သမုဒ္ဒရာကို တိုက်ခိုက်လိုခြင်း၊ ရှေးဟောင်း နတ်ဆိုးမျိုးနွယ်....
Vol. 25 Ch. 363
ကျန်းချန်ရှန်းက အေးခဲနေတဲ့ တိုင်ရှီးချန် ကို သူ့ရှေ့သို့ယူလာပြီး မဟာတာအို မျက်လုံးဖြင့်ကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း တိုင်ရှီချန်၏ မှတ်ဉာဏ်များကို ပြောင်းလဲရန်ခက်သော်လည်း အရင်ကထက်တော့ပိုအဆင်ပြေလာသည်။
ကျန်းချန်ရှန်း လုပ်ချင်တာက တိုင်ရှီးချန် ရဲ့ မှတ်ဉာဏ်ကို လုံးဝပြောင်းလဲဖို့မဟုတ်ဘဲ တိုင်ရှီးချန်၏မှတ်ဉာဏ်ထဲတွင် သူသာ အရေးကြီးဆုံးပုဂ္ဂိုလ် ဖြစ်စေချင်ခဲ့ သည်။
ရက်ပေါင်းများစွာ ကုန်လွန်ပြီးနောက် နှစ်ဝက်အကြာတွင်
ခရမ်းရောင်တိမ်တိုက်နန်းတော်၏ဂိတ် ပွင့်လာ ပြီး ၊ ဂိတ်ဝတွင် အိပ်နေသော ပိုင်ချီကိုထိတ်လန့်စေခဲ့သည်။ သူလှည့်ကြည့်လိုက်တော့ တံခါးပွင့်နေတာကို တွေ့လိုက်ရလို့ အံ့သြသွားပြီး အထဲကို အလျင်အမြန် ဝင်သွားခဲ့သည်။
ခန်းမထဲဝင်တာနဲ့ ကျန်းချန်ရှန်း ရှေ့မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်.....
တိုင်ရှီးချန်......
"သွားတော့....”
တိုင်ရှီးချန် မတ်တတ်ရပ်ပြီး ထွက်ခွာမသွားမီ ကျန်းချန်ရှန်းကို လေးလေးစားစား ဦးညွှတ်ခဲ့သည်။
ပိုင်ချီက သူ့ကို ထူးဆန်းစွာကြည့်ပေမဲ့ မအံ့သြခဲ့ပေ။ ဒီလူက အသက်ရှင်နေတုန်းပဲ... ဒီလိုနေ့မျိုးရောက်လာမယ်လို့ သူမျှော်လင့်ထားပြီးသားပင်.... တိုင်ရှီးချန် ခရမ်းရောင်တိမ်တိုက် နန်းတော်မှ ထွက်ခွာပြီးနောက် ပိုင်ချီက ကျန်းချန်ရှန်းထံ သွားပြီး စိတ်လှုပ်ရှားစွာ သူ့ကိုမေးခဲ့ သည်။
အခု ကျန်းချန်ရှန်း ဘယ်လောက် သန်မာတယ်ဆိုတာ သူသိချင်နေသည်။ လွန်ခဲ့သောနှစ်ဝက်က ခေါင်းလောင်းမြည်လိုက်ခြင်းက ကောင်းကင်တရားရုံးတစ်ခုလုံးကို ထိတ်လန့်စေခဲ့ပြီး အားလုံးကိုသိလိုစိတ်ပြင်းပြစေခဲ့သည်။
ကျန်းချန်ရှန်းက သူ့ကို ဒါတွေ မပြောပြဘဲ အဲဒီအစား သူက.....
"ငါ့ကို ဂရုစိုက်မယ့်အစား ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် မဂရုစိုက်တာလဲ.... မင်းကို သေမျိုးနယ်ပယ်ထက် ကျော်လွန်နိုင်တဲ့ စွမ်းရည်ကို ငါပေးထားပေမဲ့ မင်းက ငါ့အတွက် အံ့အားသင့်စရာတွေ မလုပ်ပေးနိုင်သေးဘူး.... မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး မင်းကို ကာကွယ်ပေးစေချင်နေတာလား...."
ပိုင်ချီက... " မဟုတ်ရပါဘူး.... ကျန်တဲ့ဘဝတစ်လျှောက်လုံး ဆရာတော့်ဆီမှာ အမှုတော်ထမ်းချင်ပါတာ်.... ကျွန်မနှလုံးထဲမှာ ဘယ်သူမှ ဆရာတော်ထက်မသာလွန်နိုင်ဘူး...ဆရာတော်က ကျွန်မတို့ရဲ့ဉီးဆောင်သူမို့ ကျွန်မတို့ရဲ့ကာကွယ်မှုကိုမလိုဘူးလေ....တကယ်တော့ ကျွန်မတို့က နေ့စဉ်တာဝန်တွေကျေပွန်အောင်ထမ်းဆောင်ပြီး ဆရာတော်ရဲ့ဂုဏ်သတင်းကို သတ္တဝါအားလုံးအမြဲအမှတ်ရနေအောင် လုပ်ပေးဖို့ပါပဲ....."
ကျန်းချန်ရှန်း ထိတ်လန့်သွားသော်လည်း သူ့မျက်နှာထား မပြောင်းလဲခဲ့ချေ။
ဒီဝံပုလွေက သူ ကောင်းကင်တရားရုံးကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်အမှန်ကို ခန့်မှန်းခဲ့တာလား......
ပိုင်ချီ ရဲ့ အဆုံးမဲ့မြှောက်ပင့်မှုကြောင့် ကျန်းချန်ရှန်း သံသယဝင်လာမိသည်။
ပိုင်ချီသည် သူ့ရှေ့တွင် ဝါကြွားပြီး စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်း ပြင်ပလူတို့ရှေ့တွင် အလွန်နှုတ်ဆိတ်ထားဆဲဖြစ်သည်။ အခြားသူများ ကျန်းချန်ရှန်း၏အခြေအနေကို သူထံမှ သိရှိရန် မဖြစ်နိုင်ခဲ့ချေ။ ထို့အပြင် သူသည် အချိန်အများစုတွင် သူ့အနားတွင်ရှိနေလေ့ရှိသည်။
ခဏနားထောင်ပြီးနောက် ကျန်းချန်ရှန်း ထိုချီးမွမ်းစကားကို နားမထောင်နိုင်တော့သဖြင့် ပိုင်ချီကို ဆက်လေ့ကျင့်ဖို့ ပြောလိုက်တော့ ပိုင်ချီ ချက်ချင်း ထွက်ခွာသွားဖို့ပြင်လိုက်သည်။
"နဂါးအသွင်ပြောင်းကန်အတွက် သုံးနေရာပေးမယ်.... ဘယ်သူ့ကို ရွေးမယ်ဆိုတာ မင်းအပေါ်ပဲ မူတည်တယ်.... ဒါပေမဲ့ ကောင်းကင်တရားရုံးကလူကို မရွေးရဘူး..."
ကျန်းချန်ရှန်း တစ်ခုခုကို စဉ်းစားပြီး ပိုင်ချီကို ကြည့်လိုက်သည်။
ဒါကိုကြားတဲ့အခါ ပိုင်ချီ အံ့သြသွားသည်။ ဒါဟာ ကောင်းတဲ့ အရာ တစ် ခု ဖြစ်ပြီး ထိုနေရာသုံးခုမှ အကျိုးကျေးဇူး မည်မျှရိတ်သိမ်းနိုင်မည်နည်း။
"ဘယ်နယ်ပယ်ကရွေးရမလဲ..."
"စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်ထဲကရွေးလိုက်...."
"ကောင်းပြီ!"
ပိုင်ချီ ထို့သို့ဖြေပြီးနောက် လဲလျောင်းပြီး စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေသို့ ဝင်ရောက်ရန် ပြင်ဆင်ခဲ့သည်။
ကျန်းချန်ရှန်းလည်း ဆက်လက်လေ့ကျင့်နေခဲ့သည်။အဆင့်တက်ပြီးတာကြောင့် တာအိုကျင့်စဉ်၏ အဆင့် ၁၁ နှင့်အကျွမ်းတဝင်ရှိဖို့လိုသည်။ ထို့အပြင် အနှစ်တစ်ထောင်မတိုင်မီ အချိန်ရှိသေးသည်။ ထိုအချိန်မတိုင်မီ နောက်ထပ်အဆင့်တက်နိုင်ပါက မဟာကန္တာရသိုင်းကမ္ဘာနှင့်အတူ ထွက်ပြေး ရန် အခွင့်အလမ်း ပိုမိုရှိလိမ့်မည်။
ယခု တင်းထျန်းခေါတ်၏ ၁၁၂ နှစ်မြောက်ဖြစ်ပြီး ထျန်းကျင်းကိုတည်ထောင်ခဲ့သည်မှာ ၂၆၂ နှစ်ရှိခဲ့ပြီ....
ပြည်သူပြည်သားတိုင်း ချမ်းသာကြွယ်ဝပြီး လူတွေလည်း ခွန်အားသန်မာကြသည်။ နောက်ဆုံးမှာ၊ ကျန်းဇီယုဘက်က သူ၏ရည်မှန်းချက်ကို မထိန်းချုပ်နိုင်တော့ဘဲ အင်ပါယာကို တိုးချဲ့ရန်အစီအစဉ်ကို စတင်ခဲ့သည်။
သူသည် မဟာကန္တရသို့ မချီတက်ခဲ့ဘဲ ယင်းအစား အဆုံးမဲ့သမုဒ္ဒရာကို ဝါးမျိုလိုသည်။ လူသားမျိုးနွယ်ကို အရင် နှိမ်နင်းမည်ဖြစ်ပြီး ထို့နောက် မရေမတွက်နိုင်သောမျိုးနွယ်စုများကို တိုက်ခိုက်မည်ဖြစ်သည်။
ဧကရာဇ်စာကြည့်ဆောင်တွင်.....
ကျန်းဇီယုက ကွမ်းထျန်းမှ သံတမန်သုံးဦးနှင့် တွေ့ဆုံနေစဉ်.....
"ကွမ်းထျန်းမင်းဆက် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူပြည်သားတွေ အိုးအိမ်မဲ့ဖြစ်သွားပြီ....ကိုယ်တော် လုပ်ပေးနိုင်တာက မင်းတို့အတွက် တရားမျှတမှုရှာဖွေပေးဖို့ပဲ....စောင့်ကြည့်လိုက်ပါ အနှေးနှင့်အမြန်ဆိုသလို ထျန်းကျင်းက လျို့ဟုန်မင်းဆက်ကို တိုက်ခိုက်တော့မယ်....."
သံတမန်သုံးဉီး ထိုစကားကိုကြား သောအခါ ကြောက်မက်ဖွယ် ခံစားလိုက်ရသည်။
သူတို့၏မွေးရပ်မြေမှ မထွက်လာခင်က ကွမ်းထျန်းမင်းဆက်ကို မြင့်မြတ်သောမင်းဆက် ဖြစ်လာစေချင်ခဲ့သည်။သို့သော် သူတို့ပြန်မရောက်ခသ် ကွမ်းထျန်းမင်းဆက် ဖျက်စီးခံလိုက်ရချေပြီ.....
ခေါင်းဆောင်က အံကြိတ်ပြီး...... "ကျွန်တော်တို့ကိုအတွက် တကယ်လက်စားချေပေးနိုင်ပါ့မလား...လျို့ဟုန်မင်းဆက်ကသာ အညံ့ခံခဲ့ရင် ..."
ကျန်းဇီယုက သူ့စကားကို ကြားဖြတ်လိုက်ပြီး....
" မပူနဲ့...လျို့ဟုန်မင်းဆက်ရဲ့ဧကရာဇ်က ပြင်ပကမ္ဘာက လာတဲ့သူမို့ ဘယ်နည်းနဲ့မှ အညံ့ခံမှာမဟုတ်ဘူး...."
ပြင်ပကမ္ဘာ......
သံတမန်သုံးဦး အံ့အားသင့်ခဲ့ကြသည်။ ဒါကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးချင်းပင်.....
ထျန်းကျင်းတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် သိုင်းကမ္ဘာ ပြိုင်ပွဲအကြောင်း သူတို့ ကြားဖူးကြသော်လည်း ကွမ်းထျန်းကို ၡုံးနိမ့်စေသောသူက ပြင်ပလောကမှ တစ်ဦးတစ်ယောက်ဖြစ်နေမည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။
" တောင်ပိုင်းကို နယ်မြေချဲ့ထွင်ဖို့ မင်းတို့ရဲ့ အကူအညီကို လိုအပ်နေတယ်.... မင်းတို့ တရားရုံးမှာ အရာရှိဖြစ်ချင်လား...."
ကျန်းဇီယုက တည့်တိုး မေးလိုက်တော့...သံတမန်သုံးဉီး ချက်ချင်း ဒူးထောက်ပြီး...
ဧကရာဇ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...."
သူတို့ ထျန်းကျင်းနဲ့ ပူးပေါင်းချင်တာ ကြာမြင့်ခဲ့ပေမဲ့ စိတ်ပျက်စေမှာစိုးလို့ ကျန်းဇီယုဘက်က စစ်သားစုဆောင်းဖို့ အစပြုချိန်ကိုသာ စောင့်ဆိုင်းခဲ့ကြသည်။
ထျန်းကျင်းက အကြီးအကျယ်တိုးတက်နေပြီး သိုင်းပညာ၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း၊ နိုင်ငံရေးစသည်တို့တွင် ကွမ်းထျန်းနှင့် နှိုင်းယှဉ်၍မရနိုင်ခဲ့ပေ။ အရေးကြီးဆုံးက ထျန်းကျင်းသည် အင်မော်တယ်နတ်ဘုရားများ၏ ကာကွယ်မှုကို ရရှိခဲ့သည်။ သူတို့သာ ထျန်းကျင်းမှာ အလုပ်လုပ်မယ်ဆိုရင် အင်မော်တယ်နတ်ဘုရား ဖြစ်လာဖို့ အခွင့်အရေးရနိုင်ပေမည်။
ကျန်းဇီယုက သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားဖို့ လက်ဟန်ပြလိုက်တော့
သူတို့သုံးဦးထွက်သွားပြီးနောက် ကျန်းဇီယုက စားပွဲပေါ်ရှိ ဆေးကျိုအိုးအသေးစားလေးကို ကြည့်လိုက်သည်။ ကောင်းကင်မြေပြင်ရတနာဖားကို အိုးထဲတွင် ပိတ်ထားပြီး သူက.....
"ထျန်းကျင်းက အဆုံးမဲ့သမုဒ္ဒရာထဲက လျို့ဟုန်မင်းဆက်ကို အနိုင်ယူနိုင်မလား" ဟုညင်သာစွာမေးခဲ့သည်။
ကောင်းကင်နှင့်မြေကြီးရတနာဖားက ငြီးငွေ့သောအသံဖြင့် ပြန်ဖြေခဲ့သဖြင့်
ကျန်းဇီယုက ခေါင်းခါပြီး ရယ်လိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်း မင့်ဦးနှောက် ကပျက်စီးနေပြီပဲ... မင်းကို အပျင်းပြေဖျော်ဖြေရေးအတွက်ပဲသုံးလို့ရတော့မယ်....."
ဤပစ္စည်းကို တကျန်းမင်းဆက်တလျှောက် လက်ဆင့်ကမ်းခဲ့ပြီး ခေါတ်
အတော်များများကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် ယခင်ဧကရာဇ်များက ဤ ဖားကို အလွန်ချစ်မြတ်နိုးသောကြောင့် ဘယ်တော့မျှလက်ကမချနိုင်ကြောင်း သမိုင်းစာအုပ်များတွင် မှတ်သားထားခဲ့သည်။
ကျန်းဇီယုကတော့ ကောင်းကင်မြေပြင်ရတနာဖားကို သံသယဖြစ်ခဲ့သည်။ ကောင်းကင်မြေပြင်ရတနာဖား မသိနိုင်သည့်အရာများစွာရှိနိုင်သည်။ဤဖားက မိမိ ဖခင်အကြောင်း ကြိုတင်မဟောနိုင်ကြောင်း သူ ကောက်ချက်ချခဲ့သည်။ထိုအဖြေများက သူ၏ဖခင်နှင့် ကောင်းကင်တရားရုံးကို ထည့်မတွက်ခဲ့ပါက အမှန်တကယ်ဖြစ်လာပေမည်။
သူမတ်တတ်ရပ်ပြီး နံရံဆီ လျှောက်သွားတော့ နံရံပေါ်မှာ ပန်းချီကားတစ်ချပ်ရှိနေသည်။ အဲဒီအပေါ်မှာ အဆုံးမဲ့သမုဒ္ဒရာကို အကြမ်းဖျင်းရေးဆွဲထားသည်။
အဆုံးမဲ့သမုဒ္ဒရာမြေပုံကို ကြည့်လိုက်တဲ့အခါ ကျန်းဇီယု စိတ်လှုပ်ရှားလာသည်။
အကြောင်းတစ်ခုခုကြောင့် အဆုံးမဲ့သမုဒ္ဒရာကို စည်းလုံးစေမယ်ဆိုတဲ့ အတွေးက သူ့ကိုသွေးဆူစေခဲ့သည်။
ဒါဟာ တစ်ခါမှမတွေ့ဖူးတဲ့ သူ့အစ်ကိုကြောင့်ဖြစ်နိုင်တယ်....
ကျင်းတိုင်ကျုံးရဲ့ နောက်ဆုံးဆန္ဒက အတွင်းပိုင်းနဲ့ ပြင်ပဒေသတွေကို စည်းလုံးစေချင်တာပါပဲ!
"အိမ်ရှေ့စံကို ဆင့်ခေါ်လိုက် ..."
ကျန်းဇီယု အော်လိုက်တဲ့အခါ အပြင်ဘက်မှာ အသံတစ်သံ ထွက်လာသည်။
"အမိန့်တော်အတိုင်းပါ....!"
အိမ်ရှေ့မင်းသားကို ဧကရီက မွေးဖွားခဲ့ခြင်းဖြစ်သည်။ သူမွေးတုန်းက အိပ်မက်ထဲမှာ သူ့အဖေကိုတွေ့ခဲ့သဖြင့် ဒီကလေးကို ကျန်းရှုဆိုတဲ့ နာမည်ပေးမယ်လို့တောင် ပြောခဲ့ဖူးသည်။
ကျန်းရှု(ကျင်းရန်ကျုံး)က ကျင်းတိုင်ကျုံးရဲ့သား မဟုတ်ဘူးလား.......
ကျန်းဇီယု စိတ်ရှုပ်ထွေးနေပေမဲ့ ပြောတဲ့အတိုင်း လုပ်ဆောင်ခဲ့သည်။ ခမည်းတော် (ကျန်းချန်ရှန်း)က သူ့သားတွေကို တိုင်ကျုံး၊ရန်ကျူံးဆိုတဲ့အမည်တွေကို အမှီပြုပြီး နာမည်ပေးဖို့တောင်းဆိုခဲ့တာရဲ့နောက်ကွယ်မှာ နက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိတယ်လို့ သူခံစားခဲ့ရသည့။
...........................
လွင်ပြင်ကျယ်ကြီး၏အဆုံးဘက်တွင် တည်ရှိနေသော တောင်တန်းများကညကောင်းကင်နှင့်မြေပြင်ကို ပိုင်းခြားထားသော တံတိုင်းကြီးသဖွယ်လှပခံ့ညားနေသည်။
ငရဲကိုးခုနတ်ဆိုးဘုရင်က ချောက်ကမ်းပါးပေါ်တွင် ရပ်ပြီး ခမ်းနားထည်ဝါသော ရှုခင်းကို ကြည့်လိုက်သည်။ သူ၏အနက်ရောင်ဝတ်ရုံက လေထဲတွင် လွှင့်နေ၏။
အချိန်အတော်ကြာပြီးနောက်......
တိမ်ပင်လယ်ကနေ အဖြူရောင်အလင်း တန်းကျဆင်းလာသဖြင့် ငရဲကိုးခုနတ်ဆိုးဘုရင် မော့ကြည့်လိုက်တော့ ကောင်းကင်ဗိုလ်ချုပ်၏ ငွေရောင်
ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ ကျန်းယဲ့ ပျံသန်းနေတာကို တွေ့လိုက်ရသည်။ကျန်းယဲ့က ပခုံးပေါ်တွင် လှံရှည်ကို ထမ်းပိုးထားပြီး အဖြူရောင်ကောင်းကင်မျောက်တစ်ကောင်ကိုပါအတူခေါ်လာသည်။
ကျန်းယဲ့ ရောက်လာပြီး ချောက်ကမ်းပါးရှေ့မှာ ရပ်လိုက်ကာ.....
"ဆရာ...မတွေ့ရတာကြာပြီ....."
ငရဲကိုးခုနတ်ဆိုးဘုရင်က အံ့သြတကြီးနဲ့ .... "ဒါက အင်မော်တယ်ကျင့်စဉ်လား..."
ကျန်းယဲ့က ပြုံးပြီး... "မဟုတ်ပါဘူး... ဒါက ကောင်းကင်တရားရုံးရဲ့ စစ်လက်နက်တခုပါ.... ဆရာ၊ ဒီနှစ်တွေတစ်လျှောက်လုံး ဘယ်လိုနေသလဲ.... နတ်ဆိုးမျိုးနွယ်နဲ့ယင်ကိုးပါးမျိုးနွယ်စုတို့ နှစ်ပေါင်းရာနဲ့ချီ တိုက်ခိုက်ခဲ့ကြပြီလို့ ကျွန်တော်ကြားထားတယ်....."
နတ်ဆိုးဘုရင်က ခေါင်းခါပြီး.... "ငါကတော့အခြေနေသိပ်မကောင်းဘူး.... ဒါပေမဲ့ မကြာခင် အခြေအနေတွေ ပြောင်းလဲတော့မယ်"
ကျန်းယဲ့ ခေါင်းညိတ်ပြီး နောက်ထပ် မမေးခဲ့ပေ။ သို့သော် နတ်ဆိုးဘုရင် သူ့ကို ဘာကြောင့် ရှာနေတာလဲဆိုတာ သိချင်နေသည်။
သူသည် ငရဲကိုးခုနတ်ဆိုးဘုရင်ကို အကြွေးတင်နေသော်လည်း သတိထားဆက်ဆံရပေမည်။
"ကောင်းကင်ဧကရာဇ်နဲ့ တွေ့ဆုံဖို့ မင်းငါ့ကိုကူညီပေးနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် မင်းကိုလိုက်ရှာနေတာ..." ဆိုပြီး နတ်ဆိုးဘုရင်က အလေးအနက်ထားတဲ့လေသံနဲ့ပြောလိုက်သော်လည်း သူ့မျက်နှာအမူအရာက အတော်ရှုပ်ထွေးနေသည်။
တချိန်က လူသားမျိုးနွယ် ပျက်စီးသွားမယ်လို့ သူကြိုဟောခဲ့ပြီး ကျန်းယဲ့ကို သူနဲ့အတူ ခေါ်သွားချင်ခဲ့သည်။သို့သော် မ မျှော်လင့်ဘဲ သူ့ဟောကိန်းမှားယွင်းခဲ့သည်။ယခုဆို ထျန်းကျင်းက မဟာကန္တရသိုင်းကမ္ဘာဆွင် တန်ခိုးအကြီးဆုံးစွမ်းအားဖြစ်လာခဲ့ပြီး မည်သည့်မျိုးနွယ်စုကမျှ ယင်းကို နှိုးဆော်ဝံ့မည်မဟုတ်ပေ။
ကျန်းယဲ့က မျက်မှောင်ကြုံကာ..... "မင်းကြီးကို ဘာကြောင့် ရှာနေတာလဲဆိုတာ သိနိုင်မလား" လို့မေးလိုက်တယ်။
သူဟာ ကျန်းချန်ရှန်းရဲ့ သားစဉ်မြေးဆက်ဖြစ်ပေမဲ့ သူတို့ကြားမှာ ရာထူး ကွာဟချက်ကြီးရှိနေဆဲပင်....ထို့အပြင် သူသည် မိမိကိုယ်ကို သာမန်ကောင်းကင်အရာရှိတစ်ဦးအဖြစ် ယူမှတ်လေ့ရှိသည်။
" ဒီကိစ္စက ပြင်ပလောကနဲ့ သက်ဆိုင်တယ်..ဒါ့အပြင် ငါတို့မျိုးနွယ်စုက ကောင်းကင်တရားရုံးနဲ့ ပူးပေါင်းချင်ကြတယ်...."
ကျန်းယဲ့ တွန့်ဆုတ်နေသော်လည်း နတ်ဆိုးဘုရင်ကို ကြည့်ပြီး မငြင်းရက်ခဲ့ပေ။
"သူ့ကို ခေါ်လာခဲ့...."
သူ့စိတ်ထဲမှာ ရုတ်တရက် အသံတစ်ခု ထွက်လာပြီး ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ဒီအသံက......
တာအိုဘိုးဘေး !
တာအိုဘိုးဘေးက သူတို့ကို ကြည့်နေတာလား......
ကျန်းယဲ့ စိတ်မချမ်းမသာဖြစ်နေပေမဲ့..... "မင်းကြီးက သဘောတူလိုက်ပြီ.... ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ....."
ကောင်းကင်ဧကရာဇ်၏အသံကို သူမကြားခဲ့သဖြင့် နတ်ဆိုးဘုရင် ရုတ်တရက်အံ့သြသွားသည်။ ထို့နောက် ကျန်းယဲ့ နောက်လိုက်ပြီး ကောင်းကင်ပေါ်ပျံတက်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ဆရာတပည့် အချင်းချင်း အပြန်အလှန်ပြောဆိုခဲ့ကြသည်။ ကျန်းယဲ့နဲ့အတူ တိမ်ပျံစီးနင်းခဲ့သဖြင့် သိပ်မကြာခင်မှာပဲ ပထမကောင်းကင်ကို ရောက်သွားပြီး မြောက်ဘက်ကောင်းကင်တံခါးကို တွေ့လိုက်ရသည်။
မြောက်ကောင်းကင်တံခါးတွင် တိုင်ရှီးချန်က ဟေးဟူနှင့် စကားပြောနေသည်။ ဟေးဟူကသူ့ကို အလွန်လေးစားပြီး စိတ်ကျေနပ်စေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ အခြားကောင်းကင်စစ်သားများက မဟာရွှမ်ဟန်ကမ္ဘာကြီး၏ အံ့ဖွယ်ရာများအကြောင်း တိုင်ရှီချန်း ပြောပြသမျှကို တိတ်ဆိတ်စွာနားထောင်ခဲ့ကြသည်။
နတ်ဆိုးဘုရင်ရောက်လာတော့ တိုင်ရှီးချန်နှင့် အကြည့်ချင်းဆုံခဲ့သည်။
တစ်ခဏချင်းမှာပဲနတ်ဆိုးဘုရင်က သူ့ကို နှလုံးခုန်သံမြန်လာကာ.....
" ဒီလူက ဘယ်ကလဲ.... ... နတ်ဆိုးအဓိပတိက ကိုယ်တိုင်လာရင်တောင် ငါ့ကို ဒီလိုဖိအားပေးနိုင်မှာမဟုတ်ဘူး...."
နတ်ဆိုးဘုရင် ထိတ်လန့်နေပြီး တိုင်ရှီးချန်ကို ကြည့်လိုက်ရုံနဲ့ သေခြင်းကို ရင်ဆိုင်နေရသလို ခံစားခဲ့ရသည်။တိုက်ခိုက်မည်ဆိုပါက သူ့အနေနှင့် အနည်းငယ်မျှ ခုခံနိုင်မည်မဟုတ်ချေ။
သူသည် အလျင်အမြန် ကြည့်လွှဲလိုက်ပြီး ထပ်မကြည့်ဝံ့ခဲ့ချေ။
သူတို့နှစ်ယောက် မြောက်ဘက်ကောင်းကင်တံခါးကို အလျင်အမြန် ဖြတ်ကျော်ပြီး ကိုးကောင်းကင်ဆီ ဦးတည်သွားခဲ့ကြသည်။
ဟေးဟူက တိုင်ရှီချန်ရဲ့ အကြည့်ကို သတိပြုမိပြီး..... "သခင်လေး... ဒီလူက မင်းရဲ့အာရုံကို ဘယ်လိုဆွဲဆောင်ခဲ့သလဲ" လို့ ပြုံးပြုံးနဲ့ မေးလိုက်တော့
တိုင်ရှီးချန်က "ဘာမှမဟုတ်ပါဘူး... အောက်ကမ္ဘာမှာ ရှေးဟောင်းနတ်ဆိုးတွေရဲ့ သားစဉ်မြေးဆက်တွေရှိမယ်လို့ မထင်ထားလို့ပါ...အင်းလေ ဒီသိုင်းကမ္ဘာမှာ ကောင်းကင်တရားရုံး၊ယဲ့ကလန်သားတွေနဲ့ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်တောင်ရှိနေသေးတာပဲ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်ရှိနေတာ ဘာထူးဆန်းလို့လဲ.... "
ဟေးဟူက ခေါင်းညိတ်ပြီး..." ယဲ့ရှန်ခုံးအကြောင်းဆက်ပြောပါဉီး... သူ မင်းကို ညွှန်ကြားချက်ပေးပြီးတဲ့နောက် ဘာဖြစ်ခဲ့သလဲ...."
တိုင်ရှီးချန်က အတိတ်ကိုတမ်းတနေဟန်ဖြင့် သက်ပြင်းချပြီး .... " သူက ကောင်းကင်အပျက်အစီးနယ်မြေထဲ တကိုယ်တော်ခရီးနှင်ပြီး တခေါတ်တခါမှာ လူတိုင်း ထိတ်လန့်စေလောက်တဲ့ ထူးချွန် သူတစ်ဦးရဲ့ လမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့တယ်...."
အခြားတစ်ဖက်၌.....
နတ်ဆိုးဘုရင်က သူ၏ကြောက်ရွံ့မှုကို ထိန်းချုပ်ခဲ့ပြီး ကျန်းယဲ့ကို ဘာမှ မမေးခဲ့ဘဲ လမ်းတစ်လျှောက်ရှိ ရှုခင်းကိုသာ စိတ်ဝင်စားခဲ့သည်။
ကောင်းကင်အလွှာတိုင်းတွင် အင်မော်တယ်နတ်ဘုရားများရှိပြီး အလွှာမြင့်တက်လေဘအရေအတွက် နည်းလေလေဖြစ်သည်။
ဒုတိယကောင်းကင်သို့ သူရောက်သောအခါ နတ်ဆိုးဘုရင်သည် သူနှင့် အကျွမ်းတဝင်ရှိသူတစ်ဦးကို တွေ့လိုက်ရသည်။ ၎င်းသည် မဟာကန္တာရ၏ တော်ဝင်မျိုးနွယ်စုမှ ဆင်းသက်လာသူ တိချန်ဖြစ်သည်။
တိချန်က တိမ်တိုက်ပေါ်တွင် လေ့ကျင့်နေပြီး သူ့ကိုကြည့်ရန်ပင် မျက်လုံးမဖွင့် ခဲ့ပေ။
နတ်ဆိုးဘုရင် အသိစိတ်မကပ်နိုင်ခင်မှာ ကျန်းယဲ့က ပျံသန်းခြင်းကိုရပ်တန့်လိုက်ပြီး... "ရောက်ပြီ..ဒီကနေ စကားပြောလို့ရတယ်...." ဟုပြောခဲ့သည်။
ဒါကိုကြားတော့ နတ်ဆိုးဘုရင် ထိတ်လန့်ပြီး အသိစိတ်ကပ်လာကာ သူ့ရှေ့ရှိ မြင့်မားသောနန်းတော်ကို မော့ကြည့်လိုက်ရာ စိတ်ကူး၍မရနိုင်သော ဖိအားများကိုခံစားလိုက်ရလေသည်။
ခရမ်းရောင်တိမ်တိုက်နန်းတော် !!!!!