← Chapters

အခန်း (၅၇)

Vol. 5 Ch. 57

အခန်း (၅၇)

Vol. 5 Ch. 57

မူလက လျှို့ရှင်းယာမှာ အတော်လေး ၀မ်း‌နည်းနေသော်လည်း လင်းဖေးဟန်ရဲ့ စကားတွေက သူမကို မျက်နှာပူစေသောကြောင့် ၀မ်းနည်းတာ ဘယ်ရောက်လို့ရောက်မှန်းတောင်မသိတော့ပေ။ လျှို့ရှင်းယာက ခဏမျှ ဆွံ့အနေပြီးနောက် ပြောလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး။ လင်းဥက္ကဌက ခန့်ညားလွန်းတော့ ကျွန်မကိုယ်ကျွန်မ မချုပ်တည်းနိုင်တော့လို့ပါ”

လင်းဖေးဟန်က လျှို့ရှင်းယာရဲ့ ပြုံးနေတဲ့မျက်မှာလေးကိုထိကာ ပြောလိုက်၏။

“ငါ့ကို သစ္စာဖောက်ဖူးလား အရူးမလေး”

လျှို့ရှင်းယာက ရှိုက်ငိုပြီး ပြောလိုက်သည်။

“ကုမ္ပဏီရဲ့ အကျိုးအမြတ်နဲ့ပတ်သက်ပြီး သစ္စာမဖောက်ခဲ့ပါဘူး။ ဒါပေမဲ့ လင်းဥက္ကဌရဲ့ လတ်တလော အချိန်ဇယားကိုတော့ ပြောပြလိုက်တယ်”

လျှို့ရှင်းယာက တည်တည်တံ့တံ့နဲ့ လက်သုံးချောင်းထောင်ကာ ကျိန်ဆိုလိုက်၏။

“ကျွန်မ ကျိန်ဆိုပါတယ်။ လိမ်ရင် သေပါစေ”

လျှို့ရှင်းယာက မနေနိုင်ပဲ ထပ်မံငိုချလိုက်ပြန်သည်။

“ဘာလုပ်တာလဲ။ ငါ မင်းကို မယုံဘူးထင်လို့လား”

လင်းဖေးဟန်က အတည်ပေါက်ဟန်ဆောင်ကာ စိတ်ဆိုးမာန်ဆိုးပြောလိုက်၏။

“မင်းအဲ့လိုလုပ်ရင် ငါကျိန်ဆိုတယ်။ ငါမင်းကို မယုံကြည်ရင် ငါ့ကို မိုးကြိုးပစ်ပါစေ”

“ကျိန်း”

ကောင်းကင်ကြီးသည် နဂိုက ရှင်းလင်းနေသော်လည်း ချက်ချင်းပင် မိုးခြိမ်းသံ ထွက်ပေါ်လာခဲ့သည်။ လင်းဖေးဟန်၏မျက်နှာ မည်းမှောင်သွား၏။ မိုးနတ်မင်းရေ။ ငါ့ကို ထပ်ခြောက်နေပြန်ပြီလား။ လင်းဖေးဟန်ရဲ့ တွန့်သွားတဲ့ အပြုအမူက လျှို့ရှင်းယာကို မျက်ရည်ကျအောင် ထရယ်မိသွားစေသည်။

“တောင်းပန်ပါတယ် လင်းဥက္ကဌ။ ကျွန်မ မနေနိုင်လို့ပါ…”

လင်းဖေးဟန်က လျှို့ရှင်းယာကို ဘာမှပြောခွင့်မပြုပဲ ဖက်ထားလိုက်၏။

ဘာစကားမှပြောရန် မလိုချေ။ ဒါက မျှော်လင့်ထားရမည့်အရာပင်ဖြစ်သည်။ အမျိုးသမီးတွေကို ရေနှင့်ဖန်တီးထားပြီး အမျိုးသားများက ရေပြွတ်သေနတ်ဖြစ်၏။ သူတို့က စုပ်ယူနိုင်သလို ပက်လည်းပက်ဖြန်းနိုင်သည်။ မကြာခင်မှာပဲ နှစ်ယောက်သား တစ်ပွဲထပ်မံနွှဲကြတော့၏။

လင်းဖေးဟန်ရဲ့ နှစ်သိမ့်စကားက လျှို့ရှင်းယာကို အိပ်ယာပေါ်လှဲတက်ပြီး သူ့ရင်ခွင်ထဲ ချွေးသည်းသည်းနှင့် ပြိုလဲသွားစေသည်။ လင်းဖေးဟန်က ထို့နောက် မေးလိုက်၏။

“လုရွှယ်ယင်က မင်းကို ဒီနေ့ ဘာမေးလိုက်လဲ”

လုရွှယ်ယင်ရဲ့ အကျင့်စရိုက်အရ လွန်ခဲ့တဲ့ရက်အတွင်း သူဘာလုပ်ခဲ့တယ်ဆိုတာလောက် မေးမှာမဟုတ်တာကို လင်းဖေးဟန်ကသိသည်။ သူမလိုချင်သည့်အဖြေကို မရမချင်းလည်း အလျော့ပေးမှာမဟုတ်တာကို သူသိ၏။ လင်းဖေးဟန်ကို ထူးဆန်းသလိုခံစားရစေတာက လုရွှယ်ယင်က ဒီအချိန်ကြီး ဘာလို့သူ့အကြောင်းစုံစမ်းရလဲဆိုတာပင်ဖြစ်သည်။

လုရွှယ်ယင်က အကဲပိုသော မိန်းကလေးမျိုး မဟုတ်သလို အကြောင်းမရှိ ပြဿနာရှာသူလည်း မဟုတ်ပါ။ လုရွှယ်ယင်းစိတ်ထဲ သူ့ကို အမြင်အနည်းငယ်စောင်းနေနိုင်ပေမဲ့ သူ့အကြောင်း စုံစမ်းရလောက်တဲ့အထိတော့ မဟုတ်ပေ။

အဲ့လိုသာဆို လင်းဖေးဟန်က သူ့ရှေ့က ကွန်ပြူတာမျက်နှာပြင်ကို ဝါးပါစားပြလိုက်မည်ဖြစ်သည်။

“မမလေးလုက ကျွန်မတို့ကုမ္ပဏီရဲ့ ဒီရက်ပိုင်းအတွင်း ထိပ်သီးအစည်းအဝေးတွေရဲ့ အချက်အလက်ကို လိုချင်တာပါ။ စာချုပ်တွေပါ အပါအ၀င်ပေါ့”

လင်းဖေးဟန်က အနည်းငယ်ပြုံးလိုက်မိ၏။ ကြည့်ရတာ ဒီမိန်းမက လတ်တလော ငါလှုပ်ရှားထားတာတွေရှိလား သံသယ၀င်နေပုံပဲ။

အကြောင်းရင်းကို အဖြေရှာပြီးနောက် လင်းဖေးဟန်က ထပ်ပြုံးကာ ပြောလိုက်သည်။

“သူလိုချင်ရင် ပေးလိုက်။ လုပ်ငန်းစုရဲ့ မကြာသေးခင်က ထိပ်သီးအစည်းအဝေးတွေကို မိတ္တူတချို့ကူးပေးလိုက်။ စာချုပ်အ‌သေးစားတချို့ကိုရောပဲ ယူသွားပေးလိုက်”

“လင်းဥက္ကဌ။ ဒါက ကုမ္ပဏီရဲ့ အကျိုးအမြတ်ကို အကျိုးသက်ရောက်လာနိုင်လား”

လျှို့ရှင်းယာက လင်းဖေးဟန်ကို အံ့ဩစွာကြည့်လိုက်သည်။ သူမက ဒါရဲ့ အကျိုးနှင့်အပြစ်ကိုသိသည်။ လင်းဖေးဟန်မှာ ကိုယ်ပိုင်အကြံအစည်ရှိတာကိုလည်း သူမ သိ၏။ သို့သော် ဒါက အန္တရာယ်များလွန်း၏။ လုရွှယ်ယင်က တကယ်ပဲ လုပ်ငန်းစုရဲ့ လားရာကိုသိရင် ချက်ချင်းဆိုသလို လုပ်ငန်းစုရဲ့ အသက်သွေးကြောကို ဆုပ်ကိုင်လိုက်နိုင်သည်။

လင်းဖေးဟန်က ခေါင်းကိုခါယမ်းကာ အေးဆေးပြောလိုက်၏။

“လုပ်ငန်းစုရဲ့ လတ်တလော ထိပ်သီးအစည်းအဝေးတွေမှာ ဘာအသုံး၀င်တဲ့ အကြောင်းအရာမှ မပါဘူး။ ပြီးတော့ အဲ့ဒီ စာချုပ်တွေက ရှင်းရှင်းလင်းလင်း တိတိကျကျ ရေးထားတာ။ လုရွှယ်ယင်သာ ပြဿနာရှာပြီး တစ်ဖက်ကို စာချုပ်ဖျက်သိမ်းအောင်လုပ်ရင် စာချုပ်လျော်ကြေး ပမာဏအများကြီးကို ပေးဆောင်ရမှာ။ မလုပ်လောက်ပါဘူး။ သူက အဲ့လောက်မအဘူး။ သူ လုပ်နိုင်တာ ဘာမှမရှိပါဘူး”

လျှို့ရှင်းယာက ထပ်မံတုံ့ဆိုင်းကာ ပြောလိုက်သည်။

“ဒါပေမဲ့…ဘာလို့ လင်းဥက္ကဌက ဒီလိုလုပ်ရတာလဲ။ မမလေးလုအကြောင်း စဉ်းစားတုန်းပဲလား”

သူမနှင့် လင်းဖေးဟန်မှာ ဇာတ်သိမ်းမရှိ‌ပေမဲ့ လင်းဖေးဟန်နှင့် လုရွှယ်ယင်က‌တော့ လိုက်ဖက်ကြောင်းကို လျှို့ရှင်းယာက သိသည်။ သို့သော်ငြား လင်းဖေးဟန်က လုရွှယ်ယင်ကို သဘောကျနေတုန်းဖြစ်ကြောင်း တွေးမိလိုက်တော့ သူမရင်ထဲ အတော်ကြီးနာကျင်ခံစားရ၏။

မိန်းမတွေက တစ်ကိုယ်ကောင်းဆန်ပြီး သူတို့ရဲ့လူက တခြားမိန်းမတစ်ယောက်အကြောင်း တွေးနေသေးတာကို လက်မခံနိုင်တာဖြစ်မည်။

“ဘာလဲ။ သ၀န်တိုနေတာလား”

“ကျွန်မ…သ၀န်မတိုရဲပါဘူး လင်းဥက္ကဌ။ ရှောင်ယာက ကိုယ့်ဘာသာကိုယ်သိပါတယ်”

လင်းဖေးဟန်က ပြုံးလိုက်ပြီး လျှို့ရှင်းယာရဲ့တင်ပါးကို ဖြည်းဖြည်းလေးပုတ်ကာ ပြောလိုက်သည်။

“အရူးမလေး။ ငါက မင်းကို သူလျှိုလုပ်ခိုင်းမလို့”

“အဲ့လိုဆို မင်း လုရွှယ်ယင်ရဲ့ ယုံကြည်မှုကို အပြည့်အ၀ရလာလိမ့်မယ်။ မင်းရဲ့မိသားစုကလည်း စိတ်ပူစရာမလိုတော့ဘူး။ လုရွှယ်ယင်က သွေးအေးတဲ့မိန်းမတစ်ယောက်ဆိုပေမဲ့ သူ့မှာ စည်းဘောင်ရှိတဲ့အတွက် မင်းကို ဒုက္ခရောက်အောင်လုပ်မှာမဟုတ်ပါဘူး”

“ငါ့နောက်မှာနေပြီး လိုအပ်ရင် အကူအညီပေးရုံပဲ”

လင်းဥက္ကဌက တကယ်ကို ခန့်ညားတယ်။ ပြီးတော့ သုံးပြည်ထောင်ခေတ်က ကျူးကဲလျန့်လိုပဲ နည်းဗျူဟာချတတ်တယ်။

“လင်းဥက္ကဌကိုကူညီဖို့ ကျိန်းသေ အကောင်းဆုံးကြိုးစားပါ့မယ်”

လျှို့ရှင်းယာက ညင်သာစွာပြောလိုက်ပေမဲ့ အဲ့ဒီအခိုက်အတန့်မှာ သူမ ဘယ်လောက်တောင် စိတ်ပိုင်းဖြတ်ထားလဲဆိုတာ မည်သူမျှမသိချေ။ နောက်နေ့မှာ လင်းဖေးဟန်က စွန်းရှင်းယွဲ့ရဲ့ ပန်းဆိုင်ကို စောစောလာခဲ့သည်။

ဖုန်းလုံဧရိယာတွင် ဆောက်လုပ်ရေး စတင်နေပြီဖြစ်ပြီး နေရာတိုင်းတွင် အကျိုးအပဲ့များပြန့်ကျက်လျက်ရှိ၏။ လင်းဖေးဟန်ဂရုစိုက်ပေးတဲ့ကျေးဇူးနဲ့ စွန်ူရှင်းယွဲ့ရဲ့ ပန်းဆိုင်က ဖြိုချမခံခဲ့ရပေ။ ပန်းဆိုင်နားက ဆောက်လုပ်ရေးအကုန် ပြီးခါနီးဖြစ်သည်။ လင်းဖေးဟန်က အဝေးကနေ ပန်းဆိုင်ကို လှမ်းကြည့်လိုက်၏။ အဆောက်အအုံဖျက်သိမ်းတာတွေကြောင့် လူတိုင်း ထွက်ခွာသွားကြသဖြင့် ထိုနေရာကို စွန့်ပစ်နေရာနှင့်တူစေသည်။

ဒါပေမဲ့ အဲ့ဒါတွေက ယာယီပဲဆိုတာ သူသိ၏။ မကြာခင်မှာပဲ အထပ်မြင့်အဆောက်အအုံတွေကို ဒီမှာဆောက်လုပ်ကြလိမ့်မည်။ ပြီးရင်တော့ ပန်းဆိုင်က စည်ကားလာလိမ့်မည်။ လင်းဖေးဟန်က ပန်းဆိုင်ကို ဖုန်းလုံဧရိယာရဲ့ ဗဟိုချက်အနေနဲ့ ဆောက်လုပ်ရေးဒီဇိုင်းမှာ ထည့်သွင်းရေးဆွဲထားသောကြောင့်ဖြစ်သည်။

သူမ၏ ခြေထောက်များ ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့် စွန်းရှင်းယွဲ့က ဒီကနေ့ လင်းဖေးဟန်ကိုတွေ့ရတာ ပိုမိုပျော်ရွှင်နေ၏။ အခုဆို သူမက ဝှီးချဲအကူအညီမပါပဲ ချိုင်းထောက်နဲ့ ခြေလှမ်းအနည်းငယ် လျှောက်နိုင်ပြီဖြစ်သည်။ လင်းဖေးဟန်က စွန်းရှင်းယွဲ့ကို အပ်စိုက်ပေးပြီးနောက် သူမက ဂရုတစိုက်နှင့် လင်းဖေးဟန်နဖူးကချွေးကို သုတ်ပေးလိုက်၏။

စွန်းရှင်းယွဲ့က လင်းဖေးဟန်ရဲ့ ချောမောတဲ့မျက်နှာကိုကြည့်ပြီး ရှက်သွေးမဖြာပဲမနေနိုင်ချေ။ သူမက ပြောလိုက်သည်။

“အစ်ကိုလင်း။ အပြင်ကို လမ်းလျှောက်ထွက်ဖို့ ကူပေးပါဦး။ ကျွန်မရဲ့ ခြေထောက်တွေက မလျှောက်တာကြာပြီ။ မလျှောက်နိုင်တော့မှာစိုးမိတယ်”

“ကောင်းပြီလေ”

လင်းဖေးဟန်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏။ စွန်းရှင်းယွဲ့ရဲ့ ပြောင်းလဲမှုများကိုတွေ့မြင်ပြီးနောက် သူပါ စိတ်ရင်းနဲ့ ပျော်ရွှင်မိသည်။

လင်းဖေးဟန်က စွန်းရှင်းယွဲ့ကို ခြံထဲ ‌ခြေလှမ်းအနည်းငယ်လျှောက်ရန် ကူညီပေးခဲ့၏။ စကားအနည်းငယ်ပြောပြီးနောက် လင်းဖေးဟန်က ပြန်သွားခဲ့သည်။ လင်းဖေးဟန် ကားနှင့်ထွက်သွားအပြီးမှာပဲ လုရွှယ်ယင်က ဖုန်းခေါ်ဆိုခဲ့၏။

လင်းဖေးဟန်က အနည်းငယ် အံ့အားသင့်သွားသည်။ လွန်ခဲ့တဲ့ရက်တွေအတွင်း သူ လုရွှယ်ယင်ကို မဆက်သွယ်ခဲ့ပေ။ လုရွှယ်ယင်ကနေပြီး သူ့ကို စတင်ဆက်သွယ်လာရန်လည်း မမျှော်လင့်ခဲ့ချေ။ အရာအားလုံးက အကောင်းဘက်ကနေ တိုးတက်လာတယ်လို့ ဆိုလိုတာလား။ လုရွှယ်ယင်က လျှို့ရှင်းယာပို့လိုက်တဲ့ လင်းအုပ်စုရဲ့ အစည်းအဝေးအချက်အလက်ကို ရရှိခဲ့သည်။ အကြောင်းအရာအများစုက တစ်ထေရာတည်းပင်။ လင်းဖေးဟန်က ဘာတစ်ခွန်းမှမပြောခဲ့ပေ။ လင်းဖေးဟန် အများဆုံးသုံးတဲ့စကားကတော့ “သွားလို့ရပြီ” ဆိုတာသာဖြစ်၏။

All Chapters