၃၃ အလွှာများရှိသော ကောင်းကင်များ....သိုင်းကမ္ဘာများကို ပေါင်းစပ်ခြင်း
Vol. 25 Ch. 375
"ဒီမှာရှိတဲ့ လူတိုင်းကို ခင်ဗျားရဲ့လူတွေ ထိန်းချုပ်နိုင်မလား...."
ကျန်းချန်ရှန်းက ချန်ယွဲ့ချန်ကိုကြည့်ပြီး မေးလိုက်သည်။ဤကြယ်ကောင်းကင်တွင် မူလကောင်းကင်အဓိပတိနယ်ပယ် ကျွမ်းကျင်သူများစွာရှိပြီး အများစုမှာ နတ်ဘုရားများဖြစ်ကြသည်။
ချန်ယွဲ့ချန် ထိုစကားကြားတဲ့အခါ ချက်ချင်းပြန်ဖြေလိုက်သည်။
"ရပါတယ်... တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်ကျွမ်းကျင်သူမရှိသရွေ့ ချန်မျိုးနွယ်စုက ဒီအခြေအနေကို အမှန်တကယ် ထိန်းချုပ်နိုင်ပါလိမ့်မယ်... ဒါပေမဲ့ အောက်ကမ္ဘာမှာရှိတဲ့ စကြဝဠာရဲ့ ဒီအပိုင်းဟာ မဟာရွှမ်းဟန်ကမ္ဘာရဲ့ တစ်ဖက်ခြမ်းပဲရှိသေးတယ်...."
ကမ္ဘာသုံးထောင်သည် ဖော်ပြချက်မျှသာဖြစ်သည်။
ကျန်းချန်ရှန်းက နတ်ဘုရားသိုင်းနယ်မြေက ကောင်းကင်မြစ်၏အရင်းမြစ်ကို ပြုပြင်ရန် မည်မျှကြာမည်နည်းဟု မေးမြန်းခဲ့သည်။ ချန်ယွဲ့ချန်က ခဏစဉ်းစားပြီး "လွန်ခဲ့သောနှစ်ပေါင်း ၂ သန်းက ကောင်းကင်မြစ်ရဲ့အရင်းမြစ် ပြတ်တောက်သွားခဲ့ဖူးတယ်... နတ်ဘုရားသိုင်းနယ်မြေက ဒါကို ပြုပြင်ဖို့ နှစ်ပေါင်း ၈၀၀ ကြာခဲ့တယ်.... အချိန်အတော်ကြာပြီဆိုတော့ အခုလောက်ဆို နှစ် ၁၀၀ အတွင်း ပြုပြင်နိုင်လိမ့်မယ်... "
နှစ်ပေါင်း ၁၀၀ ....အလွန်လျင်မြန်လိုက်လေခြင်း!
သိုင်းကမ္ဘာပေါင်းစပ်ခြင်းကို အတတ်နိုင်ဆုံး စတင်ရတော့မယ်...!
ကျန်းချန်ရှန်းက ကောင်းကင်မြစ်ကို ငုံ့ကြည့်ပြီး နောက်ထပ်စဉ်းစားနေပြန်သည်။
သူသည် ဤနေရာတွင် အရာအားလုံးကို ထုပ်ပိုးပြီး ၎င်းကို ယူသွားနိုင်သည်။
"တာအိုဘိုးဘေး... ချန်မျိုးနွယ်စု ရဲ့ တပည့်အများစုက အဝေးရောက်နေကြတယ်... သင်က တန်ခိုးအကြီးဆုံးဖြစ်လို့ နည်းလမ်းရှိပါသလား။"
ချန်ယွဲ့ချန်က သူတောင် အလွန်အကျွံဖြစ်တယ်လို့ ခံစားရတဲ့ တောင်းဆိုချက်တစ်ခုကို ပြုလုပ်ခဲ့သည်။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် တာအိုဘိုးဘေးဟာ အင်မော်တယ်နတ်ဘုရားဖြစ်တယ်လို့ သူယုံကြည်တဲ့အခါ တာအိုဘိုးဘေးက လုပ်နိုင်မယ်လို့ ယုံကြည်နေသည်။
အင်မော်တယ်နတ်ဘုရားများသည် အတိုင်းအဆမဲ့တန်ခိုးရှင် မဟုတ်ပေလော။
ကျန်းချန်ရှန်းက "ကျုပ် အတတ်နိုင်ဆုံး ကြိုးစားမယ်"
သူသည် ချန်မျိုးနွယ်စု၏ သွေးမျိုးဆက်များကို အလွတ်ကျက်ထားပြီးဖြစ်သည်။ထို့ကြောင့် ကိုယ်ပွားများဖန်တီးကာ သူ တို့ကိုကူညီရန် အထက်ကမ္ဘာသို့ အပြေးအလွှားသွားနိုင်သည်။
သို့သော်လည်း မတိုင်မှီ သူသည် မှော်စွမ်းအားကိုအထွတ်အထိပ်အခြေနေရောက်အောက်ဖြည့်တင်းရမည်။ ဤနည်းဖြင့်သာ သူသည် အစွမ်းထက်ဆုံးကိုယ်ပွားကို ဖန်တီးနိုင်ကြောင်း သေချာစေနိုင်မည်။
ယင်းကိုကြားသောအခါ ချန်ယွဲ့ချန် ကျေးဇူးတင်လေးမြတ်သောအပြုံးကို ဖော်ပြခဲ့သည်။ ကျန်းချန်ရှန်းက ဘာမှမပြောဘဲ အဲဒီနေရာကနေ ပျောက်သွားသည်။
ကျန်းချန်ရှန်း ထွက်သွားပြီးနောက် ချန်မျိုးနွယ်စုရှိလူတိုင်း ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
"အိုးးးးးးး ဒီလူက ဘယ်သူလဲ.... သူက အရမ်းတန်ခိုးကြီးတယ်!"
"အဲဒီကောင်းကင်သူတော်စင်ဘယ်လောက် တန်ခိုးကြီးလိုက်သလဲ...ဒါပေမယ့် မြားသုံးစင်းနဲ့အသတ်ခံခဲ့ရတယ်..."
"တဖက်လူက ကျွန်တော်တို့ကို ကယ်တင်ခဲ့တယ်၊ ဆိုလိုတာက သူက နတ်ဘုရားသိုင်းနယ်မြေကို မကြောက်ပေါ့....နတ်ဘုရားသိုင်းနယ်မြေကို မကြောက်တဲ့ တည်ရှိမှုမျ်ုးရဲ့ ခွန်အားကို ဘယ်လိုတိုင်းတာရမလဲ...."
"ဟုတ်တယ်...ငါတို့ကို ရှေးဟောင်းဂိုဏ်းတွေနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ ကောင်းကင်သူတော်စင်က ပြောတယ်...ဒါဆို ဒီလူက...."
"အဓိပ္ပာယ်မရှိဘူး...စီနီယာက ရှေးဟောင်းဂိုဏ်းသားနဲ့တူလို့လား...ဒါ ကောင်းကင်သူတော်စင် ငါတို့ကို သက်သက်ထောင်ချောက်ဆင်တာ..."
ချန်မျိုးနွယ်စုဝင်များ စိတ်အားထက်သန်စွာ ဆွေးနွေးခဲ့ကြသည်။မဟာရွှမ်းဟန်ကမ္ဘာ၏ သိုင်းပညာရှင်များသည် သိုင်းကမ္ဘာများမှ သိုင်းပညာရှင်များထက် ခွန်အားကို ပို၍ထောက်ခံခဲ့ကြသည်။ သူတို့က ကျန်းချန်ရှန်းရဲ့ ခွန်အားကို အစွန်းရောက်သဘောကျပြီး လာမည့်နေ့ရက်တွေကို စောင့်မျှော်နေကြတော့သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်လာပြီးနောက် မှော်စွမ်းအားများ ပြန်လည်ကြိုးပမ်းခဲ့သည်။ အဓိကအားဖြင့် ကောင်းကင်မြစ်၏အရင်းမြစ်ကို ဖျက်ဆီးခဲ့သော မြားကြောင့် ဤတိုက်ပွဲတွင် စွမ်းအင်များစွာ သုံးစွဲခဲ့သည်။ ချန်မျိုးနွယ်စုရှေ့တွင် ရှုံးနိမ့်ပြီး မိမိကိုယ်ကို အရှက်ရမည်ကို စိုးရိမ်၍ ထိုမြားတွင် သူ၏ခွန်အားအားလုံးကို အမှန်တကယ်အသုံးပြုခဲ့ရသည်။
"တင်းထျန်းခေါတ် ၁၈၅ နှစ်မြောက်တွင် ကောင်းကင်သူတော်စင်ပုက နန်းတော်သခင်ကျိအတွက် လက်စားချေရန်ကြိုးစားခဲ့သည်။သင်သည် စိန်ခေါ်မှုမှ
အောင်မြင်စွာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ဘေးဆိုးတစ်ခုကို ကျော်လွှားနိုင်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ် လေ့ကျင့်ရေးနယ်မြေတခုဖြစ်သောကောင်းကင် ၃၃ ထပ်ကိုရရှိထားသည်။
ကျန်းချန်ရှန်းရဲ့ မျက်လုံးရှေ့မှာ အသိပေးချက်တစ်ခု ပေါ်လာသည်။
ဒါဟာ သူ့အတွက် လေ့ကျင့်ရေးနေရာ တစ်ခု ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်က ကံကြမ္မာ မှော်ရတနာဖြစ်ပြီး ' လေ့ကျင့်ရေးမြေပြင် ' ဟူသော စကားလုံး များ ပေါ်ထွက်လာခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပေသည်။
ကျန်းချန်ရှန်းက ကောင်းကင် ၃၃ ထပ် ၏ အချက်အလက်များကို ချက်ချင်း အမွေခံခဲ့သည်။
ကောင်းကင် ၃၃ ထပ်ကို လူတစ်ဦး၏ ဝိညာဉ်စွမ်းအင်နှင့်နားလည်မှုကို တိုးပွား စေနိုင်သည့်လေ့ကျင့်ရေး နေရာ ၃၃ ခု အဖြစ်ခွဲခြားထားသည်။အလွှာတိုင်းတွင် ကျူးကျော်ဝင်ရောက်သူများကို အလိုအလျောက်ကာကွယ်နိုင်သည့် ထူးခြားသောကာကွယ်ရေးကန့်သတ်ချက်တစ်ခုပါဝင်သည်။
တစ်ချိန်တည်းတွင် ကောင်းကင် ၃၃ထပ်သည် သည် လွတ်လပ်သောနယ်မြေအဖြစ်တည်ရှိနေပေမည်။
အထိပ်ဆုံးအလွှာဖြစ်သော ၃၃လွှာသည် အထိရောက်ဆုံးလေ့ကျင့်ရေးမြေပြင်ဖြစ်သည်!
ကျန်းချန်ရှန်းက အတော်ကောင်းတယ်လို့ ခံစားနေရသည်။ကောင်းကင် ၃၃ ထပ် နှင့်ခရမ်းရောင်တိမ်တိုက်နန်းတော်တို့ က သူ့ကို ကြိုးစားအားထုတ်မှုတစ်ဝက်ဖြင့် နှစ်ဆ မြန်မြန်ကျင့်ကြံခွင့်ပြုနိုင်သည်။ နတ်ဘုရားများခန့်အပ်ခြင်း၏ ကံကောင်းမှုနှင့်အတူ ကောင်းကင်၃၃ ထပ်သည် ကောင်းကင်တရားရုံး၏ ကြီးထွားမှုနှုန်းကိုလည်း တိုးမြှင့်ပေးနိုင်သည်။
ဒါဟာ တာအိုစစ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို အနိုင်ယူပြီးရရှိထားသော ရှင်သန်ခြင်းဆုလာဘ်ဖြစ်တာကြောင့် ပေါ့သေးသေးမဟုတ်ပေ။
သူသည် ကောင်းကင် ၃၃ ထပ်ကို ထုတ် ခဲ့ ပြီး သူ့ရှေ့တွင် မြူတိမ်တခုဖြစ်ပေါ်လာသည်။ အဲဒါက သိပ်မကြီးတဲ့အတွက် သူ့ရဲ့နတ်ဘုရားအာရုံနဲ့ စူးစမ်းလေ့လာပြီး အတွင်းမှာရှိတဲ့ ကန့်သတ်ချက်တွေကို စတင်ပြုပြင်ခဲ့သည်။ ကောင်းကင် ၃၃ထပ်တွင် ကန့်သတ်ချက်များ အလွန် နက်ရှိုင်းစွာ ဖုံးကွယ်ထားသဖြင့် အချက်အလက်များကိုမသိလျှင် ရှာရခက်ပေလိမ့်မည်။
ပိုင်ချီက စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် မိမိကိုယ်ကို နှစ်မြှုပ်လိုက်သည်။
ပိုင်လုံကတော့ လုံးဝမနိုးခဲ့ပေ။
နှစ်ဝက်အကြာတွင် ချန်မျိုးနွယ်စုဝင်များကို ပိုမိုရှာတွေ့ခဲ့သည်။ကျန်းချန်ရှန်းက ကိုယ်ပွားနှစ်ခုခွဲထုတ်လိုက်ပြီး တစ်ယောက်က လေဟာနယ်ထဲမှာ နေထိုင်ဖို့ သင့်တော်တဲ့နေရာကို ရှာဖွေဖို့တာဝန်ရှိပြီး နောက်တစ်ယောက်က ချန်မျိုးနွယ်စုတွေကို စုဆောင်းဖို့ တာဝန်ရှိသည်။ ပြန်ဝင်စားခြင်းအမှတ်အသားနှင့် ဒြပ်စင်ငါးခုအသွင်ပြောင်းခြင်းကို မှီခိုအားထားကာ သူ၏ကိုယ်ပွားများက အာကာသတစ်လျှောက် ခရီးသွားနိုင်ပြီး လွတ်လပ်စွာသွားလာနိုင်သည်။
ယင်းသည် အင်မော်တယ်လမ်းစဉ်ဖြစ်သည်။ သူတို့ကြိုက်သလို သွားလာနိုင်ကာ သုံးလောကဟုခေါ်သော ကမ္ဘာသည် ကမ္ဘာသုံးထောင်နှင့် အတူတူပင်ဖြစ်သည်။
ချန်မျိုးနွယ်ဝင်များ တစ်ဦးချင်းစီ ပြန်လာကြသည်နှင့်အမျှ ချန်ယွဲ့ချန်နှင့် ချန်မျိုးနွယ်စုက ကျန်းချန်ရှန်းကို ပို၍ကျေးဇူးတင်လာသည်။
နှစ်ဝက်အတွင်း ချန်မျိုးနွယ်စုမှ ယုံကြည်သူများ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် ပေါ်ထွက်လာခဲ့သည်။ ဤအမြန်နှုန်းသည် ကျန်းချန်ရှန်း မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည်။
စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေနှင့်ပတ်သက်၍ပြောရလျှင် ထိုနယ်မြေတွင် နေ့စဉ် အနည်းဆုံး ဝတ်ပြုသူနှစ်ဘီလီယံရှိသည်။ သိုင်းကမ္ဘာပြိုင်ပွဲများ၊ သတင်းဖလှယ်ခြင်း၊ ကုန်သွယ်မှုစသည်တို့လည်းရှိသည်။ထိုနယ်မြေသည် အိပ်မက်ဖြစ်ပေမဲ့ အလွန်ကြွယ်ဝပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်လာသည်။ ၎င်းသည် လွတ်လပ်သောကမ္ဘာတစ်ခု ဖြစ်လာခဲ့သည်။
ယဲ့ကျန်းကလည်း ထိုနယ်မြေကို အပြင်းအထန်စွဲနေသည်။ သူသည် ပြင်ပလောကမှလာပြီး တာအိုဘိုးဘေး၏ ကိုယ်တိုင်ဖိနှိပ်မှုကိုခံခဲ့ရသောကြောင့် သူ၏နာမည်ဂုဏ်သတင်း ပျံ့နှံ့ခဲ့သည်။ ထို့အပြင် သူသည် ထိုနယ်မြေတွင် မုန်တိုင်းထန်သော ဇာတ်ကောင်တစ်ဦးဖြစ်ခဲ့သည်။ ယုံကြည်သူများစွာနှင့် အပြန်အလှန်ဆက်ဆံမှုကြောင့် နိဗ္ဗန်၏တန်ခိုးနှင့်ပတ်သက်သော နားလည်မှုလည်း ပို၍နက်ရှိုင်းလာသည်။
အရင်တုန်းက သူဟာ အကြောင်းနှစ်ခုကြောင့် သိုင်းပညာနဲ့ပတ်သက်ပြီး လူအများကြီးနဲ့ ဆက်သွယ်ဖို့ နည်းလမ်းမရှိခဲ့ပေ။ ပထမအကြောင်းရင်းမှာ လူ့စိတ်နှလုံးကို နားလည်ရခက်သောကြောင့်ဖြစ်ပြီး ဒုတိယအကြောင်းရင်းမှာ မိမိထက် အားနည်းသူများကို မထီမဲ့မြင်ပြုသောကြောင့်ဖြစ်သည်။ သို့သော်လည်း ထိုနယ်မြေတွင် တဉီးနှင့်တဉီးနယ်ပယ်ကို မမြင်နိုင်တာကြောင့် ပေါင်းသင်းဆက်ဆံရလွယ်ကူစေသည်။
တနေ့သ၌....
ယဲ့ကျန်း နိုးလာပြီး သိထားသမျှကို တွေးတောဆင်ခြင်လေသည်။ယဲ့ကလန် ဘိုးဘေး သူ့ကိုယ်ခန္ဓာမှ ပျံသန်းလာပြီး သူ့ကိုဝန်းရံထားသော နိဗ္ဗန်ရောင်ခြည်ကို ကြည့်လိုက်သည်။ သူသက်ပြင်းချလိုက်ကာ....
"ထူးဆန်းလိုက်တာ အချိန်အများစုမှာ အိပ်ပျော်နေရက်နဲ့တောင် အရင်ကထက် ပိုတိုးတက်လာတယ်..ဒါက အပန်းဖြေခြင်းရဲ့ အကျိုးကျေးဇူးများလား..."
ယဲ့ကျန်းက မျက်လုံးကိုပိတ်ပြီး "အရာအားလုံးဟာ တာအိုဘိုးဘေးဆီက လက်ဆောင်ကြောင့်ပါပဲ" ဟုသာပြန်ဖြေလိုက်သည်။
စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေနှင့်စပ်လျဉ်း၍ ပြင်ပသူများကို မပြောနိုင်ခဲ့ချေ။ ဒါက တာအိုဘိုးဘေ ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုပင်.... သူရရှိခဲ့သမျှကို တာအိုဘိုးဘေးကြောင့်ဟုသာ ယူမှတ်ခဲ့သည်။
"တာအိုဘိုးဘေးလား.... မင်းရဲ့စွမ်းရည်က သူ့ကို လှုံ့ဆော်ပေးခဲ့ပုံရတယ်..."
ယဲ့ကလန် ဘိုးဘေးက ပြုံးပြီး ကျေနပ်အားရနေသည့်မျက်နှာကို ထုတ်ဖော်ခဲ့သည်။ ယဲ့ကျန်းက ယဲ့ရှန်ခုန်းထက် စွမ်းရည်ပိုရှိတယ်လို့ သူအမြဲခံစားခဲ့ရပေမဲ့ သူ့သဘောသဘာဝကို ယဲ့ကလန်က ဖိနှိပ်ထားခဲ့သည်။
"မဟုတ်ပါဘူး..တာအိုဘိုးဘေးက သတ္တဝါအားလုံးအပေါ် တန်းတူဆက်ဆံတယ်... အကူညီလိုတဲ့သူတိုင်းကိုကူညီပေးတယ်....."
ယဲ့ကျန်းက တာအိုဘိုးဘေးကို သူကြည်ညိုလေးမြတ်ကြောင်း စတင်ပြောဆိုခဲ့ပြီး ယဲ့ကလန်ဘိုးဘေးလည်း နားထောင်ရင်း ပို၍ထူးဆန်းလာသည်။
ဘယ်လိုဖြစ်တာလဲ...
ယခင်က ဤကလေးသည် တာအိုဘိုးဘေးထံ ဒူးထောက်ရမည်ကို ကြားရသောအခါ စိတ်မကောင်းဖြစ်နေဆဲဖြစ်သည်။ ယခု ဘာကြောင့် တာအိုဘိုးဘေးဘက် လုံးဝရပ်တည်နေတာလဲ။
ယဲ့ကလန်ဘိုးဘေးက တာအိုဘိုးဘေး ယဲ့ကျန်းကို တစ်ခုခုလုပ်ခဲ့တယ်လို့ ခံစားနေရပြီ။ သူစိတ်ရှုပ်ထွေးနေပေမဲ့ ရွေးချယ် စရာမှမရှိခဲ့ပေ။
ယဲ့ကလန်ကို ထောက်ပံ့သူတစ်ဦး ရှိရမယ်.....
တင်းထျန်းခေတ် ၁၉၀ပြည့်နှစ်တွင် ထျန်းကျင်းက စစ်ပွဲထဲသို့ လုံးဝဝင်ရောက်ခဲ့သည်။ အင်အားကြီးတဲ့ လူသားစစ်တပ်က သူတို့ကို တိုက်ခိုက်ခဲ့သည်။ ရန်သူဘက်က သိုင်းပညာရှင် သန်းတစ်ထောင်ကျော်ကို စေလွှတ်ခဲ့ပြီး စစ်မြေပြင် အလွန်ရှည်လျားခဲ့သည်။ သူတို့စခန်း၏အင်အားသည်လည်း မရေတွက်နိုင်လောက်အောင် ခိုင်ခံ့ခဲ့သည်။ နယ်ပယ်အသီးသီးမှ သိုင်းပညာရှင်များအပြင် ချင်းလျန်မျိုးနွယ်စု၏ ထောက်ပံ့မှုဖြင့်ပင် အနိုင်ရရန် ခက်ခဲခဲ့သည်။
ကျန်းချန်ရှန်းက ထျန်းကျင်း၏ ပြဿနာများကို ဂရုမစိုက်ခဲ့ပေ။ ကျန်းဇီယုသာ အခြေနေမဟန်ရင် ကောင်းကင်တရားရုံးကို အကူအညီတောင်းလိမ့်မည်။ ဒါပေမဲ့ ကျန်းဇီယု ထိုသို့ မလုပ်ခဲ့ပေ။ ထျန်းကျင်းက ဆင်းရဲခက်ခဲမှုများကြားကနေ တိုးတက်ဖို့လိုသည်ဟု သူခံစားခဲ့ရသည်။
တနေ့သ၌.....
ရေပေါ်ကျွန်းပေါ်တွင် ချန်မျိုးနွယ်စု၏ လက်ရွေးစင် အများအပြား စုဝေးနေကြသည်။
သူတို့အားလုံးဟာ နယ်ပယ်မတူတဲ့သူတွေဖြစ်ကြပြီး ချန်ယွဲ့ချန်နှင့် နတ်ဘုရားဇီဟွမ်းက အလယ်တွင်ထိုင်နေသည်။
အဝေးတွင် သိုင်းပညာရှင်များနှင့် ချန်မျိုးနွယ်စုမှ နတ်ဘုရားများက အထက်မှစောင့်ကြည့်နေကြသည်။ သူတို့အားလုံးက တစ်ယောက်ယောက်ကို တိတ်ဆိတ်စွာစောင့်နေကြခြင်းပင်....
"တာအိုဘိုးဘေး ဘယ်မှာလဲ"
"သေချာမသိဘူး....ဒါပေမဲ့ မျိုးနွယ်ခေါင်းဆောင်က ကျွန်တော်တို့ကို စောင့်ခိုင်းထားတယ်...ကိစ္စထူးလို့ထင်တယ်...."
"နတ်ဘုရားတွေကို သတ်တော့မလို့လား..."
"မထင်ပါနဲ့- တာအိုဘိုးဘေးက သတ်ဖြတ်ရတာကိုမကြိုက်ဘူး....”
"ဘယ်လိုသိရတာလဲ..."
"ဒါက တာအိုဘိုးဘေးကို ကောင်းကောင်းသိလို့ပဲ!"
ချန်မျိုးနွယ်စုဝင်များက ပတ်ဝန်းကျင် သိုင်းကမ္ဘာမှ နတ်ဘုရားများ အလွန်ကြောက်လန့်နေစဉ် သူတို့အချင်းချင်း ဆွေးနွေးနေကဿာ သူတို့သည် သူတို့ ကိုယ်တိုင်အတွက် စိုးရိမ်နေကြသည်။
ချန်ယွဲ့ချန် တဖက်လှည့်ပြီး နတ်ဘုရားဇီဟွမ်းကိုကြည့်လိုက်သည်။ နတ်ဘုရားဇီဟွမ်းက ခေါင်းကို အနည်းငယ်ခါကာ တာအိုဘိုးဘေး ဘာလုပ်ချင်တယ်ဆိုတာ သူမ မသိကြောင်း အချက်ပြလိုက်သည်။
နောက်ဆုံးတော့.....
ချန်ယွဲ့ချန်က တာအိုဘိုးဘေး ပျံသန်းလာသည်ကို ဦးဆုံးတွေ့မြင်ခဲ့သူဖြစ်သည်။ သူ့ကို လူများစွာက သတိပြုမိခဲ့သည်။ သူသည် ကောင်းကင်မြစ်အထက်သို့ လျင်မြန်စွာ ပျံသန်းခဲ့ပြီး ချန်ယွဲ့ချန်နှင့် ကျန်သူများက သူ့ကို မော့ကြည့်လိုက်သည်။
"အထက်ကမ္ဘာသားတွေ အောက်ကမ္ဘာက ကို ညှင်းပန်းအနိုင်ကျင့်လို့မရအောင်အောက်ကမ္ဘာတွေကို စည်းလုံးပြီး ကောင်းကင်မြစ်ကို သက်ရှိ အားလုံး အတွက်ကောင်းကင်မြစ်အဖြစ် ပြောင်းလဲမယ်... !"
ကျန်းချန်ရှန်း၏ လေးနက်သောအသံက လူတိုင်းနားကို ရှင်းရှင်းလင်းလင်း ဝင်လာတယ်။ သူဘာလုပ်ချင်တယ်ဆိုတာ နားမလည်ဘဲ လူတိုင်း ထိတ်လန့်လာကြတယ်။
ကျန်းချန်ရှန်း ညာလက်ကို မြှောက်လိုက်တော့....
ဝုန်းးးးးးးးးးး
ကြီးမားလှတဲ့ ကောင်းကင်မြစ်ကြီး တုန်ခါလာပြီး ရေပေါ်မှာရှိတဲ့ ကျွန်းတွေလည်း တုန်ခါသွားသည်။ လူတိုင်း ထိတ်လန့်သွားကြပေမဲ့ အလျင်စလို မလုပ်ဝံ့ကြပေ။
အောက်ဘက် အမှောင်ထဲမှာ အလင်းတန်းတွေ ထွန်းလင်းလာပြီး သိုင်းကမ္ဘာ ၈၁ ခုကို ဆက်သွယ်ထားတဲ့ ကောင်းကင်မြစ်ရဲ့ အလင်းတိုင်တွေ
စတင်ကျုံ့သွားသည်။ လူတိုင်းရဲ့ မယုံနိုင်တဲ့အကြည့်အောက်မှာပင် ကောင်းကင်မြစ်ရဲ့ အလင်းတိုင်ဟာ လျင်မြန်စွာ ကျုံ့သွားကာ သိုင်းကမ္ဘာ၈၁ ခု တိုက် မိ သောအခါ ပေါက်ကွဲမှုမရှိခဲ့ပေ။ ယင်းအစား ကမ္ဘာမြေကြီးကို ဆက်သွယ်ပြီး အလွန်ကျယ်ပြန့်သောတိုက်ကြီးတစ်ခု အလျင်အမြန်ဖြစ်ပေါ်ခဲ့သည်။
ကြယ်တွေ ပျံသန်းသွားတဲ့အခါ အမှောင်ထဲမှာ ထွန်းလင်းလာသည်။ အနီးကပ်ကြည့်မယ်ဆိုရင် သူတို့ဟာ မဟာကန္တရသိုင်းကမ္ဘာနှင့်ဆင်တူတဲ့ သိုင်းကမ္ဘာတွေဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မည်။
တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်မှာရှိတဲ့ ချန်ယွဲ့ချန် မျက်လုံးပြူးနေပြီ..... သူ၏နားလည်မှုများ နောက်တစ်ဖန်မှောက်လှန်ခံခဲ့ရပြန်ပြီ
ဒါ ဘယ်လိုနည်းလမ်းမျိုးလဲ....
နတ်ဘုရားဇီဟွမ်းလည်း မော့ကြည့်လိုက်သည်။ မြင့်မားပြီး တန်ခိုးကြီးသော တာအိုဘိုးဘေး၏မျက်နှာကို မမြင်နိုင်သော်လည်း သူ၏ပုံသဏ္ဌာန်က သူမ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာစွဲမှတ်နေသည်။
နတ်ဘုရားတစ်ဦးအနေနှင့် သူသည် သိုင်းကမ္ဘာအကြောင်း အများကြီးသိထားသည်။ သိုင်းကမ္ဘာများတွင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများ အားလုံးမတူကြပေ။ ကံတရားအတိုင်းအတာသည်လည်း မတူပေ။ ကောင်းကင်မြစ်၏စွမ်းအားကြောင့် သီးခြားဖြစ်နေခြင်းဖြစ်သည်။ သိုင်းကမ္ဘာများကို ပေါင်းစပ်နိုင်သူတစ်ဦးဦးကို တစ်ခါမျှမကြားဖူးပေ။
ထို့အပြင် စစ်မှန်သောချီ တစ်စုံတစ်ရာကိုမျှ မခံစားရချေ...!
အင်မော်တယ်တာအို အမှန်တကယ်တည်ရှိခဲ့ပြီ!
သိုင်းကမ္ဘာ ပေါင်းစပ်ပြီး မူလအရေအတွက် ၈၁ ခုထက် များစွာကျော်လွန်လာသည်။ ကျန်းချန်ရှန်း၏ နတ်ဘုရားအာရုံ၏ ကာကွယ်မှုအောက်တွင် သိုင်းကမ္ဘာရှိ သက်ရှိများ မည်သည့် ပုံမှန် မဟုတ်မှုကိုမျှမခံစားရပေ။ ကမ္ဘာ့အစွန်အဖျားမှာရှိတဲ့သူတွေပဲ မိုးကုပ်စက်ဝိုင်းအဆုံးမှာ ကမ္ဘာသစ်ပေါ်လာတာကို မြင်တွေ့လိုက်ရသည်။
တခဏကြာပြီးနောက် အလွန်ကြီးမားတဲ့ တိုက်ကြီးတစ်ခု အောက်မှာ ပေါ်လာသည်။ ၎င်းသည် ကောင်းကင်မြစ်ထက် ကျယ်ပြန့်ပြီး အထက်တွင်ရှိသူအားလုံးကို ထိတ်လန့်စေခဲ့သည်။
"ဒီလောကဟာ သေမျိုးလောကဖြစ်လို့ အမြင့်ဆုံးနဲ့ နိမ့်ကျတာကို ဘာကြောင့် ခွဲခြားဖို့လိုတာလဲ!"
ကျန်းချန်ရှန်းရဲ့အသံ ထွက်လာပြန်သည်။ သူ၏ဘယ်လက်က ချီလင်သားမြီးယပ်ကို ဝှေ့ယမ်းခြင်းဖြင့် မရေမတွက်နိုင်သော ကြယ်များသည် ကျယ်ပြန့်သော ကောင်းကင်မြစ်မှ ပျံသန်းလာပြီး တိုက်ကြီးတစ်ဝိုက်တွင် ပျံ့နှံ့လျက်ရှိကာ ယခင်ဘဝတွင် သူသိထားသော ဂလက်ဆီများဖြစ်ပေါ်လာသည်။ ကြယ်အလင်းများက အတူတကွစုဝေးပြီးနောက် အထူးတောက်ပနေလေတော့သည်။