နှစ်ပေါင်း ၅၀၀ ကြာ ဖိနှိပ်ခံခဲ့ရသော.... တားမြစ်ရှေးဟောင်းသစ်တော
Vol. 25 Ch. 366
ယဲ့ကျန်းက မြင့်မားပြီး သန်မာသော ကျန်းချန်ရှန်းကို မော့ကြည့် ပြီး ထိတ်လန့် သွားခဲ့သည်။ ဒါဟာ လှည့်စားမှုလား၊ သူ့ကိုယ်ခန္ဓာအစစ်အမှန်လားဆိုတာ သူမသိခဲ့ပေ။
အရေးကြီးဆုံးမှာ သူသည် တဖက်လူ၏အရိပ်ကို မမြင်နိုင်ခဲ့ပေ။ နိဗ္ဗန်သုံးခုကို ဖြတ်ကျော်ပြီးနောက် ပြန်မွေးဖွားလာပြီး တစ်ခါမျှမကြုံဖူးသော အဆင့်သို့ ရောက်ရှိခဲ့သည်။ ဒါပေမဲ့ ကျန်းချန်ရှန်း ရှေ့မှာ ပြောမပြနိုင်လောက်အောင် ကြောက်လန့်နေမိသည်။ ဒါက သူ့ရဲ့ပင်ကိုအသိစိတ်ကြောင့် သူမထိန်းချုပ်နိုင်တဲ့ စိတ်လှုပ်ရှားမှုပင်....
တိုင်ရှီးချန်လည်း တာအိုဘိုးဘေး ပေါ်လာသည်ကို မြင်သောအခါ သူ၏ဆင်ခြင်တုံတရား လျင်မြန်စွာ ပြန်ကောင်းလာပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူ့အနေဖြင့် တုနှိိုင်းမဲ့နိဗ္ဗာန်ဖန်ဆင်းခြင်းနည်းစနစ်ကို အနိုင်ရနိုင်မည်ဟု မယုံကြည်ခဲ့ချေ။
အဝေးမှာရှိနေတဲ့ ပျက်စီးနေတဲ့ မြို့တစ်မြို့မှာ လုကျိူးနဲ့ တခြားသိုင်းပညာရှင်တွေ ဝမ်းသာအားရငိုကြွေးပြီး မိုးကုပ်စက်ဝိုင်းအဆုံးမှာ ရပ်နေတဲ့ တာအိုဘိုးဘေးကို ဦးညွှတ်ကြကုန်သည်။ ယဲ့ချင်းဇီက တာအိုဘိုးဘေးကို မျက်မှောင်ကြုံကာ ကြည့်နေသည်။ သူတို့ရှေ့မှာ တာအိုဘိုးဘေး ပေါ်လာမယ့် မြင်ကွင်းကိုစိတ်ကူးခဲ့ပေမဲ့ ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ခဲ့ပေ။
ကောင်းကင်တိမ်ပင်လယ်အထက်ရှိ ကောင်းကင်စစ်သားများနှင့် ဗိုလ်ချုပ်များလည်း သက်ပြင်းချခဲ့ကြသည်။ ယဲ့ကျန်းရဲ့ ခွန်အားက သူတို့ကို ကြောက် စေ ခဲ့ကာ တိုင်ရှီးချန်တောင် ၡုံးနိမ့်ခဲ့လျှင်ကောင်းကင်တရားရုံးအတွက် ပြင်းထန်သောထိုးနှက်မှုကိုခံရမည်။
"မင်းတို့ရဲ့ မုန်းတီးမှုကို လူသားတွေအပေါ် မပုံချသင့်ဘူး..."
ကျန်းချန်ရှန်းက တိမ်ပေါ်တွင် ရပ်ပြီး စိတ်မဝင်စားတဲ့လေသံနဲ့ ပြောလိုက်သည်။
လျို့ဟုန်အချုပ်မင်းဆက်တွင်ယုံကြည်သူ ပိုများလာပြီး အကြောင်းရင်းအများစုမှာ ယဲ့ကျန်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် လူထုကို မကျေမနပ်ဖြစ်စေသည်။
လျို့ဟုန်မင်းဆက်၏ ခွန်အားက ယဲ့ကျန်း၏ခွန်အားအပေါ် အခြေပြုခဲ့သော်လည်း လျို့ဟုန်မင်းဆက်မှ ပြည်သူများ ချမ်းသာကြွယ်ဝမှုမရှိကြချေ။ ယဲ့ကျန်းက ဧကရာဇ် ဖြစ်သော်လည်း သူ သည် မိမိအတွက်သာ စဉ်းစားတတ်သူဖြစ်သည်။ သူသည် ထူးခြားသော စွမ်းရည်ရှိသော လူများကိုသာ ဂရုစိုက်ခဲ့ သည်။ သူ၏နန်းတော်၌ပင်လျှင် အသွင်အပြင်မည်သို့ပင်ရှိပါစေ ထူးခြားသောသိုင်းပညာစွမ်းရည်ရှိသည့် အမျိုးသမီးများဖြင့် ပြည့်နေသည်။
ယဲ့ကျန်းက ကျန်းချန်ရှန်းကို မော့ကြည့်ပြီး..... "တာအိုဘိုးဘေး၊ မင်းနဲ့ တိုက်ခိုက်ချင်နေတာ ကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပြီဆိုတော့ ငါတို့ယဲ့ကလန်ရဲ့အစွမ်းကို မြည်းစမ်းကြည့်လိုက်စမ်း...."
သူ့ကိုယ်ခန္ဓာကနေ အဖြူရောင်စွမ်းအင်တွေ အဆက်မပြတ် ပျံ့နှံ့သွားပြီး သူ့အရှိန်အဟုန်က တစ်ဖန် အလျင်အမြန် မြင့်တက်လာသည်။ သူ့ကိုယ်ခန္ဓာပေါ်မှာ သွတေစက်တွေ ပိုများလာပြီး လည်ပင်းပေါ်က သွေးကြောတွေ ဖောင်းပွလာကာ သူ့ကိုယ်ခန္ဓာတစ်ခုလုံး ပိုသန်မာလာပုံရသည်။
သူက ဒေါသတကြီးအော်ဟစ်ပြီး မြားတစ်စင်းလို အရှိန်ဖြင့် ပျံသန်းလာပြီး ကျန်းချန်ရှန်းဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာသော လေစီးကြောင်းရှည်များကို ဖြစ်ပေါ်စေခဲ့သည်။
ပေ ၁၀,၀၀၀ မြင့်သော ကျန်းချန်ရှန်း မည်မျှတန်ခိုးကြီးခဲ့သနည်း.....
ယဲ့ကျန်းရဲ့မျက်နှာကို သူ၏လက်ဖဝါးရဲ့ ရိုက်ချလိုက်တော့.....
ဝုန်းးးး
ယဲ့ကျန်း နှလုံးခုန်ရပ်သွားသလိုခံစားရပြီး စိတ်ကူး၍မရနိုင်သော ဖိအားများက သူ၏တိုက်ပွဲစိတ်ဓာတ်ကို တိုက်ရိုက်ပျက်စီးစေခဲ့သည်။ သူ့အရှိန်အဟုန် ချက်ချင်း ကျဆင်းပြီး သွေးအန်ကာ လဲကျသွားလေသည်။
ကမ္ဘာကြီးတခုလုံး တိတ်ဆိတ်နေ၏....
ပရိသတ်များ၏အရှေ့တွင် တာအိုဘိုးဘေးက ယဲ့ကျန်း မလဲကျမီ သူ၏လက်ဖဝါးကို ပေါ့ပေါ့တန်တန် ဖိနှိပ်လိုက်ရုံသာဖြစ်သည်။
အဲဒါက ဘယ်လိုခွန်အားမျိုးလဲ.....
မည်သူမျှ နားမလည်နိုင်ကြသည့်အပြင် ယင်းကို သူတို့နားမလည်နိုင်သောကြောင့် အံ့သြမိန်းမောခဲ့ကြသည်။
တိုင်ရှီးချန် ပို၍ပင် နက်ရှိုင်းစွာ ခံစားခဲ့ရသည်။ ယဲ့ကျန်းက နိဗ္ဗန်ကို နောက်တစ်ကြိမ် ဖြတ်သန်းခဲ့ပြီဖြစ်သောကြောင့် သူနှင့်တိုက်ခိုက်စဉ်ကထက် ပိုသန်မာလာသည်။ အဲဒီအချိန်မှာတောင် တာအိုဘိုးဘေးရဲ့ ထိုးနှက်ချက်တစ်ခုကိုတောင် မခံနိုင်ခဲ့ပေ။
" စီနီယာက ထင်ထားတဲ့အတိုင်းပဲ..သူ့ခွန်အားက မဟာရွှမ်းဟန်ကမ္ဘာကြီးမှာတောင် ကျော်ကြားတဲ့ ကျွမ်းကျင်သူတစ်ဦးလာလိမ့်မယ်... သူက အနည်းဆုံး တာအိုစစ်ဝိဉာဉ်နယ်ပယ်ကိုရောက်နေလောက်ပြီ...."
တိုင်ရှီးချန် စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။ တာအိုစစ်ဝိဉာဉ်နယ်ပယ်မှာရှိတဲ့သူတွေဟာ တွေ့ရခဲတဲ့သူတွေဖြစ်ကြသည်။
ဖုန်မှုန့်တွေ ပျောက်သွားပြီး ယဲ့ကျန်း အပျက်အစီးတွေကြားမှာ လဲကျသွားသည်။ သူ့တကိုယ်လုံး သွေးတွေစိုရွှဲနေပြီး အလွန်အားနည်းနေကာ မျက်လုံးတောင်မဖွင့်နိုင်တော့ပေ။
"ယဲ့ကျန်းက ဆိုးသွမ်းမှုများစွာကို ပြုလုပ်ခဲ့ပေမယ့် လျို့ဟုန်မင်းဆက်ကို တည်ထောင်ခဲ့ပြီး လူသန်းပေါင်းများစွာကို ကာကွယ်ပေးခဲ့တယ်..ဒါကြောင့် အပြစ်ပေးတဲ့အနေနဲ့ နှစ်ပေါင်း ၅၀၀ တိုင်အောင် ဖိနှိပ်ခံရမှာဖြစ်ပြီး နံရံကိုမျက်နှာမူပြီး သူ့အမှားကို ဆင်ခြင်သုံးသပ်ရမယ်.... ပြစ်ဒဏ်ကာလအတွင်း အသိတရားရနိုင်ဖို့မျှော်လင့်ပါတယ်...."
ကျန်းချန်ရှန်းရဲ့အသံက ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်နေသည်။ သူလက်ထောင်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ ကျောက်စရစ်တွေ မြေပေါ်ကနေ ထွက်လာပြီး အလျင်အမြန် စုစည်းသွားကာ လူတိုင်းရဲ့ မယုံနိုင်တဲ့အကြည့်အောက်မှာပင် ပေ ၁၀၀၀ မြင့်တဲ့ တောင်ကြီးတစ်ခုအဖြစ် ကျုံ့သွားပြီး ယဲ့ကျန်းကို အုပ်မိုးလိုက်လေသည်ယ
မဟာဖန်ဆင်းခြင်းပညာရပ်!
"ဒီဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့တဲ့နိုင်ငံသားတွေက အပြစ်ကင်းကြပြီး စစ်ပွဲမှာ ကောင်းကင်တရားရုံး ပါဝင်ပတ်သက်နေတာကြောင့် ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ကို ငါအသုံးပြုမယ်.....!"
ကျန်းချန်ရှန်းရဲ့အသံ ထွက်လာပြန်ပြီး သူ့လက်ဖဝါးကနေ မရေမတွက်နိုင်တဲ့ အစိမ်းရောင်အလင်းတန်းတွေ ထွက်လာပြီး ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့နေတဲ့ ကြယ်မိုးအဖြစ် ပြောင်းလဲသွားသည်။ ဒါတွေအားလုံးကို လုပ်ပြီးတဲ့နောက် မိုးတိမ်ပင်လယ်ထဲမှာ ပျောက်ကွယ်သွားလေတော့သည်။
"အောင်ပြီဟေ့....!"
လုကျိူး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်ပြီး မတ်တတ်ရပ်ကာ လက်သီးလက်မောင်းတန်း ကြွေးကြောနေသည်။
ပျက်စီးနေသော မြို့အတွင်းကနေ အားပေးသံများ ထွက်လာခဲ့သည်။ ယဲ့ချင်းဇီ တစ်ခဏမျှ အံ့အားသင့်သွားပြီး ထိုနေရာမှ လျင်မြန်စွာပြေးထွက်သွားလေသည်။
သူသည် လူသူကင်းမဲ့သော ပေ ၁၀၀၀ မြင့်သည့်တောင်ပေါ်သို့ ရောက်ရှိခဲ့ကာ တောင်ကို အပိုင်းပိုင်းခွဲပစ်ရန် လက်ဝှေ့ယမ်းခဲ့သော်လည်း မလုပ်နိုင်ခဲ့ပေ။ သူ၏စစ်မှန်သောချီဓာတ်များ တောင်ကို ထိမိသည်နှင့်တစ်ပြိုင်နက် အလိုအလျောက် ပျောက်ကွယ်သွားသည်။
"ယဲ့ကျန်း!"
ယဲ့ကျန်းရဲ့ လက်ရှိအခြေအနေကို စိတ်ကူးမဝံ့တဲ့အတွက် ယဲ့ချင်းဇီ ငိုကြွေးလေတော့သည်။
" မမိုက်မဲနဲ.... တာအိုဘိုးဘေးက နှစ်ပေါင်း ၅၀၀ ကြာ နံရံကိုမျက်နှာမူပြီးဆင်ခြင်ရမယ်လို့ ပြောပြီးသား.... အလျင်စလို လုပ်မယ်ဆိုရင် တာအိုဘိုးဘေးက သူ့ကိုသတ်ပစ်နိုင်တယ်.... ငါတ်ိုု့အတွက် အနှစ် ၅၀၀ ဆိုတာ တခဏလေးပါပဲ..."
တိုင်ရှီးချန်၏အသံထွက်လာပြီး သူ၏လေသံမှာ လှောင်ပြောင်မှုနှင့်ပြည့်နေသည်။
ယဲ့ချင်းဇီက သူ့ကိုလှည့်ကြည့်ပြီး အံကြိတ်လိုက်ကာ.... "တိုင်ရှီးချန်စီ....ရှင် တာအိုဘိုးဘေးအတွက် ဘာဖြစ်လို့ အလုပ်လုပ်ပေးနေတာလဲ.... ဘာဖြစ်လို့ ငါတို့နောက်ကို လိုက်နေတာလဲ...."
တိုင်ရှီးချန်က ... "တာအိုဘိုးဘေးအတွက် အလုပ်လုပ်ရတာ ငါ့အတွက်ကောင်းချီးပဲ.... မင်းတို့နောက်ကို ဘာလို့လိုက်နေရမှာလဲ...ကိုယ့်ကိုကိုယ်အထင်သိပ်ကြီးမနေနဲ့...ငါက ယဲ့ကလန် ကိုပဲ မုန်းတာ....ယဲ့ရှန်ခုန်း နတ်ဘုရားသိုင်းနယ်မြေမှာ
ပိတ်မိနေတုန်းက ယဲ့ကလန်သားတွေဘာလုပ်နေခဲ့လဲ....နတ်ဘုရားသိုင်းနယ်မြေရဲ့ ဒေါသကို ပြေပျောက်စေဖို့ စာချုပ်တွေမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်မလား.... မင်းတို့ရဲ့ ယဲ့ကလန် ဒီနေ့မှာရှိနေတာက မင်းရဲ့အမှားပဲ.... မင်းတို့ကလန်က ပါရမီရှင်တွေကို ဘယ်လိုကာကွယ်ပေးကြသလဲ..... !"
ယဲ့ချင်းဇီ တိတ်ဆိတ်နေပြီး ချေပဖို့ ခွန်အားမရှိခဲ့ပေ။
တိုင်ရှီးချန်က ဆက်လက်ပြီး..
"ဒီကောင်လေးကို သေချာစောင့်ကြည့်ထား...ဒီနေ့တိုက်ပွဲမှာ ငါ သူ့အပေါ်အမြင်သစ်နဲ့လေးစားမိတယ်...."
ယဲ့ချင်းဇီ အသိပြန်ဝင်လာပြီး သူ့နောက်ကို အလျင်အမြန်လိုက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် တောင်ထဲ၌....
သွေးတွေစိုရွှဲနေတဲ့ ယဲ့ကျန်းခင်မျာ ခက်ခဲစွာထထိုင်လိုက်တော့ ဂူတစ်ခုတွင် ချုပ်နှောင်ခံထားသည်ကို တွေ့ရှိခဲ့သည်။ သူလှည့်ကြည့်လိုက်ရာ ဂူဝင်ပေါက်က ရေကဲ့သို့ တောက်ပနေသည်ကို တွေ့လိုက်ရသည်။
"တာအိုဘိုးဘေး..."
ယဲ့ကျန်း နာကျင်သောမျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်သည်။
တဖက်လူက သူ့ရဲ့ တုနှိုင်းမဲ့နိဗ္ဗာန်ဖန်ဆင်းခြင်းနည်းစနစ်ကို လက်တစ်ဖက်နဲ့ ချိုးဖျက်လိုက်ပြီး သူ့ကို ကြောက်လန့်စေခဲ့သည်။
ယခင်က တာအိုဘိုးဘေးကို သာမန် မူလကောင်းကင်အဓိပတိနယ်ပယ်မျှသာဖြစ်သည်ဟု သူထင်မှတ်ခဲ့သည်။
"ဝမ်းနည်းစရာပဲ...တဖက်လူက မင်းကို မသတ်ဘဲ ကြင်နာမှုပြသနေပြီ.... မင်း အနှစ် ၅၀၀ လောက်ပဲ အကျဉ်းချခံရဖို့ပဲမျှော်လင့်ရမယ်...."
ယဲ့ကျန်း စိတ်ထဲမှာ ယဲ့ကလန်ဘိုးဘေးရဲ့အသံ ကြားလိုက်ရသည်။
" သူ့ရဲ့ပြန်လည်ရှင်သန်ခြင်းစွမ်းရည်က တကယ်ပဲလားဆိုတာ သိချင်တယ်...ဒါ့အပြင် ဒီတောင်က မရိုးရှင်းဘူး...စစ်မှန်တဲ့ချီနဲ့ ဖန်တီးထားတာမဟုတ်လောက်ဘူးထင်တယ်... ကောင်းကင်နဲ့မြေပြင်
နိယာမတရားတွေ ပါဝင်နေတယ်လို့ခံစားရတယ်...."
ယဲ့ကျန်းက ဘိုးဘေးရဲ့စကားကို လျစ်လျူရှုပြီး စိတ်ထဲမှာ တခုခုကိုတွေးတောနေသည်။ တုနှ်ိုင်းမဲ့နိဗ္ဗာန်ဖန်ဆင်းခြင်းနည်းစနစ်ကို ကျွမ်းကျင်လာသည်နှင့် ပိုသန်မာလာပြီး ယဲ့ကလန်အတွက် လက်စားချေရန် မျှော်လင့်ချက်ပင်ရှိသည်ဟု ခံစားခဲ့ရသည်။ သို့သော်
မမျှော်လင့်ဘဲ ...
ခဏကြာပြီးတဲ့နောက်တွင်.....
ယဲ့ချင်းဇီ ဂူအဝင်ဝမှာ ရောက်လာပြီး အပြေးအလွှားဝင်ချင်ပေမဲ့ အတားအဆီးကြောင့် သီးခြားဖြစ်နေပြီး ဝင်လို့မရပေ။
"ယဲ့ကျန်း အဆင်ပြေလား..."
ယဲ့ချင်းဇီ မျက်ရည်တွေ မထိန်းနိုင်အောင်ကျဆင်းနေရင်းကနေ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
ယဲ့ကျန်း မော့ကြည့်ပြီး.... " အရမ်းပင်ပန်းနေပေမယ့်အဆင်ပြေပါတယ်.... မင်း ငါ့ အတွက် စိုးရိမ်မနေနဲ့.... မင်းဆက်ကို တည်ငြိမ်အောင်ထိန်းချုပ်ဖို့ မင်းသားကို ထီးနန်းတက်ခိုင်းဖို့စီစဉ်ပါ...."
"ဒါပေမဲ့ ... ”
" အနိုင်ရတဲ့သူက အားလုံးကိုအပိုင်ရမယ်.... ဒါ့အပြင် ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး...."
ယဲ့ကျန်း ကြားဖြတ်ပြောလိုက်ရင်း သူ့မျက်နှာမှာ သွေးဖုံးလွှမ်းနေပေမဲ့ မျက်လုံးတွေ ကြည်လင်လာသည်။
ကြီးမားသော ရှုံးနိမ့်မှုက သူ့ကို နိုးထစေခဲ့ပြီ.....
"ကောင်းပါပြီ...ရှုံးတာက ရှူံးတာပဲ.. ယဲ့ရှန်ခုံးလည်း ရှုံးနိမ့်ခဲ့ဖူးတာပဲလေ... အားနည်းနေချိန်မှာ ရှုံးနိမ့်ခြင်းကနေ သင်ခန်းစာ သင်ယူရမယ်...ဒီအနှစ် ၅၀၀ သည် ပြစ်ဒဏ်တခုလို့ထင်ရပေမယ့် ကောင်းတဲ့အချက်လည်းရှိတယ်...
ပြင်ပလောကမှလာသူများအပါအဝင် နောင်နှစ်ပေါင်း ၅၀၀ အတွင်း အနည်းဆုံး ဘယ်သူမှ မင်းကို အနှောင့်အယှက်ပေးနိုင်မှာမဟုတ်ဘူး...."
ကွေ့ကောက်သောဥမင်လိုဏ်ခေါင်းမှတဆင့် တိုင်ရှီးချန်၏အသံကို ကြားနိုင်ခဲ့သည်။ တိုင်ရှီးချန်ကိုတွေ့တဲ့အခါ ယဲ့ကျန်းရဲ့အကြည့်တွေ အေးစက်သွားပေမဲ့ ဘာမှမပြောခဲ့ပေ။
တိုင်ရှီးချန်က... "ယဲ့ကလန် ကျဆုံးသွားပြီ... ယဲ့ကလန် ကို ပြန်လည်တည်ဆောက်ချင်ရင် ထောက်ပံ့ပေးန်ုင်သူတစ်ဦးကို ရွေးချယ်ရမယ်..... အထက်ကမ္ဘာမှာ နတ်ဘုရားသိုင်းနယ်မြေရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နိုင်တဲ့ ထောက်ပံ့သူ အများအပြားမရှိပေမယ့် ဒီမှာတော့ ရှိပါသေးတယ်...."
ယဲ့ကျန်း ဒါကိုကြားတဲ့အခါ ချက်ချင်းပဲ စဉ်းစားမိလိုက်သည်။
ယဲ့ချင်းဇီက ထိတ်လန့်တုန်လှုပ်စွာနဲ့ "ကောင်းကင်တရားရုံးကို အညံ့ခံစေချင်တာလား" လို့မေးလိုက်သည်။
တိုင်ရှီးချန်က ..."ကောင်းကင်တရားရုံးမှာ အထက်တန်းလွှာမျိုးနွယ်စုနဲ့ မျိုးနွယ်စုအတော်များများရှိတယ်.... ကောင်းကင်တရားရုံး တိုးချဲ့တဲ့အခါ နောက်ထပ် နတ်ဘုရားသိုင်းနယ်မြေတခုဖြစ်လာနိုင်တယ်...ကောင်းကင်တရားရုံးတိုးတက်လာရင် မင်းတို့ယဲ့ကလန်လဲ တိုးတက်လာမှာပဲ...ဒါပေမယ့်လည်း ဒါတွေက မင်းရဲ့လုပ်ဆောင်ချက်ပေါ်မူတည်နေတယ်...အနှစ် ၅၀၀အတွင်း တဖြည်းဖြည်း စဉ်းစားကြည့်ပေါ့ကွာ.... ”
အဲဒီလိုပြောပြီးတဲ့နောက် တိုင်ရှီးချန် လှည့် ထွက်သွားလေသည်။
ယဲ့ချင်းဇီက ယဲ့ကျန်းကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ အမှန်မှာ သူမ သွေးဆောင်ခံခဲ့ရပြီဖြစ်သည်။ ကောင်းကင်တရားရုံးသို့ဝင်ခြင်းသည် အမှန်ပင် ကောင်းသောရွေးချယ်မှုတစ်ခုဖြစ်သည်။ သူတို့နှစ်ယောက်တည်းနဲ့ ယဲ့ကလန်ကို ပြန်လည်ထူထောင်ဖို့ ခက်ခဲလှပေသည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌....
"တင်းထျန်းခေါတ်၏ ၁၁၄ နှစ်မြောက်မှာ ယဲ့ကျန်းက သင့်ကို တိုက်ခိုက်ခဲ့သည်။ ထိုသူ၏စိန်ခေါ်မှုမှ အောင်မြင် စွာ လွတ်မြောက်ခဲ့ပြီး ဘေးဆိုးတစ်ခုကို ရှောင်ရှားနိုင်ခဲ့သည်။ထို့ကြောင့် ရှင်သန်ခြင်းဆုလာဘ်အဖြစ်တားမြစ်ရှေးဟောင်းသစ်တောကို ရရှိထားသည်။"
အသိပေးချက်ကို ကြည့်လိုက်တဲ့အခါ ကျန်းချန်ရှန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဤ တိုက်ခိုက်မှုက မူလကောင်းကင်အဓိပတိနယ်ပယ် ကျွမ်းကျင်သူများကို တိုက်ခိုက်ခြင်းဖြင့် ရှင်သန်ခြင်းဆုလာဘ်ရန်ိုင်သလားဟု စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယဲ့ကျန်း၏အရှိန်အဟုန်က တိုင်ရှီးချန်ထက် များစွာကျော်လွန်ခဲ့သည်။ သူ့ကို သာမန် မူလကောင်းကင်အဓိပတိနယ်ပယ်ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်၍မရနိုင်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ နိဗ္ဗန်လေးခုကို ဖြတ်ကျော်ပြီးနောက် ယဲ့ကျန်း ပြန်မွေးဖွားလုနီးပါးဖြစ်ခဲ့သည်။ အချိန်မီမလုပ်ဆောင်ခဲ့ပါက တိုင်ရှီးချန်ပင်လျှင် သံသယမရှိဘဲ သေဆုံးသွားပေမည်။
ယဲ့ကျန်းပင်လျှင် ထိုသို့သော အကောင်းဆုံးနည်းစနစ်ကို ပြသနိုင်မည်ဆိုလျှင် မဟာရွှမ်းဟန်ကမ္ဘာရှိ ကျွမ်းကျင်သူများကို သူတို့၏နယ်ပယ်ဖြင့် တိုင်းတာနိုင်မည်မဟုတ်တော့ပေ။
ကျန်းချန်ရှန်း တိတ်ဆိတ်စွာတွေးတောပြီး တားမြစ်ရှေးဟောင်းသစ်တောအကြောင်းအချက်အလက်များကို လက်ခံလိုက်သည်။
တားမြစ်ရှေးဟောင်းသစ်တောတွင် စူးစမ်းကြည့်တတ်သူများကို သီးခြားဖြစ်စေနိုင်သည့် ရှုပ်ထွေးသော ကန့်သတ်ချက်များ ပါဝင်သည်။ သစ်တောထဲမှာရှိတဲ့လူတွေကို ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ် ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားစေနိုင်ပြီး အဆုံးမဲ့စိတ်ကူးယဉ်မှုတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုများ ခံစားရအောင် ဖိအားပေးနိုင်သည်။
ဒီအရာကို လူတွေကို စစ်ဆေးမေးမြန်းဖို့ ဒါမှမဟုတ် အလင်းပြပေးဖို့ပဲ အသုံးပြုနိုင်ကာ ကျန်းချန်ရှန်းရဲ့ ခွန်အားကို တိုက်ရိုက် မတိုးပွားစေနိုင်ပေ။
ကျန်းချန်ရှန်း စိတ်မပျက်ခဲ့ပေ။ အဲဒီအစား အတော်ကောင်းတယ်လို့ သူခံစားရသည်။နောက်ဆုံးတော့ ယဲ့ကျန်းက တာအိုစစ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူမဟုတ်ဘူးပေ။
သူသာ အလျင်စလို မပြုမူသရွေ့ အချိန်တိုအတွင်း တာအိုစစ်ဝိဉာဉ်နယ်ပယ်နှင့် တွေ့ဆုံရန် ခက်ခဲပေမည်။
သူ၏ခွန်အား တာအိုစစ်ဝိဉာဉ်နယ်ပယ် ထက် မကျော်လွန်လျှင် တာအိုစစ်ဝိဉာဉ်နယ်ပယ်တွင်ရှိသူများကို သွားမဆွသင့်ပေ။
ကျန်းချန်ရှန်း တားမြစ်ရှေးဟောင်းသစ်တောကို ထုတ်လိုက်တော့
ထိုသစ်တောသည် စွန်ပလွံတစ်ပင်အရွယ်သာရှိပြီး ရွှေရောင်တောက်ပနေသည်။
မှောင်မိုက်သောလေဟာနယ်ထဲ၌.....
ရှေးဟောင်းမျှော်စင်တစ်ခု တည်ရှိပြီး မျှော်စင်ထိပ်မှာ ကျောက်တိုင်ကြီးတွေရှိတဲ့ စင်မြင့်အလွတ်တစ်ခုရှိသည်။ တိုင်ထိပ်ပေါ်မှာ အပြာရောင်မီးတောက်တွေ ထွန်းလင်းနေပြီး ဤစင်မြင့်၏အချင်းဝက်က အနည်းဆုံး မိုင်တစ်ရာရှိသည်။
မျှော်စင်အထက် လေထုထဲတွင် လူတစ်ဦး တရားထိုင်နေပြီး သူ့ကိုယ်ခန္ဓာထဲသို့ အစီစဉ်မကျသောလေစီးကြောင်းများစီးဝင်နေသည်။ တရားထိုင်နေသူက အသက်အရွယ်ကြီးရင့်သောအဘိုးအိုတဉီးဖြစ်သည်။
ရုတ်တရက် မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုံကာ... "နိဗ္ဗာန်ရဲ့အငွေ့အသက်...... ဒီစကြဝဠာထဲမှာ ဒီနည်းစနစ်ကို ကျွမ်းကျင်တဲ့ တခြားတစ်ယောက်ယောက်ရှိနေသေးတာလား...."
သူသည် နိဗ္ဗာန်အငွေ့အသက်၏ဦးတည်ချက်ကို ဂရုတစိုက် အာရုံခံလာပြီး မကြာမီ ရှာတွေ့သွားသည်။
ခဏကြာပြီးတဲ့နောက်မှာ.....
လူတစ်ဦး ကျောက်တိုင်ပေါ်ရှိ အပြာရောင်မီးလျှံထဲမှ ထွက်လာပြီး သူ့ရှေ့သို့ ရောက်လာကာ ဦးညွှတ်လိုက်ပြီး " ကောင်းကင်သူတော်စင်.... ကျွန်တော့်ကို ဘာများညွှန်ကြားမလို့ပါလဲ..."
ထိုသူသည် အဝါရောင်ပုံစံများပါသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောသူတဉီးဖြစ်သည်။ သူ၏ဆံပင်ရှည်ကို စုစည်းထားပြီး အေးအေးဆေးဆေး နေတတ်သူပုံပေါက်သည်။
အဘိုးအိုက "တုနှ်ိုင်းနဲ့နိဗ္ဗာန်ဖန်ဆင်းခြင်းနည်းစနစ်ကို စူးစမ်းလေ့လာဖို့ အောက်ပိုင်းနယ်ပယ်က သိုင်းကမ္ဘာကို သွားဖို့လိုတယ်" ဟုပြန်ဖြေခဲ့သည်။
ဒါကိုကြားတော့ ဝတ်ရုံဖြူဝတ်ဆင်ထားသူ ထိတ်လန့်သွားပြီး အလျင်အမြန် မျက်မှောင်ကြုံလိုက်မိတော့သည်။