← Chapters

နတ်ဘုရားသိုင်းနယ်မြေနှင့် ပြန်ဝင်စားခြင်း....

Vol. 25 Ch. 372

နတ်ဘုရားသိုင်းနယ်မြေနှင့် ပြန်ဝင်စားခြင်း....

Vol. 25 Ch. 372

နဂါးနန်းတော် ပိုမိုတန်ခိုးကြီးလာသည်နှင့်အမျှ အဆုံးမဲ့သမုဒ္ဒရာရှိ ပတ်ဝန်းကျင်မင်းဆက်များက နတ်ဆိုးများနှင့် နဂါးနန်းတော်အကြား တိုက်ခိုက်မှုကို စောင့်မျှော်လာကြသည်။ သို့သော် နဂါးနန်းတော်၏အုပ်ချုပ်မှုကို လေးစားကြောင်း နတ်ဆိုးမျိုးနွယ်က ကြေညာမည်ဟု သူတို့မမျှော်လင့်ခဲ့ကြချေ။ နတ်ဆိုးအဓိပတိက နဂါးနန်းတော်ကို ကိုယ်တိုင်ပင် လည်ပတ်ခဲ့ပြီး နတ်ဆိုးကျွမ်းကျင်သူများစွာကို ပူးပေါင်းရန် စေလွှတ်ခဲ့ရာ အဆုံးမဲ့သမုဒ္ဒရာတွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။

ကံကြမ္မာမင်းဆက်များကတော့ ထျန်းကျင်းကို ဉီးညွှတ်ရုံသာတတ်နိုင်သောကြောင့် စိတ်ပျက်ခဲ့ကြသည်။

နတ်ဆိုးမျိုးနွယ်သည်လည်း မကျေမနပ်ဖြစ်ပြီး နတ်ဆိုးအဓိပတိ အဘယ်ကြောင့်ဉီးညွှတ်ရသည်ကို နားမလည်ခဲ့ချေ။ တကယ်တော့ ကောင်းကင်တရာရုံးနဲ့ တာအိုဘိုးဘေး ဘယ်လောက်တန်ခိုးကြီးတယ်ဆိုတာ နတ်ဆိုးအားလုံး မသိကြပေ။

ကျန်းချန်ရှန်းက ကမ္ဘာ့တုံ့ပြန်မှုကို ဂရုမစိုက်ခဲ့ပေ။ သူသည် ကျင့်ကြံမှုကိုသာ အာရုံစိုက်ခဲ့ပြီး တစ်ခါတစ်ရံ အပန်းဖြေမှုပုံစံတစ်ခုအဖြစ် ဆေးလုံးများကို သန့်စင်ရန် အချိန်ယူခဲ့သည်။

ကောင်းကင်တရာရုံး၊ နဂါးနန်းတော်၊ ငရဲ၊ ထျန်းကျင်းတို့​အားလုံး ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်နေသောကြောင့် ၎င်းတို့အတွက် စိုးရိမ်စရာမလိုခဲ့ပေ။ သူ့ကိုယ်တိုင်ရဲ့ စစ်တပ်ကို ပြုစုပျိုးထောင်တာက သူ့ကို ခွန်အားအများကြီး ချွေတာနိုင်တဲ့အတွက် အရမ်းအသုံးဝင်တယ်ဆိုတာ ဝန်ခံရပေမည်။ အခုလို အင်မော်တယ်ဆေးလုံးတွေ ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို ကောင်းကင်သခင်တွေဆီ လွှဲအပ်နိုင်သည်။ ထို့နောက် ကောင်းကင်သခင်များက နယ်ပယ်သုံးခု၏တန်ခိုးကို အသုံးပြုကာ ဆေးဝါးပစ္စည်းများကို အတတ်နိုင်ဆုံး မြန်မြန်စုဆောင်းနိုင်ခဲ့သည်။

သို့သော် ဤသိုင်းကမ္ဘာက အလွန်သေးငယ်သေးပြီး ဆေးဝါးပစ္စည်းများစွာ မရရှိနိုင်ချေ

အနှစ် ၁၀၀၀ သတ်မှတ်ချိန်ရောက်သောအခါ သူသည် သိုင်းကမ္ဘာများကို အလွန်ကြီးမားသောကမ္ဘာတစ်ခုအဖြစ် ပေါင်းစပ်ခွင့်ပြုသင့်သလော။

ဤသို့ဖြင့် လူအရေအတွက် တိုးပွား လာ ပြီး အရင်းအမြစ်များ ပိုမိုရရှိနိုင် လိမ့်မည်။

ကျန်းချန်ရှန်း စဉ်းစားလေ ဒီအစီအစဉ်ဟာ ပိုပြီးဖြစ်နိုင်တယ်လို့ သူခံစားရလေပင်....

တခဏအတွင်း အချိန် နှစ်နှစ်ကုန်ဆုံးခဲ့သည်။

တနေ့သ၌ ချန်ယောင်လင်း ခရမ်းရောင်တိမ်တိုက်နန်းတော်ကိုရောက်လာခဲ့သည်။

"တာအိုဘိုးဘေး၊ နတ်ဘုရားဇီဟွမ်းက အကူအညီတောင်းခံဖို့ တစ်ဦးတစ်ယောက်ကို စေလွှတ်လိုက်ပြီ...."

သူမက 'အကူညီတောင်းခံခြင်း' ဟူသောစကားလုံးကို ကောင်းစွာအသုံးပြုခဲ့သည်။ ကျန်းချန်ရှန်းက ချန်ယောင်လင်း ယ၏အတွေးများမှတစ်ဆင့် ထိုကိစ္စကို နားလည်ပြီးဖြစ်သည်။

"သူတို့ကို ခေါ်လာလိုက်ပါ..."

ကျန်းချန်ရှန်းရဲ့အသံ ခရမ်းရောင် တိမ်နန်းတော်ထဲကနေ ထွက်လာတော့ ချန်ယောင်လင်း စိတ်သက်သာရာရပြီး ချက်ချင်းပင် သူ၏မျိုးနွယ်စုများကို ခေါ်ဆောင်လာခဲ့သည်။

သူသည် ကျန်းချန်ရှန်း၏ယုံကြည်သူဖြစ်လာခဲ့သော်လည်း ချန်မျ်ိုးနွယ်စု အပေါ် ခံစားချက်ရှိဆဲဖြစ်သည်။

သိပ်မကြာခင်မှာပဲ ချန်ယောင်လင်းက နတ်ဘုရားဇီဟွမ်ရဲ့ အစေခံနှစ်ယောက်နဲ့အတူရောက်လာပြီး လာရင်းရည်ရွယ်ချက်ကို တိုက်ရိုက်ပြောခဲ့သည်။

ချန်မျိုးနွယ်စုက သူ့ဘက်ကို ဘက်ကူးချင်နေသည်။

နန်းတော်သခင်ကျိ တားဆီးနိုင်ခြင်းကြောင့် ကျန်းချန်ရှန်း၏ခွန်အားက နန်းတော်သခင်တစ်ဦး၏ ပျမ်းမျှခွန်အားထက် ကျော်လွန်ခဲ့ပေမည်။ ထိုသို့သောတည်ရှိမှုသည် ချန်မျိုးနွယ်စု၏ ကျောထောက်နောက်ခံဖြစ်ထိုက်သည်။ ထို့အပြင် ချန်မျိုးနွယ်စုတွင် အခြားရွေးချယ်စရာမရှိချေ။

နတ်ဘုရားသိုင်းနယ်မြေက နတ်ဘုရားနှင့် နန်းတော်သခင်တစ်ဦးကို သေဆုံးစေခြင်းအတွက် သူတို့ကို အသေအချာ အပြစ်ပေးလိမ့်မည်။ ထို့အပြင် နတ်ဘုရားဇီဟွမ်းက အမှန်တကယ်ပင် မဟာကန္တာရသိုင်းကမ္ဘာ၏ နတ်ဘုရားဖြစ်ပြီး ကျန်းချန်ရှန်းနှင့် အမှန်ပင် ပူးပေါင်းရန်ကြံစည်ခဲ့သည်။ ကျန်းချန်ရှန်းကို ရှေးဟောင်းဂိုဏ်းဝင်တစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်သည်နှင့် ချန်မျိုးနွယ်စု တစ်ခုလုံး ဖျက်ဆီးခံရမည်!

"ချန်မျိုးနွယ်စု လာချင်တယ်ဆိုရင် သူတို့ကို ကြိုဆိုပါ့မယ်....ငါတို့ရဲ့ ယခင်ခင်မင်ရင်းနှီးမှုကို ငါမေ့မှာမဟုတ်ဘူး၊ ချန်မျိုးနွယ်စုကို အတတ်နိုင်ဆုံး မြန်မြန် သိမ်းသွင်းသင့်တယ်လို့ နတ်ဘုရားဇီဟွမ်းကို ပြောလ်ိုက်ပါ.... ငါ့ဘက်က အကြောင်းကြားတာနဲ့ ချန်မျိုးနွယ်စုကို မဟာကန္တရသိုင်းကမ္ဘာဆီပို့လိုက်တော့...."

ကျန်းချန်ရှန်းရဲ့အဖြေက ဇီဟွမ်းရဲ့ လက်အောက်ငယ်သား နှစ်ယောက်ကို သက်ပြင်းချစေခဲ့သည်။

အစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီး အလျင်အမြန် မေးလိုက်သည်က.... "ချန်မျိုးနွယ်စု အောက်နယ်ပယ်ကို ဆင်းသွားမယ်ဆိုရင် သိုင်းကမ္ဘာ​ပြိုင်ပွဲက......"

" ငါ့မှာကိုယ်ပိုင် အစီအစဉ်တွေရှိတယ်.... နောက်ထပ် ဘယ်ကိုသွားပါစေ သိုင်းကမ္ဘာကိုပါ ခေါ်ဆောင်သွားမယ်... ဒီမှာရှိတဲ့ သတ္တဝါတွေကို ငါလက်မလျှော့ဘူး...ချန်မျိုးနွယ်စုဝင်လာတဲ့အခါ သူတို့ ငါ့ကို သစ္စာမဖောက်သရွေ့ သူတို့ကို ငါဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး..."

ကျန်းချန်ရှန်းရဲ့အသံ ပြန်ထွက်လာသည်။ သူ၏လေသံက ယခင်နှင့် မတူသော်လည်း ထိုနှစ်ဉီးကတော့ သွေးဆောင်ခံခဲ့ရသည်။

သူတို့ တာအိုဘိုးဘေး၏ကတိကို ရရှိခဲ့ပြီး သူတို့၏တာဝန်ကို ပြီးမြောက်စေခဲ့သည်။

သူတို့ နောက်ထပ်မေးခွန်းမမေးဝံ့ဘဲ သူ့ကို အလျင်စလို ကျေးဇူးတင်ကြောင်း ပြောကြသည်။

အမျိုးသမီးသုံးဦး နဝမကောင်းကင်မှ ထွက်ခွာခဲ့ကြသည်။ အစမှအဆုံးအထိ သူတို့ကိုယ်တိုင် ကျန်းချန်ရှန်း ကို မမြင်ခဲ့ကြချေ။ နတ်ဘုရားဇီဟွမ်း၏ အစေခံများအနေနှင့် မသင့်လျော်သလို သူတို့မခံစားခဲ့ကြချေ။ ဘာကြောင့်လဲဆိုတော့ တာအိုဘိုးဘေးက သူတို့နှလုံးထဲမှာ နန်းတော်သခင်ထက်ပင် သာလွန်နေသောကြောင့်ပင်...

"သူတကယ်ပဲ အဲဒီလိုပြောခဲ့တာလား..."

နတ်ဘုရားဇီဟွမ်း မတ်တပ်ထရပ်ခဲ့ပြီး သူ၏လေသံတွင် အံ့အားသင့်ဖွယ် အရိပ်အယောင်များပါရှိသည်။

အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးက ခေါင်းညိတ်ပြီး... "မှန်ပါတယ်... ကောင်းကင်တရားရုံးကို ကြည့်လိုက်တဲ့အခါ ကောင်းမွန်စွာ တိုးတက်နေတယ်ဆိုတာ တွေ့ရှိခဲ့ရတယ်... ဟုတ်တယ်၊ တိုင်ရှီးမျိုးနွယ်စုရဲ့ သခင်ငယ် တိုင်ရှီးချန်က တကယ်တော့ ကောင်းကင်တရာရုံးမှာ ကောင်းကင်စစ်သည်တဉီးပဲ...!"

တိုင်ရှီးချန်?

နတ်ဘုရားဇီဟွမ်း ထိတ်လန့်သွားသည်။ သူက သက်ပြင်းချပြီး.... "ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ လွတ်မြောက်ဖို့လမ်းမရှိဘူး... တာအိုဘိုးဘေးက ငါတို့ကို လက်ခံဖို့ တလိုတလားရှိတဲ့အတွက် ချန်မျိုးနွယ်စုတွေ တာအိုဘိုးဘေးကို ယုံကြည်စိတ်ချဖို့ ပြင်ဆင်ရမယ်...."

ချန်မျိုးနွယ်စုကို ယုံကြည်စိတ်ချဖို့သိမ်းသွင်းရန် မလွယ်ကူပေ။အမှန်ဆိုရလျှင် ဤရှုပ်ထွေးမှုကို ဖြစ်ပေါ်စေခဲ့သူမှာ သူမပင်ဖြစ်သည်။

နတ်ဘုရားဇီဟွမ်း သူ့ရှေ့ရှိ အမျိုးသမီးနှစ်ဦးကို ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချခဲ့သည်။ "အနာဂတ်မှာ ကိစ္စရပ်တွေကို လုပ်တဲ့အခါ ကောင်းစွာသိထားရမယ်ဆိုတာ သတိရပါ... အကျိုးကျေးဇူးတွေကို တွေ့မြင်ရတဲ့အခါ စိတ်လိုက်မာန်ပါမဆုံးဖြတ်နဲ့... တစ်ခါတစ်ရံ ကံကြမ္မာနဲ့ ဘေးဆိုးက အတွေးတစ်ခုတည်းပေါ်မှာပဲ မူတည်တယ်...."

ဒါကိုကြားတော့ အမျိုးသမီးနှစ်ယောက်ခေါင်းညိတ်လိုက်ကြသည်။

"တာအိုဘိုးဘေးကို ရွေးချယ်လိုက်တညက အခွင့်အလမ်းတစ်ခုဖြစ်နိုင်တယ်..."

" ဟုတ်တယ်... နန်းတော်သခင်ကျ်ိတောင် သူ့ပြိုင်ဘက်မဟုတ်ဘူး... ကျွန်မတို့စိတ်ကူးထားတာထက်တောင် သာလွန်နေနိုင်တယ်... ဒီလူက အရှင့်ထက်တောင် ခွန်အားကြီးလိမ့်မယ်... နန်းတော်သခင်ကျိက မထိဝံ့တဲ့သူတွေအတွက် တာဝန်ထမ်းဆောင်နေသူပါ.... တစ်နည်းအားပြောရမယ်ဆို တာအိုဘိုးဘေးက နတ်ဘုရားသိုင်းနယ်မြေရဲ့ အုပ်ချုပ်သူတွေကိုတောင် မကြောက်ဘူးထင်တယ်...'

သူတို့၏နှစ်သိမ့်မှုကို နားထောင်ရင်း နတ်ဘုရားဇီဟွမ်း ပို၍ယုံကြည်စိတ်ချမှုရှိလာသည်။

ဒါအမှန်ပဲ.

တာအိုဘိုးဘေး မည်မျှတန်ခိုးကြီးသည်ကိုပင် သူမ မသိခဲ့ပေ။!

ပြင်ပလောကတွင် ရေစီးကြောင်းများရှိပြီး အပြောင်းအလဲများနှင့်ပြည့်နေသည်။

သိုင်းကမ္ဘာပြိုင်ပွဲကို ကြာမြင့်စွာဆက်ကျင်းပသည်နှင့်အမျှ အခြားသိုင်းကမ္ဘာများမှ လူများစွာ မဟာကန္တာရသိုင်းကမ္ဘာသို့ ရောက်လာကြမည်။ ထျန်းကျင်းသည် မဟာကန္တရသိုင်းကမ္ဘာ၏ ထောင့်တစ်ထောင့်သာဖြစ်ပြီး ပထမတစ်ခဏတွင် အခြားသိုင်းကမ္ဘာမှ လူသားများကို မတိုက်ခိုက်နိုင်ခဲ့ချေ။ ယင်းအစား မဟာကန္တရရှိ မျိုးနွယ်များစွာသာ တစ်ခုပြီးတစ်ခု တိုက်ခိုက်ခံခဲ့ရသည်။

မဟာကန္တရ၏ အစိတ်အပိုင်းအသီးသီး၌ စစ်မက်ဖြစ်ပွားခဲ့ပြီး တင်းထျန်းခေတ် ၁၇၀ နှစ်မတိုင်မီမှ နောက်ဆုံးတွင် မဟာကန္တရရှိ သက်ရှိများသည် သိုင်းကမ္ဘာပြိုင်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားခဲ့ရသည်။

အမြန်ဆုံးဖွံ့ဖြိုးလာတဲ့နေရာက တကယ်တော့ ငရဲပင်... စစ်ပွဲအမြောက်အမြားကြောင့် သိုင်းကမ္ဘာအမျိုးမျိုးမှ မရေမတွက်နိုင်သော ပျောက်ဆုံးဝိညာဉ်များ ငရဲသို့ ရောက်လာကြပြီး ပို၍မြန်မြန် ဖွံ့ဖြိုးလာစေသည်။

ငရဲပတ်ဝန်းကျင်ရှိ ဥပဒေအာဏာ တိုးများလာသည်ကို ကျန်းချန်ရှန်း သတိပြုမိခဲ့သည်။ ရေရှည်တွင် ငရဲပြည်က လွတ်လပ်သောနေရာတစ်ခု ဖြစ်ပေါ်လာမည်။ အဲဒီအချိန်မှာ ယင်နဲ့ ယန်ဟာ ခွဲထွက်သွားမည်။ ယင်းကို ပြန်ဝင်စားခြင်းစည်းမျဉ်းများက ငရဲကို ကာကွယ်ပေးသည့်အတိုင်းအတာတစ်ခုအဖြစ် ယူဆနိုင်သည်။

ကမ္ဘာ့ဖျက်ဆီးခြင်းသစ်ပင်သည် ငရဲဘေးတွင် တည်ရှိခဲ့ပြီး ထျန်းကျင်းနှင့် ငရဲ၏ကံတရားကို စုပ်ယူခဲ့သည်။ ၎င်း၏အင်အား အလျင်အမြန်တိုးတက်နေပြီး ပြန်ဝင်စားခြင်း၏နိယာမကိုပင် နားလည်သဘောပေါက်ခဲ့သည်။ အနာဂတ်တွင် ၎င်းသည် ယင်နှင့်ယန် နယ်ပယ်ကြားက နယ်နိမိတ် ဖြစ်လာပေမည်။

ချင်းလျန်မျိုးနွယ်စုက ထျန်းကျင်းကို ကူညီတဲ့အတွက် ကောင်းကင်တရားရုံးဘက်က သိပ်လှုပ်ရှားစရာမလိုပေ။ထို့ကြောင့် ကောင်းကင်စစ်သားများနှင့် ဗိုလ်ချုပ်များ လေ့ကျင့်ရန်နှင့် သူတို့၏တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ရန် အချိန်ပိုရရှိခဲ့သည်။

အဆုံးမဲ့သမုဒ္ဒရာရှိ ထျန်းဂျန်တောင်၌...

ယဲ့ကျန်းက တောင်နံရံကို

မျက်နှာမူနေပြီး သူ၏ကိုယ်ခန္ဓာကို တောင်တစ်တောင်ကဲ့သို့ တည့်တည့်မတ်ဆန့်တန်းထားသည်။

ယဲ့ကလန်၏ ဘိုးဘေးဟောင်းက သူ့ဘေးဘက်တွင် မျောလွင့်နေပြီး သူ့ကို လေ့ကျင့်ပေးခဲ့သည်။

"ဘိုးဘေး၊ နိဗ္ဗန်စွမ်းအားတွေ မတည်ငြိမ်ဘူး... ကျွန်တော် ဒါကို တကယ် ကျွမ်းကျင်နိုင်ပါ့မလား..."

ယဲ့ကျန်း မျက်လုံးဖွင့်ပြီး နာကျင်စွာ မေးလိုက်သည်။

ဤအချိန်တွင် နိဗ္ဗန်စွမ်းအားသည် သူ့ကိုယ်ခန္ဓာတစ်လျှောက် မည်သည့်အတားအဆီးမျှ မထိန်းချုပ်ဘဲ စီးဆင်းသွားပြီး သူ့ကို အလွန်နာကျင်စေခဲ့သည်။

ယဲ့ကလန်၏ ဘိုးဘေးဟောင်းက ရယ်မောပြီး . "ဘာကိုကြောက်နေတာလဲ...ဒီကမ္ဘာပေါ်မှာ အကြွင်းမဲ့စွမ်းရည်ဆိုတာမရှိဘူး....ကမ္ဘာ့ထိတ်လန့်ဖွယိ ပါရမီရှင်တိုင်း သာမန်လူတွေ မသိနိုင်တဲ့ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရခြင်းကြောင့် တိုးတက်လာခဲ့ကြတာ... အဲဒီတုန်းက ယဲ့ရှန်ခုန်းလည်း အတူတူပဲ....သူ့နဲ့ နှိုင်းယှဉ်လိုက်ရင် မင်းရဲ့နာကျင်မှုက အများကြီးနိမ့်ကျတယ်.... ဒါ့အပြင် ယဲ့ရှန်ခုန်းတောင် လုပ်နိုင်တာကို မင်းမလုပ်နိုင်ဘူးလား...."

ယဲ့ရှန်ခုန်း!

ယဲ့ကျန်း ဒီနာမည်ကို ကြားတာနဲ့ တိုက်ပွဲဝင်လိုစိတ် နိုးထလာသည်။

"ဘိုးဘေး၊ တာအိုဘိုးဘေးက တကယ်ပဲ လူထူးလူဆန်းလား... ချန်မျိုးနွယ်စုက မိန်းမပြောတာတော့ တာအိုဘိုးဘေးက ဘဝတစ်ရာလုံးလုံး ပြန်ဝင်စားခဲ့တယ်ဆိုပဲ... ဒီဘဝမှာ အသက်ခြောက်ရာကျော်ပဲရှိပြီး ကျွန်တော့်ထက် အတော်ငယ်တယ်နော်...."

ယဲ့ကျန်း ရုတ်တရက် တာအိုဘိုးဘေးကို စဉ်းစားမိပြီး မမေးဘဲမနေနိုင်တော့ပေ။

ယဲ့ကလန်ရဲ့ ဘိုးဘေးက မျက်မှောင်ကြုံ့ပြီး....

"ပြန်ဝင်စားခြင်းကိစ္စက တကယ်ရှိတယ်.... ဒါဟာ နတ်ဘုရားသိုင်းနယ်မြေ အမြဲတမ်း အောင်နိုင်ချင်တဲ့ နယ်ပယ်တစ်ခုလည်း ဖြစ်တယ်... ဒါပေမဲ့ ငါသိသလောက်တော့ နတ်ဘုရားသိုင်းနယ်မြေက ပြန်ဝင်စားခြင်းကို လုံးဝ မထိန်းချုပ်နိုင်သေးဘူး...အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်က အရမ်းသန်မာပေမယ့် ပြန်ဝင်စားပြီးနောက် ဘာကိုမှမသိတော့ဘူး... တာအိုဘိုးဘေးက ဘဝတစ်ရာကျော် ပြန်ဝင်စားပြီးတာတောင် သူ့မှတ်ဉာဏ်ကို ထိန်းသိမ်းနိုင်တယ်ဆိုရင် သူ့မူလခန္ဓာကိုယ်က ဘယ်နယ်ပယ်မှာရှိသလဲဆိုတာ စိတ်ကူးကြည့်ဖို့ ခက်တယ်...သူက မဟာရွှမ်းဟန်ကမ္ဘာကြီးမှာတောင် ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦးဖြစ်လိမ့်မယ်...."

ယဲ့ကျန်း ဒါကိုကြားတဲ့အခါ အံ့သြမိန်းမောနေသည်။

ဤအချိန်အတောအတွင်း ချန်ယောင်လင်း သူ့ထံမကြာခဏလာလည်ပတ်ပြီး တာအိုဘိုးဘေး၏ အောင်မြင်မှုများနှင့် ခွန်အားအကြောင်း ကြွားဝါခဲ့သည်။ သိုင်းကမ္ဘာများတွင် ရုန်းကန်မှုများက မဟာရွှမ်းဟန်ကမ္ဘာကြီးလောက် မပြင်းထန်သော်လည်း ပတ်ဝန်းကျင်အရ ဤဘဝတွင် တာအိုဘိုးဘေးရင်ဆိုင်ခဲ့ရသည့် အန္တရာယ်များက မိမိကိုယ်ကိုသာ မှီခိုအားထားနိုင်သောကြောင့် ပို၍ပင်ခက်ခဲနိုင်သည်။

ယဲ့ရှန်ခုန်းကဲ့သို့ တန်ခိုးကြီးသူတစ်ဦးပင်လျှင် ထင်ပေါ်ကျော်ကြားလာခြင်းမတိုင်မီ သူ့ကိုကာကွယ်ရန် ယဲ့ကလန်ကို မှီခိုအားထားခဲ့ရသည်။

ယဲ့ကျန်း တာအိုဘိုးဘေးနဲ့ တိုက်ခိုက်ခဲ့တာကို စဉ်းစားမိလိုက်သည်။ အဲဒီအချိန်မှာ တာအိုဘိုးဘေးက သက်ညှာပြီး သူ့ကို မသတ်ခဲ့ပေ။ ထို့နောက် နန်းတော်သခင်ကျိအကြောင်းနှင့် သူဘယ်တော့မှ ပြန်မလာနိုင်ပုံကို စဉ်းစားမိသည်။

ဒီလောက် တန်ခိုးကြီးတဲ့ လူသားက သူနဲ့ ဆက်စပ်မှုမရှိဘူး။ ဒါပေမဲ့ ထိုသူက သူ့ကို ကာကွယ်ပေးဖို့ လိုလိုလားလားရှိတယ်...

တစ်ချိန်က တာအိုဘိုးဘေး၏ရန်သူဖြစ်ခဲ့သော ကောင်းကင်တရာရုံးတွင် အင်မော်တယ်နတ်ဘုရားများစွာရှိကြောင်း ချန်ယောင်လင်း ပြောပြခဲ့ဖူးသည်။ ဒါပေမဲ့ သူတို့ ဖြောင့်မှန်နေသရွေ့ တာအိုဘိုးဘေးက သက်ညှာပြီး အခွင့်အရေးတွေကိုတောင်ပေးခဲ့သည်။

ဒါက ဘယ်လိုရက်ရောမှုမျိုးလဲ.....

သူငယ်ငယ်ကတည်းက ထိုသို့သောပုဂ္ဂိုလ်ကို တစ်ခါမျှမတွေ့ဖူးချေ။ ယဲ့ကလန် အန္တရာယ်ကြုံရလျှင်ပင် သူတို့၏ပါရမီရှင်ကို စွန့်လွှတ်ကြမည်သာ...

အဲဒါကို ပိုစဉ်းစားလေ ပိုစိတ်လှုပ်ရှားလေလေပင်...

ထိုသို့သောပုဂ္ဂိုလ်နောက်သို့ မလိုက်လိုသူ မည်သူရှိမည်နည်း။

ဟင်း!

ယဲ့ကျန်း ၏စိတ်ထဲတွင် ဝိဉာဉ်ထိတ်လန့်ဖွယ် ခေါင်းလောင်းတစ်ခု မြည်လာပြီး နားမကြားသူများကိုပင် ကြားနိုင်လေယက်သည်။ သိပ်မကြာခင်မှာပဲ ကျယ်လောင်တဲ့အသံကို ကြားလိုက်ရပြန်သည်။

" ကမ္ဘာကို မဖန်ဆင်းခင်ကတည်းက ငါဒီ မှာရှိခဲ့တယ်.... မဟာတာအိုဟာ ငါတစ်ယောက်တည်းပဲ......'

"လျှို့ဝှက်ဆန်းကြယ်သောတံခါး၏ ကိုးအဆင့်တွင် မြင့်မားစွာလဲလျောင်းလျက် သတ္တဝါအားလုံးကို အင်မော်တယ်လူသားများဖြစ်လာစေရန် အလင်းပြပေးတော်မူမည်....."

ယဲ့ကျန်း မျက်လုံးပိတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားသည်။

ယဲ့ကလန်၏ ဘိုးဘေးဟောင်းက သူအဘယ်အရာဖြစ်နေသည်ကို နားမလည်ဘဲ အံ့အားသင့်စွာ သူ့ကိုကြည့်ခဲ့သည်။

သူအိပ်ပျော်သွားပြီလား.....

သူတို့စကားပြောနေချိန်မှာ သူဘာကြောင့် အိပ်ပျော်သွားတာလဲ.....

သူ၏ဝိဉာဉ်က ယဲ့ကျန်း၏ခန္ဓာကိုယ်ထဲတွင် ပုန်းနေသော်လည်း ယဲ့ကျန်း၏ဝိဉာဉ်ကို စူးစမ်း၍မရနိုင်ခဲ့ချေ။ အများဆုံးတော့ သူတို့နှစ်ယောက်က သူတို့ရဲ့စိတ်နှလုံးသားကနေ ဆက်သွယ်ကြရသည်။

စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေကို ဝင်ရောက်ပြီးနောက် ယဲ့ကျန်း၏စိတ်လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ၏ဝိဉာဉ်အသိစိတ်က ကျယ်ပြန့်သောအိပ်မက်ကမ္ဘာသို့ ရောက်ရှိလာသည်။

ခရမ်းရောင်တိမ်တိုက်နန်းတော်တွင် ကျန်းချန်ရှန်း လောလောဆယ် လေ့ကျင့်နေသည်။

သူသည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားရပြီး မျက်လုံးဖွင့်လိုက်သည်။ သူမော့ကြည့်လိုက်တဲ့အခါ ကောင်းကင်နဲ့မြေပြင် အကန့်အသတ်မဲ့ မျက်လုံးက ကောင်းကင်ကို ထိုးဖောက်ပြီး သူ့အမြင်အာရုံက ပြင်ပကမ္ဘာကို ရောက်သွားခဲ့သည်။

ကောင်းကင်မြစ်နောက်က မှောင်မိုက်သောလေဟာနယ်ထဲတွင် အနီရောင်မျက်လုံးတစ်စုံ တောက်ပနေသည်။ ၎င်းသည် အလွန်ကြီးမားပြီး သိုင်းကမ္ဘာများကို သဲမှုန်ကဲ့သို့ အရေးမပါပုံပေါက်စေသည်။

အဲဒီမျက်လုံးတွေပဲလား...!

ကျန်းချန်ရှန်း ထိတ်လန့်သွားသည်။ ဒါ ကောင်းကင်သူတော်စင်ပုလား..ဒါဆို နန်းတော်သခင်ကျိနောက်ကွယ်မှာ ဘယ်သူရှိသလဲ....

သူသည် စိတ်ထဲကနေ အခြားတစ်ဖက်၏ခွန်အားကို ချက်ချင်းတွက်ချက်ခဲ့သော်လည်း စနစ်၏ တွက်ချက်မှုအတိုင်းအတာအတွင်း မရှိသေးပေ။

ဒါဆို ဒီမျက်လုံးတစ်စုံဟာ တကယ့်အစစ်အမှန်မဟုတ်နိုင်ပေ။ အမှန်ဆိုရလျှင် ဤနေရာသည် စနစ်၏ တွက်ချက်နိုင်သည့်အတိုင်းအတာအတွင်း ရှိပြီးသားဖြစ်သည်။

ကျန်းချန်ရှန်း ခန့်မှန်းနေသလိုပဲ အဲဒီအနီရောင်မျက်လုံးတွေ ရုတ်တရက် ပိတ်သွားပြီး တစ်ခါမှ မပေါ်ခဲ့သလိုပဲ ပျောက်သွားပြန်သည်။

"ဒီအတိုင်းဆို နှစ်တထောင်ထက် အချိနိပိုစောတော့မယ်ထင်တယ်...."

ကျန်းချန်ရှန်းက အခြားတစ်ဖက်က သူ့ကို ပထမအကြိမ် သံသယဝင်ခဲ့မည်ဟု တိတ်ဆိတ်စွာတွေးခဲ့သော်လည်း ဒုတိယအကြိမ်ကိုသာ စစ်ဆေးရန် မဖြစ်နိုင်ခဲ့ချေ။ ထိုသို့ဖြစ်မည်ဆိုလျှင် သူတို့ အမှန်တကယ် အရေးယူဆောင်ရွက်ကြမည်။

နန်းတော်သခင်ကျိ ကျဆုံးသွားတာက အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။

ကျန်းချန်ရှန်း နောက်ထပ် မစောင့်နိုင်တော့ဘူးလို့ ခံစားခဲ့ရသည်။

သူသည် ထွက်ပြေးရန် ပြင်ဆင်ခြင်းမတိုင်မီ ရန်သူရောက်လာသည်ကို မစောင့်နိုင်ခဲ့ချေ။

သူ့မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသော ကိုယ်ပွားတခုကို ချက်ချင်း ဖန်တီးကာ သင့်တော်သော လေဟာနယ်နေရာတစ်ခုကို ရှာဖွေရန် နန်းတော်သခင်ကျိနှင့် တိုင်ရှီးချန်တို့၏ မှတ်ဉာဏ်များကိုအ​ခြေခံ၍ မဟာရွှမ်းဟန်ကမ္ဘာကြီးဆီ ခရီးနှင်ခဲ့လေသည်။

သူသည် သူ၏ကိုယ်ပွားကို နန်းတော်သခင်ကျိ၏အသွင်အပြင်သို့ ပြောင်းလဲစေခဲ့ပြီး လေဟာနယ်ထဲမှ တိုက်ရိုက်ခုန်ချကာ ကောင်းကင်မြစ်ထိပ်ပိုင်းသို့ အပြေးအလွှားသွားပြီး မည်သူမျှ သတိမထားမိခင် ကောင်းကင်မြစ်ထိပ်ရှိ အလင်းတိမ်တိုက်ထဲသို့ ဝင်ရောက်ခဲ့သည်။

All Chapters