အမြင့်မြတ်ဆုံးပုဂ္ဂိုလ်တစ်ဦး၏ ရဲစွမ်းသတ္တိ....ချန်မျိုးနွယ်စု၏ ဆုံးဖြတ်ချက်......
Vol. 25 Ch. 371
"လုံးဝမဟုတ်ဘူး။'
ကျန်းချန်ရှန်း ခေါင်းခါခဲ့သည်။ သူက ပိုင်ချီရဲ့မေးခွန်းကို မဖြေခဲ့ပေ။ အဲဒါက ကြောင်တစ်ကောင်က သူ့နှလုံးသားကို ကုတ်နေသလို ပိုင်ချီ ခံစားခဲ့ရသည်။
"နောက်ရက်အနည်းငယ်အတွင်း ဟေးထျန်းနဲ့ဟွမ်းထျန်းကို သွားကြည့်ကြစို့...ဒီနှစ်ကောင် ဒုက္ခကြုံနေကြပြီ..."
ပိုင်ချီ ဒါကိုကြားတဲ့အခါ ချက်ချင်းပဲ သဘောတူပြီး ခေါင်းညိတ်လိုက်သည်။ ကျန်းချန်ရှန်းကတော့ ဆေးလုံးတွေကို ဆက်လက်ဖော်စပ်နေသည်။
တစ်ချိန်တည်းမှာပင်....
တောင်ဘက်ကောင်းကင်တံခါးရှေ့တွင် ကောင်းကင်စစ်သားများ၊ ဗိုလ်ချုပ်များ၊ အင်မော်တယ်နတ်ဘုရားများ စုဝေးလာကြပြီး မိုးကုပ်စက်ဝိုင်းပေါ်ရှိ တိုက်ပွဲကို ကြည့်နေကြသည်။ ကွမ်းတုံးယု၊ ကိုယ်တော်ပိုင်နှင့် ကျ်ိဝူကျွင်းတို့က နတ်ဆိုးအဓိပတိကို တိုက်ခိုက်ရန် လက်တွဲခဲ့ကြသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် နတ်ဘုရားများခန့်အပ်ခြင်း၏ ကံကောင်းမှုဖြင့် သုံးဦးထဲမှ အအားနည်းဆုံးသည် မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့သော်လည်း သူတို့ နတ်ဆိုးအဓိပတိကို ယှဉ်ပြိုင်နိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။
နတ်ဆိုးအဓိပတိက သူတို့ကို မသတ်ဝံ့ဘဲ လှုပ်ရှားမှုတိုင်းကိုပဲ ချေပနိုင်သည်။
နောက်ဆုံးမှာတော့ နတ်ဆိုးအဓိပတိ ရပ်တန့်လိုက်ပြီး သူတို့သုံးယောက်ကို သူ့ကိုတိုက်ခိုက်ခွင့်ပြုလိုက်ကာ သူ့ရဲ့ခွန်အားကြီးတဲ့ ကိုယ်ခန္ဓာကို အားထားပြီး တန်ပြန်တိုက်ခိုက်လေသည်။
"သိုင်းလောကမှာ နတ်ဆိုးတွေ ဒီလောက်ပင်ကိုစွမ်းရည်ရှိမယ်လို့ မမျှော်လင့်ခဲ့ဘူး..."
တိုင်ရှီးချန် အံ့သြတကြီးနဲ့ ရေရွတ်လိုက်သည်။
"မဟာကန္တရသိုင်းကမ္ဘာမှာ ချောင်းနေတဲ့ ကျားတွေနဲ့ ပုန်းနေတဲ့ နဂါးတွေ ပြည့်နေတယ်"
ဟေးဟူက ခေါင်းခါပြီး "မဟာကန္တရသိုင်းကမ္ဘာမှာ ချောင်းနေတဲ့ ကျားတွေ၊ ပုန်းနေတဲ့ နဂါးတွေနဲ့ ပြည့်နေတာမဟုတ်ပါဘူး.... သိုင်းကမ္ဘာအားလုံးမှာလည်း အတူတူပါပဲ..ဘယ်ကမ္ဘာမှာမဆို ပါရမီရှင်တွေရှိကြတာပဲလေ.... သိုင်းပညာ အရင်းအမြစ်နဲ့ ဆက်သွယ်မှုတွေ ကန့်သတ်ထားတာကြောင့် မတွေ့ဆုံနိုင်ကြရုံပါ .."
သူသည် မဟာကန္တာရသိုင်းကမ္ဘာမှ အထက်သို့တက်လှမ်းခဲ့ပြီး အစပိုင်းတွင် မာနကြီးခဲ့ဖူးသည်။အခုတော့ သူဟာ လိမ္မာပါးနပ်မှုရှိလာခဲ့ပြီ.....
မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ ပါရမီရှင် မချို့တဲ့ပေ။ အလားတူ စွမ်းရည်ရှိသူတွေကို ဆန့်ကျင်ပြီး ကျွမ်းကျင်သူတွေက သူတို့ရဲ့လူတွေကို ပြုစုပျိုးထောင်ဖို့ ရွေးချယ်ကြမည်။သူတို့၏ သစ္စာစောင့် သိမှုကို ဦးဆုံးစမ်းသပ်ကြမည်။ဒါဟာ လူ့သဘောသဘာဝဖြစ်သည်။
လင်းဟောက်ထျန်းနဲ့ကျန်းဂျန်တို့လည်း ဆွေးနွေးနေကြသည်။ နတ်ဆိုးမျိုးနွယ်ရဲ့အဓိပတိအကြောင်း သူတို့ကြားခဲ့တာ ကြာမြင့်ဖြစ်သော်လည်း ယခု သူတို့ကိုယ်တိုင် တွေ့မြင်ခဲ့ပြီဖြစ်ရာ သူတို့၏ဂုဏ်သိက္ခာက အမှန်ပင် ထိုက်တန်ပေသည်။
ကျန်းထျန်းမင်, ကျန်းရှန်, ကျန်းရွှမ်ကျန့်နဲ့ ကျန်းယဲ့တို့က ပိုသိချင်ကြသည်။
နတ်ဆိုးမျိုးနွယ်ရဲ့ နာမည်ကောင်းကို သူတို့ တစ်ခါမှ မကြားဖူးကြပေ။
တိချန်က မျက်မှောင်ကြုံ့သွားပြီး နတ်ဆိုးအဓိပတိကို ငေးကြည့်ရင်း တိုက်ပွဲကို စောင့်ကြည့်နေသည်။
"နတ်ဆိုးမျိုးနွယ်က အများအားဖြင့် အဆုံးမဲ့သမုဒ္ဒရာထဲမှာရှိပေမဲ့ မဟာကန္တာရကြီးမှာ ကျော်ကြားနေတာ အံ့ဩစရာမဟုတ်ဘူး...ဒီကောင်ရဲ့ သွေးမျိုးဆက်စွမ်းရည်က မရိုးရှင်းဘူး..."
တိချန်က အခြေအနေကို ပို၍စေ့စေ့စပ်စပ် တွေ့မြင်ခဲ့သည်။ သူသည် နတ်ဆိုးအဓိပတိကို အနိုင်ယူနိုင်မည်ဟု ယုံကြည်စိတ်ချသော်လည်း နတ်ဆိုးအဓိပတိ ပြသခဲ့သော အလားအလာက သူ့ကို ထိတ်လန့်စေခဲ့သည်။ သူ့ကို စုဆောင်းဖို့ အတွေးတောင် ရှိခဲ့သည်။ သို့သော် သူသည် လူသားမျိုးနွယ်အတွက် ထောက်ထားစာနာသည့်အနေနှင့် အဘယ်အရာကိုမျှ မပြောခဲ့ချေ။
တိုက်ပွဲ ကြာမြင့်စွာကြာရှည်ခဲ့သည်။
ကွမ်းတုံးယု ရပ်လိုက်သည်နှင့် ကျ်ိဝူကျွင်းနဲ့ ကိုယ်တော်ပိုင်တို့လည်း ရပ်လိုက်ကြသည်။ နတ်ဆိုးအဓိပတိ၏မျက်နှာပေါ်တွင် သွေးများဖုံးလွှမ်းနေသော်လည်း တည်ငြိမ်နေသည်။ ရိုက်နှက်ခံရပြီးတဲ့နောက်မှာလည်း အခြေနေကောင်းနေတုန်းပင်....
နတ်ဆိုးအဓိပတိက... "မင်း လက်စားချေဖို့ အလုံအလောက် လုပ်ခဲ့ပြီလား...တာအိုဘိုးဘေးကို တွေ့ခွင့်ပေးနိုင်မလား...ငါ ဒီမှာ ကိုယ့်ကိုယ်ကိုယ် လာသတ်သေမယ်လို့တော့ မထင်ပါဘူးနော်..."
သူ့စကားတွေက လှောင်ပြောင်မှုနဲ့ ပြည့်နေပြီး သူတို့သုံးယောက် တိတ်ဆိတ်နေကြသည်။
ကျိဝူကျွင်းက သူ့ကိုကြည့်ပြီး....
" မပါဘုး လူသားနဲ့ နတ်ဆိုးကြားမှာ ရန်ငြိုးတစ်ခု ရှိပေမယ့် ဒါကမျိုးနွယ်စုနှစ်ခုကြားက တိုက်ခိုက်မှုပါ... ဒီနေ့၊ မင်းရဲ့ခွန်အားကို စမ်းသပ်ဖို့ တိုက်ခိုက်နေတယပါ..."
နတ်ဆိုးအဓိပတိ တိတ်ဆိတ်နေသည်။ ကွမ်းတုံးယုနှင့် ကိုယ်တော်ပိုင်တို့က ရှုပ်ထွေးသောမျက်နှာထားဖြင့် သူ့ကိုကြည့်ခဲ့သည်။
သူတို့ဟာ တစ်ချိန်က ရန်သူတွေဖြစ်ခဲ့ပေမဲ့ ဒီလူဟာ တကယ့်ကို ထူးခြားတယ်ဆိုတာ ဝန်ခံရပေမည်။ သူသာ လူသားမျိုးနွယ်တွင် မွေးဖွားခဲ့မည်ဆိုလျှင် မြင့်မြတ်သောမင်းဆက်ကိုလည်း ဖြိုဖျက်နိုင်ပေမည်။
နတ်ဆိုးအဓိပတိက သူ့မျက်နှာပေါ်က သွေးကို ဖယ်ရှားပေးဖို့ သူ့ရဲ့နတ်ဆိုးစွမ်းအားကို အသုံးပြုခဲ့သည်။
"တာအိုဘိုးဘေးနဲ့ တွေ့ခွင့်ရနိုင်မလား" ဟုမေးတော့ တိချန်က...
"မင်းကြီးက မင်းကိုတွေ့ချင်တယ်ဆိုရင် မင်းကို ဆင့်ခေါ်ပါလိမ့်မယ်...ငါတို့ရဲ့ထောက်ခံချက်ကို ဘာကြောင့်လိုအပ်မှာလဲ..."
နတ်ဆိုးအဓိပတိ တိတ်ဆိတ်သွားပြန်သည်။
ကောင်းကင်စစ်သားများ၊ ကောင်းကင်ဗိုလ်ချုပ်များနှင့် အင်မော်တယ်နတ်ဘုရားများက အသွင်အပြင်အမျိုးမျိုးရှိသည်။ အချို့က သူ့ကို ချီးမွမ်းကြပြီး အချို့က လှောင်ပြောင်ကြသည်၊ အချို့က သူ့ကိုမုန်းတီးကြပြီး အချို့က သူ့ကို မထီမဲ့မြင်ပြုခဲ့ကြသည်။
သို့သော် ထိုလူက နတ်ဆိုးအဓိပတိဖြစ်ပြီး သူဘာကြောင့် ဒီမှာရှိနေတာလဲဆိုတာ နားလည်သွားကြချေပြီ....
ကောင်းကင်တရာရုံးထဲဝင်ဖို့ သိပ်မလွယ်ကူဘူးလေ.....
ချင်းလျန်မျိုးနွယ်စုက စံနှုန်းတခုဖြစ်ခဲ့ သည်။သူတို့နှင့်နှိုင်းယှဉ်လျှင် နတ်ဆိုးမျိုးနွယ်စုက အလွန်နိမ့်ကျသည်!
"နတ်ဆိုးအဓိပတိတဲ့လား... ကိုယ့်ကိုယ်ကို အမြင့်မြတ်ဆုံးတယ်ဆိုတော့ မင်းက တကယ့်ကို မာနထောင်လွှားတာပဲ..ဒီရိုက်ချက်ကိုခံယူလိုက် မင်းမသေဘူးဆိုရင် ကောင်းကင်စစ်သားအဖြစ် ရာထူးရဖို့ မင်းကြီးကို တောင်းပန်ဖို့ ငါကူညီပေးမယ်...."
တိုင်ရှီးချန် မတ်တတ်ရပ်ပြီး ပြုံးလိုက်သည်။ သူသည် နတ်ဆိုးအဓိပတိကို ဂရုမစိုက်သည့်အလား ခပ်အေးအေးပင်...
နတ်ဆိုးအဓိပတိက မျက်မှောင်ကြုံ့မိလိုက်သည်။ တစ်ဖက်က သူ့ကို အရှက်ခွဲနေတယ်ဆိုတာ သိသာထင်ရှားပေမဲ့.....
"ကောင်းကင်စစ်သားရာထူးကို တောင်းဆိုနေတာမဟုတ်ဘူး... တာအိုဘိုးဘေးကိုပဲ တွေ့ချင်တယ်"
"ဒါဆိုရင် ငါ့ရိုက်ချက်ကို ခုခံနိုင်မလားကြည့်ရအောင်!"
တိုင်ရှီးချန်က လှောင်ပြောင်ပြီး ရှေ့သို့ပျံသန်းသွားစဉ် နောက်ဆက်တွဲပုံရိပ်များ ချန်ရစ်ခဲ့သည်။ သူ့ကို ရှင်းလင်းစွာ မြင် ရန်မည်သူမျှ အချိန်မရှိခဲ့ပေ။ တိုင်ရှီးချန်က နတ်ဆိုးအဓိပတိဆီသို့ အပြေးအလွှားသွားပြီး သူ၏ရင်ဘတ်ကို ရိုက်လိုက်ရာ သူ၏ဆံပင်ဖြူများ လွင့်ပျံနေပြီး မျက်လုံးပြူးသွားသည်။
ကြောက်မက်ဖွယ် သွေးလေပြင်းတိုက်ခတ်ပြီး နတ်ဆိုးအဓိပတိကို မိုးကုပ်စက်ဝိုင်းအထိ လွင့်စင်စေခဲ့သည်။
စောင့်ကြည့်နေသူအားလုံး ထိတ်လန့်သွားကြ၏။ တိုင်ရှီးချန်က နတ်ဆိုးအဓိပတိကို သတ်ချင်တယ်လို့ သူတို့ထင်ခဲ့ကြသည်။
သို့သော်လည်း ၊ နတ်ဆိုးအဓိပတိ မ သေ ခဲ့ပေ။ အဲဒီအစား အံကြိတ်ပြီး သွေးလေပြင်းထဲမှာ စွဲမြဲမြဲရပ်နေခဲ့သည်။
စိတ်ကူး၍မရနိုင်သော ဖိအားများ နတ်ဆိုးအဓိပတိကို ဖုံးလွှမ်းထားပြီး သူ၏သွေးချီငိူဖြစ်ပေါ်စေသည်။ နတ်ဆိုးစွမ်းအားများ ပြိုလဲခါနီးသော်လည်း တိုင်ရှီးချန်ကို စူးစိုက်ကြည့်နေသည်။ သူ၏အသားစများ စုတ်ပြဲနေပြီး အဝတ်အစားများလည်း စုတ်ဖွာနေသော်လည်း ဆက်၍ဇွဲရှိခဲ့သည်။
မကြာမီ နတ်ဆိုးအဓိပတိက သူ၏ပုံသဏ္ဌာန်အစစ်အမှန်သို့ ပြောင်းလဲသွားသည်။ ချွန်ထက်သောဦးချိုများနှင့် မြွေနှင့်တူသော မျက်လုံးများရှိသည့် သမင်ဖြူတစ်ကောင်ဖြစ်သည်။ သူ့မျက်လုံးတွေ ထက်မြက်စူးရှနေပြီး ကြောက်ရွံ့ခြင်းမရှိဘဲ စိတ်ပိုင်းဖြတ်ထားမှုသာရှိသည်။
တိုင်ရှီးချန်က သူ၏အကြည့်ကြောင့် ထိတ်လန့်သွားပြီး တိတ်တဆိတ် ထိတ်လန့်သွားသည်။
"ဒီကောင် သတ္တိရှိသားပဲ..."
အဲဒီအတွေးနဲ့ တိုင်ရှီးချန်က သူ့လက်ဖဝါးကို တဖြည်း ပြန်ရုတ်သိမ်းလိုက်တဲ့အခါ သွေးလေပြင်းများ ပျောက်ကွယ်သွားသည်။
နတ်ဆိုးအဓိပတိက သူ၏လူသားပုံသဏ္ဌာန်သို့ ပြန်ပြောင်းလိုက်တော့ သူ့ကိုယ်ခန္ဓာက တုန်လှုပ်သွားပြီး လဲလုနီးပါးဖြစ်သွားသည်။ခန္ဓာကိုယ် ပြိုလဲတော့မည်ဖြစ်ပြီး သွေးနှင့်ဖုံးလွှမ်းနေသော်လည်း သူသည် လေထဲတွင် မြင့်မားစွာရပ်နေဆဲဖြစ်သည်။ မည်မျှပင် တည်ငြိမ်နေပုံရပါစေ သူ၏မျက်လုံးထဲမှ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
အစွမ်းထက်လွန်းတယ်.....
ကောင်းကင်တရာရုံးမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်ဆိုတာ သူကြားခဲ့တယ်၊ ဒါပေမဲ့ တိုင်ရှီးချန်နဲ့ ရင်ဆိုင်ရချိန်မှာပဲ သူတို့ ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ သူသိခဲ့ရပြီ....
တိုင်ရှီးချန် သူ့ကိုသတ်ချင်ရင် အပိုင်းပိုင်းခွဲခံရလိမ့်မယ်လို့ သူခံစားရတယ်.....
ဤအတွေးကြောင့် နတ်ဆိုးအဓိပတိ သက်ပြင်းချလိုက်မိသည်။
တစ်ဖက်က သူ့ကိုမသတ်ချင်ဘူးဆိုရင် သူမှာ မျှော်လင့်ချက်ရှိတယ်!
"နဝမကောင်းကင်ကို သွားကြစို့..."
တိုင်ရှီးချန်က သူ့ကို နက်နက်နဲနဲ ကြည့်ပြီး အဲဒီလိုပြောပြီးတဲ့နောက် ထွက်သွားလေသည်။
နတ်ဆိုးအဓိပတိ အံ့သြသွားကာ ချက်ချင်း ပျံသန်း ပျောက်ကွယ်သွားခဲ့သည်။
ကျိဝူကျွင်းက အံ့သြစွာဖြင့် "အခု တိုက်ခိုက်ဖို့ တောင်းဆိုခဲ့တာ တာအိုဘိုးဘေးလား" ဟုမေးခဲ့သည်။
တိုင်ရှီးချန်က ပခုံးကိုတွန့်ပြီး "ဟုတ်တယ်လေ... ဒါမှမဟုတ်ရင် သူ့ကို ငါတိုက်ခိုက်မယ်ဆိုရင် သူသေမှာသေချာတယ်.... ပုရွက်ဆိတ်တွေအတွက် အချိန်ဖြုန်းရတာမကြိုက်ဘူး...."
ကျန်းထျန်းမင် ရှုံ့မဲ့သွားသည်။ ဒီလူအဓိပ္ပာယ်မရှိတဲ့စကားတွေ အများကြီးပြောတတ်သားပဲ....
တခြားသူတွေက နတ်ဆိုးအဓိပတိအကြောင်း ဆွေးနွေးကြတယ်။ မည်သို့ပင်ဖြစ်စေ ယခုပင် နတ်ဆိုးအဓိပတိ၏လုပ်ဆောင်မှုက သူတို့၏သဘောတူညီချက်ကို ရရှိခဲ့ပြီဖြစ်သည်။မျိုးနွယ်စုတခု၏ခေါင်းဆောင်က မျှော်လင့်ထားတဲ့အတိုင်း သန်မာလှသည်။
အခြားတစ်ဖက်၌.....
နတ်ဆိုးအဓိပတိက တိမ်တိုက်ပင်လယ်အလွှာများကိုဖြတ်ကျော်၍ နဝမကောင်းကင်သို့ ရောက်ရှိခဲ့သည်။ နဝမကောင်းကင်ဘယ်မှာရှိတယ်ဆိုတာ သူမသိပေမဲ့ အထက်မှာရှိတဲ့ အမှောင်ထုကို မြင်တဲ့အခါ သူရောက်ပြီဆိုတာ သဘောပေါက်သွားသည်။
သူရပ်ပြီး ကြည့်လိုက်တော့ ခမ်းနားထည်ဝါတဲ့ ခရမ်းရောင်တိမ်တိုက်နန်းတော်ကို တွေ့လိုက်ရသည်။
အသက်ပြင်းပြင်းရှူပြီး ခရမ်းရောင်တိမ်တိုက်နန်းတော်ရှေ့၌ဦးညွှတ်ပြီး... "နှုတ်ဆက်ပါ၊ တာအို ဘိုးဘေး"
"ဘာဖြစ်လို့ ရောက်လာတာလဲ"
ကျန်းချန်ရှန်းရဲ့အသံက စိတ်လှုပ်ရှားမှုမရှိဘဲ ထွက်ပေါ်လာသည်။
နတ်ဆိုးအဓိပတိက "နတ်ဆိုးမျိုးနွယ်စုအသက်ရှင်ကျန်ရစ်ဖို့ အခွင့်အလမ်းရှာဖို့ပါ..."
ခရမ်းရောင်တိမ်တိုက်နန်းတော် တိတ်ဆိတ်သွားသည်။
နတ်ဆိုးအဓိပတိက စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့သည်။ ဤအချိန်တွင် စိုးရိမ်၍မရနိုင်ကြောင်း သူသိထားသော်လည်း သို့တိုင် သူ့အပေါ် ဖိအားမှုများ ဆက်၍တိုးများလာသည်။ အသက်ရှူဆယ်ကြိမ်ပြီးနောက် ဖိအားကြောင့် အသက်မရှူနိုင်တော့ပေ။
ထိုသို့သောဖိအားကို သူခံစားရသည်မှာ ကြာမြင့်ခဲ့ပြီ။ တိုင်ရှီးချန်ရဲ့ ယခင်တိုက်ခိုက်မှုက ခွန်အားသက်သက်ပင်။ သို့သော် လက်ရှိ ဖိအားက စိတ်ပိုင်း ဆိုင်ရာဖိအား ဖြစ်သည်။
ယင်းမတိုင်မီက သူသည် တာအိုဘိုးဘေးနှင့် တွေ့ဆုံရမည့်အကြောင်း မရေမတွက်နိုင်သော ဇာတ်လမ်းများကို စိတ်ကူးခဲ့ဖူးသည်။ သို့သော်လည်း ခရမ်းရောင်တိမ်တိုက်နန်းတော်ကို သူရောက်သည်နှင့်တစ်ပြိုင်နက် သူသည် အရေးမပါကြောင်း ချက်ချင်းခံစားခဲ့ရသည်။
ပြောမပြနိုင်လောက်အောင် ဒီခံစားချက်က သူ့ကို တစ်ခါမှမကြုံဖူးတဲ့ နှိမ့်ချမှုခံစားရစေသည်။
သူသည် တိုင်ရှီးချန်ရှေ့၌ သေဆုံးခါနီးတွင် နှိမ့်ချမှုမရှိခဲ့ချေ။ မျောက်တစ်ကောင်ကို ကြည့်နေသလို အင်မော်တယ်နတ်ဘုရားများ၏ အကြည့်များရှေ့တွင်လည်း နှိမ့်ချမှုမရှိခဲ့ချေ။
နတ်ဆိုးအဓိပတိ၏ကျောပြင် တဖြည်းဖြည်းကွေးညွတ်လာပြီး ခွန်အားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"မင်းရဲ့ ရဲစွမ်းသတ္တိကို မဆုံးရှုံးစေနဲ့... မင်းသိုင်းဧကရာဇ်ကို ကျော်လွန်တဲ့အခါ ပြန်လာပါ...မင်းကို ငါတိုက်ခိုက်ဖို့ လိုလိုလားလားလက်ခံပါ့မယ်... အောင်မြင်သည်ဖြစ်စေ၊ ၡုံးနိမ့်သည်ဖြစ်စေ ကောင်းကင်တရားရုံးက နတ်ဆိုးမျိုးနွယ်စုနဲ့ မင်းကို အခွင့်အရေးပေးလိမ့်မယ်...."
ကျန်းချန်ရှန်းရဲ့အသံ ပြန်ထွက်လာတော့ နတ်ဆိုးအဓိပတိ ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး အံ့အားသင့်တဲ့အနေအထားကို ပြသလိုက်သည်။ ယင်းက သူ၏တည်ငြိမ်မှုပျောက်ဆုံးသွားသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
အခွင့်အလမ်းလို့ခေါ်တဲ့ အတွက်မဟုတ်ပါဘူး.... ဒါပေမဲ့ တာအိုဘိုးဘေးကို တိုက်ခိုက်ဖို့!
သူနှိမ့်ချရသည့်အကြောင်းရင်းမှာ တာအိုဘိုးဘေး၏ ပြိုင်ဘက်ဖြစ်ရန် မဖြစ်နိုင်ကြောင်း သူခံစားရသောကြောင့်ဖြစ်သည်။
တာအိုဘိုးဘေးက သူ့ကိုတိုက်ခိုက်ဖို့ တလိုတလားရှိလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။
"ကျေးဇူးတင်ပါတယ်၊ တာအိုဘိုးဘေး.... ကျွန်တော် အသေအချာ ကျော်လွှားပါ့မယ်.... အခု ဘာလုပ်ရမယ်ဆိုတာ သိပါပြီ...."
နတ်ဆိုးအဓိပတိ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး လေးနက်တဲ့အသံနဲ့ ပြောလိုက်ပြီးနောက် လေးလေးစားစား ဦးညွှတ်ပြီး ထွက်သွားဖို့ လှည့်လိုက်သည်။
သူသည် တောင်ဘက်ကောင်းကင်တံခါးသို့ အလျင်အမြန် ဆင်းသက်ခဲ့ပြီး မထွက်ခွာမီ အင်မော်တယ်နတ်ဘုရားများကိုကြည့်လိုက်သည်။ အင်မော်တယ်နတ်ဘုရားများက ရှုပ်ထွေးစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။
ဒီလောက်မြန်လား.....
တစ်ချိန်တည်းမှာပင်.....
ခရမ်းရောင်တိမ်နန်းတော်အတွင်း၌ ပိုင်ချီသည်လည်း စိတ်ရှုပ်ထွေးနေသည်။
"ချင်းလျန်မျိုးနွယ်စုကိုတောင် သိမ်းပိုက်လိုက်ပြီ၊ ဒါကြောင့် နတ်ဆိုးမျိုးနွယ်ကို ဘာကြောင့် မသိမ်းပိုက်နိုင်ရမှာလဲ... လူသားမျိုးနွယ်ရဲ့ မကျေနပ်မှုနဲ့ပတ်သက်ပြီး သူတို့ကို ဂရုမစိုက်ဖို့ မလိုပါဘူး... ငါမရှိရင်တောင် လူသားမျိုးနွယ်က နတ်ဆိုးမျိုးနွယ်ကို သုတ်သင်ပယ်ရှင်းသွားမှာပဲ... တစ်စုံတစ်ယောက်က လက်မလွှတ်နိုင်ဘဲ လက်စားချေချင်တယ်ဆိုရင် သူတို့ကိုယ်ကို မှီခိုအားထားရမယ်.... ကောင်းကင်စည်းမျဉ်းတွေအောက်မှာ အကျိုးသင့်အကြောင်းသင့်ရှိစွာ လက်စားချေနိုင်စွမ်းရှိတယ်...."
ကျန်းချန်ရှန်း ပြန်ဖြေလိုက်သည်။ အမှန်မှာ နတ်ဆိုးအဓိပတိသည် မြင့်မြတ်သောမင်းဆက်ကို အနိုင်ယူပြီးနောက် လူသားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် အမိန့်မပေးခဲ့ချေ။ သို့မဟုတ်လျှင် အဆုံးမဲ့သမုဒ္ဒရာထဲရှိ လူသားများ အသက်ရှင်ရန် မည်သို့အခွင့်အရေးရှိနိုင်မည်နည်း။
မျိုးနွယ်စုများအကြား စစ်ပွဲကိုလည်း ဘေးဖယ်ထားသင့်သည်။မဟုတ်ပါက လူသားများသာရှိသော ကောင်းကင်တရာရုံးတစ်ခုကိုသာ ဖန်တီးနိုင်မည်။
ထို့အပြင် လူသားတို့ဘက်က အစပြုသတ်ဖြတ်ခဲ့ကြသည့် တိုင်းတစ်ပါးမျိုးနွယ်စုများစွာလည်း ရှိသည်။
ပိုင်ချီက ကျန်းချန်ရှန်းကို အံ့သြတကြီးနဲ့ ကြည့်လိုက်မိသည်။ သူ၏သခင်ထံမှ မျှော်လင့်ထားသည့်အတိုင်း သူသည် အခြေအနေအပေါ် ကျယ်ပြန့်သောအမြင်ရှိခဲ့သည်။
ကျန်းချန်ရှန်းက သူ့ကို လျစ်လျူရှုပြီး ဆေးလုံးတွေကို ပိုပြီးသန့်စင်ဖို့ အာရုံစိုက်ခဲ့သည်။
မှောင်မိုက်သောနန်းတော်တစ်ခုတွင် နတ်ဘုရားဇီဟွမ်း ကုလားထိုင်ပေါ်ထိုင်နေသည်။ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးနဲ့ အစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီး သူ့ရှေ့မှာ ရပ်နေကြကာ သူတို့သုံးယောက်လုံး မျက်နှာမကောင်းပေ။
အစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးက..... "အရှင်... တကယ်ပဲ ဆုံးဖြတ်ချက်ချလိုက်ပြီလား.."
နတ်ဘုရားဇီဟွမ်းက အပြုံးလိုက်ပြီး... "ဒါက တစ်ခုတည်းသောနည်းလမ်းပဲ...မဟုတ်ရင် ချန်မျိုးနွယ်စု အန္တရာယ်ကြုံရလိမ့်မယ်"
အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးက မျက်မှောင်ကြုံ့ပြီး "ဒါပေမဲ့ အောက်ပိုင်းနယ်ပယ်ကို ဆက်သွယ်လို့မရတော့ဘူး"
နတ်ဘုရားဇီဟွမ်း တဖြည်းဖြည်းထလာပြီး အဝေးမှ နန်းတော်တံခါးမှတစ်ဆင့် ကျယ်ပြန့်သောကြယ်ကောင်းကင်ကို ကြည့်လိုက်သည်။
"ငါဆုံးဖြတ်ပြီးသားဖြစ်လို့ ဘာကိုကြောက်ရမလဲ... ကောင်းကင်မြစ်ကိုဖွင့်ပြီး နင့်ကို ဆင်းခိုင်းမယ်!"
နတ်ဘုရားဇီဟွမ်းက အေးအေးဆေးဆေး ပြောခဲ့သည်။ သူ၏မျက်နှာထားက အလွန်ရှုပ်ထွေးပြီး သူ့လေသံက မိမိကိုယ်ကိုလှောင်ပြောင်နေသလိုပင်....
အမျိုးသမီးနှစ်ယောက် သက်ပြင်းချလိုက်ကြသည်။
"ငါ့ရဲ့ ညွှန်ကြားချက်တွေကို သတိရပါ....ချန်ယောင်လင်းကို အရင်ရှာ... ပြီးရင် တာအိုဘိုးဘေးကို ရှာပါ" လို့ နတ်ဘုရားဇီဟွမ်းက ညွှန်ကြားလိုက်သည်။
အမျိုးသမီး နှစ်ယောက်က ခေါင်းညိတ်ကာ လှည့်ထွက်သွားသည်။
နတ်ဘုရားဇီဟွမ်းက သူတို့၏ ကျောပြင်ကို ကြည့်ကာ “တာအိုဘိုးဘေး၊ ရှင် ကျွန်မကိုကျေးဇူးဆပ်ဖို့ အကြွေးတင်တယ်လို့ ပြောဖူးတယ်.... မမေ့သေးဘူးလို့ မျှော်လင့်တယ်...."