← Chapters

ယဲ့ကလန်စု၏ ဘိုးဘေးဟောင်း၊ လျို့ဟုန်မင်းဆက်မှ အကူအညီတောင်းခံခြင်း.....

Vol. 25 Ch. 364

ယဲ့ကလန်စု၏ ဘိုးဘေးဟောင်း၊ လျို့ဟုန်မင်းဆက်မှ အကူအညီတောင်းခံခြင်း.....

Vol. 25 Ch. 364

"ဒီမှာလား.... ငါအထဲမဝင်ရဘူးလား....."

ငရဲကိုးခုနတ်ဆိုးဘုရင်က မသက်သောင့်သက်သာခံစားရပြီး မျက်မှောင်ကြုံကာ မေးလိုက်သည်။

ကျန်းယဲ့က ပြုံးပြီး ....."မင်းကြီးက မြင့်မြတ်တဲ့အဆင့်အတန်းရှိပြီး သူက ဆရာ တွေ့ချင်တိုင်း တွေ့နိုင်တဲ့သူမဟုတ်ဘူး.... ကိုးကောင်းကင်ကိုးမှာ ကန့်သတ်ချက်တွေရှိပြီး ဆရာ့စကားကို ဘယ်သူမှ ခိုးနားမထောင်နိုင်ဘူးဆိုတာ စိတ်ချပါ.... ကျွန်တော်လည်း အခုပဲအောက်ဆင်းတော့မှာပါ.... "

နတ်ဆိုးဘုရင်က ဒါကိုကြားတဲ့အခါ ချက်ချင်းပဲ ခေါင်းခါပြီး..... "မလိုပါဘူး.... တံခါးရှေ့ တည့်တည့်မှာပဲ စကားပြောပါ့မယ်.... "

သူသည် ရှေ့သို့လှမ်းပြီး ခရမ်းရောင်တိမ်တိုက်နန်းတော်ဝင်ပေါက်သို့ လျှောက်သွားခဲ့သည်။ သူကဦးညွှတ်လိုက်ကာ.... "ကျွန်တော်က နတ်ဆိုးမျိုးနွယ်ရဲ့ ငရဲကိုးခုနတ်ဆိုးဘုရင်ပါ.... ကောင်းကင်ဧကရာဇ်မင်းကို အရိုအသေပြုပါတယ်.... မျိုးနွယ်စုနှစ်မျိုးအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖို့ ကျွန်တော် ရောက်လာတာပါ...."

သူပြောပြီးတဲ့နောက် တာအိုဘိုးဘေးရဲ့ သဘောထားက ဘယ်လိုဖြစ်မလဲဆိုတာ မသိတဲ့အတွက် စိတ်လှုပ်ရှားနေ၏။

"ငါတို့ ဘယ်လိုပူးပေါင်းမလဲ....."

ကျန်းချန်ရှန်းရဲ့အသံက ညင်ညင်သာသာ ထွက်လာပြီးငရဲကိုးခုနတ်ဆိုးဘုရင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူတို့ ညှိနှိုင်းနိုင်သရွေ့ မျှော်လင့်ချက်ရှိနေသေးသည်။

" ဒီသိုင်းကမ္ဘာ့ပြိုင်ပွဲက ပူးပေါင်းကြံစည် မှုတခုဆိုတဲ့ သတင်းကို ကျွန်တော်ကြားထားတယ်... အနှစ်တစ်ထောင် ကာလ ကုန်ဆုံးတာနဲ့အနိုင်ရသည်ဖြစ်စေ၊ ရှုံး

သည်ဖြစ်စေ ပါဝင်တဲ့ သိုင်းကမ္ဘာအားလုံး ဖျက်ဆီးခံရလိမ့်မယ်...အထက်ကမ္ဘာသားတွေက သူတို့ကို ဝေဖန်မှာကို စိုးရိမ်လို့ သိုင်းကမ္ဘာတွေကို တစ်ပြိုင်နက်ဖျက်ဆီးဖို့စီစဉ်ပြီး သိုင်းကမ္ဘာပြိုင်ပွဲကို စတင်ခဲ့ကြတာ.... ဒီနည်းနဲ့ သိုင်းကမ္ဘာ

အားလုံးကို ဖယ်ရှားပစ်ဖို့ အကြောင်းပြချက်ရှာခဲ့တာပါ.... "

သူပြောတာနဲ့ ကျန်းယဲ့ စိတ်လှုပ်ရှားသွားကာ ပခုံးပေါ်က အဖြူရောင်ဝိညာဉ်ကောင်းကင်မျောက်လည်း ကြောက်လန့်တုန်လှုပ်နေသည်။

ငရဲကိုးခုနတ်ဆိုးဘုရင်က ဆက်လက်ပြီး...

"ကျွန်တော်တို့နတ်ဆိုးမျိုးနွယ်တွေ မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ အများကြီးရှိပါတယ်.... တိတိကျကျပြောရရင် နတ်ဆိုးမျိုးနွယ်ကလည်း အထက်ကမ္ဘာသားတွေပါပဲ.... သို့ပေမယ့် အထက်ကမ္ဘာကို လူသားမျိုးနွယ်က အုပ်ချုပ်ထားတယ်.... ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ဖျက်ဆီးဖို့ အသင့်ဖြစ်နေတဲ့အတွက် အထက်နယ်ပယ်မှာရှိတဲ့ လူသားတွေဟာ အောက်နယ်ပယ်မှာရှိတဲ့ လူသားတွေကို စွန့်ပစ်လိုက်ပြီလို့ ဆိုလိုတာပဲ.... ဒါကြောင့်မို့ မဟာကန္တရက လူသားတွေအသက်ရှင်ချင်ရင် နတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းရမှာပဲ...."

ကျန်းချန်ရှန်းရဲ့အသံက ခရမ်းရောင် တိမ်နန်းတော်ကနေ ထွက်လာပြန်သည်။

" ဒါတွေကို ငါသိပြီးပြီ...မင်းဘက်က ဘယ်လိုပူးပေါင်းရမယ်ဆိုတာ မပြောသေးရဘူး....."

ငရဲကိုးခုနတ်ဆိုးဘုရင် တိတ်တဆိတ်ထိတ်လန့်သွားကာ ချက်ချင်းပဲ အံကြိတ်ပြီး ...."အနှစ်တစ်ထောင် ကုန်သွားတဲ့အခါ သင်တို့တွေ နတ်ဆိုးတွေနဲ့အတူ ထွက်သွားရလိမ့်မယ်..အဲ့အခါ. နတ်ဆိုးတွေက ကောင်းကင်တရားရုံးနဲ့ ထျန်းကျင်းကို သင့်တော်တဲ့နေရာရှာဖွေဖို့ ဦးဆောင်ပေးပါ့မယ်.... အထက်ကမ္ဘာက ကျယ်ပြန့်ပြီး အကန့်အသတ်မရှိတာကြောင့် လူသားတွေ မထိန်းချုပ်နိုင်တဲ့နေရာတွေရှိနေမှာပါ..."

"အဲဒီမတိုင်ခင်မှာ နတ်ဆိုးမျိုးနွယ်စုဟာ ကောင်းကင်တရားရုံးကို အမှုထမ်းဖို့ လိုလိုလားလားဆန္ဒရှိပါတယ်....."

အဲဒီလိုပြောပြီးတဲ့နောက် သူက ကျန်းချန်ရှန်းရဲ့အဖြေကို စတင်စောင့်နေပြီး

ကျန်းချန်ရှန်းက ချက်ချင်း မဖြေသေးပေ။

အချိန်အတော်ကြာပြီးနောက်....

ကျန်းချန်ရှန်းရဲ့အသံ ထွက်လာသည်။

" လူ့လောကကိုသွားပြီး ထျန်းကျင်းဧကရာဇ်ဆီက အဖြေကို နားထောင်လိုက်ပါ....."

ဒါကိုကြားတဲ့အခါ နတ်ဆိုးဘုရင်

အရမ်းဝမ်းသာပြီး ကျန်းချန်ရှန်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။

"သူ့ကို အောက်ပြန်ပို့လိုက်...."

"ဟုတ်ကဲ့...!"

ကျန်းယဲ့က ခရမ်းရောင်တိမ်တိုက် နန်းတော်ဆီကို အလျင်အမြန် ဦးညွှတ် ပြီး နတ်ဆိုးဘုရင်နှင့်အတူ ထွက်ခွာခဲ့ သည်။

ခရမ်းရောင် တိမ်နန်းတော်အတွင်းတွင်.....

ပိုင်ချီက သိလိုစိတ်ဖြင့်....

" ဦးဆောင်လမ်းပြဖို့ သူ့ကို လိုအပ်လို့လား..."

ကျန်းချန်ရှန်းက မျက်လုံးကိုပိတ်ရင်း..."မလိုအပ်ဘူး၊ ဒါပေမဲ့ ငြင်းစရာမှမလိုတာ..."

နတ်ဆိုးမျိုးနွယ်စုက မလွယ်ကူကြောင်း သူအမြဲခံစားခဲ့ရသည်။ ယခင်ဘဝနှင့်လက်ရှိဘဝတွင် သူကြားခဲ့သော ဒဏ္ဍာရီအမျိုးမျိုးတွင် နတ်ဆိုးမျိုးနွယ်သည် လူသားမျိုးနွယ်၏ အကြီးမားဆုံးရန်သူများဖြစ်ကြသည်။သိုင်းလောကတွင်

လူသားမျိုးနွယ် လွှမ်းမိုးနေဆဲဖြစ်သော်လည်း နတ်ဆိုးမျိုးနွယ် ဤမျှ နိမ့်ကျမသင့်ပေ။

ထို့အပြင် အထက်ကမ္ဘာများတွင် နတ်ဆိုးများရှိသေးသည်။

လျှို့ဝှက်ကြံစည်မှုကိုမြင်နိုင်သည့်အချက်က နတ်ဆိုးမျိုးနွယ်၏ အဆင့်အတန်း နိမ့်မကျကြောင်းနှင့် နတ်ဘုရားသိုင်းနယ်မြေတွင် နက်ရှိုင်းစွာရှိနေကြောင်း ဆိုလိုသည်။ သူသိရသည့်အကြောင်းရင်းမှာ တိုင်ရှီးချန်၏ မှတ်ဉာဏ်အရ သိရှိခဲ့သောကြောင့်ဖြစ်သည်။ သို့သော် သူသည် အလွန်အန္တရာယ်ရှိသောကြောင့် မဟာရွှမ်းဟန်ကမ္ဘာကြီးတွင် မနေလိုသောကြောင့် ဂရုမစိုက်ခဲ့ချေ။ သိုင်းကမ္ဘာပြိုင်ပွဲကိုအကြောင်းပြ၍ ဤသိုင်းကမ္ဘာများကို ဖျက်ဆီးရန် ပြင်ဆင်ထားသောကြောင့် သူသည် လူတိုင်းကို လက်ခံပြီး ယင်းကို ကောင်းသောလုပ်ရပ်အဖြစ် ယူမှတ်မည်ဖြစ်သည်။

ပိုင်ချီ က... "ဆရာတော်က အင်မော်တယ်ဘိုးဘေးဆိုတော့ အထက်ကမ္ဘာကနေ လူဝင်စားလာဖြစ်တဲ့သူလား.. ဒါမှမဟုတ် ပိုမြင့်မားတဲ့လောကကလား။"

ကျန်းချန်ရှန်း ပြန်မဖြေခဲ့တာကြောင့်

ပိုင်ချီရဲ့ စိတ်ကူးယဉ်မှုက အကြီးအကျယ် ကျယ်ပြန့်လာပြီး အဖြေမရှိသဖြင့် ပို၍ပင် သိချင်နေသည်။

အဆုံးမဲ့သမုဒ္ဒရာအတွင်းရှိ လျို့ဟုန်မင်းဆက်၌......

ဝုန်းးးးဝုန်းးးးဝုန်းးးး

မိုင်တစ်သောင်းအတွင်းရှိ ပင်လယ်ပြင် ပေါက်ကွဲသွားပြီး လှိုင်းလုံးများတက်လာကာ မကြာမီတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

ပေါက်ကွဲမှု၏ဗဟိုတွင် ယဲ့ကျန်း လေထဲတွင် မျောလွှင့်​နေသည်။ သူ၏နဂါးဝတ်ရုံပေါ်၌ တဖြည်းဖြည်းနှင့် မြင်နိုင်လောက်တဲ့ စွမ်းအင်အမျှင်တွေ ရစ်သိုင်းနေကာ သူအသက်ပြင်းပြင်းရှူပြီး သူ့မျက်နှာပေါ်မှာ ကြောက်စရာကောင်းပြီး အပြုံးတခုရှိနေ၏။

" အလုပ်ဖြစ်သားပဲ... နောက်ဆုံးတော့ ငါအောင်မြင်ခဲ့ပြီ..."

ယဲ့ကျန်း အရမ်းစိတ်လှုပ်ရှားပြီး ရူးလုနီးပါးဖြစ်နေ၏။သူသည် လက်သီးကိုဆုပ်ကိုင်လိုက်ရာ သူ၏လည်ပင်းက သွေးကြောများဖောင်းလာသည်။

သူ့ကိုယ်ခန္ဓာထဲကနေ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် ဆံဖြူအဖိုးအိုတဉီး၏ပုံရိပ်ယောင် ထွက်ပေါ်လာကာ သည်။ အဖိုးအို၏မျက်နှာပေါ်တွင်မီးခိုးရောင်အစက်အပျောက်များရှိနေပြီး ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နေရသဖြင့် စိတ်ဝိဉာဉ်ခန္ဓာကိုယ်သာဖြစ်ကြောင်းထင်ရှားနေသည်။

"ကျန့်အာ.... မင်းတကယ်အောင်မြင်ခဲ့ပေမဲ့ ရှေ့ဆက်လျှောက်ဖို့ အဝေးကြီးရှိသေးတယ်။ မင်းရဲ့အစ်ကိုကို ကယ်တင်ချင်တယ်ဆိုရင် ဒီခွန်အားလောက်နဲ့ မလုံလောက်ဘူး....."

အဖိုးအိုက မုတ်ဆိတ်ကိုပွတ်ပြီး မေတ္တာတရားပြည့်နေတဲ့ မျက်လုံးနဲ့ ပြုံးလိုက်သည်။

ယဲ့ကျန်းက..."သိပါတယ် .... ဒါပေမဲ့ အနည်းဆုံး ဒီမှာ အခြေချဖို့ ခွန်အားရှိနေပြီပဲ....မဟာကန္တရသိုင်းကမ္ဘာကြီးမှာ ယဲ့ကလန်ကို ကျွန်တော် ပြန်တည်ဆောက်မယ်!"

အဖိုးအိုက ခေါင်းခါပြီး.... "ဒီလောက်မလွယ်ဘူး... အောက်ကမ္ဘာကို မင်းရောက်လာကတည်းက လိုက်ရှာတဲ့သူတွေ မရှိခဲ့ဘူး... ဒီသိုင်းကမ္ဘာ့ပြိုင်ပွဲက အမြစ်ဖြတ်သုတ်သင်တဲ့ပွဲဖြစ်မှာပဲ စိုးရိမ်မိတယ်...."

ယဲ့ကျန်းက အဲဒါကို သိပ်မစဉ်းစားဘဲ..... "ဘိုးဘေး...ယဲ့ကလန် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရချိန်ကစပြီး အချိန်တိုင်း သေရမယ့် အန္တရာယ်ကြုံနေရတာပဲလေ"

ယဲ့ကလန်၏ ဘိုးဘေး တိတ်ဆတ်သွားသည်။

ယဲ့ကျန်းက မြောက်ဘက်ကို လှည့်ပြီး စိတ်ပိုင်းဖြတ်ထားဟန်ဖြင့်.... "အခု အရေးကြီးဆုံးက ထျန်းကျင်းကို အနိုင်ယူဖို့၊ တာအိုဘိုးဘေးကို အနိုင်ယူဖို့၊ ဒီမှာ လူသားမျိုးနွယ်ကို စည်းလုံးစေဖို့ပါပဲ!"

ယဲ့ကလန်၏ ဘိုးဘေး စကားပြောတော့မည့်အချိန်တွင် သူသည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားလိုက်ပြီး ယဲ့ကျန်း၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်သွားသည်။

သိပ်မကြာခင်မှာပဲ ယဲ့ချင်းဇီ အလျင်အမြန် ပျံသန်းသွားပြီး ယဲ့ကျန်း ရှေ့ကို ရောက်လာသည်။

" အရှေ့ဘက်မှာ ပုန်ကန်သူတွေရှိနေပြီ...

တစ်ယောက်ယောက်က တာအိုဘိုးဘေးအလံကိုကိုင်ဆွဲပြီး ဒေသခံအရာရှိတွေရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချလိုက်တယ်!"

" ဒါဆိုလဲ လှုပ်ရှားတော့လေ ဘာကိုကြောက်နေတာလဲ... ဒီကမ္ဘာမှာ တာအိုဘိုးဘေးကလွဲလို့ ဘယ်သူက မင်းရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ....."

ယဲ့ကျန်း မျက်မှောင်ကြုံကာ မကျေနပ်တဲ့အနေအထားကို ထုတ်ဖော်လိုက်သည်။ တာအိုဘိုးဘေးအကြောင်း ပြောလိုက်တဲ့အခါ ယဲ့ချင်းဇီ ထိတ်လန့်သွားသည်ကို ယဲ့ကျန်း နားမလည်နိုင်တော့ပေ။ဒီလူကို တစ်ခါမှမတွေ့ဖူးတဲ့အတွက် ဘာကြောင့် ထိတ်လန့်နေတာလဲ.....

" တာအိုဘိုးဘေးရဲ့ဘက်တော်သား သိုင်းပညာရှင်တွေက နေရာတိုင်းမှာရှိနေတယ်...သူတို့အချင်းချင်း အကူညီတောင်းလိုက်တာနဲ့ အပြေးရောက်လာကြတာ...အဲ့ထဲမှာ ငါတို့ နယ်​မြေချဲ့ထွင်ရာမှာ ကူညီပေးခဲ့တဲ့ အရာရှိတွေတောင်ပါတယ်...သူတို့တွေကို ဖိနှိပ်လိုက်မယ်ဆို ပြည်သူပြည်သားတွေ ကျေနပ်ကြမှာမဟုတ်ဘူး..." ဟုယဲ့ချင်းဇီ အလျင်အမြန် ပြန်ဖြေခဲ့သည်။

ယဲ့ကျန်းက... "သာမန်လူတွေက ဘာမှမဟုတ်ဘူး...ငါက ဧကရာဇ်ပဲ.. ငါ့ကို ပုန်ကန်ဝံ့သူတိုင်း သေရမယ်....!"

ဟုဆိုကာ သူချက်ချင်း ပျောက်သွားခဲ့သည်။

ယဲ့ချင်းဇီလည်း သူ့နောက်ကို အလျင်အမြန် လိုက်သွားခဲ့ရသည်။ ယဲ့ကျန်း စိတ်လိုက်မာန်ပါဖြစ်မည်ကို စိုးရိမ်နေသည်။

မြောက်ဘက်ကောင်းကင်တံခါး၌....

တိုင်ရှီးချန်က တံခါးအောက်တွင် ကောင်းကင်စစ်သားအတော်များများနှင့်အတူ ရပ်နေသည်။ တံခါးစောင့်ကြပ်ရတာက သူတို့ရဲ့တာဝန်ဖြစ်တဲ့အတွက် သူတို့ထိုင်ဝံ့ကြမှာမဟုတ်ပေ။

ကျန်းယဲ့က ကျန်းဂျန်၊ကျန်းထျန်းမင်၊လင်းဟောက်ထျန်း၊ကျန်းရှန်၊ကျန်းရွှမ်ကျန့်၊ပင်းအန်းတို့နဲ့အတူ အလျင်အမြန် ပျံသန်းလာကာ တိုင်ရှီးချန်ကို ကြည့်ပြီး

"စီနီယာတိုင်ရှီး... ဗိုလ်ချုပ်တိချန်က စစ်တိုက်ဖို့ အမိန့်ပေးလိုက်ပြီ...လူသားလောကမှာ ဒုက္ခတွေကြုံနေရပြီ...."

တိုင်ရှီးချန် ဒါကို ကြားတဲ့အခါ ချက်ချင်းမတ်တတ်ရပ်ပြီး..... "ကောင်းပြီ...ငါလဲ တိုက်ခိုက်ချင်နေတာနဲ့အတော်ပဲ..."

တာအိုဘိုးဘေး ကောင်းကင်တရားရုံး ကို တည်ထောင်ကတည်းက သူ့အနေနှင့် ကြီးကြီးမားမားမစွမ်းဆောင်ရသေးပေ။ထို့ကြောင့် ဤအခွင့်အရေးကို သူလက်လွတ်မခံနိုင်ခဲ့ချေ။

သူ၏ မှတ်ဉာဏ်ထဲတွင် အလွန်ငယ်ရွယ် စဉ်ကပင် တာအိုဘိုးဘေးနှင့်တွေ့ဆုံခဲ့ သည်။ ကြီးပြင်းလာရန် တာအိုဘိုးဘေး၏ လမ်းညွှန်မှုကို အားထားခဲ့ပြီး အန္တရာယ်ကို တစ်လျှောက်လုံး ရှောင်ရှားခဲ့ရသည်။

ဒါက တိုင်ရှီးမျိုးနွယ်စုပင်မသိတဲ့ သူ့ရဲ့လျှို့ဝှက်ချက်ဖြစ်သည်။အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်က တာအိုဘိုးဘေး၏သားမြေး ဖြစ်သည်ကို သိရှိပြီးနောက် အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကို သတ်ရန် လက်လျှော့ခဲ့သည်။

သူသည် ကျေးဇူးကန်းသူမဟုတ်ပေ....

တိုင်ရှီးချန် သဘောတူညီချက်ကို ကြားသောအခါ ကျန်းယဲ့နှင့် အခြားသူများသည် ချက်ချင်းထွက်ခွာခဲ့ကြသည်။

တောင်ဘက်ကောင်းကင်တံခါးရှေ့တွင် တိချန်နှင့်အတူ ကောင်းကင်စစ်သား ၁၀,၀၀၀နှင့်ကောင်းကင်ဗိုလ်ချုပ်တွေ ကောင်းကင်တိမ်ပင်လယ်ပေါ်မှာ ရပ်ပြီး စောင့်နေကြသည်။ တိုင်ရှီးချန်နဲ့ တခြားသူတွေ ရောက်လာတာကို တွေ့တဲ့အခါ ကောင်းကင်တိမ်ပင်လယ်ကို ရှေ့ဆက်သွားဖို့ ချက်ချင်း ထိန်းချုပ်လိုက်သည်။ ကောင်းကင်တိမ်ပင်လယ်က အလွန်လျင်မြန်ပြီး မျက်မှိတ်တစ်မှိတ်အတွင်း မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်။

တိမ်တိုက်ပေါ်တွင် တိုင်ရှီးချန် "ရန်သူက ဘယ်သူလဲ" ဟုသိလိုစိတ်ဖြင့် မေးခဲ့သည်။

ကျန်းယဲ့က "လျို့ဟုန်မင်းဆက်ရဲ့ ဧကရာဇ် ယဲ့ကျန်း... သူက အထက်ကမ္ဘာက လာတဲ့သူလို့ ကြားထားတယ်.."

တိုင်ရှီးချန်တစ်ယောက် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေသို့ ဝင်ရောက်ခဲ့သော်လည်း မာနထောင်လွှားပြီး လူသားများနှင့် ပေါင်းသင်းလိုစိတ်မရှိချေ။ ထို့ကြောင့် သူသည် လျို့ဟုန်မင်းဆက်အကြောင်း တစ်ခါမျှမကြားဖူးပေ။

"ယဲ့ကျန်း? အဲဒါသူလား...? ကောင်းတယ်၊ သိပ်ကောင်းတယ်"

တိုင်ရှီးချန်က ကောင်းသောအရာတစ်ခုခုကို စဉ်းစားခဲ့သည့်အလား ထူးဆန်းသောအပြုံးကို ပြသခဲ့သည်။

ကျန်းယဲ့က "သူ့ကို သိလို့လား" ဟုသိချင်စိတ်နဲ့ မေးလိုက်တော့...

" သိတယ်..ဒါပေမယ့် မရင်းနှီးဘူး...."

တိုင်ရှီးချန်က သတ်ဖြတ်လိုစိတ်ကိုဖုံးဖိ၍ ပြုံးလိုက်လေသည်။

ကောင်းကင်ပြာအောက်တွင် မြို့ကြီးတစ်ခုလုံး ဖုန်တထောင်းထောင်းထနေသည်။တမြို့လုံးပျက်စီးနေပြီး နေရာတိုင်းတွင် အလောင်းများနှင့် ဒဏ်ရာရထားသူများရှိနေသည်။

ယဲ့ကျန်းက ကောင်းကင်ပေါ်တွင် ရပ်ပြီး မြို့ကို ငုံ့ကြည့်နေသည်။

ယဲ့ချင်းဇီက သူ့နောက်မှာ ရပ်ပြီး..... "ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ... သူတို့ကို တာအိုဘိုးဘေးနဲ့ပတ်သက်ပေမယ့် အထူးသဖြင့် ရှင့်ရဲ့ နိုင်ငံသားတွေပဲလေ

.... အပြစ်မဲ့ပြည်သူတွေကို ဘာလို့သတ်ပစ်ရတာလဲ...."

"သေမျိုးလူသားတွေက ပုရွက်ဆိတ်တွေပဲ။ အရင်တုန်းက ယဲ့ကလန်က သိုင်းကမ္ဘာကြီးတွေကို ဖျက်ဆီးခဲ့တာပဲလေ...မင်း ဘိုးဘေးတွေကို ဝေဖန်ချင်နေတာလား...သိုင်းကမ္ဘာတွေကနေ လုယက်ပြီး အမြတ်ထုတ်ထားတဲ့ အရင်းအမြစ်တွေကြောင့် မင်းအခုလိုသန်မာနေတာကို မမေ့နဲ့!"

ယဲ့ချင်းဇီက... "ရှင် ပြောင်းလဲသွားပြီ"

ယဲ့ကျန်းက သူမကို လှည့်မကြည့်ခဲ့ပေ။

" လက်စားချေနိုင်သရွေ့ ငါပြောင်းလဲသွားတော့လဲ ဘာအရေးလဲ.."

"သူတို့ရဲ့အမှားတွေကို နားမလည်နိုင်သေးတဲ့ ငမိုက်သားတွေကို အချိန်တနာရီပေးမယ်.... တစ်နာရီအတွင်းမှာ မြို့သားအားလုံး သေရလိမ့်မယ်!"

ဒါကိုကြားတော့ ယဲ့ချင်းဇီ ချက်ချင်း အောက်ဆင်းသွားလေသည်။

အပျက်အယွင်းများတွင် သွေးအလိမ်းလိမ်းပေကျံနေသာ သိုင်းပညာရှင်များက သူတို့၏ဒဏ်ရာများကို ကုသရန် ပြင်ဆင်နေကြသည်။ ဒါက ယဲ့ကျန်း ဖျက်ဆီးလိုက်တဲ့ မြို့ကြီး၏ မြို့စားမင်းစံအိမ်ပင်ဖြစ်သည်။

ယဲ့ချင်းဇီ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး..... "ရှင်တို့ရဲ့အမှားတွေကို မြန်မြန် ဝန်ခံလိုက်ပါ...ဒါဆို အရှင်မင်းကြီးက ရှင်တို့ကို အသက်ချမ်းသာပေးလိမ့်မယ်..."

ပုန်ကန်မှု၏ခေါင်းဆောင် လုကျိုးဟုခေါ်သော ထွားကျိုင်းသော အမျိုးသားတစ်ဦးက သူမကိုကြည့်လိုက်ကာ လှောင်ပြောင်လိုသောလေသံဖြင့်...

"ဝန်ခံရမယ်???ငါတို့က ဘာအပြစ်ရှိလို့ ဝန်ခံစရာရမှာလဲ နင်တို့ကသာ ဒီမြေကို လုယူတဲ့ သူတွေ..... မင်းမျိုးမင်းနွယ်တွေက သာမန်လူတွေကို မြက်ပင်တွေလို သတ်မှတ်ထားကြတာ... ဧကရာဇ်ကလည်း သာမန်ပြည်သူတွေရဲ့ ဘဝတွေကို ဂရုမစိုက်ဘူး.... မင်းတို့မျက်လုံးထဲမှာ ကံကောင်းခြင်းနဲ့ နယ်မြေချဲ့ထွင်ဖို့ကိုပဲမြင်ကြတာ.. လျို့ဟုန် မင်းဆက်ဆိုတာ မရှိသင့်တော့ဘူး...!"

အခြားသူများကလည်း လိုက်၍ ကျိန်ဆဲကြကာ မည်သူကမှ လက်နက်ချရန် စိတ်ကူးမရှိခဲ့ကြပေ။

အင်အားကြီးမားသော လျို့ဟုန်မင်းဆက်တွင်၊ ၎င်းတို့သည် ပုန်ကန်ရန် သတ္တိရှိ၍ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ယဲ့ချင်းဇီ ဒေါသထွက်သွားကာ... "အပြောကတော့ ကောင်းသားပဲ...ရှင်က တာအိုဘိုးဘေး အတွက် အလုပ်လုပ်နေတာ မဟုတ်လား...ဒါဆို သူ့ကို မြင်ဖူးလို့လား..ထျန်းကျင်းက လျို့ဟုန်မင်းဆက်ထက်သာတယ်ဆိုတဲ့ ကောလာဟလတွေနားထောင်ပြီးပြည်သူတွေကို လှည့်စားမနေနဲ့...အရှင်မင်းကြီးက သာမန်ပြည်သူတွေကို ဂရုမစိုက်ဘူးဆိုရင်တောင် သိုင်းပညာရှင်တွေကို အလေးထားဆက်ဆံသူပါ...ရှင်လဲ သိုင်းပညာရှင်တယောက်ပဲလေ... ရှင်လဲ ပြည်သူတွေကိုအနိုင်ကျင့်ပြီး အကျိုးအမြတ်တွေရခဲ့တာပဲမဟုတ်လား...."

ဒီလိုပြောပြီးနောက်မှာတော့ သူမဟာ အနည်းငယ် စိတ်ပြေသွားသလိုခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူမသည် ယခုမှပင် ထိုကဲ့သို့ ကြိမ်းမောင်းခွင့်ရပေတော့သည်။

လုကျိုးက ဂုဏ်ယူစွာဖြင့်... " တာအိုဘိုးဘေးနဲ့ထျန်းကျင်းက်ို ငါတို့တွေ မြင်ဖူးပြီးသား...."

"ဘယ်မှာလဲ?"

"ငါတို့အိမ်မက်ထဲမှာ...."

"ရယ်စရာပဲ...ရှင်တို့တွေ ရူးသွားပြီလား..!"

"ငါတို့ ရူးနေတာမဟုတ်ဘူး... ထျန်းကျင်းက တောင်ဘက်ကို နယ်​မြေထွင် ချဲ့နေပြီ...ထျန်းကျင်းနဲ့ကောင်းကင်တရားရုံးက စီရင်မယ့်အပြစ်ဒဏ်ကို စောင့်နေဖို့ ဧကရာဇ်ဆိုတဲ့သူကိိုပြောလိုက်..."

ကောင်းကင်တွင်ရှိနေသည့် ယဲ့ကျန်း စိတ်မရှည်တော့ပေ။ တိုက်ခိုက်ချင်သော်လည်း သူ့ကိုယ်သူ ထိန်းထားရသည်။

သူဘက်က တစ်နာရီ အချိန်ပေးထားတာမို့ သဘာဝအတိုင်း ချိုးဖျက်မှာ မဟုတ်ပါပေ။

ဤလူမိုက်များက တာအိုဘိုးဘေးထက်ပင် သူ့ကို ဒေါသထွက်စေခဲ့သည်။ အထူးသဖြင့် ယဲ့မျိုးနွယ် ကြုံတွေ့ခဲ့ရသည်များကို တွေးတောမိသောအခါတွင် သတ်ဖြတ်လိုစိတ်များကို ထိန်းမထားနိုင်တော့ပေ။

All Chapters