← Chapters

.......ငါ့တာအိုကတစ်ယောက်တည်းအတွက်မဟုတ်ပါ.....

Vol. 25 Ch. 361

.......ငါ့တာအိုကတစ်ယောက်တည်းအတွက်မဟုတ်ပါ.....

Vol. 25 Ch. 361

"နန်းတော်သခင် ဘာကိုဆိုလိုမှန်း ကျွန့မနားမလည်ဘူး... ဒါက သိုင်းကမ္ဘာတွေကြားက ပြိုင်ဆိုင်မှုမဟုတ်ဘူးလား...."

နတ်ဘုရားဇီဟွမ်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

နှစ်ထောင်ပေါင်းများစွာကြာ တိုက်ပွဲဝင်ခဲ့သော သိုင်းလောကများ လုံးလုံးပျက်စီးတော့မည်။ သူမက ကြင်နာတတ်သူမဟုတ်သော်လည်း ဤအဖြစ်အပျက်က ရက်စက်သည်ဟု သူမခံစားမိသည်။ ၎င်းသည် နတ်ဘုရားသိုင်းနယ်မြေ၏ပုံစံနှင့် မကိုက်ညီပေ။

နတ်ဘုရားသိုင်းနယ်မြေသည် သက်ရှိသတ္တဝါအားလုံး လက်ခံထားသော စည်းမျဉ်းများကြောင့် နှစ်ပေါင်းများစွာ ပေါင်းစည်းနိုင်ခဲ့သော မဟာရွှမ်းဟန်ကမ္ဘာကြီးဖြစ်သည်။

ဆံပင်ဖြူအဘိုးအိုက ဧရာမမြစ်ကြီးကို ငုံ့ကြည့်ကာ..... “ထူးထူးခြားခြား သိသာထင်ရှားတဲ့ အသွင်အပြင်ကို မတွေ့မိပေမယ့်လည်း မဟာကန္တာရ သိုင်းကမ္ဘာကြီးမှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်များစွာ ရှိခဲ့ဖူးတယ်.... နတ်ဘုရား တပါးသေဆုံးခြင်းနဲ့အတူ အခြားသော သိုင်းလောကတွေမှာလည်း အလားတူ မူမမှန်မှုတွေ ရှိခဲ့တယ်....ဒါ့အပြင် ပြန်လည်မွမ်းမံပြင်ဆင်မှု မပြုလုပ်တော့ဘဲ ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လေ.... သိုင်းကမ္ဘာတွေရဲ့ အနာဂတ်ပြဿနာတွေကို ဖယ်ရှားဖို့ သိုင်းကမ္ဘာများစွာကို တစ်ကြိမ်တည်း ဖျက်ဆီးပြီးနောက်မှာ ငါတို့လုပ်ရပ်အတွက် အကြောင်းပြချက်ရှာဖို့ သိုင်းကမ္ဘာပြိုင်ပွဲကို စတင်ဖို့ လိုအပ်တယ်..."

“အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်အတွက်ကတော့ နန်းတော်သခင်က သူ့ကို ပြိုင်ပွဲကိုအကြောင်းပြုပြီး သန်မာအောင် သိုင်းကမ္ဘာတွေဆီပို့လိုက်တာ...ဒါကြောင့်မို့ သိုင်းကမ္ဘာပြိုင်ပွဲက ဘယ်လိုမှအဆုံးသတ်ကောင်းနိုင်မှာမဟုတ်ဘူး...."

သူသည် သိုင်းကမ္ဘာများအကြောင်းမဟုတ်ဘဲ ကျောက်တုံးများအကြောင်းပြောနေသကဲ့သို့ အလွန်အေးဆေးနေ၏။

နတ်ဘုရားဇီဟွမ်းကတော့ တိတ်ဆိတ်နေ၏။

၎င်းသည် နတ်ဘုရားသိုင်းနယ်မြေ၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့် သူမ ကန့်ကွက်ရန် မဝံ့ရဲခဲ့ပေ။ သမိုင်းတလျှောက်တွင်၊ ဤအရာသည် နတ်ဘုရားသိုင်းနယ်မြေအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ ခြိမ်းခြောက်သူမည်သူမဆို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသည်ဖြစ်စေ၊ မစစ်ဆေးဘဲ သံသယရှိသရွေ့ ဖယ်ရှားပစ်မည်ဖြစ်သည်။ ဤသည်မှာ ရှေးဟောင်း ဂိုဏ်းဂဏများ ပိုမိုအားကောင်းအောင် မလုပ်နိုင်ရခြင်း အကြောင်းရင်းလည်း ဖြစ်သည်။

“အနှစ်ကိုးရာကျန်နေပါသေးတယ်.... မကြာခင်မှာ ဒီနောက်ကွယ်မှာ ဘယ်သူရှိနေပါစေ ကောင်းကင် ပြစ်ဒဏ်စီရင်ခြင်းရဲ့ရှေ့မှာ သူတို့ရဲ့ ဇာတိရုပ်တွေကို ထုတ်ဖော်ပြီး စိတ်ပျက်လက်ပျက်နဲ့ သေဆုံးသွားလိမ့်မယ်.....”

ဆံပင်ဖြူ အဘိုးကြီးက တိုးတိုးလေးပြောလိုက်သည်။ ကောင်းကင်ပြစ်ဒဏ်စီရင်ခြင်းအကြောင်း ပြောရင်း သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။

လေဟာနယ်ထဲမှာ ကောင်းကင်ဒုက္ခကြီးရောက်လာနေပြီ.......

ဤလေဟာနယ်နေရာလွတ်၏ အချင်းဝက်က မိုင်ရာနှင့်ချီ ကျယ်ဝန်းသော်လည်း ကျန်းချန်ရှန်းအနေဖြင့် ကောင်းကင်အတိဒုက္ခကြီး ပျံ့နှံ့သွားမည်ကို စိုးရိမ်နေဆဲဖြစ်သည်။ သို့သော် ဤအရာများရောက်လာပြီးကတည်းက သူဖြတ်ကျော်ရပေတော့မည်။

ဂျိန်းးးးးး ဂျိန်းးးးးးးးး

မိုးကြိုးများ ပြင်းထန်လာပြီး လေဟာနယ်နေရာလွတ်ထဲတွင် မိုးခြိမ်းသံကို သူကြားနေရဆဲဖြစ်သည်။ဒီမိုးခြိမ်းသံများက သူ့ကို အခက်အခဲများရင်ဆိုင်၍ ဆုတ်ခွာသွားစေလိုသော ကောင်းကင်မှ ဖိနှိပ်သောအသံဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယင်းက သူ့ကို မကြောက်လန့်စေခဲ့ပေ။

ပြင်ပကမ္ဘာတွင်ရှိနေသည့်အရာများကိုသတိပေးသည့်ဒုက္ခမှကာကွယ်ရန်အတွက်၊ ကျန်းချန်ရှန်းက ကံတရားအတားအဆီးကိုတိုက်ရိုက်အသက်သွင်းခဲ့ပြီး သူအောင်မြင်ပြီးနောက် သူ၏တိုက်ပွဲခွန်အားကို အတတ်နိုင်ဆုံးထိန်းသိမ်းထားနိုင်ခဲ့သည်။

ပကတိအမှောင်ထဲတွင် ခရမ်းရောင်တိမ်တိုက်များ လှိုင်းထလာပြီး မိုးခြိမ်းသံများက ရက်စက်ကြမ်းကြုတ်သော သားရဲ၏ဟိန်းဟောက်သံနှင့် ဆင်တူသည်။

ရုတ်​တရက်​ လျှပ်​စီးလက်​သွားသည်​။

ဂျိန်းးးးးးးးးး

ကျန်းချန်ရှန်း၏ ကံတရားအတားအဆီးင ကံကောင်းခြင်းအမှတ်တစ်သန်းကို နုတ်ယူသွားပြီး မိုးကြိုးကို ဖျက်ဆီးပစ်လိုက်သည်။

ဤမျှလောက်ကိုလက်ခံနိုင်သေးသည်။ တကယ်တော့ သူ့မှာ ကံကောင်းခြင်း အမှတ်ပေါင်း 290 ဘီလီယံ ရှိတာကြောင့် သူ မအံ့သြခဲ့ပေ။ ပြီးသွားရင်တော့ ဒီထက်ပိုပြီး အန္တရာယ်များလာပေတော့မည်။

လျှပ်စီးကြောင်းများ အရှိန်ပိုမြန်လာပြီး မိုးကြိုးများအဆက်မပြတ်ကျဆင်းလာသည်။ ကျန်းချန်ရှန်းက သူ၏ ကံကြမ္မာတန်ဖိုးများနှင့် အမွှေးတိုင်အရေအတွက်များကို စိုက်ကြည့်နေသည်။

လျှပ်စီးများ ပိုအားကောင်းလာပြီး တစ်ချိန်တည်းမှာပင် လျှပ်စီးကြောင်းများ ပိုများလာကာ ကံကြမ္မာအမှတ်များ မြန်မြန်ဆန်ဆန် လျော့နည်းသွားသည်။

အပြင်ဘက်၌.........

လေ့ကျင့်နေသည့် ဝဖိုင့်ဖိုင့်အမျိုးသား လှည့်ကြည့်လိုက်တော့ မျက်လုံးပြူးပြီး မျက်လုံးကို ပွတ်သပ်လိုက်သည်။ ကြီးမားသော အနက်ရောင်ဘောလုံးကြီး၏အစွန်းတွင် လှည့်ပတ်နေသောအရာကို သူမြင်လိုက်ရသည်။

အရမ်းထူးဆန်းတယ်........

“ငါတကယ် ပိုင်သွားပြီ…”

လူထွားကြီးက ထိုသို့ ရေရွတ်လိုက်သည်။ ဒုတိယအတွေးတွင် သူက....

“ဒါက ပုံမှန်ပါပဲ....ဒီပစ္စည်းက မကောင်းတဲ့အရာမဟုတ်ရင် ဟ်ိုအင်မော်တယ်ဆရာသခင်က ငါ့ကို စောင့်ခိုင်းမှာမဟုတ်ဘူး..... ကျိကန်းဆိုတဲ့ငါကလည်း ​​ဒီအခွင့်အရေးကို လက်လွတ်မခံပါဘူး.....ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒီအရာကို စောင့်ကြည့်ပေးရုံပဲလေ...."

ကျိကန်းတယောက် ကျန်းချန်ရှန်းအကြောင်း တွေးမိသောအခါ ခံစားချက်များ ပြည့်နှက်သွားသည်။

သူသည် လူသားသိုင်းပညာရှင်နှင့် တွေ့ဆုံခဲသော်လည်း၊ ထျန်းကျင်းတွင် အင်မော်တယ်နတ်ဘုရားများ မွေးဖွားလာသည် ဖြတ်သန်းသွားလာသူများထံမှ ကြားဖူးသည်။

ကျိကန်းဆိုသူပးက အသက်ပြင်းပြင်းရှူပြီး ကြီးမားတဲ့အနက်ရောင်ဘောလုံးရှေ့မှာ သူ့ရဲ့လက်သီးချက်တွေကို ဆက်လက်လေ့ကျင့်ခဲ့လေသည်။ သူ ချွေးတွေ တသီတကြီး စီးကျနေပေမယ့်လည်း သူ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေဆဲပင်....

နှစ်များစွာကြာပြီးနောက် နောက်ဆုံးတွင် တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည်ရရှိခဲ့ချေပြီ.....

ဂျိန်းးးးးးးး

မိုးကြိုးများတကျော့ပြန် ထပ်မံရိုက်ခတ်ပြီး ကျန်းချန်ရှန်းဘက်ကလည်း ကံကောင်းခြင်းအမှတ် သန်း 500 ဆုံးရှုံးသွားခဲ့သည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ…”

ကျန်းချန်ရှန်း တိတ်တဆိတ် ထိတ်လန့်သွားသည်။ ကံကောင်းထောက်မစွာ၊ သူသည် ကောင်းကင်တရားရုံးအထက်တွင် အတိဒုက္ခကို မရင်ဆိုင်ခဲ့ပေ။ ဤကြီးမားသော ကောင်းကင်အတိဒုက္ခက ကောင်းကင်တရားရုံး၏ ကံကြမ္မာကို နှိုးဆော်နိုင်ပြီး ကိုးကောင်းကင်ကိုပင် ဖျက်ဆီးပစ်နိုင်သည်။

ကောင်းကင်အတ်ဒုက္ခက ပိုပြင်းထန်လေလေ၊ သူ ပိုစိတ်လှုပ်ရှားလေပင်.... ဆိုလိုတာက သူအောင်မြင်ပြီးတဲ့ နောက်မှာ သူ့ရဲ့ခွန်အားက မျှော်လင့်ထားတာထက် ပိုအားကောင်းလာလိမ့်မည်။

ဂျိန်းးးးဂျိန်းးးးဂျိန်းးးးးး

ကျန်းချန်ရှန်း မလှုပ်မယှက် ငြိမ်သက်သွားပြီး အတိဒုက္ခကို ကျော်ဖြတ်ဖို့ သူ့ကံတရားကို အားကိုးရပေတော့မည်။

အချိန်တွေ မြန်မြန်ကုန်ဆုံးပြီး ကောင်းကင်က လျှပ်စီးတွေ ပြောင်းလဲလာချေပြီ။ ကောင်းကင်လျှပ်စီး၏အရောင် မပြောင်းလဲဘဲ သက်ရှိသတ္တဝါအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းချန်ရှန်းကို အရပ်ရပ်မှ တိုက်ခိုက်ခဲ့သည်။ သို့သော် ကံတရား အတားအဆီးကို ဖြတ်ကျော်လို့မရခဲ့ပေ။

တစ်နာရီလောက်ကြာတော့......

လျှပ်စီးကြောင်း၏အရောင် ရုတ်ချည်းပြောင်းလဲသွားပြီး အဖြူရောင်ဖြစ်သွားသည်။ အဖြူရောင်လျှပ်စီးကြောင်းများက ရေတံခွန်ကဲ့သို့ အမှောင်ထုကိုဖြတ်သန်းသွားသော်လည်း ရပ်တန့်မသွားနိုင်ဟု ထင်ရသော ထိုရိုက်ခတ်မှုကို ကံတရားအတားအဆီးက အလွယ်တကူ တားဆီးနိုင်ခဲ့သည်။

ကျန်းချန်ရှန်း ဒီအတိုင်းထိုင်မနေတော့ဘဲ သူ့ရှေ့က နံပါတ်တွေကို စိုက်ကြည့်ရင်း သူ့စွမ်းအင်တွေကို ဖြန့်ကျက်လိုက်သည်။

ထိုအခါ သူ့ခေါင်းပေါ်တွင် အလင်းတန်းများ ပြည့်လျှံသွားကာ ရွှေရောင်အသီးတစ်လုံးအဖြစ် လျင်မြန်စွာ ပေါင်းစပ်သွားသည်။ ထိုအသီးက မက်မွန်သီးနဲ့ဆင်တူသည်။ အတားအဆီးကိုထိမှန်လာသော မ်ိုးကြိုးများကို ရွှေသစ်သီးက စုပ်ယူသွားသည်။

အဲ့ဒါက ကျန်းချန်ရှန်းရဲ့ တာအိုသစ်သီးပင်.....

ကျန်းချန်ရှန်း တာအိုကျင့်စဉ်ကို တိတ်တဆိတ် ဖြန့်ကျက်ထားကာ တဖြည်းဖြည်း၊ ထိုကျိ ပုံကြမ်းတခု သူ့အောက်တွင် စုစည်းလာပြီး လျှင်မြန်စွာ ကျယ်ပြန့်လာသည်။

ဂျိန်းးးးးးး

နက်မှောင်သော အနီရောင်လျှပ်စီးကြောင်းတစ်ခုက ပုံမှန်မဟုတ်သော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုဖြင့် ဆင်းသက်လာကာ ၎င်းသည် ကျန်းချန်ရှန်း ရှိနေသည့်လေဟာနယ်နေကာလွတ်ကို နှစ်ခြမ်းခွဲလိုက်ချင်သလိုပင်။ ဤလျှပ်စီးကြောင့် ကျန်ရှိသော ကံတရားအမှတ်အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး ကျန်းချန်ရှန်း၏ ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့သည်။

သူ့တစ်ကိုယ်လုံး ထုံကျင်လာသဖြင့် အမွှေးတိုင်စနစ်ကို ချက်ချင်းဖွင့်လိုက်လေသည်။

သူ့ကံတရားအမှတ်နှင့် အမွှေးတိုင်အရေအတွက်များ လုံလောက်သည်ဟု မူလက ထင်ခဲ့သော်လည်း ကျန်းချန်ရှန်း ယုံကြည်မှု ပျောက်ဆုံးသွားခဲ့သည်။

အင်မော်တယ်ကျင့်ကြံခြင်းသည် အမှန်ပင် သဘာဝအမိန့်ကို ဆန့်ကျင်သော လမ်းကြောင်းဖြစ်သည်။ နယ်ပယ်ပိုမြင့်လေ၊ ကောင်းကင်အတိဒုက္ခ ပိုပြင်းထန်လေလေဖြစ်သည်။

ဤအချိန်၌ အတိဒုက္ခဖြတ်ကျော်ချိန်က ယခင်ကထက် ရှည်လျားသည်။ ကျန်းချန်ရှန်းအနေဖြင့် အထက်ကမ္ဘာမှရန်သူများကို ဂရုမစိုက်နိုင်တော့ဘဲ ဒုက္ခအတ်အထွတ်အထိပ်သို့ရောက်အောင်သာ စိတ်နှစ်ထားသည်။ သူသည် ဤအတိဒုက္ခမှ ဦးစွာ လွတ်မြောက်ရန် လိုအပ်သည်။

အင်မော်တယ်ကျင့်ကြံခြင်းလမ်းခရီး၌ ဤအဆင့်တွင် လူများစွာ သေဆုံးခဲ့ရသည်။

မကြာမီတွင်၊ အမွှေးတိုင်အရေအတွက်များ ကျဆင်းမှုက ကံတရားအမှတ်များ ကျဆင်းခြင်းထက် နှေးကွေးကြောင်း တွေ့ရှိခဲ့သည်။ နောက်တစ်ခုသွားလေလေ၊ ကောင်းကင်အတိဒုက္ခက ပိုပြင်းထန်လေလေဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အမွှေးတိုင်အရေအတွက်များက ကံတရားအမှတ်များထက် ပိုများသည်ဟု ဆိုလိုသည်။

သူ့မှာ နောင်တရစရာ မရှိပေ။အတိဒုက္ခကို ကျော်လွှားနိုင်ဖို့ ကံတရားအမှတ်တွေကို သုံးနိုင်ခဲ့တာ ကောင်းချီးတစ်ခုလို ဖြစ်နေပါပြီ။ အရင်တုန်းကတော့ အမွှေးတိုင်အရေအတွက်တွေကိုပဲ အားကိုးခဲ့ရသည်။

ကောင်းကအတိဒုက္ခ ပို၍ပို၍ ကြောက်စရာကောင်းလာကာ နေရာလွတ်တခုလုံးကို ပို၍ပို၍ပြင်းထန်စွာ ပြောင်းလဲသွားစေသည်။ ကျိကန်း ငြိမ်သက်စွာမနေနိုင်တော့ဘဲ အနက်ရောင်ဘောလုံးကြီးထဲမှ တစ်စုံတစ်ခု ရုတ်တရက် ထွက်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သိုင်းပညာလေ့ကျင့်ခြင်းကိုရပ်နားလိုက်သည်။

သူသည် ချောက်ကမ်းပါးပေါ်၌ ရပ်ကာ ပြေးရန် တုံ့ဆိုင်းနေသော်လည်း ထိတ်လန့်တုန်လှုပ်နေ၏။

လျှို့ဟုန်မင်းဆက်၏ တော်ဝင်မြို့တော်...အဆုံးမဲ့ပင်လယ်ပြင်တွင်....

ယဲ့ကျန်းရှေ့၌ အစိမ်းရောင်ဝတ် အမျိုးသမီးတစ်ဦး သူ့ရှေ့တွင် ပေါ်လာပြီး "တကယ်စဉ်းစားပြီးပြီလား....ထျန်းကျင်းက ကောင်းကင်တရားရုံးရဲ့ အကာအကွယ်အောက်မှာရှိနေတယ်ဟု" ဟု တိုးတိုးလေးမေးသည်။

အစိမ်းရောင်ဝတ်အမျိုးသမီးကို ယဲ့ချင်းဇီ ဟုခေါ်ပြီး သူမသည်လည်း ယဲ့မျိုးနွယ်မှဖြစ်သည်။

ယဲ့ကျန်းက မျက်လုံးကိုဖွင့်မကြည့်ဘဲ..... "မကြာခင်မှာ ငါတို့ ထျန်းကျင်းကို ရင်ဆိုင်ရလိမ့်မယ်..... အဆုံးမဲ့သမုဒ္ဒရာရဲ့ ကံကြမ္မာကို စုပ်ယူလိုက်ရုံနဲ့ ငါတို့ ထျန်းကျင်းကို ဘယ်တော့မှ အမီလိုက်နိုင်မှာ မဟုတ်ဘူး...ထျန်းကျင်း မြင့်မြတ်တဲ့ မင်းဆက်မဖြစ်ခင် ငါတို့ အနိုင်ယူရမယ်... ကောင်းကင်တရားရုံးမှာက ထူးခြားတဲ့ ပညာရှင် အနည်းငယ်ပဲရှိသေးတာ...တာအိုဘိုးဘေး ဘယ်လောက်ပဲ အစွမ်းထက်ထက် သူက အောက်ကမ္ဘာသားတယောက်ဖြစ်နေဆဲပဲ....ငါ အဆင့်တက်ပြီးရင် သူ့ကိုစိန်ခေါ်မယ်....မဟာကန္တရနတ်ဘုရားကို အသေသတ်နိုင်တယ်ဆိုတော့ သူက မူလကောင်းကင်အဓိပတိနယ်ပယ်ရောက်နေပြီ....."

ယဲ့ချင်းဇီက စိုးရိမ်တကြီးဖြင့်... "မဟာကရနတ်ဘုရားက အောက်ကမ္ဘာကနေ တက်လှမ်းလာတဲ့သူမို့ သူ့စွမ်းရည်က သာမာန်ဆိုပေမယ့် မူလကောင်းရင်အဓိပတိနယ်ပယ်ကိုရောက်နေတာ အနည်းဆုံး နှစ်ပေါင်းတစ်သိန်းကျော်လောက်ရှိပြီ.... သူ အားနည်းနေမှာမဟုတ်ဘူး... သူ့ကို သတ်ခဲ့တဲ့ တာအိုဘိုးဘေးကလည်း မူလကောင်းကင်အဓိပတိနယ်ပယ်ထက်ကျော်လွန်နေမလား........"

ဒါကိုကြားတော့ ယဲ့ကျန်းက မျက်လုံးဖွင့်ပြီး ဟစ်အော်လိုက်သည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်ရောက်နေသူတွေက သိုင်းကမ္ဘာတွေမှာ မနေနိုင်ဘူး....သာမန်လေ့ကျင့်ရုံနဲ့ သိုင်းကမ္ဘာတခုလုံးက သိုင်းဝိဉာဉ်စွမ်းအင်တွေကို တချက်တည်းနဲ့ဝါးမျိုလိုက်နိုင်တယ်....နင် ဒီနေရာမှာ တခုခုမူမမှန်တာတွေ့မိလို့လား....."

ယဲ့ချင်းဇီ ခေါင်းယမ်းလိုက်သည်။ သူမယုံကြည်နေသော်လည်း စိုးရိမ်နေသေးသည်။

"ဘာပဲဖြစ်ဖြစ် ရှင် သတိထားရမယ်... တာအိုဘိုးဘေးရဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းသိနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ..... မကြာသေးမီက နှစ်ပေါင်းများစွာကြာပြီးနောက်မှာ၊ နိုင်ငံသားတွေနဲ့ သိုင်းပညာရှင်တွေ ထျန်းကျင်းကို အဆုံးမဲ့သွားလာနေကြတယ်.. တာအိုဘိုးဘေးရဲ့ ဒဏ္ဍာရီကို ကြားဖူးကြမယ်ဆိုရင်တောင် အဲဒီလောက် လွှမ်းမိုးမှုမျိုး မဖြစ်သင့်ပါဘူး...."ဟု ယဲ့ချင်းဇီ က လေးနက်စွာပြောလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် တာအိုဘိုးဘေးအကြောင်း တွေးတိုင်း ယဲ့ကျန်းက သူ့ကို တိုက်ခိုက်ချင်နေမှန်း သိတာကြောင့် စိတ်ရှုပ်သွားတယ်။

ယဲ့ကျန်းက သူ့မျက်လုံးတွေကို ပြန်မှိတ်ပြီး.... "ဒါကို သေချာစဉ်းစားပါ့မယ်...."

သူ့လေသံတွင် စိတ်မရှည်ခြင်း အရိပ်အယောင်တစ်ခုရှိသည်။ တစ်ဖက်သားရဲ့စကားကြောင့် သူ့ကို နှိမ့်ချခံရတယ်လို့ ခံစားနေရသည်။

ယဲ့ချင်းဇီက သူ့ခံစားချက်များကို ခံစားသိရှိနိုင်ပြီး အခြားဘာမှ မပြောနိုင်ပေ။ သူမ တစ်ဖက်တွင်ထိုင်ကာ ငြိမ်သက်စွာ သူ့ကိုကြည့်နေသည်။

ပင်လယ်လေ တိုက်ခတ်လာကာ ခြံဝင်းအတွင်းရှိ သစ်ရွက်များကို လှုပ်ခတ်စေပြီး သစ်ရွက်တစ်ရွက် ကောင်းကင်သို့ လွင့်ပျံသွားသည်။

.............

ဂျိန်းးးးးးးးး

ပေတစ်ထောင်ထူထဲတဲ့ အနီရောင်လျှပ်စီးကြောင်းကြီးတစ်ခု ကျဆင်းပြီး ကျန်းချန်ရှန်းရဲ့ တာအိုဝတ်စုံက ၎င်းကို တားဆီးကာကွယ်ပေးထားသည်။

သူ၏ အမွှေးတိုင်အရေအတွက်များ ကုန်ဆုံးသွားသော်လည်း ကောင်းကင်အတိဒုက္ခကတော့ ဆက်လက်ရှိနေဆဲပင်..... လက်ရှိအချိန်မှာ အခက်ခဲဆုံးအဆင့်ကနေ လွတ်မြောက်ခဲ့သလားဆိုတာ မပြောနိုင်ပေမယ့် ကောင်းကင်လျှပ်စီးများ၏အဖျက်စွမ်းအား မတိုးလာတော့ပေ။

ယခုအချိန်တွင်၊ သူသည် အတိဒုက္ခကို ကျော်ဖြတ်ရန် သူ၏ မှော်ရတနာများနှင့် မှော်စွမ်းအားများကိုသာ အားကိုးရတော့သည်။

ကျန်းချန်ရှန်း ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး မော့ကြည့်လိုက်သည်။ တာအိုသစ်သီးရဲ့ အထက်မှာ ပုံရိပ်ယောင်တွေ ပေါ်လာပြီး တာအိုသစ်သီးကို ထူထပ်စွာ ဝန်းရံထားသည်။ ကျန်းချန်ရှန်း ၎င်းကို စူးစိုက်ကြည့်သောအခါ၌ ကမ္မဋ္ဌာန်းထိုင်ကာ အတိဒုက္ခကို ဖြတ်ကျော်နေသည့် ရုပ်ပုံများကို မြင်ရ၏။ သို့သော် ရုပ်ပုံများ တကယ့်ရုပ်သွင်ကို သူ မမြင်နိုင်ပေ။

“ဒါက… တခြားအင်မော်တယ်ကျင့်ကြံသူတွေ သူတို့ရဲ့အတိဒုက္ခတွေကို ကျော်ဖြတ်နေတဲ့ မြင်ကွင်းလား”

ကျန်းချန်ရှန်း စူးစမ်းချင်စိတ်ဖြင့် မျက်ခုံးပင့်လိုက်သည်။

ဤရုပ်ပုံများသည် တာအိုကျင့်စဉ် မှ ဆင်းသက်လာသည်ကို သူ ခံစားနိုင်သည်။

ရုတ်တရတ်ပင်၊ အတိဒုက္ခကို ကျော်လွှားသူများသည် လျှပ်စီးကြောင်းကြောင့် ပြာဖြစ်သွားသည်ကို မြင်လိုက်ရပြီး သူ့နှလုံးသားကို နစ်မြုပ်သွားစေခဲ့သည်။

ထိုရုပ်ပုံများ ပြာများအဖြစ်သို့ ပေါက်ကွဲသွားသောအခါ ထိုသူတို့၏ပုံရိပ်ယောင်များအတိဒုက္ခများလည်း ပျောက်ကွယ်သွားသည်။ တခဏအတွင်း။ ၎င်းတို့ထဲမှ 10% ထက်နည်းသော အရေအတွက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

ဆက်လက်တည်ရှိနေသူ တချို့က ပြိုလဲခါနီး... တချို့က မလှုပ်မယှက်... တစ်ချို့က သူတို့ရဲ့ မှော်လက်နက်တွေကို ထုတ်ပြီး ခုခံနေကြသည်။ အချို့က သူတို့အတိဒုက္ခများကို ကျော်လွှားရန်အတွက် ပတ်ပတ်လည်တွင် ဓားအစီအရင်များကိုပင် ဖန်တီးခဲ့ကြသည်။

အတိဒုက္ခကို ဖြတ်ကျော်ရာတွင် သူတို့၏နည်းလမ်းနှင့် ဇွဲရှိမှုကိုကြည့်ရင်း၊ ကျန်းချန်ရှန်းသည်လည်း သူတစ်ယောက်တည်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

သို့သော်၊ ဆင်းရဲဒုက္ခကို ကျော်ဖြတ်ခဲ့သော ဤပုဂ္ဂိုလ်များ မရှိတော့ကြောင်း သူနားလည်ခဲ့သည်။ ၎င်းတို့သည် တာအိုကျင့်စဉ်မှထုတ်လုပ်သော နောက်ဆက်တွဲ ပုံရိပ်များသာဖြစ်သည်။

ရှင်သန်မှုစနစ်က ကျင့်ကြံခြင်း၏ ငွေ့ရည်ဖွဲ့မှုဖြစ်နိုင်သည်။ အမွှေးတိုင်များ နှင့် ကံတရားအမှတ်များသည် ကျင့်ကြံမှုခရီးလမ်းကို အစဉ်မပြတ် ပြန်လည်ရှင်သန်လာအောင် လမ်းညွှန်ပေးသည်။

ကျန်းချန်ရှန်းက ဒါကို မငြင်းဆန်နိုင်ခဲ့ပေါ နောက်ဆုံးတွင် သူသည် ရှင်သန်မှုစနစ်အား ခွန်အားမြှင့်တင်ရန် အားကိုးခဲ့ရသည်။ သူ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားသော်လည်း ရှင်သန်မှုစနစ်ကို သူ၏အခြေခံအုတ်မြစ်အဖြစ် မှီခိုအားထားဆဲဖြစ်သည်။

ခေါင်းကို မော့ပြီး တိမ်ပင်လယ်ကို ကြည့်လိုက်တော့ တိမ်ပင်လယ်ကြီးက ယခင်ကထက် ပိုမိုပြင်းထန်စွာ ကျယ်ပြန့်လာပြီး အလွန်စိတ်ပျက်စရာကောင်းသည်။ သို့သော်လည်း မဟာတာအိုတာအိုမျက်လုံး သူ့နဖူးပေါ် ပေါ်လာသဖြင့် သူ့အကြည့်တွင်ကြောက်ရွံ့မှု မရှိတော့ပေ။

All Chapters