← Chapters

အဌမမြောက် အန္တိမတာအိုအတွက် ဦးတည်ရာ

Vol. 103 Ch. 1587

အဌမမြောက် အန္တိမတာအိုအတွက် ဦးတည်ရာ

Vol. 103 Ch. 1587

“ အချိန်စွမ်းအားဆိုတာ အချိန်စီးကြောင်းကို မြန်ဆန်စေတာ… နှစ်တွေကို ပြောင်းပြန်လှန်ပစ်တာ… အချိန်ကာလကို ရပ်တန့်ပစ်တာပဲ မဟုတ်ဘူး… အဲ့ထက် ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိတယ်… ”

ရွှီချင်း၏ အကြည့်က သူ၏ အရှေ့မှ အလွန်ကျယ်ပြောသော ကန္တာရပေါ်သို့ ကျရောက်သွားသည်။ သူက ဤနေရာနှင့်ပတ်သက်ပြီး ပိုပြီးလေးနက်စွာ နားလည်သဘောပေါက်သွားသည်။ သူက အချိန်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ဤနေရာမှ အချိန်အသုံးပြုပုံက သူ့အား များပြားလှသော အတွေးများကို ဖြစ်ပေါ်စေသည်။

“ အချိန်ဆိုတာ ကြီးမားတဲ့ အတိုင်းအတာတစ်ခုပဲ… အချိန်က ကြယ်တာရာစက်ဝန်းအားလုံးအပေါ် သက်ရောက်မှုရှိတယ်… သက်ရှိအားလုံးဟာ အချိန်ရဲ့ နယ်နိမိတ်ထဲမှာ တည်ရှိကြတယ် ”

“ အချိန်မြစ်က အနန္တတည်ရှိမှုပဲ ”

“ ဒါပေမဲ့ အချိန်ဆိုတာ တစ်သတ်မတ်တည်း မရှိသလို အမြဲတမ်း ပြောင်းလဲနေတာလည်း မဟုတ်ဘူး… ပြင်ပအင်အားတစ်ခုခုကြောင့်ဖြစ်စေ ဒါမှမဟုတ် အကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်စေ အချိန်က အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ် ”

“ ဒီသဲကန္တာရက အချိန်ခွဲထွက်ခြင်းနိယာမကို သရုပ်ဖော်ပြနေတာပဲ ”

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ နားလည်သဘောပေါက်မှုက ပိုပြီးရှင်းလင်းလာကြောင်း သူခံစားမိသွားသည်။

“ သဲတစ်မှုန်က ရွေ့လျားသွားတိုင်း အချိန်စီးကြောင်းအသစ်တစ်ခု ဖြစ်ပေါ်လာမယ်… ပြီးတော့ အချိန်စီးကြောင်းပေါ်မှာ ဒုတိယသဲမှုန်က ထွက်ပေါ်လာမယ် ”

“ ပထမသဲမှုန်နဲ့ ဒုတိယသဲမှုန်က အနှစ်သာရ တူညီပေမဲ့ သူတို့ရဲ့ အချိန်စီးကြောင်းတွေက ခြားနားတယ် ”

“ ဒီလုပ်ငန်းစဉ်အတွင်းမှာ ပိုမိုများပြားတဲ့ အချိန်စီးကြောင်းတွေ မွေးဖွားလာတဲ့အခါ ဒီသဲကန္တာရလို အချိန်စီးကြောင်းတွေ ဖရိုဖရဲဖြစ်သွားလိမ့်မယ်… တကယ်လို့ နောက်ဆုံးမှာ အချိန်စီးကြောင်းတွေ တူညီသွားမယ်ဆိုရင် ဘာဖြစ်လာနိုင်မလဲ ”

ထူးဆန်းသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ ကံမကောင်းစွာဘဲ ငါ့ရဲ့ လက်ရှိ စွမ်းရည်အရ အချိန်စီးကြောင်းတွေကို တူညီအောင် ငါမလုပ်နိုင်ဘူး… သဲကန္တာရလို ဖရိုဖရဲအချိန်ကာလကိုပဲ ငါဖန်တီးနိုင်တယ် ”

“ ပြီးတော့ ဖရိုဖရဲအချိန်စီးကြောင်းတွေက ရုပ်ဝတ္ထုရဲ့ အနှစ်သာရ ပြောင်းလဲမှုတွေပေါ်မှာ အခြေခံတယ်… အဲ့ဒါက မတူညီတဲ့ ကံကြမ္မာအမျိုးမျိုး ထွက်ပေါ်လာတာနဲ့ ဆင်တူတယ် ”

“ အချိန်စီးကြောင်းအသစ်တစ်ခုက သဲမှုန်အသစ်ကို ဖြစ်ပေါ်စေတယ်… သဲမှုန်အသစ် ဖန်တီးလိုက်တဲ့ လမ်းကြောင်းက မူလသဲမှုန်နဲ့ ဘာဆက်သွယ်မှုမှ မရှိတော့ဘူး… အဲ့ဒါက လွတ်လပ်တဲ့ လမ်းကြောင်းအသစ်တစ်ခု ဖြစ်လာတယ် ”

ရွှီချင်းက သူ့နတ်ဘုရားကိုယ်ပွား ပိုင်ဆိုင်ထားသော ကံကြမ္မာနတ်ဘုရားအခွင့်အာဏာကို စဉ်းစားလိုက်သည်။ ထိုအခါ ထူးဆန်းသော ခံစားမှုတစ်ခုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်မှာ အခွင့်အာဏာနှင့် နတ်ဘုရားအခွင့်အာဏာက အကျိုးသက်ရောက်မှု တူညီသည်ဟု သူခံစားမိသွားသောကြောင့် ဖြစ်သည်။

သို့သော်လည်း အနှစ်သာရက ကွဲပြားခြားနားသည်။

“ ငါ့ရဲ့ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာက ဓားမြှောင်ကို အသုံးပြုပြီး ကံကြမ္မာချည်မျှင်အသစ်တစ်မျှင်ကို ရေးထွင်းရတာပဲ… အသစ်ထွက်ပေါ်လာတဲ့ ကံကြမ္မာချည်မျှင်က မူလကနေ ခွဲထွက်သွားပြီး သီးသန့်တည်ရှိနေလိမ့်မယ် ”

“ ဒါပေမဲ့ အချိန်ခွဲထွက်ခြင်းကတော့ မတူညီတဲ့ အချိန်စီးကြောင်းတွေ ဖြစ်ပေါ်လာစေဖို့ ရုပ်ဝတ္ထုကို ကိုယ်တိုင် ဆင့်ကဲပြောင်းလဲစေတယ် ”

“ အနာဂတ်မှာ ဝမ်ကူးကုန်းမြေကို ငါပြန်ရောက်လို့ ငါ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို နတ်ဘုရားခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အဲ့ဒီကွဲပြားခြားနားမှုကို ပိုပြီးရှင်းရှင်းလင်းလင်း ငါနားလည်သွားလောက်တယ် ”

“ အခု လောလောဆယ်တော့… ”

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အချိန်ခွဲထွက်ခြင်းကို တိုက်ပွဲအတွင်းမှာ မည်သို့အသုံးပြုသင့်ကြောင်း စဉ်းစားလိုက်သည်။

တစ်ချိန်တည်းမှာ သူက လျောင်ရွှမ်းသူတော်စင်အရည်ကို ထုတ်လိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။

ဤရက်များတွင် သူက လျောင်ရွှမ်းသူတော်စင်အရည်ကို နှစ်ပုလင်းကုန်အောင် သောက်သုံးခဲ့သည်။ ယခု သူက တတိယမြောက်ပုလင်းကို ထုတ်လိုက်သည်။

လျောင်ရွှမ်းသူတော်စင်အရည်က သူ၏ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့သွားသည့်အခါ ရွှီချင်းက ဉာဏ်အလင်းတချို့ကို စတင်ရရှိသွားသည်။

“ ရုပ်ဝတ္ထုနေရာမှာ ငါ့ကိုယ်ငါ အစားထိုးလို့ ရတယ်… ဒါဆိုရင် ငါ့ရဲ့ လှုပ်ရှားမှုတိုင်း၊ နှလုံးခုန်သံတိုင်းက မတူညီတဲ့ အချိန်စီးကြောင်းတွေကို ဖြစ်ပေါ်စေလိမ့်မယ်… ”

“ ငါက အချိန်စီးကြောင်းတွေကို တူညီအောင် မပြုလုပ်နိုင်ပေမဲ့ နေနာရီကို အသုံးပြုပြီးတော့ အဲ့ဒါတွေအားလုံးကို အပြင်လောကဆီ တစ်ခါတည်း ပစ်လွှတ်နိုင်တယ်… အဲ့ဒါက ဖရိုဖရဲအချိန်ပင်လယ်ကို ဖန်တီးနိုင်စေလိမ့်မယ် ”

“ ဖရိုဖရဲအချိန်ပင်လယ်ထဲ ဝင်ရောက်လာတဲ့ ဘယ်သူမဆို အချိန်စွမ်းအားရဲ့ သက်ရောက်ခံရပြီး မရေမတွက်နိုင်တဲ့ အချိန်စီးကြောင်းတွေထဲမှာ လမ်းပျောက်သွားလိမ့်မယ် ”

“ အဲ့ဒါက ရန်သူကို ရူးသွပ်သွားစေနိုင်သလို အသက်သေဆုံးစေနိုင်တယ် ”

“ ဒါ့အပြင် ရန်သူပေါ်မှာလည်း အဲ့ဒီဟာကို အသုံးပြုနိုင်တယ် ”

“ ဒါဆိုရင်… ရန်သူရဲ့ လှုပ်ရှားမှုတိုင်းက ဖရိုဖရဲအချိန်စီးကြောင်းတွေကို ဖန်တီးပစ်လိမ့်မယ်… အဲ့ဒီအချိန်စီးကြောင်းတွေက အရေအတွက်များပြားလာတဲ့အခါ ရန်သူရဲ့ ထိန်းချုပ်နိုင်စွမ်းကနေ ကင်းလွတ်သွားလိမ့်မယ်… အဲ့ဒီနောက် ရန်သူက ကိုယ့်ရဲ့ တည်ရှိမှုကို ရှာမတွေ့တော့တဲ့အထိ အချိန်စီးကြောင်းတွေထဲမှာ ပိတ်မိသွားလိမ့်မယ် ”

“ အဲ့ဒါက နတ်ဘုရားတစ်ပါးရဲ့ အကြည့်နဲ့တောင် နှိုင်းယှဉ်နိုင်တယ်… နတ်ဘုရားတစ်ပါးရဲ့ အကြည့်တစ်ချက်က သက်ရှိတွေရဲ့ အသွေးအသားတွေကို ဖရိုဖရဲဖြစ်စေနိုင်တယ်… အဆင့်နိမ့်ကျင့်ကြံသူတွေဆိုရင် နတ်ဘုရားရဲ့ အကြည့်အောက်မှာ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ကိုယ်ပိုင်အသိစိတ်ရှိလာပြီး သီးခြားရပ်တည်ချင်လာကြတယ် ”

“ အုပ်ချုပ်သူတွေတောင် ဒီအချိန်စွမ်းအင်ကို ရှောင်ရှားနိုင်မယ် မထင်ဘူး ”

အေးစက်စက် အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ငါ့ရဲ့ ဖရိုဖရဲအချိန်ပင်လယ်ထဲမှာ သက်ရှိအားလုံးက အဆုံးမဲ့တဲ့ ကပ်ဘေးဒုက္ခတွေကို ခံစားရမယ်… အချိန်ဟာ အဆုံးမရှိတာကြောင့် ဒီဟာကို… ပြစ်ချက်မဲ့လောကလို့ ငါခေါ်မယ် ”

ရွှီချင်းက ချိပ်တံဆိပ်လက်သင်္ကေတများကို အမြန်ဖွဲ့စည်းလိုက်ပြီး သူ၏ စွမ်းအားကို သဲကန္တာရတစ်ခုလုံးအား ဖုံးလွှမ်းသွားစေသည်။ သူ၏ အသိစိတ်ထဲ၌ အတွေးများကို စုစည်းလိုက်သည့်အခါ နက်နဲသိမ်မွေ့သော ထိုနားလည်သဘောပေါက်မှုက ပိုပြီးရှင်းလင်းသွားသည်။ ထို့နောက် သူက ယင်းကို သူ၏ သတ္တမမြောက် အန္တိမတာအိုထဲမှာ ရေးထွင်းလိုက်သည်။

ထိုလုပ်ငန်းစဉ်က ပြီးမြောက်သွားသည့်အခါ သူ၏ အတွေးများက မူလအကန့်အသတ်ထက် ကျော်လွန်သွားသည်။

လျောင်ရွှမ်းသူတော်စင်အရည်၏ အကျိုးသက်ရောက်မှုအောက်မှာ သူ၏ နားလည်သဘောပေါက်မှုက ပိုပြီးရှင်းလင်းလာသည်။

“ ပြီးတော့ အချိန်ခွဲထွက်ခြင်းစွမ်းရည်ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတွေက ဒီထက် ပိုရှိနိုင်တယ်… အဲ့ဒါကို အနာဂတ်မှာ အသေးစိတ် ငါစူးစမ်းလေ့လာရမယ် ”

“ ဥပမာ အချိန်ခွဲထွက်ခြင်းစွမ်းရည်ထဲမှာ လေဟာနယ်ရဲ့ အစွမ်းကို ထပ်ပေါင်းထည့်လိုက်တာမျိုး… ”

ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ရုတ်တရက် အတွေးတစ်ခုကို စဉ်းစားမိသွားသည်။

“ တကယ်လို့များ အချိန်စီးကြောင်းအသစ်တွေက ထူးခြားတဲ့ လေဟာနယ်အစွမ်းနဲ့ လိုက်လျောညီထွေဖြစ်နေမယ်ဆိုရင်ရော… ဘာတွေ ဖြစ်ပေါ်လာနိုင်လဲ ”

“ အနှစ်သာရက တူညီပေမဲ့ အနာဂတ်ရလဒ်တွေက ကွဲပြားသွားတဲ့အခါ မတူညီတဲ့ ကံကြမ္မာတစ်ခု ဖြစ်ပေါ်လာနိုင်လား… ”

ရွှီချင်း၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူက ဤအခိုက်အတန့်မှာ အရေးကြီးသော တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသွားသည်ဟု ခံစားမိသွားသည်။

“ ဒါမှမဟုတ် အဲ့ဒါကို အတိအကျပြောရရင်… အချိန်လေဟာနယ်လား ”

“ အချိန်လေဟာနယ်တစ်ခုက ငါ့ဆီကနေ မွေးဖွားလာနိုင်တာလား ”

“ အချိန်လေဟာနယ်တွေက မရေမတွက်နိုင်အောင် များပြားမယ်ဆိုရင် ငါကိုယ်၌ကလည်း မရေမတွက်နိုင်အောင် များပြားသွားလိမ့်မယ်… ”

ရွှီချင်းက ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက ရှာဖွေမှုအသစ်ပေါ်မှာ အာရုံစိုက်လိုက်သည်။

အချိန်က နှေးကွေးစွာ စီးဆင်းသွားပြီး သုံးရက်ကုန်ဆုံးသွားသည်။

ရွှီချင်းက ဆင်ခြင်နားလည်ခြင်း၌ စိတ်နှစ်ထားဆဲပင်။ ဤသုံးရက်အတောအတွင်းမှာ သူက အချိန်နှင့် လေဟာနယ်အား ပေါင်းစပ်နိုင်မည့် နည်းလမ်းများကို စူးစမ်းရှာဖွေခဲ့သည်။

သူစဉ်းစားရမိသော အတွေးများပေါ် မူတည်၍ နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်ခဲ့သော်လည်း အဆုံးမှာ ကျရှုံးသွားဆဲပင်။

သို့ဖြစ်၍ သူက ထိုအတွေးကို ပြောင်းလဲပစ်လိုက်ပြီး ဖရိုဖရဲအချိန်စီးကြောင်းများ၏ ဖွဲ့စည်းမှုပေါ်မှာ အာရုံစူးစိုက်လိုက်သည်။ သူက လေဟာနယ်ကို သေတ္တာတစ်လုံးအဖြစ် သဘောထားလိုက်ပြီး ထိုအချိန်စီးကြောင်းများကို သေတ္တာထဲသို့ ထည့်သွင်းနိုင်ရန် ကြိုးစားကြည့်သည်။

ဤလုပ်ငန်းစဉ်က အလွန်နှေးကွေးသည်။

သို့သော်လည်း ရွှီချင်းက ယင်းကို ဂရုမစိုက်ချေ။ သူ၏ စွမ်းအင်အားလုံးကို ဤဆင်ခြင်နားလည်မှုပေါ်မှာ အသုံးပြုထားသည်။

သို့သော်လည်း ယွင်မန် ချင်းဖန်က ရွှီချင်း၏ ကျင့်ကြံမှုပေါ် အာရုံခံမိပြီးနောက် ပိုပြီးအံ့ဩထိတ်လန့်သွားသည်။

သူ၏ ကျင့်ကြံခြင်းက ဗလာနတ္ထိအဆင့်မှာ ဖြစ်သည်။ ဝိညာဉ်စုစည်းခြင်းအဆင့်သို့ သူချိုးဖြတ်နိုင်ခြင်း မချိုးဖြတ်နိုင်ခြင်းက အခွင့်အလမ်းပေါ်မှာသာ မူတည်သည်။ သို့သော်လည်း တိမ်တံခါးကလန်၏ တပည့်ရင်းတစ်ယောက်အနေဖြင့် သူ၏ ဗဟုသုတများက မနည်းပေ။

သို့သော်လည်း သူက ဗဟုသုတကြွယ်ဝပြီး အုပ်ချုပ်သူများဖြင့် ဆက်သွယ်ဖူးသည့်တိုင်အောင် ဤရက်များမှာ ရွှီချင်း၏ ကျင့်ကြံမှုကို မြင်လိုက်ရပြီးနောက် သူ၏ နှလုံးသားထဲတွင် ကြီးမားသော မုန်တိုင်းက အစပျိုးလာသည်။

သူက ရွှီချင်း၏ ကျင့်ကြံမှုကို နားမလည်သော်လည်း ဤသဲကန္တာရ၏ အပြောင်းအလဲများကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။

အစရက်များတွင် သဲကန္တာရထဲမှ သဲတစ်မှုန်စီက တဖြည်းဖြည်း ထွန်းလင်းတောက်ပလာကြောင်း သူသတိထားမိသည်။ နောက်ဆုံးမှာတော့ သဲကန္တာရတစ်ခုလုံးက သူ၏ မျက်စိအရှေ့မှာ ထွန်းလင်းတောက်ပသော ကြယ်တာရာကောင်းကင်အဖြစ် ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းက သူ့ကို ပရမ်းပတာ နှလုံးတုန်သွားစေသည်။

ထို့နောက် သဲမှုန်အားလုံးက တုန်ယင်သွားကြောင်း သူသတိပြုမိလိုက်သည်။ သဲမှုန်အားလုံးက လေထဲသို့ ပျံတတ်သွားသော အခိုက်အတန့်ကိုပင် သူမြင်တွေ့ခဲ့သည်။

ယင်းက အိမ်မက်နှင့် ဆင်တူသည်။ ပုံရိပ်ယောင် ခံစားမှုက သူ၏ စိတ်အာရုံကို စတင်လွှမ်းခြုံသွားပြီး သူ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု အစပျိုးလာသည်။

ထိုမျှက အဆင်ပြေသေးသည်။ သို့သော်လည်း နောက်ပိုင်းဖြစ်ပျက်ခဲ့သော အရာများက သူ၏ နားလည်ထားမှုကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်သည်။

သူ၏ အမြင်အောက်မှာ ရွှီချင်း၏ ပုံရိပ်က စတင်ပုံပျက်တွန့်လိမ်လာပြီး ဝေဝါးလာသည်။ ဤသည်မှာ ထပ်ဆင့်ပုံရိပ်လွှာများက ရွှီချင်းကို လွှမ်းခြုံသွားသည့်အလားပင်။

သူက ထိုတဒင်္ဂအချိန်မှာ မရေမတွက်နိုင်သော ရွှီချင်းများကို မြင်တွေ့ခဲ့သည်။

သို့သော်လည်း ယင်းတို့က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ သူက မျက်စိကြောင်နေသည့်အလား သို့မဟုတ် စိတ်ခြောက်ခြားနေသည့်အလားပင်။ ထို့နောက် သူက အခြေအနေကို ဘာမှနားမလည်နိုင်ခင် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပြင်းထန်သော ဝေဝါးမှုကို ခံစားမိသွားသည်။

ဤသည်မှာ သူနေထိုင်သော လောကက ချာချာလည်သွားသည့်အလားပင်။

သူ့ကို ပိုပြီးတုန်လှုပ်ချောက်ချားသွားစေသည်မှာ သူက မြန်ဆန်စွာ အရွယ်အိုမင်းသွားခြင်း ဖြစ်သည်။ သူက စက္ကန့်ပိုင်းအတွင်းမှာ အဖွားအိုအဖြစ် ပြောင်းလဲသွားသည်။ ထိုမှတဖန် သူက မြန်ဆန်စွာ အရွယ်နုသွားပြီး ကလေးအဖြစ် ပြောင်းလဲသွားပြန်သည်။

ဤသည်မှာ သူက ဘဝတစ်ခုပြီးတစ်ခုကို ကိုယ်တိုင် တွေ့ကြုံနေရသည့်အလားပင်။

ထိုဘဝတစ်ခုစီမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ မေတ္တာနှင့် အမုန်းတရားက ကိန်းအောင်းနေသည်။

ကံကောင်းစွာဖြင့် ရွှီချင်းက အရေးကြီးအခိုက်အတန့်မှာ အပြင်လောကကို အာရုံခံမိသွားပြီး သူ၏ ချိပ်တံဆိပ်လက်သင်္ကေများကို အဆုံးသတ်လိုက်သည်။ သူက သိမ်မွေ့ညင်သာသော အင်အားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ယွင်မန် ချင်းဖန်ကို အကာအကွယ်အလွှာတစ်ခုဖြင့် လွှမ်းခြုံသွားစေသည်။ ယင်းက သူ့ကို ပြင်ပသက်ရောက်မှုများမှ ကာကွယ်ပေးလိမ့်မည်။

သို့မဟုတ်လျှင် သူက ယခုအချိန်မှာ အရိုးခြောက်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

ထိုမြင်ကွင်းက ယွင်မန် ချင်းဖန်ကို လုံးဝ တုန်လှုပ်ချောက်ချားသွားစေသည်။

“ ကလန်ဘိုးဘေးကတောင် ငါ့ကို ဒီလိုခံစားမှုမျိုး မပေးနိုင်ဘူး… ’

ယွင်မန် ချင်းဖန်က ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အဝေးသို့ မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။ သူက ရွှီချင်း၏ အနားသို့ မချဉ်းကပ်ဝံ့‌တော့ချေ။

သူက အံ့ဩထိတ်လန့်နေသကဲ့သို့ ဘေးကင်းလုံခြုံမှုကို ယခင်ထက် ပိုပြီးခံစားမိသွားသည်။ သူ၏ လောကဓာတ်ပညာရပ်က ဤတစ်ကြိမ်မှာ အပြည့်အဝ မှန်ကန်ကြောင်း သူခံစားမိသွားသည်။

တခြားတပည့်ရင်းများ၏ အခြေအနေကို သူမသိသော်လည်း သူက ဤခရီးစဉ်မှာ လုံးဝ ဘေးကင်းလုံခြုံလိမ့်မည်ဟု နားလည်သဘောပေါက်သွားသည်။

“ စီနီယာရွှမ်မီးလျှံရဲ့ ကျင့်ကြံခြင်းကနေ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေက ငါ့ရဲ့ လောကဓာတ်တာအိုနဲ့ အနည်းငယ် ဆင်တူတယ် ”

ယွင်မန် ချင်းဖန်က နက်နဲစွာ တွေးတောလိုက်ပြီး အဝေးမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူက ဘေးပတ်ဝန်းကျင်မှ အပြောင်းအလဲများကို ဂရုတစိုက် အာရုံခံလိုက်သည်။

ထိုသို့ဖြင့် နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားသည်။

ဤအခိုက်အတန့်မှာ သဲကန္တာရထဲမှ မရေမတွက်နိုင်သော သဲမှုန်များက လေထဲသို့ မြှောက်တတ်သွားကြသည်။ ဤသည်မှာ သဏ္ဍာန်မဲ့အင်အားတစ်ခုက ယင်းတို့ကို ဆွဲခေါ်လိုက်သည့်အလားပင်။ ထိုသဲမှုန်များက လေထဲမှာ လှည့်ပတ်သွားကြပြီး လေမုန်တိုင်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

ကျယ်လောင်သော မိုးခြိမ်းသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားစဉ် ပုံရိပ်တစ်ခုက သဲကန္တာရ၏ အလွန်မှ ချဉ်းကပ်လာနေသည်။

၎င်းက အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူက ပါးလွှာသော အနက်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် အနက်ရောင်လှံတစ်ချောင်းကို သယ်ဆောင်ထားသည်။ သူ၏ မျက်နှာက သိမ်မွေ့နူးညံ့ပြီး ချောမောလှပသည်။ သို့သော်လည်း သူ၏ မျက်နှာအမူအရာက ရေခဲတုံးပမာ အေးစက်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည်ပင် အေးစက်မှုကို ထုတ်လွှတ်နေသည်။

သူက သဲမုန်တိုင်း၏ အစွန်အဖျားမှာ ရပ်လိုက်သည်။ ထို့နောက် သူက သဲကန္တာရထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သို့သော်လည်း သူက မရပ်တန့်သွားခင် ထိုခြေတစ်လှမ်းမျှသာ ရွေ့လျားနိုင်ခဲ့သည်။

တစ်ခဏကြာပြီးနောက် သူက ခြေထောက်ကို ဖြည်းညင်းစွာ ပြန်ရုပ်လိုက်သည်။ သူက နေရာမှာ မရွေ့လျားနိုင်သော ရေခဲရုပ်တုတစ်ခုပမာ ရပ်နေစဉ် သူ၏ တည်ရှိမှုက အလွန်ပြင်းထန်လေရာ သူ၏ အနီးနားမှ လေသည်ပင် အေးခဲသွားဟန် ရသည်။ သဏ္ဍာန်မဲ့သော ဖိအားတစ်ခုက သူ့ထံမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။

ဤသည်မှာ သူ့အနားသို့ ချဉ်းကပ်လာသော သက်ရှိအားလုံးက ထိုအအေးဓာတ်ဖြင့် ဝါးမျိုခံရပြီး ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားမည့်သဘော ရ၏။

သို့သော်လည်း ထိုအအေးဓာတ်အရှိန်အဝါက အသက်ရှူချိန်အနည်းငယ်မျှသာ ထွက်ပေါ်လာခဲ့သည်။ သူက ခြေထောက်ပြန်ရုပ်လိုက်သည့်အခါ အအေးဓာတ်က စတင်လွင့်ပြယ်သွားသည်။

ထို့နောက် အရာအားလုံးက တည်ကြည်လေးနက်မှုဖြင့် မြန်ဆန်စွာ အစားထိုးခံလိုက်ရသည်။

အချိန်ကန္တာရ…

အချိန်အခွင့်အာဏာ…

“ ဧည့်သည်အကြီးအကဲတွေနဲ့ ပင်မအကြီးအကဲက မြန်မြန်ဆန်ဆန် သေဆုံးသွားတာ မထူးဆန်းတော့ပါဘူး… ဒါကြောင့်မို့လို့လည်း ကလန်က ငါ့ကို စေလွှတ်လိုက်တာပေါ့… တိမ်တံခါးကလန်ရဲ့ ဒီဧည့်သည်အကြီးအကဲက အုပ်ချုပ်သူတစ်ပါးဖြစ်ရုံတင်မကဘူး သူက အလယ်အလတ်အဆင့်မှာ ဖြစ်လောက်တယ် ”

“ သူက အဲ့ဒီလျှို့ဝှက်သော့အတွက် တိမ်တံခါးကလန်ထဲမှာ ပုန်းအောင်းနေတာ ဖြစ်နိုင်တယ်… ”

အမျိုးသမီးက တွေးတောစဉ်းစားလိုက်သည်။

မြေဝိညာဉ်ကလန်၏ ပြိုင်ဘက်ကင်း ကောင်းကင်အရွေးချယ်ခံအနေဖြင့် သူက အရည်အချင်းပြည့်မီတုံကင်ကို ပိုင်ဆိုင်ထားသည့်အပြင် သူ့ဘဝမှာ မရေမတွက်နိုင်သော လူများဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့ဖြစ်၍ သူ၏ အတွေ့အကြုံနှင့် အမြင်က သူ့ကလန်မှ အဖွဲ့သားကိုးဆယ့်ကိုးရာခိုင်နှုန်းထက် သာလွန်သည်။

နယ်ပယ်တူတွင် မည်သူ့ကိုမဆို အနိုင်ယူနိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။

သို့သော်လည်း ယခု သူ၏ မျက်နှာပေါ်မှာ တည်ကြည်လေးနက်မှုက တဖြည်းဖြည်း ပိုပြီးထင်ရှားလာသည်။ အမှန်မှာ သူက ပြင်းထန်သော အန္တရာယ်ကိုပင် ခံစားမိနေသည်။

အစောနက သူသည် ခြေတစ်လှမ်းမျှသာ လှမ်းခဲ့သော်လည်း သေခြင်းအငွေ့အသက်ကို ခံစားမိခဲ့သည်။

“ ငါက ဒီလူရဲ့ ပြိုင်ဘက်မဟုတ်ဘူး ”

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် အမျိုးသမီးက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖြည်းညင်းစွာ အနောက်ဆုတ်သွားသည်။

ခြေသုံးလှမ်း အနောက်ဆုတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ အမူအရာက ချက်ချင်း ပျက်ယွင်းသွားသည်။

နောက်ကျသွားပြီဖြစ်ကြောင်း ချက်ချင်း သူနားလည်လိုက်သည်။

သူက စောစောက ထိုနေရာမှာ အချိန်အကြာကြီး ရပ်နေခဲ့မိသည်။ ထို့ပြင် ထိုအတောအတွင်းမှာ သူ၏ နှလုံးခုန်သံ၊ သူ၏ အတွေးများနှင့် သူ၏ ခန္ဓာကိုယ်က လှုပ်ရှားမှုအများကြီးကို ပြုလုပ်ခဲ့သည်။

အဓိကအရေးကြီးဆုံးမှာ သူက သဲကန္တာရထဲသို့ ခြေမချခဲ့သင့်ပေ။

သို့ဖြစ်၍ သူ့ကိုယ်သူ သတိမထားမိခင်မှာ အချိန်စီးကြောင်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာကြသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို ဝေဝါးသွားစေပြီး ပုံပျက်တွန့်လိမ်စေသည်။ ထို့နောက် ထပ်ဆင့်ပုံရိပ်လွှာများက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကြသည်။

သို့သော်လည်း အုပ်ချုပ်သူတစ်ပါးအနေဖြင့် သူက သာမန်မဟုတ်ပေ။ ဤအခိုက်အတန့်မှာ တစ်စုံတစ်ခုလွဲမှားနေကြောင်း အာရုံခံမိသွားသောအခါ သူက ကျင့်ကြံခြင်းအခြေခံကို မြန်ဆန်စွာ လှည့်ပတ်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ အစွမ်းကုန်ထုတ်လွှတ်လိုက်သည်။ သူ့ကိုယ်ပိုင် လျှို့ဝှက်ရတနာများကိုပင် ချွင်းချက်မထားခဲ့ပေ။ သူက ရေခဲအခွင့်အာဏာနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလို အလွန်ကြီးမားသော ရေခဲတောင်တစ်လုံးက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။ ဧရာမရေခဲတောင်က သဲကန္တာရ၏ အစွန်အဖျားမှာ မားမားမတ်မတ် ရပ်နေလျက် အလွန်ပြင်းထန်သော အအေးဓာတ်ကို အရပ်မျက်နှာအဘက်ဘက်ဆီသို့ ထုတ်လွှတ်လိုက်သည်။

အရာအားလုံးက အေးခဲသွားသည်။ ထိုထဲမှာ သူ၏ ခန္ဓာကိုယ်နှင့် အချိန်ပင် ပါဝင်သည်။

ရက်ပေါင်းများစွာကြာပြီးနောက် ရေခဲတောင်က ထိုနေရာမှာ ဆက်ရှိနေဆဲပင်။

သို့သော်လည်း ကန္တာရထဲမှ လေမုန်တိုင်းသည်တော့ တဖြည်းဖြည်း အားနည်းသွားပြီး လွင့်ပြယ်သွားသည်။ ထို့နောက် ကန္တာရက ပုံမှန်ပြန်ဖြစ်သွားသည်။

ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။

သူက အဝေးမှ ရေခဲတောင်ကို တစ်ချက်ပင် မကြည့်ချေ။ ယင်းအစား သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

ဤအတောအတွင်း အကြိမ်ကြိမ် ကြိုးစားကြည့်ပြီးနောက် သူ၏ နားလည်သဘောပေါက်မှုက မလုံလောက်သေးကြောင်း ရှာတွေ့သွားသည်။ ထို့ကြောင့် သူက အချိန်နှင့် လေဟာနယ်ကို မပေါင်းစပ်နိုင်ခဲ့ပေ။

“ ဒါပေမဲ့ အဲ့ဒါက ဦးတည်ရာပဲ… အဲ့ဒါက အဌမမြောက် အန္တိမတာအိုအတွက် ဦးတည်ရာပဲ ”

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ သဲကန္တာရက ချက်ချင်း လှုပ်ခါသွားပြီး သဲမှုန်အားလုံးက တုန်ယင်သွားကြသည်။ ဤနေရာမှာ ယှက်ထွေနေကြသော မရေမတွက်နိုင်သည့် အချိန်စီးကြောင်းများက ချက်ချင်း ထွန်းလင်းတောက်ပလာကြသည်။

နောက်ဆုံးမှာတော့ ယင်းတို့က ရွှီချင်း၏ အရှေ့မှာ စုဝေးသွားကြပြီး ထွန်းလင်းတောက်ပသော လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်သည်။

“ သွားကြစို့ ”

ရွှီချင်းက မတ်တတ်ရပ်လိုက်ပြီး ယွင်မန် ချင်းဖန်ကို ပြောသည်။

ဤအခိုက်အတန့်မှာ ယွင်မန် ချင်းဖန်က အဝေးမှ ရေခဲတောင်ကို စိုက်ကြည့်နေလျက် အံ့ဩသွားသည်။ အထူးသဖြင့် ရေခဲတောင်ထဲမှာ ချိပ်ပိတ်ခံထားရသော ပုံရိပ်ကို သူမြင်သွားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ထို့ကြောင့် သူက ရွှီချင်းကို မမေးဘဲ မနေနိုင်ပေ။

“ စီနီယာ… သူ… ”

“ သူက အချိန်ကို အေးခဲပစ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးသွားခဲ့တယ်… သူက မသေဆုံးသေးဘူးဆိုပေမဲ့ သူ့ရဲ့ လက်ရှိအခြေအနေက သေတာနဲ့ မခြားဘူး ”

“ အမ်… ဒါဆို သူ့ကိုယ်ပေါ်က ပစ္စည်းတွေကရော ”

ယွင်မန် ချင်းဖန်က မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။

ရွှီချင်းက ခေါင်းခါလိုက်ပြီး နောက်ထပ် မပြောပေ။

ထိုရေခဲတောင်ထဲမှ ပြစ်ချက်မဲ့လောက၏ ချိပ်ပိတ်မှုသည် လက်ရှိ သူ၏ စွမ်းရည်ဖြင့် လှုံ့ဆော်နိုင်သောအရာ မဟုတ်ပေ။ အကယ်၍ သူသာ အထဲဝင်သွားမည်ဆိုလျှင် သူကိုယ်တိုင်လည်း အထဲမှာ ပိတ်မိသွားလိမ့်မည်။

မှန်ပေသည်။ ယင်းကို ရွှီချင်းက ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။

ဤအခိုက်အတန့်မှာ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ့အရှေ့မှ ထွန်းလင်းတောက်ပသော လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားသည်။ သူက လမ်းလျှောက်နေစဉ် အချိန်ကာလကို ဖြတ်သန်းသွားပြီး ကန္တာရကို ကျော်လွန်သွားသည်။ နောက်အခိုက်အတန့်မှာ သူက ရှေးဟောင်းကျောက်တုံးအစီအရင်တစ်ခု၏ အရှေ့မှာ ပြန်ပေါ်လာသည်။

ယွင်မန် ချင်းဖန်က သူ့အနောက်မှ ရိုသေကျိုးနွံစွာ လိုက်သွားသည်။

All Chapters