← Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

လင်းဖေးဟန်… လင်းဖေးဟန်!

လင်းဖေးဟန်းရဲ့ နာမည်ကို စိတ်ထဲက ရွတ်ရင်း ယဲ့ဖန်း ခိုင်မာစွာ မှတ်သားထားလိုက်သည်။

“ သူက ကလိမ်ကျတဲ့ ဒုတိယမျိုးဆက် သူ​ဋ္ဌေး တစ်ယောက်ပါပဲ။ အဲ့လိုလူမျိုးတွေ အများကြီး ကျွန်တော်တွေ့ဖူးတယ်။ သူ့အတွက် ဘာခံစားချက်မှ မထားဖို့ ကျွန်တော် အကြံပေး ချင်တယ်။ သူ ပျော်လို့ဝသွားရင် မင်းကို ကန်ထုတ် ပစ်လိမ့်မယ်”

“ ရှင် အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ အစ်ကိုလင်းက အဲ့လိုလူမဟုတ်ဘူး”

ယဲ့ဖန်းရဲ့ စကားတွေကို မယုံကြည်စွာ စွန်းရှင်းယွဲ့က အော်ဟစ်ပါတော့သည်။

အားသောင်က မျက်လုံးတွေ ကျဥ်းမြောင်းပြီး အေးစက်စွာ ပြောလိုက်သည်။

“ ဘာလဲ? ချမ်းသာတဲ့သူတွေကို မင်းက မနာလိုနေတာလား? မင်းလိုတောသားမျိုးက သခင်လေးလို အောင်မြင်မှုမျိုးကို တစ်သက်လုံး ရနိုင်မှာ မဟုတ်ဘူး။ မနာလိုတာလဲ ဖြစ်သင့်ပါတယ်လေ။ မင်းအတွက် အကောင်းပြောမယ်။ အခု ထွက်သွားလိုက်တော့။ မဟုတ်ရင် ဘယ်ကနေ အသက်ထွက်သွားမှန်းတောင် မင်း သိလိုက်ရမှာ မဟုတ်ဘူး”

ယဲ့ဖန်း ပိုပြီး ဒေါ်သထွက်လာခဲ့သည်။

“ မင်း ဘယ်သူ့ကို တောသားလို့ ခေါ်တာလဲကွ?!”

“ မင်းကို ခေါ်တာလေ တောသားရဲ့!”

“ ဒီလိုဆိုမှတော့ ငါ့ကို ရိုင်းတဲ့အတွက် အပြစ် မတင်နဲ့တော့”

ယဲ့ဖန်း ကြိမ်းမောင်းပြီးတာနဲ့ အပြေး ဝင်လာသည်။

“ လူကြီးမင်း.. သတိထား”

ဒီအချိန်မှာ လင်းဖေးဟန်က သိပ်မဝေးတဲ့ နေရာကနေ ရပ်ပြီး တိုက်ပွဲကို လေ့လာနေခဲ့သည်။

“ သူဋ္ဌေး အားသောင် အဲ့လူကို မနိုင်တာ သိသာတယ်။ ကျွန်တော် ဝင်ပြီး သူ့ကို သိပ်ပေးရမလား?”

ပေါက်စီပေးပြီး ကိစ္စ ရှင်းချင်လားပေါ့..

လက်ထဲမှာ ပေါက်စီကိုင်ထားတဲ့ ဝမ်တကုံက ထိုမြင်ကွင်းကို ကြည့်နေရင်း ပြောလာသည်။

သူက သံမဏိ သဲလက်ဝါးသိုင်း ပညာရှင်ပဲ။ ယဲ့ဖန်းကလဲ စကေးရှိတဲ့သူဆိုတာ သူ တွေ့ပေမဲ့ မတိုက်ကြည့်ခင်အထိတော့ ကောင်းကောင်း သိရမှာမဟုတ်ဘူး။ အခုတော့ ဝမ်တကုံက အဲ့လူကို လက်ဝါးတစ်ချက်ထဲနဲ့ အမှောက်သိပ် ပစ်နိုင်ဖို့ ယုံကြည်ချက်ရှိသည်။

အားသောင် တောက်လျှောက် အနောက်တွန်း ခံနေရသည်။ ဇာတ်လိုက်ကို လုံးဝ အထင်သေးလို့တော့ မရဘူးပဲ။ တစ်ချက် လှုပ်ရှားလိုက်တာနဲ့ ရလဒ်ကို ပြောနိုင်တဲ့အထိ ရှင်းလင်းအောင် ပြပေးနိုင်တဲ့ ကျွမ်းကျင် တိုက်ခိုက်ရေးသမားပဲ။

အစကတော့ ယဲ့ဖန်းနဲ့ အားသောင် ခေါင်းချင်းယှဥ် တိုက်နိုင်သေးပေမဲ့ အချိန် ကြာလာတာနဲ့အမျှ အားသောင် ပင်ပန်းလာခဲ့သည်။

အားသောင်ရဲ့ စိတ်ထဲလဲ လက်ဖျားခါသွားသည်။ သခင်လေးသာ သူ့ကို ဂရုစိုက်ဖို့မပြောထားရင် သူ အဲ့ကောင်လေးကို ပြိုင်ဘက်လို့ တွေးထားမှာ မဟုတ်ဘူး။ ဒီကောင်လေးရဲ့ စကေးနဲ့ အဲ့လိုသာဆိုရင် သူ တစ်ချက်ထဲနဲ့ အမှောက်သိပ်ခံလိုက်ရမှာ။

အားသောင်က ကိုယ်ရံတော်လုပ်လာတာ နှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ အခုလို လူမျိုးကို သူ မတွေ့ဖူးသေးဘူး။

“ ပါးစပ်ပိတ်ပြီး မင်းရဲ့ ပေါက်စီသာ စားနေလိုက်။ မင်း တစ်နေ့လုံး ဘယ်လို တိုက်ပြီး လူသတ်မလဲဆိုတာပဲ သိတယ်။ စိတ်ပျက်စရာပဲ။ ငါတို့က ဥပဒေကို လိုက်နာတဲ့ ပြည်သူပြည်သားတွေကွ”

ယဲ့ဖန်းကို ရင်ဆိုင်မဲ့ နည်းလမ်းကို လင်းဖေးဟန် တွေးထားပြီးသားပင်။

“ ရဲကိုခေါ်လိုက်!”

လင်းဖေးဟန်က အရူးတစ်ယောက် မဟုတ်ဘူး။ သူ့ရဲ့ အင်အားကို သုံးပြီး ဇာတ်လိုက်ကို အဆင့်မြင့်သွားအောင် သူ ပံ့ပိုးမှာ မဟုတ်ဘူး။ သူလိုချင်တာ ဆန့်ကျင်ဘက်ပဲ။

အင်အားကိုသာအသုံးပြုလိုက်ပါက ဇာတ်ဆရာအလိုကျအတိုင်း ဇာတ်လိုက်မင်းသားက နောက်တချိန်မှာ သူ့အားသခင်လေးပါးရိုက်သည့်အကွက်ကို လုပ်တော့ပေမည်။

“ ရဲခေါ်ရမယ်?”

ဝမ်တကုံတောင် နည်းနည်းလေး အံ့သြ သွားခဲ့သည်။ သူ စိတ်ရှုတ်သွားပြီး

“ သူဋ္ဌေး ကျွန်တော်တို့က စီးပွားရေးရှင်တွေပဲ။ ရဲခေါ်လိုက်ရင် ဒီကိစ္စက ပျံ့သွားမှာ။ အဲ့ကျရင် ကျွန်တော်တို့ အရှက်မရနိုင်ဘူးလား?”

ဒါက ရှက်စရာကောင်းတယ်လို့ ဝမ်တကုံ ထင်သည်။ ဒါကြီးက အလွန်ကို ရှက်ဖို့ ကောင်းတယ်။

“ဘာရှက်ရမှာလဲ? ငါတို့က စည်းကမ်းရှိပြည်သူပြည်သား တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို ယူနေတာ။”

လင်းဖေးဟန်က ဝမ်တကုံကို နပန်းကျင်းပြီး သင်ပေးလိုက်သည်။

“ မှတ်ထား ငါတို့က ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်သလို ရိုးသားတဲ့ စီးပွားရေးကို လုပ်နေတဲ့ ရိုးသားကြိုးစားတဲ့ ဖိုးသခွားလေးတွေပဲ”

“ ဒီကမ္ဘာကြီးက တိုက်ခိုက်ဖို့ သတ်ဖြတ်ဖို့ မဟုတ်ဘူး။ လူသားတွေ ဆက်သွယ် ရင်းနီးဖို့ပဲ!”

“ ရဲကို အရင်ခေါ်လိုက်။ အားသောင် ဒုက္ခ ရောက်တော့မယ်!”

ဒီအချိန်မှာ လင်းဖေးဟန်က ထွက်လာ ခဲ့လိုက်သည်။

အားသောင်က အချိန်အကြာကြီး ခုခံနေပေမဲ့ လင်းဖေးဟန်ကို တွေ့တာနဲ့ စွန့်ပစ်ခံထားရတဲ့ ခွေးတစ်ကောင် သခင်ကို တွေ့သလိုမျိုး တိုက်နေရာကနေ ခုန်ထွက် လိုက်သည်။ ယဲ့ဖန်းလဲ တိုက်ဖို့ ရှေ့ဆက်မတိုးတော့ပေ။

လင်းဖေးဟန်က ဘာမှမသိသလို ဟန်ဆောင်ရင်း မျက်မှောင်ကြီးကြုတ်ကာ အေးစက်စက်အသံနဲ့ မေးလိုက်သည်။

“ ဘာတွေ ဖြစ်နေတာလဲကွ ဟမ်?”

ယဲ့ဖန်းက လင်းဖေးဟန်ကို ကြည့်လိုက်သည်။ အဲ့လူရဲ့ ဝတ်ဆင်ပုံနဲ့ ပြုမူပုံကို ကြည့်တည်းက သူက သွားရှုပ်လို့လွယ်တဲ့ သူ မဟုတ်မှန်း သိပေမဲ့ သူ လုံးဝ မကြောက်ပါ။ အဲ့ဒီအစား သူကပိုပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ မိတ်ဆွေ ဒီမှာ နားလည်မှု လွဲနေတာ ရှိမယ်ထင်တယ်”

လင်းဖေးဟန်ကို ကြည့်လိုက်တာနဲ့ သူက ကောင်မလေးကို လာကြောင်တဲ့ ချမ်းသာတဲ့ သူတစ်ယောက်ပဲဆိုတာ ယဲ့ဖန်း သိလိုက်သည်။

ဒါပေမဲ့ ကံဆိုးတာက ဒီက အလှလေးက ငါနဲ့ပဲ ဆိုင်တာကွ။

အဲ့လိုမျိုး ဂုဏ်သိက္ခာကောင်းတဲ့ ချမ်းသာတဲ့ သူနဲ့ ရင်ဆိုင်ရတာကို ယဲ့ဖန်း မကြောက်ပါဘူး။ အဆိုးဆုံးဖြစ်လာရင် သူ့ရဲ့ ဆေးပညာကို သုံးပြီး တစ်ဖက်လူကို ဒူးထောက်တောင်းဆို လာအောင် သူ လုပ်နိုင်နေတာပဲ။

ယဲ့ဖန်း ထိုသို့တွေးမိတော့ အန္တာရယ်ကင်းတဲ့ အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

လင်းဖေးဟန်က ဘာမှမ​ပြောလာတာကို တွေ့တော့ ယဲ့ဖန်းက ထပ်ပြီး ရိုးအတဲ့ မျက်နှာပေး လုပ်ကာ

“ မိတ်ဆွေ ဒါကတစ်််ကယ်ပဲ နားလည်မှု လွဲတာလို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆို ကျွန်တော်က ဒီမိန်းကလေးကို ကုသပေးချင်ရုံတင်ပဲ။ ကျွန်တော်က ကျွမ်းကျင် ဆရာဝန်တစ်ယောက်ပဲ။ သူမ နားလည်မှုလွဲပြီး..”

ယဲ့ဖန်းရဲ့လေသံနဲ့ မျက်နှာထားက ကြီးစွာသော ရိုးသားမှုကို ထင်ဟပ်ပြနေသည်။ အဲ့ဒါ အပြင် ရိုးစင်းတဲ့ အပြုံးတစ်ခုနဲ့ ဇာတ်လိုက် အရှိန်အဝါ တို့ ပေါင်းစပ်ထားတော့ လင်းဖေးဟန်သာ ယဲ့ဖန်းက အကြီးစား လူလိမ်မှန်း မသိခဲ့ရင် သူချက်ချင်းပဲ ယဲ့ဖန်းကို ယုံကြည်သွားလောက်သည်။

ဒါက စာရေးဆရာရဲ့ ဇာတ်လိုက်ကို ပေါင်းထည့်ပေးထားတဲ့ လက္ခဏာရပ်ပဲလေ။ မူရင်းဝတ္ထုမှာ ယဲ့ဖန်းက သူ့ရဲ့ အတွေးတွေကို ဖုံးကွယ်ရာမှာ အလွန်တော်သည်လို့ ပြောထားသည်။

ယဲ့ဖန်းက သူ့အရှေ့က လင်းဖေးဟန်ကို စိတ်ထဲမှာ ရွံရှာနေပေမဲ့ အပြင်ပန်းတော့ အပြုံးတစ်ခုကို တပ်ဆင်ထားသည်။

လှည့်စားနေလိုက်!

ငါမင်းကို မယုံဘူး!

လင်းဖေးဟန် စိတ်ထဲမှ ဆဲလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“ တစ်ကယ် ဒီလိုပဲလား?”

ယဲ့ဖန်း အကြိမ် ကြိမ် ခေါင်းညိတ်ပြပြီး ပြုံးလိုက်ကာ

“ မှန်ပါတယ်။ တစ်ကယ်ကို နားလည်မှု လွဲတာပါ။ ငါက ဒီမိန်းကလေးအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ မင်းရဲ့ ဒီဘက်က ဘော်ဒီဂတ်က အထင်လွဲသွှားတာပဲ။”

ယဲ့ဖန်းက စိတ်ရှည်ရှည် ရှင်းပြလိုက်သည်။

လင်းဖေးဟန် ဘာမှ မပြောသေးပေ။ သူ အခုချိန်မှာ ယဲ့ဖန်းရဲ့ ဒေါ်သနဲ့ ပြစ်ချက်တွေကို လေ့လာချင်တယ်။

လင်းဖေးဟန် ဘာမှ မပြောလာတာကို တွေ့တော့ ယဲ့ဖန်းက ဆက်ရှင်းပြသည်။

“ မင်း ကျွန်တော့်ကို မယုံရင် အနောက်က မိန်းကလေးကို ကျွန်တော်က ခြေထောက် ကုပေးဖို့ လုပ်ခဲ့လား မလုပ်ခဲ့ဘူးလား ဆိုတာ မေးလို့ ရပါတယ်”

လင်းဖေးဟန် အနောက်ကို လှည့်ပြီး အားသောင်ကို ကြည့်ပြီး မေးလိုက်သည်။

“ အားသောင် တစ်ကယ်ပဲလား? ဘာတွေ ဖြစ်နေတာလဲ?”

စွန်းရှင်းယွဲ့က ကြင်နာတတ်သည်မို့ လင်းဖေးဟန်က သူမကို မမေးခဲ့။ သူမကိုသာ မေးမိရင် ယဲ့ဖန်းပြောတာကို သူမ သေချာပေါက် သဘောတူမှာလေ။

သူမက ယဲ့ဖန်းကို မကြောက်ပေမဲ့ လင်းဖေးဟန်ကို ပြဿနာ တက်အောင် လုပ်မိမှာကို စိုးသည်။

ထိုအချိန်မှာ လက်မောင်းဒဏ်ရာကို လက်နဲ့ ကာထားတဲ့ အားသောင်က ဝင်ပြော လိုက်သည်။

“ သခင်လေး အဲ့ဒီလို မဟုတ်ပါဘူး။ အရင်တစ်ခေါက် ဂန်းစတားတွေနဲ့ ပြဿနာ တက်ပြီးတည်းက သခင်လေးက ကျွန်တော့်ကို မစ္စစွန်းကို တိတ်တိတ်လေး စောင့်ရှောက် ခိုင်းခဲ့တယ်”

“ မစ္စစွန်းရဲ့ ဘဝကို အနှောက်အယှက် ပေးမိမှာ စိုးလို့ သခင်လေးက ကျွန်တော့်ကို မစ္စအရှေ့ မသွားမိစေနဲ့ ပြောခဲ့ပေမဲ့ ဒီလူက မကောင်းတာ ကြံစည်နေလို့ပါ”

အားသောင်က ယဲ့ဖန်းကို လက်ညိုးထိုးပြီး ခိုင်မာစွာ ပြောလိုက်သည်။

ထိုစကားကိုကြားတော့ စွန်းရှင်းယွဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ယဲ့ဖန်း စိတ်လှုပ်ရှားလာပြီး

“ မင်းက အဓိပ္ပါယ်မရှိတာတွေ လာပြောနေတာပဲ။ သွားပုတ်လေလွင့် လာမပြောနဲ့ကွ”

ထိုအချိန်မှာ လင်းဖေးဟန် ပျော်ရွှင်စွာ စိတ်ထဲမှ ပြောနေခဲ့သည်။

“ တော်လိုက်တဲ့ အားသောင်ရေ မင်း သရုပ်ဆောင် မဖြစ်ခဲ့တာ နှမြောစရာပဲ”

All Chapters