← Chapters

ဟိုကလန်၏ ကြီးမားသော အကျိုးဆက် (၃)

Vol. 6 Ch. 76

ဟိုကလန်၏ ကြီးမားသော အကျိုးဆက် (၃)

Vol. 6 Ch. 76

ဟိုယုဒွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“အလောတကြီး ဝမ်းသာမနေကြနဲ့။ ငါ ဝင်ငွေတွေပဲ ပြောပြီးသေးတယ် ထွက်ငွေတွေ မပြောရသေးဘူး။ ငါပြောပြီးမှ မင်းတို့ ဆက်ဝမ်းသာချင်ရင် ဝမ်းသာလို့ရတယ်”

စိတ်အေးလက်အေး ရှိသော ဟိုယုဒွမ်က ထပ်ပြောလိုက်သည်။ ဟိုယုရှောင်အပါအဝင် လူတိုင်းက သူ ဆက်ပြောမည်ကို နာခံစွာ နားထောင်နေကြသည်။

သူက ဆက်ပြောသည်။

”တတိယအစ်မက အခုနက မပြောခဲ့ဘူးလား။ မကြာသေးခင်က အဓိကရုဏ်းမှာ နှစ်သောင်းကျော် သေဆုံးခဲ့တယ်။ မိသားစုတစ်ခုကို ၅ တေလျှင်နှုန်းနဲ့ တွက်ရင် စုစုပေါင်း နှစ်သိမ့်ငွေ ၁၀၀,၀၀၀ တေလျှင်ကို နှစ်သိမ့်ငွေအဖြစ် ဝေပေးခဲ့တယ်။

ဒါ့အပြင် အဓိကရုဏ်းအပြီးမှာ မိဘမဲ့ကလေး စုစုပေါင်း ၉၈၅ ယောက် ရှိတယ်။ သူတို့ကို ဒုံကန်းလမ်းမှာ နေရာချထားပြီးပြီ။ သူတို့ကို စောင့်ရှောက်ဖို့ လူတွေ ငှားတာအပြင် ကိုယ်ခံပညာ စတင်သင်ကြားပေးဖို့ ဆရာတွေကိုလည်း ငွေပေးငှားခဲ့တယ်။ အစပိုင်းအဆင့်မှာတင် ၁၀,၀၀၀ တေလျှင်နီးပါး ကုန်ကျသွားတယ်”

ထပ်ပြီး ငါတို့မိသားစုရဲ့ ကိုယ်ခံပညာရှင် ၃၇ ယောက် ထိခိုက်သေဆုံးခဲ့တယ်။ သူတို့အတွက် နှစ်သိမ့်ငွေ စုစုပေါင်း ၃,၇၀၀ တေလျှင် ပေးခဲ့တယ်။ အဲဒီညက ဒဏ်ရာရသူတွေက မရေမတွက်နိုင်လောက်အောင် များတယ်။ သူတို့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ ၇,၃၀၀ တေလျှင် ကုန်ကျခဲ့တယ်။ ဒီအချက်ကို ပေါင်းရင် ၁၁,၀၀၀ တေလျှင် ရောက်သွားတယ်”

အံ့ဩစရာပဲ ဤသုံးချက်သော အသုံးစရိတ်များကို ပေါင်းလိုက်ရင် ၁၂၁,၀၀၀ တေလျှင် ရှိသည်။ အခုနက တွက်ချက်ထားသော ငွေပမာဏ၏ လေးပုံတစ်ပုံနီးပါး ပျောက်သွားသလို ဖြစ်သွားပြီး လူတိုင်းသည် ရုတ်တရက် ဓားနှင့် အတိုက်ခံရသလို ခံစားလိုက်ရသည်။

ဒေါသထွက်လွယ်သော ဟိုယုချန်းက မထိန်းနိုင်ဘဲ ထအော်လိုက်သည်။

”ဒီကိစ္စတွေက ခရိုင်အစိုးရရဲ့ တာဝန်ဖြစ်သင့်တယ်။ ရန်ဖုန်းက ငါတို့လက်ထဲက လွတ်သွားတယ်… အဟွတ်… ထွက်ပြေးသွားတာတောင် ပြည်သူတွေကို နှစ်သိမ့်ဖို့က ပြည်နယ်က လုပ်ပေးရမှာ။

ငါတို့က ကျောက်ယန်ကို ကာကွယ်ပြီး အကျိုးပြုခဲ့တာ။ ပြည်နယ်က ဆုချီးမြှင့်ဖို့ ငွေမပေးတာက တစ်ကိစ္စ၊ ဒါပေမယ့် ဘာလို့ ငါတို့ရဲ့ ငွေကို သုံးရမှာလဲ”

ကျန်သူများက ခေါင်းညိတ်ပြပြီး သဘောတူကြသည်။ သူတို့၏ မျက်နှာများတွင် မကျေနပ်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။ မည်သို့ပင်ဖြစ်စေ ဤမျှလောက် ငွေပမာဏကြီးကို သုံးစွဲလိုက်ရသည့်အခါ နာကျင်မှု မခံစားရဘဲ မနေနိုင်ပေ။

ဟိုယုရှောင်က ပြောသည်။

”ပြည်နယ်က ဂရုမစိုက်ဘူး။ ဒီနေ့တင်မဟုတ်ဘူး၊ ဒီနောက်ပိုင်း ကျောက်ယန်ကို သူတို့ ဂရုစိုက်တော့မှာ မဟုတ်ဘူး။

ဟိုယုဒွမ်က ချက်ချင်း မေးလိုက်သည်။

”အကိုကြီး မင်း စီးကုန်းယွဲ့နဲ့ တစ်ခုခု သဘောတူညီမှု ရခဲ့တာလား။ အဲဒါကြောင့် ခရိုင်အစိုးရရဲ့ ဆိုင်းဘုတ်ကို ဟိုအိမ်တော်နဲ့ လဲလိုက်ရတာလား”

ဟိုယုဒွမ်သည် အခြေအနေကို အလျင်မြန်ဆုံး နားလည်သူ ဖြစ်သည်။ သူ ဤမေးခွန်းကို မေးလိုက်သည်နှင့် လူတိုင်းက ဟိုယုရှောင်ကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ဤတစ်လအတွင်း သူတို့အားလုံး မိမိတို့၏ တာဝန်များနှင့် အလုပ်များနေခဲ့ကြပြီး ယနေ့မှသာ ဟိုယုရှောင်က သူတို့ကို ဤနေရာသို့ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ခရိုင်အစိုးရရဲ့ ဆိုင်းဘုတ်ကို ဟိုအိမ်တော်၏ ဆိုင်းဘုတ်ဖြင့် အစားထိုးထားသည်ကို မြင်သောအခါ သူတို့ ကြာရှည် သတိထားမိခဲ့ပြီး မေးခွန်းများ တစ်ဝမ်းအပြည့် ဖိထားခဲ့ရသည်။

ဟိုယုရှောင်က လူတိုင်းကို ကြည့်လိုက်ပြီး သူ၏ အသံကို တိုးညင်းစွာ ပြောလိုက်သည်။

”ငါးယောက်မြောက် မှန်းတာ မှန်တယ်။ ဒီနောက်ပိုင်း ကျောက်ယန်မှာ ခရိုင်ဝန် ရှိတော့မှာ မဟုတ်ဘူး။

ဤစကားကို ပြောပြီးသည်နှင့် ရှိနေသော လူကိုးဦးစလုံး ခဏတာ အံ့အားသင့်သွားကြပြီး ထို့နောက် သူတို့၏ မျက်နှာများတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်ထွက်လာကာ စိတ်လှုပ်ရှားမှုများ ပို၍ သိသာထင်ရှားလာခဲ့သည်။

ဟိုယုချန်းက စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်ဘဲ တုန်ယင်စွာ ပြောလိုက်သည်။

”အကိုကြီး ပြောတာက ဒီနောက်ပိုင်း… ဒီကျောက်ယန်ခရိုင်က… ဟိုမိသားစုရဲ့ လက်အောက်မှာ အပြည့်အဝ ရှိသွားမယ်ဆိုတဲ့ အဓိပ္ပါယ်လား။

လူတိုင်းက ချက်ချင်း ဟိုယုရှောင်ဆီသို့ လှည့်ကြည့်လိုက်ကြပြီး သူ အနည်းငယ် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ အားလုံး အလွန်ပီတိဖြစ်သည့် အမူအရာများ ပြသလိုက်ကြသည်။

ဟိုယင်းနှင့် ဟိုချန်တို့ပင် နေရာတွင် ခြေလှမ်းများ လှုပ်ရှားနေကြသည်။

အခြားသူများက ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု သိပ်မပြသော်လည်း သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှု အပြည့်ရှိနေသည်။

ထင်ရှားစွာပင် လူအုပ်၏ အလွန်ပြင်းထန်သော ခံစားချက်များသည် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလွန်းလှသည်။

ဟိုမိသားစုသည် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ပျက်စီးခြင်းနှင့် နီးစပ်ခဲ့ရာမှ ဟိုယုရှောင်က ၎င်းတို့ကို ဦးဆောင်ကာ အမျိုးမျိုးသော ညှိနှိုင်းမှုများဖြင့် အသက်ရှင်ရန် တိုက်ပွဲဝင်ခဲ့ပြီး နောက်ဆုံးတွင် လွန်ခဲ့သော ခြောက်လက ဟိုမိသားစုသည် တည်ငြိမ်သော အခြေအနေကို ရရှိခဲ့သည်။

ထို့နောက် လွန်ခဲ့သော တစ်လက တောင်ဓားဂိုဏ်း၏ တိုက်ခိုက်မှုကို အသုံးချကာ လင်းယုန်ဂိုဏ်းနှင့် စိမ်းလန်းမြေခွေးဂိုဏ်းကို ဖျက်ဆီးခဲ့ပြီး ချန်းယွဲ့ကို တိုက်ခိုက်ကာ ရန်ဖုန်းကို သတ်ဖြတ်ခဲ့သည်။

ယခုမူ ဟိုယုရှောင်က သူတို့အား ဟိုမိသားစုသည် ကျောက်ယန်မြို့၏ အငြင်းပွားစရာမရှိသော အင်အားကြီးဖြစ်လာပြီး ခရိုင်တစ်ခုလုံး၏ အရှင်သခင်ဖြစ်သွားပြီဟု ပြောနေခြင်း ဖြစ်သည်။

မည်သူက စိတ်ကူးနိုင်မည်နည်း၊ နှစ်နှစ်အတွင်း ဟိုမိသားစု၏ အသွင်ပြောင်းလဲမှုသည် ဤမျှကြီးမားလိမ့်မည်ဟု။ လူတိုင်းအတွက် ၎င်းသည် အိပ်မက်တစ်ခုနှင့်မခြား ခံစားရသည်။

ဟိုယုဒွမ်က မေးလိုက်သည်။

“စီးကုန်းယွဲ့က ငါတို့ကို ဘာလုပ်စေချင်တာလဲ”

ရှိနေသော ကိုးဦးထဲတွင် ဟိုယုဒွမ်တစ်ဦးတည်းသာ ဤမျှလျင်မြန်စွာ တည်ငြိမ်မှုကို ပြန်လည်ရရှိနိုင်ပြီး ကိစ္စ၏ အဓိကအချက်ကို ဆုပ်ကိုင်နိုင်ခဲ့သည်။

သို့သော် ဤမေးခွန်းက လူတိုင်းကို အနည်းငယ် တည်ငြိမ်သွားစေခဲ့ပြီး ဟိုယုရှောင်၏ မျက်ဝန်းများထဲတွင် အသိအမှတ်ပြုမှု အလင်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ ငါးယောက်မြောက်၏ တည်ငြိမ်သော သဘောသဘာဝသည် မိသားစုအတွက် အကန့်အသတ်မရှိ အကျိုးပြုနိုင်သည်။

ဟိုယုရှောင်က ပြောသည်။

”ကျောက်ယန်မြို့ကို လုံခြုံအောင် ထိန်းသိမ်းထားဖို့က ငါ့ခေါင်းပေါ်မှာလေ”

ဟိုယုဒွမ်က ဆက်ပြောသည်။

”သူတို့က ရှုကျိုးက ဒီကိစ္စကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူးဆိုတာ သိတယ်။ ခရိုင်မှာ သုံးစရာ ဘယ်သူမှ မရှိတော့တာမို့ အမည်ခံအားဖြင့် ကျောက်ယန်ကို ငါတို့လက်ထဲ ပေးထားပေမယ့် တကယ်တော့ သူတို့က ငါတို့ကို ပူပြင်းတဲ့ အာလူးတစ်လုံး ပစ်ပေးလိုက်တာပဲ။ ငါတို့က ငြင်းမှာ မဟုတ်ဘူးဆိုတာ သူတို့ သိတယ်။ ဒီစီးကုန်းယွဲ့ဆိုတဲ့သူ… တကယ်ကို ဉာဏ်ကောင်းတယ်”

ဟိုယုဒွမ်၏ မျက်ဆံများ ခဏတာ တောက်ပသွားပြီး သဘောတူညီမှု၏ နောက်ကွယ်ရှိ ယုတ္တိဗေဒကို ချက်ချင်း နားလည်သွားခဲ့သည်။ သက်ပြင်းချရင်း သူက အခြားသူများကိုပါ ရှင်းပြပေးလိုက်သည်။

လူတိုင်း နားလည်သွားသောအခါ သူတို့၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ သိသာစွာ လျော့ကျသွားခဲ့သည်။

ဟိုယုလင်းက ပြောလိုက်သည်။

”နောက်ဆုံးမှာ၊ ဘယ်လို ကုန်သွယ်မှုမဆို အကျိုးအမြတ်ဖလှယ်မှုပဲ ဖြစ်တယ်။ ငါတို့က ကျောက်ယန်ကို ထိန်းထားချင်တယ်၊ သန့်ရှင်းသော အသင်းတော်က ဒီနေရာကို ကာကွယ်ချင်တယ်။ နှစ်ဘက်စလုံး တစ်ယောက်ကိုတစ်ယောက် အသုံးချနေတာပဲ”

သူမက ဆက်မေးသည်။

”ဒါဆို သူတို့က ငါတို့ကို မြို့ကို ကာကွယ်ဖို့ပဲ မျှော်လင့်ပြီး ဘယ်လို ဆုချီးမြှင့်မှုမှ မပေးဘဲ ခရိုင်စားရော ခရိုင်ဝန်ရော မပို့ဘူးပေါ့။ ဒီထက်ပိုတဲ့ အကျိုးအမြတ်တွေ မရှိဘူးလို့ မပြောနဲ့နော်”

ဟိုယုဒွမ်က ပြန်ဖြေသည်။

”မရှိတာ မဟုတ်ဘူး။ စီးကုန်းယွဲ့က ငါ့ကို ကတိပေးထားတယ်။ ဟိုမိသားစုကို ဒုတိယအဆင့် အင်အားစုအဖြစ် မြှင့်တင်ရာမှာ ပြည်နယ်မြို့တော်ရော၊ ပြည်နယ်ရုံးရော အနှောင့်အယှက် မပေးဘူးဆိုတာ သူမက အာမခံပေးမယ်တဲ့”

ဤစကားကို ကြားသောအခါ လူတိုင်း တစ်ပြိုင်နက် သက်ပြင်းချလိုက်ကြသည်။

ဒါမှ ပိုအဆင်ပြေတာပေါ့…

ဟိုယုချန်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

”ဒုတိယအဆင့် အင်အားစုဆိုတာ ဂန်ချီအဆင့် စစ်သည်တော်တွေက လည်ပတ်မှုကို ကြီးကြပ်ပြီး ဂိုဏ်းသား တစ်ထောင်ကျော်ရှိရမယ်။ ဂိုဏ်းရဲ့ အင်အားကို ထောက်ပံ့ဖို့ နတ်နည်းသုံးမျိုး လိုတယ်။ ဒီအချက်တွေအားလုံး ငါတို့ ဖြည့်ဆည်းနိုင်တယ်။ အခု ကျောက်ယန်ခရိုင်ကိုပါ ထိန်းထားနိုင်ပြီဆိုတော့ ပြည်နယ်မြို့တော်နဲ့ ပြည်နယ်ရုံးက ဝင်မပါရင် ဟိုမိသားစုကို ဒုတိယအဆင့် အင်အားစုအဖြစ် မြှင့်တင်တာဟာ သေချာသလောက်ပဲ”

သူ၏ စကားက လူတိုင်း၏ စိတ်ဓာတ်များကို ချက်ချင်း မြှင့်တင်ပေးလိုက်သည်။

ဟိုယုလင်းက ပန်းတစ်ပွင့်ပွင့်သကဲ့သို့ ပြုံးလျက် ဟိုယုကျီကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။

“စတုတ္ထအကြီးအကဲက မကြာခင် ဂန်ချီအဆင့်ကို ဖြတ်ကျော်တော့မယ်။ အဲဒီအခါ ငါတို့ ဟိုမိသားစုမှာ ဂန်ချီအဆင့် ကျွမ်းကျင်သူ နှစ်ယောက် ရှိလာမယ်။

တုံလင်းခရိုင်မှာ ဒုတိယအဆင့် အင်အားစု ခုနစ်ခုထဲမှာ ခရိုင်ထဲက ဘိုင်မိသားစုနဲ့ ဘိုင်ယဲခရိုင်က ချီဂျူးဂိတ်မှာပဲ ဂန်ချီအဆင့် ကျွမ်းကျင်သူ နှစ်ယောက်ထက်ပိုပြီး ထိန်းကျောင်းထားတာ ရှိတယ်။ ဘိုင်မိသားစုက ငါတို့နဲ့ ဆက်ဆံရေး ကောင်းတယ်။ ငါတို့ တရားဝင် အဆင့်မြှင့်တင်ပြီးတာနဲ့၊ ဟိုမိသားစုဟာ တုံလင်းခရိုင်ရဲ့ အင်အားစုတွေထဲမှာ အမှန်တကယ် နေရာယူနိုင်တော့မှာ”

ထိုအချိန် ကောချန်းက ခေါင်းခါလိုက်ပြီး သူ၏ မျက်ဝန်းများတွင် ထိုးထွင်းသိမြင်မှု အလင်းရောင် တောက်ပလာကာ ပြောသည်။

”နေရာယူရုံတင် မဟုတ်ဘူး။ မိသားစုခေါင်းဆောင်က ကျားစာရင်းက ကိုယ်ခံပညာရှင် တျန်လီဟောင်ကို အနိုင်ယူခဲ့တာဆိုတော့ ဖြောင့်မတ်သောလမ်းစဉ်က ထုတ်ပြန်တဲ့ အသေးစား နတ်ဆိုးဖယ်ရှားစာရင်းမှာ နေရာရသင့်တယ်။

အရင်က ချန်းယွဲ့ကို နတ်ဆိုးလမ်းစဉ်ရဲ့ မဟာကြယ်သစ်စာရင်းမှာ ထည့်သွင်းမယ်ဆိုတဲ့ သတင်းစကားတွေ ထွက်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျောက်ယန်အဓိကရုဏ်းအပြီးမှာ သူ့ဂုဏ်သတင်းက ညစ်ညမ်းသွားပြီး စာရင်းဝင်ဖို့ အခွင့်အရေး မရှိတော့ဘူး။ အပြန်အလှန်အားဖြင့် မိသားစုခေါင်းဆောင်ရဲ့ ကျောက်ယန်တိုက်ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်က အလွန်ထူးချွန်ခဲ့တာမို့ သူ့ကို စာရင်းဝင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းစဉ်းစားဖွယ် အလားအလာ အများကြီးရှိတယ်…”

ကောချန်း စကားရပ်သွားသော်လည်း သူက စာရင်းနှစ်ခုကို ဖော်ပြလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အသက်ရှူသံများ ပိုမိုလေးလံလာခဲ့သည်။

ဖြောင့်မတ်သောလမ်းစဉ်၏ အသေးစား နတ်ဆိုးဖယ်ရှားစာရင်းက သိပ်စိုးရိမ်စရာ မဟုတ်ပေ။ အကြောင်းမှာ ဒုတိယအဆင့် အင်အားစုတိုင်းလိုလို ထိုစာရင်းထဲမှာ တစ်ယောက်ယောက်ကို ထည့်သွင်းထားနိုင်သောကြောင့် ဖြစ်သည်။ အဓိက စိုးရိမ်စရာကတော့ မဟာကြယ်သစ်စာရင်း ဖြစ်သည်။

နတ်ဆိုးလမ်းစဉ်၏ ပြည်နယ်ခြောက်ခုမှာ လူဦးရေ ဘီလီယံနှင့်ချီ ရှိပြီး အကြမ်းဖျင်းအားဖြင့် ကိုယ်ခံပညာရှင်များကို ဆယ်သန်းနှင့်ချီ ရေတွက်နိုင်သည်။ အသက် ငါးဆယ်အောက် ရှိသူများက သန်းနှင့်ချီရှိသော်လည်း ဤစာရင်းထဲသို့ ဝင်ရောက်နိုင်သူမှာ ရာဂဏန်းသာ ရှိသည်…

ဤစာရင်းထဲ ဝင်ရောက်ဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

စိတ်ကူးကြည့်နိုင်သည်။ ဤစာရင်းသည် ယုံကျိုးပြည်နယ်တစ်ခုတည်းကိုသာမက၊ ယိုး၊ ယူ၊ ဖန်၊ ဂျင်၊ လျန် ပြည်နယ်များကိုပါ အကျုံးဝင်သည်။ နတ်ဆိုးလမ်းစဉ်မှ ထူးချွန်သူများ အများအပြား ကိုယ်ခံပညာလောကတွင် ယှဉ်ပြိုင်ကာ တစ်ဦးစီသည် နာမည်ကျော်ကြားမှုအတွက် ကြိုးပမ်းနေကြသည်…

ဤစာရင်းကို အများအားဖြင့် သန့်ရှင်း၊ ကောင်းကင်၊ မြေကြီး ဟူသော အင်အားကြီး သုံးဖွဲ့၏ သားစဉ်မြေးဆက်များက အပြိုင်အဆိုင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့ကြောင့် ဟိုယုရှောင်က ဤစာရင်းထဲ နာမည်တင်မိပါက မည်သည့်အဓိပ္ပါယ်ကို ဆောင်မည်နည်း။

ဟိုယုရှောင်က ပြောလိုက်သည်။

”ဒီလောက်ပဲ ဒီလောက်ပဲ အိပ်မက်မမက်နဲ့တော့။ ချန်းယွဲ့က ဒီလောက်သန်မာပြီး စာရင်းဝင်ဖို့ အလားအလာရှိတယ်လို့ပဲ ချီးကျူးခံရတာ။ ငါ တျန်လီဟောင်ကို အနိုင်ယူတာက တရားမျှတတဲ့ တိုက်ပွဲမဟုတ်ခဲ့ဘူး။ နောက်ဆုံးမှာ အခြေအနေကို အသုံးချလိုက်တာပဲ။ ဒါကြောင့် စာရင်းထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး”

ဟိုယုရှောင်သည် မိမိ၏ စွမ်းရည်ကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။ ကျောက်ယန်အဓိကရုဏ်းအပြီး၊ ဖြောင့်မတ်သောလမ်းစဉ်၏ အသေးစား နတ်ဆိုးဖယ်ရှားစာရင်းထဲ နာမည်တင်နိုင်ခဲ့လျှင် ရှိရမည့် အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။ နတ်ဆိုးလမ်းစဉ်၏ မဟာကြယ်သစ်စာရင်းကို တော့ စိတ်ကူးမယဉ်သင့်ပေ…

ဟိုဖေးက စိတ်လှုပ်ရှားစွာ ရှေ့သို့ထွက်ကာ မေးလိုက်သည်။

”မိသားစုခေါင်းဆောင် ဘယ်အချိန်မှာ ပြည်နယ်မြို့တော်ကို သွားမှာလဲ”

မိသားစုသည် ဒုတိယအဆင့်အင်အားစုအဖြစ် မြှင့်တင်ခံရတော့မည်ဖြစ်ရာ သဘာဝအားဖြင့် ပထမဦးစွာ ခရိုင်ဝန်ထံ သတင်းပို့ရန် လိုအပ်သည်။

ဟိုယုရှောင်က ဖြေသည်။

“မလောနဲ့။ အရင်ဆုံး မင်း လူတချို့ကို ချန်လယ်လမ်းကို ခေါ်သွားပြီး ငါ့အတွက် ပစ္စည်းတချို့ ပြင်ဆင်ထားပေး။ မြို့ထဲက စစ်သည်တော်တွေအားလုံးနဲ့ တွေ့ချင်တယ်။

စတုတ္ထအကြီးအကဲ အခုလောလောဆယ် ဒီယွမ်ဂန်ပုတီး ငါးလုံးကို ယူထားလိုက်”

ဟိုယုကျီက ယွမ်ဂန်ပုတီးများကို လက်ခံယူသည်ကို လူတိုင်းမြင်သောအခါ သူတို့၏ မျက်နှာများတွင် မနာလိုမှု အရိပ်အယောင်များ မလွဲမသွေ ပေါ်ထွက်လာခဲ့သည်။

ဟိုယုရှောင်က ဆက်ပြောသည်။

”ဒီယွမ်ဂန်ပုတီးတွေကို စိမ်းလန်းမြေခွေးဂိုဏ်းနဲ့ လင်းယုန်ဂိုဏ်းမှာ တွေ့ရှိခဲ့တာ။ စတုတ္ထအကြီးအကဲက ဖြတ်ကျော်ဖို့ နီးနေပြီမို့ သူ့ကို အရင်ပေးတာ။ မင်းတို့ ကျန်တဲ့သူတွေ မနာလိုဖြစ်စရာ မလိုဘူး။ မိသားစုမှာ အခု ငွေမရှားဘူး။ ပြည်နယ်မြို့တော်ကို ရောက်တဲ့အခါ ယွမ်ဂန်ပုတီးတွေ မရမှာ စိုးရိမ်နေစရာလား”

All Chapters