အခန်း (၁၆၅)
Vol. 12 Ch. 165
"ကောင်းကင်လျို့ဝှက် နန်းဆောင်ရဲ့ စည်းမျဉ်းတွေကို ခင်ဗျား မှတ်မိသေးလား" လီယွင်သည် ခုံကို တတောက်တောက် ခေါက်ကာဖြင့် မေးမြန်းလိုက်၏။
“အင်း … မှတ်မိတာပေါ့”
ယန်ရှို၏ မျက်နှာတစ်ခုလုံးသည် တောက်ပသွားခဲ့၏။ နတ်အဆင့် ဆေးပင်တစ်ခုကို ထုတ်ယူလိုက်ပြီး လီယွင်၏ ရှေ့တွင် ထားလိုက်သည်။
လီယွင်သည် စိတ်ဝိညာဉ်ဆေးပင်ကို လက်ခံပြီးသည့်နောက် တည်ငြိမ်စွာ ပြောလိုက်၏။ "ကျန်းပိုင်ချွမ်းကို ပြောလိုက် အရှေ့ဘက် မိုင်တစ်ရာတိတိကိုသွား။ အဲဒီမှာ သူတော်စင်အဆင့် စိတ်ဝိညာဉ် ဆေးပင်တစ်ခု ရှိတယ်။ဒါပေမဲ့ နတ်အဆင့် သားရဲရိုင်း သုံးကောင်က ဒါကို စောင့်ကြည့်နေတယ်။ ရဖို့ ခက်ခဲမှုကတော့ သေးငယ်မှာ မဟုတ်ဘူး"
"သုံးကောင် ဟုတ်လား"
ယန်ရှိုသည် လျှာ ခလုတ်တိုက်လုမတတ်ပင် ဖြစ်သွား၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ခက်ခဲမှုသည် နည်းနည်းလေး မကချေ။ သူ၏ တပည့်သည် နိဗ္ဗာန်န ထိပ်ဆုံးအဆင့်တွင်သာ ရှိ၏။ နတ်အဆင့် သားရဲရိုင်း သုံးကောင်ရှေ့သို့ စေလွှတ်လိုက်ခြင်း ဆိုသည်မှာ သေလမ်းသို့ ပို့လိုက်ခြင်းပင်။ သူ၏ တပည့်အနေဖြင့် ထိုသားရဲရိုင်းများ၏ ပါးစပ်ထဲသို့ ရောက်ရှိသွားမည်မှာ ခန့်မှန်းစရာပင် မလိုအပ်ချေ။ ခြေထောက်ကို သုံး၍ တွေးလျှင်တောင်မှ သိရှိနိုင်သည်။
"ကျုပ်ရဲ့ တပည့်ကို အခြေအနေ အရင် စစ်ဆေးခိုင်းလိုက်မယ်" ယန်ရှိုသည် လီယွင်ကို မသိမသာဖြင့် ခိုးကြည့်လိုက်၏။ ရှေ့တွင် စီနီယာ ရှိနေသည် မဟုတ်ပါလား။ မဟုတ်ပါက သူ၏တပည့်မကိုင်တွယ်နိုင်လျှင် စီနီယာ၏ နည်းလမ်းနှင့်အတူ ဤပြဿနာကို ဖြေရှင်းနိုင်မှာ သေချာ၏။ သူတော်စင်အဆင့် ဆေးပင်ကို သိမ်းစည်းနေတုန်းမှာပဲ ကျန်းပိုင်ရွှမ်း၏ အမူအရာသည် သူသည် ဦးခေါင်းကို ငု့ံပြီးသည့်နောက် ကျောက်စိမ်းပြားကို လှမ်းကာ ကြည့်ရှုလို်က်၏။ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် ပုံစံများ ဖြစ်ပေါ်လာ၏။ သူက တီးတိုးရေရွတ်လိုက်၏။
"အနီးနားမှာ သူတော်စင်အဆင့် ဆေးပင် ရှိသေးတယ် ဟုတ်လား။ မိုင်ရှစ်ရာက အရမ်းကြီးဝေးတာတော့ မဟုတ်ပါဘူး။ "
သူသည် ခေါင်းကို မော့ပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာကို လှမ်းကာကြည့်ရှုလိုက်၏။ အစောက သားရဲကြီးသည် မရှိတော့တာ သေချာအောင် စစ်ဆေးပြီးသည့်နောက် အကန့်အသတ် အစီအရင်ထဲမှ အောင်မြင်စွာ ထွက်လျှောက်လိုက်၏။ သားရဲကြီးသည် အမှန်ပင် စိတ်တိုတတ်၏။ သူ့အနေဖြင့် ဤနေရာတွင် ငြိမ်ငြိမ်သက်သက်ဖြင့် စောင့်ဆိုင်းနေပါက ဘာမှလုပ်၍ ရလိမ့်မည် မဟုတ်ချေ။
အပြင်ဘက်သို့ ရောက်ရှိပြီးနောက် ကျန်းပိုင်ချွမ်းသည် အားလုံးသောသူတို့ သူ့အားသတိမပြုမိအောင် သူ၏ အသက်ရှုနှုန်းကိုပင် ဖိနှိပ်ထားလိုက်သည်။ သူသည် အမဲရောင် အလင်းတန်းများအဖြစ် အသွင်ပြောင်းပြီးနောက် အရှေ့ဘက် တည်နေရာသို့ မြန်မြန်ဆန်ဆန်ပင် ပျံသန်းသွားလိုက်သည်။ မိုင်ရှစ်ရာဆိုသည်မှာ ဝေးကွာလှသည့် တည်နေရာ မဟုတ်ချေ။ ထို့ကြောင့် မြန်မြန်ဆန်ဆန်နှင့်ပင် ရောက်ရှိလာခဲ့၏။ သူတည်နေရာသို့ ဝင်ရောက်ပြီး ဘာမှမတုန့်ပြန်ရသေးခင်မှာပဲ …..။
ဘုန်း ….။
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာ၏။ အဝေးတစ်နေရာရှိ တောင်ကုန်းကြီးသည် ပြိုလဲသွားခဲ့ပြီး ကျောက်တုံးများသည် ကောင်းကင်သို့ပင် လွင့်စင်လာခဲ့၏။ ဖုန်များတလိမ့်လိမ့်နှင့် ထွက်ပေါ်လာပြီး ဖုန်များကြားတွင် ရွှေရောင်အလင်းတန်းများ တလက်လက်နှင့် လင်းလက်နေ၏။ အလင်းတန်းများသည် နေလုံးငယ်လေးတစ်ခုကဲ့သို့ပင် ပတ်ဝန်းကျင်ရှိ အပူချိန်ကို ကျွမ်းလောင်စေခဲ့ပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးပင်လျှင် စတင်ကာ ကွဲအက်လာခဲ့၏။
ဖုန်များ ပြန်လည်ငြိမ်သွားပြီးသည့်နောက် ကောင်းကင်ယံထက်တွင် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်၏ ပုံပန်းသွင်ပြင် ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ လက်ထဲတွင် ဒိုင်းတစ်ခုကို ကိုင်ဆောင်ထားပြီး တခြားသောလက်တွင်တော့ ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထား၏။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးသူတစ်ယောက်ကဲ့သို့ပင် ဆန်းကြယ်လှသော အော်ရာများကို ထုတ်ဖော်လျက် ရှိနေသည်။
၎င်းသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ရပ်တည်နေ၏။ ၎င်း၏ အောက်တွင်တော့ ဒါဇင်ရာနှင့်ချီအောင် ကြီးမားလှသည့် သားရဲရိုင်းကြီးသည် လဲကျလျက် ရှိနေပြီး သွေးများလည်း ကျဆင်းနေ၏။ သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ အော်ရာများသည် ကြောက်မက်ဖွယ်ကောင်းအောင် ထွက်ပေါ်လျက် ရှိနေသေး၏။ ထွက်ပေါ်နေသည့် အော်ရာများကို ကြည့်ရှုလျှင် နိဗ္ဗာန်နအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် သားရဲဖြစ်ကြောင်း သိသာ၏။ အလွန်အမင်း အားကောင်းလှသည် မဟုတ်လျှင်တောင်မှ လူငယ်မျိုးဆက်များ အတွက်တော့ ထိုအရာသည် စိန်ခေါ်မှုကြီး တစ်ခုပင် ဖြစ်လေ၏။
ဂလု
ကျန်းပိုင်ချွမ်းသည် တံတွေးကို မျိုချလိုက်ပြီး အရှေ့တွင် ရှိနေသော လူကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် တီးတိုး ရေရွတ်လိုက်သည် "ရွှေကျီးကန်း ကလန်လား"
သူ၏ ကံတရားသည် တကယ်ပင် ဆိုးရွားလွန်းလှချေ၏။ သူသည် အချိန်အနည်းငယ်သာ ဤလျှို့ဝှက်နယ်မြေထဲ နေထိုင်ရသေးသော်လည်း သားရဲရိုင်းကြီး နှစ်ကောင် နှင့် ရင်ဆိုင်တွေ့ခဲ့ပြီး ဖြစ်၏။ ထိုထက် ပိုဆိုးရွားသည်မှာ လက်ရှိ တွေ့ဆုံနေရသည်မှာ ရွှေကျီးကန်း ကလန်ပင် ဖြစ်လေ၏။ ဤရွှေကျီးကန်း၏ အော်ရာများသည် အားမနည်းလှချေ။ လက်ရှိအချိန်မှာတော့ ၎င်းထက် အဆင့်မြင့်မားလှသော သားရဲကိုပင် သတ်ဖြတ်နိုင်၏။ ဤလူကို သွားရောက်ကာ ယှဉ် ပြိုင်ခြင်းသည် မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့်ပင် ဆင်တူပေမည်။ ထို့အပြင် ဘေးနှစ်ဖက်တွင်လည်း ရွှေကျီးကန်းကလန်မှ ကျင့်ကြံသူ နှစ်ယောက်လည်း တည်ရှိနေ၏။ ၎င်းတို့သည် တူညီသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်အဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်၏။
"ရွှေကျီးကန်းကလန်ရဲ့ အိမ်ရှေ့စံ မင်းသားများလား ၊ ဒုတိယမင်းသားလား ဒါမှမဟုတ် တတိယမင်းသားလား။ "
ကျန်းပိုင်ချွမ်းသည် စိတ်ထဲမှ တွေးတောနေမိ၏။ သူသည် အစစ်အမှန်ကို တွေးတောပြီးသည့်နောက် စိတ်ပျက်လက်ပျက်ဖြင့် အပြင်ဖက်သို့ ထွက်ခွာရန် ပြင်လိုက်၏။ ရှေ့တွင် ရွှေကျီးကန်းကလန်မှ လူများ တည်ရှိနေ၏။ ရွှေကျီးကန်း ကလန်မှ မည်သူ့ကို မဆို သူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ တတိယမင်းသား ဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းသည် မွန်းစတားကလန်၏ ကောင်းကင်ပါရမီရှင်စာရင်းတွင် ခုနှစ်ဆယ်ယောက် အထက် အဆင့်တွင် တည်ရှိသူ ဖြစ်လေသည်။
"ဆရာ ဒီသူတော်စင်ဆေးပင်အနားမှာ ရွှေကျီးကန်းကလန်က လူတွေ ရှိနေတယ်လေ။ တပည့် သူတို့ကို အနိုင်မနိုင်ဘူး။ တခြားနေရာကို သွားရမလား။ " ကျန်းပိုင်ချွမ်းသည် မြန်မြန်ဆန်ဆန်ပင် ကျောက်စိမ်းပြားမှ အသံပို့လွှတ်လိုက်၏။
“ဟမ် …”
ကောင်းကင်လျို့ဝှက် နန်းဆောင်အတွင်းမှာတော့ ယန်ရှိုသည် ကျောက်စိမ်းပြား လင်းလက်လာသည်ကို မြင်ပြီး မြန်မြန်ဆန်ဆန်ပင် နားထောင်လိုက်၏။ သတင်းအချက်အလက်များကို နားထောင်ပြီးနောက် သူသည် ဇဝေဇဝါ ဖြစ်မိသွားသည်။
"အင်း တကယ့်ကို ညံ့ဖျင်းတဲ့ တပည့်ပဲ။ ငါကသူ့အတွက် နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင်ကို စတေးခဲ့ရတယ်။ သူကနောက်ထပ် တည်နေရာ တစ်ခုကို လိုချင်နေပြန်ပြီ။ နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင်တွေကို လမ်းဘေးက ဂေါ်ဖီထုပ်များ မှတ်နေလား မသိဘူး"
သူသည် ဤကဲ့သို့ ပြောလိုက်သည် ဆိုသော်လည်း များပြားလှသည့် လူများသည် လျို့ဝှက် နယ်မြေထဲသို့ ဝင်ရောက်ခဲ့၏။ ထို့ကြောင့် တခြားသောနေရာကို ရွေ့ပြောင်းလိုက်လျှင် တခြားသော အားကောင်းသည့် ပြိုင်ဖက်များနှင့် တွေ့ရမှာ ဖြစ်၏။ သူ၏ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် မည်ကဲ့သို့ အသက်ရှင်နေနိုင်တော့မည်နည်း။
ခဏလောက် စဉ်းစားပြီးနောက် ယန်ရှိုသည် သက်ပြင်းချလိုက်၏။ သူသည် နတ်အဆင့် ဆေးပင်တစ်ခုကို ထုတ်ယူပြီးသည့်နောက် အနည်းငယ် နှောင့်နှေးသွား၏။ ပြီးသည့်နောက် နောက်ထပ် သုံးခုကို ထုတ်ယူပြီး လေးခုပေါင်းကာ လီယွင်ဆီသို့ ပေးလိုက်၏။
ကျန်းပိုင်ရွှမ်းသည် သူ၏ တပည့်ပင် ဖြစ်၏။ ၎င်းသေဆုံးသွားမည်ကို စိတ်အေးအေးဖြင့် ထိုင်ကြည့်နေ၍ မဖြစ်ချေ။ ထို့ကြောင့် သူတတ်နိုင်သမျှကို အကောင်းဆုံး ကြိုးစားပေးရန် လိုအပ်နေ၏။ သတင်းအချက်အလက်များ ဝယ်ယူခြင်းသည် သူ့အား အနည်းငယ် စိတ်ဓာတ်ကျစေသော်လည်း သူတော်စင်ဆေးပင်အတွက် နတ်အဆင့် ပစ္စည်းငါးခုကိုသာ အသုံးပြုခဲ့ရသည်။
“စီနီယာ … အသုံးမကျတဲ့ တပည့်ရဲ့ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းများ ရှိပါသေးလား" ယန်ရှိုသည် မေးမြန်းလိုက်၏။
"အင်းရှိတာပေါ့"
လီယွင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ ယန်ရှိုသည် အမှန်ပင် ဖော်သည်ကြီး ဖြစ်လို့နေခဲ့၏။ နတ်အဆင့် ပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူသည် ပြုံးကာပြောလိုက်သည်။ "ကျုပ် ခုဏက ပြောတာ မေ့သွားပြီလား။ အဲဒီ သူတော်စင်အဆင့် ဆေးပင်နားမှာ နတ်အဆင့် သားရဲရိုင်းကြီး သုံးကောင်ရှိတယ်ဆိုတာ။
ကျန်းပိုင်ချွမ်းကို မြောက်ဘက် ဆယ်မိုင်အဝေးကို သွားခိုင်းလိုက်။ အဲမှာ သားရဲအသိုက်ကို တွေ့လိမ့်မယ်။ ဉ နှစ်လုံးကို ရိုက်ခွဲလိုက်ရင် သားရဲတွေ ထွက်လာလိမ့်မယ်။ ဒါဆိုရင် ရွှေကျီးကန်းကလန်က လူတွေနဲ့ သားရဲတွေ တိုက်ခိုက်ကြလိမ့်မယ်။ ခင်ဗျား တပည့် အခွင့်အရေး ရပြီပေါ့"
ပြောနေတုန်းမှာပဲ လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးကာ ပြောလိုက်၏။ "ဒါက သူတော်စင်အဆင့် ဆေးပင်ကို ကာကွယ်ထားတဲ့ အစီအရင်ကို ဖျက်ဆီးဖို့ နည်းလမ်းပဲ။ ဒီနည်းလမ်းကို သုံးပြီးအထဲကို ဝင်လိုက်။ ဒါဆိုရင် လုံလုံခြုံခြုံနဲ့ အထဲကို ရောက်သွားလိမ့်မယ်"