ကောင်းကင်သူတော်စင်တစ်ပါး ရောက်ရှိလာခြင်း....
Vol. 25 Ch. 373
ကျန်းဇီယု ထီးနန်းတက်တဲ့အချိန်ဟာ သိုင်းကမ္ဘာပြိုင်ပွဲ စတင်ချိန်နဲ့ အတူတူပင်။ တစ်နည်းအားဖြင့်ဆိုရလျှင် သိုင်းကမ္ဘာ့ပြိုင်ပွဲစတင်သည်မှာ နှစ်ပေါင်း ၁၇၀ ကြာခဲ့ပြီ။ ကောင်းကင်သူတော်စင်ပုနှင့် နတ်ဘုရားသိုင်းနယ်မြေ၏ ခြိမ်းခြောက်မှုနှင့်စပ်လျဉ်း၍ ကျန်းချန်ရှန်းက ထိုအကြောင်း ထျန်းကျင်းကို ပြောရန် မရည်ရွယ်ခဲ့ပေ။
ထျန်းကျင်းတွင် ကိုယ်ပိုင်ပြဿနာများရှိပြီးဖြစ်သည်။ ဒါ့အပြင် ကျန်းချန်ရှန်းအဖို့ ဒီကိစ္စအတွက် ဘယ်သူ့ရဲ့အကူအညီမှ မလိုအပ်ခဲ့ပေ။
မဟာကန္တာရသိုင်းကမ္ဘာကနေ ကိုယ်ပွားတစ်ဦးကို စေလွှတ်ပြီးနောက် ကျန်းချန်ရှန်းက ပြိုင်ပွဲတွင် ပါဝင်နေသော သိုင်းကမ္ဘာအားလုံးကို ဖုံးအုပ်ရန် သူ၏နတ်ဘုရားအာရုံကို စတင်ဖြန့်ကျက်ခဲ့သည်။
အရေအတွက် တစ်ရာအနက် သိုင်းကမ္ဘာရှစ်ဆယ့်တစ်ခုသာ ကျန်ရှိသည်။ မီးတောက်သခင်က သိုင်းကမ္ဘာဆယ့်ကိုးခုကို ဖျက်ဆီးခဲ့သည်။ ကျန်းချန်ရှန်းက သူ၏တည်ရှိမှုနှင့် တည်နေရာကို သိရှိခဲ့ပြီးဖြစ်သော်လည်း အရေးမယူခဲ့ချေ။ သူ့အမြင်တွင် မီးတောက်သခင်သည် ရှင်သန်ခြင်းဆုလာဘ်တခုမျှသာဖြစ်သည်။
ကျန်းချန်ရှန်းက ကမ္ဘာ့ ၈၁ ခုရဲ့ သိုင်းကံကြမ္မာနှင့် ဆက်သွယ်ဖို့ ကြိုးစားခဲ့သည်။မကြာမီ ကောင်းကင်မြစ်နှင့်ဆင်တူသော နိယာမအာဏာကို သူရယူခဲ့သည်။ သူသည် တာအိုကျင့်စဉ်၏ အဆင့် ၁၁ တွင်ရှိနေသောကြောင့် နိယာမများ၏စွမ်းအားကို အာရုံခံနိုင်ပြီဖြစ်သည်။ ယခု သူ၏ဝိညာဉ်စွမ်းအား ပိုခိုင်မာလာသောကြောင့် ဥပဒေအမျိုးမျိုးကို အလွယ်တကူခွဲခြားသိမြင်နိုင်ခဲ့သည်။
သိုင်းကမ္ဘာများစွာကို ပေါင်းစပ်ပြီးနောက် သူသည် ငြိမ်းချမ်းစွာကျင့်ကြံရန် ထွက်မသွားမီ သိုင်းကမ္ဘာများအပေါ် နတ်ဘုရားသိုင်းနယ်မြေ၏ ထိန်းချုပ်မှုကို ဦးဆုံးဖြတ်ပစ်ရမည်။
သိုင်းကမ္ဘာ၏ ကံကြမ္မာများက အလွန်ရှုပ်ထွေးကြောင်း ကျန်းချန်ရှန်း တွေ့ရှိခဲ့သည်။ သိုင်းတာအိုရဲ့ အစင်ကြယ်ဆုံး စည်းမျဉ်းတွေနဲ့ ကောင်းကင်မြစ်ရဲ့ စွမ်းအားလည်းရှိသေးသည်။ သိုင်းတာအို တိုက်ရိုက် ပြိုကွဲသွားမယ်ဆိုရင် သိုင်းကမ္ဘာ အလွယ်တကူ ပြိုလဲသွားပါလိမ့်မည်။ ကောင်းကင်မြစ်၏စွမ်းအားကိုသာ ဖြတ်တောက်လိုက်မည်ဆိုလျှင် သိုင်းကမ္ဘာများ လွတ်လပ်စွာတည်ရှိနိုင်ဆဲဖြစ်သည်။
နတ်ဘုရားသိုင်းနယ်မြေသည် ၎င်းတို့လက်အောက်ရှိ သိုင်းကမ္ဘာများကို ထိန်းချုပ်ရန် ကောင်းကင်မြစ်၏တန်ခိုးကို အားထားသင့်သည်။ သူတို့အတွက် သိုင်းတာအို၏စည်းမျဉ်းများကို အပြည့်အဝနားလည်ရန် မဖြစ်နိုင်ခဲ့ချေ။ သို့မဟုတ်လျှင် နတ်ဘုရားသိုင်းနယ်မြေက ကြာမြင့်စွာကတည်းက သူ့ကိုသတ်ရန် တစ်ဦးတစ်ယောက်ကို စေလွှတ်ခဲ့ပေမည်။ အမှန်ဆိုရလျှင် သူသည် အတိဒုက္ခကို ကျော်လွှားသောအခါ သိုင်းတာအို၏ စည်းမျဉ်းများကို ထိတ်လန့်စေခဲ့ပြီးဖြစ်သည်။
ကျန်းချန်ရှန်းက သိုင်းကမ္ဘာအမျိုးမျိုးတွင် ကောင်းကင်မြစ်၏စွမ်းအားနှင့် အကျွမ်းတဝင်ရှိပြီးနောက် နတ်ဘုရားအာရုံကို ရုပ်သိမ်းလိုက်သည်။ ယင်းသည် ကောင်းကင်မြစ်၏စွမ်းအားကို ကြိုတင်ဖြတ်တောက်ရန် ကြိုတင်ပြင်ဆင်ထားခြင်းနှင့်တူသည်။
အနီရောင်မျက်လုံးတစ်စုံ ပျောက်ကွယ်သွားပြီးနောက် နတ်ဘုရားသိုင်းနယ်မြေက မဟာကန္တာရသိုင်းကမ္ဘာကို ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ ထိုမျက်လုံးတစ်စုံသည် နတ်ဘုရားသိုင်းနယ်မြေကို ကိုယ်စားပြုခြင်းမဟုတ်ပေ။ အမှန်ဆိုရလျှင် နတ်ဘုရားသိုင်းနယ်မြေကိုယ်နှိုက်က ပြည်တွင်းအုပ်စုများစွာရှိသည့် အာဏာဝဲဂယက်တစ်ခုဖြစ်ခဲ့သည်။
ဆယ့်ငါးနှစ်ကြာပြီးနောက် တင်းထျန်းခေတ် ၁၈၅ နှစ်.....
ထျန်းကျင်း ကြီးထွားနေဆဲဖြစ်ပြီး ကောင်းကင်တရားရုံးလည်း တစ်နေ့ထက်တစ်နေ့ ပို၍သက်ဝင်စည်ကားလာသည်။ အကြောင်းမှာ မျိုးနွယ်စုသစ်များစွာရှိသောကြောင့်ဖြစ်သည်။ အစပိုင်းတွင် ချင်းလျန်မျိုးနွယ်စုမှလွဲ၍ အခြားမျိုးနွယ်စုများ၏ ကျွမ်းကျင်သူများကို ကောင်းကင်စစ်သားများနှင့် ကောင်းကင်ဗိုလ်ချုပ်များထဲတွင် အဆင့်မသတ်မှတ်ခဲ့ပေ။ ယင်းအစား သူတို့သည် အင်မော်တယ်နတ်ဘုရားများလက်အောက်ရှိ နတ်ဘုရားအစေခံများဖြစ်လာကြသည်။ လောလောဆယ် နတ်ဘုရားအမှုထမ်းစုစုပေါင်း ၁၀၀,၀၀၀ ကျော်ရှိပြီ။ သူတို့၏အခန်းကဏ္ဍမှာ အင်မော်တယ်နတ်ဘုရားများအား သူတို့၏နတ်ဘုရားတန်ခိုးတော်ကို ကောင်းစွာအကောင်အထည်ဖော်ရန် ကူညီပေးရန်ဖြစ်သည်။
တစ်နေ့တွင် ဟေးထျန်း၊ဟွမ်းထျန်းတို့နှင့်ပတ်သက်သော ပိုင်ချီ ၏အစီရင်ခံစာကို နားထောင်နေချိန်၌ ကောင်းကင်တွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို သတိပြုမိခဲ့သည်။
သိုင်းပညာရှင်တစ်စုကကောင်းကင်မြစ်ထိပ်ရှိ တိမ်တိုက်မှဆင်းသက်လာပြီး သင်္ဘောကြီးများနှင့် အဆောက်အအုံများပါ အတူပါလာကြသည်။ သူတို့၏ဦးတည်ချက်ကြောင့် နတ်ဘုရားဇီဟွမ်း၏ ရေပေါ်ကျွန်းပေါ်ရှိ နန်းတော်ကို ထိတ်လန့်တုန်လှုပ်စေသည်။
၎င်း၏ အသွင်အပြင်အရ သူတို့သည် ချန်မျိုးနွယ်စုမှဖြစ်ပေလိမ့်မည်။ တကယ် မြန်လွန်းတယ်.....
နတ်ဘုရားဇီဟွမ်း ဤကိစ္စကိုကိုင်တွယ်ဖို့ နှစ်ပေါင်း ၁၀၀ အထိ အချိန်ကုန်လိမ့်မည်ဟု ကျန်းချန်ရှန်း ထင်မှတ်ခဲ့သည်။ တကယ်တော့ ချန်မျိုးနွယ်စုက မျိုးနွယ်စုငယ်လေးမဟုတ်ပေ။ သူတို့ လေဟာနယ်ကိုဖြတ်သန်းပြီး ရွေ့လျားလာနေပြီ....
"သခင်.... အဲဒီနှစ်ကောင်က နတ်ဆိုးဧကရာဇ်တွေဖြစ်ဖို့ ဆုံးဖြတ်ထားပေမဲ့ သူတို့ရဲ့ကြီးထွားမှုနှုန်းက အရမ်းနှေးတယ်.... အခုချိန်မှာ ကမ္ဘာအသီးသီးကပါရမီရှင်တွေ မဟာကန္တရကို တဖြည်းဖြည်း ဝင်ရောက်နေကြပြီ... သူတို့ အန္တရာယ်ကြုံရမှာကို စိတ်ပူမိတယ်..."
ပိုင်ချီ၏စကား မပြီးဆုံးသေးသော်လည်း ကျန်းချန်ရှန်းကတေယ့ သူဆိုလိုသည့်အရာကို နားလည်ခဲ့သည်။
ကျန်းချန်ရှန်းက.... "ကောင်းကင်တရားရုံးက ဟာသမဟုတ်ဘူး.... ကောင်းကင်တရားရုံးမှာ အလုပ်လုပ်မယ်ဆိုရင် လူသားကမ္ဘာမှာ ကိုယ်ပိုင်အင်အားကို မတည်ထောင်နိုင်ဘူး....."
မဟာကန္တာရမှ မျိုးနွယ်စုအမျိုးမျိုးမှ လူတို့သည် ကောင်းကင်တရားရုံးသို့ဝင်ပြီးနောက် ခွင့်ပြုချက်မရှိဘဲ မိမိတို့၏မျိုးနွယ်စုများသို့ ပြန်ခွင့်မပြုခဲ့ချေ။ သူတို့ ရံဖန်ရံခါ ပြန်သွားကြည့်နိုင်ပေမဲ့ သူတို့ရဲ့မျိုးနွယ်စုကို ထောက်ပံ့ဖို့ ကောင်းကင်တရားရုံး၏အင်အားကို အသုံးမပြုနိုင်ပေ။မည်သို့ပင်ဆိုစေ သူတို့ဟာ ထျန်းကျင်းကမဟုတ်ကြပေ။ အဆင့်အတန်း မကွာခြားဘဲ အဲဒီလိုအကျိုးကျေးဇူးတွေသာ ရရှိမယ်ဆိုရင် လူသားကမ္ဘာတခုလုံး ပရမ်းပတာဖြစ်သွားပေလိမ့်မည်။
ပိုင်ချီက သက်ပြင်းချပြီး..... "ဒီကောင်လေးနှစ်ယောက်က လွန်လွန်းတယ်.... သူတို့က ကျွန်မနဲ့အတူလေ့ကျင့်တုန်းက နာခံမှုရှိရှိ လေ့ကျင့်ကြတယ်... အပြင်ထွက်သွားပြီးကတည်းက တခေါက်လေးတောင် ပြန်မလာကြဘူး...."
ကျန်းချန်ရှန်း စကားဆက်မပြောခဲ့ပေ။ သူသည် နတ်ဘုရားဇီဟွမ်းနှင့် ချန်မျိုးနွယ်စုခေါင်းဆောင်တို့ကြား စကားစမြည်ပြောဆိုနေသည်ကို နားထောင်နေသည်။
ခန်းမအတွင်း၌....
ချန်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်သည် လောလောဆယ် နတ်ဘုရားဇီဟွမ်းကို အော်ဟစ်နေသည်။ အဲဒီအချိန်မှာ အမြဲတမ်း မြင့်မြတ်ပြီး တန်ခိုးကြီးတဲ့ နတ်ဘုရားဇီဟွမ်းက အနိုင်ကျင့်ခံရတဲ့ မိန်းကလေးတစ်ယောက်လို ခေါင်းငုံ့ထားပြီး ပြန်မပြောဝံ့ပေ။
ချန်မျိုးနွယ်စုခေါင်းဆောင်က အသက် ၆၀ သို့မဟုတ် ၇၀ ခန့်ရှိပုံရသည်။ အသက်ကြီးနေပေမဲ့ အားကောင်းသန်မာနေဆဲပင်။ သူ၏ဒေါသတကြီးအော်ဟစ်သံက နန်းတော်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
"ထားလိုက်တော့! တာအိုဘိုးဘေးအကြောင်းနဲ့ ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတာ အသေးစိတ်ပြောပြ... ဘာတခုမှမကျန်ခဲ့စေနဲ့....!"
မျိုးနွယ်ခေါင်းဆောင်က အသက်ပြင်းပြင်းရှူပြီး ဒေါသကို ထိန်းချုပ်လိုက်သည်။
သူ၏စိတ်နေသဘောထားကို မည်သူမျှ နားမလည်နိုင်ခဲ့ချေ။ ချန်မျိုးနွယ်စု ကောင်းစွာဖွံ့ဖြိုးတိုးတက်နေသော်လည်း ရုတ်တရက် သူ့သမီးက သူ့ကိုဆက်သွယ်ပြီး သူမ၏အမှားကြောင့် သူတို့မျိုးနွယ်စုသည် ဘေးဆိုးကြုံရလိမ့်မည်ဖြစ်ပြီး မိသားစုတစ်စုလုံး စွန့်ခွာသွားရမည်ဟု ပြောခဲ့သည်။ ဒါကိုကြားတဲ့အခါ ဒေါသထွက်ပြီး သေလုနီးပါးဖြစ်ခဲ့ရသည်။
သူဒေါသထွက်နေပေမဲ့ သူသမီးကို သံသယမဖြစ်ခဲ့ဘဲ ယုံကြည်စိတ်ချခဲ့သည်။ အသေအချာစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချခဲ့ပေမည်။ သူမလာခင်မှာ အခြေအနေကို ယေဘုယျသဘောပေါက်ထားပြီးသားဖြစ်သည်။ အကြောင်းရင်းအားလုံးကို သုံးသပ်ကြည့်လျှင် ချန်မျိုးနွယ်စုက အမှန်တကယ် မျိုးသုဉ်းမည့်အန္တရာယ်ကို ရင်ဆိုင်ရပေမည်။
နတ်ဘုရားသိုင်းနယ်မြေက ခွင့်လွှတ်ခြင်းထက် မှားယွင်းစွာသတ်ဖြတ်ခြင်းက ပိုကောင်းသည်ဟူသော စည်းမျဉ်းကို အမြဲယုံကြည်ခဲ့သည်။ ရှေးအချိန်ကတည်းက ဝါဒဖြန့်မှုနှင့်အတူ ချန်မျိုးနွယ်သာ ရှေးဟောင်းဂိုဏ်းများနှင့် အနည်းငယ်ပင် ဆက်စပ်နေသရွေ့ သူတို့ ပျက်စီးသွားပေလိမ့်မည်။
အချိန်အတော်ကြာပြီးနောက်....
နတ်ဘုရားဇီဟွမ်းက အရာရာကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့သည်။
ချန်မျိုးနွယ်စု၏ မျိုးနွယ်ခေါင်းဆောင်က မျက်မှောင်ကြုံ့ပြီး ...."တမျိုးစဉ်းစားရရင် တာအိုဘိုးဘေးက ရှေးဟောင်းဂိုဏ်းက တပည့်တစ်ဦး မဟုတ်ပေမဲ့၊ သူ့ခွန်အားကို အတိအကျမသိနိုင်ဘူး.... သူက နန်းတော်သခင်တစ်ဦးကို အလွယ်တကူသတ်နိုင်ပြီး နတ်ဘုရားသိုင်းနယ်မြေကို လျစ်လျူရှုနိုင်တယ်ပေါ့...."
နတ်ဘုရားဇီဟွမ်းက ခေါင်းညိတ်ပြီး... "ဟုတ်ပါတယ်" ဟုပြောခဲ့သည်။
" သူက အရမ်းထူးဆန်းတယ်...သန်မာတဲ့ရန်သူတွေကို ဘယ်တော့မှ သူ့ဘက်က ရန်မစခဲ့ဘူး...သူက သမီးတို့သိထားတဲ့ ရှေးဟောင်းဂိုဏ်းယုံကြည်သူတွေနဲ့ လုံးဝမတူဘူး.... သူ့အနေအထားက စိတ်ကူးယဉ်ဆန်ပြီး အင်မော်တယ်တယောက်ဖြစ်အောင်ကြိုးစားနေတယ်လို့ အခိုင်အမာပြောခဲ့တယ်... သူက သိုင်းပညာကို မလေ့ကျင့်တဲ့အပြင် နတ်ဘုရားသိုင်းနယ်မြေနှင့် အမှန်တကယ် ရန်သူဖြစ်လာမှာကိုလည်း ကြိုတွေးထားတယ်...."
တာအိုဘိုးဘေးအကြောင်း ပြောရလျှင် သူမ စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။ သူဘယ်ကလာတယ်ဆိုတာ သူမ နားမလည်နိုင်သေးပေ။
"နတ်ဘုရားသိုင်းနယ်မြေနဲ့ ရန်သူဖြစ်ရဲတယ်ဆိုတော့ ဒီလူရူးနေတာမဟုတ်ရင် ရန်ငြိုးကြိီးကြီးမားမားရှိထားလို့ထင်တယ်....သူပြောတဲ့ အင်မော်တယ်တာအိုဆိုတာ ဖြစ်နိုင်တယ်... ရှေးဟောင်းဂိုဏ်းတွေင သိုင်းပညာမထွန်းကားခင် ရှေးခေတ်ကတည်းကတည်ရှိခဲ့တာ.... ရှေးဟောင်း သိုင်းပညာတွေရှိတဲ့အတွက် ရှေးဟောင်း သိုင်းပညာ မတိုင်ခင် တခြားနည်းလမ်းတွေ မရှိဘူးဆိုတာ ဘယ်သူ သေချာပြောနိုင်မှာလဲ...."
ချန်မျိုးနွယ်စုခေါင်းဆောင် စဉ်းစားနေသည်။ အဓိကအားဖြင့် လောကကြီးအကြောင်းပိုသိသောကြောင့် နတ်ဘုရားဇီဟွမ်းထက် ယင်းကို လက်ခံရန် ပိုလွယ်ကူသည်။
နတ်ဘုရားဇီဟွမ်းက အံ့အားသင့်စွာဖြင့် ...
"သူ တမင်တကာ လျှို့ဝှက်ဆန်းကြယ်အောင်လုပ်နေတာမဟုတ်ဘူးလား... အင်မော်တယ်တာအိုဆိုတာ တကယ်ရှိလို့လား...."
မျိုးနွယ်ခေါင်းဆောင်က ခေါင်းညိတ်ပြီး....
"ငါတို့ မသိတာနဲ့ပဲ မရှိဘူးလို့မဆိုနိုင်ဘူး....လူ့စိတ်ကူးဆိုတာ သိနားလည်မှုအပေါ် အခြေခံရတယ်... လူသားတွေရဲ့စိတ်နှလုံးသားထဲမှာ အင်မော်တယ်နတ်ဘုရားတွေက သတ္တဝါအားလုံးထက် သာလွန်တဲ့ အတိုင်းအဆမဲ့တန်ခိုးတော်ကို ကိုယ်စားပြုတယ်... လူသားတွေက ဒီလိုတည်ရှိမှုကို စိတ်ကူးကြည့်နိုင်တာကြောင့် မမှန်ဘူးလို့ မဆိုနိုင်ဘူး...”
နတ်ဘုရားဇီဟွမ်းက ခေါင်းညိတ်ပြီး ဒီစကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားခဲ့ရသည်။ မယုံနိုင်စရာဖြစ်သော်လည်း တာအိုဘိုးဘေးတည်ရှိမှုကို မငြင်းဆိုနိုင်ကြောင်း သူမ သဘောပေါက်ခဲ့သည်။
သူတို့ကို ထောက်လှမ်းရန် နတ်ဘုရားအာရုံကို အသုံးပြုနေသော ကျန်းချန်ရှန်းကတော့ မျိုးနွယ်စုခေါင်းဆောင်ကို လျှို့ဝှက်စွာ လေးစားနေသည်။ မျိုးနွယ်စုခေါင်းဆောင်က မျှော်လင့်ထားတဲ့အတိုင်း အရာရာကို မြင်နိုင်ပေသည်။
မျိုးနွယ်စုခေါင်းဆောင်၏သဘောထားအရ ချန်မျိုးနွယ်စုဘက်က အဆင်ပြေပေလိမ့်မည်။
"ငါတို့ ချန်မျိုးနွယ်စုက လူတွေ နေရာအနှံ့ပျံ့နှံ့နေတယ်။ ချန်မျိုးရိုးရှိသူတွေကိုပဲ ပြန်ခေါ်မယ်ဆိုရင်တောင် အချိန်ယူရမယ်....ငါ တာအိုဘိုးဘေးကို အရင်တွေ့ပါရစေ" ဟုချန်မျိုးနွယ်စုခေါင်းဆောင်က တွေးတောဆင်ခြင်ပြီး ပြောခဲ့သည်။
သဘာဝအတိုင်း၊ နတ်ဘုရားဇီဟွမ်းကလည်း ကန့်ကွက်ခြင်းမရှိခဲ့ပေ။ သူစကားပြောခါနီးတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် ပေါ်လာပြီး သားအဖနှစ်ယောက် ထိတ်လန့်သွားခဲ့သည်။
"ဟင်း!"
အေးစက်သော နှာမှုတ်သံထွက်လာပြီး မျိုးနွယ်ခေါင်းဆောင် ချက်ချင်းပျောက်ကွယ်သွားသည်။
ချန်မျိုးနွယ်စု၏ သိုင်းပညာရှင်များစွာနှင့်လေသင်္ဘောကြီးများ နတ်ဘုရားဇီဟွမ်း၏ ရေပေါ်ကျွန်းပတ်လည်တွင် ပြန့်ကျဲနေသည်မှာ အင်အားကြီးပြီး အလွန်အံ့သြဖွယ်မြင်ကွင်းတစ်ခုဖြစ်၏။ဒါကို အဝေးကနေ လူတွေ အများကြီးစောင့်ကြည့်နေကြသည်။
ချန်မျိုးနွယ်စုခေါင်းဆောင် နန်းတော်ခေါင်မိုးပေါ်တွင် ပေါ်လာသည်။ သူသည် ကောင်းကင်မြစ်ထိပ်ရှိ တိမ်ဖြူများကို အလေးအနက်ထားသည့်မျက်နှာထားဖြင့် မော့ကြည့်လိုက်သည်။
သူ တဉီးတည်းမဟုတ်ဘဲ ချန်မျိုးနွယ်စုမှ လူတိုင်းသည် သတ်ဖြတ်ရန် ရည်ရွယ်ချက်၏ဉီးတည်ရာကိုမော့ကြည့်ခဲ့ကြသည်။ သူတို့မှလွဲ၍ ရေပေါ်ကျွန်းပေါ်ရှိ မည်သူမျှ သတ်ဖြတ်လိုစိတ်ကို မခံစားခဲ့ကြချေ။
နတ်ဘုရားဇီဟွမ်းလည်း ခေါင်းဆောင်ဘေးတွင် လေထုထဲမှ ပေါ်ထွက်လကာ.. "ဘယ်သူလဲ" ဟုလေးနက်သောအသံဖြင့် မေးလိုက်သည်။
ချန်မျိုးနွယ်စုခေါင်းဆောင်က အသက်ပြင်းပြင်းရှူပြီး.... "အဲဒါက အနှောင့်အယှက်ပဲ.... အထက်တန်း အရာရှိတွေက ငါတို့ကို လွယ်လွယ်လွှတ်ပေးမှာမဟုတ်ဘူး...ငါတို့ လူစုနေတာကို စောင့်နေတာဖြစ်နိုင်တယ်.... အခုချိန် ချန်မျိုးနွယ်စုရဲ့ လက်ရွေးစင်တွေ ဒီမှာစုဝေးနေကြတယ်... အခု ကြည့်လိုက်ရင် အထက်တန်းအရာရှိတွေက ငါတ်ု့ကိုတစ်ပြိုင်နက် ဖမ်းဆီးချင်နေကြတာ...."
ဒါကိုကြားသောအခါ နတ်ဘုရားဇီဟွမ်းသည် ဖြူဖျော့သွားသည်။
ဟင်း!
အဖြူရောင်အလင်းတန်းနခု ကောင်းကင်မှ ဆင်းသက်လာပြီး နတ်ဘုရားဇီဟွမ်း၏ ရေပေါ်ကျွန်းကို အလွန်လျင်မြန်စွာ ဖုံးလွှမ်းထားသည်။ အချင်းမိုင်တစ်သန်းရှိပြီး ချန်မျိုးနွယ်စုကလာတဲ့သူတွေကို ဖုံးအုပ်ထား၏။ထို့နောက် အလင်းတန်းက ကောင်းကင် မြစ်ထဲသို့ ဝင်ရောက်သွားလေသည်။
အလင်းတန်းပေါ်ရှိ ချန်မျိုးနွယ်စုဝင်များ ချက်ချင်း ထိတ်လန့်သွားကြသည်။ ချက်ချင်းပင် တစ်စုံတစ်ယောက်က အလင်းတန်းကို ပျံ့နှံ့စေရန် အကောင်းဆုံးနည်းစနစ်ကို အသုံးပြုရန် ကြိုးစားခဲ့သော်လည်း သူတို့၏စစ်မှန်သောချီများက အလင်းတန်းကို ထိမိသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားသည်။
ချန်မျိုးနွယ်စုမှ သိုင်းပညာရှင်မျာစွာ၏ စစ်မှန်သောချီဓာတ်များပေါက်ကွဲနေသော မြင်ကွင်းက အံ့သြဖွယ်ကောင်းသော်လည်း မည်သူမျှ အလင်းတန်းကို မလှုပ်ခါနိုင်ခဲ့ပေ။
"ရပ်လိုက်တော့...!"
မျိုးနွယ်စုခေါင်းဆောင်၏အသံက လူတိုင်း၏နားတွင် ပဲ့တင်ထပ်နေပြီး ချန်မျိုးနွယ်စုဝင်အားလုံး ရပ်တန့်လိုက်သည်။
"ကောင်းကင်သူတော်စင်က ချန်မျိုးနွယ်စုကို ပြောစရာရှိပုံရတယ်....ဘာများပါလဲ "
ချန်မျိုးနွယ်စုခေါင်းဆောင်က ကျယ်လောင်စွာအော်ပြောခဲ့သည်။ သူ၏အသံသည် အလင်းတန်းထဲတွင် ပဲ့တင်ထပ်နေသော မိုးကြိုးနှင့်တူသည်။
လူတိုင်း မော့ကြည့်လိုက်တော့ ကောင်းကင်မြစ်ထဲက အလင်းတိမ်တွေကနေ တဖြည်းဖြည်း ဆင်းလာတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက နန်းတော်သခင်ကျိကို တာဝန်ပေးခဲ့သော ကောင်းကင်သူတော့စင်ပု ဖြစ်သည်။
ကောင်းကင်သူတော်စင်ပုက အိုမင်းနေပြီး မျက်လုံးတစ်ဝက်ပင် ပိတ်နေချေပြီ။ သူ၏အနက်ရောင်အဝတ်အစားများက အနက်ရောင်မီးတောက်များကဲ့သို့ လေထဲတွင် မျောလွင့်နေသည်။
သူသည် အလျင်အမြန်ဆင်းလာပြီး နန်းတော်မှ ပေတစ်သောင်းပင်မပြည့်သည့်နေရာတွင် ရပ်လိုက်ကာ လျစ်လျူရှုသောမျက်နှာဖြင့် ချန်မျိုးနွယ်စုခေါင်းဆောင်ကို ငုံ့ကြည့်ပြီး ....
"ချန်ယွဲ့ချန်....မင်း ရှေးဟောင်းဂိုဏ်းတွေနဲ့ ပူးပေါင်းကြံစည်ခြင်းက ဘယ်လိုရာဇဝတ်မှုမျိုးလဲဆိုတာသိရဲ့လား..."
သူပြောပြီးတာနဲ့ ချန်မျိုးနွယ်စုဝင်အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ မျိုးနွယ်စုခေါင်းဆောင် ဘာကြောင့် သူတို့ကို ဒီကိုဆွဲခေါ်သွားတာလဲဆိုတာ သူတို့ စိတ်ရှုပ်ထွေးနေကြသည်။ အကြောင်းရင်းမှာ ရှေးဟောင်းဂိုဏ်းများနှင့် ပူးပေါင်းကြံစည်ရန်ဖြစ်သည်ဟု သူတို့မမျှော်လင့်ခဲ့ကြချေ။
မည်သူမျှ ဒေါသမထွက်ဘဲ ကြောက်ရွံ့ခြင်းသာရှိသည်။ ရှေးဟောင်းဂိုဏ်းများနှင့် ပူးပေါင်းကြံစည်ခြင်း၏ အကျိုးဆက်များကို လူတိုင်းသိကြသည်။
"အိုး? ရှေးဟောင်းဂိုဏ်းသားတွေက ဘယ်မှာများလဲ...ကျုပ်ကို နာမည်မဖျက်ပါနဲ့.. ရှေးဟောင်းဂိုဏ်းဝင်တစ်ဦးအဖြစ် ကျုပ်ကို အသရေဖျက်ဖို့ ကြိုးစားနေတာလား....."
ချန်မျိုးနွယ်စုခေါင်းဆောင် ချန်ယွဲ့ချန်က အေးအေးဆေးဆေးနဲ့ မေးလိုက်သည်။ သူ့အကြည့်များက အေးစက်ပြီး တင်းမာနေကာ ကောင်းကင်သူတော်စင်ပုကို လုံးဝမကြောက်ခဲ့ချေ။
"ချန်မျိုးနွယ်စုက ရှေးဟောင်းဂိုဏ်းများနဲ့ အမှန်တကယ် ပူးပေါင်းကြံစည်ခဲ့ရင် ကောင်းကင်သူတော်စင်က အဘယ်ကြောင့် တစ်ဦးတည်းလာခဲ့တာလဲ.... နတ်ဘုရားသိုင်းနယ်မြေရဲ့နတ်ဘုရားပြစ်ဒဏ်တပ်သားတွေ ဘယ်မှာလဲ...."
နတ်ဘုရားဇီဟွမ်း ထိုစကားကြားသောအခါ သူမ မျက်နှာထား ပြောင်းလဲသွားသည်။
ချန်မျိုးနွယ်စုမှာရှိတဲ့ လူတိုင်းလည်း အတူတူပင်... နတ်ဘုရားပြစ်ဒဏ်တပ်ကို သူတို့ မမြင်ခဲ့ဘူးဆိုရင် ဒါဟာ နတ်ဘုရားသိုင်းနယ်မြေ၏ ရည်ရွယ်ချက်မဟုတ်နိုင်ပေ။
အဖြူရောင်အလင်းတန်းက သူတို့ရဲ့စကားပြောဆိုမှုကို ပြင်ပလူတွေ မကြားနိုင်အောင် သီးခြားဖြစ်စေချင်တယ်ဆိုတာ ရှင်းနေသည်။ ဤကောင်းကင်သူတော်စင်တွင် မကောင်းသောရည်ရွယ်ချက်ရှိကြောင်း ထင်ရှားသည်။
"ချန်မျိုးနွယ်စုက အောက်ကမ္ဘာကအခြေတွေကို သိသလား.... ပြန်လှည့်ချင်ရင် အချိန်မနှောင်းသေးဘူး!"
ကောင်းကင်သူတော်စင်ပုက ပေါ့ပေါ့တန်တန် မေးလိုက်သည်။ သူသည် အစပြုလုပ်ဆောင်နေဆဲဖြစ်ပြီး ချန်ယွဲ့ချန်၏မေးခွန်းကို မဖြေဆိုခဲ့ချေ။
ချန်ယွဲ့ချန်က ပြုံးပြီး "ကောင်းကင်သူတော်စင်...အောက်ကမ္ဘာကအခြေအနေကို မသိဘူးလား.... ဘယ်သူနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မသိဘူးလို့ မပြောနဲ့..."