← Chapters

နတ်ဘုရားသွေးမြစ်၏ ကူးတို့လှေသမား

Vol. 103 Ch. 1579

နတ်ဘုရားသွေးမြစ်၏ ကူးတို့လှေသမား

Vol. 103 Ch. 1579

ရွှီချင်းက ချက်ချင်း မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်လာသည်။ သေခြင်းရှင်ခြင်းအန္တရာယ်က သူ၏ နှလုံးသားထဲမှာ အပြည့်အဝ ပေါ်လျှိုးလာသည်။

ဤမတိုင်ခင် အရည်အချင်းပြည့်မီတုံကင်ဖြင့် ပထမဆုံးအကြိမ် သူပေါင်းစပ်ခဲ့စဉ်က တောင်ပိုင်းကြယ်စင်စုတစ်ခုလုံးထဲမှ မရေမတွက်နိုင်သော ကြယ်များကို မြင်တွေ့ခဲ့သည်။

ကြယ်များက မတူညီသော သိပ်သည်းမှုဖြင့် ထွန်းလင်းတောက်ပနေသော်လည်း သူ၏ စိတ်ထဲမှာ ယင်းတို့က ဝေဝါးနေဆဲပင်။

သို့သော်လည်း ယခု တမူထူးခြားသော ကြယ်တစ်လုံးက ထွက်ပေါ်လာသည့်အခါ ရွှီချင်းက ခြားနားမှုကို ချက်ချင်း ခံစားမိသွားသည်။

ယင်းက အမှတ်အသားတစ်ခုမျှသာ ဖြစ်သော်လည်း သူ၏ နှလုံးက စိုးရိမ်ကြောင့်ကြမှုနှင့်အတူ မြန်ဆန်စွာ ခုန်မြည်လာသည်။

ထိုတောက်ပသော ကြယ်က သူနှင့် အလွန်ဝေးကွာနေသည့်တိုင် ယင်းက သူ၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာနိုင်ဆဲပင်။

“ အဲ့ဒီလူ… အရမ်းသန်မာတယ် ”

“ သူ့ရဲ့ ကျင့်ကြံခြင်းက အလယ်အလတ်အဆင့် အုပ်ချုပ်သူမဖြစ်နိုင်လောက်ဘူး… သူက နှောင်းပိုင်းအဆင့် အုပ်ချုပ်သူဖြစ်ဖို့ ရာခိုင်နှုန်းအရမ်းများတယ် ”

“ စောစောက ငါသတ်လိုက်တဲ့ လူငယ်က ဒီလူကို စောင့်နေတာလား ”

သူ၏ ယခင်သုံးသပ်မှုများကြောင့် ရွှီချင်းက ကြောက်ရွံ့မှုကို ခံစားမိသွားသည်။

အကယ်၍ သူသာ မွေးရာပါအမာရွတ်နှင့် လူငယ်ကို မြန်နိုင်သမျှမြန်မြန် မသတ်ဖြတ်ခဲ့လျှင် ဤအခိုက်အတန့်မှာ သူ၏ အရည်အချင်းပြည့်မီတုံကင်က ကီလိုမီတာငါးသန်းအကွာအဝေးကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။

ထို့ပြင် အကယ်၍ သူသာ ကော်ဖြင့် ချုပ်နှောင်ခံခဲ့ရမည်ဆိုလျှင် ရန်သူက သူ့ဆီကို မလွဲဧကန် ရောက်ရှိလာလိမ့်မည်။

ထိုအချိန်ကျလျှင် သူ့ကို စောင့်ဆိုင်းနေမည်မှာ သေခြင်းတရားသာ ဖြစ်၏။

အမှန်မှာ ထိုအချိန်ကျလျှင် သူ့မှာ လွတ်မြောက်နိုင်မည့် ဖြစ်နိုင်ခြေပင် မရှိနိုင်လောက်ချေ။

ယခု သူ၏ ဒဏ်ရာများက မသေးငယ်သော်လည်း အနည်းဆုံးတော့ သူ့ဆီမှာ တခြားရွေးချယ်စရာများ ရှိနေဆဲပင်။

သို့ဖြစ်၍ ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တုံ့ဆိုင်းမနေဘဲ အလျင်ကုန် ထုတ်သုံးလိုက်သည်။

သူက စွမ်းအားထိန်ချန်မနေဘဲ အဝေးသို့ ချက်ချင်း တည်နေရာပြောင်းရွှေ့သွားသည်။

ရွှီချင်းသည် သူ၏ လက်ရှိတိုက်ပွဲစွမ်းအားအရ အစောပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးကို သတ်ဖြတ်နိုင်ကြောင်း ရှင်းလင်းစွာ သိထားသည်။ အကယ်၍ အဖိုးကိုး၏ ဓားစွမ်းအင်ကို အသုံးပြုမည်ဆိုလျှင် သူက အစောပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးကို ချက်ချင်း သတ်ဖြတ်နိုင်လိမ့်မည်။

သို့သော်လည်း သူ၏ လက်ကျန်ဓားစွမ်းအင်ဖြင့် အလယ်အလတ်အဆင့် အုပ်ချုပ်သူတစ်ပါးကို အနိုင်ယူနိုင်လိမ့်မည်ဟု ရွှီချင်း မထင်ပေ။

ထို့ပြင် သူ့အနောက်ကို လိုက်ဖမ်းနေသော ကြောက်မယ်ဖွယ်ရာ ထိုတည်ရှိမှုက နှောင်းပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးဖြစ်ရန် အလွန်ရာခိုင်နှုန်းများသည်။

ထို့ပြင် သူက လောလောဆယ် ဒဏ်ရာရရှိထားလေရာ တိုက်ခိုက်ရန် လုံးဝမသင့်တော်ပေ။

သို့သော် ရွှီချင်းက မြန်ဆန်သော်လည်း သူ့ကို လိုက်ဖမ်းနေသူက သူ့ထက် ပိုပြီးမြန်ဆန်နေသည်။

ထို့ပြင် တစ်ဖက်လူ၏ တုံကင်၏ အာရုံခံနိုင်သော အကွာအဝေးက အလွန်အံ့ဖွယ်ကောင်းသော အဆင့်ထိ ရောက်ရှိနေသည်။ အနည်းဆုံးတော့ ယင်းက ကီလိုမီတာငါးသန်းကျော်ရမည်။

သို့ဖြစ်၍ ရွှီချင်း၏ လှုပ်ရှားမှုအားလုံးက တစ်ဖက်လူ၏ စိတ်အာရုံအတွင်းမှာ ရှိနေကြောင်း ထင်ရှားသည်။ သူ၏ လက်ရှိအမြန်နှုန်းက အံ့ဖွယ်ကောင်းသော်လည်း တစ်ဖက်လူက ဥက္ကာပျံတစ်စင်းပမာ မြန်ဆန်သည်ဟု ရွှီချင်း ခံစားမိသည်။

ထို့ကြောင့် သူတို့ကြားမှ အကွာအဝေးက မြန်ဆန်စွာ တိုတောင်းလာသည်။

အချိန်ကြာလာသည်နှင့်အမျှ ရွှီချင်း၏ အသွေးအသားများ၊ ဝိညာဉ်နှင့် အသိစိတ်ထဲမှာ အန္တရာယ်သတိပေးသံက ပိုပြီးကျယ်လောင်လာသည်။ ဤသည်မှာ မုန်တိုင်းတစ်ခုက အစပျိုးလာနေသည့်အလားပင်။

သူ၏ အသွေးအသားများ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများက ဤအခိုက်အတန့်မှာ ကိုယ်ပိုင်အသိစိတ်ရှိလာသည့်အလား အန္တရာယ်ခံစားမှုကို ထုတ်လွှတ်လိုက်ကြသည်။

“ စောစောက တိုက်ပွဲကို အမြန်ဆုံး ငါအဆုံးသတ်ခဲ့ပါတယ်… အခုကြည့်ရတာတော့ နည်းနည်း ငါနောက်ကျသွားတဲ့ပုံပဲ ”

ရွှီချင်း၏ အသက်ရှူသံက မြန်ဆန်လာသည်။ သို့သော်လည်း သူက စိတ်အေးအေးထားရန် အကောင်းဆုံး ကြိုးစားလိုက်သည်။

သေခြင်းရှင်ခြင်းအခြေအနေဖြင့် ရင်ဆိုင်ရသည့်အခါ သူက ပိုပြီးစိုးရိမ်ကြောင့်ကြလေ ပိုပြီးအန္တရာယ်များလေဖြစ်ကြောင်း နားလည်သည်။

“ ငါ့ရဲ့ လက်ရှိအမြန်နှုန်းနဲ့ဆိုရင် အများဆုံး ရှစ်မိနစ်အတွင်းမှာ အဖမ်းခံရလိမ့်မယ်… အခွင့်အာဏာတွေရဲ့ အားဖြည့်ပေးမှုနဲ့ဆိုရင် အချိန်တချို့ ပိုဆွဲထားနိုင်လိမ့်မယ်… ဒါပေမဲ့ အဲ့ဒါတောင် အများဆုံး ဆယ့်ငါးမိနစ်ပဲ အချိန်ဆွဲနိုင်လိမ့်မယ်… ”

ဆယ့်ငါးမိနစ်…

သူက မြေပုံကို ပြန်စဉ်းစားလိုက်သည်။ သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် တည်နေရာတစ်ခုကို ချက်ချင်း ရှာဖွေလိုက်သည်။

နတ်ဘုရားသွေးမြစ်…

ကူးတို့လှေသမား…

“ ဒီဟာက မြစ်ကို ဖြတ်တဲ့ ငါ့ရဲ့ ပထမဆုံးအကြိမ်ဆိုတော့ ခြောက်ရက်စာ သက်တမ်းကိုပဲ ကူးတို့ခအဖြစ် ငါပေးရလိမ့်မယ်… ပြီးတော့ မြစ်ကို ဖြတ်တဲ့ အတောအတွင်း ငါက သေချာပေါက် ဘေးကင်းလုံခြုံလိမ့်မယ် ”

ရွှီချင်းက သူ၏ ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး အရှိန်မြှင့်တင်လိုက်သည်။

တစ်ချိန်တည်းမှာ သူက ချိပ်တံဆိပ်လက်ဟန်များကို လက်နှစ်ဖက်စလုံးဖြင့် ထုတ်ဖော်လိုက်သည်။ နောက်အခိုက်အတန့်မှာ သွေးက သူ၏ အရေပြားမဲ့ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

သွေးက မြူခိုးအဖြစ် ပြောင်းလဲသွားပြီး လောင်ကျွမ်းသွားသည်။

ယင်းက သွေးလောင်ကျွမ်းခြင်း အတတ်ပညာဖြစ်သည်။ ယင်းက အတိတ်မှာ အားညိုထံမှ ရွှီချင်းသင်ယူခဲ့သော အလျှင်တိုးမြှင့်ခြင်းအတတ်ပညာ ဖြစ်သည်။

သို့သော်လည်း ဤအတတ်ပညာက သူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သောကြောင့် ယင်းကို ခဏခဏ အသုံးမပြုနိုင်ပေ။

သို့သော်လည်း ယခုကဲ့သို့ သေခြင်းရှင်ခြင်းအခြေအနေမျိုးမှာ ရွှီချင်းက အလျှင်တိုးမြှင့်ခြင်းအတတ်ပညာ၏ ဘေးထွက်ဆိုးကျိုးကို မစဉ်းစားနိုင်တော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ အလျင်က တစ်ဟုန်ထိုး တိုးမြှင့်သွားပြီး သူ၏ တည်နေရာပြောင်းရွှေ့မှုက ပိုပြီးကျယ်ပြောသွားသည်။ သူက နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူပြန်ပေါ်လာသည့်အခါ ကီလိုမီတာငါးသိန်းအဝေးသို့ ရောက်ရှိသွားသည်။

ဤဧရိယာက အနောက်ပိုင်းကြယ်စင်စုနှင့် တောင်ပိုင်းကြယ်စင်စုကြားမှ နယ်စပ်ဒေသဖြစ်သော်လည်း တောင်ပိုင်းကြယ်စင်စုထဲသို့ လုံးလုံးလျားလျား ဝင်ရောက်နေသည်။ အမှန်မှာ နတ်ဘုရားသွေးမြစ်နှင့် ဤဧရိယာကြားတွင် အလွန်ကျယ်ပြောသော အကွာအဝေးတစ်ခု ရှိနေဆဲပင်။

သို့ဖြစ်၍ ရွှီချင်းက ပြန်ပေါ်လာသည်နှင့်ချက်ချင်း နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရသည်။

သူက ထပ်မံ တည်နေရာပြောင်းရွှေ့လိုက်သည်။

ထိုသို့ဖြင့် သူက ဆယ်ကြိမ်ဆက်တိုက် တည်နေရာပြောင်းရွှေ့ပြီးနောက် ကီလိုမီတာငါးသန်းအကွာအဝေးသို့ ရောက်ရှိသွားသည်။ သူ၏ ဒဏ်ရာများက ပိုပြီးဆိုးဝါးလာပြီး သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အားနည်းမှုက ပိုပြီးထင်ရှားလာသည်။

ကံကောင်းစွာဖြင့် အလျှင်တိုးမြှင့်ခြင်းအတတ်ပညာက အတော်လေး ထိရောက်သည်။ သို့ဖြစ်၍ သူနှင့် ထိုလိုက်ဖမ်းသူကြားမှ အကွာအဝေးက ကီလိုမီတာလေးသန်းဖြစ်သွားသည်။

သို့သော်လည်း ကီလိုမီတာလေးသန်းဟူသော အကွာအဝေးက အဆင့်နိမ့်ကျင့်ကြံသူများအတွက် သူတို့တစ်ဘဝလုံးစာ ဖြတ်သန်းရန် လုံလောက်သော်လည်း ပညာရှင်ကျင့်ကြံသူများအတွက်တော့ ယင်းက အသေးအမွှားသာ ဖြစ်သည်။

ထို့ကြောင့် သွေးလောင်ကျွမ်းခြင်းနည်းလမ်းကို ဆက်ပြီး အသုံးမပြုနိုင်တော့သည့်အခါ ရွှီချင်း၏ ဒြပ်စင်ငါးမျိုးအတတ်ပညာများက ကြီးမားသော အင်အားနှင့်အတူ ထွက်ပေါ်လာကြသည်။ ပထမဆုံးအနေဖြင့် ရေနှင့် မီးက ထိပ်တိုက်တွေ့ဆုံသွားပြီး ပေါက်ကွဲမှုအားကို ဖန်တီးပေးလိုက်သည်။

ထိုပေါက်ကွဲမှုအားက သူ၏ အလျင်ကို တိုးမြှင့်ပေးလိုက်သည်။

ထို့နောက် ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ မြေကြီးက တုန်လှုပ်သွားသည်။ မရေမတွက်နိုင်သော မြေတံတိုင်းများက အပေါ်သို့ မြှောက်တတ်လာကြသည်။ ယင်းတို့က လျှပ်တစ်ပြက်အတွင်းမှာ ကောင်းကင်ပေါ်ထိ ရောက်ရှိသွားကြပြီး လမ်းကြောင်းပိတ်ဆို့လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ လောကက တုန်လှုပ်သွားပြီး မြေတံတိုင်းများ၏ အရေအတွက်က တစ်သိန်းအထိ တိုးမြှင့်သွားသည်။

ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။

နောက်တစ်ခုက လေဖြစ်သည်။

ရွှီချင်းမှာ အစက လေအခွင့်အာဏာမရှိပေ။

သို့သော်လည်း အစောနက မွေးရာပါအမာရွတ်ရှိသော လူငယ်နှင့် တိုက်ခိုက်ပြီးနောက် လေအခွင့်အာဏာအပေါ် သူ၏ နားလည်သဘောပေါက်မှုက လမ်းကြောင်းပွင့်သွားသည်။

သစ်သား၏ ဝိသေသလက္ခဏာများသည် လေနှင့် ဆင်တူသည်။

သူတို့နှစ်ခုစလုံးက အသက်ဓာတ်နှင့် လိုက်လျောညီထွေနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။

သို့ဖြစ်၍ သစ်သားစွမ်းအားက ဆင်းသက်လာပြီး လေကဲ့သို့ စီးဆင်းသွားသည်။

သစ်သားက ကောင်းကင်ပေါ်မှာ လေအဖြစ် ပြောင်းလဲသွားဟန် ရ၏။ နောက်အခိုက်အတန့်မှာ ထိုစွမ်းအား၏ အားဖြည့်ပေးမှုကြောင့် ရွှီချင်း၏ အလျင်က ထပ်မံ မြင့်တတ်သွားသည်။

အရာအားလုံးက ပေါင်းစည်းသွားသည့်အခါ သူ၏ အလျင်က သူ့ခန္ဓာကိုယ်၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သူက ရွေ့လျားသွားနေစဉ် အသံပေါက်ကွဲမှုများက ထွက်ပေါ်လာကြပြီး လောကက တုန်လှုပ်သွားသည်။

သို့သော်လည်း ရွှီချင်းက စိတ်မကျေနပ်သေးပေ။ အဘယ့်ကြောင့်ဆိုသော် ထိုလိုက်ဖမ်းနေသူက သူ၏ အစီအစဉ်ကို သိရှိသွားသည့်အလား ရုတ်တရက် အရှိန်မြှင့်တင်လိုက်သောကြောင့် ဖြစ်သည်။

ထိုလူက အရှိန်မြှင့်တင်လိုက်သည့်အခါ သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက ကီလိုမီတာနှစ်သန်းခွဲမျှသာ ဝေးကွာတော့သည်။

ထိုမျှအကွာအဝေးကြောင့် ရွှီချင်းသည် သူ့အနောက်မှ လိုက်လာနေသော အန္တရာယ်အရှိန်အဝါကို ပိုပြီးရှင်းလင်းစွာ ခံစားမိသွားသည်။ ဤသည်မှာ သူ့အနောက်တွင် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သော နေတစ်စင်းက ရှိနေသည့်အလားပင်။

ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ အားနည်းသော ခံစားမှုကို အန္တရာယ်ခံစားမှုက ဖိနှိပ်လိုက်သည်။ ရွှီချင်းက လေဟာနယ်အတတ်ပညာကို အသက်သွင်းလိုက်သည့်အခါ သူ၏ မျက်လုံးက နီရဲသွားသည်။

နယ်မြေလွတ်များနှင့် ထပ်ဆင့်လွှမ်းခြုံမှုက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ လေဟာနယ်တာအိုကို အသုံးပြုလိုက်သည့်အခါ သူ၏ အလျင်က ပိုပြီးအံ့ဖွယ်ကောင်းသွားသည်။ ယင်းက သူ့ခန္ဓာကိုယ်၏ လက်ရှိအကန့်အသတ်ထက် ကျော်လွန်သွားသည်။ သို့ဖြစ်၍ အက်ကွဲရာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။

သို့သော်လည်း ရွှီချင်းက ယင်းတို့ကို ဂရုမစိုက်နေပေ။ ဗုန်းဟူသော မြည်သံနှင့်အတူ သူက နောက်ထပ် ကီလိုမီတာငါးသိန်းအဝေးကို တည်နေရာပြောင်းရွှေ့သွားသည်။

တစ်ချိန်တည်းမှာ အချိန်တာအိုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်၏ အချိန်စီးဆင်းမှုကို ရပ်တန့်ပစ်လိုက်သည်။ သူက ထိုနည်းဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲရာများကို ယာယီတားဆီးလိုက်သည်။

သူ၏ အနောက်မှ မြေတံတိုင်းများသည်တော့ ဝုန်းခနဲ မြည်သွားကြသည်။ ရွှီချင်း မြှုပ်နှံထားခဲ့သော မီးတောက်များသည်လည်း ပေါက်ကွဲထွက်သွားကြသည်။

ယင်းတို့က သူ့အနောက်မှ လိုက်ဖမ်းသူကို နှောင့်ယှက်လိုက်သည်။

ထိုအကျိုးသက်ရောက်မှုက သိပ်မထူးခြားသော်လည်း ယင်းက ထိုလိုက်ဖမ်းသူကို အသက်တစ်ခါရှူချိန်စာ ကြန့်ကြာစေနိုင်မည်ဆိုလျှင်ပင် လက်ရှိရွှီချင်းအတွက် အလွန်တန်ဖိုးရှိသည်။

နောက်ဆုံးမှာတော့ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုအောက်မှာ ရွှီချင်းသည် အစွမ်းထက် အတတ်ပညာများကို အကုန်ထုတ်သုံးလိုက်ပြီးနောက် အဝေးတွင် အဆုံးမဲ့သော မြစ်ရှည်တစ်စင်းကို မြင်တွေ့သွားသည်။

ထိုမြစ်က အကန့်အသတ်မဲ့ဟန်ရပြီး သွေးရောင်လွှမ်းနေသည်။

မြစ်က အလွန်ကျယ်ပြောလေရာ ယင်းက ကောင်းကင်ဘုံထိ ဆန့်တန်းနေသည့်အလား အောက်မေ့ရသည်။

ယင်းက သမုဒ္ဒရာတစ်စင်း၏ အရွယ်အစားထက် သာလွန်သည်။

သွေးနံ့က မြစ်ထဲမှ အလွန်အားကောင်းစွာ ထွက်ပေါ်နေပြီး ဘေးပတ်ဝန်းကျင်မှာ စိမ့်ဝင်နေသည်။

ရွှီချင်းက မြစ်ကို မြင်သွားသည့်အခိုက် သူ၏ အမြင်အာရုံက ဝေဝါးလာပြီး အားနည်းသော ခံစားမှုက ပိုပြီးပြင်းထန်လာသည်။ သို့သော်လည်း ယင်းက မြစ်ကမ်းနားမှာ ကျောက်ချထားသော အနက်ရောင်လှေတစ်စင်းအား သူမမြင်တွေ့နိုင်စေရန် မတားဆီးနိုင်ခဲ့ပေ။

လှေသည် သာမန်ဖြစ်ပုံပေါ်သည်။ လှေက မြစ်ကမ်းနားမှာ ကျောက်ချထားစဉ် ပုံရိပ်တစ်ခုက လှေပေါ်မှာ ထိုင်နေသည်။

ထိုလူက မိုးကာဖျင်အင်္ကျီကို ဝတ်ဆင်ထားပြီး ကတော့ချွန်ပုံသဏ္ဍာန် ဝါးခမောက်ကို ဆောင်းထားသည်။ သူ၏ လက်ထဲတွင် ဆေးတံတစ်ချောင်းကို ကိုင်ထားလေရာ သူက ဆေးတံဖွာနေပုံပေါ်သည်။

ကူးတို့လှေက မည်သို့ပုံစံရှိကြောင်း တစ်ခါမှ သူမမြင်ဖူးပေ။ မြေပုံက ပြောပြထားသည်မှာ အကြမ်းဖျဉ်း အချက်အလက်များသာဖြစ်ပြီး အသေးစိတ်မဟုတ်ပေ။ သို့သော်လည်း ယခု သူ့မှာ ယင်းကို အတည်ပြုရန် အချိန်မရှိပေ။ သူက နောက်ဆုံးအကြိမ် သွေးလောင်ကျွမ်းခြင်းကို အသုံးပြုလိုက်သည့်အခါ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး တည်နေရာပြောင်းရွှေ့သွားသည်။

နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က အထီးကျန်လှေ၏ အပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သေခြင်းရှင်ခြင်းခံစားမှုက အပြင်းအထန် ပေါ်လျှိုးလာသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာ အဆုံးမဲ့သော အပူကို ထုတ်လွှတ်နေသည့် ပုံရိပ်တစ်ခုက ရွှီချင်းကို လိုက်မီသွားသည်။

ထိုလူက ရွှီချင်းကို လက်သီးဖြင့် ထိုးလိုက်သည်။

မဟာဧကရာဇ်ရတနာဒိုင်းကာက ချက်ချင်း ထွက်ပေါ်လာသည်။

မဟာဧကရာဇ်ရတနာကတ်ကြေးသည်လည်း ထွန်းလင်းတောက်ပသွားသည်။

ဤအခိုက်အတန့်မှာ အဖိုးကိုး၏ ဓားစွမ်းအင်ကို ထိန်ချန်နေရန် မလိုတော့ပေ။

ရွှီချင်းက ဧကရာဇ်ဓားကိုပင် ထုတ်သုံးလိုက်သည်။

သူက အစွမ်းကုန်သုံး၍ ခုခံကာကွယ်လိုက်သည်။

နှောင်းပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါး၏ စွမ်းအားက ဤအခိုက်အတန့်မှာ အပြည့်အဝ ထွက်ပေါ်လာသည်။ မဟာဧကရာဇ်ရတနာဒိုင်းကာက ဝုန်းခနဲ မြည်သွားပြီး ၎င်းက အက်ကွဲရာများနှင့်အတူ အနောက်သို့ လွင့်စင်သွားသည်။

မဟာဧကရာဇ်ရတနာကတ်ကြေးသည်လည်း ထို့အတူပင်။ ကတ်ကြေးပေါ်မှာ အစကတည်းက အက်ကွဲရာများရှိနေလေရာ နှောင်းပိုင်းအဆင့် အုပ်ချုပ်သူ၏ လက်သီးကြောင့် ယင်းက အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

အဖိုးကိုး၏ ဓားစွမ်းအင်က အားကောင်းသော်လည်း ယင်းက ဒိုင်းကာနှင့် ကတ်ကြေးဖြင့် ပူးပေါင်းခဲ့သည့်တိုင်အောင် ထိုလက်သီး၏ စွမ်းအားကို အနည်းငယ်မျှသာ အားနည်းစေခဲ့သည်။

နောက်ဆုံးမှာတော့ ရွှီချင်း၏ ဧကရာဇ်ဓားက လက်သီး၏ လက်ကျန်စွမ်းအားကို ခုခံတားဆီးလိုက်ရသည်။

ဝုန်းခနဲ မြည်သံများကြားတွင် ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်သည်တော့ အပိုင်းပိုင်းအထစ်ထစ် ခုတ်ဖြတ်ခံနေရသည့်အလား ခံစားမိသွားသည်။ သို့သော်လည်း သူက မပျက်စီးသွားခဲ့ပေ။ ယင်းအစား သူက လက်သီး၏ အရှိန်ကို ငှားယူ၍ လှေပေါ်သို့ ပြုတ်ကျသွားသည်။

သူက လှေပေါ်သို့ ပြုတ်ကျသွားသည့်အခိုက် လှေက တအိအိတုန်ခါသွားသည်။ လှေပေါ်တွင် လဲလျောင်းနေသော ရွှီချင်းသည်တော့ သေအံ့ဆဲဆဲအခြေအနေမှာ ရှိသည်။

သို့သော်လည်း ကောင်းကင်ပေါ်မှ ပုံရိပ်က မရပ်တန့်သွားပေ။ ဤအခိုက်အတန့်မှာ သူက လှေနားသို့ ချဉ်းကပ်လာပြီး သူ၏ လက်ကို မြှောက်လိုက်ကာ ရွှီချင်းထံသို့ ဖမ်းဆုပ်လိုက်သည်။

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ ပါးစပ်ထဲမှ ပစ္စည်းကို မျိုချရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ့လက်က ရွှီချင်းကို ဖမ်းဆုပ်သွားတော့မည့်အချိန် လှေပေါ်၌ မိုးကာဖျင်အင်္ကျီနှင့် ကတော့ချွန်ပုံသဏ္ဍာန် ဝါးခမောက်ကို ဆောင်းထားသော ကူးတို့လှေသမားက ဆေးတံကို ဖွာလိုက်ပြီး သူ၏ ဆေးတံဖြင့် လှေပေါ်မှ ကုန်းပတ်ကို ညင်သာစွာ ခေါက်လိုက်သည်။

မည်သည့်အသံမှ မထွက်ပေါ်လာသော်လည်း လှေပေါ်မှ ပုံရိပ်သည်တော့ အပြင်းအထန် တုန်ယင်သွားသည်။ သူ၏ ဆန့်ထုတ်ထားသော ညာလက်က ချက်ချင်း ဝေဝါးသွားပြီး ပျောက်ကွယ်သွားသည်။ သူ၏ ပုံရိပ်သည်ပင် အနောက်သို့ လွင့်စင်သွားပြီး သူ၏ အရှိန်အဝါအားလုံးက လွင့်ပြယ်သွားသည်။ ထိုအခါ သူ၏ အသွင်သဏ္ဍာန်က ရှင်းလင်းထင်ရှားသွားသည်။

သူက အနီရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ဖြစ်သည်။

သူက ဟန်ချက်ပြန်ထိန်းလိုက်ပြီးနောက် လှေပေါ်မှ ကူးတို့လှေသမားကို ကြောက်လန့်စွာ ကြည့်လိုက်ပြီး ဦးညွတ်လိုက်သည်။

“ စီနီယာ… ငါ စည်းမျဉ်းတွေကို မချိုးဖြတ်ခဲ့ပါဘူး… ဒီလူက လှေပေါ်ကို တတ်သွားပေမဲ့ ကူးတို့ခမပေးရသေးပါဘူး… စည်းမျဉ်းတွေအရ ကူးတို့ခမပေးရသေးရင် သူက မြစ်ဖြတ်သန်းသူ မဟုတ်သေးပါဘူး… ဒါကြောင့် သူ့ကို ငါသတ်နိုင်ပါတယ် ”

“ သောက်ရေးမပါတာ ”

ကူးတို့လှေသမားက နှာခေါင်းရှုံ့လိုက်သည်။

လောကဖျက်ဆီးနိုင်သော မိုးခြိမ်းသံက ပဲ့တင်ထပ်သွားပြီး ဆံပင်အနီနှင့် လူငယ်၏ နားထဲသို့ ဝင်ရောက်သွားသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက ပါးစပ်အပြည့် သွေးတစ်ပွက်အန်လိုက်ရသည်။ ထို့နောက် သူက ဒယိမ်းဒယိုင် အနောက်ဆုတ်သွားသည်။

“ ဒီဟာက ငါ့လှေ… ငါ့လှေမှာ ငါ့စည်းမျဉ်းတွေပဲ အသက်ဝင်တယ် ”

ထိုသို့ပြောပြီးနောက် ကူးတို့လှေသမားက ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ရွှီချင်း၏ လက်ထဲမှ ဧကရာဇ်ဓားပေါ်သို့ ကျရောက်သွားသည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ ကူးတို့ခပေး ”

ရွှီချင်းက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သူ၏ အသက်ဓာတ်ကို ထုတ်လွှတ်လိုက်သည်။

ကူးတို့လှေသမားက စိတ်ကျေနပ်သွားသည်။ သူက လက်မြှောက်လိုက်ပြီး ရွှီချင်း၏ အသက်ဓာတ်ကို ဖမ်းဆုပ်လိုက်သည်။ သူက ခြောက်ရက်စာ အသက်ဓာတ်ကို ယူဆောင်ပြီးနောက် မတ်တတ်ရပ်လိုက်ပြီး အကြောအခြင်ဆန့်လိုက်သည်။ ထို့နောက် သူက လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာသော လှော်တတ်ကို လှမ်းယူလိုက်ပြီး လှော်ခတ်လိုက်သည်။

လှေက ကမ်းစပ်မှ ထွက်ခွာသွားသည်နှင့်ချက်ချင်း လှိုင်းဂယက်များက မြစ်၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ကောင်းကင်ပေါ်တွင် မျက်နှာသုန်မှုန်နေသော ဆံပင်နီနှင့် လူငယ်သာ ကျန်နေခဲ့သည်။

လှေထွက်ခွာသွားသော ဦးတည်ရာကို စိုက်ကြည့်နေစဉ် အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နောက်ထပ်ကူးတို့လှေသမား ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းပြီး အနောက်ပိုင်းကြယ်စုစင်ဆီသို့ သွားသင့် မသွားသင့် စဉ်းစားလိုက်သည်။

သို့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းက သူပေးဆပ်ရမည့် တန်ကြေးနှင့် မထိုက်တန်ကြောင်း သူခံစားမိသည်။

“ ကူးတို့လှေကို စီးနိုင်မယ့် အခွင့်အရေးကောင်းကို အလဟဿ ငါမသုံးချင်ဘူး… ပြီးတော့ ငါ့မိသားစုက တောင်ပိုင်းကြယ်စင်စုမှာ ရှိတယ်… အနောက်ပိုင်းကြယ်စင်စုဆီ သွားပြီး ပြန်လာမယ်ဆိုရင် ငါ့ရဲ့ အနှစ်ခြောက်ဆယ်စာ သက်တမ်းက ဆုံးရှုံးသွားလိမ့်မယ်… ”

“ ဒါ့အပြင် ဒီလူရဲ့ ဒဏ်ရာက အရမ်းပြင်းထန်ပြီး သူက သေလုနီးပါး အခြေအနေမှာ ရှိတယ်… ဒီလောက်ဆိုးဝါးတဲ့ ဒဏ်ရာတွေကနေ ပြန်သက်သာလာဖို့ဆိုတာ မလွယ်ကူဘူး ”

လူငယ်က အရှုံးအမြတ်ကို ချင့်ချိန်စဉ်းစားပြီးနောက် ထွက်သွားရန် ရွေးချယ်လိုက်သည်။

တစ်ချိန်တည်းမှာ နတ်ဘုရားသွေးမြစ်ပေါ်မှ လှေပေါ်တွင် ကူးတို့လှေသမား၏ အကြည့်က လှေပေါ်မှာ လဲလျောင်းနေသော ရွှီချင်းထံသို့ ကျရောက်သွားသည်။ သူက ဖြည်းညင်းစွာ ပြောသည်။

“ မင်းရဲ့ ပါးစပ်ထဲက ပစ္စည်းကို မျိုချလိုက်တာနဲ့ မင်းရဲ့ ဒဏ်ရာတွေက ချက်ချင်း ပြန်သက်သာသွားလိမ့်မယ်… ဒါပေမဲ့ ကောင်စုတ်လေး… မင်းက အဲ့ဒါကို မျိုမချဘဲ တောင့်ခံနေတယ်… မင်းက သေလုနီးပါး အခြေအနေမှာ ရှိနေတယ်လို့ ဟိုကောင်လေး တွေးထင်သွားအောင် တမင်လုပ်ခဲ့တာပဲ… ဒါမှ သူက မင်းနောက်ကို လိုက်မလာတော့မှာ… မင်းက ရှေ့ရေးကို ကြိုတွေးတဲ့ကောင်ပဲ ”

သူ၏ လျှို့ဝှက်ချက်က ထုတ်ဖော်ခံလိုက်ရပြီးနောက် ရွှီချင်းက ဒယိမ်းဒယိုင် မတ်တတ်ထရပ်လိုက်သည်။ သူက ကူးတို့လှေသမားကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

“ ငါ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ ”

“ ပါးစပ်ပိတ်ထားစမ်း… စကားများတဲ့ လူတွေကို ငါသဘောမကျဘူး… အထူးသဖြင့် နတ်ဘုရားအငွေ့အသက်ရှိတဲ့ လူတွေပဲ ”

ကူးတို့လှေသမား၏ အကြည့်က ဟာလာဟင်းလင်းဖြစ်နေသော ရွှီချင်း၏ ပခုံးပေါ်သို့ ကျရောက်သွားသည်။ သူက ရွှီချင်းကို လျစ်လျူရှုထားလိုက်ပြီး ဆက်လက် ဆေးတံဖွာလိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားပြီး ထပ်မံ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက လှေ၏ အနောက်ပိုင်းဆီသို့ လျှောက်သွားပြီး နေရာမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက ဒဏ်ရာများကို တိတ်တဆိတ် ပြန်ကုသလိုက်သည်။

All Chapters