← Chapters

(ဇာတ်လိုက်ကျော်ကြီး ပေါ်လာပြီ)

Vol. 5 Ch. 65

(ဇာတ်လိုက်ကျော်ကြီး ပေါ်လာပြီ)

Vol. 5 Ch. 65

လင်းဖေးဟန် ပြုံးပြီးတော့ ပြောလိုက်သည်။

“အန်ကယ်လု မယ်လာတိုနင်ကို သိလား? သူ့ရဲ့ ဆောင်ပုဒ်က ဘာလဲ?”

“ ဒီနှစ် ဘာလက်ဆောင်မှ မရဘူး.. လား?”

လှ့ရှော့ချွန်း တွန့်ဆုတ်တွန့်ဆုတ် ဖြေလိုက်သည်။

“ မှန််တယ်။ မယ်လာတိုနင်ကို အားလက်ရက်တွေမှာ လက်ဆောင် ပေးသင့်တယ်လို့ ဘယ်သူပြောလဲ? ဒါပေမဲ့ အဲ့မယ်လာတိုနင်က လူတွေကို ဘရိန်းဝှက်ရှ် လုပ်ပစ်နိုင်တဲ့ ​ကြော်ညာနဲ့ ရောက်လာရော။ အဲ့အကြောင်းအရင်းကြောင့်ပဲ အရင်က အရောင်းနည်းနည်းပဲ ရှိတဲ့ မယ်လာတိုနင်က အားလပ်ရက်တွေမှာ အရောင်း နှစ်ဆဖြစ်သွားရတယ်”

“ တရုတ်နှစ်သစ်ကူးမှာ.ဘာလက်ဆောင်မှ မပေးပဲ မယ်လာတိုနင်ပဲ ပေးရမယ်ဆိုတဲ့ စာသားလေးကြောင့် လူတွေ ဦးနှောက် ဆေးခံရပြီး အားလပ်ရက်မှာ မယ်လာတိုနင်ကိုပဲ ပေးသင့်တယ်လို့ သူတို့ နှလုံးသားထဲမှာ လက်ခံလိုက်ကြတယ်”

“ဒီတော့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ကရော ဦးနှောက်ဆေးနိုင််တယ်လို့ အန်ကယ်လု ထင်လား? တစ်ချက်ထဲနဲ့ ချောင်းဆိုးပျောက်ဆေးကို မှတ်မိသွားအောင် လုပ်နိုင်သွားလား?”

လုရှော့ချွန်း ချက်ချင်း အံ့သြသွားတော့၏။ တစ်ကယ် အံ့သြစရာပဲ။

လုရှော့ချွန်း မေးလိုက်သည်။

“ ရှောင်ဟန် မင်းက ဆောင်ပုဒ်ကိုပါ စဥ်းစားလာခဲ့တယ်။ မင်း ထွင်လိုက်တာလား? အရမ်း တော်တာပဲ!”

လုရှော့ချွန်းရဲ့ စကားကို ကြားတော့ လင်းဖေးဟန် ပြန်မဖြေကြားခဲ့။ သူ ပေါ့ပေါ့ပါးပါးပဲ ပြုံးပြလိုက်သည်။ သူ့စိတ်ထဲတွင် အလွန်ပျော်နေ၏။

လုရှော့ချွန်းက တစ်ကယ်ကို ပါတနာကောင်းပဲ။ ငါက လင်းမိသားစုရဲ့ နာမည်ကို သုံးချင်တယ်။ လုရှော့ချွန်းကလဲ ငါနဲ့ ပူးပေါင်း ပေးတယ်။

ဒါကြောင့် လင်းဖေးဟန် ပြုံးပြီး ပြောလိုက်သည်။

“ ဟုတ်တယ်။ အန်ကယ်။ ကျွန်တော် တွေးထားတာ”

တစ်ခဏလောက်ထိ.. လုရှော့ချွန်းရဲ့ မျက်နှာတွင် မယုံနိုင်မှုများ ပြည့်သွားသည်။

“ တစ်ကယ်ပဲမင်းလား?”

“ ကံကောင်းတာပါဗျာ။ ကျွန်တော် ဒီတိုင်း စဥ်းစားမိသွားတာ”

“ မြင့်တာပဲ! တစ်ကယ်ကို ဉာဏ်ရည်မြင့်တယ်။”

ကိစ္စတစ်ချို့ ပြောဆိုပြီးနောက်မှာ လင်းဖေးဟန် ပြန်သွားခဲ့သည်။

နောက်တစ်နေ့မနက်မှာ ပုံမှန်လိုပဲ လင်းဖေးဟန်က စွန်းရှင်းယွဲ့ကို အပ်စိုက် ကုပေးပြီး၊ စကားအနည်းငယ် ပြောကြသည်။ ပြီးနောက် ကားမောင်းပြီး ပြန်သွားခဲ့သည်။

လင်းဖေးဟန်က ကားစက်နိုးပြီး သွားခါနီးဆဲဆဲမှာ စနစ်၏ အသိပေးသံကို ကြားလိုက်ရသည်။

“ ဒင်! စနစ်မှ အသိပေးပါသည်။ အသုံးပြုသူရဲ့ အကုသိုလ်တော်ကြီးဖြစ်တဲ့ ကောင်းကင်သားတော်လေး ယဲ့ဖန်းကို အနီးအနားမှာ အာရုံခံမိပါတယ်။ သတိ ထားလိုက်ဖို့ ပြောချင်ပါတယ်”

လင်းဖေးဟန် ကြောင်သွားပြီး မျက်မှောင် ကြုတ်မိသွားသည်။

ယဲ့ဖန်း ရောက်လာတာ အရမ်းမြန်နေတယ်။

“ မသွားသေးနဲ့ ခဏနေအုံး”

ကားမောင်းတော့မဲ့ ဝမ်တကုံကို သူ တားလိုက်သည်။

“ ဟုတ်ကဲ့”

ဝမ်တကုံက အိတ်ကပ်ထဲက ပေါက်စီကို ထုတ်ပြီး ပလုပ်ပလောင်း စားပါတော့သည်။

ဝမ်တကုံရဲ့ အတွေးက အလွန်ရိုးရှင်းသည်။ ပေါက်စီတွေသာ ရှိနေသရွေ့ လင်းဖေးဟန် ပြောတာမှန်သမျှ သူ နားထောင်မည်။

လင်းဖေးဟန် လမ်းကို အကဲခတ်လိုက်သည်။ ဖုန်းလုံ ဧရိယာက ဖြိုချခြင်းကို စတင်နေပြီမို့ လမ်းပေါ်က လူအများစုသည် ပြောင်းသွား ကြပြီ။ ဒီတော့ လမ်းပေါ်မှာ လူအများကြီး မရှိချေ။

ဒါ့အပြင် ယဲ့ဖန်းမှာ ဇာတ်လိုက် အရှိန်အဝါ ရှိသည်မို့ တစ်ချက်ကြည့်သည်နှင့် ယဲ့ဖန်းကို လမ်းပေါ်မှာ သူမြင်လိုက်ရသည်။

ဒီအချိန်မှာတော့ ယဲ့ဖန်းရဲ့ ပုံစံက တောသား မြို့ရောက်သည့်အတိုင်း ကျောက်တုံးကြီး တစ်ခုပေါ်မှာထိုင်ကာ ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက်ဖြင့် စပ်စုနေသည်။

သူ့ရဲ့ ပါးစပ်ထဲမှာ စီးကရက်တစ်လိပ်ကို ခဲထားပြီး ဟန်ပါပါနှင့် စတိုင်ပေးနေခဲ့၏။

ယဲ့ဖန်းက တစ်ကယ်ကို ကောင်းကင် ဘက်တော်သားပင်။ တစ်ခါ ပေါ်လာရုံနဲ့ အရည်အချင်းအမှတ်တွေ အများကြီး ပေါင်းထည့်ထားတဲ့ လင်းဖေးဟန်နဲ့ တန်းတွေ့သည်။ လင်းဖေးဟန်ရဲ့ လက်ရှိ ဆွဲဆောင်မှုအမှတ်က ၁၆၀ ရှိသည်။

သူ့ရဲ့ ရုပ်ရည်နဲ့ပတ်သတ်ပြီး သူအလွန် ယုံကြည်မှု ရှိတယ်။ ဒီနိုင်ငံမှာ ဆွဲဆောင်မှု ၁၆၀ ရှိသည့် သူများများစားစား မရှိဘူး။

ဒါပေမဲ့ ယဲ့ဖန်းအရှေ့မှာတော့ သူက ပိုပြီး ချောပါတယ်လို့ မသေချာတော့။

ဆေးလိပ်သောက်နေတဲ့ ယဲ့ဖန်းရဲ့ ပုံစံကိုက တော်တော်လေး ဆွဲဆောင်မှု ရှိနေသည်။ ငယ်ရွယ်မှုနှင့် အန္တာရယ်များ ရုပ်ရှင်ကားထဲက ဟောင်နန် ကဲ့သို့ပင်။

လင်းဖေးဟန် နှုတ်ခမ်းတွန့် ပြုံးလိုက်ပြီး

“ ဘယ်ခေတ်ရောက်နေပြီလဲ? ငယ်ရွယ်မှုနှင့် အန္တာရယ်များထဲကလို လှည့်ကွက်မျိုး ကစား ချင်နေသေးတယ်။ ယဲ့ဖန်းက တစ်ကယ် တောသားပဲ”

“ အသုံးပြုသူ မနာလိုနေတယ်!” စနစ်က ခိုင်မာစွာ ပြောလိုက်သည်။

ဒီအချိန်မှာ ယဲ့ဖန်းကတော့ သူ့ကို ဗီလိန်က သတိထားမိပြီဆိုတာကို မသိပဲ ဟိုဒီ ရှောက်ကြည့်နေဆဲပင်။

သူသည်အနီးအနားက မြင်ကွင်းတွေကို ကြည့်နေ ခဲ့သည်။

မြို့တွင်းဝတ္ထုမျိုးရဲ့ ဇာတ်လိုက် နေရာက ယဲ့ဖန်းနဲ့ တစ်ကယ် သင့်တော်တာတော့ သူ ဝန်ခံရမည်။

ယဲ့ဖန်းရဲ့ ကျောက်တုံးပေါ် ပျင်းရိစွာ ထိုင်နေပုံကိုက ချောမောပြီး နတ်ဆိုးကဲ့သို့ ဆွဲဆောင်မှုရှိနေတာပင်။

သူ ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့ လမ်းပေါ်က မိန်းမလှလေးတွေကို ကြည့်ခဲ့ရင်တောင် သူတို့တွေ ဒေါသ ထွက်ကြ လိမ့်မည်မဟုတ်​ပေ။ အဲ့အစား သူတို့တွေရဲ့ စကပ်စကို ဖြည်းဖြည်းချင်းမပြီး ရဲရဲတင်းတင်း ပြန်ဆွဲဆောင် နေလိမ့်အုံးမည်။

ဒါပေမဲ့ ယဲ့ဖန်းက အကြိုက်မြင့်သည်။ ပြစ်မျိုးမှဲ့မထင်လှတဲ့ မိန်းကလေးမျိုး မဟုတ်ရင် သူထိမှာမဟုတ်ဘူး။

ယဲ့ဖန်းက သူ့လက်ထဲက ဆေးလိပ်ကို လွှင့်ပစ်လိုက်ပြီး လမ်းပေါ်က အလှလေးတွေကို စပြီး အကဲဖြတ်ပေးနေလိုက်သည်။

“ ဒီတစ်ယောက်က လုဘန် လို ခြေထောက် တိုတယ်။ ၇ မှတ်..”

“ဒီတစ်ယောက်က မဆိုးဘူး။ ဒါပေမဲ့ ခါးတုတ်ကြီး။ လှပတဲ့ မျက်နှာလေးက နှမြောစရာပဲ”

လမ်းမပေါ်က ယဲ့ဖန်းကို လင်းဖေးဟန် အံ့သြစွာနဲ့ ကြည့်လိုက်သည်။

ယဲ့ဖန်းရဲ့ နေရာမှာသာ ငါထိုင်နေရင် အနားကို စကပ်တွေဝဲပြီး ရောက်လာမဲ့ မိန်းကလေးတွေ ပုံနေမှာပဲ။

ဒါပေမဲ့ တစ်ဖက်ကလူတွေ အဲ့လိုရောက်လာတာက သူ့ရဲ့ ချောမောမှု ကြောင့် မဟုတ်ပဲ ပိုက်ဆံပေးပြီး ဝယ်ထားတဲ့ ဆွဲဆောင်မှတ်တွေ ကြောင့်ဆိုတာ သူသေချာ သိပါတယ်။

သူနဲ့ ဇာတ်လိုက်ကျော်ကြီးရဲ့ ကွာခြားချက်က ဒါပဲ။

သူ့ရဲ ဆွဲဆောင်မှတ်က ဇာတ်လိုက်ထက် သာနေရင်တောင် ဇာတ်လိုက်က အပြင်မှာ ပိုသာ​နေမှာပဲ။

လင်းဖေးဟန် နည်းနည်းအံ့သြသွားတော့သည်။

“ စနစ်ရေ တစ်ခုခုတော့ မှားနေတယ်။ ဇာတ်ကြောင်း အရဆိုရင် ဇာတ်လိုက်က တောင်ပေါ်မှာ ရက်တစ်ချို့အထိ ရှိနေရအုံးမှာကို ကျင်းပိုင်မြို့မှာ ဒီနေ့ ပေါ်လာနေတယ်။ ဘာတွေ ဖြစ်နေတာလဲ?”

စနစ်က ငြင်းဆိုလိုက်သည်။

“ အဲ့တာ အသုံးပြုသူက ဇာတ်လမ်းကို ပြောင်းလဲမှုကြီးတွေ လုပ်လိုက်လို့ ယဲ့ဖန်းက စောပြီး ပေါ်လာတာပဲ။ ဒါပုံမှန်ပဲလေ”

လင်းဖေးဟန်ရဲ့ မျက်လုံးတွေ မှေးသွားပြီး

“ ကြည့်ရတာ ဒီကောင်က မိန်းမလှလေးတွေကို ကြည့်တတ်တဲ့ အကျင့်ကို မပြင်သေးတဲ့ ပုံပဲ။ တောင်အောင်ဆင်းတဲ့အချိန်မှာ စွန်းရှင်းယွဲ့ရဲ့ ပန်းဆိုင်ကို တန်းမသွားပဲ လမ်းမှာထိုင်ပြီး စော်ငမ်းနေသေးတယ်”

လင်းဖေးဟန် ရယ်လိုက်သည်။ ကြည့်ရတာ ဝတ္ထုက အကုန် ကြိုသိရတာတော့ မဟုတ်ဘူးပဲ။ ဒီကိစ္စကို ဝတ္ထုထဲမှာ မပြောပြ ထားဘူး။

ကားက လမ်းပေါ်မှာ ရပ်ထားတာမို့ ယဲ့ဖန်းက လင်းဖေးဟန်ကို လုံးဝ သတိမထားမိခဲ့ပေ။ သူ ဆေးလိပ် သောက်ပြီးတာနဲ့ ထရပ်ပြီး ပျောက်ကွယ် သွားတော့၏။

ယဲ့ဖန်း ထွက်သွားတော့ လင်းဖေးဟန် သူ့ရဲ့ မျက်လုံးတွေကို မှေးကျဥ်းလိုက်သည်။ ယဲ့ဖန်းများ ဇာတ်ကြောင်းက သွေဖယ်ပြီး တစ်ခုခုလုပ်မလားကို သူသိချင် နေသည်။

ယဲ့ဖန်းက ဒီဝတ္ထုမှာ ပေါ်လာပြီဆိုမှတော့ သူ့ရဲ့ တည်ရှိမှုက တစ်ခြား အရာတွေကို တိုက်ဆိုင်စွာ ဖြစ်ပေါ်စေအုံးမလား လင်းဖေးဟန် မသေချာဘူး။

ယဲ့ဖန်း ထွက်သွားတာကို ကြည့်ပြီး သူ ဝမ်တကုံကို အနောက်ကနေ လိုက်မောင်း ခိုင်းလိုက်သည်။ တစ်ချိန်ထဲမှာပဲ အားသောင်ကိုပါ ဆက်သွယ်လိုက်သည်။

ဝမ်တကုံက ဘယ်နေရာက ထုတ်လိုက်မှန်း မသိတဲ့ ပေါက်စီနှစ်လုံးကို အရင်လုံးပြီး ပါးစပ်ထဲကို ထိုးသွတ်လိုက်သည်။

လင်းဖေးဟန် အနည်းငယ် စိတ်ပျက်လာတော့သည်။ ဝမ်တကုံ ဘယ်ကနေ ဒီလောက်ပေါက်စီ အများကြီး ရှိနေတာလဲ သူလဲ မသိတော့။

ဖုန်းဝင်သွားပြီး အားသောင် ဖြေလိုက်သည်။

“ သခင်လေး”

အားသောင်ရဲ့ အသံထဲက စိတ်လှုပ်ရှားမှုတွေကို သူကြားနိုင်ပါသည်။ ဒီရက်ပိုင်းထဲ အားသောင် ပျင်းနေမှာကို လင်းဖေးဟန် တွေးပေးလို့ရသည်။

“ ဒီရက်ပိုင်း အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါ အားသောင်”

လင်းဖေးဟန် ပြောလိုက်သည်။

“ သခင်လေး အရမ်းတွေ ယဥ်ကျေးနေပါပြီ။ ဘာလိုအပ်လို့ပါလဲ? ကျွန်တော့်ကို ပြောပါ။ ချက်ချင်း ကျေနပ်စေရပါမယ်”

All Chapters