← Chapters

(တစ်ခုခု မှားနေတယ်)

Vol. 5 Ch. 66

(တစ်ခုခု မှားနေတယ်)

Vol. 5 Ch. 66

“ ငါစောင့်ကြည့်ခိုင်းထားတဲ့ ပန်းဆိုင်ကို မင်းစောင့်ကြည့်ထားဖို့ လိုလိမ့်မယ်။ တစ်ခုခု မမှားခဲ့ဘူးဆိုရင် ငါပြောတဲ့လူက နှစ်ရက်အတွင်း ရောက်လာလိမ့်မယ်။ မှတ်ထားပါ။ အဲ့ဒီလူ ရောက်လာရင် မင်းငါ့ကို အကြောင်းကြားပြီး သူ့ကို သေချာစောင့်ကြည့်ထား။ ဒါပေမဲ့ ဘာပြဿနာ မှ မတက်အောင် သတိထားပါ။ သူက မင်းထက် တိုက်ခိုက်တာ ပိုတော်တယ်”

“ ဟုတ်ကဲ့ သခင်လေး”

လင်းဖေးဟန်က သူ့ကို ဆက်ပြီး စောင့်ကြည့် ခိုင်းတာကို ကြားသော အခါမှာ အားသောင် အနည်းငယ် စိတ်ပျက်သွားရသည်။

လင်းဖေးဟန် ပြုံးလိုက်သည်။ အားသောင်ရဲ့ စိတ်ပျက်နေတဲ့လေသံကို သူကြားနိုင်ပါ သေးသည်။

“ ဒီကိစ္စပြီးရင် မင်းပြန်လာလို့ရပြီ”

လင်းဖေးဟန်ရဲ့ စကားဆုံးတာနဲ့ အားပေါင် ချက်ချင်း ပြန်ပြောလိုက်သည်။

“ ကျေးဇူးပါ သခင်လေး”

ဖုန်းချသွားခဲ့ပြီ။

ဒီတစ်ကြိမ်တော့​ ယဲ့ဖန်းက လျှောက်သွား မနေတော့​ပေ။ မသိရင် ရည်ရွယ်ချက်ရှိရှိ လာသကဲ့သို့ စွန်းရှင်းယွဲ့၏ ပန်းဆိုင်ဆီကို တန်းသွားလိုက်သည်။

ဝမ်တကုံကို ကားဘေးချ ရပ်ခိုင်းခဲ့ပြီး ဝမ်တကုံကို မထွက်လာခဲ့ဖို့ မှာကာ လင်းဖေးဟန်က ကားပြင်ထွက်ပြီး အကွာအဝေး တစ်ခုကနေ ယဲ့ဖန်းရဲ့ အနောက်ကို လိုက်လိုက်သည်။

အကွာအဝေးက နီးကပ်နေလို့ ယဲ့ဖန်း သိသွားမလားဆိုတာတော့ ဘုရားသာ သိမည်။ သိသွားလို့ကတော့ သူတို့ရဲ့ စရိုက်တွေ အရဆို သူနှင့် ယဲ့ဖန်းနှင့် တိုက်ခိုက်ရလိမ့်မည်။

သူက ယဲ့ဖန်းကို ကြောက်လို့ မဟုတ်ပါ။ အဓိက အကြောင်းအရင်းက သူအခု ယဲ့ဖန်းနဲ့ လုံးဝကို မတိုက်ခိုက်ချင်သေး၍သာ။ သူ့ရဲ့ တည်ရှိမှုကို ယဲ့ဖန်း မသိသေးတာ အကောင်းဆုံးပင်။ သူကအခု ဗီလိန်လိုမျိုး ဗျူဟာချရအုံးမည်။

များစွာသော အုတ်ခဲပုံတွေ ကြားမှာ တစ်ဆိုင်ထဲ ဖွင့်ထားသော ပန်းဆိုင်လေးကြောင့် ယဲ့ဖန်း ကြောင်သွား သည်။

ယဲ့ဖန်း အာရုံမစိုက်ခဲ့ပါ။ ဒါပေမဲ့ ပြတင်းပေါက်နားက နှင်းဆီအိုးအဖြူလေးကို ရေလောင်းနေသော ရည်မွန်လှပလှသည့် ကောင်မလေးကို တွေ့သောအခါမှာတော့ သူ စိတ်ပြောင်းသွားခဲ့၏။

ကောင်မလေးက အလွန်ကို အသက်ဝင်ကာ ချောမောပြီး သူ့ရဲ့ အလှအပ စံနှုန်းနှင့် ကိုက်ညီသည်။

ကောင်မလေးရဲ့ ကိုယ်လုံးလေးကော ဘယ်လိုမျိုး ဖြစ်လောက်မလဲ?

ယဲ့ဖန်းအတွင်းကို ဝင်သွားလိုက်သည်။

သူ စွန်းရှင်းယွဲ့ကို တွေ့သောအခါမှာ အံ့သြ မှင်သက်သွားရသည်။

ဒီကောင်မလေးက လှလွန်းသလို ကိုယ်လုံးလဲ ကောင်းပြီး ခြေတံရှည်များလဲရှိသည်။

ပြစ်မျိုးမှဲ့မထင် အလှလေးပဲ! တစ်ကယ်ကို ရှားပါးအလှလေး! ဒီလိုကောင်မလေးမျိုးက ငါ့ရဲ့မိန်းကလေးဖြစ်ဖို့ ထိုက်တန်တယ်။

ဒါပေမဲ့ ဒီကောင်မလေးက ဝှီးချဲပေါ်မှာ ထိုင်နေရတာတော့ သနားစရာပဲ။

စွန်းရှင်းယွဲ့က ယဲ့ဖန်းကို သတိနဲ့ ပြန်ကြည့်လိုက်သည်။

ဒီလူက ဆိုင်ထဲဝင်လာပြီး ဘာမှ မပြောပဲ သူမကို ရမ္မက်ဆန်တဲ့ အကြည့်နဲ့ ကြည့်နေတာ ရွံဖို့ ကောင်းတယ်လို့ ခံစားရတယ်။

ဒီလို ရွံစရာကောင်းတဲ့ အကြည့်ကို ဘယ်လိုတောင် ကြည့်နိုင်ရတာလဲ? သူ့ပုံစံက အစ်ကိုလင်းလောက်နီးနီး ချောပေမဲ့ သူက အစ်ကိုလင်းရဲ့ ခြေမှုန်တောင် မရှိဘူး။

“ မင်္ဂလာပါ ပန်းဝယ်ဖို့ လာတာလားရှင့်?”

စွန်းရှင်းယွဲ့ နောက်ဆုံး မနေနိုင်စွာ မေးရတော့သည်။

“ဆောရီးပါ။ ကျွန်တော် ပန်းလာဝယ်တာ မဟုတ်ဘူး။ မင်း ဝှီးချဲပေါ်မှာ ထိုင်နေတာ မြင်တော့ အကူအညီ လိုလားလို့ မေးမလို့ပါ”

ယဲ့ဖန်း ပြောလိုက်သည်။ သူ့ရဲ့ ဆေးပညာကို သူ အလွန် ယုံကြည်မှုရှိသည်။

အဲ့ဒါအပြင် သူငယ်ငယ်တုန်းက သူ့ရဲ့ ဆရာက ဆေးပညာနဲ့ တစ်ဖက်ရွာက မုဆိုးမကျွမ်းကို အပီဆွဲနိုင်ခဲ့တာကို မြင်ဖူးထားတော့ ဆေးပညာက ကောင်မလေးတွေကို လိုက်တဲ့နေရာမှာ အသုံးဝင်တယ်ဆိုတဲ့ ယုံကြည်ချက်က သူ့စိတ်ထဲမှာ အမြစ်တွယ်နေတာလေ။

ဒါပေမဲ့ စွန်းရှင်းယွဲ့ရဲ့ မျက်နှာက ဖြူလျော့သွားပြီး

“ ပန်းဝယ်ဖို့ လာတာ မဟုတ်ဘူးဆိုရင်… ကျေးဇူးပြုပြီး… ထွက်သွားပေးလို့ ရမလားရှင့်”

စွန်းရှင်းယွဲ့ရဲ့ အသံက အေးစက်နေသည်မို့ ယဲ့ဖန်း အံ့သြသွားသည်။

စွန်းရှင်းယွဲ့ရဲ့ ​ခြေထောက်တွေကို သုံးမရတာ နှစ်တစ်ချို့ကြာလောက်ပြီမှန်း သူ သိသည်မို့ သူမ မငြင်းလောက်ဘူးလို့ သူတွေးခဲ့တာ။ ဒါပေမဲ့ သူမ တည့်တိုးကြီး ငြင်းလာမယ်လို့ သူလုံးဝ မထင်ထားမိဘူး။

ယဲ့ဖန်း လက်မလျော့ချင်ပါ။ ဘာလို့ဆို သူကအံ့ဖွယ် နတ်ဆေးဆရာဝန် တစ်ယောက်လေ။ လူနာတွေရဲ့ ခန္ဓာကိုယ်အကြောင်းကို သူ ကောင်းကောင်းသိတယ်။ ခြေထောက် မသန်တဲ့သူတွေအားလုံး သူတို့တစ်ဘဝလုံး လမ်းပြန်မလျှောက်ချင်တော့ပါဘူးဆိုတဲ့ သူမျိုးမှ မရှိတာ။

“ မိန်းကလေး မလန့်ပါနဲ့။ ကျွန်တော် ကတစ်ကယ် တော်တဲ့ ဆရာဝန်ပါ။ အဲ့ဒီ ပေါ့ပျက်ပျက် ကောင်တွေ လိုမဟုတ်ဘူး။ မင်းရဲ့ ​ခြေထောက်တွေက လမ်းမလျှောက်နိုင်တာ ဆယ်စုနှစ်လောက် ကြာလောက်ပြီ ထင်တယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ကျွန်တော် ကုပေးနိုင်တယ်။ တစ်နှစ်အတွင်း အရင်လို ပြန်ကောင်းသွားအောင်မင်းကို ကုပေး နိုင်တယ်”

ယဲ့ဖန်းက သူ့ကိုယ်သူ ဆရာဝန်လို့သာ မိတ်ဆက်ချင်ခဲ့ပေမဲ့ အခုရောက်နေတာ ​မြို့ပေါ်ဆိုတာ တွေးမိတော့ ကျွမ်းကျင် ဆရာဝန်လို့ပဲ မိတ်ဆက်ပေးလိုက် တော့သည်။ တစ်ဆင့်ချင်း သွားရမည်လေ။ သူ့ရဲ့ စကားပြောစွမ်းရည် ကောင်းတာမို့ စွန်းရှင်းယွဲ့ သေချာပေါက် သဘောတူမယ်လို့ သူထင်နေခဲ့တယ်။

စွင်းရှင်းယွဲ့ အံ့သြသွားသည်။ ယဲ့ဖန်းက သူ့ရဲ့ တစ်ကယ့်အလုပ်ကို ပြောပြခဲ့တော့ကော ဘာဖြစ်လဲ?

သူမရဲ့ နှလုံးသားက လင်းဖေးဟန်ရဲ့ မျက်နှာကိုပဲ တွေးမိနေပြီး သူမရဲ့ နှုတ်ခမ်း​ထောင့်လေးက အပေါ်ကို ကွေးသွားသည်။

သူမ၏ပုံစံကို မြင်တော့ ယဲ့ဖန်းက သူ့စကားကြောင့် ကောင်မလေး ရင်ထဲ ထိသွားပြီဟု ထင်သွားလေသည်။

သူ့ရဲ့ ခရီးဆောင်အိတ်ကို ချလိုက်ပြီး သစ်သားဘူးလေးကို ထုတ်ကာ ဘူးထဲမှ အပ်တွေကို ဖြန့်ခင်းလိုက်သည်။

“ မိန်းကလေး ကျွန်တော့်ကို အခု မယုံဘူး ဆိုတောင် ကျွန်တော့်ကို အပ်စိုက် ကုခွင့် ပေးကြည့်လိုက်ပါ။ မိန်းကလေးရဲ့ ခြေထောက်တွေမှာ ပြောင်းလဲမှုကို ခံစား ရမယ်လို့ ကျွန်တော် အာမခံတယ်”

ပြောပြီးတာနဲ့ စွန်းရှင်းယွဲ့ရဲ့ စကပ်ကို ယဲ့ဖန်းက လှန်ဖို့လုပ် လိုက်လေသည်။

စွန်းရှင်းယွဲ့က သူမ ဒီနေ့ လမ်းစလျှောက်နိုင် သည်မို့ ပျော်နေခဲ့သည်။ ဒါကြောင့်မို့ လင်းဖေးဟန် အတွက် သူမ အကြိုက်ဆုံး စကပ်လေးကိုတောင် ထုတ်ဝတ်ခဲ့တာလေ။ ဒါပေမဲ့ အခုတော့ နည်းနည်း နောင်တ ရနေရပြီ။ စကပ်ဝတ်မိတာက အရှေ့က လူအတွက် အခွင့်အရေး ဖြစ်သွားခဲ့သည်။

ယဲ့ဖန်းရဲ့ လှုပ်ရှားမှုကို မြင်တော့ အမှောင်ထဲမှာ ပုန်းနေတဲ့ လင်းဖေးဟန် စိတ်ပူလာသည်။

ဒီယဲ့ဖန်းက နှာဗူးတစ်ကောင်ပဲ။ ဘယ်အချိန်မဆို အခွင့်အရေး ယူနိုင်တယ်။ သူအခု ငါ့ရဲ့ ညီမကောင်းလေးကို တိုက်ရိုက် အခွင့်အရေး ယူနေတာ မဟုတ်ဘူးလား?

ဒါပေမဲ့ စွန်းရှင်းယွဲ့ရဲ့ ပုံစံကြောင့် လင်းဖေးဟန် ဆက်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

စွန်းရှင်းယွဲ့က အော်လိုက်ပြီး စားပွဲပေါ်ရှိ ဖြတ်ထားတဲ့ ပန်းပွင့်တွေကြားက ကတ်ကြေးကို ယူလိုက်သည်။ သူမက ယဲ့ဖန်းကို တည့်တည့်ချိန်ပြီး အော်လိုက်လေသည်။

“ အနားကို မလာနဲ့။ ရှင်တစ်လှမ်း ထပ်တိုးတာနဲ့ ကျွန်မ ရဲကို ခေါ်ပစ်မယ်!”

ယဲ့ဖန်းရဲ့ အကြည့်တွေက စစချင်းမှာတုန်းက စွန်းရှင်းယွဲ့ကို ရွံရှာစေခဲ့၍ ဖြစ်မည်။

အဲ့ဒါအပြင် စွန်းရှင်းယွဲ့ ပြုံးသွားခဲ့တာကို ယဲ့ဖန်း အထင်လွဲပြီး သူမက ကုသဖို့ သဘောတူတယ်လို့ ထင်သွားကာ အရှေ့ကို တိုးမိတာက ကိစ္စတွေကို ပိုဆိုး သွားစေခဲ့သည်။

ဒီတော့ ယဲ့ဖန်း တိုးလာတာကို ​မြင်တော့ စွန်းရှင်းယွဲ့က အလွန်အမင်း ဒေါ်သ ထွက်သွားခဲ့တာပဲ။

ယဲ့ဖန်းလဲ အလွန် အံ့သြသွားရသည်။ သူက သူမကို ကုသပေးချင်ရုံပဲ ဖြစ်ပြီး သူမရဲ့ တုံ့ပြန်ပုံက ဒီလောက်ပြင်းမယ်လို့ သူ မထင်ခဲ့မိ။ သူ့ နှလုံးသားထဲမှာ တစ်ခုခု မှားယွင်းလာသလို ခံစားနေရသည်။ သူပိုင်တဲ့ အရာကို တစ်ယောက်ယောက်က လုယူသွား သလို ခံစားချက်မျိုးပဲ။

ယဲ့ဖန်း တွေးနေပေမဲ့ အဖြေရှာလို့ ရမနေခဲ့ပေ။ သူမရဲ့ အခုပုံစံကို မြင်တော့ (သူမက ဝမ်းနည်းစရာ အကြောင်းတွေကို ပြန် မစဥ်းစားချင်လို့) ဖြစ်မည်လို့ ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းချက် ပေးလိုက်တော့သည်။

ဒီလို လူနာမျိုးကို သူ တွေ့ဖူးပါသည်။ ဆရာ မိတ်ဆတ်ပေးသော လူနာ များစွာထဲတွင် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် စိတ်နေ စိတ်ထား လုံးဝ ပြောင်းသွားသည့် လူနာတွေ အများကြီးရှိသည်။ သူတို့က ကျန်းမာသန်စွမ်း တဲ့သူတွေနဲ့ မတူတော့ သူတို့ကိုသူတို့ နိမ့်ကျတယ်လို့ ထူးဆန်းစွာ တွေးတတ်ကြသည်။

ယဲ့ဖန်း လက်ယမ်းပြပြီး ပြောလိုက်သည်။

“ ဟုတ်ပြီ ဟုတ်ပြီ။ စိတ်မလှုပ်ရှားပါနဲ့။ ကတ်ကြေးတွေကို ချလိုက်နော်။ ကိုယ့်ကိုယ်ကို မထိခိုက်စေနဲ့။ ကျွန်တော် အခုထွက်သွားပြီ။ အခုသွားပြီ!”

ပြောပြီးတာနဲ့ ယဲ့ဖန်း ချက်ချင်း လှည့်ထွက်သွားသည်။

ဒါပေမဲ့ သူ့ရဲ့ စိတ်နှလုံးထဲမှာ အခုထိ လက်မလျော့သေးပါ။ ဒါက နောက်တစ်လှမ်းဆုတ်တဲ့ ဗျူဟာပဲ ဖြစ်သည်။ မနက်ဖြန် ပြန်လာဖို့ သူ တွေးထားပြီးသားပင်။

All Chapters