← Chapters

အခန်း (၅၈)

Vol. 5 Ch. 58

အခန်း (၅၈)

Vol. 5 Ch. 58

အဲ့ဒါက လုရွှယ်ယင်ကို လျှို့ရှင်းယာက သူမကို လှည့်စားနေတာလားဟု သံသယ၀င်စေမိသည်။ သို့သော် အစည်းအဝေးတစ်ခုစီက ကြောင်းကျိုးဆီလျော်ပြီး အသေးစိတ်ကအစ စာချုပ်တစ်ခုစီတွင်ပါရှိ‌သော အကြောင်းအရာများနှင့် ကိုက်ညီနေ၏။ အတုအယောင်လုပ်၍ မရသောအရာဖြစ်သည်။ ထိုအချက်က လုရွှယ်ယင်ကို ပိုမိုရှုပ်ထွေးသွားစေ၏။

လင်းဖေးဟန်က သူ့ရဲ့ အတွေးကို အစည်းအဝေးမှာ ပြောသင့်တယ်မဟုတ်လား။ ပြီးရင် လုပ်ငန်းစုက လိုက်နာလုပ်ဆောင်ရမှာလေ။ ဘာလို့ ဆုံးဖြတ်ချက်ချတာတွေက လင်းဖေးဟန်နဲ့ ဘာမှဆိုင်မနေရတာလဲ။ မဟုတ်ဘူး။ သူနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ရယ်လို့ မရှိတာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အစည်းအဝေးပိတ်သိမ်းဖို့က လင်းဖေးဟန် ဆုံးဖြတ်တာပဲလေ။

အဲ့ဒါက လင်းဖေးဟန် ကြံစည်‌ နေတာ‌နဲ့ပတ်သက်ပြီး လုရွှယ်ယင်ကို သိချင်စိတ်ဖြစ်စေမိ၏။ ထို့ကြောင့် သူမအိမ်ပြန်ရောက်ချိန်တွင် လင်းဖေးဟန်အကြောင်း ရည်ရွယ်ချက်ရှိရှိထုတ်ပြောလိုက်သည်။ သူမ၏အဖေ လုရှော့ချွန်းက လင်းဖေးဟန်ကို ဧည့်သည်အနေနဲ့ အိမ်ကိုဖိတ်ရန် ချက်ချင်းပင် အကြံပြုလိုက်၏။ ထိုသို့ကြားလိုက်ရ၍ လုရွှယ်ယင်က ကြိတ်ပြုံးလိုက်မိသည်။

ဒါက သူမ လိုချင်သည့်အရာပင်ဖြစ်၏။ သူမက လင်းဖေးဟန်ကို လူတွေ့ စစ်ဆေးချင်သော်လည်း သူမကိုယ်တိုင် ထုတ်ပြောလို့မဖြစ်ပါ။ သူမ၏မိဘများကိုသာ ပေးပြောရမည်။ အဲ့ဒီအပြင်ကိုမှ သူမ၏မိဘများကို လင်းဖေးဟန်ကို ဖိတ်ချင်တာက သူမပင်ဖြစ်ကြောင်း ပေးသိလို့လည်းမဖြစ်ပါ။ အစက ဒီကိစ္စကိုဖြစ်မြောက်အောင်လုပ်ရန် ခက်ခဲမည်ဟု လုရွှယ်ယင်က တွေးမိခဲ့၏။ သူမ မထင်ထားတာက သူမ လင်းဖေးဟန်အကြောင်း ပြောလိုက်တာနဲ့ သူမရဲ့အဖေက လိုက်လျောပြီး လင်းဖေးဟန်ကို ဖိတ်ခိုင်းလိုက်မယ်ဆိုတာကိုပင်။

အမှန်က လုရွှယ်ယင်ရဲ့အဖေ လုရှော့ချွန်းမှာလည်း ကိုယ်ပိုင်အကြံလေးတွေရှိသည်။ ဒီနှစ်တွေအတွင်း လုရှော့ချွန်းက ပါးလွှာတဲ့ရေခဲပြင်ပေါ် လမ်းလျှောက်နေသလိုမျိုး ပုံမှန်လေး ဂရုတစိုက်နှင့် သတိထားပြီး လုပ်ငန်းစုကို ခန့်ခွဲလာခဲ့၏။ ဒါပေမဲ့ လုရှော့ချွန်းရဲ့ နက်ရှိုင်းတဲ့စိတ်ထဲတစ်နေရာမှာတော့ လူငယ်တစ်ယောက်ရဲ့ စိတ်ဝိညာဉ်ခိုအောင်းနေသည်။ လုရှော့ချွန်းက ငယ်ရွယ်စဉ်ကပင် ရင်းနှီးမြှုပ်နှံရတာကို သဘောကျ၏။ ထိုစဉ်က လုရှော့ချွန်း၏ ဆောင်ပုဒ်မှာ “စည်းစိမ်နဲ့ဂုဏ်သရေဆိုတာ အရဲစွန့်ရှာဖွေရတယ်” ဟူ၍ပင်ဖြစ်သည်။

သို့သော် လုရှော့ချွန်းရဲ့ကံက ဆိုးလွန်းလှ၏။ သူ ရင်းနှီးလိုက်သည့်အရာတိုင်း အရှုံးပေါ်သည်။ ကျန်းပိုင်တစ်မြို့လုံးမှာပင် ရယ်စရာဖြစ်လာခဲ့၏။ လုရှော့ချွန်းကို “ရင်းနှီးသမျှရှုံးသူ” ဆိုတဲ့ နာမည်ပြောင်ကို ဘယ်သူပေးလိုက်လည်းတော့ တစ်ယောက်မှမသိကြချေ။ လုရှော့ချွန်းက အပြင်လူတွေရဲ့ အထင်အမြင်ကို ဂရုမစိုက်သော်လည်း သူ့မိန်းမ ဆူပူတာခံရခြင်းက မျက်နှာပျက်သလို ခံစားရစေသည်။

အဲ့ဒါကြောင့် သူက ရင်းနှီးမြှုပ်နှံတာကို ရပ်လိုက်ပြီး လုပ်ငန်းစုကို ပုံမှန်ပဲ စီမံခဲ့တော့၏။ သူ့စိတ်ထဲက အခဲမကျေမှုကတော့ နက်နက်ရှိုင်းရှိုင်း ကပ်တွယ်နေသည်။ သူက အခွင့်အရေးကို စောင့်မျှော်နေခဲ့တာဖြစ်၏။ သူလုပ်နိုင်တယ်ဆိုတာကို သက်သေပြချင်သည်။

များမကြာခင်မှာ လင်းဖေးဟန်ရဲ့ ပြောင်မြောက်တဲ့ လှုပ်ရှားမှုက ကျန်းပိုင်တစ်မြို့လုံးမှာ ဟိုးလေးတစ်ကျော်ဖြစ်ပြီး လုရှော့ချွန်းရဲ့အာရုံကို ဖမ်းစားခဲ့၏။ ရင်းနှီးမြှုပ်နှံမှုနတ်ဘုရား၊ ကျန်းပိုင်မြို့ရဲ့ Buffet၊ ကောင်းကင်ရဲ့ဂုဏ်သရေ၊ ပါရမီရှင် ရင်းနှီးမြှုပ်နှံသူ။ ကျန်းပိုင်မြို့မှာ လင်းဖေးဟန်ရဲ့နာမည်ကို မသိတဲ့သူ ဘယ်သူရှိလို့လဲ။

လင်းကော်ဟွားက လင်းအုပ်စုကို တည်ထောင်ခဲ့တာကြောင့်တင် လင်းဖေးဟန်ကို လူတိုင်းက သိနေရခြင်းမဟုတ်ပါ။ အဓိကက လင်းဖေးဟန်က ဆရာထက်တပည့်လက်စောင်းထက်ပြီး အရာရာမှာ မျှော်မှန်းထားတာထက် သာလွန်နေသောကြောင့်ဖြစ်သည်။ သူက သမားရိုးကျမဟုတ်တဲ့လမ်းကိုလျှောက်ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့၏။ လင်းဖေးဟန်က သူ့ကိုယ်သူသက်သေပြဖို့ရာ ကူညီပေးနိုင်မည်ဟု လုရှော့ချွန်းက ယုံကြည်သည်။

လင်းဖေးဟန်က ဖုန်းကိုကိုင်ပြီး မေးလိုက်၏။

“အကြောင်းတစ်ခုခုရှိလို့လား မိန်းကလေးလု”

လင်းဖေးဟန်ရဲ့စကားထဲမှ စိမ်းကားမှုကို ခံစားလိုက်ရသဖြင့် လုရွှယ်ယင်က ခဏမျှငြိမ်သက်သွားမိသည်။ ထို့နောက် သူမ ပြောလိုက်၏။

“ငါ့အဖေက နင့်ကို ညစာဖိတ်ကျွေးချင်လို့။ နင်အချိန်ရလား”

ရုံးခန်းကျယ်ကြီးထဲတွင်ဖြစ်သည်။ လုရွှယ်ယင်က ခုံပေါ် တစ်၀က်လျှော မှီထိုင်ထားပြီး စားပွဲအောက်တွင်တော့ သူမ၏ ခြေဖ၀ါးသေးသေးလေးတစ်စုံက ခါယမ်းလျက်ရှိ၏။ လင်းဖေးဟန်က ထိုစကားကို ကြားလိုက်ရချိန်မှာ ဘေးကိုကြည့်လိုက်မိသည်။ ထို့နောက် ၀မ်တကုံရဲ့ပုခုံးကိုပုတ်ပြီး ရပ်ရန် အချက်ပြလိုက်၏။

ထို့နောက် ကားတံခါးကိုဖွင့်ကာ အပြင်ကိုထွက်ပြီး မေးလိုက်သည်။

“အခုသွားရမှာလား”

“အင်း”

လုရွှယ်ယင်က အေးစက်စွာ ဖြေကြားလိုက်၏။

လင်းဖေးဟန်က ရယ်ပြီးပြောလိုက်သည်။

“‌စိတ်မကောင်းပါဘူး။ ငါကအခု လေ့ကျင့်ခန်းလုပ်နေတာမို့ ကားမယူလာမိဘူး။ ငါ့ကို လာကြိုလို့ရမလား”

လုရွှယ်ယင်က အဲ့ဒါကိုကြားလိုက်ရတော့ အပြင်ဘက်ကို ကြည့်လိုက်မိသည်။ နေကထိန်ထိန်သာနေ၏။ ဒီ‌ရာသီဥတုမှာ လေ့ကျင့်ခန်းထွက်လုပ်ရင် အပူချိန်လွန်ကဲသည့်ဒဏ်ကို ခံစားရလိမ့်မည်။ ခြေထောက်ခါယမ်းနေတာ ရပ်သွား၏။ လေသံကပင် ရင့်မာသွားသည်။

“ကြီးမြတ်လှတဲ့ လင်းဥက္ကဌက ဟိုသွားဒီသွား ကားမရှိဘူးတဲ့။ ငါ့ကိုလည်း ယာဉ်မောင်းလုပ်ခိုင်းစေချင်သေးတယ်။ နင်တို့ရဲ့ လင်းအုပ်စုက ဘာအခက်အခဲများ ရင်ဆိုင်နေရလဲမသိဘူး”

လင်းဖေးဟန်က ဒီအခွင့်အရေးကိုအသုံးချပြီး သူမနဲ့ နီးစပ်ချင်တာဟု လုရွှယ်ယင်က အလိုလို တွေးလိုက်မိသည်။ လုရွှယ်ယင်ရဲ့ ‌အေးစက်တဲ့လေသံကိုကြားတော့ လင်းဖေးဟန်က ရယ်လိုက်မိ၏။

သူက လုရွှယ်ယင်နဲ့ နီးစပ်ချင်တာ မဟုတ်ပေမဲ့ သူမက ဒီလောက်ကြီး သံသယကြီးလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။ ဒါပေမဲ့ ဒါကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိဘူးဆိုရင် သူ ဒီစကားကို ပြောခဲ့မှာမဟုတ်ချေ။ ထိုအချိန်တွင် လင်းဖေးဟန်က ပြုံးကာပြောလိုက်သည်။

“မိန်းကလေးလု အထင်လွဲနေပြီထင်တယ်။ ငါသာ မင်းအပေါ် ခံစားချက်ရှိနေဦးမယ်ဆိုရင် စေ့စပ်ထားတာဖျက်သိမ်းဖို့ကို ငါ့ဘက်က အရင်စပြောခဲ့မယ်လို့ ထင်လား”

“နင်…”

လုရွှယ်ယင်က ခဏလောက် ဘာပြောရမှန်း မသိတော့ပေ။ လင်းဖေးဟန်ပြောပုံအရ သူမက အတွေးလွန်နေသလိုပင်။ ဖုန်းတစ်ဖက်က လင်းဖေးဟန်က အနည်းငယ်ပြုံးလိုက်သည်။ စေ့စပ်ပွဲဖျက်တဲ့ကိစ္စကို ထုတ်ပြောလိုက်တိုင်း လုရွှယ်ယင်က ဆွံ့အသွားပြီး သူရွေ့သမျှအကွက်က အလုပ်ဖြစ်လိမ့်မည်သာဖြစ်၏။

လုရွှယ်ယင်က အေးစက်စွာပဲ နှာမှုတ်လိုက်ပြီး စကားဆက်မပြောတော့ချေ။ သူမ ရုတ်တရက်ကြီး ရှက်မိသွားသည်။ ခဏအကြာမှာ လင်းဖေးဟန်က ထပ်ပြောလာ၏။

“အတိတ်အကြောင်း မပြောကြရအောင် မိန်းကလေးလု။ အကုန် အတိတ်မှာကျန်ခဲ့ပြီပဲ မဟုတ်လား”

ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက မတည်ရှိတော့ပေ။

လုရွှယ်ယင်က ဖုန်းအကြာကြီးကိုင်ထားပြီးမှ အေးတိအေးစက်ပြောလိုက်သည်။

“ကောင်းပြီ။ နင့်တည်နေရာကိုပို့လိုက်။ လာခေါ်ပေးမယ်”

လင်းဖေးဟန်ရဲ့ လွမ်းဆွေးစရာစကားများကို သူမ မရင်ဆိုင်ရဲချေ။ မိန်းကလေးလုလို့ အခေါ်ခံရတာက သူမရဲ့ရင်ကို ‌စူးနှင့်စေကာ ရင့်သီးသည်ဟု ပထမဆုံးအ‌နေနဲ့ သူမ ခံစားလိုက်ရခြင်းဖြစ်၏။

ဖုန်းချလိုက်သံကိုကြားတော့ လင်းဖေးဟန်ရဲ့နှုတ်ခမ်းတွေ ကွေးတက်သွားသည်။ လုရွှယ်ယင်က တကယ်ပဲ သူ့ကို လာကြိုချင်စိတ်ရှိတာပဲ။ ကြည့်ရတာ ဒီမိန်းမက သိပ်သဘောမကောင်းတာတော့ မဟုတ်ပါဘူး။ လင်းဖေးဟန်က ၀မ်တကုံကို ချက်ချင်းထွက်သွားရန်ပြောလိုက်၏။ လုရွှယ်ယင်က ဒီနားမှာရောက်နေလားဆိုတာ ဘုရားသာသိမည်။ သူမသာ သူ့ကားကိုမြင်သွားရင် ရှင်းရခက်သွားလိမ့်မည်။

လင်းဖေးဟန်က လမ်းပေါ်ရပ်ပြီး လုရွှယ်ယင်ရောက်လာတာကို စိတ်ရှည်ရှည်နှင့် စောင့်နေလိုက်သည်။ စောင့်ရတာကြာ၏။ ထိုစဉ်မှာပဲ ပန်းရောင်ပြိုင်ကားတစ်စင်းက ကားလမ်းဘေးကို ထိုးရပ်လိုက်သည်။ လင်းဖေးဟန်က လုရွှယ်ယင်၏ကားဟု ထင်မိလိုက်၏။ ကားတံခါးကို ဖွင့်လိုက်ချိန်မှာတော့ သူ အံ့ဩသွားသည်။ ယာဉ်မောင်းခုံမှာထိုင်နေသူအမျိုးသမီးက ၂၀၀ ကီလိုဂရမ်(ပေါင် ၄၄၀)လောက်ရှိမည်ဖြစ်ပြီး သူ့ကို မျက်လုံးမှေးကာ ကြည့်နေ၏။

ဒီလို ပြိုင်ကားသေးသေးလေးက ထိုအမျိုးသမီးရဲ့ ဗိုက်ကအဆီတွေကို ဘေးနှစ်ဖက်ကို လျှံကျစေသည်။ မြင်သူစိတ်ထဲ ထင်ရှားတဲ့ပုံရိပ်ကို ‌ဖော်ဆောင်ပေးလျက်ရှိ၏။ သူမ၏ လက်မောင်းများက လင်းဖေးဟန်၏ ပေါင်လုံးများလောက်တုတ်ခိုင်သည်။

လက်ကောက်၀တ်တွင် ရွှေနာရီနှင့် ရွှေလက်ကောက်ကို ၀တ်ဆင်ထား၏။ အကြီးဆုံးဆိုဒ်အထိ လုပ်ထားဟန်ရှိသော်လည်း ထိုအမျိုးသမီး၏လက်တွင် အရာထင်တုန်းပင်ဖြစ်သည်။ လင်းဖေးဟန် သွေးလေခြောက်ခြားသွား၏။ အမှန်အတိုင်းပြောရရင် ဒီလောက်၀တဲ့မိန်းမကို သူတစ်ခါမှ မ‌မြင်ဖူးချေ။ ဒါကြီးက မိန်းမမှ မဟုတ်တာ။ ဒါက ကျူးပါကျဲရဲ့ ဒုတိယအဒေါ်ပဲ။

All Chapters