← Chapters

အခန်း (၁၆၇)

Vol. 12 Ch. 167

အခန်း (၁၆၇)

Vol. 12 Ch. 167

“သားရဲရိုင်းလား”

ရွှေကျီးကန်းကလန်၏ တတိယမင်းသားသည် အေးစက်စက်အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက် ကျန်းပိုင်ချွမ်းကို လှမ်းကြည့်ကာဖြင့် အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။ “မင်းက အရမ်းကို ရဲရင့်လွန်းတယ်။ ရွှေကျီးကန်းကလန်ကို ပရိယာယ်ဆင်ပြီး ဒုက္ခပေးချင်သေးတာလား”

“တောင်းပန်ပါတယ်”

ကျန်းပိုင်ချွမ်းသည် ပုခုံးနှစ်ဖက်ကို အသာတွန့်ကာဖြင့် ပြောလိုက်သည်။ သူ၏ မနီးမဝေးတွင် အရှေ့သို့ လှမ်းတက်လာခဲ့သော သားရဲရိုင်းကြီး သုံးကောင်ကို သူက လှမ်းမြင်နေရ၏။ သူက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကလည်း ဒီသူတော်စင်အဆင့် ဆေးပင်ကို လိုချင်ပါတယ်”

“ဒါဆိုရင် မင်းဆီမှာ ဒါကိုရဖို့အတွက် ကြမ္မာရေစက်ရှိလားဆိုတာ ကြည့်ကြတာပေါ့” ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် သူ၏ ဓားရှည်ကြီးကို မြှောက်လိုက်၏။ ချွင် ဟူသော အသံနှင့်အတူ ရွှေရောင်ဓားသည် ကောင်းကင်ယံထက်ဆီသို့ ထိုးထွက်လာပြီး လေဟာနယ်ကြီး တစ်ခုလုံးကိုပင် ထိုးခွင်းသွားလေ၏။

ချလွမ်

ဓားရောင်စဉ်များသည် သက်တန့်ရောင်စဉ်ကဲ့သို့ ဖြစ်တည်လျက် ရှိနေပြီး ဓားမုန်တိုင်းများကဲ့သို့ တလိပ်လိပ် ပေါ်ပေါက်လာသည်။

ကျန်းပိုင်ချွမ်း၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားခဲ့၏။ ဤကဲ့သို့ အားကောင်းလှသည့် ဓားတိုက်ခိုက်ချက်နှင့် ရင်ဆိုင်ရသည့် နေရာတွင် သူသည် ကျိန်းသေပေါက် ထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်ခဲ့ချေ။ ထိုအစား အမဲရောင် အလင်းတန်းအဖြစ် အသွင်ပြောင်းကာ သူတော်စင်အဆင့် ဆေးပင် တည်ရှိရာနေရာဆီသို့ ပြေးဝင်သွားခဲ့၏။

“မင်း... တကယ့်ကို သေချင်နေတာပဲ”

ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ဆက်လက်ကာ ဂရုမစိုက်တော့ချေ။ သူသည် လက်ဝါးဖြင့် ထပ်မံကာ ရိုက်နှက်လိုက်၏။ လောကကြီး တစ်ခုကြီးလုံးသည် တုန်ခါသွားသကဲ့သို့ပင်။ လက်ဝါးချက်ကြောင့် ဖြစ်တည်လာသည့် လှိုင်းအဟုန်သည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။ ထိုလက်ဝါးချက်ကြီးသည် ချက်ချင်း ဆိုသလိုပဲ ကျန်းပိုင်ချွမ်း၏ ကျောကုန်းထက်ဆီသို့ ကျဆင်းလာသည်။

“ဟမ့်”

ကျန်းပိုင်ချွမ်း၏ လက်ကောက်ဝတ်တွင် ရောင်စဉ်အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး ထိုအရာဆီမှ နတ်ဆိုးမြူများသည် ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံကာဖြင့် တိုက်ခိုက်ချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။ ပြီးသည့်နောက် ကျန်းပိုင်ချွမ်းသည် အခွင့်အရေးကို အရယူကာဖြင့် သူတော်စင်အဆင့် ဆေးပင်၏ ကန့်သတ်ရာ အစီအရင်ထဲသို့ မြန်မြန်ဆန်ဆန်ပဲ လှမ်းဝင်သွားလိုက်၏။

“အမ်”

ထိုအစီအရင်ကြီးကို ဖြေရှင်းနိုင်ရန်အတွက် အလုပ်များလျက် ရှိနေသော နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်သည် တွန့်ကနဲ ဖြစ်သွားကြ၏။ ၎င်းတို့၏ လက်ဝါးများသည် တုန်ခါသွားခဲ့ကြသည်။ သူတို့သည် အကန့်အသတ် အစီအရင်ကြီး အသက်ဝင်လျက် ရှိနေသည်ကို သိရှိပြီးဖြစ်၏။ သို့ပေမဲ့ သူတို့သည် ဘာတစ်ခုမှ လေ့လာ၍ မရနိုင်သေးခင်မှာပဲ ကျန်းပိုင်ချွမ်း ဆိုသည့်လူသည် အကန့်အသတ်ထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသည်။

“ဒါက”

နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မနီးမဝေးတွင် ရှိနေသည့် သူတို့၏ သခင်လေးကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ကြောင်အအဖြစ်လျက်ရှိသည်။ သူတို့သည် ဤအရာကို ချိုးဖြတ်နိုင်ရန်အတွက် အချိန်ပေးကာဖြင့် သေသေချာချာ ကြိုးစားလျက် ရှိနေလေ၏။ သို့ပေမဲ့ ဂျူနီယာတစ်ယောက်သည် အဘယ်ကြောင့် လွယ်လွယ်ကူကူဖြင့် အထဲသို့ ချိုးဝင်သွားနိုင်ရသနည်း။ သူတို့၏ သခင်လေး ရိုက်နှက်မှုကြောင့် အထဲသို့ လွင့်ဝင်သွားလေသည်လား။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ပဲ”

ရွှေကျီးကန်းကလန် တတိယမင်းသား၏ အမူအရာသည် အေးစက်သွားခဲ့၏။ အဝေးတစ်နေရာသို့ ပျံသန်းသွားပြီးသည့်နောက် အတားအဆီး၏ အပြင်ဘက်တွင် ရပ်တန့်လိုက်၏။ မျက်လုံးထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လျက်ရှိ၏။

သူတို့ ရွှေကျီးကန်း ကလန်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လူများကို စေလွှတ်ခဲ့၏။ နည်းလမ်းများကိုလည်း ရယူခဲ့ပြီး ဖြစ်သည်။ ကောင်းကင်၏အောက်ရှိ ဆန်းကြယ်လွန်းလှသည့် နန်းဆောင်သခင် ပီသစွာပင် အင်ပါယာတစ်ယောက် ချန်ခဲ့သည့် လျှို့ဝှက်ချက်များကို အားအင်စိုက်ထုတ်မှု ကင်းစွာဖြင့် ကြည့်ရှုနိုင်စွမ်း ရှိနေသည်။

ကြည့်ရသည်မှာ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်း အချက်အလက်တချို့ကို ဝယ်ယူခဲ့သည့်ပုံပေါ်၏။ သို့ပေမဲ့ ကွာစီအင်ပါယာ သို့မဟုတ် တော်ဝင်သူတော်စင် အဆင့် စိတ်ဝိညာဉ်ဆေးပင်များ၏ တည်နေရာကို တခြားသူများ အာရုံစိုက်နေသည်နှင့် မတူစွာဘဲ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် သူတော်စင်အဆင့် ဆေးပင်များကိုသာ ပစ်မှတ်ထားလျက်ရှိသည်။ တကယ့်ကို သာမန်ထက်ပိုသည့် လှုပ်ရှားမှုဟု ပြောဆိုရပေမည်။

“ဒီအစီအရင်က မင်းကို ကာကွယ်ပေးနိုင်မယ် ထင်နေတာလား” ရွှေကျီးကန်းကလန် တတိယမင်းသား၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။ သူ၏ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ပိုမိုကာ တိုးတက်လာခဲ့၏။ လက်ဝါးကို အသာဖြန့်ပြီးသည့်နောက် လက်ထဲတွင် ရွှေရောင်ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာခဲ့၏။

ပြီးသည့်နောက် ခြေထောက်သုံးချောင်းနှင့် ရွှေကျီးကန်းတစ်ကောင်၏ ပုံပန်းသွင်ပြင်သည် ကောင်းကင်ယံ ထက်ဆီသို့ ထိုးတက်သွားခဲ့၏။ ထိုကျောက်စိမ်းပြား ပေါ်ပေါက်လာသည့် အချိန်မှာပဲ နတ်အဆင့် ဖိအားလှိုင်းတစ်ခုသည် ဖြစ်တည်လာခဲ့ပြီး ပတ်ဝန်းကျင်တည်နေရာ တစ်ခုဆီသို့ လွင့်ပျံသွားခဲ့သည်။

“အိုး.... မဟုတ်တော့ဘူး”

ကျန်းပိုင်ချွမ်း၏ နှလုံးသားများသည် မြန်မြန်ဆန်ဆန်နှင့် ခုန်သွားခဲ့၏။ သူသည် မကောင်းသည့် ခံစားချက်များကို ရရှိခဲ့၏။ ကြည့်ရသည်မှာ တကယ့်ကို ပြဿနာထဲ ရောက်ရှိနေသည့်ပုံပင်။ သူသည် တစ်ဖက်လူကို အမှန်အကန်ပင် ဒေါသထွက်စေခဲ့ပြီဖြစ်၏။

ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် သူတော်စင်အဆင့် နည်းလမ်းကိုပင် အသုံးပြုရန် ပြင်ဆင်လျက် ရှိ၏။ ဤသူတော်စင်အဆင့် ရိုက်ချက်သာ ကျဆင်းလာမည်ဆိုပါက သူ၏ရှေ့တွင် ရှိနေသည့် အတားအဆီးသည် သူ့အား ကာကွယ်ပေးနိုင်မလား ဆိုသည်မှာ မသေချာလှချေ။ ကျန်းပိုင်ချွမ်းအနေနှင့် အပေါ့ဆုံးအနေဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားမည်ဖြစ်ပြီး အဆိုးဆုံးအနေဖြင့် သေဆုံးခြင်းအဖြစ်ကို ရောက်ရှိသွားနိုင်၏။ သို့ပေမဲ့ သူ့၌ အသုံးပြုလို့ရနိုင်သည့် အကာအကွယ်ပစ္စည်းတစ်ခုက တည်ရှိလို့ နေသေး၏။

သူ့ဆရာ ဖန်တီးပေးထားသည့် ကျောက်စိမ်းပြားသည် အကာအကွယ်အနေနှင့် အသုံးပြု၍ ရတုန်းဖြစ်၏။ သို့ပေမဲ့ ရွှေကျီးကန်းကလန်မှ တတိယမင်းသား တောက်လျှောက်ဆိုသလိုပဲ တိုက်ခိုက်နေမည်ဆိုလျှင် သူ၏ ကာကွယ်မည့် အကြိမ်အရေအတွက်သည် ကုန်ဆုံးသွားမှာ သေချာသည်။

“ဆရာ.. တပည့် ရွှေကျီးကန်းကလန်က လူတွေရဲ့ တားဆီးခြင်းကို ခံထားရတယ်။ မြန်မြန်ဆန်ဆန်နဲ့ ဖြေရှင်းနည်းကို ပေးပါအုံး” ကျန်းပိုင်ချွမ်းသည် ကျောက်စိမ်းပြားကို အသာကိုင်ကာဖြင့် လှမ်းကာ ပြောဆိုလိုက်၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ယန်ရှို၏ တုံ့ပြန်မှုက မြန်ဆန်လှသည်။ “စိတ်ချထား။ မင်း သေမှာ မဟုတ်ဘူး။ ကြောက်မနေနဲ့။ မင်း လှမ်းပို့လိုက်တဲ့ သတင်းအချက်အလက်တိုင်းအတွက် ငါ နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင်တွေ ကုန်ဆုံးနေတယ်ဆိုတာ သတိထား။ ငါ အကြွေးတင်နေပြီ”

ကျန်းပိုင်ချွမ်း “....”

“ဆရာ.. ကျုပ်ကို စွန့်ပစ်ထားတော့မှာလား”

ထို့နောက် ချက်ချင်းဆိုသလိုပဲ ရွှေကျီးကန်းကလန်မှ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတို့သည် မြန်မြန် ဆန်ဆန်ပဲ အရှေ့သို့ တက်လာခဲ့၏။ တခြားတစ်ဖက်မှာ ရှိနေသည့် တစ်ယောက်သည် ရပ်တန့်ရန် လှမ်းကာ ပြောဆိုလိုက်၏။ “သခင်လေး... မလုပ်နဲ့။ သူတော်စင်အဆင့် နည်းလမ်းက ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲ ဝင်ပြီးတဲ့နောက်မှာ ကျုပ်တို့ရဲ့ လှည့်ကွက်ဖြစ်ရမယ်လေ။ ဒါကို အဆင်အခြင်မဲ့ သုံးပြီး ဖြုန်းတီးပစ်လို့ မဖြစ်ဘူး”

“ဟုတ်တယ်”

တခြားသော ရွှေကျီးကန်းတစ်ကောင်သည်လည်း ဘေးမှ ဝင်ကာ ပြောလိုက်သည်။ “သူတော်စင် အဆင့်ဆေးပင်ဆိုတာ ရှားပါးတယ်ဆိုပေမဲ့ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲမှာ အများကြီး ရှိတယ်လေ။ သူတော်စင်အဆင့် နည်းလမ်းကို အသုံးပြုပြီး ဒါကို ရယူတယ်ဆိုတာက ဖြုန်းတီးတာနဲ့ တူတူပဲ”

“ပြီးတော့ ကျုပ်တို့ ရင်ဆိုင်နေတာက ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပါရမီရှင်တစ်ယောက်လည်း မဟုတ်ဘူးမို့လား။ ပြီးတော့ ဒီနားမှာ ကြမ်းတမ်းလှတဲ့ သားရဲရိုင်းတွေလည်း ရှိနေသေးတယ်။ ကျုပ်တို့ကို မျက်စိ ဒေါက်ထောက်ပြီး ကြည့်ရှုနေတယ်လေ။ ဒီလိုအရာမျိုးကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းက ဖြုန်းတီးမှု တစ်ခုပဲ”

“ပြောရမယ်ဆိုရင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ နတ်သားတော်က အားအင်အဆင့်နဲ့ ပတ်သက်ရင် အားနည်းတယ်ဆိုပေမဲ့ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲ ဝင်လာပြီဆိုတော့ သူ့ဆီမှာလည်း ဝှက်ဖဲတွေ ရှိမှာပေါ့။ ဒီတော့ သူနဲ့ပတ်သက်ပြီး အချိန်ဖြုန်းနေလို့ မဖြစ်ဘူး”

“ဟမ်”

ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် ကျန်းပိုင်ချွမ်းကို စူးစူးစိုက်စိုက်နှင့် လှမ်းကြည့်ပြီးသည့်နောက် သူတို့ဆီသို့ ဆင်းသက်လာခဲ့သည့် သားရဲရိုင်းကြီး သုံးကောင်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် တိုးတက်သွား၏။

တစ်ဖက်ခြမ်းတွင် ရတနာမုဆိုး တစ်ယောက် ရှိနေပြီး အခြားတစ်ဖက်မှာတော့ သားရဲရိုင်းသုံးကောင် တည်ရှိနေ၏။ ထို့ကြောင့် သူသည် အကျိုးသင့် အကြောင်းသင့်ကို ချိန်ဆပြီးသည့်နောက် ကျောက်စိမ်း အဆောင်ကို ပြန်လည်ကာ သိမ်းဆည်း လိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည်။ “ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲမှာ ကျုပ်တို့ ထပ်တွေ့ကြမယ်။ နောက်တစ်ကြိမ်ဆိုရင် မင်း ကံကောင်းမှာ မဟုတ်ဘူး”

သူ၏အသံ ထွက်ပေါ်လာလာချင်းမှာပဲ ရွှေရောင်အလင်းတန်း သုံးခုသည် ကောင်းကင်ယံကို ပျံတက်သွားခဲ့၏။ ၎င်းတို့ သုံးယောက်သည် တည်နေရာထဲမှ မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့ခြင်းသာ ဖြစ်၏။ သူတို့သည် ကြမ်းတမ်းလှသည့် သားရဲရိုင်းကြီး သုံးကောင်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဆိုသော်လည်း ဤနေရာတွင် တိုက်ခိုက်နေရန် မလိုအပ်ချေ။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေတွင် သူတော်စင်အဆင့် ဆေးပင်များ အများအပြား တည်ရှိနေသည် ဖြစ်သောကြောင့် တစ်ခုတည်းအတွက်နှင့် အချိန်ဖြုန်းရန် ထိုက်တန်လှသည် မဟုတ်ပေ။

ကျန်းပိုင်ချွမ်း အတွက်မှာတော့ ဤသားရဲရိုင်းကြီး သုံးကောင်နှင့် သူတစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက် ရပေလိမ့်မည်။ သူ၏ အားအင်အဆင့်နှင့်ဆိုလျှင် ဤသားရဲရိုင်းကြီး သုံးကောင်ကို ရင်ဆိုင်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ တခြားသော ကျွမ်းကျင်သူများ၏ အကူအညီ မပါဘဲနှင့် ကျန်းပိုင်ချွမ်း၏ ကံကြမ္မာသည် ခန့်မှန်းရန်ပင် ခက်ခဲလာခဲ့၏။

အစီအရင်၏ အတွင်းဘက်မှာတော့ ကျန်းပိုင်ချွမ်းသည် တစ်ဖက်လူသုံးယောက် ထွက်ခွာသွားသည်ကို မြင်ရပြီးသည့်နောက် သက်ပြင်းရှည်ကြီး ချလိုက်၏။ သူသည် သူတော်စင်အဆင့် ဆေးပင်ကို အသာ သိမ်းဆည်းပြီး ထွက်ခွာသွားရန် ပြင်လိုက်၏။ သို့ပေမဲ့ မနီးမဝေးတွင် ရှိနေသည့် သားရဲရိုင်းသုံးကောင်ကို ကြည့်ရှုလိုက်သည်။

သားရဲရိုင်းကြီးများသည် ယခင်တွေ့ခဲ့သည့် အကောင်များနှင့် ခြားနားလွန်းလှ၏။ ဤနေရာသည် သူတို့၏ ဌာနေဖြစ်၏။ သူတို့၏ ဥသည်လည်း ကွဲကြေသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဒေါသတကြီးဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ကြ၏။ ထို့ကြောင့် ဤနေရာတွင် ပြဿနာတစ်ခု ရှိလာခဲ့တော့၏။

“ဘာလုပ်ရမလဲ”

ကျန်းပိုင်ချွမ်းသည် ဆွံ့အလျက် ရှိသည်။ သူသည် ကျောက်စိမ်းပြားကို ထပ်မံထုတ်ယူကာ သူ့ဆရာထံသို့ သတင်းပေးပို့လိုက်၏။ “ဆရာ... သူတော်စင်အဆင့် ဆေးပင်ကို ရခဲ့ပါပြီ။ ဒါပေမဲ့ အပြင်မှာ နတ်အဆင့် သားရဲရိုင်းကြီးသုံးကောင် စောင့်နေတယ်။ ဒီအကောင်တွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ”

ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာတော့ ယန်ရှိုသည် ကျောက်စိမ်းပြားကို ကိုင်ဆောင်ထား၏။ သူသည် သတင်းအချက်အလက်ကို နားထောင်ပြီးသည့်နောက် အကူအညီမဲ့သည့် ဟန်ပန်အမူအရာမျိုး ဖြစ်တည်လာခဲ့တော့၏။ ကြည့်ရသည်မှာ ဤသူတော်စင်အဆင့် ဆေးပင်နှင့်ပတ်သက်၍ သူ့၌ အမြတ်အစွန်း အများကြီး ကျန်မည်ပုံ မပေါ်တော့ချေ။

All Chapters