← Chapters

အခန်း (၆၇)

Vol. 5 Ch. 67

အခန်း (၆၇)

Vol. 5 Ch. 67

အခုလို မိန်းမလှလေးကို ယဲ့ဖန်း လက်လျော့ ပါ့မလား?

သေချာပေါက် သူလုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး။

ဒါက ငါ ယဲ့ဖန်းအတွက် တစ်ခါလောက် အငြင်းခံရခြင်းမျိုးပဲ။

အရင်က မိန်းကလေးတွေဆီက အငြင်းမခံ ဖူးတာလဲ မဟုတ်ဘူး။

တစ်ကယ်ကျရင် မိန်းမတွေက ပါးစပ်က ငြင်းနေကျပြီး သူတို့နှလုံးသားထဲကကျ အဲ့ဒါကို လိုချင်နေကြတာ။

ငါ့ကို ငြင်းဖူးတဲ့ ဘယ်မိန်းကလေးက ငါ့ရဲ့ ချစ်စကား နှစ်ခွန်းလောက် ကြားတာနဲ့ ရှက်သွေး မဖြာသွားတာမျိုး ဘယ်မှာ ရှိလို့လဲ?

ငါ့အတွက် သူမနဲ့ ရင်းနီးအောင် လုပ်နိုင်သရွေ့ ငါ့မှာ အခွင့်အရေး ရှိတယ်။

ယဲ့ဖန်းက ကွန်ဖီးဒန့် ဆိုးဟိုက်နေသည်။ သူ့ကိုသူ စိတ်ထဲမှ အားပေးလိုက်ရင်း ပန်းဆိုင်ကနေ ထွက်သွားလိုက်တော့သည်။

ယဲ့ဖန်း ထွက်သွားတာမြင်မှ အမှောင်ထဲမှာ ပုန်း​နေတဲ့ လင်းဖေးဟန် သက်ပြင်း တစ်ချက် ချလိုက်သည်။

ဒီဇာတ်လိုက်ကျော်ကြီးက တစ်ကယ့် ပြဿနာပဲ။ တောင်အောက်ဆင်းတာနဲ့ သူ့ရဲ့ ညီမကောင်းလေးကို တန်းလာရှာတယ်။ ကံကောင်းစွာနဲ့ ယဲ့ဖန်းရဲ့ ခန့်ညားမှုကို သူမ တောင့်ခံနိုင်သွားပေလို့ပေါ့။ သူမ ကတ်ကြေးကို ဆွဲယူလိုက်တဲ့မြင်ကွင်းက သူ့အတွက် ဝမ်းမြောက်ဖွယ် ဖြစ်ခဲ့တာလေ။

လင်းဖေးဟန် လက်သီးဆုတ်လိုက်ပြီး ခေါင်းထဲတွင် အကြံအစည် တစ်ခု ပေါ်လာခဲ့၏။

သူ ဖုန်းထုတ်ပြီး အားသောင်ကို တန်းခေါ် လိုက်သည်။

“ အားသောင် အခု ဘာဖြစ်သွားလဲ မင်းမြင်ခဲ့လား?”

အားသောင် ခေါင်းညိတ်လိုက်သည်။

“ ကျွန်တော်မြင်ပါတယ်။ အဲ့ဒီလူက မိန်းကလေး စွန်းကို အရမ်းတရားလွန်တာတွေ မလုပ်သေးတာမို့ သခင်လေးရဲ့ ညွှန်ကြားချက် အတိုင်း စောင့်ပဲ ကြည့်နေခဲ့တာပါ”

အားသောင် တန်းပြီး ရှင်းပြလိုက်သည်။

အစောက ကိစ္စက အနည်းငယ် ပြင်းထန် သွားတယ်ဆိုပေမဲ့ ကိုယ်ရံတော်တစ်ယောက် အနေနဲ့ သူ့အမြင်အရ ဝင်ပါဖို့ အချိန် မကျသေးဘူး။

သခင်လေးက ပရော်ဖက်ရှင်နယ်ကျတဲ့ သူတစ်ယောက်ပဲ။ ဒါပေမဲ့ သခင်လေးလဲ ဒီအဖြစ်အပျက်ကို ​မြင်သွားတယ်ဆိုတော့ သူ့ကိုယ်သူ ဝင်မပါမိတဲ့အတွက် အားသောင် အပြစ်တင် ချင်လာတော့သည်။ သူ တစ်ခုခုကိုသာ ဖုံးကွယ်ထားလိုက်ရင် အလုပ်သေချာ မလုပ်ဘူးလို့ သခင်လေး ထင်သွားနိုင်သည်။ ဒီလိုကိစ္စမျိုးမှာ သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာ ပိုကောင်းမယ်။

လင်း​ဖေးဟန်က အဲ့ဒါတွေ ဂရုမစိုက်ပဲ အွန်း…ဟု သံရှည်ဆွဲကာ အားသောင်ကို ဆက်ပြောလိုက်သည်။

“ အားသောင် မင်း မစ္စစွန်းကို ဆက်ပြီး ကာကွယ်ပေးနေပါ။ သူ မစ္စစွန်းကို ထပ်ပြီး အနှောက်အယှက် ပေးရဲရင် ငါ့ကို အမြန်ဆုံး မက်ဆေ့သာ ပို့လိုက်။ ဖုန်းမခေါ်နဲ့”

လင်းဖေးဟန် ဘေးမှာ လူတွေ ရှိမရှိ သေချာအောင် ကြည့်ပြီးမှ

“ သူသာ ထပ်လာရဲရင် မင်း….”

သူ့ရဲ့ အကြံအစည်ကို နားထောင်ပြီးနောက်မှာ အားသောင် အံ့သြသွားခဲ့သည်။

နောက်တစ်နေ့မှာ ယဲ့ဖန်းက စွန်းရှင်းယွဲ့ရဲ့ ပန်းဆိုင်ကို ထပ်ရောက်လာခဲ့သည်။ အမှောင်ထဲကနေ ပုန်း​နေတဲ့ အားသောင်က စာကြိုရိုက်ထားပြီးသား မက်ဆေ့ကို လင်းဖေးဟန်ဆီကို အမြန်ပို့ပစ်လိုက်သည်။

လင်းဖေးဟန်ကလဲ မနက်အစောကြီးထပြီး မက်ဆေ့ကို စောင့်နေခဲ့တာဖြစ်သည်။ သူ မြင်တာနဲ့ ချက်ချင်းပဲ ဝမ်တကုံကို ဖုန်းလုံဧရိယာကို ကားမောင်းသွားဖို့ ညွှန်ကြားလိုက်သည်။

ဒီနေ့တော့ ယဲ့ဖန်းက အလွန်ကို ဂရုတစိုက် ဝတ်စားလာခဲ့သည်။ ပန်းဝယ်မယ်ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်နဲ့ သူ စွန်းရှင်းယွဲ့နဲ့ ကောင်းကောင်း စကားပြောနိုင်မယ် မျှော်လင့်ရင်း စကားစလိုက်သည်။

ဒါပေမဲ့ စွန်းရှင်းယွဲ့ရဲ့ ယဲ့ဖန်းအပေါ် အမြင်က မပြောင်းလဲသေးပေ။

စွန်းရှင်းယွဲ့က ဉာဏ်ထက်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်သည်။ ကိုယ်ခန္ဓာမှာ ချို့ယွင်းချက် ရှိတာနဲ့ပဲ သူမက ဦးနှောက် မရှိတဲ့ မိန်းကလေးလို့ မဆိုလိုဘူး။

ယဲ့ဖန်း သူမရဲ့ ပန်းဆိုင်ကို ထပ်ရောက်လာတာကို တွေ့တော့ အဲ့ယဲ့ဖန်းဆိုတဲ့သူက သူမနဲ့ စကားပြောချင်မှန်း သဘောပေါက်လိုက်သည်။

အဲ့ဒီ ယဲ့ဖန်းရဲ့ ဆင်ခြေကလဲ အရမ်းကို တုံးအ လွန်းတယ်။ တစ်ကယ်ကြီး ပန်းဝယ်ချင်တယ်ပေါ့?

ထိုအဖြစ်အပျက် နှစ်ခုကြောင့် သူမ၏ အရှေ့က လူသည် ပန်းအကြောင်းကို တစ်စက်မှ မသိသလို ပန်းလဲ မကြိုက်တဲ့သူဆိုတာ သူမ နားလည်လိုက်သည်။

စကား​ပြောနေတုန်းမှာ စွန်းရှင်းယွဲ့ရဲ့ ပုံစံက အရင်အတိုင်းပဲ ဖြစ်ပြီး အေးစက်နေသည်။ သူမက ယဲ့ဖန်းကို အမြန် ထွက်သွားဖို့ကိုသာ အလျင်လိုနေသည်။

ထိုပုံစံက ယဲ့ဖန်းကို နည်းနည်းလေး စိတ်တို လာစေသည်။

သူ့ရဲ့ ထူးခြားလှတဲ့ ချောမောမှုနဲ့ ဆေးပညာကို ပေါင်းလိုက်ရင် ဒီကျင်းပိုင် မြို့ကြီးမှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်တယ်။

သူ့ရဲ ကောင်းမွန်တဲ့ စကားပြောစွမ်းရည်နဲ့ ခန့်ညားမှုကိုသုံးပြီး စွန်းရှင်းယွဲ့လောက် နီးနီး ချောတဲ့ မိန်းမလှလေး နှစ်ယောက်ကိုတောင် မနေ့က သူ အောင်မြင်စွာ ရယူနိုင်ခဲ့ပြီးသားပဲ။

သူတို့တွေ မနေ့က ဓားအသွင်းအထုတ် သိုင်းကျင့်ပြီး စွန်းရှင်းယွဲ့ကြောင့် အနည်းငယ် ကျခဲ့တဲ့ သူ့ရဲ့ကွန်ဖီးဒန့်ကို ပြန်တင်ခဲ့တာ။

ဒါပေမဲ့ အခုတော့ သူထပ်ပြီး ရှုံးနိမ့်သလို ခံစားနေရပြန်ပြီ။

ဒါပေမဲ့လဲ လိုက်ရခက်တဲ့ ပစ္စည်းတွေဆိုတာ အကောင်းဆုံးပဲ။ စွန်းရှင်းယွဲ့ ဒီပုံစံလုပ်လေလေ ငါ့ရဲ့ တိုက်ခိုက်လိုတဲ့ စိတ်ဝိညာဥ်ကို နှိုးဆွ နိုင်လေလေပဲ။

ယဲ့ဖန်း မျက်နှာပြောင်နဲ့ပဲ ပန်းဆိုင်ထဲကနေ မထွက်သွားပဲ နေနေသည်။

ထိုအချိန်မှာ အားသောင် ပေါ်လာခဲ့သည်။

လင်းဖေးဟန်ရဲ့ မနေ့က မှာကြားချက်တွေ အကုန်လုံးကို အားသောင် မှတ်မိပြီး အခု အကုန်လုံးလဲ အစီအစဥ်အတိုင်း ဖြစ်နေတာမို့ ယဲ့ဖန်းနဲ့ စွန်းရှင်းယွဲ့အရှေ့မှာ ရပ်ပြီး နိုးကြားစွာနဲ့ ကြည့်လိုက်သည်။

အားသောင်ရဲ့ ရုတ်တရ​က် ပေါ်လာမှုကြောင့် ယဲ့ဖန်းလဲ သတိထားနေသည်။

ဘာလို့ဆို အားသောင်ဆီကနေ အရှိန်အဝါ တစ်ခုကို ခံစားမိနေတယ်။ အဲ့လို အရှိန်အဝါ မျိုးက သာမာန်ဂန်းစတားတွေတောင် ထုတ်နိုင်တာ မဟုတ်ဘူး။

သူ့အရှေ့က လူက ဆရာကြီးတစ်ယောက် ​ဖြစ်မယ်လို့ အလိုလို ခံစားမိနေတယ်။

“ မင်းကဘယ်သူလဲ?”

ယဲ့ဖန်း မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ ငါဘယ်သူဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းဒီကနေ မြန်မြန် လစ်လိုက်တော့။ မိန်းမငယ်လေးကို မင်း အနိုင်ကျင့်နေတာ။ ကိုယ့်ကိုယ်ကို ယောက်ျားလို့ ခေါ်နိုင်သေးလား?”

အားသောင်ရဲ့ စကားတွေက ရန်ဆောင်သည်။

“ ကျွန်မကို ဝင်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့…”

နှလုံးလှတဲ့ စွန်းရှင်းယွဲ့က အားသောင်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး အားသောင်ရဲ့ လက်မောင်းကို ဆွဲကာ သူမလို အသေးအဖွဲ့ အတွက်နဲ့ ပြဿနာကြီး မရှာဖို့ အချက်ပြသည်။ ဘာလို့ဆို ဒီ​မြင်ကွင်းကနေ ယမ်းနံ့တွေ သူမ ရနေပြီလေ။

“ လူကြီးမင်း ကျွန်တော် ပြောပြီးသားပါ။ ဒီမိန်းကလေးရဲ့ ခြေထောက်ဒဏ်ရာကို ကျွန်တော် ကုပေးချင်ရုံတင်ပဲ။ လူတော်တော် များများ ထွက်သွားချိန်မှာ မင်းက ရုတ်တရက်ကြီး ပေါ်လာတယ်။ ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား? မင်း သူမကို စောင့်ကြည့်နေတာ ကြာလောက်ပြီ။ ဘယ်သူက လူကောင်း ဘယ်သူက လူဆိုးဆိုတာ ပြောရတော့ခက်နေပြီ”

အဲ့နောက်မှာ ယဲ့ဖန်းက စွန်းရှင်းယွဲ့ဘက်ကို လှမ်းပြောလိုက်သည်။

“ မစ္စ ကျွန်တော့်ဘက်ကို လာခဲ့ပါ။ ဒီလူက လူဆိုးပဲ။ ဒီအချိန်မှာ ကျွန်တော် တစ်ယောက်ပဲ မင်းကို ကာကွယ်နိုင်မှာ။”

စွန်းရှင်းယွဲ့ စိတ်ရှုတ်လာသည်။

ယဲ့ဖန်းပြောတာလဲ မှန်တယ်။ ဒါက တိုက်ဆိုင် မှု ဟုတ်ပါ့မလား? အဲ့လောက်မတိုက်ဆိုင် နိုင်ဘူး။

စွန်းရှင်းယွဲ့ရဲ့ တုံ့ဆိုင်းနေပုံကို မြင်တော့ အားသောင် အမြန်ရှင်းပြလိုက်သည်။

“ မစ္စစွန်း မကြောက်ပါနဲ့။ ကျွန်တော့်ကို ဆရာလင်းဖေးဟန်က မင်းကို ကာကွယ်ဖို့ လွှတ်ထားတာပါ။ သူ့လို ဂန်းစတားမျိုးက မင်းကိုထိခိုက်မှာစိုးရတယ်။ မင်း ကျွန်တော့်ကို မယုံရင် သခင်လေးကို အခု ဖုန်းဆက်ပြီး မေးလို့ ရပါတယ်”

အားသောင်က လင်းဖေးဟန်ရဲ့ နာမည်ကို ရွတ်တာ ကြားသည်နှင့် စွန်းရှင်းယွဲ့ချက်ချင်းကို စိတ်သက်သာ သွားသည်။

အစ်ကိုလင်းက အရမ်း တွေးပေးတတ်တာပဲ။ သူငါ့ကို ငါလုပ်ချင်တာမှန်သမျှ အကုန် လုပ်နိုင်အောင်လဲ ကူညီပေးတယ်။ လူမိုက်တွေရန်က ကာကွယ်ဖို့ ကိုယ်ရံတော်တွေတောင် လွှတ်ထားပေးတယ်

ထိုအချိန်မှာ စွန်းရှင်းယွဲ့ရဲ့ မျက်လုံးက ကြယ်​လေးလို လက်နေသည်။

“ ဘယ်သူ့ကို ဂန်းစတားလို့ ခေါ်လိုက်တာလဲကွ?”

ယဲ့ဖန်း စိတ်တိုလာတော့သည်။ သူ့ကို ဂန်းစတားလို့ခေါ်ခံရတာကို မုန်းသည်။ အဲ့ဒါအပြင် သူ့စိတ်ထဲမှာ နည်းနည်းလဲ သိချင်နေသည်။ လင်းဖေးဟန်က ဘယ်သူတုန်း? သူ့အရှေ့ကလူကတောင် အရမ်းတွေလေးစားပြီး သခင်လေးလို့ ခေါ်နေခဲ့သည်။ ဝှီးချဲပေါ်က မိန်းမလှလေးတောင် အဲ့လူကို အရမ်းတွေ လေးစားပြနေသေးသည်။

All Chapters