← Chapters

လေဟာနယ်အဖြစ်ပြောင်းလဲခြင်း....

Vol. 25 Ch. 369

လေဟာနယ်အဖြစ်ပြောင်းလဲခြင်း....

Vol. 25 Ch. 369

နန်းတော်သခင်ကျိ ထိတ်လန့်သွားကာ သူ့လက်ဖဝါးကို ပြန်ဝှေ့ယမ်းလိုက်ပေမဲ့ အဝင်ဝမှာရှိတဲ့ မမြင်နိုင်တဲ့ ကန့်သတ်ချက်ကို မချိုးဖောက်နိုင်သေးသဖြင့် သူ၏မျက်နှာထား အကျည်းတန်လာသည်။

ယဲ့ကျန်း သက်ပြင်းချပြီး ပြုံးပြလိုက်မိသည်။

" တာအိုဘိုးဘေးရဲ့အစီအရင်က တကယ့်ကို နားမလည်နိုင်လောက်အောင်ပဲ...ဒီအစီအရင်မှာ ကာကွယ်နိုင်စွမ်းရှိမယ် ထင်နိုင်မထားဘူး...."

ယဲ့ကလန်၏ ဘိုးဘေးဟောင်းက ယဲ့ကျန်း၏စိတ်ထဲတွင် ညည်းတွားခဲ့ပြီး သူ၏စကားမ်ားက ချီးကျူးမှုဖြင့် ပြည့်နေသည်။

ယဲ့ကျန်း သူ့ဘိုးဘေး ဒီလိုလေသံ ပြောတာကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်...

နန်းတော်သခင်ကျိ၏မျက်နှာထား အလွန်မှောင်မိုက်နေသည်။ သူမော့ကြည့်လိုက်ကာ ကောင်းကင်တရားရုံးကို ကြည့်ချင်နေသည်။

ဒါဟာ သိုင်းကမ်ဘာဖြစ်ပေမဲ့ သူ အလျင်စလို မလုပ်ရဲပေ။ဤတောင်သို့မရောက်မီ အခြေအနေကို အထူးစုံစမ်းခဲ့သည်။ သူသည် တာအိုဘိုးဘေးကို နားမလည်နိုင်ခဲ့သည့်အပြင် ယဲ့ကျန်းကို တာအိုဘိုးဘေးကနှိမ်နှင်းခဲ့ကြောင်း သိထားသည်။ ထို့ကြောင့် အမည်မသိပုဂ္ဂိုလ်များနှင့် မပတ်သက်မီ သူ၏တာဝန်ကို ဦးစွာဖြေရှင်းလိုခဲ့သည်။

ဒါပေမဲ့ တာအိုဘိုးဘေးက ယဲ့ကျန်းကို ကာကွယ်ပေးမည်ဟု သူမမျှော်လင့်ခဲ့ပေ။ ဒီတောင်ကိုပင် ယဲ့ကျန်းကိုကာကွယ်ပေးဖို့ အသုံးပြုခဲ့ပုံရသည်။

နန်းတော်သခင်ကျိ ဒေါသထွက်ခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ကန့်သတ်ချက်ကြောင့် တာအိုဘိုးဘေးကို အလွန်ကြောက်ခဲ့သည်။ အဲဒီအချိန်မှာ သူဟာ အကျပ်ရိုက်နေချေပြီ....

ရုတ်တရက် သူ့နားထဲဝင်လာတဲ့ အသံက သူ့ကို ထိတ်လန့်သွားစေပြီး တစ်ခဏချင်းမှာပဲ သူချက်ချင်း ပျောက်သွားခဲ့သည်။

ယဲ့ကျန်း အသက်ပြင်းပြင်းရှူပြီး အပြုံးလိုက်ကာ.. "တာအိုဘိုးဘေး သူ့ကို အးမျှားခေါ်သွားပြီလား..."

" အသိသာကြီးပဲလေ..ဒါပေမယ့် ဒီလူက မရိုးရှင်းဘူး ..သူပြန်မလာဘူးဆိုရင် ယဲ့ကလန် မွာ မျှော်လင့်ချက်ရှိနိုင်တယ်...ငါတို့ ဒီလို ထောက်ပံ့မှုမျိုးကို လက်လွတ်ခံလို့မဖြစ်ဘူး...."

ယဲ့ကလန်ဘိုးဘေး၏အသံ ယဲ့ကျန်း၏စိတ်ထဲတွင် ကြားနေပြီး သူ၏စကားသံက မျှော်လင့်မှုနှင့်ပြည့်နေသည်။

ယဲ့ကျန်း ဒါကိုကြားတဲ့အခါ တာအိုဘိုးဘေး အနိုင်ရဖို့ ဆုတောင်းနေမိတော့သည်။

ယဲ့ကလန် ကျဆုံးချိန်မှစ၍ အတိတ်က သူမိတ်ဖွဲ့ခဲ့သော အထက်တန်းလွှာမျိုးနွယ်စုများက သူ့ကိုရှောင်ကြဉ်ခဲ့ကြသည်။ ထို့အပြင် သူသည် တာအိုဘိုးဘေးနှင့် ဆက်သွယ်မှုမရှိသေးသောကြောင့် သူ့အပေါ် မည်သို့သဘောထားသည်ကို မသိခဲ့ချေ။ တာအိုဘိုးဘေးက သူဘယ်သူလဲဆိုတာ မသိဘဲ သက်ညှာနေတာဆိုရင်ရော.......

ယဲ့ကျန်း စဉ်းစားလေ ပိုစိတ်အနှောင့်အယှက်ဖြစ်လေလေပင်။ သူ၏ အသက် အခြားလူလက်ထဲတွင်ရှိနေရ ခြင်းသည် အမှန်တကယ်မကောင်းသော ခံစားချက်တစ်ခုဖြစ်ပေသည်။

အားနည်းနေတဲ့ခံစားချက်က တကယ့်ကို သက်သောင့်သက်သာမရှိလှပေ။

နောက်ဆုံးတွင် ယဲ့ရှန်ခုန်းနှင့် ယဲ့ကလန်ဤအခြေအနေသို့ ကျဆင်းသွားရသည့်အကြောင်းရင်းမှာ သူတို့ လုံလောက်အောင် မသန်မာသောကြောင့်ဖြစ်သည်!

......................

တိမ်ပင်လယ်အလွှာများပေါ်တွင်.......

နန်းတော်သခင်ကျိက တိမ်ပင်လယ်ကို ထိုးဖောက်ပြီး တေနရာ၌ ဆင်းသက်ခဲ့သည်။ သူမော့ကြည့်လိုက်တော့ တိမ်တွေပေါ်မှာ ကျန်းချန်ရှန်း ရပ်နေတာကို တွေ့လိုက်ရသည်။

ကျန်းချန်ရှန်း၏ဉီးခေါင်းနောက်တွင် တုနှိုင်းမဲ့ယန်အလင်းတန်းရှိနေသည်။ သူသည် ချီလင်သားမြီးယပ်တောင်ကို လက်ထဲတွင် ကိုင်ထားပြီး ရွှေအကြေးခွံရတနာသစ်ပင်လဲ သူ့ဘေးတွင် ရှိနေသည်။ သူ၏ခါးပေါ်တွင်မြင့်မြတ်သောခေါင်းလောင်းသုံးလုံး၊ ခရမ်းရောင်ပိုးကြိုးနှင့် ချည်နှောင်ထားသော သလင်းဘူးသီးခြောက်တို့ရှိနေပြီး တောင်တန်းနှင့်ပင်လယ်ဂန္ဓဝင်နှင့် ကောင်းကင်မြေပြင် ကြေးမုံတို့ သူ၏ ပခုံး ပေါ်တွင် ချိတ်ဆွဲ ထားသည်။ သူ့ကိုယ်ခန္ဓာတစ်ခုလုံးက ကောင်းကင်ပေါ်က လေနဲ့ လှိုင်းလုံးတွေကို ရပ်တန့်လုနီးပါးဖြစ်စေသော ပုံမှန်မဟုတ်သည့် အားကောင်းတဲ့အော်ရာကို ထုတ်လွှတ်နေသည်။

သူ့ကိုမြင်တော့ နန်းတော်သခင်ကျိ မျက်မှောင်ကြုံ့လိုက်မိသည်။ကျန်းချန်ရှန်း၏နယ်ပယ်ကို သူမခန့်မှန်းနိုင်ခဲ့ပေ။ တကယ်တော့ နန်းတော်သခင်ကျိက တုနှိုင်းမဲ့လေဟာနယ် နယ်ပယ်ရောက်နေသူပင်.....

ထျန်းဂျန်တောင်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အစီအရင်ကို စဉ်းစားကြည့်သောအခါ ပို၍ပင် နိုးနိုးကြားကြားရှိလာသည်။

သူက "မင်းက ဘယ်သူလဲ" လို့မေးတော့

ကျန်းချန်ရှန်းက သူ့ကိုငုံ့ကြည့်ပြီး "ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ" ဟု မေးခွန်းပြန်ထုတ်လိုက်သည်။

ဤသူ၏ခွန်အားတန်ဖိုးက အမွှေးတိုင်အရေအတွက် ၃ ထရီလီယံခန့်ရှိပြီး ထိုကိန်းဂဏန်းသည် သူရင်ဆိုင်ခဲ့ရသော ရန်သူများ၏ အမြင့်ဆုံးခွန်အားတန်ဖိုးစံချိန်ကို ချိုးဖျက်ခဲ့သည်။

ဒါကို စဉ်းစားရင်း ကျန်းချန်ရှန်း သွေးဆူလာသည်။

"ယဲ့ကလန်ကြောင့် ရောက်လာတာ... ယဲ့ကလန်က နတ်ဘုရားသိုင်းနယ်မြေကို အလွန်အမင်း ခြိမ်းခြောက်နေတာမို့ ဖယ်ရှားပစ်ရမယ်.... သူ့ဘယ်သူလဲဆိုတာ မသိဘူးဆိုရင် မလိုအပ်ဘဲ နားလည်မှုလွဲမှားတာကို ရှောင်နိုင်ဖို့ သူ့ကို ကျုပ်တို့ဆီ အပ်လိုက်ပါ......"

နန်းတော်သခင်ကျိက သတိရှိတဲ့လေသံနဲ့ ပြန်ဖြေလိုက်သည်။

ကျန်းချန်ရှန်း က "သူ့ကို ငါကာကွယ်ပေးမယ်ဆို မင်းဘာလုပ်မလဲ"

နန်းတော်သခင်ကျိ၏အကြည့်များ ကျဉ်းမြောင်းသွားသည်။ ကျန်းချန်ရှန်းဘက်က ဤမျှ အကြောတင်းမည်ဟု သူမမျှော်လင့်ခဲ့ပေ။

သူနှင့် နတ်ဘုရားသိုင်းနယ်မြေအကြား ပြန်လည်သင့်မြတ်ဖို့ မရှိကြောင်း ကျန်းချန်ရှန်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် နတ်ဘုရားသိုင်းနယ်မြေမှ စွန့်ပစ်ခံရသော ယဲ့ကျန်းကို သူ့ဘက်အပါခေါ်ထားလိုသည်။

သူနှင့် နတ်ဘုရားသိုင်းနယ်မြေသည် အယူဝါဒအတွက် ယှဉ်ပြိုင်နေရုံသာမက သူတို့ကြားတွင် အငြိုးထားမှုလည်း ရှိခဲ့သည်။ အမှန်မှာ နတ်ဘုရားသိုင်းနယ်မြေက မဟာကန္တာရသိုင်းကမ္ဘာကို စွန့်လွှတ်ရန် ပြင်ဆင်ထားသည်။ ဤအချိန်မှစ၍ နတ်ဘုရားသိုင်းနယ်မြေက မဟာကန္တာရသိုင်းကမ္ဘာတစ်ခုလုံး၏ ရန်သူဖြစ်ခဲ့သည်။

"မင်း သေချင်နေတာလား... ယဲ့ကလန်သားတွေကို ဘယ်သူလိုချင်တယ်ဆိုတာ သိလား..." ဟု နန်းတော်သခင်ကျိက လေးနက်သောအသံဖြင့် မေးခဲ့သည်။

ကျန်းချန်ရှန်း ဒါကိုကြားတဲ့အခါ တစ်ခုခုမှားနေတယ်ဆိုတာ သိလိုက်ရသည်။

ယဲ့ကလန်ကို အမြစ်ဖြတ်လိုသူများက နတ်ဘုရားသိုင်းနယ်မြေက မဟုတ္ဘူးဆိုတာ သိလိုက်ရသည်။ ယင်းသည် နတ်ဘုရားသိုင်းနယ်မြေတွင် တန်ခိုးကြီးသော တည်ရှိမှု၏ စိတ်ကူးမျှသာဖြစ်သည်။ သို့မဟုတ်လျှင် နန်းတော်သခင်ကျိ သူ့ကို ဤသို့ခြိမ်းခြောက်မည်မဟုတ်ပေ။

အသေအချာစဉ်းစားကြည့်ရင် အဓိပ္ပာယ်ရှိပေသည်။ တိုင်ရှီးချန်၏မှတ်ဉာဏ်အရ ယဲ့ကလန်က နတ်ဘုရားသိုင်းနယ်မြေ၏ စည်းမျဉ်းများကို မချိုးဖောက်ခဲ့ပါ။ယဲ့ရှန်ခုန်းက နတ်ဘုရားသိုင်းနယ်မြေတွင် ကျော်ကြားခဲ့သဖြင့် ယဲ့ကလန်ကို ဖျက်ဆီးခြင်းမှ ကယ်တင်ခံခဲ့ရသည်။ ပုံမှန်အားဖြင့် ဤကိစ္စက ပြီးဆုံးသွားခဲ့ချေပြီ။ နတ်ဘုရားသိုင်းနယ်မြေက ယဲ့ကလန်ကို ဖယ်ရှားလိုလျှင်ပင် ပေါ်ပေါ်ထင်ထင်မလုပ်သင့်ပေ။

နတ်ဘုရားသိုင်းနယ်မြေက သူတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရမည်။ သူတို့သည် လူထုရှေ့ တွင် တောက်ပမြင့်မြတ်ပြီး တရားမျှတသော ပုံရိပ်ကို ထိန်းသိမ်းထားရပေမည်။

မဟုတ်ပါက နတ်ဘုရားသိုင်းနယ်မြေ အကြီးအကျယ် ကျယ်ပြန့်လာမည်မဟုတ်ပေ။

ကျန်းချန်ရှန်းအနေနှင့် နန်းတော်သခင်ကျိကို ဖယ်ရှားပစ်ရပေမည်။ သူပုန်းနေဖို့ အချိန်ရှိသေးတာပဲ......

နတ်ဘုရားသိုင်းနယ်မြေက သူတို့၏ဂုဏ်သိက္ခာကို ဂရုမစိုက်လျှင်ပင် သူ ကြိုတင်ထွက်ပြေးနိုင်ပါသည်။

သူ့မှာ မြင့်မြတ်တဲ့နတ်ဘုရားစွမ်းရည်တွေ အများကြီးရှိတဲ့အတွက် ကြောက်နေစရာမလိုပေ။

"ကျုပ်က ကောင်းကင်သူတော်စင်ရဲ့ အမိန့်ကိုနာခံနေတာ.... မင်းဘက်က အတင်းအကျပ်လုပ်မယ်ဆိုရင် မင်းလဲသေရမယ် ကောင်းကင်တရားရုံးလည်း ပျက်စီးသွားမယ်.... ထျန်းကျင်းဧကရာဇ်က မင်းရဲ့သားဖြစ်တယ်လို့ ကြားထားတယ်....ဒါသာ တကယ်ဆို မင်းသေချာပြန်စဉ်းစားသင့်တယ်...ကောင်းကင်သူတော်စင်က မြင့်မားတဲ့ရာထူးရှိပြီး နတ်ဘုရားသိုင်းနယ်မြေကို ကိုယ်စားပြုနိုင်သူနော်....မင်း နတ်ဘုရားသိုင်းနယ်မြေကို ဆန့်ကျင်မယ်ဆိုရင် အဆုံးသတ်ကောင်းနိုင်မှာမဟုတ်ဘူး....!"

နန်းတော်သခင်ကျိက လေးနက်သောအသံဖြင့် ပြောခဲ့သည်။ အခုအချိန်မှာ ကြောက်လို့ သူ့နှလုံးခုန်နှုန်းမြန်နေပေမဲ့ ချက်ချင်းမထွက်ပြေးနိုင်သေးပေ။ ဒီအချက်မှာ သူသည် တဖက်လူကို

ခြိမ်းခြောက်ရန်နှင့် တာဝန်ပြီးမြောက်ရန် ကြိုးစားဖို့ ကောင်းကင်သူတော်စင်၏

အမည်ကိုသာ အသုံးပြုနိုင်ခဲ့သည်။

ကျန်းချန်ရှန်းက..... "အစွမ်းကုန် တိုက်ခိုက်ပါ..ဒါဆို မင်းအတွက်အသက်ရှင်ဖို့ အခွင့်ရေးရှိလိမ့်မယ်...."

သူ၏အသွင်အပြင်အစစ်အမှန်ကို မည်သူမျှ မမြင်နိုင်စေရန် ယန်အလင်းတန်းက သူ၏မျက်နှာကို ဖုံးအုပ်ထားသည်။ သို့သော် သူ့လေသံက နန်းတော်သခင်ကျိအား လွတ်မြောက်ရာလမ်းမရှိကြောင်း နားလည်စေခဲ့သည်။

နန်းတော်သခင်ကျိ ရုတ်တရက် သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ့ကိုယ်ခန္ဓာ ပျောက်ကွယ်သွားကာ အနက်ရောင်အခိုးအငွေ့အဖြစ် ပြောင်းလဲသွားပြီး မကြာခင်မှာပဲ ကောင်းကင်တစ်ခုလုံး မှောင်မိုက်လာသည်။

" အသက်ရှင်ဖို့ အခွင့်အရေးတဲ့လား... မင်း အရမ်းမာနထောင်လွှားတာပဲ...လောဟာနယ်အဖြစ် ဘယ်လို ပြောင်းလဲရမယ်ဆိုတာရောသိရဲ့လား..."

နန်းတော်သခင်ကျိရဲ့ အထင်သေးတဲ့ရယ်သံ ထွက်ပေါ်လာသော်လည်း နောက်တစ်စက္ကန့်မှာ သူ့လေသံက ထိတ်လန့်သွားတဲ့လေသံအဖြစ်ပြောင်းသွားသည်။

"ဘယ်လိုဖြစ်တာလဲ... မဖြစ်နိုင်ဘူး! ဒီလောကကို ဘာဖြစ်လို့ မစွန့်ခွာနိုင်တာလဲ...."

ကျန်းချန်ရှန်းက လက်မြှောက်ပြီး ကောင်းကင်ကို ဆုပ်ကိုင်လိုက်တော့ တစ်ခဏချင်းမှာပဲ ကောင်းကင်မှောင်မိုက်နေခြင်း ပျောက်ကွယ်သွားပြီး လေထဲမှ အနက်ရောင်ဓာတ်ငွေ့လုံးတစ်လုံး သူ့ရှေ့တွင် ပေါ်ထွက်လာပြီး နန်းတော်သခင်ကျိ၏ပုံသဏ္ဌာန်သို့ လျင်မြန်စွာ စုစည်းသွားသည်။

နန်းတော်သခင်ကျိက ကြောက်လန့်ပြီး မယုံနိုင်တဲ့အနေနဲ့ ကျန်းချန်ရှန်းကိုကြည့်လိုက်သည်။

ကျန်းချန်ရှန်း ရဲ့ ညာဘက် ပခုံးပေါ်က ကောင်းကင်မြေပြင် ကြေးမုံက အလင်းပြန်နေသော်လည်း ယန်အလင်းတန်းကြောင့် သိသာထင်ရှားပုံမရပေ။

ယင်းသည် ကောင်းကင်မြေပြင်ကြေးမုံ၏အစွမ်း ဖြစ်သည်။ ကျန်းချန်ရှန်းက ဤကြေးမုံကိုသုံး၍ မဟာကန္တာရသိုင်းကမ္ဘာ၏ ကောင်းကင်ကို ကြိုတင်ရောင်ပြန်ဟပ်ခဲ့ပြီးဖြစ်သည်။ မြေပြင် ပေါ်ရှိ ရှုခင်းကို တဖြည်းဖြည်း ရောင်ပြန်ဟပ်နိုင်သော်လည်း ရန်သူများ ထွက်ပြေးခြင်းကို တားဆီးနိုင်သည်။ ဒါက လေဟာနယ်နယ်ပယ်အကြောင်း သင်ယူပြီးတဲ့နောက် သူအထူးလုပ်ခဲ့တာဖြစ်ပြီး ဒီနေ့လည်း အသုံးပြုနေပြီဖြစ်သည်။

ဤကြေးမုံ မရှိသည့်တိုင် နန်းတော်သခင်ကျိကို ချေမှုန်းနိုင်မည်ဟု ကျန်းချန်ရှန်း ယုံကြည်စိတ်ချထားသည်။

လေဟာနယ်အဖြစ် ပြောင်းလဲခြင်းဟုခေါ်ဆိုသည့်အရာသည် သူ၏ဝိညာဉ်ဆန္ဒရှေ့တွင် အာကာသနိယာများ၏ စွမ်းအားကို ငှားရမ်းခြင်းမျှသာဖြစ်သည်။

" လေဟာနယ်အဖြစ်ပြောင်းလဲခြင်းဆိုတာ ဒီလောက်ပဲလား...."

ကျန်းချန်ရှန်းက မလှုပ်မရှားဘဲ မိုးတိမ်ပေါ်တွင် ရပ်နေသည်။

နန်းတော်သခင်ကျိ ထိတ်လန့်သွားပေမဲ့ ငြိမ်မနေခဲ့ပေ။

သူသည် သိုလှောင်လက်စွပ်ထဲမှ ဓားရှည်တစ်ချောင်းကို အလျင်အမြန်ထုတ်ထုတ်ပြီး လက်နှစ်ဖက်စလုံးဖြင့် ဓားကိုကိုင်ပြီး ကျန်းချန်ရှန်းကို ထိုးလိုက်သည်။

ဓားက ကောင်းကင်နဲ့ မြေကြီးကို တောက်ပစေခဲ့ပြီး ကောင်းကင်အပြင်လေဟာနယ်ကိုပင် လင်းလက်စေခဲ့သည်။

ကောင်းကင်တစ်ခုလုံးကို နှစ်ခြမ်းခွဲလိုက်သည့်အလား မိုးကောင်းကင်ရှိ မိုးတိမ်ပင်လယ် ပွင့်သွားပြီး ကြောက်မက်ဖွယ်လှိုင်းလုံးများ ဖြစ်ပေါ်စေသည်။

ဝုန်းးးးး

နန်းတော်သခင်ကျိ၏ ဓားချက်ကို ကျန်းချန်ရှန်းက လက်ချောင်းဖြင့်အသာအယာညှပ် ဖမ်းထားပြီး ဓားသွားပေါ်တွင် အေးမြသောအလင်း ထွန်းလင်းခဲ့သည်။ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန်ဆွဲနေပါစေ သူ့ရဲ့အဖိုးတန်ဓားကို မဆွဲထုတ်နိုင်ပေ။

ဒီအချိန်မှာပဲ!

ကျန်းချန်ရှန်း သူ့နဖူးပေါ်က မဟာတာအိုရဲ့မျက်လုံးကို ဖွင့်လိုက်တဲ့အခါ နန်းတော်သခင်ကျိ သိတာထက် ပိုမြန်တဲ့နှုန်းနဲ့ ရွှေရောင်အလင်းက သူ့ရင်ဘတ်ကို ထိုးဖောက်သွားကာ မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

နန်းတော်သခင်ကျိ တုန်လှုပ်သွားကာ သူ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ သူ၏ခန္ဓာကိုယ်ကို မကုသနိုင်ကြောင်း တွေ့ရှိရ၍ ထိတ်လန့်သွားသည်။ သူ့ကိုယ်ခန္ဓာထဲကို ထိတ်လန့်ဖွယ် စွမ်းအားတစ်ခု စီးဆင်းလာပြီး သူ့အသွေးအသားကို လှိုက်စားဖျက်စီးနေသည်။

"မင်းက ဘယ်သူလဲ... ဒါဟာ မူလသိုင်းပညာ လုံးဝ မဟုတ်ဘူး..."

နန်းတော်သခင်ကျိသည် စိတ်ပျက်အားလျော့စွာ ကျန်းချန်ရှန်းကို မော့ကြည့်လိုက်သည်။

" ဟိုတုန်းက အောက်ကမ္ဘာမှာ ပုံမှန်မဟုတ်တဲ့ သွေဖယ်သူရှိနေတဲ့ ကောလာဟလတွေကြားဖူးတယ်....မင်းက သွေဖယ်သူလား...ဒါမှမဟုတ် ရှေးဟောင်းဂိုဏ်းကလား...."

နန်းတော်သခင်ကျိက အံ့အားသင့်စွာ အော်ပြောလိုက်သည်။ သူနောက်ထပ်

စကားမပြောခင် ရွှေရောင်အလင်း နောက်တစ်ခု ထွက်လာပြီး သူ့ခေါင်းကို တိုက်ရိုက်ဖောက်ထွင်းသွားသည်။

ကျန်းချန်ရှန်းက ဘူးသီးခြောက်ထဲသို့ နန်းတော်သခင်ကျိ၏ အလောင်းကို စုပ်ယူလိုက်သည်။

နန်းတော်သခင်ကျိ၏နောက်ခံက အလွန်နက်နဲသည်။ ဒါကြောင့် သဲလွန်စမကျန်အောင် အလောင်းဖျောက်ပစ်ရမည်။

နန်းတော်သခင်ကျိကို အညံ့မခံခိုင်းသည့်

အကြောင်းရင်းမှာ နယ်ပယ် အလွန်မြင့်မားသောကြောင့်ဖြစ်ပြီး အချိန်တိုအတွင်း သူ၏မှတ်ဉာဏ်အားလုံးကို ပြောင်းလဲရန် ခက်ခဲသောကြောင့်ဖြစ်သည်။ နန်းတော်သခင်ကျိက တိုင်ရှီချန်းနှင့် မတူပေ။ သူသည် အောက်ကမ္ဘာတွင် လေ့ကျင့်နေခြင်းမဟုတ်ဘဲ တာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်။ အချိန်အတန်ကြာ သူပြန်မလာပါက ထိုကောင်းကင်သူတော်စင်က သူ့ကို အမှန်တကယ် ရှာဖွေတွေ့ရှိပေမည်။ကောင်းကင်သူတော်စင်သာ နန်းတော်သခင်ကျိထံတွင် လှည့်ကွက်အချို့ချန်ထားလျှင် ဒုက္ခများကုန်လိမ့်မည်။

ဒါတွေအားလုံးကို လုပ်ပြီးတဲ့နောက် ကျန်းချန်ရှန်း လှည့်ထွက်သွားလေသည်။

တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်က အလွန်တန်ခိုးကြီးသော်လည်း ကံမကောင်းသည်မှာ ကျန်းချန်ရှန်း ရှေ့တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။

ကောင်းကင်ပေါ်က ရေပေါ်ကျွန်းပေါ်မှာ နတ်ဘုရားဇီဟွမ်းနှင့် သူ၏အစေခံနှစ်ဦးတို့ အောက်ကမ္ဘာများကို ငုံ့ကြည့်နေကြသည်။ သူတို့တင်သာမကဘဲ အဝေးက ရေပေါ်ကျွန်းများပေါ်တွင်လည်း သိုင်းပညာရှင်များရှိနေကြသည်။

" အဲ့ဒီ့အလင်းတန်းက..."

နတ်ဘုရားဇီဟွမ်းက သံသယဖြစ်နေသည့်အနေအထားကို ဖော်ပြခဲ့သည်။

အောက်မှာ ဘာဖြစ်နေတယ်ဆိုတာ သူမသိခဲ့ပေ။ သူစဉ်းစားနိုင်သည့် တစ်ခုတည်းသောအရာမှာ နန်းတော်သခင်ကျိ လှုပ်ရှားနေပြီဖြစ်သည်။အကြောင်းမှာ မူလကောင်းကင်အဓိပတိနယ်ပယ် ကျွမ်းကျင်သူများအကြား တိုက်ပွဲတစ်ခုအတွက် ဤမျှဝေးလံသောအကွာအဝေးကို အကျိုးသက်ရောက်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။

အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးက "နန်းတော်သခင် ပြန်မလာရင် ဘယ်လိုလုပ်ကြမလဲ "မေးတော့

အစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးရဲ့ လှပတဲ့မျက်နှာက သေလောက်အောင် ဖြူဖျော့သွားသည်။

နန်းတော်သခင်ကျိတောင် တာအိုဘိုးဘေး၏ ပြိုင်ဘက်မဟုတ်လျှင် တာအိုဘိုးဘေးက ပုံမှန်မဟုတ်သူဖြစ်ရမည်!

နတ်ဘုရားတပါးနှင့် နန်းတော်သခင်တပါးတို့ နတ်ဘုရားဇီဟွမ်း ၏ထိန်းချုပ်မှုအောက်တွင်ရှိသော သိုင်းကမ္ဘာတွင် သေဆုံးခဲ့သည်။ ဒီပြသာနာကနေ အဘယ်သို့ရှောင်ပြေးရမည်နည်း.....

ချန်မျိုးနွယ်စုပင်လျှင် ဒုက္ခရောက်ရမည်။

နတ်ဘုရားဇီဟွမ်းသည်လည်း ယင်းကို စဉ်းစားခဲ့ပြီး စိတ်နှလုံးမတည်ငြိမ်နိုင်တော့ပေ။

ယခုအချိန်တွင် သူသည် မိမိအကျိုးစီးပွားကို ဂရုမစိုက်နိုင်တော့ချေ။ မိမိကိုယ်ကို မည်သို့ကာကွယ်ရမည်ကိုသာ သူစဉ်းစားခဲ့ရသည်။ အရေးကြီးဆုံးမှာ သူသည် ချန်မျိုးနွယ်စုကို ကာကွယ်ပေးရပေမည်။

တစ်ချိန်တည်းမှာပင်......

လျို့ဟုန်မင်းဆက်ရှိ ထျန်းဂျန်တောင်၌...

ယဲ့ကျန်း အံ့သြစွာဖြင့် "ဘာဖြစ်လို့ လှုပ်ရှားမှုမရှိတာလဲ" ဟုမေးလိုက်သည်။

ယဲ့ကလန်ဘိုးဘေးက "သူတို့တိုက်ခိုက်ပြီးပြီ...ခုနက လေဟာနယ်အငွေ့အသက်တွေရတယ်...ကြည့်ရတာ တိုက်ပွဲမြန်မြန်ပြီးဆုံးသွားပုံပဲ...."

လေဟာနယ်အဖြစ် ပြောင်းလဲနိုင်သူ တဉီးကို အလွယ်တကူသတ်ပစ်ဖို့မလွယ်သဖြင့် ယဲ့ကျန်း တုန်လှုပ်နေသည်။

တာအိုဘိုးဘေး အချိန်တိုအတွင်း တုနှိုင်းမဲ့လေဟာနယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ခဲ့တယ်ဆိုရင်...

ယဲ့ကျန်း ထိတ်လန့်သွားသည်။ ဤမျှကြောက်မက်ဖွယ်ကောင်းသော လူမျိုး မဟာကန္တာရသိုင်းကမ္ဘာတွင် နေထိုင်ပြီး အဘယ်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသနည်း။

ယဲ့ကလန်၏ ဘိုးဘေးဟောင်းက... "ကျန်းအာ...မင်း ဒီမှာပဲ စိတ်ချလက်ချနဲ့ နှစ်ပေါင်း ၅၀၀ နေပါ... ထွက်လာပြီးရင် ကောင်းကင်တရားရုံးကိုသွားပြီး ကောင်းကင်ဧကရာဇ်ကို ဒူးထောက်ပြီး ကျေးဇူးတင်ရမယ်..."

ဒါကိုကြားတော့ ယဲ့ကျန်း တခုခု ပြောချင်ပေမဲ့ တွန့်ဆုတ်နေသည်။

သူသည် တာအိုဘိုးဘေးကို မှီခိုအားထားရန် ရည်ရွယ်ခဲ့သော်လည်း ဒူးထောက်ဖို့ကတော့....

ယဲ့ကလန်၏ ဘိုးဘေးဟောင်းက သူ့ကိုကြည့်ပြီး "အနာဂတ်မှာ ဒီလိုရွေးချယ်ခဲ့တာကို မင်း ဝမ်းသာနေမှာပါ...."

All Chapters