← Chapters

ထျန်းဂျန်တောင်... နတ်ဘုရားနန်းတော်သခင် ဆင်းသက်လာခြင်း......

Vol. 25 Ch. 367

ထျန်းဂျန်တောင်... နတ်ဘုရားနန်းတော်သခင် ဆင်းသက်လာခြင်း......

Vol. 25 Ch. 367

"ယဲ့ရှန်ခုန်းက နှစ်ပေါင်းများစွာ ပြည်နှင်ဒဏ်ခံခဲ့ထားရတယ်... တုနှိုင်းမဲ့နိဗ္ဗန်ဖန်ဆင်းခြင်းနည်းစနစကို ဘယ်လိုလက်ဆင့်ကမ်းနိုင်မှာလဲ... "

ဝတ်ရုံဖြူဝတ်ဆင်ထားသူက အံ့သြပြီး ရှုပ်ထွေးစွာ မေးလိုက်သည်။

ကောင်းကင်သူတော်စင်လို့ခေါ်တဲ့ အဘိုးအိုက "တုနှိုင်းမဲ့နိဗ္ဗန်အထိပ်ဖန်ဆင်းခြင်းနည်းစနစ်ဟာ မျိုး​နွယ်စုတစ်ခုတည်းကနေ လက်ဆင့်ကမ်းလာတာမဟုတ်ဘူး... အမှန်တိုင်းပြောရရင် ဒီနည်းစနစ်ကို နတ်ဘုရားသိုင်းနယ်​မြေက ယဲ့ရှန်ခုန်းဆီကဆင်းသက်လာတယ်လို့ပဲ တစ်ဖက်တစ်ဖက်ပြောဆိုနေတာ...."

ဝတ်ရုံဖြူဝတ်ထားတဲ့သူက တိတ်ဆိတ်နေပြီး နောက်ထပ် မည်သည့်မေးခွန်းကိုမျှ မမေးခဲ့ချေ။ အဲဒီအစား မတ်တတ်ရပ်ပြီး အပြာရောင်မီးလျှံထဲကို လျင်မြန်စွာ တိုးဝင် ပျောက်ကွယ်သွားသည်။သူသည်လည်း ယခင်ကကဲ့သို့ တည်ငြိမ်မှုမရှိတော့ချေ။

ကောင်းကင်သူတော်စင်က မျက်လုံးကိုပိတ်ပြီး ဆက်လက် တရားထိုင်နေခဲ့သည်။

လျို့ဟုန်မင်းဆက်၏ ဧကရာဇ်ကို တာအိုဘိုးဘေးက တောင်ထဲထည့်ပိတ်ခဲ့တယ်....

လျို့ဟုန်မင်းဆက်တွင် ရုတ်ရုတ်သဲသဲဖြစ်နေပြီး ဤစစ်ပွဲက အပြစ်မဲ့နိုင်ငံသားများစွာကို ထိခိုက်ခဲ့သည်။ တာအိုဘိုးဘေးက သူ၏မြင့်မြတ်သောတန်ခိုးကို အသုံးပြုခဲ့သော်လည်း အပျက်အယွင်းမရှိသော ကိုယ်ခန္ဓာများနှင့် အလောင်းများကိုသာ ပြန်လည်အသက်သွင်းစေနိုင်ခဲ့သည်။ ထို့ကြောင့် လျို့ဟုန်မင်းဆက်က ပြည်သူများ စိတ်ပျက်အားလျော့နေဆဲဖြစ်သည်။

တာအိုဘိုးဘေး၏ လုပ်ရပ်များကြောင့် လျို့ဟုန်မင်းဆက်တွင် ယုံကြည်သူ ပိုများလာသည်။ လျို့ဟုန်မင်းဆက်၏ အိမ်ရှေ့စံမင်းသား ထီးနန်းတက်ခဲ့ပြီး အစိုးရနှင့် မင်းဆက်ကို တည်ငြိမ်စေခဲ့သော်လည်း ဤရေစီးကြောင်းကို မရပ်တန့်နိုင်ခဲ့ချေ။

ယဲ့ကျန်းကို နှိမ်နင်ခဲ့သောတောင်နှင့် ပတ်သက်သော သတင်းသည်လည်း အဆုံးမရှိသောသမုဒ္ဒရာ တစ်လျှောက် လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ ယင်းကို ကောင်းကင်မှဆင်းသက်လာသော တောင်ဟုအဓိပ္ပာယ်ရသော ထျန်းဂျန်တောင်ဟု လူသိများသည်။

ကောင်းကင်တရားရုံး၏ တင်းကျပ်သောအမိန့်များကြောင့် ယဲ့ကျန်းကို အထူးပြုစုစောင့်ရှောက်ခြင်းကို တားမြစ်ထားကာယဲ့ချင်းဇီပင်လျှင် တစ်ခါတစ်ရံမှသာ အစားအသောက်အချို့ကိုသာ ပို့ပေးနိုင်ခဲ့သည်။ သို့သော်လည်း သိုင်းပညာရှင်များနှင့်သာမန်လူတန်းစားများကတော့ ယဲ့ကျန်းထံ သွားလည်ပတ်ရန် တောင်ပေါ်သို့ လွတ်လပ်စွာတက်သွားနိုင်ကြသည်။

အများစုတော့သူတို့ရဲ့စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ဖို့ ယဲ့ကျန်းကို ရိုင်းစိုင်းစွာ ကျိန်ဆဲတတ်ကြသည်။

တောင်နတ်ဘုရားတစ်ပါးလည်း ထျန်းဂျန် တောင်တွင် မွေးဖွားခဲ့သည်။ ထိုသူက မြို့စား လုကျိုးဖြစ်ပြီး လူတိုင်းက လုကျိူးတောင်နတ်ဘုရားဖြစ်လာခြင်းကို တိတ်တဆိတ်သဘောတူခဲ့သည်။ ရည်ရွယ်ချက်က လူတွေရဲ့ ဒေါသနဲ့ မုန်းတီးမှုကို ယဲ့ကျန်း ခံစားစေဖို့ပင်ဖြစ်သည်။

အစပိုင်းတွင် ယဲ့ကျန်း ဒေါသထွက်ခဲ့သော်လည်း ဂူထဲမှ မထွက်နိုင်သဖြင့် ကြိတ်မှိတ်မျိုသိပ်နေရသည်။

နှစ်အတော်ကြာပြီးမှ သူ့စိတ်တည်ငြိမ်လာပြီး မိမိကိုယ်ကို ပြန်စဉ်းစားလာခဲ့သည်။

"ဘိုးဘေး...ကျွန်တော် တကယ်ပဲ တစ်ခုခုမှားခဲ့တာလား...."

ယဲ့ကျန်း ဂူအဝင်ဝတွင် မိခင်နှင့်သားတို့၏ ဒေါသတကြီးကျိန်ဆိုသံကို နားထောင်ပြီး စိတ်ရှုပ်ထွေးသွားသည်။

ယဲ့ကလန်ရဲ့ ဘိုးဘေးက သက်ပြင်းချပြီး.... "မင်း တကယ်မှားနေတာ.... ယဲ့ကလန်သားတွေအနေနဲ့ ဘဝမမြင့်သင့်ဘူး... ပြန်စဉ်းစားကြည့်လိုက်ရင် ယဒ့ကလန်ကအောက်ခြေကနေ ဒီနေ့အထိ တိုးတက်လာတယ်... သာမန်လူသားတွေရဲ့ ခွန်အားကို ဘယ်တော့မှ လျှော့မတွက်လိုက်နဲ့...."

သူ့စိတ်ထဲက အသံကို ကြားလိုက်ရတော့ ယဲ့ကျန်း တိတ်ဆိတ်သွားသည်။

အဲဒီအချိန်မှာ ကလေးတယောက်က ဘောင်းဘီချွတ်ပြီး ဆီးသွားနေတာကို ရုတ်တရက် တွေ့လိုက်ရသည်။ ပူနွေးသောဆီးများက ဝင်ပေါက်ရှိ ကန့်သတ်ချက်ကိုဖြတ်၍ ဂူထဲသို့ ရောက်လာသည်။ ပြင်းထန်တဲ့အနံ့က သူ့ယဲ့ကျန်းကို တုန်လှုပ်စေသည်။

"တာအိုဘိုးဘေးရဲ့ နည်းလမ်းတွေက တကယ့်ကို အံ့သြစရာကောင်းတယ်.... လူတွေ မဝင်နိုင်ပေမဲ့ အစားအသောက်တွေ မစင်၊ ဆီးနဲ့ ကြက်ဥပုပ်တွေကတော့ ဝင်နိုင်တယ်..."

ယဲ့ကလန် ဘိုးဘေးဟောင်းက အံ့သြသွားသော်လည်း သူက ခေါင်းစဉ်ပြောင်းပြီး... "အဲဒါက ယုတ္တိရှိပါတယ်...ဒါလိုမှ မင်း

အပြစ်ဒဏ် ခံနေရတယ်လို့ မှတ်ယူနိုင်မှာ....ဒီလိုမှမဟုတ်ရင် နောင်အနှစ် ၅၀၀ အထိ အသက်ရှင်နိူင်ပါ့မလား..."

ယဲ့ကျန်း အသက်ပြင်းပြင်းရှူပြီး ဂူဝင်ပေါက်ရှိ မိခင်နှင့်သားကို မကြည့်တော့ချေ။ ယင်းအစား သူသည် တွေးတောဆင်ခြင်ပြီး ဆက်လက်လေ့ကျင့်ခဲ့သည်။

"ကျွန်တော် လေ့ကျင့်နိုင်သေးတယ်ဆိုတဲ့အချက်က တာအိုဘိုးဘေး ကျွန်တော့်ကို အငြိုးမထားဘူးဆိုတာ ဆိုလိုတာပဲ... ဘိုးဘေး... ကျွန်တော် သူ့ကို အကြွေးတင်နေတယ်လို့ ထင်သလား...."

"ဟုတ်တာပေါ့...ဒီတောင်က မင်းအတွက် အပြစ်ပေးတဲ့နေရာအပြင် အကာအကွယ်ဆိုလည်းဟုတ်တယ်...တုနှိုင်းမဲနိဗ္ဗာန်ဖန်ဆင်းခြင်းနည်းစနစ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့သောကြောင့် ပြဿနာဖြစ်လာမှာ မလွဲမသေပဲ...အဲ့အချိန်ကျရင် တာအိုဘိုးဘေး မင်းအတွက်လှုပ်ရှားပေးမလား ကြည့်ကြစို့....သူလုပ်မယ်ဆိုရင် တိုင်ရှီးချန်လို့ခေါ်တဲ့ ကလေးလေးပြောတာ မှန်နေပြီ... ကောင်းကင်တရားရုံးနဲ့ပူးပေါင်းလိုက်တာလဲ ကောင်းတာပဲ... ယဲ့ကလန်မှာ ဒီလို သန်မာတဲ့ကျွမ်းကျင်သူတွေရဲ့ ကာကွယ်မှုလိုအပ်နေတယ်...."

"သူက ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်မယ်ဆိုရင် သူ့ရဲ့ကြင်နာမှုကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး... သူ့ရန်သူက ကျွန်တော့် ရန်သူပဲ!"

ယဲ့ကျန်း ဒီစကားတွေကို သူ့နှလုံးထဲကနေသား ပြောခဲ့တာဖြစ်ပြီး တာအိုဘိုးဘေး စိတ်ကျေနပ်ဖို့မဟုတ်ပေ။

ယဲ့ကလန်ရဲ့ ဘိုးဘေးက သက်ပြင်းချပြီး... "သူ့နောက်ခံကို သိချင်တယ်...မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ ဒီလိုလူမျိုး ဘယ်အချိန်ကပေါ်လာတာလဲ... အရင်တုန်းက ရှန်ခုန်းနောက်လိုက်ပြီး နှစ်ပေါင်းထောင်နဲ့ချီ အတားအဆီးမရှိဘဲ လှည့်လည်သွားလာခဲ့ပေမဲ့ တာအိုဘိုးဘေးအကြောင်း တစ်ခါမှ မကြားဖူးဘူး....'

တာအိုဘိုးဘေးနဲ့ တွေ့ဆုံပြီးတဲ့နောက် ပိုကောင်းတဲ့သူ အမြဲရှိတယ်ဆိုတာ နောက်ဆုံး သဘောပေါက်သွားခဲ့ချေပြီ....

တနေ့သ၌... မုလင်းလော့က ပိုင်လုံနဲ့အတူ ခရမ်းရောင်တိမ်တိုက်နန်းတော်ကို ပြန်လာခဲ့သည်။ ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး သူ့ကိုကြည့်လိုက်တော့ မုလင်းလော့က ချက်ချင်း လျှောက်လာပြီး ယဲ့ကျန်း အကြောင်း သိလိုစိတ်နဲ့ မေးလိုက်သည်။

ကျန်းချန်ရှန်း မျက်လုံးမဖွင့်ဘူးဆိုရင် သူ့ရဲ့လေ့ကျင့်မှုကို နှောင့်ယှက်ဝံ့မှာမဟုတ်ပေ။

ကျန်းချန်ရှန်းက တင်းကျပ်စွာတားမြစ်ခြင်းမရှိသော်လည်း မုလင်းလော့က အလွန်အလေးထားကြောင်း သိနိုင်သောကြောင့် သာမန်နေ့ရက်များတွင် သူ့ကို အနှောင့်အယှက်မပေးရန် ကြိုးစားမည်ဖြစ်သည်။

" သူ့မှာအပြစ်ရှိတယ်...ဒါပေမယ့် ဧကရာဇ်တပါးမို့ လျို့ဟုန်မင်းဆက်ကလူတွေကို ထင်ဟပ်ပြီး အကျိုးပြုနိုင်မယ်ဆိုရင် သူ့ကိုသတ်လိုက်တာထက် အသက်ရှင်ခွင့်ပေးလိုက်တာက ပိုအသုံးဝင်လိမ့်မယ်..."

ကျန်းချန်ရှန်း ယဲ့ကလန်ကို အလွန်စိတ်ဝင်စားနေပြီ......

ယဲ့ကလန်သားတွေ ဖမ်းဆီးခံရသောကြောင့် သူတို့အားလုံး နတ်ဘုရားသိုင်းနယ်မြေကို မုန်းတီးကြလိမ့်မည်။ကျန်းချန်ရှန်းကလည်း နတ်ဘုရားသိုင်းနယ်​မြေနှင့် ရန်သူများဖြစ်ရန် သတ်မှတ်ထားသောကြောင့် နတ်ဘုရားသိုင်းနယ်​မြေ၏ ရန်သူများက သူ၏ခွန်အားအဖြစ် ပြောင်းလဲသွားနိုင်သည်။

ကောင်းကင်တရားရုံး တန်ခိုးကြီးလာရန် လေ့ကျင့်ခြင်းကို အားထား၍မရနိုင်ပေ။ ကျွမ်းကျင်သူတွေကိုလည်း စုဆောင်းဖို့လိုသေးသည်။ တကယ်တော့ သူတို့ ဘယ်လောက်ပဲ စွမ်းအားရှိပါစေ သူတို့မှာ ကြီးမားတဲ့ကောင်းကျိုးမရှိဘူးဆိုရင် ကောင်းကင်တရားရုံးကိုရောက်တဲ့အခါ အောက်ခြေကနေ စတင်ရမည်သာ....

မုလင်းလော့က ပြုံးလိုက်ပြီး "သူ့ကို ဘာကြောင့် နှစ်ပေါင်း ၅၀၀ တိုင်အောင် ဖိနှိပ်ထားရတာလဲဆိုတာ သိချင်တာ" ဟု မေးလိုက်သည်။

ကျန်းချန်ရှန်း က နားမလည်နိုင်ဟန်ဖြင့်.... "နှစ်ပေါင်း ၅၀၀ ကာလဟာ အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်....ဒီအချိန်တွေက ယဲ့ကျန်းကိုမပြောနဲ့ မျောက်တစ်ကောင်ရဲ့ပင်ကိုစရိုက်ကိုတောင် လေ့ကျင့်ပေးနိုင်တယ်...."

"မျောက်... ဘယ်ကမျောက်လဲ...."

" ဒါက ထာဝရတားမြစ်ချက်တခုမို့ ပြောပြလို့မရဘူး.. "

"ကောင်းပြီ..."

ထို့နောက် ကျန်းချန်ရှန်းက သူ၏လေ့ကျင့်မှုကို စတင်ဂရုစိုက်ခဲ့ပြန်သည်။

နှစ်တွေတစ်လျှောက် မုလင်းလော့ဟာ ပိုင်လုံနဲ့အတူ ကမ္ဘာတစ်ဝန်း ခရီးသွားတဲ့အခါ အများကြီးတိုးတက်လာသည်။ တစ်ချိန်တည်းတွင် သူသည် နတ်ဆိုးအုပ်စုတစ်စုကိုပင် စုဆောင်းနိုင်ခဲ့သည်။

နတ်ဆိုးများဖြစ်သော်လည်း ကောင်းကင်တရားရုံးသို့ ဝင်နိုင်သော အမျိုးသမီးအားလုံး ထူးခြားသောစွမ်းရည်ရှိကြသည်။ သို့သော်လည်း အရည်အချင်း ရှိ သော အမျိုးသမီးများ အလွန်များပြား ခဲ့ သည်။

အင်မော်တယ်နတ်ဘုရားများ လက်ထပ်နိုင်မလားဟု မုလင်းလော့က မေးသောအခါ ကျန်းချန်ရှန်း မကန့်ကွက်ခဲ့ပေ။ သို့သော်လည်း ၊ အင်မော်တယ်နတ်ဘုရားများ အချင်းချင်းဆန့်ကျင်ခြင်းကို တားဆီးရန် သက်ဆိုင်သောကောင်းကင်စည်းမျဉ်းများကို သူတို့ချမှတ်ခဲ့ကြရသည်။

ကြာမြင့်စွာစကားပြောပြီးနောက် ကျန်းချန်ရှန်းက ပိုင်ချီနှင့်ပိုင်လုံကို မောင်းထုတ်လိုက်သည်။

" ငါလဲ အမျိုးသမီးပါပဲ... ဘာလို့ ငါ့ကိုမမြင်နိုင်တာလဲ...."

ပိုင်ချီ တံခါးဝတွင် ရပ်ပြီး ဒေါသတကြီးအော်လ်ိုက်တော့ ပိုင်လုံက လှောင်ပြောင်လိုသောလေသံဖြင့်....

"မင်းဟာ တကယ့်ကို ရွံရှာစရာကောင်းတဲ့ ဝံပုလွေပဲ... သခင်က မင်းကို အထင်သေးနေတာကို အံ့ဩစရာမဟုတ်တော့ဘူး..."

ပိုင်ချီက "ဒါဆိုရင် ဆရာတော်က နင့်ကို ကြိုက်လို့လား..."

" မကြိုက်လဲကိစ္စမရှိပါဘူး...အိပ်ချင်တဲ့အချိန်အိပ်ပြီး စိတ်ဝိညာဉ်ကင်းလွတ်ခြင်းနယ်မြေထဲမှာနေရတာကိုပဲသဘောကျတယ်...နင့်မှာ ဘာမှလုပ်စရာမရှိဘူးလား...ငါ့ရဲ့ နဂါးနန်းတော်တောင်အပြီးသတ်တော့မယ်...."

"အမလေး...စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေထဲက နဂါးနန်းတော်ဆိုတာ ဘာမို့လို့လဲ..အားလုံးအတုအယောင်တွေပဲ...စောင့်ကြည့်လိုက်စမ်းပါ...နဂါးနန်းတော်အစစ် ဆောက်ပြမယ်...."

"ဟားးးးဟားးးး"

ကျန်းဇီယုသည်လည်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေမှတစ်ဆင့် လျို့ဟုန်မင်းဆက်၏ အခြေအနေကို သိရှိ ကတည်းက အဆုံးမဲ့သမုဒ္ဒရာသို့ စစ်တပ် အမြောက်အမြားကို စတင်စေလွှတ် ခဲ့ သည်။ အနှစ်တစ်ရာအတွင်း သမုဒ္ဒရာတစ်ခုလုံးကို စည်းလုံးစေရန် ကြိုးပမ်းနေချေပြီ.....

မင်းဆက်တစ်ခုကို အနိုင်ရသည့်အခါတိုင်း လက်မှုပညာရှင်များစွာတို့က ထိုနေရာတွင် နေရာကူးပြောင်းရေးအစီအရင်တစ်ခု ဆောက်လုပ်ကြသည်။

တကယ်တမ်းတွင် အချို့သောမင်းဆက်များက ထျန်းကျင်းနှင့်ရင်ဆိုင်ရသည့်အခါ လက်နက်ချဖို့သာရွေးချယ်ခဲ့ကြသည်။ သူတို့ကို လက်အောက်ခံနိုင်ငံများအဖြစ် မခန့်အပ်ခဲ့ပေ။ ကျန်းဇီယုက ထပ်တူအမှားကို ထပ်မံမလုပ်လိုခဲ့ပါ... လူသားမျိုးနွယ်တစ်ခုလုံးကို စည်းလုံးစေချင်သော်လည်း အမှန်မှာ သူ၏အမြင်သည် စစ်လောကအပြင်ဘက်တွင်ရှိသည်။ သူ့ကိုတိုက်ခိုက်ဖို့ ကမ္ဘာကြီးတစ်ခု စောင့်နေသေးတယ်။

နွေဦးရာသီအစဖြစ်တဲ့ တင်းထျန်းခေတ် ၁၂၄ နှစ်တွင်....

ကျန်းဇီယုနှင့်ကျန်းရှုတို့ ပလ္လင်ခန်းမရှေ့မှာ ရပ်ပြီး ကျင်းချန်ကို ငုံ့ကြည့်နေသည်။ မြို့ပြင်တွင် တောင်တလုံးအရွယ်အစားခန့်ရှိသော ရက်စက်ကြမ်းကြုတ်သောသားရဲများစွာ အလုပ်လုပ်ပြီး ကုန်စည်များကို သယ်ယူပို့ဆောင်နေကြသည်။

"မင်းဆက်ကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ စဉ်းစားဖူးသလား..."

ကျန်းဇီယု က သူ့သားကို လှည့်ကြည့်ပြီး ခပ်ပြုံးပြုံးနဲ့ မေးလိုက်သည်။

ကျန်းရှု ကြီးပြင်းလာပြီး သူ့ကိုယ်ဟန်အနေအထားက မြင့်မားပြီး ဖြောင့်မတ်တည်ကြည်ကာ ကျန်းချန်ရှန်း နှင့် အလွန်ဆင်တူသည်။ ကျန်းဇီယု သူ့ကိုတွေ့တိုင်း စိတ်ရှုပ်ထွေးနေပေမည်။

သူ့ဖခင်၏မေးခွန်းကို ရင်ဆိုင်ရသောအခါ ကျန်းရှုက "သဘာဝအတိုင်း မင်းဆက်အမျိုးမျိုးကို သိမ်းပိုက်ပြီး မကြုံစဖူး မြင့်မြတ်သောမင်းဆက်တစ်ခုကို တည်ဆောက်မယ်" ဟုစိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။

သူသည် နှစ်များတစ်လျှောက် နန်းတော်ထဲတွင် သူမြင်ခဲ့ကြားခဲ့သမျှ မင်းဆက်အုပ်ချုပ်ခြင်းနှင့်ပတ်သက်သော သူ၏နားလည်မှုအကြောင်း စတင်ပြောဆိုခဲ့သည်။

မုမိသားစု၊ ယန်မိသားစု၊ ရှုမိသားစု၊ ကျိုးမိသားစု၊ လီမိသားစုစသည်တို့သည် အထက်တန်းလွှာမိသားစုများဖြစ်ကြသည်။ သို့သော် ကျန်းရှုက တည်ငြိမ်ပြီး မိသားစုအားလုံးနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည်။ အထက်တန်းလွှာမိသားစုများနှင့် ပေါင်းသင်းခြင်းအပြင် သာမန်လူတန်းစားများနှင့် ပေါင်းသင်းလေ့ရှိပြီး သူတို့၏ဆင်းရဲဒုက္ခကိုမျှဝေ ခံစားဖူးသည်။

ထျန်းကျင်း မည်မျှပင်​သန်မာပါစေ သူမမြင်နိုင်သော ဟာကွက်များရှိသေးသည်။

ကျန်းဇီယုက သူ့သားရဲ့ ရှည်လျားတဲ့စကားကို နားထောင်တဲ့အခါ သူ့မျက်လုံးထဲက ကြည်ညိုလေးစားမှု ပိုပြင်းထန်လာသည်။

အတော်ကြာပြီးနောက်.....

ကျန်းရှု ဒါတွေကိုပြောနေရသည်ကို အရမ်းပျော်နေပြီး သူ့မျက်နှာမှာ ရည်မှန်းချက်ကြီးမားသော အပြုံးနဲ့ ပြည့်နှက်နေသည်။

"ကောင်းတယ်.... ဒါပေမဲ့ မင်းထီးနန်းတက်နိုင်ဖို့ အချိန်အတော်ကြာစောင့်ရဉီးမယ်..." ကျန်းဇီယု ပြုံးရင်းပြောလိုက်သည်။ သူ အဲဒီလိုပုံနဲ့ အထက်ကို မတက်လှမ်းချင်ဘူး။ ပိုသန်မာလာတာနဲ့ နှိုင်းယှဉ်လိုက်ရင် သူ့အင်ပါယာကို တိုးချဲ့ချင်တဲ့အိပ်မက်ကိုသာ အလေးပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူသည် အနှေးနှင့်အမြန် ကောင်းကင်ဧကရာဇ် ဖြစ်လာမည်ဖြစ်သောကြောင့် စိတ်ပူနေစရာမလိုပေ။

ကျန်းရှုကလည်းပြုံးလိုက်ပြီး "တကယ်တော့ ကျွန်တော်လည်း အလျင်မလိုပါဘူး.... ကြာကြာနေလေ အလိုက်သင့်နေဖို့ ပိုကြာလေလေပဲ...ဒါ့အပြင် မင်းဆက်ကြီးထွားလာတာနဲ့အမျှ ဧကရာဇ်တစ်ပါးတည်းကို အားထားရုံနဲ့ မလုံလောက်တော့ဘူး....ဒါဟာ ကျွန်တော်တို့ သားအဖနှစ်ယောက် မင်းဆက်ကို အတူတကွ အုပ်ချုပ်နိုင်တဲ့အခွင့်ကောင်းတခုဖြစ်နိုင်တယ်...ဒါဆို မျိုးဆက်သုံးဆက်ကနေ လေးဆက်အထိတောင် နယ်မြေ တိုးချဲ့နိုင်ပြီ...မင်းဆက်ကို အတူတကွအုပ်ချုပ်မယ်ဆိုရင် ပိုကောင်းမှာပဲ.... တကယ်တော့ ကျွန်တော်တို့က သွေးသားအရင်းချာတွေပဲလေ "

ကျန်းဇီယု ခေါင်းညိတ်လိုက်သည်။ အဲ့ဒီအချိန်အတွင်းမှာ သူပိုပြီးပင်ပန်းလာပြီး နေ့တိုင်း အဆုံးမဲ့သမုဒ္ဒရာမှ သဝဏ်လွှာများကို ဖတ်ရှုရန် ကျန်းရှုကို ခေါ်ထားရသည်။

"မင်းရဲ့အကြံပြုချက်က ကောင်းပါတယ်...ဒါက ထျန်းကျင်းရဲ့ အနေအထား ကို တည်ငြိမ်စေနိုင်ပြီး အနာဂတ်မှာ နန်းလုခံရမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်တယ်....မင်းရဲ့သားနဲ့ မြေးကို ဝန်ကြီးချုပ် စံအိမ်မှာ လေ့လာဖို့ အားပေးပါ.... သူတို့ သာလျှင် တိုက်ရိုက်မျိုးရိုးဆိုတာ မမေ့ပါစေနဲ့.... "

ကျန်းရှုက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

သားအဖနှစ်ယောက် လှပသောရှုခင်းကို ကြည့်ပြီး အဆုံးမဲ့စိတ်ကူးယဉ်ခဲ့ကြသည်။

သူတို့၏ ကြီးမြတ်မှုကို ပြသနေ စဉ် ကောင်းကင်မှ တစ်ဉီးကတော့ စိုးရိမ်ပူပန်နေရသည်။

ရေပေါ်ကျွန်းပေါ်ရှိ ချောက်ကမ်းပါးစွန်းတွင် နတ်ဘုရားဇီဟွမ်းနှင့်နောက်လိုက်နှစ်ဉီးတို့က သိုင်းကမ္ဘာများကို ငုံ့ကြည့်နေကြသည်။ အချို့သောသိုင်းကမ္ဘာများ ပေါက်ကွဲပြီး ပျက်စီးနေသည်ကို သူတို့ မြင်ခဲ့ရသည်။

"ကောင်းကင်နဲ့မြေပြင်စွမ်းအားကို ဘယ်သူခိုးယူနေတာလဲ..."

" မသိဘူး... ဒုတိယသိုင်းကမ္ဘာတခုပျက်စီးသွားပြီ ရေရှည်မှာ မဟာကန္တာရသိုင်းကမ္ဘာကို အကျိုးသက်ရောက်လာနိုင်တယ်..."

ဝတ်ရုံဖြူအမျိုးသမီးနှင့် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးတို့က ရှုပ်ထွေးသောမျက်နှာထားများဖြင့် အသံနိမ့်ကာ ဆွေးနွေးခဲ့ကြသည်။

နတ်ဘုရားဇီဟွမ်းက.... "ကောင်းကင်နဲ့မြေပြင်ရဲ့စွမ်းအားကို စုပ်ယူနိုင်ရန် သူ့ရဲ့သိုင်းပညာအမွေက တော်တန်ရုံမဟုတ်လောက်ဘူး...ဒီလိုလူစားမျိုးကို သွားမထိသင့်ဘူး...သိုင်းကမ္ဘာပြိုင်ပွဲမှာ မဟာကန္တရသိုင်းကမ္ဘာက အစွမ်းထက်ဆုံးဖြစ်တဲ့အတွက် သူတို့တွေ ငါတို့ကို သဘာဝအတိုင်း ပစ်မှတ်ထားလိမ့်မယ်.... ဘာပဲဖြစ်နေပါစေ မမြင်ချင်ယောင်ဆောင်နေရမယ်..."

ဒါကိုကြားတော့ အမျိုးသမီးနှစ်ယောက် သက်ပြင်းချလိုက်ကြသည်။

တာအိုဘိုးဘေးက ပြဿနာဖြစ်စေမည်ကို သူတို့စိုးရိမ်ကြသော်လည်း မဟာကန္တာရသိုင်းကမ္ဘာကို ဝါးမျိုသည်ကို မြင်ရသည့်အခါ သက်သောင့်သက်သာမရှိသေးချေ။ အမှန်ဆိုရလျှင် သူတို့သည် ဤအချိန်ကာလအတွင်း မဟာကန္တာရသိုင်းကမ္ဘာကို စောင့်ကြည့်ခဲ့ကြသည်။

နတ်ဘုရားဇီဟွမ်း ရုတ်တရက် တစ်စုံတစ်ရာကို ခံစားရပြီး လှည့်ကြည့်

လိုက်တော့ သူ၏မျက်နှာထား အကြီးအကျယ်ပြောင်းလဲသွားပြီး ချက်ချင်းဦးညွှတ်လိုက်သည်။

"မဂ်လာပါ နန်းတော်သခင်ကျိ...ဘာဖြစ်လို့ လာတာလဲဆိုတာ သိပါရစေ..."

ဝတ်ရုံဖြူဝတ်ထားတဲ့လူတစ်ယောက် ပျံသန်းလာကာ ထိုသူသည် တုနှိုင်းမဲ့ နိဗ္ဗန်ဖန်ဆင်းခြင်းနည်းစနစ်ကို စူးစမ်းလေ့လာရန် ကောင်းကင်သူတော်စင်

စေလွှတ်ခဲ့သူဖြစ်သည်။

နန်းတော်သခင်ကျိ ဆိုသူက.... "အောက်ကမ္ဘာကို သွားချင်တယ်.... မင်းက ကောင်းကင်မြစ်ကိုထိန်းချုပ်ထားသူဆိုတော့ ငါ့အတွက် လမ်းဖွင့်ပေးပါ...."

နတ်ဘုရားဇီဟွမ်းသည် မျက်မှောင်ကြုံကာ တွန့်ဆုတ်နေသည်။ " စည်းမျဉ်းတွေကို ဆန့်ကျင်နေသလိုမဖြစ်နေဘူးလား... သတင်းပျံ့နှံ့သွားမယ်ဆိုရင်..."

နန်းတော်သခင်ကျိက စိတ်မရှည်စွာဖြင့်.... "အားနည်းသူတွေအတွက်ပဲ စည်းမျဉ်းတွေ ချမှတ်ထားတ.....မင်း မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူတယောက်ကို အစားထိုးလိုက်မယ်..."

ဒါကိုကြားတဲ့အခါ နတ်ဘုရားဇီဟွမ်းရဲ့ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားပြီး သူ့ဘေးမှာရှိတဲ့ အမျိုးသမီးနှစ်ယောက်က ပိုပြီးကြောက်လန့်သွားသည်။

နတ်ဘုရားဇီဟွမ်း အခြေနေမကောင်းတော့ပေ။ နတ်ဘုရားအဖြစ် သူတို့၏ရာထူးသည် မြင့်မားပြီး တန်ခိုးကြီးပုံရသော်လည်း ပိုအဆင့်မြင့်သူများနှင့် ရင်ဆိုင်ရသည့်အခါ သူ့အဖြစ်က အဖိနှိပ်ခံ အောက်ကမ္ဘာသားများနှင့်မထူးမခြားနားသာပင်.....

All Chapters