သမုဒ္ဒရာ၏ နဂါးဘုရင်များ၊ ကြောက်လန့်နေသော နန်းတော်သခင်......
Vol. 25 Ch. 368
တာအိုကျင့်စဉ်၏ ဆယ့်တစ်ဆင့်အဆင့်ကို ချိုးဖောက်ပြီးနောက် ကျန်းချန်ရှန်း မာနထောင်လွှားခြင်းမရှိဘဲ ငြိမ်းချမ်းစွာ ဆက်၍ကျင့်ကြံခဲ့သည်။ ကောင်းကင်တရားရုံးနှင့် ထျန်းကျင်းက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့် စိုးရိမ်စရာမလိုခဲ့ချေ။
ကျန်းချန်ရှန်း၏ကိုယ်ပွားက
တောင်တန်းနှင်ပင်လယ်ဂန္ထဝင်နှင့် ကောင်းကင်နှင့်မြေပြင်ကြေးမုံနှင့်အတူ မဟာကန္တရကို ခရီးသွားခဲ့သည်။ သသည် ဧကရာဇ်အချို့နှင့် တွေ့ဆုံခဲ့သော်လည်း ရှင်သန်ခြင်းဆုလာဘ်ကို မည်သူမျှ မပေးနိုင်တော့ချေ။ တစ်နည်းအားဖြင့်ဆိုရလျှင် သူသည် ထိုနေရာတွင်ရပ်ပြီး ဧကရာဇ်များက သူ့ကိုရိုက်ခွင့်ပေးလျှင်ပင် သူတို့ကိုမသတ်နိုင်ခဲ့ပေ။
ကျန်းချန်ရှန်း ပိုသန်မာလာသည်နှင့်အမျှ သူ၏ကိုယ်ပွား၏ မှော်ရတနာအသုံးပြုနိုင်စွမ်းပို၍မြန်လာသည်။ ဒီနှုန်းနဲ့ အနှစ်တစ်ထောင် မရောက်ခင်မှာ မဟာကန္တရသိုင်းကမ္ဘာ တစ်ခုလုံးနှင့် ကောင်းကင်နှင့်မြေပြင်၏ စည်းမျဉ်းများကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး မဟာကန္တရသိုင်းကမ္ဘာကို နတ်ဘုရားသိုင်းနယ်မြေ၏ ထိန်းချုပ်မှုမှ ခွဲထွက်သွားစေနိုင်သည်။
နှစ်တွေ မြန်မြန်ဆန်ဆန် ကုန်လွန်သွားပြန်သည်။
ကောင်းကင်တရားရုံးရှိ ကောင်းကင်စစ်သားများ၏ ပျမ်းမျှအင်အား တိုးများလာခဲ့ပြီး ထျန်းကျင်းလည်း သန်မာလာခဲ့သည်။ မဟာကန္တရသိုင်းကမ္ဘာသည် ကောင်းကင်မြစ်၏ကောင်းချီးပေးခံရ
သောကြောင့် သိုင်းဝိညာဉ်စွမ်းအင်များက အတိတ်ထက် များစွာကျော်လွန်ခဲ့သည်။ ထို့အပြင် ကောင်းကင်တရားရုံးနှင့် ထျန်းကျင်းသည် ကျန်းချန်ရှန်း၏ကံကြောင့် ကောင်းချီးရရှိခဲ့သောကြောင့် သူတို့၏လေ့ကျင့်မှုနှုန်းက မဟာကန္တရရှိ မျိုးနွယ်စုများစွာထက် သာလွန်ခဲ့သည်။
တိုင်ရှီးချန်နဲ့ဟေးဟူတို့က ကောင်းကင်စစ်သားတွေနဲ့ ကောင်းကင်ဗိုလ်ချုပ်များကို သင်ကြားပေးခဲ့သဖြင့် အင်မော်တယ်နတ်ဘုရားများကြားတွင် လေးစားခံနေရသည်။
အထူးသဖြင့် တိုင်ရှီးချန်က ရန်သူများရှေ့တွင် အလွန်မာနထောင်လွှားသော်လည်း သူ့မျိုးနွယ်စုရှေ့တွင် သူသည် အလွန်နူးညံ့သိမ်မွေ့ခဲ့သည်။ ဒါကဟေးဟူ, ကျန်းထျန်းမင် နှင့် ကျန်းဂျန်တိူ့ကို လူလောက၏ရှုပ်ထွေးမှုတွေကြောင့် သက်ပြင်းချစေခဲ့သည်။
မျက်မှိတ်တစ်မှိတ်အတွင်းမှာပဲ တင်းထျန်းခေတ် ၁၃၆ နှစ်မြောက်ရောက်လာခဲ့သည်။
ယနေ့ ကောင်းကင်တရားရုံးရှိ တောင်နတ်ဘုရားများနှင့် မြေနတ်ဘုရားအရေအတွက် သောင်းနှင့်ချီကျော်လွန်ခဲ့ပြီး ကာကွယ်မှုလိုအပ်သည့် နေရာများသထက်များလာသည်။ တောင်နတ်ဘုရားများနှင့် မြေနတ်ဘုရားများကိုလည်း အဆင့်အတန်းများ ခွဲခြားထားသည်။ အဓိကတောင်နတ်ဘုရားနှင့် အဓိကမြေ
နတ်ဘုရားသားလျှင် ကံတရား၏ကောင်းချီးကို ရရှိခဲ့ကြသည်။ သူတို့ရဲ့ နယ်မြေကို ပိုကောင်းစွာစီမံခန့်ခွဲနိုင်ဖို့ ဤတောင်နတ်ဘုရားများနှင့် မြေနတ်ဘုရားများသည် မိမိတို့၏လက်အောက်ခံများကို မျိုးနွယ်စုမရွေး လက်ခံကြရမည်။ ယင်းကြောင့် မဟာကန္တာရရှိ မျိုးနွယ်စုအမြောက်အမြားက ကောင်းကင်တရားရုံးကို သံသယမဝင်တော့ချေ။ ယင်းအစား သူတို့အားလုံး ကောင်းကင်တရားရုံးတွင် ပါဝင်လိုကြပြီး အင်မော်တယ်ပုဂ္ဂိုလ်အဆင့်အတန်းရရှိလိုကြသည်။
တောင်တန်းတွေကြားမှာ ချင်းလျန်မျိုးနွယ်စုရဲ့ စစ်သည်တော်တွေ စောင့်နေကြသည်။ ချင်းလျန်မျိုးနွယ်စု၏ ခေါင်းဆောင်သည် ပေ ၁၀,၀၀၀ မြင့်မားသဖြင့် တောထဲမှာ ဝပ်နေပေမဲ့ အနီးအနားမှာရှိတဲ့ တောင်တန်းတွေထက် ပိုမြင့်နေတုန်းပင်....
ထိုစဉ် လူတစ်ယောက် ကောင်းကင်ကနေ ဆင်းလာပြီး ပျံသန်းလာသည်။
ချန်းလီ..
ချန်းလီကိုတွေ့သောအခါ ချင်းလျန်မျိုးနွယ်စု၏ ခေါင်းဆောင် အလျင်အမြန်မတ်တတ်ရပ်ခဲ့ပြီး အခြားစစ်သည်များလည်း မတ်တတ်ထရပ်ကြသည်။
ချန်းလီက သူတို့ကို ငုံ့ကြည့်ပြီး.... "မင်းကြီးနဲ့ ဆွေးနွေးပြီးပြီ...အခုချိန်မှာ ချင်းလျန်မျိုးနွယ်စုက တရားဝင်ဘုရားတစ်ပါးနဲ့ ကောင်းကင်စစ်သား ၁၀၀အတွက်ပဲနေရာရှိနိုင်မယ်.... တကယ်တော့ ချင်းလျန်မျိုးနွယ်စုက ဘယ်လိုအောင်မြင်မှုမှ မရရှိသေးဘူး...."
ဒါကို ကြားတဲ့အခါ ချင်းလျန်မျိုးနွယ်စုရဲ့ ခေါင်းဆောင်က အံ့သြသွားပြီး.... "ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ကျွန်တော်တို့အတွက် ခွဲတမ်းကို ကျေနပ်ပါတယ်.... ချင်းလျန်မျိုးနွယ်စုက နာမည်ကောင်းတခုရအောင် အမှန်တကယ် ကြိုးစား အားထုတ်ကြမှာပါ... ကျွန်တော်တို့အားလုံး ကောင်းကင်တရားရုံးမှာ အမှုထမ်းကြမှာပါ...!"
ချန်းလီက ခေါင်းညိတ်ပြီး... "မင်းဘက်က ရွေးချယ်ပြီးပြီဆိုရင် သူတို့ကို ကောင်းကင်တရားရုံးဆီ ခေါ်သွားလိုက်..ငါကတော့ တခြားလုပ်စရာတွေရှိတဲ့အတွက် အရင်သွားနှင့်တော့မယ်..."
အဲဒီလိုပြောပြီးတော့ တိမ်တိုက်စီးနင်းပြီးထွက်သွားလေသည်။ချင်းလျန်မျိုးနွယ်စုခေါင်းဆောင်က ထွက်ခွာသွားသော ချန်းလီ၏နောက်ကျောကို အလျင်အမြန်ဦးညွှတ်လိုက်သည်။
ချန်းလီက သူ့လောက် မသန်မာသော်လည်း မသင့်လျော်သလို မခံစားခဲ့ရပေ။ ယင်းအစား သူသည် ပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်းခဲ့ရာ ကောင်းကင်တရားရုံးက မျိုးနွယ်စုအမြောက်အမြားအတွက် ခွဲတမ်းတစ်ခုကို အထူးဖွင့်မပေးသေးကြောင်း တွေ့ရှိခဲ့သောကြောင့် ချန်းလီကို အလွန်ကျေးဇူးတင်ခဲ့သည်။
"နောက်ဆုံးတော့ ကောင်းကင်တရားရုံးကို ဝင်နိုင်ပြီ...."
" ခေါင်းဆောင်...မင်းရွေးချယ်ချင်လျှင် အသန်မာဆုံးကို ရွေးချယ်ပါ...ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ပေါ်ကနေ ချင်းလျန်မျိုးနွယ်စုကို ကြည့်ရှုစောင့်ရှောက်နိုင်တာပဲ..."
" ဟုတ်တယ်... ကောင်းကင်တရားရုံးကို ဝင်ခါစကတည်းက ကောင်းကင်စစ်သားတွေနဲ့ ကောင်းကင်ဗိုလ်ချုပ်တွေ ကျွန်ုပ်တို့ကို အထင်သေးလို့မဖြစ်ဘူး.."
"လူသားမျိုးနွယ်က ကောင်းကင်စစ်သားတွေက အလုံအလောက် မသန်မာကြဘူး.... ကျွန်တော်တို့တွေ သူတို့ထက်ပိုသန်မာမှဖြစ်မယ်...ဒါမှသာ တာအိုဘိုးဘေးဆီက မျက်နှာသာရနိုင်မယ်..."
" တရားဝင်နတ်ဘုရားတပါးရဲ့ရာထူးက မြင့်မားတာမို့ ကောင်းကင်ဧကရာဇ်က ကျွန်တော်တို့ကို တန်ဖိုးထားတယ်လို့သတ်မှတ်နိုင်တယ်...အရင်ကပေးခဲ့ဖူးတဲ့ကတ်ိက လိမ်ညာခဲ့တာမဟုတ်ဘူးပဲ...."
"ပြောရရင် ကျွန်တော်တို့က လူသားမျိုးနွယ်ကို ကျူးကျော်ဖို့ အစပြုလုပ်ဆောင်ခဲ့သူတွေပါ....ဒါက ကျွန်တော်တို့ကို ရှုပ်ထွေးစေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရားရဲ့အပြစ်ပဲ!"
ချင်းလျန်မျိုးနွယ်စုမှ စစ်သည်များ သူတို့အချင်းချင်း ဆွေးနွေးနေကြ၏။ ကောင်းကင်စစ်သား ၁၀၀ ခွဲတမ်းတွင် သူတို့ အမှန်တကယ်ပါဝင်မည်ဖြစ်သောကြောင့် သူတို့အားလုံး အလွန်ပျော်ရွှင်ခဲ့ကြသည်။
နောက်နှစ်အနည်းငယ်အတွင်း ကောင်းကင်တရားရုံးက မျိုးနွယ်စုအမျိုးမျိုးမှ ကောင်းကင်စစ်သားများကို စုဆောင်းထားသည့်သတင်း ပျံ့နှံ့သွားပြီး မျိုးနွယ်စုများစွာကို ထိတ်လန့်စေခဲ့သည်။
သို့သော်လည်း မျိုးနွယ်စုအားလုံးကတော့ ချန်းလီနှင့် တွေ့ဆုံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ကောင်းကင်တံခါးလေးခုသို့ စတင်လည်ပတ်ခဲ့ကြသည်။
တစ်နေ့သ၌...
ပိုင်ချီ ခရမ်းရောင်တိမ်တိုက်နန်းတော်မှ ထွက်ခွာခဲ့ပြီး တောင်ဘက်ကောင်းကင်တံခါးမှ နတ်ဆိုးသားရဲသုံးကောင်ကို ဆွဲဆောင်ခဲ့သည်။ သူတို့သုံးကောင်စလုံး မဟာသူတော်စင်အဆင့်များဖြစ်ကြသည်။ ကျန်းချန်ရှန်း ခရမ်းရောင် တိမ်တိုက်နန်းတော်မှထွက်သွားပြီး နတ်ဆိုးသားရဲသုံးကောင်ကို ရေကန်သုံးခုစီစေလွှတ်ခဲ့သည်။
နှစ်တစ်ရာတိုင်း နဂါးအသွင်ပြောင်းကန်သည် နဂါးအသွင်ပြောင်းရန် အသုံးပြုနိုင်သည့် ဝိညာဉ်ရေကန်တစ်ခုကို စုဆောင်းပေးမည်။ ဒါကြောင့် ကျန်းချန်ရှန်းက သားရဲကို ဝိညာဉ်ရေကန်ဆီစေလွှတ်လိုက်သည်။
နတ်ဆိုးသားရဲသုံးကောင်က ကျန်းချန်ရှန်းကို လေးလေးစားစား ဦးညွှတ်ပြီး ရေကန်ထဲသို့ ဝင်သွားသည်။
ကျန်းချန်ရှန်း ညွှန်ကြားချက်ပေးပြီးနောက် ပိုင်ချီနှင့်အတူ ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်လာခဲ့ပြီး သူ့နောက်မှ ပိုင်ချီ အနီးကပ်လိုက်လာသည်။
"ဆရာ၊ နဂါးတွေအဖြစ် ပြောင်းလဲသွားတဲ့အခါ ဘာလုပ်ရမလဲ...." ဟု ပိုင်ချီက မေးလိုက်သည်။
ကျန်းချန်ရှန်းကထိုင်လိုက်ပြီး "အဆုံးမဲ့သမုဒ္ဒရာရဲ့ ပင်လယ်ဒေသတွေကို စည်းလုံးစေပြီး စည်းစနစ်ကျစေဖိူ့ နဂါးနန်းတော်ကို တည်ဆောက်ပါ....သူတို့ကို နဂါးဘုရင်တွေလို့ခေါ်နိုင်ပြီး သူတို့၏တာဝန်က တိုက်ကြီးတွေနဲ့ ကျွန်းတွေကို ကာကွယ်ဖို့ပဲ...."
ပိုင်ချီက ခေါင်းညိတ်ပြီး မျက်လုံးများ တောက်ပလာသည်။ ထိုသို့ဖြစ်မည်ဆိုလျှင် နဂါးဘုရင်သုံးပါးက ကြီးမားသောတန်ခိုးရှိမည်ဖြစ်ပြီး သူသည်ပင် အကျိုးကျေးဇူးများ ရရှိနိုင်မည်။
သူရွေးချယ်တဲ့ နတ်ဆိုးသားရဲသုံးကောင်က သူ့လက်အောက်ခံတွေဖြစ်ပြီး သူတို့ရဲ့နယ်မြေက သူ့ထက် ပိုမြင့်ပေမဲ့ နာခံမှုရှိကြသည်။
ကျန်းချန်ရှန်းက သူ့ကို ကိုယ်ပိုင်အသင်းကို ဖွံ့ဖြိုးစေချင်လို့ ရွေးချယ်ပိုင်ခွင့်ပေးခဲ့သည်။ ကောင်းကင်တရားရုံး ပိုခိုင်မာလာသည်နှင့်အမျှ အုပ်စုများ အမှန်တကယ်ပေါ်ထွက်လာမည်။ သစ္စာဖောက်ခံရမည်ကို မစိုးရိမ်သော်လည်း ကောင်းကင်တရားရုံးတွင် အတွင်းပဋိပက္ခဖြစ်ရန် မလိုလားခဲ့ချေ။ ထို့ကြောင့် ၊ အာဏာ မျှတ မှုက အလွန်အရေးကြီးသည်။
"နဂါးအဖြစ်ပြောင်းလဲသွားပြီဖြစ်လို့ နာမည်ပြောင်းသင့်တယ်... ဆရာတော်..
သူတို့ကို ဘာဖြစ်လို့ မျိုးရိုး နာမည်မပေးတာလဲ..." ပိုင်ချီက စိတ်အားထက်သန်စွာ မေးခဲ့သည်။
"သူတို့ရဲ့မျိုးရိုးနာမည်က အောင်း....
သူတို့ရဲ့နာမည်က မင်းအပေါ်မူတည်လိမ့်မယ်...."
ပိုင်ချီက သိလိုစိတ်ရှိပြီး 'အောင်း' ဟူသောစကားလုံးသည် သူ့စိတ်ထဲတွင် ပေါ်ထွက်လာသည်။ ဒါကို ကျန်းချန်ရှန်း ရဲ့ဝိဉာဏ်ဆန္ဒဖြင့်ပြုစားခဲ့ခြင်းဖြစ်သည်။ တကယ်တော့ တူညီတဲ့ စကားလုံးတွေ အများကြီးရှိတာကြောင့် သူမ မှားယွင်းသော တစ်ခုကို ရွေးချယ် ခြင်းမှ ကာကွယ်ရန်ထိုသို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကျယ်ပြန့်၍ အကန့်အသတ်မရှိသော မြက်ခင်းပြင်ပေါ်တွင် မြက်ပင်အပိုင်းအစများ ကောင်းကင်ပေါ်သို့ လွှင့်သွားပြီး မြေပြင် မပြတ်တုန်လှုပ်နေသည်။ ငလျင်ဦးတည်ရာကို ကြည့်လိုက်ရာ မီးတောက်သခင် လေထဲတွင် တွေးတောဆင်ခြင်နေသည်ကို တွေ့မြင်နိုင်သည်။ အောက်ဘက်မြေပြင် ပြိုကျသွားပြီး ကျောက်ရည်ပူတွေ တဖြည်းဖြည်းတက်လာကာ လေပြင်းများ သူ့ကိုယ်ခန္ဓာထဲသို့ ဝင်လာသည်။
မီးတောက်သခင် အသက်ရှူလိုက်တဲ့အခါ သူ့ပါးစပ်နဲ့ နှာခေါင်းကနေ မီးတောက်တွေ ထွက်လာကာ သူ၏ဆံပင်ရှည်များက မီးလျှံများကဲ့သို့ ယိမ်းခိုးနေပြီး မီးလျှံများကို မသိမသာမြင်ရသည်။
"ယဲ့ကလန်ရဲ့ ကမ္ဘာ့မူလဝိညာဉ်နည်းစနစ်က မျှော်လင့်ထားတဲ့အတိုင်းပါပဲလား... ကောင်းကင်နဲ့မြေပြင်ရဲ့ကံတရားကို ခိုးယူနိုင်တယ်... ကောင်လေး...မင်းက
သင့်တော်တဲ့အချိန်ကို ဘယ်လိုရွေးချယ်ရမယ်ဆိုတာ တကယ်သိတာပဲ..."
လှောင်ပြောင်သံ ထွက်လာပြီး မီးတောက်သခင် ထိတ်လန့်သွားသည်။သူလှည့်ကြည့်လိုက်တော့ ပေတစ်ထောင်အကွာမှာ ပျံသန်းနေတဲ့ နန်းတော်သခင်ကျိကို တွေ့လိုက်ရသည်။
မီးတောက်သခင်က စိတ်လိုလက်ရ မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ကာ..... "နှုတ်ဆက်ပါ၊ နန်းတော်သခင်....ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ...."
နန်းတော်သခင်ကျိက "လုပ်စရာရှိလို့ပေါ့ကွာ.... ယဲ့ကလန်သားတွေလည်း အောက်ကမ္ဘာမှာရှိတယ်လို့ ကြားထားတယ်.... ဘယ်ကမ္ဘာမှာရှိတယ်ဆိုတာ မင်း သိလား...."
မီးတောက်သခင်က "သူတို့တွေ မဟာကန္တရသိုင်းကမ္ဘာမှာ ရှိလိမ့်မယ်...နန်းတော်သခင် သူတို့ကို ကိုင်တွယ်ဖြေရှင်းမလို့လား....."
နန်းတော်သခင်ကျိက .... "သူတို့က ပိုးလေးတွေပါကွာ...ငါကိုယ်တိုင်ရှင်းဖို့တောင်မလိုဘူး... "
"ဒါဆို နန်းတော်သခင် ကျွန်တော်ကို ဘာများညွှန်ကြားချင်ပါသလဲ..." လ
နန်းတော်သခင်ကျိက ပြန်မဖြေဘဲ အဲဒီအစား သူ့ကို တည့်တည့်စိုက်ကြည့်လိုက်တော့ သူတို့နှစ်ယောက်ကြား အခြေအနေက တင်းမာလာသည်။
တခဏအကြာ...
နန်းတော်သခင်ကျိက တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး ပြုံးလိုက်ကာ.... "မဆိုးပါဘူး... မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေထက် သာလွန်တာပဲ... ဒီကိစ္စပြီးသွားရင် မင်းဆီလာလည်ဉီးမယ်.... မင်းကို အခွင့်အရေးတစ်ခု ဆုချချင်လို့...."
ဒါကိုကြားသောအခါ မီးတောက်သခင် အံ့အားသင့်သွားပြီး သူ့ကို အလျင်အမြန်ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။
အဲဒီလိုပြောပြီးတဲ့နောက် နန်းတော်သခင်ကျိ လေထဲမှာ ပျောက်သွားသည်။ မီးတောက်သခင်က သက်ပြင်းချလိုက်ပြီး မြေပြင်သွေးကြောက မီးတောက်များကို ဆက်လက်စုပ်ယူရန် ပြန်ထိုင်လိုက်သည်။
"နန်းတော်သခင် ဘာကြောင့် အောက်ကမ္ဘာကို ရောက်လာတာလဲ...ယဲ့ကလန်မှာ တစ်ခုခုဖြစ်ခဲ့လို့လား...."
တိုင်ရှီးကလန်၊ယဲ့ကလန်နဲ့ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်တို့ အားလုံး ဒီကိုရောက်နေကြပြီး သိုင်းကမ္ဘာပြိုင်ပွဲတွင် ပါဝင်ခဲ့သော်လည်း လှုပ်ရှားမှုမရှိခဲ့ပေ။ဒါက တစ်ခုခုမှားနေတယ်ဆိုတာ သိသာလွန်းလှသည်။
ဘယ်အရာတွေဖြစ်ပျက်နေသည်ကို မီးတောက်သခင် နားမလည်နိုင်သော်လည်း ဤကိစ္စတွင် မိမိကိုယ်တိုင် မပါဝင်ခဲ့သည့်အတွက် ဝမ်းသာခဲ့မိသည်။ ကံကောင်းတာက သူဟာ အလျင်စလို မလုပ်ဘဲ သူ့ကိုယ်သူ အရင်ဆုံး သန်မာအောင်ကြိုးစားနေခဲ့ခြင်းပင်.....
သူသည် မျက်လုံးကို တဖြည်းဖြည်းပိတ်ပြီး ဆက်လေ့ကျင့်ခဲ့သည်။
အချိန်ကုန်လွန်သွားပြန်ပြီ.....
ယဲ့ကျန်း အနှစ် ၃၀ ကြာ ဖိနှိပ်ခံခဲ့ရပြီး အနှစ် ၃၀ ကြာပြီးတဲ့နောက် သူ့ကို ကဲ့ရဲ့ပြစ်တင်တဲ့သူ နည်းသည်ထက်နည်းလာပေမဲ့ သိလိုစိတ်ကြောင့်ရောက်လာသူသာ ပိုများလာသည်။ထျန်းဂျန်တောင်ဟူသောအမည်သည် အဆုံးမဲ့သမုဒ္ဒရာတစ်လျှောက် ပျံ့နှံ့သွားပြီး လျို့ဟုန်မင်းဆက်၏ အမှတ်အသားနေရာဖြစ်လာသည်။ တောင်နတ်ဘုရားလုကျိူးက လျို့ဟုန်မင်းဆက်အပေါ် ခံစားချက်ရှိဆဲဖြစ်သည်။ ထို့ကြောင့် သူသည် ငွေရှာရန် ဤအခွင့်အရေးကို အသုံးချခဲ့သည်။ ထျန်းဂျန်တောင်သို့ သွားရောက်လိုလျှင်ပင် အခကြေးပေးရသည်။ ဤစွန့်စားမှုမှ သူရရှိခဲ့သော ငွေအားလုံးကို ဧကရာဇ်နန်းတော်သို့မပေးဘဲ ပြည်သူလူထုအတွက် ရင်းနှီးမြှုပ်နှံခဲ့ရာ လူတို့က သူ့ကို ပို၍ပင် ကျေးဇူးတင်စေခဲ့သည်။
လုကျိုးရဲ့ ကောင်းမှုက ကောင်းကင်တရားရုံးကို နာမည်ကောင်းနဲ့ ဂုဏ်သိက္ခာ ပိုရရှိစေခဲ့သည်။
ဂူအတွင်း၌......
ယဲ့ကျန်း လေ့ကျင့်နေပြီး ယဲ့ကလန် ဘိုးဘေးရဲ့ ဝိဉာဉ်က သူ့ဘေးမှာ မျောလွင့်နေသည်။
"ဘိုးဘေး... တုနှိုင်းမဲ့နိဗ္ဗာန်ဖန်ဆင်းခြင်းနည်းစနစ်က တန်ခိုးကြီးပေမယ့် အဖိုးအခကြီးမားလွန်းတယ်... ဒါကိုဖြေရင်းဖို့ နည်းလမ်းမရှိဘူးလား..."
ထိုအချိန်က သူ၏ခွန်အားသည် နိဗ္ဗန်လေးခုကို ကြုံတွေ့ပြီးနောက် အလျင်အမြန် မြင့်တက်လာခဲ့သည်။ ဒါပေမဲ့ အနှစ်သုံးဆယ်ကုန်လွန်သွားပေမဲ့ သူ့ကိုယ်ခန္ဓာထဲမှာ မပြောနိုင်လောက်အောင် ဝေဒနာခံစားခဲ့ရတဲ့ ပုန်းကွယ်နေတဲ့ ရောဂါတစ်ခု ရှိနေတုန်းပင်....
ယဲ့ကလန်ရဲ့ ဘိုးဘေးဟောင်းက သူ့မုတ်ဆိတ်ကို ပွတ်ပြီး..... " မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ ရှေးအချိန်ကတည်းက 'ဖန်ဆင်းခြင်း'ဆိုတဲ့စကားလုံးနဲ့ အကောင်းဆုံးနည်းစနစ်တွေက လွယ်ကူတာတခုမှမရှိဘူး.. 'ဖန်ဆင်းခြင်း' ဆိုတဲ့စကားလုံးက ကောင်းကင်နဲ့မြေပြင်ရဲ့ မူလစည်းမျဉ်းကိုရည်ညွှန်းတာ.... တုနှိုင်းမဲ့နိဗ္ဗာန်ဖန်ဆင်းခြင်းနည်းစနစ်က သမိုင်းတစ်လျှောက်မှာ ကျော်ကြားခဲ့တယ်...ဒါက မင်းထင်ထားသလို လွယ်ကူမှာမဟုတ်ဘူး....မင်းက အခုမှ အကနဉီးအဆင့်ပဲရှိသေးတာ... အဲ့ဒါကို တကယ်နားလည်လိုက်ရင် ဒီဘေးထွက်ဆိုးကျိုးတွေ ပျောက်သွားပါလိမ့်မယ်...."
ယဲ့ကျန်း ဒါကိုကြားတဲ့အခါ ချက်ချင်းပဲ စိတ်သက်သာရာရသွားခဲ့သည်။
သို့သော် တုနှိုင်းမဲ့နိဗ္ဗာန်ဖန်ဆင်းခြင်းနည်းစနစ်ကို လေ့ကျင့်ရန် မလွယ်ကူပေ။ လောလောဆယ် သူသည် အတားအဆီး တစ်ခုနှင့်ရင်ဆိုင်နေရသည်။
ယဲ့ကလန်၏ ဘိုးဘေး စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားလိုက်ပြီး ယဲ့ကျန်း၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်သွားသည်။ ယဲ့ကျန်း သံသယဖြစ်နေပြီး ဂူဝင်ပေါက်ကို ကြည့်လိုက်မိသည်။
ခဏကြာတော့ ခြေသံတွေ ကြားနေရသည်။
နန်းတော်သခင်ကျိ ဂူအဝင်ဝသို့ တဖြည်းဖြည်း လျှောက်လာပြီး ယဲ့ကျန်းကို လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှစွာ စိုက်ကြည့်နေသည်။
သူတို့မျက်လုံးချင်းဆုံတော့ ယဲ့ကျန်းက မျက်မှောင်ကြုံ့ပြီး... "မင်း ဘယ်သူလဲ"
တဖက်လူက ရိုးရှင်းမှုမရှိဘဲ အောက်ကမ္ဘာမှ လုံးဝမဟုတ်ကြောင်း သူခံစားခဲ့ရသည်။
နန်းတော်သခင်ကျိက သူ့ကိုအကဲခတ်ပြီး ... "နိဗ္ဗန်ရဲ့ အကြွင်းအကျန် အငွေ့အသက်တွေ ရှိသေးတယ်...ဒါက အားနည်းနေပေမယ့် တကယ်ရှိနေတာပဲ...မယုံနိုင်စရာပဲ.....မူလကောင်းကင်အဓိပတိနယ်ပယ် ကလေးတယောက်က ဒီလောက် မြင့်မြတ်တဲ့နည်းစနစ်ကို ကျင့်ကြံနိုင်ခဲ့တာလား....အဲဒီတုန်းက ယဲ့ရှန်ခုန်းတယောက်ပဲ ဒီလိုလုပ်နိုင်ခဲ့တာ....."
အခြားတစ်ဖက်၏စကားကို ကြားသောအခါ ယဲ့ကျန်း ပို၍ပင် ထိတ်လန့်လာသည်။
"အဲ့လူက နန်းတော်သခင်ပဲ... ရှန်ခုန်းနောက်လိုက်ခဲ့တုန်းက သူ့ကိုတွေ့ခဲ့ဖူးတယ်... ရှန်ခုန်း သူ့ကို ရှုံးနိမ့်ခဲ့ပေမဲ့ သူ့ရဲ့ခွန်အားက မင်း အနိုင်ယူနိုင်တဲ့အရာမဟုတ်ဘူး....'
ယဲ့ကလန် ဘိုးဘေး၏အသံ ယဲ့ကျန်း ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ထိုအခါ ယဲ့ကျန်းရဲ့ မျက်နှာထား ချက်ချင်း အကျည်းတန်သွားသည်။ နန်းတော်သခင် ဘာကိုဆိုလိုတယ်ဆိုတာ သူသိနေတယ်......
နန်းတော်သခင်ကျိက ခပ်အေးအေး အပြုံးကို တဖြည်း ထုတ်ဖော်လိုက်ရင်း သူ့ကိုကြည့်နေရင်း...."ကောင်လေး ငါနဲ့အတူလိုက်ခဲ့...."
သူ ရှေ့ကို လှမ်းလိုက်ကာ ဂူထဲကို အတင်းအကျပ်ဝင်ရောက်ဖို့ကြိုးစားခဲ့သည်။
နောက်တစ်ခဏမှာ သူရုတ်တရက် နောက်ဆုတ်လိုက်ပြီး အံ့သြသွားရသည်။
ယဲ့ကျန်းရဲ့ မျက်နှာထားလည်း ပို၍ ထူးဆန်းလာသည်။
နန်းတော်သခင်ကျိက ဂူအဝင်ဝကို ချက်ချင်း လက်ဝါးဝှေ့ယမ်းပြီး မမြင်နိုင်သောကန့်သတ်ချက်ကို ထိုးချလိုက်သည်။ နောက်ထပ် ကျယ်လောင်သောပေါက်ကွဲသံ ထွက်လာပြီး တောင်တခုလုံး တုန်ခါသွားသော်လည်း မပြိုကျခဲ့ချေ။ ဝင်ပေါက်ရှိ ကန့်သတ်ချက်သည်လည်း မပျက်စီးခဲ့ဘဲ နန်းတော်သခင်ကျိ နောက်ဆုတ်ရန် နောက်တစ်ကြိမ် အတင်းအကျပ်တွန်းထုတ်ခံလိုက်ရသည်။
" မဖြစ်နိုင်ဘူး!!!! ... "