တာအိုကျင့်စဉ်၏ အဆင့် ၁၁...... မြင့်မားသောတန်ဖိုး
Vol. 25 Ch. 362
ဝုန်းးးးးးး
မဟာတာအိုမျက်လုံးမှ ရွှေရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ပြီး တိမ်ပင်လယ်ကို ခွဲထုတ်လိုက်သည်။ သို့သော်လည်း မိုးနဂါးနှင့် ဆင်တူသည့် အနီရောင် နက်မှောင်သော မိုးကြိုးများက ၎င်းကို ပိတ်ဆို့ထားသည်။ မကြာခင်မှာပဲ အားပြင်းတဲ့ မိုးကြိုးတချက် ကျဆင်းလာပြန်သည်။
ကျန်းချန်ရှန်း ကောင်းကင်အတိဒုက္ခကို စတင်ဆန့်ကျင်နေပြီး သိပ်မကြာခင်မှာပဲ မိုးကြိုးများ ကျဆင်းလာသည်။
မိုးကောင်းကင်၏ တန်ခိုးနှင့် ယှဉ်လျှင် သူသည် အားနည်းသေး၏။
ကံကောင်းထောက်မစွာ၊ သူ့တွင် မှော်ရတနာများစွာရှိသောကြောင့် သူခံစားရသော ဝေဒနာသည် ထိုမျှမပြင်းထန်ပေ။ အနည်းဆုံးတော့ သူ သည်းမခံနိုင်တဲ့ အတိုင်းအတာအထိ မဖြစ်ခဲ့ချေ.....
အတိဒုက္ခက ဆက်လက်တည်ရှိနေတုန်းပင်......
ကောင်းကင်အတိဒုက္ခ အားကောင်းနေဆဲဖြစ်သော်လည်း၊ သိသိသာသာပြင်းထန်ခြင်းမရှိဘဲ ကျန်းချန်ရှန်း၏ ခံနိုင်ရည်ရှိမှုထဲမှာပင်ရှိနေသေးသည်။ ထို့နောက်တွင်၊ သူသည် အမွှေးတိုင်အရေအတွက် 150 ဘီလီယံ နှင့် ကံကောင်းခြင်းအမှတ် 290 ဘီလီယံကို သုံးစွဲခဲ့သည်။
နောက်ထပ်အချိန်ကာလတစ်ခု ကုန်လွန်သွားခဲ့သည်။
ကျန်းချန်ရှန်း၏ ဦးခေါင်းအထက်ရှိ တာအိုသစ်သီး ပွင့်အာလာပြီး သူ့ပတ်ဝန်းကျင်တွင် လွင့်ပျံနေသော မရေမတွက်နိုင်သော အလင်းတန်းများကို ဖြန့်ကြဲလိုက်သည်။
ကောင်းကင်အတိဒုက္ခ နောက်ဆုံးတွင် အားပျော့လာချေပြီ.....
ဒါကိုမြင်တော့ ကျန်းချန်ရှန်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ အားနည်းလာတာနဲ့အမျှ အရာအားလုံး အဆင်ပြေသွားပေတော့မည်။
အတိဒုက္ခ အားပျော့သွားသော်လည်း မိုးကြိုးများ၏ စွမ်းအားကတော့ အလွန်ပြင်းထန်ဆဲဖြစ်သည်။ မှော်ရတနာများကို မထိမှန်စေရန်အတွက် ကျန်းချန်ရှန်း သူ့ခန္ဓာကိုယ်ခွန်အားနှင့် တိုက်ခိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
လေးနာရီကြာပြီးနောက် ကောင်းကင်အတိဒုက္ခ နောက်ဆုံးတွင် ပြီးဆုံးသွားသည်။ မိုးကြိုးတိမ်များ ပြန့်ကျဲကုန်ပြီး သူ၏ တာအိုသစ်သီး အတွင်းသို့ စိမ့်ဝင်သွားပြီးနောက် ၎င်းသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
ဝုန်းးးးးး
သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေ ပွက်ပွက်ဆူလာပြီး တာအိုသစ်သီးဆီက အဆုံးမဲ့ မှော်စွမ်းအင်စီးကြောင်းတခု ထွက်လာပြီး သူ့ရဲ့ခန္ဓာကိုယ်ကိုကြံ့ခိုင်စေကာ သူ့စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးပြီး မကြုံစဖူး အံ့သြစရာကောင်းတဲ့ ခံစားချက်ကို ခံစားရစေသည်။
အဆင့်တက်ပြီးသည့်အခါ တာအိုကျင့်စဉ်၏ အဆင့် ၁၁အတွက် စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းနည်းလမ်းများ သူ့စိတ်ထဲသို့ တိုးဝင်လာပြီး အာရုံများ ပြောင်းလဲသွားသည်။
"တင်းထျန်းခေါတ် ခေတ် 103 နှစ်တွင်၊ သင့်ရဲ့ ကျင့်ကြံခြင်းမှုဟာ အလွန်တိုးတက်လာပြီး တာအိုကျင့်စဉ်၏ အဆင့် ၁၁ကို သင်နားလည်သွားပါပြီ။ သင်သည် ကောင်းကင်အတိဒုက္ခ၏ သန့်ရှင်းခြင်းနှင့် တွေးခေါ်သုံးသပ်ခြင်းအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သဖြင့်ရှင်သန်ခြင်းဆုလာဘ်အဖြစ်
မှော်ရတနာတခုဖြစ်သော မြင့်မြတ်သော ခေါင်းလောင်းသုံးခုကို သင်ရရှိထားသည်။”
[သင်သည် ဆဋ္ဌမအကြိမ် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်။ သင်ရဲ့ ကျင့်ကြံခြင်းနည်းက ကောင်းကင်နှင့်မြေပြင်တာအိုနှင့်မဆိုင်တဲ့အတွက် သင့်မှာရွေးချယ်စရာနှစ်ခုရှိပြီး တစ်ခုပဲရွေးလို့ရမည်...]
[၁- အင်မော်တယ် ကျင့်ကြံခြင်းကို စွန့်လွှတ်မည်ဆိုပါက သင်၏ကျင့်ကြံခြင်းအဆင့်ကို ကမ္ဘာသုံးထောင်၏ပြီးပြည့်စုံသော တာအိုစစ်ဝိဉာဉ်နယ်ပယ်အဖြစ် ပြောင်းလဲပေးမည်။]
[2: ဆက်လက်ကျင့်ကြံမည်ဆိုပါက အင်မော်တယ် အရာများသည် သက်ရှိအားလုံးထက် သာလွန်ပြီး အားလုံးက လေးစားကြသည်။ ကျင့်ကြံခြင်းလမ်းကြောင်းသည် ကောင်းကင် တာအို ၏လမ်းကို လိုက်ရန်ဖြစ်သည်။ သင်သည် ကံကြမ္မာနတ်ဘုရားလက်နက် လုပ်ဆောင်ချက်ကို အသက်သွင်းနိုင်ပါသည်။]
ကျန်းချန်ရှန်း၏ မျက်လုံးရှေ့တွင် ဆက်တိုက် သတိပေးချက် လေးကြောင်း ပေါ်လာသည်။သို့သော် သူသည် တိတ်တဆိတ် ဆက်လက် ကျင့်ကြံရန်သာ ရွေးချယ်ခဲ့သည်။
"ကံကြမ္မာနတ်ဘုရားလက်နက်
လုပ်ဆောင်ချက်ကိုဖွင့်ပါ။"
"ကံကြမ္မာနတ်ဘုရားလက်နက် လုပ်ဆောင်ချက်ဆိုသည်မှာ ကံကြမ္မာအမှတ်များကို သုံးစွဲပြီး ကောင်းကင်လက်နက် တစ်သောင်းကို ဆင့်ခေါ်နိုင်ပါတယ်။ ဆင့်ခေါ်နိုင်သော နတ်ဘုရားလက်နက်၏ အစွမ်းသတ္တိက စားသုံးလိုက်တဲ့ ကံကြမ္မာအမှတ်အပေါ် မူတည်ပါသည်။ ကံကြမ္မာအမှတ်၏ မှော်အစွမ်းတွေ ကုန်ဆုံးသွားတဲ့အခါ နတ်လက်နက်တွေ အလိုအလျောက် ပျောက်ကွယ်သွားပြီး ပြန်လည်ရယူလို့ မရနိုင်တော့ပါ.....သို့သော် အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ဆင့်ခေါ်နိုင်သည်။
ဤလုပ်ဆောင်ချက်ကို အသက်ကယ်နည်းလမ်းအဖြစ် ယူဆထားပြီး ကောင်းကင်တရားရုံးကိုလည်း ကူညီပေးနိုင်သည်။သို့သော်ငြား အဲဒါကို မသုံးတာ အကောင်းဆုံးပင်... ကျန်းချန်ရှန်းက အတိဒုက္ခကို ကျော်လွှားရန် သူ၏ ကံကြမ္မာအမှတ်များကို အသုံးချချင်သေးသည်။
ကျန်းချန်ရှန်း ထိုအကြောင်းကို မတွေးတော့ဘဲ တာအိုကျင့်စဉ်၏ အဆင့်၁၁ ကို နားလည်ရန်သာ အာရုံစိုက်ခဲ့သည်။
ကျင့်ကြံခြင်းနည်းအသစ် သူ့အသိစိတ်ထဲသို့ တိုးဝင်လာပြီး သူ့စိတ်ဝိညာဉ်၏ နက်နဲသောနေရာတွင်ရှိသော တာအိုကမ္ဘာသည်လည်း မကြုံစဖူး နေရာကျယ်ပြန့်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် အကန့်အသတ်မရှိသော ဝိညာဉ်စွမ်းအင်များ ပေါက်ဖွားလာကာ ဤ တာအိုကမ္ဘာတွင် နေထိုင်သည့် ရက်စက်ကြမ်းကြုတ်သော သားရဲများကို အံ့အားသင့်စေပါသည်။
ကျန်းချန်ရှန်းသည် ကျင့်ကြံခြင်းနည်းစနစ်၏ များပြားလှသော မှတ်ဉာဏ်ထဲတွင် နစ်မြှုပ်နေပြီး သူ၏ မှော်စွမ်းအင်များ မကြုံစဖူး အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
အပြင်ဘက်တွင်......
ကျိကန်း သူ့ရှေ့ရှိ ကြီးမားသော အနက်ရောင်ဘောလုံးအစွန်းမှ ရွေ့လျားနေသည်ကို သတိပြုမိသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ့နဖူးပေါ်က ချွေးအေးတွေကို သုတ်လိုက်ပြီး.....
"ကံကောင်းလိုက်တာ၊ ငါ ကြောက်လန့်ပြီးပြေးမိတော့မလို့ ...ဒါကြီးက အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် အင်မော်တယ်ဆရာသခင်က ငါ့ကိုစောင့်ကြည့်ခိုင်းထားတယ်.....တခုခုသာဖြစ်လာရင် ငါတယောက်တည်းဖြေရှင်းနိုင်မှာမဟုတ်ဘူး....."
ကျိကန်း ထိုသို့ငြီးတွားပြီးနောက် လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
နွေဦးပေါက်ပြီး ဆောင်းဦးရောက်လာပြန်ပြီ......
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးနှစ်ကြာသွားခဲ့ပြီ......
ကျန်းချန်ရှန်း နောက်ဆုံးတွင် တွေးတောဆင်ခြင်ရာမှ နိုးလာသည်။ ထိုအချိန်တွင် သူ၏ မှော်စွမ်းအား ကြွယ်ဝပြီး ပြန်လည်မွေးဖွားလာသလို ခံစားရသည်။ သူ၏ လက်ရှိ မှော်စွမ်းအားများကဘအဆင့်မတက်မီကနှင့် နှိုင်းယှဉ်၍ မရပေ။ သူသည် မျက်လုံးများကိုဖွင့်ပြီး သူ၏ဝိညာဉ်ဆန္ဒကို ဖြန့်ကျက်ကာ မဟာကန္တရသိုင်းကမ္ဘာကိုကျော်ဖြတ်၍ ကြည့်ရှုလိုက်သည်။
ကျန်းချန်ရှန်း၏နတ်ဘုရားအာရုံက ကမ္ဘာတစ်ဝှမ်းသို့ ဖြတ်ကျော်ပြီး ကောင်းကင်မြစ်ပေါ်တွင် ဆင်းသက်မည်ဖြစ်သည်။
ဒီခံစားချက်က တကယ်ကို လန်းဆန်းစေတယ်......
သူ၏နတ်ဘုရားအာရုံက တုနှိုင်းမဲ့အမြင်အာရုံနှင့်ကွဲပြားသည်။တုနှိုင်းမဲ့အမြင်အာရုံက ပုံရိပ်များကိုသာ မြင်နိုင်သည်။ သို့သော် နတ်ဘုရားအာရုံ ဖြတ်ကျော်သွားသည့်နေရာတိုင်းတွင် မည်သည့်လှုပ်ရှားမှု သို့မဟုတ် အရိပ်အယောင်ကိုမဆို သူခံစားနိုင်သည်။
ဤအခိုက်အတန့်တွင် သူသည် အလုံးစုံသော တန်ခိုးရှင်ဖြစ်သည်ကို ခံစားမိသည် ။
ကောင်းကင်မြစ်အထက်က ကျွမ်းကျင်သူတွေရဲ့ အသွင်အပြင်တွေကိုတောင် သေချာမြင်နိုင်ပြီး ချက်ခြင်းပင် သူတို့ကို ခွဲခြားနိုင်သည်။ သူ၏ အာရုံခံစားမှုနှင့် တုံ့ပြန်မှု အရှိန်က သာမန်လူများအတွက် လုံးဝ မထင်မှတ်ထားလောက်အောက်မြန်ဆန်လွန်းသည်။
နတ်ဘုရားအာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စိတ်ထဲကနေ တွက်ချက်လိုက်သည်။
"ငါ အခု ဘယ်လောက် သန်မာနေပြီလဲ"
[အမွှေးတိုင်အရေအတွက် 100,000,000,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
မလုပ်ဘူး...!
အရမ်းကောင်းတယ်......
အမွှေးတိုင်အရေအတွက် 100 ထရီလီယံ တန်ကြေးရှိသည်ဆိုတော့ မည်မျှ အစွမ်းထက်နေမည်နည်း။
အဆင့်မတက်ခင်က အမွှေးတိုင်အရေအတွက် ၁ ထရီလီယံဖိုးသာ ရှိခဲ့သည်။ သူဘယ်လောက်တိုးတက်ခဲ့သလဲ......
ထိုအချိန်တွင်၊ ကျန်းချန်ရှန်းအဖို့ မဟာကန္တရသိုင်းကမ္ဘာကြီးက အလွန်အားနည်းသည်ဟု ခံစားမိသည်။ ကောင်းကင်နှင့်မြေပြင်ပျက်စီးခြင်းနည်းစနစ်ကို အသုံးမပြုဘဲ အလွယ်တကူ ဖျက်ဆီးနိုင်သည်။
သူ မော့ကြည့်လိုက်ပြီး ရဲရင့်စွာ တွေးနေမိသည်။
သူ မဟာရွှမ်းဟန်ကမ္ဘာကြီးကို ကြည့်ချင်သည်။
ထုံးစံအတိုင်း၊ ဒါက သူ့ရဲ့ အဓိက ခန္ဓာကိုယ် မဟုတ်ပေမယ့် စိတ်အာရုံဖြင့်ခရီးသွားခြင်းပင်ဖြစ်သည်။
ကျန်းချန်ရှန်း ချက်ခြင်း မျက်လုံးမှိတ်လိုက်ပြီး သူ့အသိစိတ်က မဟာကန္တရသိုင်းကမ္ဘာကြီးထဲမှ ခုန်ထွက်သွားသည်။
မဟာရွှမ်းဟန်ကမ္ဘာကြီး......
ခဏလေးအတွင်းမှာပဲ သူ့အသိစိတ်က မဟာရွှမ်းဟန်ကမ္ဘာကြီးဆီ ရောက်သွားခဲ့သည်။ ဤသည်မှာ အင်မော်တယ်နတ်ဘုရားအာရုံ၏အစွမ်းပင်ဖြစ်သည်။
ကျန်းချန်ရှန်း မော့ကြည့်လိုက်တော့ ကြယ်ပင်လယ်တွေ ပါဝင်နေတဲ့ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပြီး နေရာတိုင်းတွင် လှိုင်းထနေသော ကောင်းကင်မြစ်များရှိသည်။ ကြယ်များ၊ တိုက်ကြီးများ၊ တောင်များနှင့် ကျွန်းများပင် ရှိခဲ့သည်။ ဤနေရာသည် အောက်ကမ္ဘာထက် အဆပေါင်းများစွာ ကျယ်ဝန်းသည်။
ဤမျှလောက်သော သက်ရှိသတ္တဝါများ သာ သူ့အား အမွှေးတိုင်အရေအတွက်များ ပေးစွမ်းနိုင်လျှင် နောင်တွင် အတိဒုက္ခကို အလွယ်တကူ ကျော်ဖြတ်နိုင်မည် မဟုတ်ပေလော။
ဒါ ကျန်းချန်ရှန်း ရဲ့ ပထမဆုံး အတွေးပင်.....
သူ့အသိစိတ်က မဟာရွှမ်းဟန်ကမ္ဘာကြီးတွင် ကျင်လည်နေခဲ့သည်။ ကြယ်ရောင်စုံသော ကောင်းကင်ယံ၌ သတ္တဝါများစွာ လည်ပတ်သွားလာနေကြပြီး အဓိကအားဖြင့် လူသားများဖြစ်သည်။ မြို့ကြီးတစ်မြို့စာလောက်ကြီးမားသော ရက်စက်တဲ့ သားရဲတွေတောင် ရှိနေပြီး အဆုံးမရှိသော သိုင်းပညာရှင်များကိုမြင်တွေ့နေရသည်မှာ အလွန်အသက်ဝင်လှသည်။
ဝုန်းးးးးး
ကျန်းချန်ရှန်း ကျယ်လောင်စွာအော်သံကိုကြားရပြီး လှည့်ကြည့်လိုက်သည်။ ကြယ်စင်ကောင်းကင်အောက်မှ ဓားချီမြစ်တစ်စင်း ပျံသန်းနေသည်ကို သူမြင်လိုက်ရသည်။ မြစ်ကမ်းဘေးတွင် အနက်ရောင်ဝတ်လုံနှင့် အမျိုးသားတစ်ဦး ဓားရှည်ကို ကျောတွင်လွယ်ကာ ရပ်နေ၏။ သူသည် သူ၏အသွင်အပြင်ကို ဖုံးကွယ်နိုင်သော ထူးကဲသော ရောင်ဝါရှိသည့် ဦးထုပ်ကို ၀တ်ဆင်ထားသည်။
ဤအော်ရာမျိုးက မူလကောင်းကင်အဓိပတိနယ်ပယ်ထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။
သူသည် သူ့ရှေ့ရှိလူအားလုံးကို တားမဝံ့အောင်အော်ရာကို တမင်ထုတ်ဖော်ထားပြီး တယောက်ပြီး တယောက် ရှောင်သွားခိုင်းသည်။
ဓားမြစ်ကြီးက မိုင်ပေါင်း သန်းရာနှင့်ချီ ရှည်လျားပြီး ခမ်းနားထည်ဝါစွာ လွှမ်းမိုးထားသည်။ ဒီမြင်ကွင်းကြောင့် ကျန်းချန်ရှန်း သက်ပြင်းချလိုက်မိသည်။
သူ့အသိစိတ်သည် ကြယ်ပင်လယ်များကိုဖြတ်ကျော်ကာ မဟာရွှမ်းဟန်ကမ္ဘာကြီးကို အမြန်ဖြတ်သန်းခဲ့သည်။ အလွန်လျင်မြန်သော်လည်း အဆုံးထိ မရောက်နိုင်ပေ။ လမ်းတစ်လျှောက်တွင် သေမျိုးကမ္ဘာများစွာကို သူတွေ့ခဲ့သည်။ မဟာရွှမ်းဟန်ကမ္ဘာကြီးရှိ ကမ္ဘာများသည် ခွန်အားကြီးမားသော လူ့ကမ္ဘာမျှသာ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက်........
သူရပ်လိုက်ပြီး ရှေ့တွင် ပကတိအမှောင်ထုကို မြင်လိုက်ရသည်။ အမှောင်ထဲမှာ စကြာဝဠာကို ဝါးမြိုသွားနိုင်တဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု ရှိနေသလိုမျိုး ဒါဟာ အထူးကြောက်စရာကောင်းပြီး အခုမှ ဖြတ်သွားတဲ့သူ့အတတွက်တောင်မှ စိုးရွံ့နေသလို ခံစားရစေသည်။
ဤနေရာသည် တိုင်ရှိီးချန်၏မှတ်ဉာဏ်ထဲမှ တားမြစ် နေရာဖြစ်သင့်သည်။ နတ်ဘုရားသိုင်းမြေပင်လျှင် ထိုနေရာကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။
သူသည် လမ်းကြောင်းပြောင်းကာ မဟာရွှမ်းဟန်ကမ္ဘာကြီးကို ဆက်လက်လည်ပတ်ခဲ့သည်။
သူ့အသိစိတ်က လုံးလုံးလျားလျား လွင့်မျောနေပြီး သူ့ကို ဘယ်သူမှ ရှာမတွေ့နိုင်ပေါ
နာရီများစွာကြာပြီးနောက် ကျန်းချန်ရှန်း ထိုနေရာမှ မတ်တပ်ထရပ်ပြီး ကျိကန်းကို မနှောင့်ယှက်ဘဲ မည်သူမျှ သတိမထားမိအောင် ထွက်ခွာသွားခဲ့သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်ရောက်တော့.......
မဟာကန္တရသိုင်းကမ္ဘာရှိ ဒုတိယမြောက် အသန်မာဆုံး ကျွမ်းကျင်သူကို စတင်တွက်ချက်ခဲ့သည်။
[အမွှေးတိုင် 190,000,005,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
အမွှေးတိုင်အရေအတွက် ၁၉၀ ဘီလီယံ.....
ယဲ့ကလန်သား ယဲ့ကျန်းများလား... ဤလူ၏တန်ဖိုးမှာ ယခင်က အမွှေးတိုင်ပေါင်း 150 ဘီလီယံရှိနေပြီဖြစ်သော်လည်း၊ သူသည် ဤကမ္ဘာသားမဟုတ်ပေ။
ကျန်းချန်ရှန်းသည် မဟာရွှမ်းဟန်ကမ္ဘာကြီး အောက်တွင် ဒုတိယအသန်မာဆုံး ကျွမ်းကျင်သူကို ဆက်လက်တွက်ချက်ခဲ့သည်။
.... ဝမ်းနည်းပါသည်၊ စနစ်၏ ထောက်လှမ်းမှုအပိုင်းအတွင်းရှိမနေပါ.....
စနစ်၏ ထောက်လှမ်းမှုလုပ်ဆောင်ချက်သည် ၎င်း၏အရှိန်အဟုန်ကို မလိုက်နိုင်သောကြောင့် မဟာကန္တရသိုင်းကမ္ဘာရှိ ဒုတိယအသန်မာဆုံး ကျွမ်းကျင်သူကို တွက်ချက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
[အမွှေးတိုင် 550,000,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။] အမွှေးတိုင်ပေါင်း ဘီလီယံ 550 သည် တကယ်ကို အစွမ်းထက်ပါသည်။
သူသည် တတိယအသန်မာကျွမ်းကျင်သူကို ဆက်လက်တွက်ချက်ခဲ့ပြီး ၎င်းတို့၏ တန်ဖိုးမှာ အမွှေးတိုင်အရေအတွက် ၄၀၀ ဘီလီယံခန့်ရှိသည်။
ထိုဒေသရှိ ထင်ရှားသော ပညာရှင်များကို တွက်ချက်ရန် ကြိုးစားခဲ့သည်။ သိုင်းကမ္ဘာပြိုင်ပွဲတွင် မူလကောင်းကင်အဓိပတိနယ်ပယ် ကျွမ်းကျင်သူ 20 ကျော်ရှိမည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော် သူအဆင့်တက်ပြီးနောက် ထိုလူများသည် သူ့ရန်သူမဟုတ်ပေ။
ယခုအချိန်တွင် သူသည် အမွှေးတိုင် 100 ထရီလီယံ တန်ကြေးရှိသည်။ သူ၏ ခွန်အားဖြင့်၊ မဟာရွှမ်းဟန်ကမ္ဘာကြီး အောက်တွင် မည်သူမျှ သူ၏ ပြိုင်ဘက်
မဖြစ်သင့်ပေ။
ဒါတောင် သူ၏နတ်ဘုရားအာရုံနှင့် မှော်ရတနာများကို ထည့်သွင်းမတွက်ရသေးသောကြောင့် သူ၏စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားသည် ခန့်မှန်းထားသော အမွှေးတိုင်အရေအတွက်ထက် ပိုမိုမြင့်မားကြောင်း သိထားရမည်ဖြစ်သည်။
ကျန်းချန်ရှန်း စိတ်ကောင်းဝင်နေသဖြင့် အကျပ်အတည်းကို ခံစားရမှု လျော့နည်းသွားသည်။
ယခုဆိုလျှင် နတ်ဘုရားသိုင်းနယ်မြေတွင် တာအို စစ်ဝိဉာဉ်နယ်ပယ်ကို ကျော်လွန်သူများ တည်ရှိနေသော်လည်း၊ ထိုသူများကို မအနိုင်ယူနိုင်ပါက သူ့အနေဖြင့် မဟာကန္တရသိုင်းကမ္ဘာနှင့်အတူ လွတ်မြောက်နိုင်သေးသည်။
၎င်းကို မတွက်ချက်ရသေးသော်လည်း နတ်ဘုရားသိုင်းနယ်မြေက အလွန်အစွမ်းထက်သည်ဟု သူခံစားမိသည်။ မဟုတ်ရင် အကန့်အသတ်မဲ့ မဟာရွှမ်းဟန်ကမ္ဘာကြီးကို ဘယ်လို ထိန်းချုပ်နိုင်မလဲ။
ကျန်းချန်ရှန်း ခေါင်းလောင်းသုံးခု၏ အချက်အလက်များကို လက်ခံလိုက်သည်။
မြင့်မြတ်သော ခေါင်းလောင်းသုံးခုသည် တာအိုရတနာတစ်ခုဖြစ်ပြီး သန့်စင်သောအော်ရာသုံးခုဖြင့် ဖွဲ့စည်းထားသည်။ ခေါင်းလောင်းသံမြည်သောအခါ သတ္တဝါအားလုံး၏ ဝိညာဉ်များ တုန်လှုပ်သွားကြသည်။ နောက်တစ်ကြိမ် ထပ်မြည်လာသောအခါ၊ တစ္ဆေများနှင့် နတ်ဘုရားများ ထိတ်လန့်သွားလိမ့်မည်။ တတိယအကြိမ် အသံမြည်လာသောအခါတွင် ပြင်းထန်သော သတ်ဖြတ်ရန် ရည်ရွယ်ချက်များနှင့်အတွင်းနတ်ဆိုးများကို ဖယ်ရှားပေးလိမ့်မည်။
ရန်သူနှင့်ရင်ဆိုင်ရသောအခါ ခေါင်းလောင်းကို ပေါ့ပေါ့တန်တန် လှုပ်လိုက်သည်နှင့် ရန်သူကို ထိတ်လန့်စေနိုင်သည်။ မည်မျှပြင်းထန်သည်ကိုတော့ စမ်းသပ်ပြီးမှသာ နားလည်နိုင်မည်ဖြစ်သည်။
ကျန်းချန်ရှန်းက မြင့်မြတ်သော ခေါင်းလောင်းသုံးခုကို ထုတ်ယူလိုက်သည်။ ခေါင်းလောင်းသည် ကြေးဝါရောင်ဖြစ်ပြီး လက်ကိုင်ကတော့ သေးသွယ်သည်။ ခေါင်းလောင်း၏ထိပ်ပိုင်းတွင် သေသေချာချာကြည့်မှသာမြင်နိုင်သော နားလည်ရခက်တဲ့ ရှေးဟောင်းစကားလုံးလေးတွေ ရေးထွင်းထားတာကို တွေ့လိုက်ရသည်။
သူသိပ်မကြည့်ဘဲ မြင့်မြတ်သော ခေါင်းလောင်းသုံးခုမှ ကန့်သတ်ချက်များကို စတင်ပြင်ဆင်ခဲ့သည်။
ကန့်သတ်ချက်များ၏ ရှုပ်ထွေးမှုကိုကြည့်ရုံဖြင့် ဤမှော်ရတနာ၏ အဆင့်ကို မြင်နိုင်သည်။ လက်ရှိတွင်၊ မြင့်မြတ်သော ခေါင်းလောင်းသုံးခုသည် သူ၏လက်ထဲတွင် အပြင်းထန်ဆုံးသော မှော်ရတနာဖြစ်သည်။ရွှေအကြေးခွံရတနာသစ်ပင်တောင် ခေါင်းလောင်းသုံးခုနှင့် ယှဉ်လို့မရပေ။
ခေါင်းလောင်းများမှ ကန့်သတ်ချက်များကိုဖြေရှင်းရန် အချိန် တစ်လလုံး ကြာမြင့်ခဲ့သည်။
အောင်မြင်ပြီးနောက် မြင့်မြတ်သော ခေါင်းလောင်းသုံးခုဖြင့် စမ်းသပ်ကြည့်ခဲ့သည်။ခေါင်းလောင်းကိုအနည်းငယ် လှုပ်လိုက်ရုံနှင့် တခဏချင်းတွင်၊ ကောင်းကင်တရားရုံးရှိ အင်မော်တယ်နတ်ဘုရားတိုင်း အေးခဲသွားသည်။ လေ့ကျင့်သူများ၊ ကင်းလှည့်သူများ၊ ကင်းစောင့် အစရှိသည်ဖြင့် ဘာပဲလုပ်လုပ် အိပ်မောကျနေရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်တွေ တောင့်တင်းနေခဲ့သည်။
ကျန်းချန်ရှန်းက အင်မော်တယ်နတ်ဘုရားများ၏ ဝိညာဉ်များကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်သဖြင့် ၎င်းကို ထပ်မံလှုပ်မဝံ့တော့ပေ။
အနည်းငယ်ကြာပြီးနောက်၊ ကောင်းကင်တရားရုံး၏ အင်မော်တယ်နတ်ဘုရားများ ပုံမှန်ပြန်ဖြစ်ခဲ့သည်။ လတ်တလော သူတို့ခံစားခဲ့ရတာတွေကြောင့် အရမ်းအံ့သြသွားကြသည်။ သူတို့၏ ဆွေးနွေးမှုကို နားထောင်ရင်း ကျန်းချန်ရှန်း အနည်းငယ် ရှက်သွားသော်လည်း သူရှင်းပြခြင်းမရှိပေ။ အင်မော်တယ်နတ်များက ဒါဟာ တာအိုဘိုးဘေး၏လက်ချက်ဖြစ်သည်ဟုလည်း မှန်းဆထားသောကြောင့် သူတို့မထိတ်လန့်ကြပေ။
ကျန်းချန်ရှန်းက ခရမ်းရောင်တိမ်တိုက်၏ ထောင့်စွန်းရှိ တိုင်ရှီချန်း၏ရုပ်ထုကို ကြည့်လိုက်သည်။
ယခင်က တိုင်ရှီးချန်၏ မှတ်ဉာဏ်ကို လုံးလုံးလျားလျား ပြောင်းလဲရန် သူ့အတွက် ခက်ခဲသည်။ အခု အဆင့်တက်ပြီးပြီမို့ နောက်တစ်ကြိမ် ထပ်စမ်းကြည့်ရမည်။
တိုင်ရှီးချန်က မူလကောင်းကင်အဓိပတိနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် သူ့ကိုသတ်လိုက်ခြင်းက နှမြောစရာပင်........