောက်ဆုံးစိုးရိမ်မှုများလည်း ပျောက်ကွယ်သွားသည်။

“မင်းတို့၏တာဝန်က ခေါင်းဆောင်တွေကို ဖယ်ရှားဖို့ဆိုတာကို မှတ်ထားပါ။ လင်းတပျံဂိုဏ်းနှင့် အစိမ်းရောင်ဝံပုလွေအဖွဲ့တို့၏ အဓိကအဖွဲ့ဝင်တွေက အနည်းငယ်ပဲ ရှိတာ။ သူတို့ကို သတ်ပစ်လိုက်ရင် ပြီးတာပဲ။ ကျန်တဲ့ စစ်သည်တွေအတွက်က သူတို့ နာခံနေသရွေ့ ချမ်းသာပေးလို့ရတယ်။

နောက်ဆုံးတော့ ဂိုဏ်းနှစ်ခုကို ဖျက်ဆီးပြီးရင်တောင် ဇောင်ယန်းခရိုင်က ငါတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေဦးမှာပဲ။ လူတိုင်းကို သတ်ပစ်ရင် ပြန်လည်ထူထောင်ဖို့က မလွယ်ကူတော့ဘူး”

လူတိုင်းက ခေါင်းညိတ်သည်ကို မြင်သောအခါ ဟိုယုရှောင်က ခရိုင်မြို့၏ အရှေ့ဘက်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများက မှောင်မိုက်သောအရိပ်အယောင်တစ်ခုကို ဖော်ပြကာ တည်တည်ကြည်ကြည်ဖြင့် ပြောလိုက်သည်။

“ဒီညမှာ ကြီးမားသော အနှောင့်အယှက်တချို့ကို တွေ့ရနိုင်တယ်။ မင်းတို့ရဲ့ တာဝန်တွေကိုသာ အာရုံစိုက်ကြပါ။

ဟိုင်အချိန်မှာ အရာအားလုံး စတင်သင့်တယ်ဆိုတာကို မှတ်ထားပါ။ အဲဒီအချိန်ရောက်တာနဲ့၊ သူတို့ကို လမ်းကြောင်းပေါ် ပို့လိုက်ပါ။ တခြားဘာတွေဖြစ်ဖြစ်၊ လျစ်လျူရှုလိုက်ပါ”

သူတို့က သူ့အကြောင်းပြချက်ကို နားမလည်သော်လည်း သူတို့အားလုံးက ရိုရိုသေသေ ဒူးထောက်ပြီး အမိန့်တော်တိုင်းပါ ဟု ပြောလိုက်ကြသည်။

ဟိုယုရှောင်က လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး လူတိုင်းက အဓိကခန်းမကနေ အလျင်အမြန် ထွက်ခွါသွားခဲ့ကြသည်။

ထိုမျှကြာကြာ ဆွေးနွေးပြီးနောက် ယိုအချိန်က ကျော်လွန်သွားပြီး အခုက ရှုအချိန်၏ တတိယလေးပုံတစ်ပုံဖြစ်နေ၍ အချိန်တစ်နာရီသာ ကျန်တော့သည်။ သူတို့တွင် ပြင်ဆင်ရန် အချိန်အလုံအလောက်ရှိ၏။

ဟိုယုရှောင်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့ရင်ဘတ်ထဲက ငွေရောင်တိုကင်တစ်ခုကို ထုတ်ယူလိုက်သည်။ တိုကင်၏အရှေ့ဘက်တွင် အသက်ဝင်ပြီးလှပသော ခြေသုံးချောင်း ဘုရင်အိုးပုံကို ထွင်းထုထား၏။ သူသည် ဂန်းချီ အနည်းငယ်သာ အသက်သွင်းနိုင်ပြီး တိုကင်ထဲသို့ တိတ်တဆိတ် ထည့်သွင်းလိုက်ပြီးနောက် ထိုတိုကင်က ချက်ချင်း တောက်ပသည့် အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

အလင်းရောင်က တဖြည်းဖြည်း ပြင်းထန်လာသည်နှင့်အမျှ ဟိုယုရှောင်က ဂန်းချီကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်ပြီး ထိုအချိန်ကျမှ သူ၏မျက်နှာပေါ်တွင် စိတ်သက်သာရာရသည့်အမူအရာတစ်ခု ပေါ်လာခဲ့သည်။

“လင်းတပျံဂိုဏ်းနဲ့ အစိမ်းရောင်ဝံပုလွေအဖွဲ့က ကြောက်စရာမလိုတော့ဘူး။ ဒုတိယအကြီးအကဲနဲ့ သူ့အဖွဲ့က ကိုင်တွယ်နိုင်လောက်တယ်။ ရန်ဖန်းက ငါ့ရဲ့လှည့်ကွက်ထဲ ပါသွားပြီ။ စိုးရိမ်ရတာက ချန်ယွဲ့ပဲ။

ချီစုစည်းခြင်း ဒုတိယနယ်ပယ်၊ မကောင်းဆိုးဝါးစုဆောင်းခြင်းအဆင့်က ကျင့်ကြံသူတစ်ယောက် သူက ရန်ဖန်းထက်တောင် ပိုပြီးပြဿနာများတယ်”

ဟိုယွီရှောင်၏အသံက အနည်းငယ်လေးနက်လာခဲ့သည်။ ရန်ဖန်းတစ်ယောက်ကို ကိုင်တွယ်ဖို့က သူ့စွမ်းရည်ထက် အနည်းငယ်ကျော်လွန်နေပြီး အခု ချန်ယွဲ့ကို တိုက်ရိုက်ရင်ဆိုင်ဖို့က လက်တွေ့အားဖြင့် မဖြစ်နိုင်ပေ။

“သူက ငါတို့လေးမိသားစုကို ပြည်တွင်းစစ်ရှောင်ဖို့ ပြောနေတာက ဖြောင့်မတ်သောလမ်း စစ်သည်များ မကြာခင်ရောက်လာမှာကို ကြောက်ပြီး ဖြောင့်မတ်သောလမ်းကို ဆန့်ကျင်ဖို့ ခရိုင်ရဲ့စစ်သည်တွေကို စုစည်းဖို့ ရည်ရွယ်နေတာ။ ဒီအရေးကြီးတဲ့အချိန်မှာ ငါက ရဲရဲတင်းတင်း တိုက်ခိုက်ပြီး လင်းတပျံဂိုဏ်းနဲ့ အစိမ်းရောင်ဝံပုလွေအဖွဲ့ နှစ်ခုလုံးကို ဖျက်ဆီးလိုက်ပြီး အခြေခံအားဖြင့် သူ့ကို အကြီးအကျယ် စော်ကားလိုက်တာပဲ။

သံတမန်ရေးရာနဲ့ အင်အားကို ပေါင်းစပ်ပြီး သူက ငါ့စကားကို နားထောင်ပြီး ထျန်းလင်ခရိုင်က ဖြောင့်မတ်သောလမ်းကို ဆန့်ကျင်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိရင် အဲဒါက မဆိုးဘူး။ သူသဘောမတူရင် တခြားတစ်ယောက်ယောက်က သူ့ကို ကိုင်တွယ်မှာပဲ”

ဟိုယုရှောင်၏အမူအရာက တဖြည်းဖြည်း ခိုင်မာလာခဲ့သည်။ ဟိုမိသားစုက လင်းတပျံဂိုဏ်းနှင့် အစိမ်းရောင်ဝံပုလွေအဖွဲ့ကို ဖျက်ဆီးတာက အပြီးသတ်ပြီးသားဖြစ်ပြီး မျိုးနွယ်စုဝင်တွေက ဟိုင်အချိန်မှာ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

“ဒီလောက်ကြီးမားတဲ့ အနှောင့်အယှက်တွေဖြစ်ရင် ချန်ယွဲ့က အသေအချာ သတိထားမိမှာပဲ။ သူသာ ဝင်ရောက်စွက်ဖက်ရင် ဒီညအတွက် ဟိုမိသားစုရဲ့အစီအစဉ်တွေက မအောင်မြင်နိုင်တော့ပေ”

ဟိုယုရှောင်က သူ့ကိုယ်သူ သပ်ရပ်စွာပြင်ဆင်ပြီး ညအချိန်ကို အသုံးချကာ အိမ်ခေါင်မိုးများပေါ်မှ ပြေးကာ ခရိုင်အစိုးရအနီးသို့ ဦးတည်သွားလိုက်သည်။

All Chapters