နတ်ဘုရားများကို ကျွန်ပြုခြင်း
Vol. 103 Ch. 1585
ခုနစ်ရက်ကြာပြီးနောက်…
အချိုးအကွေ့ကိုးခုတောင်၏ ဘေးတွင် သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦး၏ အသံက ကြည်လင်သော စမ်းချောင်းရေစီးသံပမာ ဘေးပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။
“ စိမ်းစိုတဲ့ တောင်ထွတ်တွေက အင်မော်တယ်တွေရဲ့ သဲလွန်စတွေကို ဖုံးကွယ်ထားတယ်… အချိုးအကွေ့ကိုးခုက တိမ်တိုက်တွေထဲမှာ မြှုပ်နှံခံထားရတယ်… ကြည်လင်သော စမ်းရေက ကျောက်တုံးများကြားမှာ ဖြတ်သန်းနေတယ်… ညနေခင်းဆည်းဆာက ထင်းရှုးတောပေါ် ကျရောက်လာတယ်… ”
သူ၏ အသံက ပျံ့လွင့်သွားစဉ် အဝေးမှ အချိုးအကွေ့ကိုးခုတောင်က သူတို့၏ အမြင်အာရုံထဲမှာ ထွက်ပေါ်လာသည်။ တောင်ကို မြူခိုးက ဖုံးလွှမ်းထားစဉ် စမ်းချောင်းတစ်ခုက တောင်ထိပ်ပေါ်မှ စီးကျနေသည်။ စမ်းချောင်းက အချိုးအကွေ့ကိုးခုကို ဖြတ်ကျော်ပြီးနောက် တောင်အောက်ခြေမှ မြစ်ထဲသို့ စီးဝင်သွားသည်။
လှေများသည် စမ်းချောင်းပေါ်တွင် သစ်ရွက်ကြွေများပမာ လွင့်မျောနေကြသည်။
“ စီနီယာ… အဲ့ဒါက အချိုးအကွေ့ကိုးခုတောင်ပါ… တောင်ရဲ့ စမ်းချောင်းက အချိုးအကွေ့ကိုးခုကို ဖြတ်သန်းစီးဆင်းသွားတဲ့အခါတိုင်း အင်မော်တယ်တေးသံကို ကြားရပါလိမ့်မယ်… အဲ့ဒါကြောင့်ပဲ ဒီနေရာက အချိုးအကွေ့ကိုးခုတောင်လို့ နာမည်တွင်ခဲ့တာပါ ”
လှေထဲတွင် အမွှေးတိုင်က ညင်သာစွာ လောင်ကျွမ်းနေစဉ် တောက်ပသော မီးအိမ်တစ်ခုက ရှည်လျားစွာ ထောင်မတ်နေသည်။
ယွင်မန် ချင်းဖန်က ကုချင်းကို တီးခတ်နေရင်း ရွှီချင်းကို ကြည့်လိုက်သည်။ ကုချင်းသံက လေထဲမှာ ပျံ့လွင့်နေစဉ် ရွှီချင်း၏ အကြည့်က အဝေးမှ အချိုးအကွေ့ကိုးခုတောင်ပေါ်သို့ ကျရောက်နေသည်။
သူတို့နှစ်ယောက်က အတူတကွ ခရီးဆက်နေစဉ် ယွင်မန် ချင်းဖန်၏ နှလုံးသားထဲမှာ လှိုင်းဂယက်တချို့ ထွက်ပေါ်လာသည်။
ခုနစ်ရက်ကုန်လွန်သွားသည့်တိုင်အောင် မြေဝိညာဉ်ကလန်မှ ဧည့်သည်အကြီးအကဲ၏ ထူးဆန်းသော သေဆုံးမှုက သူ၏ စိတ်ထဲမှာ ရံဖန်ရံခါ ထွက်ပေါ်လာစမြဲပင်။
မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အကြည့်တစ်ချက်ဖြင့် သေဆုံးသည်အထိ ငိုကြွေးစေခြင်းမှာ သာမန်ကျင့်ကြံသူများ လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ သူ၏ အမြင်တွင် တစ်စုံတစ်ယောက်က ထိုသို့လုပ်ဆောင်နိုင်ရန် အနည်းဆုံး မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်မှာ ရှိရမည်။
ထို့ကြောင့် ဝိညာဉ်ဖုန်မှုန့်တောင်တန်းဒေသတွင် ရွှမ်မီးလျှံထုတ်ဖော်ပြခဲ့သော တိုက်ပွဲစွမ်းအားက ရေခဲတုံး၏ အစွန်အဖျားမျှသာဖြစ်ကြောင်း နောက်ဆုံးမှာတော့ သူနားလည်သွားသည်။ သို့ဖြစ်၍ ဤခရီးစဉ်တွင် အုပ်ချုပ်သူတစ်ပါးနှင့် သူတို့မတွေ့ဆုံသရွေ့ ဘေးကင်းလုံခြုံလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် သူ၏ နှလုံးသားထဲမှ သေခြင်းရှင်ခြင်းအန္တရာယ်က အများကြီး လျော့ပါးသွားသည်။ ထို့နောက် ထူးဆန်းသော ခံစားမှုက ထွက်ပေါ်လာသည်။ သူက ဤခရီးစဉ်ကို အားလပ်ရက်တွင် အပန်းဖြေထွက်သော ခရီးရှည်အဖြစ် သဘောထားလိုက်သည်။
သူက စိတ်အေးလက်အေး ရှိနေသောကြောင့် ယခင်ထက် ပိုမိုပြုံးလာသည်။
ကုချင်းသံက စမ်းချောင်းရေစီးသံနှင့် လိုက်လျောညီထွေစွာ ပေါင်းစပ်သွားသည်။
အမွှေးတိုင်၏ အမွှေးနံ့နှင့် မီးအိမ်မှ မှိန်ဖျော့သော အလင်းရောင်က သူတို့အား စိတ်အပန်းဖြေသော ခံစားမှုကို ပေးသည်။ ဤသည်မှာ လောကီရေးရာအားလုံးက ဤအခိုက်အတန့်မှာ ပျောက်ကွယ်သွားသည့်အလားပင်။
ရွှီချင်းသည် ကုချင်းသံကို နားထောင်လျက် အချိုးအကွေ့ကိုးခုတောင်ကို ကြည့်နေရင်း ဝိုင်ခွက်ကို လှမ်းယူကာ တစ်ငုံသောက်လိုက်သည်။
သို့သော်လည်း စိတ်အေးလက်အေးရှိနေသော ယွင်မန် ချင်းဖန်နှင့် မတူသည်မှာ ရွှီချင်းအတွက် လောကီရေးရာကို မေ့ပစ်ရန် မလွယ်ကူပေ။ ကုချင်းသံက သူ့ကို အဖော်ပြုပေးနေသည့်တိုင် ယင်းတို့ကို သူမမေ့ပျောက်နိုင်ပေ။
ရွှီချင်းက ဝိုင်ကို သောက်လိုက်သည့်အခါ ဝိုင်က သူ၏ လည်ချောင်းတစ်လျှောက်သို့ ဖြတ်သန်းစီးဆင်းသွားပြီး သူ၏ အတိတ်မှတ်ဉာဏ်များကို ပြန်လည်ဖော်ထုတ်ပေးလိုက်သည်။
ထိုမှတ်ဉာဏ်ထဲတွင် လှေတစ်စင်းနှင့် စုံတွဲတစ်တွဲ ရှိသည်။ လှေက ရွေ့လျားနေစဉ် သီချင်းသံက သူ၏ နှလုံးသားထဲမှာ စီးဆင်းသွားသည်။
ရွှီချင်း၏ လက်ရှိ စိတ်အခြေအနေကို အာရုံခံမိသောအခါ ချင်းဖန်က ခေါင်းငုံ့လိုက်ပြီး ကုချင်းသံနှင့် လိုက်ဖက်ညီသော သီချင်းတစ်ပုဒ်ကို ဆိုလိုက်သည်။ ထိုအခါ သာယာငြိမ့်ညောင်းသော သီချင်းသံက တည်ငြိမ်သော မြစ်ထဲမှာ ပျံ့လွင့်သွားသည်။
“ တေးငှက်များက အိမ်မက်ဟောင်းကို ရှာဖွေနေကြတယ်… တောင်တန်းတွေနဲ့ စမ်းချောင်းတွေနဲ့အတူ နှလုံးသားက ငြိမ်းချမ်းမှုကို ရှာဖွေနေပါတယ်… မင်းရဲ့ နံဘေးမှာ နေရဖို့ ငါဆုတောင်းလိုက်ပါတယ်… ဘယ်တော့ အချိန်ကုန်ဆုံးသွားမှာလဲ ငါမမေးတော့ဘူးရယ်… ”
သစ်သားလှေက အချိုးအကွေ့ကိုးခုတောင်ကို ဖြတ်သန်းသွားနေစဉ် မြစ်ရေက တလက်လက် တောက်ပသွားသည်။
“ ငါ့မှာ အချိန်အတော်ကြာအောင် နားမဆင်ခဲ့ရတဲ့ တေးသွားတစ်ပုဒ်ရှိတယ်… အဲ့ဒါကို မင်းတီးခတ်ပေးနိုင်မလား ”
ရွှီချင်းက ရုတ်တရက် မေးသည်။
“ ချင်းဖန် ဆန္ဒရှိပါတယ် ”
ယွင်မန် ချင်းဖန်က ခေါင်းမော့လိုက်သည့်အခါ သူ၏ အကြည့်က ရွှီချင်း၏ နောက်ကျောပေါ်သို့ ကျရောက်သွားသည်။ သူက ရိုသေကျိုးနွံသော လေသံဖြင့် ပြောသည်။
ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ တေးသွားတစ်ပုဒ်ကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားတစ်ခုက ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်စိမ်းပြားက အရှေ့သို့ လွင့်မျောသွားပြီး ယွင်မန် ချင်းဖန်၏ အရှေ့သို့ ရောက်ရှိသွားသည်။
ချင်းဖန်က သိမ်မွေ့ညင်သာစွာ လက်မြှောက်လိုက်ပြီး ကျောက်စိမ်းပြားကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက လက်ချောင်းများကို ကုချင်းပေါ်မှာ တင်ထားလိုက်ပြီး မျက်လုံးမှိတ်ကာ အာရုံစူးစိုက်လိုက်သည်။
တစ်ခဏကြာပြီးနောက် ကုချင်းက တေးသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ရင်းနှီးကျွမ်းဝင်သော တေးသံက လေထဲမှာ ပျံ့လွင့်သွားသည်။
လှေပေါ်တွင် အမျိုးသမီးက ကုချင်းကို တီးခတ်နေစဉ် အမျိုးသားက အဝေးသို့ ငေးကြည့်နေသည်။
ဘေးပတ်ဝန်းကျင်မှ ရင်သပ်ရှုမောဖွယ်ရာ အလှအပများကြားမှာ သူက အိမ်မက်ဟောင်းကို ရှာဖွေခဲ့သည်။
သိုင်းလောက၏ အနက်အဓိပ္ပာယ်က လေထဲမှာ ပျံဝဲနေသည်။
ကုချင်းသံက တစ်ဘဝလုံးစာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းကို ပြန်လည်ဖော်ဆောင်ပေးနေဟန် ရ၏။
နောက်ဆုံးမှာတော့ အရာအားလုံးက ဝိုင်ကရားထဲမှ နောက်ကျိသော ဝိုင်အဖြစ် ပြောင်းလဲသွားသည်။
ရွှီချင်းက ဝိုင်ကရားကို တစ်ကျိုက်တည်း အကုန်မော့ချလိုက်သည်။
“ စီနီယာ… ဒီတေးသံထဲမှာ လေးနက်တဲ့ အဓိပ္ပာယ်တစ်ခု ပါဝင်ပြီး အဲ့ဒါက ဘဝရဲ့ လွမ်းဆွေးတမ်းတမှုကို ဖော်ကြူးထားပါတယ်… တေးသံက ဝမ်းနည်းစရာကောင်းပေမဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒတစ်ခုလည်း ပါဝင်နေပါသေးတယ်… ဒီတေးသံကို ရေးစပ်ခဲ့တဲ့လူက သေချာပေါက် ပညာရှင်တစ်ဦးဖြစ်ရပါမယ်… ဒီတေးသံရဲ့ နာမည်က ဘာလဲဆိုတာ ငါသိခွင့်ရှိမလား ”
ယွင်မန် ချင်းဖန်က ရွှီချင်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ရွှီချင်းက ပြန်မဖြေပေ။ ယင်းအစား သူက အဝေးမှ မိုးကုပ်စက်ဝိုင်းထံသို့ ကြည့်လိုက်သည်။
လေပြင်းက တိုက်ခတ်လာစဉ် သူ၏ ဆံနွယ်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူ၏ အဝတ်အစားက လှုပ်ခတ်သွားသည့်အခါ အေးစက်သော စိတ်ဆန္ဒက လေထဲမှာ ထွက်ပေါ်လာသည်။
သို့ဖြစ်၍ လေက ရပ်တန့်သွားသည်။
တလက်လက် တောက်ပနေသော မြစ်၏ ရေမျက်နှာပြင်သည်လည်း ရုတ်တရက် ငြိမ်သက်သွားသည်။
နောက်အခိုက်အတန့်မှာ သစ်သားလှေ၏ အရှေ့မှ မြစ်ရေက ပရမ်းပတာ လှုပ်ခတ်လာသည်။
မြစ်ရေက အောက်သို့ နစ်မြုပ်သွားစဉ် ဧရာမဦးခေါင်းတစ်လုံးက မြစ်၏ အနက်ပိုင်းထဲမှ မြှောက်တတ်လာသည်။
၎င်းက ဧရာမစပါးအုံးမြွေနှင့်ဆင်တူပြီး အကြေးခွံများဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ အရေပြားက မည်းနက်နေပြီး ၎င်းက အဆိပ်ရည်ကို မှုတ်ထုတ်နေသည်။
၎င်း၏ မျက်လုံးက မီးဟုန်းဟုန်းတောက်နေသည့်အလား နီရဲနေသည်။ ထို့ပြင် ၎င်း၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်မှုက အထင်အရှား ထွက်ပေါ်နေသည်။
၎င်း၏ အရွယ်အစားက အလွန်ကြီးမားပြီး ပေထောင်ပေါင်းများစွာ ရှည်လျားသည်။ ၎င်း၏ အရှေ့မှ သစ်သားလှေသည်တော့ ၎င်းအတွက် ကလေးကစားစရာတစ်ခုမျှသာ ဖြစ်သည်။
ထို့ပြင် တီးတိုးရေရွတ်သံများက ၎င်းထံမှ ထွက်ပေါ်နေပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
ထိုတီးတိုးရေရွတ်သံထဲမှာ ကြားရသူကို ရူးသွပ်စေနိုင်သော အစွမ်းတစ်မျိုးမျိုး ပါဝင်နေဟန် ရ၏။ ယင်းက သူတို့၏ ဝိညာဉ်ကို တုန်ယင်သွားစေပြီး သူတို့၏ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေသည်။
နောက်အခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်က ပုံပျက်တွန့်လိမ်သွားသည်။ လေထုက တဖြည်းဖြည်း တင်းကျပ်လာပြီး မှော်ဆန်သော ခံစားမှုကို မေးသည်။
ထို့ပြင် သူတို့၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခါ ယွင်မန် ချင်းဖန်က နှလုံးခုန်မြန်သွားသည်။ ဤသည်မှာ နှလုံးက သူ၏ ရင်ဘက်ထဲမှ ခုန်ထွက်လာတော့မည့်အလားပင်။
ရူးသွပ်သော စိတ်ခံစားမှုက အပြင်ဘက်မှ ကျူးကျော်ဝင်ရောက်လာသည့်အလား သူ၏ အသိစိတ်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်နေဟန် ရ၏။
သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ ဤအခိုက်အတန့်မှာ သူ၏ အသွေးအသားများက ကိုယ်ပိုင်အသိစိတ်ရှိလာကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသွားသည်။ ယင်းတို့က သူ့ကို ငြင်းဆန်သော စိတ်ခံစားမှုကို ထုတ်လွှတ်လိုက်ကြသည်။ ဤသည်မှာ အသွေးအသားများက သူ၏ ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွားတော့မည့်အလားပင်။
ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်က ဤအခိုက်အတန့်မှာ အနောက်သို့ လွင့်ထွက်သွားသည်။ ထို့နောက် ဝိညာဉ်စွမ်းအင်နှင့် လုံးဝခြားနားသော အရှိန်အဝါတစ်ခုက ကျူးကျော်ဝင်ရောက်လာသည်။ ထိုစွမ်းအင်နှစ်ခုက ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဝိညာဉ်စွမ်းအင်က ညစ်ထေးသွားသည်။
ရုတ်တရက် ကျူးကျော်ဝင်ရောက်လာသော စွမ်းအင်က နတ်ဘုရားအရှိန်အဝါဖြစ်သည်။ နတ်ဘုရားအရှိန်အဝါနှင့်အတူ ဒြပ်နှောက ထွက်ပေါ်လာသည်။
၎င်းက နတ်ဘုရားတစ်ပါးဖြစ်သည်။
နတ်ဘုရားတစ်ပါး၏ ဖိအားအောက်မှာ ယွင်မန် ချင်းဖန်၏ အသိစိတ်က ပြိုကွဲသွားတော့လုနီးပါး အားနည်းလာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ဖိနှိပ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပြိုကွဲပျက်စီးလုနီးပါး အခြေအနေမှာ ရှိနေသည်။ ထိုအခိုက်အတန့်မှာ သိမ်မွေ့ညင်သာသော စွမ်းအားက ရွှီချင်းထံမှ ထွက်ပေါ်လာပြီး ယွင်မန် ချင်းဖန်ကို လွှမ်းခြုံသွားသည်။
သူက အပြင်ဘက်မှ နတ်ဘုရားအရှိန်အဝါကို ကာကွယ်ပေးလိုက်သည်။
ထို့နောက် ရွှီချင်းက လက်မြှောက်လိုက်ပြီး အရှေ့သို့ ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို သူ၏ အရှေ့မှ ပုံပျက်တွန့်လိမ်နေသော လေဟာနယ်က တုန်ယင်သွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
သူ၏ ဖမ်းဆုပ်မှုအောက်မှာ မြစ်ရေက အပေါ်သို့ ရုတ်တရက် မြှောက်တတ်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ မြစ်ရေက လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါနှင့်အတူ ဧရာမလက်ဝါးတစ်ခုကို ဖွဲ့စည်းသွားသည်။ ယင်းက နတ်ဘုရား၏ ဦးခေါင်းကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် သူက အပေါ်သို့ အကြမ်းပတမ်း ဆောင့်ဆွဲလိုက်သည်။
လောကက တုန်လှုပ်သွားသည်။
နှလုံးကွဲကြေသော အော်သံက နတ်ဘုရား၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်က ကြီးမားသော အင်အားကြောင့် တုန်လှုပ်သွားပြီး မြစ်ပြင်ပေါ်သို့ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည်။
မြစ်ရေက နေရာအနှံ့သို့ ပြန့်ကျဲသွားသည်နှင့် ၎င်း၏ ခန္ဓာကိုယ်အပြည့်အစုံက ထင်ရှားစွာ ထွက်ပေါ်လာသည်။
၎င်း၏ ခန္ဓာကိုယ်က အရွယ်အစား အလွန်ကြီးမားသော်လည်း ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ၎င်း၏ ဦးခေါင်းက ကြီးစိုးထားသည်။
ဧရာမဦးခေါင်း၏ အောက်တွင် သေးသွယ်သော ခန္ဓာကိုယ်ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်ကို မီးခိုးရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး အဆိပ်အရည်က စိမ့်ထွက်နေသည်။
အလင်းစက်လုံးများက နတ်ဘုရား၏ ဘေးပတ်ဝန်းကျင်တွင် လှည့်ပတ်နေပြီး မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ယင်းတို့က ထူးခြားဆန်းကြယ်သော အလင်းကို ထုတ်လွှတ်နေသည်။
ဖရိုဖရဲစိတ်ဆန္ဒနှင့် ရူးသွပ်မှုက အပြင်းအထန် ထွက်ပေါ်လာသည်။
၎င်း၏ ခန္ဓာကိုယ်ထဲတွင် မြဲမြံစွာ လောင်ကျွမ်းနေသော မီးတောက်တစ်ခု ရှိသည်။ သို့သော်လည်း မှော်သင်္ကေတများမှ ဖွဲ့စည်းထားသော မီးအိမ်တစ်ခုက ထိုမီးတောက်ကို အကျဉ်းချထားသည်။
ထိုမီးအိမ်ပေါ်တွင် ထူးခြားသော ကျောက်စိမ်းပြားတစ်ခုလည်း ရှိသည်။
ကျောက်စိမ်းပြားက အသက်ရှိနေသည့်အလား အောက်မေ့ရသည်။ ထို့ပြင် မရေမတွက်နိုင်သော လက်တံများက ကျောက်စိမ်းပြားထံမှ ဆန့်တန်းထွက်လာကြသည်။ ယင်းတို့က ဧရာမဦးခေါင်းထဲသို့ ဆန့်တန်းသွားကြပြီး ၎င်း၏ ဦးနှောက်ထဲမှာ ကပ်တွယ်လိုက်ကြသည်။ ဤသည်မှာ လက်တံများက ၎င်း၏ ဦးနှောက်ကို ထိန်းချုပ်နေသည့်အလားပင်။
“ နတ်ဘုရားကျေးကျွန် ”
“ စီနီယာ… ဒီနတ်ဘုရားကျေးကျွန်က မြေဝိညာဉ်ကလန်ရဲ့ ဟာပါ… အတိတ်မှာ သူတို့က အင်မော်တယ်တာအိုဂိုဏ်းဆီကနေ နတ်ဘုရားကျေးကျွန်ကို ဝယ်ယူဖို့ အရင်းအမြစ်အများကြီးကို သုံးစွဲခဲ့ပါတယ်… နတ်ဘုရားကျေးကျွန်တွေက အုပ်ချုပ်သူတစ်ပါးရဲ့ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားပါတယ်… စီနီယာ… ငါတို့… ”
ရွှီချင်းက သူ့အတွက် ပြင်ပစွမ်းအားကို ကာကွယ်တားဆီးပေးလိုက်သည့်အခါ ယွင်မန် ချင်းဖန်က မြန်ဆန်စွာ သတိပြန်ဝင်လာသည်။ သို့သော်လည်း သူက အပြင်းအထန် နှလုံးတုန်သွားသည်။ ထိုလိုက်ဖမ်းသူများက သူ့ကို သတ်ပစ်ရန် နတ်ဘုရားကျေးကျွန်ကို စေလွှတ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
နတ်ဘုရားကျေးကျွန်က မည်မျှကြောက်စရာကောင်းကြောင်း သူစဉ်းစားမိသောအခါ ယွင်မန် ချင်းဖန်က တုန်ယင်သွားပြီး ရွှီချင်းကို ချက်ချင်း သတိပေးလိုက်သည်။
သို့သော်လည်း သူ၏ စကားမဆုံးမီ ယွင်မန် ချင်းဖန်က မျက်လုံးပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ကြောက်စရာကောင်းသော ထိုနတ်ဘုရားက ပုံရိပ်ယောင်လက်တစ်ဖက်၏ ဖမ်းဆုပ်ခံထားရကြောင်း သူမြင်လိုက်သောကြောင့် ဖြစ်သည်။ ၎င်းက မည်မျှရုန်းကန်ပါစေ ပုံရိပ်ယောင်လက်ထဲမှ မလွတ်မြောက်နိုင်ပေ။
ရွှီချင်းက ထိုနတ်ဘုရားကို စုန်ချည်ဆန်ချည် အကဲခတ်လိုက်သည်။ ဤသည်မှာ သူက ၎င်းကို စူးစမ်းလေ့လာနေသည့်အလားပင်။
ထိုမြင်ကွင်းက ယွင်မန် ချင်းဖန်ကို အသက်ရှူမြန်သွားစေသည်။ လွန်ခဲ့သော ရက်အနည်းငယ်တုန်းက အသက်သေဆုံးသည်အထိ ငိုကြွေးခဲ့သော ဧည့်သည်အကြီးအကဲ၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။
“ နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားတစ်ပါးပဲ ”
ရွှီချင်း၏ အကြည့်က နတ်ဘုရားခန္ဓာကိုယ်ထဲရှိ မီးအိမ်ထဲမှ မီးတောက်များပေါ်သို့ ကျရောက်သွားသည်။
ထိုမီးအိမ်ကို သိမ်မွေ့နက်နဲသော မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသည်။ မှော်သင်္ကေတတစ်ခုစီက တမူထူးခြားပြီး အရေအတွက်အားဖြင့် သန်းတစ်ထောင်ရှိနိုင်သည်။ မှော်သင်္ကေတများက အစဉ်မပြတ် ရွေ့လျားနေကြပြီး များစွာသော ဖွဲ့စည်းပုံကို ပြုလုပ်ပေးနေကြသည်။
ထို့ပြင် မီးအိမ်ပေါ်မှာ အသက်ဝင်နေဟန်ရသော ကျောက်စိမ်းပြားတစ်ခုလည်း ရှိသည်။ ယင်းက ပိုပြီးလျှို့ဝှက်ဆန်းကြယ်သည်။ ထိုကျောက်စိမ်းပြားသည် ယခင်က ရွှီချင်းမြင်ခဲ့ဖူးသော ပစ္စည်းများနှင့် လုံးဝကွဲပြားခြားနားသည်။ ထို့ကြောင့် ကျောက်စိမ်းပြား၏ ဇစ်မြစ်ကို အကြည့်တစ်ချက်ဖြင့် သူမပြောနိုင်ပေ။
ဤသည်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် နတ်ဘုရားတစ်ပါးကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း မဟုတ်ပေ။ ကျင့်ကြံသူများက နတ်ဘုရားများကို ဓမ္မရတနာများအဖြစ်သော်လည်းကောင်း သို့မဟုတ် ဝိညာဉ်သားရဲများအဖြစ်သော်လည်းကောင်း အသုံးပြုနေသည်ကို ယခင်က သူမြင်ခဲ့ဖူးသည်။
သို့သော်လည်း ယွင်မန် ချင်းဖန်၏ စကားများမှတဆင့် နတ်ဘုရားကျေးကျွန်များ၏ ဇစ်မြစ်ကို သူနားလည်သွားသည်။
“ နတ်ဘုရားတွေက ကြယ်စင်စုအသီးသီးက အင်အားကြီးဂိုဏ်းတွေရဲ့ ထိန်းချုပ်ခံထားရပြီး တခြားလူတွေဆီ ရောင်းချခံရတယ် ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ နတ်ဘုရားများကို ကျေးကျွန်အဖြစ် ထိန်းချုပ်ထားသော ဤနည်းလမ်းကို အတော်လေး သူစိတ်ဝင်စားသည်။ ထို့ပြင် အစောနက သူ၏ စစ်ဆေးလေ့လာမှုမှတဆင့် ဤနည်းလမ်းက အလွန်သိမ်မွေ့နက်နဲကြောင်း သူပြောနိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်က အတွင်းပိုင်းဖွဲ့စည်းပုံကို နားမလည်ထားလျှင် ယင်းကို ချိုးဖြတ်ရန် အလွန်ခက်ခဲလိမ့်မည်။
အတင်းအဓမ္မ ချိုးဖြတ်မည်ဆိုလျှင် အကျဉ်းချခံထားရသော နတ်ဘုရားမီးတောက်က ငြိမ်းသတ်သွားပြီး ၎င်း၏ အသိစိတ်က ပြိုကွဲပျက်စီးသွားလိမ့်မည်။ ယင်းက ၎င်း၏ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပင် ပြိုကွဲပျက်စီးသွားစေနိုင်သည်။
“ ဒါပေမဲ့ သူ့ကို ကျွန်ပြုထားပြီး ရောင်းချတယ်ဆိုမှတော့ ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခု သေချာပေါက် ရှိရမယ် ”
ရွှီချင်းက နတ်ဘုရားထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။
အနီရောင်မိုးသောက်အလင်းအောက်တွင် ရွှီချင်းစိုက်ကြည့်လိုက်သော နေရာထံမှာ ဟင်းလင်းပြင်လှိုင်းအတွန့်များ ထွက်ပေါ်လာကြသည်။ ထို့နောက် ပုံရိပ်လေးခုက ပုန်းအောင်းနေရာမှ အတင်းအဓမ္မ ထုတ်ဖော်ခံလိုက်ရကြသည်။
ထိုလူလေးယောက်ကို မြင်သွားသည့်အခိုက် ယွင်မန် ချင်းဖန်က သူတို့ကို ချက်ချင်း မှိတ်မိသွားသည်။
သူတို့ထဲမှ သုံးယောက်က မြေဝိညာဉ်ကလန်၏ ဧည့်သည်အကြီးအကဲသုံးယောက်ဖြစ်ပြီး ကျန်တစ်ယောက်က ကလန်၏ ပင်မအကြီးအကဲဖြစ်သည်။
ဧည့်သည်အကြီးအကဲသုံးယောက်က မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်ဖြစ်ပြီး ပင်မအကြီးအကဲက မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ဖြစ်သည်။
ယွင်မန် ချင်းဖန်က ရွှီချင်းကို ချက်ချင်း ပြောပြလိုက်သည်။
ဤအခိုက်အတန့်မှာ သူတို့လေးယောက်က ကောင်းကင်ပေါ်မှာ အံ့ဩထိတ်လန့်သော အမူအရာဖြင့် မတ်တတ်ရပ်နေကြသည်။ ပြင်းထန်သော စိတ်ခံစားချက်လှိုင်းလုံးများက သူတို့၏ နှလုံးသားထဲမှာ ပရမ်းပတာ ထွက်ပေါ်လာကြသည်။
သူတို့ထဲမှ တစ်ယောက်က လက်ထဲတွင် သေးငယ်သော ဗုံတစ်လုံးကို ကိုင်ထားသည်။ သူက ဗုံကို မည်သို့တီးခတ်ပါစေ ဗုံနှင့် ဆက်သွယ်ထားသော နတ်ဘုရားက ရွှီချင်း၏ ပုံရိပ်ယောင်လက်ထဲမှ လုံးဝမရုန်းထွက်နိုင်ပေ။
ရွှီချင်း၏ အကြည့်က သူတို့ထံသို့ ကျရောက်သွားသည့်အခါ သူတို့လေးယောက်က ဦးရေပြားစပ်ဖျင်းဖျင်း ခံစားမိသွားကြသည်။ ထို့နောက် သူတို့က လုံးဝတုံ့ဆိုင်းမနေဘဲ ချက်ချင်း အနောက်ဆုတ်သွားကြသည်။
သို့သော်လည်း အလွန်နောက်ကျသွားကြောင်း ထင်ရှား၏။
သူတို့က ထွက်ပြေးလိုက်သည်နှင့်တစ်ပြိုင်နက် ရွှီချင်းက ကောင်းကင်ပေါ်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
နောက်အခိုက်အတန့်မှာ လောက၏ အရောင်က ပြောင်းလဲသွားသည်။
ချင်းဖန်၏ မျက်လုံးထဲတွင် အလွန်ကျယ်ပြောသော စိတ်ကူးယဉ်ပန်းချီကားတစ်ချပ်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ပန်းချီကားက အရာအားလုံးကို ဖုံးလွှမ်းသွားပြီး အရာအားလုံးကို ဝေဝါးသွားစေသည်။
အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် ပန်းချီကားက လွင့်ပြယ်သွားပြီး မြေဝိညာဉ်ကလန်မှ ကျင့်ကြံသူလေးယောက်က ပျောက်ကွယ်သွားကြသည်။ ရွှီချင်းတစ်ယောက်တည်းသာ ပြန်ရောက်လာသည်။
သူက လက်တစ်ဖက်တွင် ဝိုင်ကရားကို ကိုင်ထားလျက် အခြားလက်တစ်ဖက်တွင် ဦးခေါင်းပြတ်တစ်လုံးကို ကိုင်ထားသည်။
ထိုဦးခေါင်းသည် မြေဝိညာဉ်ကလန်မှ ပင်မအကြီးအကဲ၏ ဦးခေါင်းဖြစ်သည်။
သူက မသေဆုံးသေးပေ။ သူ၏ မျက်လုံးထဲမှာ ပြင်းထန်သော အကြောက်တရားနှင့် စိတ်ပျက်အားလျော့မှုက ထွက်ပေါ်နေပြီး သူ၏ ဝိညာဉ်က ရွှီချင်း၏ စစ်ဆေးရှာဖွေခြင်း ခံနေရသည်။
ရွှီချင်းက သစ်သားလှေပေါ်သို့ ပြန်ရောက်လာသည့်အခါ ဝိညာဉ်ရှာဖွေခြင်းက အဆုံးသတ်သွားသည်။
ရွှီချင်းက ဤတစ်ခေါက်တာဝန်၏ အမှန်တရားကိုလည်း နားလည်သွားသည်။
“ တိမ်တံခါးကလန်မှာ ကံကြမ္မာကောင်းနေရာတစ်နေရာဆီ ဝင်ရောက်နိုင်မယ့် လျှို့ဝှက်သော့တစ်ချောင်းရှိတယ်… အဲ့ဒါက ကလန်နှစ်ခု အမြစ်ဖြတ်သုတ်သင်ခြင်းစစ်ပွဲ စတင်ရတဲ့ အဓိကအကြောင်းအရင်းလည်း ဟုတ်တယ်… ဒါပေမဲ့ အဲ့ဒီလျှို့ဝှက်သော့က ထူးခြားပြီး လုယက်ဖို့ မလွယ်ကူတဲ့ပုံပဲ ”
“ ဒါကြောင့် တိမ်တံခါးကလန်က စစ်ရှုံးတော့မယ့်အချိန် မြေဝိညာဉ်ကလန်က တိမ်တံခါးကလန် မငြင်းဆန်လောက်တဲ့ အလောင်းအစားတစ်ခုကို ထုတ်ဖော်ခဲ့တယ် ”
“ တိမ်တံခါးကလန်က တပည့်ရင်းဆယ့်လေးယောက်ကို မြို့အသီးသီးဆီ စေလွှတ်ရမယ်… မြေဝိညာဉ်ကလန်ကတော့ သူတို့နောက်ကို လိုက်ဖမ်းရမယ်… တကယ်လို့ အဲ့ဒီဆယ့်လေးယောက်စလုံးက သေဆုံးသွားမယ်ဆိုရင် တိမ်တံခါးကလန်က ရှုံးနိမ့်သွားလိမ့်မယ်… တကယ်လို့ တစ်ယောက်ယောက်က သူတို့ရဲ့ ပန်းတိုင်ဆီ ရောက်သွားမယ်ဆိုရင်တော့ မြေဝိညာဉ်ကလန်က ရှုံးနိမ့်သွားလိမ့်မယ် ”
“ လောင်းကြေးက လျှို့ဝှက်သော့နဲ့ တိမ်တံခါးကလန်ရဲ့ ဆက်လက် ရှင်သန်နိုင်ရေးပဲ ”
ရွှီချင်းသည် ထိုလျှို့ဝှက်သော့ကို စိတ်မဝင်စားပေ။
သို့ဖြစ်၍ သူက အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည့်အခါ ဦးခေါင်းပြတ်က ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ သေးငယ်သော ဗုံတစ်လုံးက ရွှီချင်း၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ယင်းက နတ်ဘုရားကို ထိန်းချုပ်ထားသော ဗုံဖြစ်သည်။ သူက ဗုံကို ညင်သာစွာ တီးခတ်လိုက်သည်။
ဒုံး… ဒုံး… ဒုံး…
ဗုံသံက ထွက်ပေါ်လာသည့်အခါ သူ့အရှေ့မှ နတ်ဘုရားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဗုံထဲသို့ ဝင်ရောက်သွားသည်။ ထိုအခါ ဗုံ၏ မျက်နှာပြင်ပေါ်တွင် တိုတမ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဗုံကို သိမ်းဆည်းလိုက်ပြီးနောက် ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး အဝေး၌ အံ့ဩထိတ်လန့်နေသော ယွင်မန် ချင်းဖန်ကို ကြည့်လိုက်သည်။
“ ဝိုင်ကုန်သွားပြီ ”
ရွှီချင်းက စကားပြောပြီးနောက် ဝိုင်ကရားကို ပစ်ပေးလိုက်သည်။
“ အာ… ”
ချင်းဖန်က အလန့်တကြား ဖြစ်သွားပြီး ဝိုင်ကရားကို လှမ်းဖမ်းလိုက်သည်။ သူက တုန်တုန်ယင်ယင်ဖြင့် နောက်ထပ် ဝိုင်ကရားတစ်အိုးကို ထုတ်ယူလိုက်ပြီး ရွှီချင်းကို ရိုရိုသေသေ ကမ်းပေးလိုက်သည်။