← Chapters

လေးညှို့တင်​ပြီး ကောင်းကင်သူတော်စင်ကို ပစ်သတ်ခြင်း!

Vol. 25 Ch. 374

လေးညှို့တင်​ပြီး ကောင်းကင်သူတော်စင်ကို ပစ်သတ်ခြင်း!

Vol. 25 Ch. 374

"သူ့အကြောင်း မင်း ဘယ်လိုမိတ်ဆက်မလဲ သိချင်တယ်..."

ကောင်းကင်သူတော်စင်ပုက ချန်ယွဲ့ချန်ကို ငေးကြည့်နေသည်။နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်ခဲ့သော ဤကျွမ်းကျင်သူနှစ်ဦးက တစ်ဦးကိုတစ်ဦး အပြန်အလှန်အချေတင်ပြောဆိုနေကြသည်။

ချန်ယွဲ့ချန် က ခေါင်းခါပြီး... "ကျုပ်လည်း မသိဘူး....ကောင်းကင်သူတော်စင်တစ်ဦး ကိုယ်တိုင်လာရတဲ့အကြောင်းရင်းက တစ်စုံတစ်ယောက်အတွက်ဖြစ်ပြီး အဲ့တစ်စုံတစ်ယောက်ကလည်း ကျုပ်တို့ချန်မျိုးနွယ်စုက လုံးဝမဖြစ်နိုင်ဘူး..... ချန်မျိုးနွယ်စုတခုလုံးပေါင်းလိုက်ရင်တောင် ကောင်းကင်သူတော်စင်တစ်ဦး ကိုယ်တိုင်ထွက်လာဖို့ မထိုက်တန်ပါဘူး ..."

ကောင်းကင်သူတော်စင်ပု၏ တစ်ဝက်ဖွင့်ထားသော မျက်လုံးများ တဖြည်းဖြည်းပြူးကျယ်လာပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေသော မျက်လုံးတစ်စုံကို ဖော်ထုတ်လိုက်သည်။

ချန်ယွဲ့ချန်က သူ့ကို မော့ကြည့်ရင်း မကြောက်လန့်ပေ။

နတ်ဘုရားဇီဟွမ်းကတော့ စိုးရိမ်ပူပန်နေပြီး ဘာလုပ်ရမည်ကို မသိခဲ့ပေ။ ကောင်းကင်သူတော်စင်က ချန်မျိုးနွယ်စုကို သီးခြားဖြစ်စေရန် အစီအရင်တစ်ခုကို အသုံးပြုခဲ့သောကြောင့် သူမ တာအိုဘိုးဘေးကိုရှာရန် မဟာကန္တာရသိုင်းကမ္ဘာသို့ပင် မသွားနိုင်ခဲ့ချေ။

" အခေါင်းကိုမမြင်ရသေးတော့ မကြောက်ဖူးဆိုတဲ့သဘောပေါ့.... ဒါဆိုရင် နှစ်ပေါင်း ၂၀၀,၀၀၀ ကြာပြီးတဲ့နောက် မင်းဘယ်လောက် သန်မာလာလဲ ကြည့်ကြသေးတာပေါ့ !"

ကောင်းကင်သူတော်စင်ပုက အေးအေးဆေးဆေး ပြောလိုက်သော်လည်း စိတ်မရှည်တော့ဘဲ ညာလက်ကို တဖြည်းဖြည်းမြှောက်လိုက်သည်။

ချန်ယွဲ့ချန် သက်ပြင်းချလိုက်ပြီး သူ့လက်ထဲမှာ အပြာရောင် ကျောက်ဓားတစ်လက် ပေါ်လာသည်။ သူသည် လေထဲသို့တက်သွားပြီး ကောင်းကင်သူတော်စင်ပုကို တစ်ယောက်တည်း တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။

ချန်မျိုးနွယ်စု၏ ကျွမ်းကျင်သူများနှင့် ပါရမီရှင်များ ငြိမ်မနေဘဲ သူတို့ တစ် ယောက်ပြီးတစ်ယောက် ပျံသန်းပြီး ယှဉ်ပြိုင် တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ချန်ယွဲ့ချန်က သေခြင်းရှင်ခြင်း၏အရေးပါသောအချိန်တွင် ရှိနေသောကြောင့် မငြင်းနိုင်တော့ပေ။

ချန်မျိုးနွယ်စုမှ သောင်းနှင့်ချီသော သိုင်းပညာရှင်များ ပျံသန်းလာကြသည်။ ၎င်းတို့ထဲမှ တစ်ဝက်သည် တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ်ဖြစ်ကြပြီး နတ်ဘုရားဇီဟွမ်းထက် သာ၍သန်မာသော အင်အယး

တစ်ထောင်ကျော်ရှိသည်။

ချန်မျိုးနွယ်စုသည် နတ်ဘုရားသိုင်းနယ်မြေတွင် နတ်နတ်ဘုရား ခုနစ်ပါးရှိနိုင်သောကြောင့် သူတို့တွင် ခိုင်ခံ့သောအုတ်မြစ်ရှိသည်။

ကောင်းကင်သူတော်စင်တစ်ဦးသည် မည်မျှတန်ခိုးကြီးသည်ကို သူတို့အားလုံး ကောင်းစွာသိထားကြသည်။ ပုံမှန်အားဖြင့် ကောင်းကင်သူတော်စင်ဆိုသာ်မှာ သူတို့ မတွေ့နိုင်သော သက်ရှိတွေပင်။ ဒါပေမဲ့ သူတို့မျိုးနွယ်စုအတွက် သေတဲ့အထိ တိုက်ခိုက်ဖို့ တလိုတလားရှိကြပြီး ဒီမှာ ဘယ်သူမှ ကရုဏာထားပေးရန် တောင်းဆိုဖို့ စိတ်ကူးတောင် မရှိခဲ့ကြပေ။

ကောင်းကင်သူတော်စင်ပုက ပျံသန်းလာသော ချန်မျိုးနွယ်စုဝင်များကို ငုံ့ကြည့်လိုက်သည်။ သူသည် မည်သည့် အထင်သေးမှုကိုမျှ မပြသခဲ့သော်လည်း သတ်ဖြတ်ရန် ရည်ရွယ်ပို၍ ပြင်းထန် လာခဲ့သည်။

သူစိတ်အနှောင့်အယှက်ဖြစ်နေပြီ....

သူသည် မဟာ ကောင်းကင်သူတော်စင်တစ်ဦးဖြစ်သည်!

သူတိုက်ခိုက်ခါနီးတွင် သက်ပြင်းချလိုက်သည်။

"နတ်ဘုရားဇီဟွမ်း... ခင်ဗျား ကျုပ်ကြောင့် ဒုက္ခရောက်နေရပြီ.. ဒါပေမဲ့ ကျုပ်တို့ သဘောတူထားတဲ့အတိုင်း ခင်ဗျားကို ကာကွယ်ပေးမယ်.... ခင်ဗျားတို့အားလုံးဒီ အဓိပ္ပာယ်မရှိတဲ့ တိုက်ပွဲမှာ ဝင်မပါပါနဲ့...."

နတ်ဘုရားဇီဟွမ်း ထိုအသံကိုကြားသောအခါ အံ့အားသွားသည်။

ချန်ယွဲ့ချန်လည်း အံ့သြသွားပြီး နတ်ဘုရားဇီဟွမ်းကိုကြည့်လိုက်သည်။ သူ့သမီး ခေါင်းညိတ်နေတာကို မြင်တဲ့အခါ ချက်ချင်းပဲ သက်ပြင်းချလိုက်သည်။ သူချက်ချင်းပင် လက်ထောင်ကာ ချန်မျိုးနွယ်စုဝင်များကို ဆင်းလာစေရန် လက်ဟန်ပြခဲ့သည်။

ကောင်းကင်သူတော်စင်ပုကလည်း မတိုက်ခိုက်ခဲ့ပေါ ယင်းအစား ကျန်းချန်ရှန်း ပေါ်လာသည်ကို စောင့်ဆိုင်းခဲ့သည်။ကောင်းကင်ကို သူကြည့်လိုက်သော်လည်း အခြားတစ်ဖက်တွင် မည်သည့်နေရာမှလာမည်ကို သူမသိခဲ့ချေ။

အဲဒီအချိန်မှာ လူတစ်ယောက် ပျံသန်းလာနေတာကို ရုတ်တရက် တွေ့လိုက်ရသည်။

ကျန်းချန်ရှန်း........

ကျန်းချန်ရှန်းက အချိန်မရှိသောကြောင့် တောင်တန်းနှင့်ပင်လယ်ဂန္ထဝင်လက်နက်နှင့် ကောင်းကင်မြေပြင်ကြေးမုံမှလွဲ၍ သူ၏မှော်လက်နက်အားလုံးကို အသုံးပြုရန် အသင့်ပြင်ထားသည်။ သူပျံသန်းရင်း နဲ့....

" အမွှေးတိုင်အရေအတွက် ၆၀ ထရီလီယံတန်ဖိုးရှိတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ..... ဒါက မဟာကောင်းကင်သူတော်စင်ရဲ့ ခွန်အားလား......"

အမွှေးတိုင်အရေအတွက် ၆၀ ထရီလီယံ.....တာအိုစစ်ဝိဉာဉ်နယ်ပယ် !

နတ်ဘုရားသိုင်းနယ်မြေတွင် မဟာကောင်းကင် သူတော်စင် ၇၂ ဦးရှိခဲ့ပြီး အရေအတွက် မသိရသေးသော နတ်ဘုရားသူတော်စင်များနှင့် အခြား ကျွမ်းကျင်သူများလည်း ရှိခဲ့သည်။

နတ်ဘုရားသိုင်းနယ်မြေသည် အမှန်ပင် တန်ခိုးကြီးသည်။ အနည်းဆုံးတော့ ကျန်းချန်ရှန်း တစ်ယောက်တည်း မဖြိုခွင်းနိုင်သေးပေ။

မဟာကောင်းကင်သူတော်စင်တွေ အများကြီးရှိပြီဖြစ်သောကြောင့် ၎င်းတို့အထက်တွင် ပိုမိုသန်မာသော သက်ရှိများရှိရမည်!

ကောင်းကင်သူတော်စင်ပုက မျက်မှောင်ကြုံ့သွားပြီး ကျန်းချန်ရှန်းကို စူးစိုက်ကြည့်လိုက်သည်။ သူ၏အကြည့်သည် အခြားတစ်ဖက်၏ကိုယ်ခန္ဓာပေါ်ရှိ နေရောင်ခြည်ကို မထိုးဖောက်နိုင်ဘဲ သူ၏အသွင်အပြင်အစစ်အမှန်ကို စူးစမ်းကြည့်နိုင်မည်မဟုတ်ကြောင်း တွေ့ရှိရ၍ သူအံ့သြသွားသည်။

ယန်အလင်းတန်းက ကျန်းချန်ရှန်း၏ အပေါ်ပိုင်းကိုယ်ခန္ဓာကို ဖုံးလွှမ်းထားပြီး သူ့ကို အလွန်လျှို့ဝှက်ဆန်းကြယ်ပုံပေါက်စေသည်။ ချန်မျိုးနွယ်စု၏ ကျွမ်းကျင်သူများလည်း သူ့ကိုတွေ့ပြီး ထိတ်လန့်သွားကြသည်။ သူဘယ်သူလဲဆိုတာ သူတို့မသိကြပေမဲ့ တစ်ဖက်သားရဲ့စကားကိုနားထောင်ကြည့်ရင် သူတို့ကို ကယ်တင်ဖို့ ရောက်လာခြင်းဖြစ်နိုင်သည်။

အဲဒီအချိန်မှာပဲ!

ကျန်းချန်ရှန်း ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ရွှေရောင်အလင်းရောင်အဖြစ် ပြောင်းလဲသွားပြီး အဖြူရောင်အလင်းတန်းကို အလွန်ကြီးမားတဲ့ အရိပ်နဲ့ အမြန်နှုန်းနဲ့ အစိတ်စိတ်ခွဲပစ်လိုက်သည်။

ဝုန်းးးးးးးး

လေပြင်းတိုက်ခတ်ပြီး ရေပေါ်ကျွန်း တုန်ခါသွားသည်။ ချန်မျိုးနွယ်စု၏ သိုင်းပညာရှင်များက လေနှင့်လှိုင်းများကို တွန်းလှန်ရန် ကြိုးစားနေကြသည်ါ နေရာအနှံ့ရှိ နတ်နတ်ဘုရားများ၏ ရေပေါ်ကျွန်းများလည်း တုန်ခါသွားသည်။ ကောင်းကင်သူတော်စင်ပု၏ ဝတ်ရုံပင်လျှင် စုတ်ပြဲတော့မတတ်အလွန်လှုပ်ရှားနေသည်။ သူက မျက်မှောင်ကြုံ့ပြီး ကျန်းချန်ရှန်းကို ကြည့်လိုက်သည်။

ကျန်းချန်ရှန်းက ချန်ယွဲ့ချန်ဆီ ရောက်လာပေမယ့် လေဟာနယ်နယ်ပယ်မှာရှိတဲ့ ချန်ယွဲ့ချန်တောင် အံ့သြသွားသည်။

"ဒီကနေ ထွက်သွားပြီး ခင်ဗျားလူတွေကို ဂရုစိုက်လိုက်ပါ..."

ကျန်းချန်ရှန်း၏လေသံက ငြင်းဆို၍မရနိုင်ပေ။ စိတ်လှုပ်ရှားမှုမရှိသော်လည်း သူသည် အလျှော့မပေးပုံရသည်။

ချန်ယွဲ့ချန် အသက်ပြင်းပြင်းရှူပြီး ချက်ချင်းထွက်သွားလေသည်။

နတ်ဘုရားဇီဟွမ်း၏ အစေခံနှစ်ဦး သူ့ဘေးသို့လာပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။ ဒါက တာအိုဘိုးဘေးလားလို့ သိလိုစိတ်နဲ့ မေးကြလေသည်။

အောက်ကမ္ဘာ၌ ကျန်းချန်ရှန်းထံ သူတို့လည်ပတ်ခဲ့သော်လည်း သူ့ကို ကိုယ်တိုင်မမြင်ဖူးကြချေ။

အလင်းတန်း အစိတ်အပိုင်းကွဲသွားပြီးနောက် ကောင်းကင်သို့ ပျံ့နှံ့သွားသော မရေမတွက်နိုင်သော အဖြူရောင်လှိုင်းများ ဖြစ်ပေါ်စေခဲ့သည်။ ဤမြင်ကွင်းတွင် ကျန်းချန်ရှန်းက နှင်းနှင်းမုန်တိုင်းထဲတွင် ရှိနေပုံရသည်။ သူက သူ့ရဲ့ညာလက်ကို မြှောက်ပြီး နေမင်းပစ်ခွင်းလေးကို ထုတ်ယူလိုက်သည်။ အခြားတစ်ဖက်က ကောင်းကင်သူတော်စင်တစ်ဦးဖြစ်သောကြောင့် ချန်မိသားစု၏ချီလက်ချောင်းသိုင်းကို အသုံးမပြုနိုင်ပေ။

ကျန်းချန်ရှန်း၏ လက်ရှိခွန်အား တန်ဖိုး သည် ကောင်းကင်သူတော်စင်ပု၏

နှစ်ဆနီးပါးရှိသောကြောင့် ဂရုစိုက်နေစရာမလိုပေ။

သူသည် ကောင်းကင်သူတော်စင်ပုနှင့် ရင်ဆိုင်ရင်း သူ၏ညာလက်တွင် လေးကိုကိုင်ထားပြီး ဘယ်လက်တွင် လေးကြိုးကိုကိုင်ထားသည်။

ကောင်းကင်သူတော်စင်ပုကလည်း မနှောင့်နှေးခဲ့ပေ။

"မင်း ဘယ်သူလဲ....မင်းရဲ့ခွန်အားနဲ့ဆို မင်းက ဘယ်သူမှမဟုတ်ဘူး...."

ကျန်းချန်ရှန်း ပြန်မဖြေခဲ့ပေ။ ယင်းအစား လေးကြိုးကိုဆွဲပြီး စက်ဝိုင်းပုံ​အပြည့်ဆွဲခဲ့သည်။

တစ်ခဏချင်းမှာပဲ ထိတ်လန့်စရာကောင်းတဲ့ အော်ရာတစ်ခု ပေါက်ကွဲသွားပြီး ကြယ်ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ စီးဆင်းနေသော ကောင်းကင်မြစ်ပင်လျှင် ရပ်တန့်သွားသည်။ ချန်မျိုးနွယ်စုမှ လူတိုင်း မယုံနိုင်သည့်အကြည့်ဖြင့် သူ့ကိုကြည့်ကြသည်။ ဝေးလံသောရေပေါ်ကျွန်းများပေါ်ရှိ လူများလည်း ထိတ်လန့်သွားကြသည်။

ဤအော်ရာမျိုးကို ရင်ဆိုင်ရသည့်အခါ ချန်ယွဲ့ချန်လို တန်ခိုးကြီးသူတစ်ဦးပင်လျှင် သူ၏နှလုံးသား ပေါက်ကွဲတော့မည်ဟု ခံစားခဲ့ရသည်။

"ရိုင်းစိုင်းလိုက်တဲ့ကောင်..!"

ကောင်းကင်သူတော်စင်ပု ဒေါသထွက်နေပြီး ရုတ်တရက် ရိုက်ချလိုက်တော့ အကန့်အသတ်မရှိသော သိုင်းဝိဉာဉ်စွမ်းအင်တွေကို သိုင်းကမ္ဘာအရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သည့် ဧရာမလက်ဖဝါးတစ်ချောင်းအဖြစ် စုစည်းထားသည်။ ၎င်းသည် ချန်မျိုးနွယ်စုဝင်များ၏ အမြင်အာရုံကို တိုက်ရိုက်ဖုံးလွှမ်းထားပြီး ကောင်းကင်မြစ်၏ တိမ်တိုက်များပင် ပျက်ယွင်းနေပုံရသည်။ ကျန်းချန်ရှန်းက သူ့ရဲ့ဘယ်လက်ကို လွှတ်လိုက်တဲ့အခါ ရွှေရောင်အလင်းတန်းထွက်ပေါ်လာသည်။

ရွှေမြားက ဧရာမလက်ဖဝါးကို အစိတ်အမြွှာခွဲလိုက်ပြီး မတားဆီးနိုင်တဲ့ အရှိန်အဟုန်နဲ့ ကောင်းကင်သူတော်စင်ပုဆီ ပျံသန်းလာသည်။

ကောင်းကင်သူတော်စင်ပုသည် မျက်လုံးပြူးကျယ်လာပြီး သူ့ရှေ့တွင် ပိတ်ဆို့ရန် ကျောက်စိမ်းမှန်ချပ်ကို ချက်ချင်းထုတ်လိုက်သည်။

ဝုန်းးးးး

ကျောက်စိမ်းမှန် အစိတ်စိတ်ကွဲသွားပြီး ကောင်းကင်သူတော်စင်ပု သွေးအန်ထွက်ရင်း ပျံသန်းသွားသည်။ ဒါပေမဲ့ သူ့ကိုယ်ခန္ဓာကို အလျင်အမြန် တည်ငြိမ်စေပြီး ကျန်းချန်ရှန်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။

ကျန်းချန်ရှန်း အံ့သြသွားပြီး နောက်ထပ်မြားတစင်း ပစ်လိုက်သည်။

ကောင်းကင်သူတော်စင်ပု အံကြိတ်လိုက်တယ်။ သူ့ရဲ့အသိစိတ်က အဲဒီမြားကို ရှောင်လွှဲလို့မရဘူးလို့ ပြောနေသည်။ သူသည် ပင်ကိုအသိစိတ်ဖြင့် သူ၏စွမ်းအင်ကို လှည့်ပတ်ခဲ့ပြီး မီးခိုးရောင်စွမ်းအင်များ သူ့ကိုယ်ခန္ဓာကို ရစ်ပတ်ထားသည်။ လျှပ်စီးတန်းများ လေထဲမှထွက်လာပြီး မီးခိုးရောင်မြူနှင့် ရောနှောနေသည်။

ရွှေရောင်အလင်းက ကောင်းကင်သူတော်စင်ပုကို ဖုံးလွှမ်းသွားပြီး ကောင်းကင်မြစ်ရဲ့ တိမ်တိုက်တွေဆီ ထိုးခွင်းသွားလေသည်။

ကျန်းချန်ရှန်း လေးကို နောက်တစ်ဖန် မဆွဲခဲ့ပေ။ သူ့လက်ကိုမြှောက်လိုက်တော့ ရွှေရောင်မီးလျှံထဲကနေ လူတစ်ယောက် ထွက်လာသည်။ ၎င်းသည် ကောင်းကင် သူတော်စင်ပုပင် ဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်သူတော်စင်ပု သနားစဖွယ် ပေါက်ကွဲသွားပြီး သူ၏အရိုးအများစုကိုပင်မြင်နေရသည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်း တစ်ခုဖြစ်ခဲ့သည်။

"ဒါပဲလား....!"

ကောင်းကင်သူတော်စင်ပု ဒေါသတကြီးအော်ပြောခဲ့သည်။ သူအသက်ရှင်နေဆဲဖြစ်ပြီး သူ၏ကိုယ်ခန္ဓာက စိတ်ကူး၍မရနိုင်သော အမြန်နှုန်းဖြင့် ပျံ့နှံ့သွားသော အခိုးအငွေ့နက်လုံးအဖြစ် ပေါက်ကွဲသွားပြီး လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

လေဟာနယ်အသွင်ပြောင်းခြင်း...!

"သေစမ်း!"

ကြယ်ကောင်းကင်တစ်လျှောက် ကောင်းကင်သူတော်စင်ပု၏ ဒေါသတကြီးအော်ဟစ်သံ ပဲ့တင်ထပ်နေပြီး မှောင်မိုက်သောလေဟာနယ်ထဲမှ ခရမ်းရောင်လျှပ်စီးတန်းများ ထွက်လာသည်။ ယင်းတို့သည် တောင်တန်းများကဲ့သို့ ကြီးမားပြီး သံကြိုးများအဖြစ် အလျင်အမြန် စုစည်းသွားသည်။ သူတို့ရဲ့ထိပ်ဖျားတွေက လှံတွေလို ထက်ရှသည်။ ၎င်းတို့တစ်ခုစီသည် ကောင်းကင်မြစ်အရွယ်အစားထက် နိမ့်ကျသော်လည်း ၎င်းတို့၏စုစုပေါင်းဧရိယာသည် မရေမတွက်နိုင်သော လူသားကမ္ဘာများပါဝင်သော ကောင်းကင်မြစ်ထက် ပိုများသည်။ သူတို့အားလုံးက ကျန်းချန်ရှန်းဆီ အပြေးအလွှားသွားပြီး ကတော့ပုံကြီးတစ်ခု ဖြစ်သွားလေသည်။

ချန်မျိုးနွယ်စုဝင်အားလုံး ဖိအားအောက်တွင် ဒူးထောက်ခဲ့ကြပြီး နတ်ဘုရားဇီဟွမ်း၏ခြေအောက်ရှိ နန်းတော်သည်လည်း ချက်ချင်း အစိတ်စိတ်ကွဲသွားသည်။ ထိတ်လန့်တုန်လှုပ်စွာ မော့ကြည့်လိုက်တော့ သူတို့အပေါ်မှာ မျောလွင့်နေတဲ့ ကျန်းချန်ရှန်းရဲ့ရုပ်ပုံကို တွေ့လိုက်ရသည်။ သူသည် မှောင်မိုက်သောလေဟာနယ်နှင့် သောင်းနှင့်ချီသော သံကြိုးများနှင့် လှံများကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ရသည်။ ယန်အလင်းတန်းအောက်မှာ ယင်ယန်တာအိုဝတ်ရုံ လှုပ်ရှားနေသည်။

တန်ခိုးကြီးသော ကောင်းကင်သူတော်စင်ပု၏အကြည့်ထဲတွင် ကျန်းချန်ရှန်း ၏ပုံသဏ္ဌာန်က မယိမ်းယိမ်းခဲ့ပေ။

ရွှေရောင်အလင်းရောင် ထွက်လာပြန်သည်။ ချန်ယွဲ့ချန်နဲ့ နတ်ဘုရားဇီဟွမ်းတို့တောင် ကျန်းချန်ရှန်း ဘယ်လိုတိုက်ခိုက်တယ်ဆိုတာ မမြင်ခဲ့ကြပေ။ သို့သော် သူသည် နောက်ထပ်မြားကို ပစ်လိုက်ပြီဖြစ်ကြောင်း သူတို့သိထားကြသည်!

မြားသည် လမ်းတစ်လျှောက်ရှိ သံကြိုးကြီးများကို အစိတ်စိတ်ခွဲလိုက်ပြီး တစ်ချိန်တည်းနီးပါး မှောင်မိုက်သောလေဟာနယ်ကို ပြန့်ကျဲစေခဲ့သည်။

ကောင်းကင်သူတော်စင်ပု စိတ်ပျက်အားလျော့မှုနဲ့ မယုံနိုင်မှုနဲ့ ပြည့်နေတဲ့ အသံနဲ့ အော်ဟစ်လိုက်သည်။ အမှောင်ထု လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကောင်းကင်မြစ်၏ အလင်းတိမ်များသည် တစ်ဖန် ပေါ်လာသည်။

ကျန်းချန်ရှန်းကရဲ့အသံ နတ်ဘုရားဇီဟွမ်း၏နားထဲသို့ရောက်လာပြန်သည်။

" နတ်ဘုရားဇီဟွမ်း...ဒီဝင်ပေါက်ကို ငါဖျက်ဆီးလိုက်ရင် ဘာဖြစ်မလဲ...."

နတ်ဘုရားဇီဟွမ်းက အလင်းတိမ်ကို မှောင်မိုက်စွာကြည့်ပြီး ...."အထက်နယ်ပယ်က လူတွေ ဆင်းလာနိုင်မှာမဟုတ်ဘူး......."

နောက်တစ်စက္ကန့်တွင် သူသည် အသိတရားပြန်ရလာပြီး.... "အနည်းဆုံး အချိန်တိုအတွက်ပေါ့.... နတ်ဘုရားသိုင်းနယ်မြေက ဒါကို အမြန်ပြန်တည်ဆောက်မှာပဲ .."

တာအိုဘိုးဘေးက ကောင်းကင်မြစ်ရဲ့ အရင်းမြစ်ကို ဖျက်ဆီးချင်ခဲ့တာလား.....

"ဒါဆိုလည်း နတ်ဘုရားသိုင်းနယ်မြေကို ပြန်ဆောက်ခိုင်းတာပေါ့...."

ကျန်းချန်ရှန်း စကားဆုံးတာနဲ့ လေးကို ပြန်ဆွဲလိုက်သည်။ ဒီအချိန် သူ၏အနေအထားသည် ယခင်မြားသုံးစင်းကို ပစ်ခတ်ခဲ့စဉ်ထက် ပိုပြင်းထန်သည်။

ဝုန်းးးးးး

ထိုက်ရီကမ္ဘာဖောက်မြား!

ဤရွှေမြားသည် ယခင်မြားများထက် များစွာကြီးသည်။ ၎င်းသည် ကောင်းကင်မြစ်ထက် ပို၍ထူထဲသည်။ စကြဝဠာကို ထိုးဖောက်ပြီး ပရိသတ်အားလုံးကို ထိတ်လန့်သွားစေသည်။

မြားတစ်စင်းက ကောင်းကင်မြစ်၏ အလင်းတိမ်တိုက်ကို ထိုးဖောက်ခဲ့ပြီး ကောင်းကင်နှင့်ဆင်တူသော ကြီးမားလှသောအလင်းတိမ်ထဲသို့ ဝင်ရောက်သောအခါ အလင်းတိမ်များ ချက်ချင်းကျုံ့သွားသည်။ စကြဝဠာရဲ့ ကြယ်

ကောင်းကင်ထိပ်ကို ထွန်းလင်းပေးတဲ့ တိမ်အလင်းများ ပျောက်ကွယ်သွားပြီး ကြယ်ကောင်းကင်တစ်ခုလုံး အများကြီးမှုန်မှိုင်းလာသည်။ ကောင်းကင်မြစ်၏အထက်ပိုင်းကလည်း ဖြတ်တောက်ခဲရသည့်အလား တိုက်ရိုက်ကျိုးပဲ့သွားသည်။

' မဖြစ်နိုင်ဘူး.... ... '

ချန်ယွဲ့ချန် မျက်လုံးပြူးကျယ်ပြီး တုန်လှုပ်သွားကာ အေးအေးဆေးဆေး မနေနိုင်တော့ချေ။

မြားသုံးစင်းက မဟာကောင်းကင် သူတော်စင်တဉီးကို သတ်ခဲ့ပြီး မြားတစ် စင်းက ကောင်းကင်မြစ်၏ အရင်းမြစ်ကို ဖျက်ဆီးခဲ့သည်။

ဒါ ဘယ်စွမ်းအားမျိုးလဲ....

ဒီစွမ်းအားက တာအိုစစ်ဝိဉာဉ်နယ်ပယ်ထက် ကျော်လွန်ခဲ့သလား......

ချန်ယွဲ့ချန် စိတ်ကူးလို့မရတော့ပေဖယ သူသည် ထိုသို့သောအခြေအနေတွင် ရှိနေပြီဆိုလျှင် ချန်မိသားစုမှ လူများကော အဘယ်သို့နည်း ...

အဝေးကသိုင်းကမ္ဘာအမျိုးမျိုးရဲ့ နတ်ဘုရားတွေလည်း အံ့သြသွားကြသည်။ သူတို့မျက်စိကိုတောင် မယုံနိုင်ကြပေ။ ပြိုင်ပွဲပြီးသွားဖို့ စောင့်နေတဲ့ အထက်တန်းလွှာမျိုးနွယ်စုရဲ့ သိုင်းပညာရှင်တွေလည်း အံ့သြသွားပြီး အသိစိတ်မကပ်နိုင်တော့ပေ။

" အားလုံး နားထောင်ကြ...ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့...ဝင်ရှုပ်နဲ့.... ငါ့ရှေ့လာပိတ်ရင် ဘယ်လောက်ဝေးနေပါစေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး..!!!"

ကျန်းချန်ရှန်းရဲ့အသံက အဝေးက ပရိသတ်တွေနားထဲဝင်လာပြီး အရမ်းအေးစက်နေသည်။

သူလှည့်ပြီး မိုးတိမ်ပေါ်ကို နင်းလိုက်တော့....

ဝုန်းးးးဝုန်းးးးဝုန်းးးးး

အဝေးကနေ ပေါက်ကွဲသံတွေ ကြားနေတယ်။ လူတိုင်းလှည့်ကြည့်လိုက်တော့ သွေးမြူတွေ ဒါဇင်နဲ့ချီ တွေ့လိုက်ရတယ်။ ထွက်ပြေးလိုသော သို့မဟုတ် မိသားစုနှင့်ဆက်သွယ်လိုသော သိုင်းပညာရှင်များသည် အလွန်ကြောက်လန့်သွားသောကြောင့် မလှုပ်ဝံ့ကြချေ။

ကျန်းချန်ရှန်းက နတ်ဘုရားဇီဟွမ်းထံလာပြီး "မဟာကန္တရသိုင်းကမ္ဘာမှာ လာနေမယ့်အကြောင်း မဟာရွှမ်းဟန်ကမ္ဘာကြီးတခုလုံးကို ကြေငြာလိုက်...."

ဤစကားများက နတ်ဘုရားဇီဟွမ်းကို စိတ်လှုပ်ရှားစေခဲ့သည်။ သူမ ချက်ချင်း ဒူးထောက်ပြီး ကျန်းချန်ရှန်းကို ကျေးဇူးတင်ခဲ့သည်။

ချန်ယွဲ့ချန်ကလည်း နတ်ဘုရားဇီဟွမ်း ဘေးတွင် ပေါ်လာပြီး ဒူးထောက်လိုက်သည်။

ဒီလိုမျိုးနွယ်စုခေါင်းဆောင်ကို မြင်တဲ့အခါ ချန်မျိုးနွယ်စုရဲ့ သိုင်းပညာရှင်အားလုံး တစ်ယောက်ပြီးတစ်ခု ဒူးထောက်ကြသည်။ သူတို့က ကျန်းချန်ရှန်း ကို ချီးကျူးပြီး အမြင်သစ်နဲ့ ကြည့်လိုက်ကြသည်။

ဤမျှတန်ခိုးကြီးသော တည်ရှိမှုကို သူတို့ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရခြင်းဖြစ်သည်!

ကောင်းကင်မြစ်၏အရင်းမြစ်ကို ဖျက်ဆီးပစ်သည့် မြားတစ်စင်းတည်းဖြင့် သူတို့ကို မြေမှုန့်ထဲတွင် ကျန်ရစ်စေခဲ့သည်။

ကောင်းကင်မြစ်၏အရင်းမြစ်သည် အလွန်ကျယ်ပြန့်သောကြောင့် သိုင်းကမ္ဘာ ၁၀၀ စုပေါင်းသည်ထက် ပိုကြီးသည်။ ၎င်း၏အရွယ်အစားကို အကိုးအကားအဖြစ် သိုင်းကမ္ဘာများကိုအသုံးပြု၍ တိုင်းတာ၍မရတော့ချေ။

နတ်ဘုရားသိုင်းနယ်မြေ၏ မဟာကောင်းကင်သူတော်စင်များသည် ဒဏ္ဍာရီပုံပြင်များဖြစ်ကြပြီး ရှာတွေ့ရခက်သည်။ ဒီနေ့မှာ သူတို့ ကောင်းကင်သူတော်စင်ပုရဲ့ ခြိမ်းခြောက်မှုကိုခံခဲ့ရပြီး သူတို့ကို စိတ်ပျက်စေခဲ့သည်။ သို့သော် ကောင်းကင်သူတော်စင်ပု မြားသုံးစင်းဖြင့် သတ်ခံရမည်ဟု သူတို့မမျှော်လင့်ခဲ့ကြပေ!

All Chapters