← Chapters

တုနှိုင်းမဲ့နိဗ္ဗာန်ဖန်တီးမှုနည်းစနစ်....ကောင်းကင်ဧကရာဇ်ပေါ်လာခြင်း.....

Vol. 25 Ch. 365

တုနှိုင်းမဲ့နိဗ္ဗာန်ဖန်တီးမှုနည်းစနစ်....ကောင်းကင်ဧကရာဇ်ပေါ်လာခြင်း.....

Vol. 25 Ch. 365

မိနစ်နဲ့စက္ကန့်တွေကုန်သွားပြီး

ယဲ့ချင်းဇီဟာ လုကျိုးနဲ့အခြားသူတွေကိုနားချဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပေ။ လုကျိုးနဲ့အခြားသူတွေဟာလည်းဒဏ်ရာပြင်းထန်စွာရရှိထားပြီးသူမစကားကိုနားထောင်ဖို့ကလွဲပြီးရွေးချယ်စရာမရှိခဲ့ဘူး။ သူတို့နှစ်ဘက်လုံးစိတ်ကုန်နေကြပြီ.....

" ငါတို့ကို စည်းရုံးမနေနဲ့...ငါတို့ ဘယ်တော့မှခေါင်းငုံ့အညံ့ခံမှာမဟုတ်ဘူး...."

လုကျိုးကနက်ရှိုင်းတဲ့အသံနဲ့ပြောလိုက်ကာ အခြားသူတွေကလည်း ယဲ့ကျန်းကိုကြည့်ရင်းခိုင်မာတဲ့စိတ်ထားကိုပြသနေကြသည်။

ယဲ့ချင်းဇီကအကူအညီမဲ့စွာဖြင့်..."သေခြင်းကိုရှာဖို့အတင်းတောင်းဆိုရင်တောင် ဘာလို့မြို့ထဲကလူတိုင်းကိုရှင်နဲ့အတူဆွဲခေါ်သွားချင်နေတာလဲ..."

လုကျိုးက"သေခြင်းဟာလည်းထိုက်တန်ပါတယ်.... သူပုန်မဖြစ်ခင်ကသူတို့ကိုမေးပြီးသားပါ... သူတို့အိပ်မက်တွေအတွက်သေဖို့အသင့်ပဲ...ငါတို့သေသွားရင်တောင်ထိုက်တန်တဲ့လုပ်ရပ်တစ်ခုလုပ်ပြီး တာအိုဘိုးဘေးရဲ့ကာကွယ်မှုကိုရပါလိမ့်မယ်...."

တာအိုဘိုးဘေး...တာအိုဘိုးဘေး.. လာပြန်ပြီလား တာအိုဘိုးဘေး....

ယဲ့ချင်းဇီ စိတ်ရှုပ်နေပြီး တာအိုဘိုးဘေး ဒီလူတွေကိုဘယ်လို ဆေးမျိူးကျွေးထားတာလဲဟုတွေးနေမိသည်။

သူမပြောတော့မယ့်အချိန်မှာကောင်းကင်ကရွှေရောင်အလင်းတန်းတခုကျဆင်းလာကာ လုကျိုးနဲ့ကျန်တဲ့လူတွေ အံ့ဩစွာနဲ့မျက်လုံးပြူးကုန်ကြသည်။

"ကောင်းကင်တရားရုံးရောက်လာပြီ...ကောင်းကင်တရားရုံးရောက်လာပြီ.. !"

မြို့တစ်ဝှမ်းလုံးမှာအားပေးသံတွေကြားရတော့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောသူများမှာလည်း သူတို့၏ဒဏ်ရာများကိုဂရုမစိုက်ကြတော့ပေါ ဒါကိုကြားတော့ ယဲ့ချင်းဇီ မော့ကြည့်လိုက်သည်။

ယဲ့ကျန်းကလည်းမော့ကြည့်ပြီးမျက်ခုံးမှောင်ကြုံ့လိုက်လေသည်။

ကောင်းကင်တိမ်တိုက်တခုရွေ့လျားလာနေပြီး ထိုတိမ်တိုက်ကနေ အလင်းတန်းတွေကျဆင်းလာခြင်းဖြစ်သည်။ ကောင်းကင်စစ်သားတွေနဲ့ဗိုလ်ချုပ်ကြီးတွေဟာတိမ်တိုက်ပင်လယ်အထက်မှာရပ်နေကာ သူတို့တစ်ဦးစီဟာဂုဏ်သိက္ခာရှိပြီးလွှမ်းမိုးနေပုံပင်....

"လျို့ဟုန်မင်းဆက်ရဲ့ဧကရာဇ် ယဲ့ကျန်း ဟာသာမန်လူတွေရဲ့ဘဝတွေကိုလျစ်လျူရှုပြီးလူသားတွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်... ကောင်းကင်ဧကရာဇ်က ယဲ့ကျန်းကိုဖမ်းပြီးပးအကျဉ်းချဖို့အမိန့်ပေးလိုက်တယ်..."

တိချန် ရဲ့ဂုဏ်သိက္ခာရှိတဲ့အသံဟာကမ္ဘာတစ်လွှားမှာအဆုံးမဲ့ပဲ့တင်ထပ်နေလေ၏.......

ဒါကိုကြားတော့ ယဲ့ကျန်း ရယ်လိုက်မိကာ သူ့ရယ်မောသံတွင်လှောင်ပြောင်မှုနဲ့ပြည့်လျှမ်းနေသည်။

"ကောင်းကင်ဧကရာဇ်ကအမိန့်တစ်ခုပေးခဲ့လား...ကောင်းကင်ဧကရာဇ်ဆိုတာ တာအိုဘိုးဘေးပဲမဟုတ်လား.... ဘာလို့သူကိုယ်တိုင်မလာရဲဘူးလား..."

"မင်းကိုဖမ်းဖို့ တာအိုဘိုးဘေးက ဘာလို့ကိုယ်တိုင်လာရမှာလဲ..."

ပိုတောင်မာန်မာနကြီးတဲ့အသံကသတ်ဖြတ်လိုစိတ်အပြည့်နှင့်ထွက်ပေါ်လာသည်။ ကောင်းကင်စစ်သားတွေနဲ့ဗိုလ်ချုပ်ကြီးတွေရဲ့စစ်တပ်ကနေလူတစ်ယောက်ပျံသန်းလာကာ ကောင်းကင်မှာဂုဏ်ယူစွာရပ်နေပြီး ယဲ့ကျန်းကိုငုံ့ကြည့်နေသည်။

ယဲ့ကျန်းကလှည့်ကြည့်လိုက်တော့မျက်လုံးပြူးသွားလေသည်။

"တိုင်ရှီးချန်? ဘာလို့ကောင်းကင်တရားရုံးမှာရှိရတာလဲ...."

တိုင်ရှီးချန်က"လာပြီးတိုက်ခိုက်ပါ...မင်းက ယဲ့ကလန်ရဲ့အမှိုက်ကောင်ပဲ...."

ဒီစကားလုံးက ယဲ့ကျန်းကိုချက်ချင်းဒေါသထွက်စေခဲ့သည်။

"တိုင်ရှီးချန် မင်းကိုငါမသတ်ရဲဘူးလို့မင်းတကယ်ထင်နေတာလား..."

"မင်းတကယ်ကိုမလုပ်ရဲဘူးလေ ...ယဲ့ကလန်က အားနည်းသူတွေကိုအနိုင်ကျင့်ပြီးအားကောင်းသူတွေကိုကြောက်တတ်တဲ့ကောင်တွေပဲဟာ...."

တိုင်ရှီးချန် ပက်ခနဲပြန်ပြောလိုက်ပြီး ကောင်းကင်စစ်သားတွေနဲ့ဗိုလ်ချုပ်တွေလဲ ရယ်မောနေကြသည်။

ယဲ့ကျန်းက နဂါးဝတ်စုံကိုချွတ်ပြီးအလွယ်တကူပစ်ချလိုက်ကာ အတွင်းဝတ်အနက်ရောင်ဝတ်စုံနှင့်ပင် လေကနေ တိုင်ရှီးချန်ဆီကိုပျံသန်းသွားခဲ့သည်။ သူ့ကိုဝန်းရံနေတဲ့အနက်ရောင်ဝဲဂယက်တွေက တိုင်ရှီးချန်ကိုတပြိုင်နက်ဟိန်းဟောက်နေတဲ့ နဂါးနက်ကိုးကောင်အဖြစ်ကျုံ့သွားလေသည်။

"မလုပ်သင့်သေးဘူးနော်...တုနှိုင်းမဲ့နိဗ္ဗာန်ဖန်ဆင်းခြင်းနည်းစနစ်ကိုသုံးရင် မင်းရဲ့လက်ရှိအနေအထားကို လွယ်လွယ်ထုတ်ပြလိုက်သလိုဖြစ်နေလိမ့်မယ်..."

ယဲ့ကလန်ရဲ့ဘိုးဘေးအသံ ယဲ့ကျန်းရဲ့စိတ်ထဲမှာထွက်ပေါ်လာသည်။

ယဲ့ကျန်းရဲ့အကြည့်တွေအေးစက်နေပြီး စိတ်ထဲကနေ..."ဘိုးဘေး....သူကျွန်​တော့်ကိုအရှက်ခွဲရုံတင်မကဘဲ ယဲ့ကလန်ကိုလည်းစော်ကားခဲ့တယ်။ ဒီနေ့သူ့ကိုမသတ်ရင်ကျွန်တော်တို့ယဲ့ကလန်က အားနည်းသူကိုအနိုင်ကျင့်ပြီးအားကောင်းသူတွေကိုကြောက်တယ်လို့ထင်ကုန်လိမ့်မယ်...."

"အိုး၊သူကမင်းကိုဆွပေးနေတာလေ"

"ဒါပေမဲ့ဒါကအမှန်တရားမဟုတ်ဘူးလား.... ဒီဖြစ်ရပ်ကိုချိုးဖောက်ပြီး ယဲ့ကလန်ကိုပြန်တည်ဆောက်မယ်..."

ဂျိန်းးးးဂျိန်းးးးး

မိုးကြိုးတိမ်တိုက်တွေရုတ်တရက်စုပြုံလာပြီးမိုးခြိမ်းသံများဆူညံကာ ကမ္ဘာကြီးတခုလုံး အမှောင်ထုထဲကိုလျင်မြန်စွာကျဆင်းသွားခဲ့သဖြင့် ကောင်းကင်စစ်သားတွေနဲ့ဗိုလ်ချုပ်တွေ ယဲ့ကျန်းကိုထိတ်လန့်စွာကြည့်နေကြသည်။

အဲဒီအခိုက်မှာ ယဲ့ကျန်းဟာကမ္ဘာမှာကြောက်စရာအကောင်းဆုံးဖြစ်လာသည်။သူ့ထံမှ ဖြာထွက်နေသောအလင်းတန်းက အောက်ကမြေပြင်ကိုပင်

ကိုတုန်လှုပ်စေသည်။မြို့ထဲကလက်နက်ကိုင်တွေနဲ့လူတွေဟာအပျက်အစီးတွေတစ်ခုပြီးတစ်ခုပြိုလဲနေသော်လည်း

သူ့ကိုထိတ်လန့်စွာကြည့်နေခဲ့ကြသည်။

လုကျိုးနဲ့အခြားသူတွေလည်းလန့်သွားကြသည်။ ယဲ့ကျန်းဟာမြို့ကိုလက်ဖဝါးတချက်နဲ့ဖျက်စီးစဉ်ကပင် ဒီလိုဖိအားမျိုးမခံစားခဲ့ရပေ။ဒီဖိအားကလူတိုင်းကိုကြောက်လန့်စေကာ လူတစ်ယောက်ကလွဲပြီးသူတို့နှလုံးသားထဲမှာတိုက်ပွဲလိုစိတ်များပျောက်ဆုံးကုန်လေသည်။

တိုင်ရှီးချန် ညာလက်ကိုမြှောက်တော့

သွေးချီများထွက်လာကာ ကြောက်စရာသွေးရောင်ဝဲဂယက်တစ်ခုဖွဲ့စည်းသွားသည်။ဒါကိုအမြန်အားဖြည့်ပြီးအထက်ကမိုးကြိုးတိမ်တိုက်တွေကိုလွှင့်ပျယ်စေကာ သူ့ရဲ့အော်ရာကလည်း ယဲ့ကျန်းထက်မနိမ့်တဲ့အဆင့်ကိုရောက်ခဲ့သည်။

ဘန်းးးးးးး

သူ့သွေးချီတွေ မိုးပျံတက်သွားပြီး တိုင်ရှီးချန်ရဲ့ဝတ်ရုံလွင့်ခါနေသည်။ သွေးရောင်မုန်တိုင်းရဲ့အချင်းဟာမိုင် ၁၀၀၀၀ ကျော်သွားခဲ့ပြီး၎င်းရဲ့အင်အားကိုအထိန်းအကွပ်မဲ့ပြသခဲ့ကာ ယဲ့ကျန်းကိုလှောင်ပြောင်ပြီးကြည့်လိုက်သည်။သူ့မျက်လုံးတွေဟာရူးသွပ်မှုတွေနဲ့ပြည့်နေသည်။

ကောင်းကင်နဲ့မြေကြီးရဲ့စည်းမျဉ်းတွေဟာတုန်ခါပြီး မြေပြင်အက်ကွဲသွားသည်။

မူလကောင်းကင်အဓိပတိနယ်ပယ်နှစ်ယောက် တိုက်ခိုက်ခြင်းက ကမ္ဘာမြေကိုပြင်ပျက်စီးစေနိုင်သည်။

လင်းဟောက်ထျန်း ထိတ်လန့်သွားခဲ့ကာ ကျန်းဂျန်ကိုလှည့်ကြည့်ပြီး....

"ဒါကအပြင်လောကကလူတွေကြားကတိုက်ပွဲလား...ငါတို့ သူတို့ကို ဘယ်တော့အမီလိုက်နိုင်မလဲကွာ...."

ကျန်းဂျန် ကအဝေးကိုငေးကြည့်ပြီးနက်ရှိုင်းတဲ့အသံနဲ့...." သေချာပေါက်အမှီလိုက်နိုင်မှာပါ...."

ရှေ့မှာရပ်နေတဲ့ တိချန်ကလည်း စိတ်ရှုပ်ထွေးနေသလိုပင်။ တာအိုဘိုးဘေး ပေါ်မလာခင်တုန်း သူ့ကိုယ်သူ ပြိုင်ဘက်ကင်းသူတယောက်အဖြစ်ထင်မှတ်ခဲ့ဖူးသည်။ ကောင်းကင်နဲ့မြေပြင်ရဲ့ လှည့်စားခြင်း

နတ်ဘုရားဟာသူ့ဘက်မှာရပ်နေတယ်လို့လည်းသူထင်ခဲ့ပေမဲ့...

လက်ရှိတွင် သူ့နှလုံးသားမှာပြင်းထန်တဲ့မလိုလားမှုတခုပေါက်ဖွားလာသည်။ သိုင်းဧကရာဇ်နယ်ပယ်ထက်ကျော်လွန်တဲ့နယ်ပယ်တွေဆီတက်လှမ်းနိုင်ရမယ်....ဒါမှ သူတော်စင်လေးပါးရဲ့ အဓိပတိရာထူးနဲ့ထိုက်တန်နိုင်မယ်....

ကောင်းကင်စစ်သားတွေနဲ့ဗိုလ်ချုပ်ကြီးတွေထိတ်လန့်သွားကာ သူတို့အားလုံးမှာမတူညီတဲ့အတွေးတွေရှိနေကြသည်။

ယဲ့ကျန်းက တိုင်ရှီးချန် နဲ့ပိုနီးကပ်လာနေပြီး မိုးကြိုးနဲ့သွေးချီမုန်တိုင်းတို့

အချင်းချင်းတိုက်မိပြီးပေါက်ကွဲမှုတွေဖြစ်ပေါ်စေသည်။

ရုတ်တရက်!

ယဲ့ကျန်းရွေ့သွားပြီ!

သူဟာလေပြင်းမုန်တိုင်းသဖွယ် တိုင်ရှီးချန်ဆီကိုပြေးသွားသည်။ တစ်ချိန်တည်းမှာပဲ တိုင်ရှီးချန် လက်လှုပ်လိုက်သည်နှင့်

ကောင်းကင်နဲ့မြေကြီးကြားမှာကမောက်ကမ ဖြစ်စေတဲ့ကြောက်စရာသွေးမုန်တိုင်း တိုက်ခတ်လာသည်။ တောင်တွေပြိုလဲပြီးမိုးကုတ်စက်ဝိုင်းဆီသို့မရေမတွက်နိုင်တဲ့ကျောက်စရစ်အစတွေလွင့်စင်ကုန်သည်။

ဝုန်းးးး

ကောင်းကင်ပေါ်တွင် ကြောက်စရာ ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်။ အနက်ရောင်လေပြင်းနဲ့သွေးရောင်လေပြင်းတွေ

ရောထွေးနေသည်။

ယဲ့ကျန်းက တိုင်ရှီးချန်ရဲ့ရှေ့ကိုတစ်လှမ်းတည်းနဲ့ရောက်လာပြီးထိုးနှက်လိုက်တေယ့ တိုင်ရှီးချန်ကခေါင်းကိုလှည့်ပြီးလွယ်လွယ်နဲ့ရှောင်သွားသည်။ထိုအခါ သူ့မျက်လုံးတွေကျဉ်းလာပြီးသွေးပိုးကောင်တွေအများကြီးသူ့ဝတ်ရုံထဲကနေပျံထွက်လာပြီး ယဲ့ကျန်းရဲ့ညာဘက်လက်မောင်းပေါ်ကိုအမြန်ကပ်တွယ်ကုန်သည်။

ယဲ့ကျန်း သူ့ညာလက်မောင်းကိုလှုပ်ခါပြီးသွေးပိုးကောင်တွေကိုခါချကာ တိုင်ရှီးချန်ကို ဒူးနဲ့တိုက်ချလိုက်တော့ တိုင်ရှီးချန်က တံတောင်ဆစ်နဲ့ပိတ်ဆို့ခဲ့ပေမဲ့နောက်ဆုတ်ပေးလိုက်ရသည်။အသားစီးရသွားသည်နှင့် ယဲ့ကျန်းက လက်သီးချက်၊​ခြေကန်ချင်တွေသုံးပြီး တလစပ်တိုက်ခိုက်လေတော့သည်။ တိုက်ခိုက်မှုတိုင်းဟာကောင်းကင်ကိုလှုပ်ခါစေတဲ့မျက်စိနဲ့မြင်နိုင်တဲ့အနက်ရောင်အင်အားကိုဖော်ဆောင်နေသည်။

ဒါဟာအင်မတန်ကိုအံ့ဖွယ်ကောင်းတဲ့

မြင်ကွင်းတစ်ခုပင်...သူတို့နှစ်ယောက်ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီး အရှိန်ကသိပ်ကိုမြန်လွန်းလို့စစ်ဧကရာဇ်တွေတောင်လိုက်မမှီနိုင်ခဲ့ကြပေ။

သူတို့နှစ်ယောက်စလုံးတစ်ချိန်တည်းမှာမြေကြီးပေါ်ဆင်းသက်လာပြီးမြေပြိုစေခဲ့ပြန်သည်။ မိုင်ထောင်ချီဝေးတဲ့နေရာအထိမြေပြင်ပေါ်ကအက်ကြောင်းတွေဟာပင့်ကူအိမ်လိုဆန့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအရှိန်ကနဲ့မိုင်ပေါင်းသောင်းချီပြန့်နှံ့သွားသည်။ အဝေးကမြို့ပေါင်းဒါဇင်ချီထိခိုက်ခဲ့ပြီး ကောင်းကင်ပေါ်ဖုန်မှုန့်တွေပျံတက်လာပြီးကမ္ဘာကြီးဟာရှေးကျတဲ့ကာလတွေဆီပြန်သွားသလိုပင် ဆိတ်သုန်းပျက်စီးမှုတွေပြည့်နှက်နေသည်။္

ကျယ်ပြန့်တဲ့ဖုန်မှုန့်ပင်လယ်ထဲကနေ

သွေးရောင်လေပြင်းများရုတ်တရက်ပေါ်လာပြီးအနက်ရောင်လေပြင်းများကိုဖယ်ရှားသွားလေသည်။

ယဲ့ချင်းဇီဟာတိုက်ပွဲကိုကြောက်လန့်စွာစောင့်ကြည့်ရင်းလေထဲမှာရပ်နေခဲ့သည်။

သူမ တိုင်ရှီးချန်အကြောင်းကြားဖူးသည်။တိုင်ရှီးချန်က တိုင်ရှီးကလန်၏ သခင်လေးဖြစ်ကာ သူ့မျိုးဆက်ရဲ့အားအကောင်းဆုံးအံ့ဖွယ်သတ္တဝါလည်းဖြစ်သည်။ထို့အပြင် ယဲ့ရှန်ခုံးကပင် အသိအမှတ်ပြုခဲ့တဲ့အံ့ဖွယ်ပါရမီရှင်အနည်းငယ်ထဲကတစ်ဦးလည်းဖြစ်ပေသည်။

တိုင်ရှီးချန်ရဲ့စွမ်းအားကိုသိလိုက်ရတော့ ယဲ့ကျန်းအတွက်စိတ်ပူပန်နေရချေပြီ။ မဟာရွှမ်ဟန်ကမ္ဘာကြီးမှာ တိုင်ရှီးချန်ရဲ့ဂုဏ်သတင်းဟာ ယဲ့ကျန်းထက်အများကြီးပိုမြင့်မားသည်။

မိုးကုတ်စက်ဝိုင်းအဆုံးတွင်ကြောက်မက်ဖွယ်ရာသွေးအလင်းတန်းတစ်ခုကောင်းကင်သို့ပျံတက်လာသည်။ ၎င်းရဲ့အချင်းဟာမတိုင်းတာနိုင်တာကြောင့်အဝေးကတောင်တန်းတွေဟာမယှဉ်နိုင်လောက်အောင်သေးငယ်သွားပုံရသည်။ သွေးအလင်းတန်းကမိုးကြိုးတိမ်တိုက်တွေကိုဖောက်ခွဲပြီးကောင်းကင်နဲ့မြေကြီးကိုဆက်သွယ်ပေးနေသည်။

"ယဲ့ကျန်း မင်းလုပ်နိုင်တာဒါအကုန်ပဲလား....."

တိုင်ရှီးချန်ကမထီမဲ့မြင်ပြုစွာပြုံးပြလိုက်သည်။သွေးအလင်းတန်းထဲက သွေးပိုးကောင်တွေဟာသွေးစည်းရိုးအဖြစ်အမြန်ကျုံ့သွားကာ သူဟာ ယဲ့ကျန်းကိုမထီမဲ့မြင်ပြုပြီးငုံ့ကြည့်နေသည်။

ယဲ့ကျန်း မြေပေါ်မှာဒူးထောက်ပြီး မရေမတွက်နိုင်တဲ့သွေးရောင်ချီ ရဲ့သက်ရောက်မှုကိုခံစားနေရသည်။

ဝူရုတ်တရက်ခေါင်းထောင်ပြီးဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်တော့အဖြူရောင်ချီဓာတ်တွေက လေစက်ဝန်းတစ်ခုလိုသူ့ခန္ဓာကိုယ်ကနေအမြန်ပျံ့နှံ့ပြီးပျောက်ကွယ်သွားသည်။ ဒီလိုဖြစ်စဉ်မျိုး အကြိမ်ကြိမ်ဖြစ်ပေါ်နေပြီး အကြိမ်တိုင်း ပို၍အားကောင်းလာသည်။

ဒုတ်...ဒုတ်...ဒုတ်

လေးလံသောနှလုံးခုန်သံက ကောင်းကင်နှင့်မြေပြင်ကြားတွင် ပဲ့တင်ထပ်နေပြီး ၎င်းကိုကြားသောအခါ တိုင်ရှီးချန် ၏အမူအရာပြောင်းသွားသည်။

"တုနှ်ိုင်းမဲ့နိဗ္ဗာန် ဖန်ဆင်းခြင်းနည်းစနစ်...မဖြစ်နိုင်ဘူး...ဒီလိုပြင်းထန်တဲ့နည်းစနစ်မျိူးကို မင်းဘယ်လို သင်ယူနိုင်မှာလဲ..."

တိုင်ရှီးချန်၏ မျက်နှာထားက မနာလိုမှုနှင့် မုန်းတီးမှုတို့ဖြင့် တွန့်လိမ်နေ၏။

ယဲ့ကျန်း၏ အနက်ရောင်ဆံပင်များက အရိုင်းဆန်စွာ ပျံလွှင့်နေပြီး သူ့မျက်လုံးများက အေးစက်နေသည်။ သူ၏အော်ရာများ တစ်ဖန် မြင့်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးအလင်းတန်းကို တိုက်ရိုက် ဖြိုခွဲသွားခဲ့သည်။ လေလှိုင်းများက မိုင်ပေါင်းတစ်သန်းကျော်ကို ဖြတ်ကျော်သွားကာ ပင်လယ်ပြင်ကိုပင် လှိုင်းထန်စေခဲ့သည်။

ကောင်းကင်စစ်သားများနှင့် ဗိုလ်ချုပ်များက အောက်ဘက်ကမြို့ကို ကာကွယ်ရန်အတွက် ၎င်းတို့၏ ကံကြမ္မာအစီအရင်ကို အသုံးပြုခဲ့ရသည်။ ဒါတောင်မှ နှစ်ယောက်ကြား တိုက်ပွဲက လူတွေကို ပိုထိခိုက်သွားစေသည်။

ယဲ့ကျန်း သူရပ်နေသည့်နေရာမှ ရုတ်တရက် ပျောက်သွားတော့ တိုင်ရှီးချန်ကလည်း မသိစိတ်ကြောင့် လက်ကိုဝှေ့ယမ်းလိုက်သည်။

ဘန်းးးးးး

တိုင်ရှီးချန် ကောင်းကင်ပေါ်ကနေ ဥက္ကာခဲတစ်ခုကဲ့သို့မြေပြင်ပေါ်ပြုတ်ကျလာသည်။ ယဲ့ကျန်းက ကောင်းကင်မှာ လွင့်မျောနေရင်း အောက်ကို ငုံ့ကြည့်လိုက်သော်လည်း သူ့မျက်လုံးထဲတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော သွေးကွက်များ ပေါ်လာသည်။

ယဲ့ကျန်း ပျောက်သွားပြန်သည်။

ဝုန်းးးးးးးးးး

မြေပြင် ပြင်းထန်စွာ တုန်ခါသွားပြီး တိချန်၊ ယဲ့ချင်းဇီ နှင့် အခြားသူများကတော့ မြေကြီးစွန်းတွင် လှိုင်းထနေသော ဖုန်မှုန့်လှိုင်းများကိုသာ မြင်ခဲ့ရသည်။

တိုင်ရှီးချန်နှင့် ယဲ့ကျန်းတို့၏ တိုက်ပွဲက ရှေးဟောင်းနတ်ဘုရားများ၏ တိုက်ပွဲနှင့် ဆင်တူသည်။ တခြားသူတွေကတော့ တိုက်ပွဲကို အဝေးကကြည့်နေကြပေမယ့် ထိတ်လန့်နေကြဆဲပင်....

သူတို့နှစ်ဦးက အဖျက်အဆီးအငွေ့အသက်များနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော အပျက်အစီးများကြားတွင် တိုက်ခိုက်နေကြဆဲဖြစ်သည်။

တိုင်ရှီးချန် လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း ယဲ့ကျန်းက ပိုမြန်လာသည်။ သူ့ရှေ့ကို အမြန်ရောက်လာပြီး သူ့မျက်နှာကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူသည် တ််ိုင်ရှီးချန်၏ခန္ဓာကိုယ်ကို မြေကြီးပေါ်သို့ ဖိကာ တလမ်းလုံးက မြေပြင်ကိုပင် ကွဲကြေစေခဲ့သည်။

မရေမတွက်နိုင်သော သွေးအင်းဆက်ပိုးမွှားများ တိုင်ရှီးချန်၏ဝတ်ရုံထဲမှ ပျံသန်းလာပြီး ယဲ့ကျန်း နစ်မြှုပ်သွားခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သွေးပိုးမွှားများအားလုံး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ သွေးချီများ ယဲ့ကျန်း၏ ခန္ဓာကိုယ်မှ စီးဆင်းလာသော်လည်း လောင်ကျွမ်းစေခဲ့သည်။

ဘန်းးးးး

တိုင်ရှီးချန်က ယဲ့ကျန်းကို အဝေးသို့ ကန်ထုတ်လိုက်ပြီး သူတို့ကြားက အကွာအဝေးဟာ မိုင်တစ်ရာ ကျယ်ပြန့်သွားသည်။ ယဲ့ကျန်း လျင်မြန်စွာ တည်ငြိမ်သွားပြီး သူ၏ ၀တ်ရုံကို လက်ဖြင့်ပုတ်လိုက်သည် ။ သူဒဏ်ရာမရခဲ့ပေ.....

တိုင်ရှီးချန် လေထဲတွင် ရပ်လိုက်ပြီး ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ သူက ယဲ့ကျန်းကို ထိတ်လန့်စွာ ကြည့်ပြီး မနာလိုစိတ်တွေ တောက်လောင်နေကာ....

“မင်း ရူးနေတာလား...."

“နိဗ္ဗာန်သုံးခုပဲရှိသေးတာကို ကြောက်နေပြီလား....”

ယဲ့ကျန်းက တိုင်ရှီးချန်၏သွေးချီများကို လောင်ကျွမ်းစေရင်း သူ့ထံ လမ်းလျှောက်လာသည်။ သူသည် ဤလောကသို့ ဆင်းသက်လာသော နတ်ဆိုးတပါးနှင့်တူသည်။ လမ်းတစ်လျှောက် ဖုန်မှုန့်များနှင့် လေလှိုင်းများက သူ့ပုံသဏ္ဍာန်ကို မဖုံးကွယ်နိုင်ပေ။

တိုင်ရှီးချန် အံကြိတ်ကာ ၀တ်ရုံကို ဆုတ်လိုက်သည်။ ရင်ဘတ်ကို ညာလက်ဖဝါးဖြင့် ရိုက်လိုက်ရာ ချက်ချင်းပင် ပြင်းထန်သော သွေးချီများ သူ့လက်ချောင်းထိပ်များမှ ထွက်လာသည်။

" ကောင်းပြီ.. မင်းရဲ့တုနှိုင်းမဲ့ဖန်ဆင်းခြင်းက ပိုအားကောင်းလား ဒါမှမဟုတ် ငါ့ရဲ့ သွေးနတ်ဆိုးဖြိုခွင်းခြင်းကပဲ ပိုအားကောင်းလား စမ်းကြည့်ရအောင်....."

ထိုအချိန်တွင် တိုင်ရှီးချန်စိတ်ထဲတွင် ကောင်းကင်တရားရုံးကိုရော ကမ္ဘာကြီးကိုပါ မေ့သွားကာ ယဲ့ကျန်း တစ်ယောက်သာ မြင်တော့သည်။

ယဲ့ကျန်း၏ အကြည့်များက အေးစက်နေပြီး နောက်ဆက်တွဲပုံရိပ်များချန်ရစ်ကာ တိုင်ရှီးချန်ထံ အမြန်ချဉ်းကပ်ခဲ့သည်။

ဒေါင်...ဒေါင်......

ရုတ်​တရက်​ ​ခေါင်း​လောင်းသံမြည်​လာပြီး ကမ္ဘာကြီးတခုလုံး ရုတ်​တရက်​တိတ်​ဆိတ်​သွားသည်​။ တိုင်ရှီးချန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ယဲ့ကျန်းလည်း အလားတူပင်။ နှစ်ယောက်စလုံး မှင်သက်နေကြ၏။

"ဘာကြောင့် အသေအပျောက်တွေ များနေတာလဲ"

ဘာမှမထူးခြားသော အသံတစ်ခုက ကမ္ဘာအနှံ့ ပဲ့တင်ထပ်ကာ လူတိုင်းကို နှိုးဆွပေးခဲ့သည်။

ယဲ့ကျန်း လှည့်ကြည့်တေယ့ မယုံနိုင်စွာ မျက်လုံးပြူးသွားသည်။ သူ့မျက်လုံးထဲတွင် ထက်မြက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ကောင်းကင်၌ မိုးကြိုးတိမ်တိုက်များ ကွဲသွားကာ တိမ်တိုက်များထက်တွင် နတ်ဘုရားတပါးလို တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦး ရပ်တည်နေ၏။ ထိုပုဂ္ဂိုလ်က ပေပေါင်း သောင်းနှင့်ချီမြင့်ပြီး နေမင်းကြီးတစင်းက သူ့ဉီးခေါင်းနောက်တွင် ထွန်းလင်းနေသည်။ စူးရှသော နေရောင်ခြည်က သူ့မျက်နှာကို ဖုံးအုပ်ထား၍ သူ၏ရုပ်သွင်ပြင်ကို မည်သူမှ မမြင်နိုင်တော့ပေ။

All Chapters