အခန်း (၁၇၂)
Vol. 12 Ch. 172
"စီနီယာအမကြီး …. အချက်အလက်အားဖြင့် ကျွန်မတို့သာ ပူးပေါင်းပြီး ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရင် ဖန်တီးခြင်း လျို့ဝှက် နယ်မြေထဲမှာ ရှိနေတဲ့ အခွင့်အရေးတွေကို ကောင်းကောင်း ရနိုင်လိမ့်မယ် ထင်တယ်"
ရမ်ချင်းရှောင်သည် အသာပင် အကြံပြုလိုက်၏။ ၎င်းတို့နှစ်ဖက်သည် ကောင်းကင်ပါရမီရှင်စာရင်း သုံးဆယ့်တစ်ယောက်မြောက်နှင့် ကိုးဆယ့်ကိုးယောက်မြောက်တွင် ရှိနေသော လူများ ဖြစ်ကြ၏။ ထို့ကြောင့် အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် တကယ်ပင် အားကောင်းလွန်းလှ၏။ ၎င်းတို့နှင့် ပူပေါင်းလိုက်ပါက သူတော်စင်အဆင့် ဆေးပင်များကို ရရယူရန်မှာ ခက်ခဲလှသည် မဟုတ်ချေ။
"ဂျူနီယာ ညီမလေး"
ဖန်းနီချန်သည် ခေါင်းကို ခါယမ်းပြီးသည့်နောက် အကူအညီမဲ့စွာ ပြောလိုက်၏။ "အခွင့်အရေးက မင်းရဲ့တံခါးကို လာပြီးတော့ ခေါက်တဲ့အချိန်မှာ ဘယ်လိုဖြစ်ပြီးတော့ အခြားအရာတွေ တွေးပြီး နှောင့်နှေးနေရမှာလဲ"
"စီနီယာအစ်မ"
ရမ်ချင်းရှောင်သည် သူမ ဆိုလိုရင်းကို ဆက်လက်ကာ ပြောဆိုချင်စိတ်ရှိ၏။သို့ပေမဲ့ သူမ မပြောရသေးခင်မှာပဲ ဖန်းနီချန်သည် သူမကို တားဆီးလိုက်သည်။
ကြည်လင်ရှင်းလင်းလှသည့် လက်ချောင်းတစ်ခုသည် သူမ၏ နှုတ်ခမ်းပေါ်သို့ ရောက်ရှိလာခဲ့ပြီးနောက် သူမသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် ဖြစ်သွားခဲ့၏။ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် အသာချဉ်းကပ်လာခဲ့၏။ ၎င်းသည် ငှက်မွေးကဲ့သို့သော ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထား၏။ ၎င်းသည် အလျင်မလိုသော ခြေလှမ်းဖြင့် တစ်လှမ်းခြင်း လှမ်းလာ၏။ တည်ငြိမ်အေးချမ်းသည့် ဟန်ပန်ကို ထုတ်ဖော်လျက် ရှိနေပြီး ၎င်း၏ အနောက်တော့ နတ်အဆင့် အကြီးအကဲနှစ်ယောက်က တည်ရှိနေ၏။
"ပိုင်ဖန်ကလန်က လူတွေပဲ" ရမ်ချင်းရှောင်သည် အသံပို့လွှတ်လိုက်သည်။
"ခနလောက် စောင့်လိုက်အုန်း။ ကြည့်ရတာ သူတို့ ကောင်းကင်လျို့ဝှက် နန်းဆောင်ရဲ့ သတင်း အချက်အလက်တွေကို မဝယ်ခဲ့တဲ့ပုံပဲ။ အစီအရင်ကို ဖျက်ဆီးနိုင်ဖို့အတွက် အချိန်အနည်းငယ် ယူရလိမ့်မယ်။ ဒီတော့ ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမင်းသားက မကြာခင်မှာ ထပ်ပြီးတော့ ရောက်လာလိမ့်မယ်" ဖန်းနီချန်သည် အသံပို့လွှတ်လိုက်၏။
သူမသည် အောက်တွင် ရှိနေသော ပိုင်ဖန်ကလန်မှ လူများကို ကြည့်ရှုနေ၏။ ဖန်တီးခြင်းလျို့ဝှက် နယ်မြေထဲ၌ လှည့်လည် သွားလာပြီးနောက် ၎င်းတို့သည် သူတော်စင်အဆင့် ဆေးပင်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် တကယ်ပင် အံ့အားသင့် ဝမ်းမြောက်လျက် ရှိနေတော့၏။ ဤတည်နေရာ တစ်ခုလုံးတွင် ၎င်းတို့နှင့် ယှဉ်ပြိုင်လုယူရန် မည်သူမှ မရှိသောကြောင့် ပိုမိုကာ ဝမ်းသာနေမိ၏။
တခြားသော တည်နေရာထဲတွင် ရှိနေသည့် များပြားလှသော ပါရမီရှင် အားလုံးတို့သည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ ဤသူတော်စင်အဆင့် ဆေးပင်သည် ကောင်းကင်မှ ပြုတ်ကျလာသကဲ့သို့ပင် ယှဉ်ပြိုင်သူမရှိဘဲ အစီအရင်ကို ချိုးဖျက်နိုင်သည်နှင့် လွယ်လွယ်ကူကူ ရယူနိုင်စွမ်း ရှိသည့် အရာဖြစ်ခဲ့သည်။ ပိုင်ဖန်းကလန််မှ သခင်လေးသည် လက်ကို ဝေ့ယမ်းလိုက်သည်နှင့် တပြိုင်နက်နောက်မှ လိုက်ပါလာသော သူနှစ်ယောက်တို့သည် အစီအရင်ကို စတင်ကာ ချိုးဖျက်ကြတော့၏။ ၎င်းတို့နှစ်ယောက်သည် အစီအရင်ကို ကျွမ်းကျင်ပုံပေါ်၏။ ၎င်းတို့၏ ပြုမူဆောင်ရွက်ပုံများသည် စနစ်ကျလွန်းလှ၏။ နာရီအနည်းငယ်လောက် ကြာပြီးနောက် အစီအရင်သည် လုံးဝပျက်စီးသွားလိမ့်မည်ဟု တွက်ချက်ထားပြီးသား ဖြစ်သည်။
နှစ်နာရီခန့် ကြာပြီးသည့်နောက် ပိုင်ဖန်းကလန်မှ လူများ အစီအရင်ကို ချိုးဖျက်လျက် ရှိနေတုန်းမှာပဲ ကောင်းကင်တွင် ရှိနေသည့် အပူချိန်သည် ရုတ်တရက် မြင့်တက်လာခဲ့၏။ စူးရှတောက်ပသည့် နေလုံးကြီးတစ်ခုသည် ရွှေရောင်အလင်းတန်များ ထွန်းလင်းကာဖြင့် အဝေးတစ်နေရာဆီမှ ပေါ်ပေါက်လာခဲ့၏။
အောက်တွင် ရှိနေသည့် လူများ၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် အပေါ်မှ ရောက်ရှိလာသူသည် မသိလျှင် သူဆီမှ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံး တစ်သိန်းလောက် အကြွေးယူထားသကဲ့သို့ပင် တင်းမာခက်ထန်လွန်းလှသည့် မျက်နှာသွင်ပြင်နှင့် ဖြစ်နေသောကြောင့်ပင်။ ဤလူသည် ရွှေကျီးကန်းကလန်၏ ဒုတိယမြောက် မင်းသားမှ လွဲ၍ တခြားမဟုတ်ချေ။ ထိုက်ချူနတ်သားကို ရှုံးနိမ့်ပြီးနောက် အငြိုးအတေးများနှင့် အခဲမကျေ ဖြစ်နေသော မင်းသားတစ်ပါးလည်း ဖြစ်၏။ ၎င်း၏ စိတ်အခြေအနေတစ်ခုလုံးသည်လည်း ရှုပ်ထွေးလျက် ရှိနေသည်။
ဟမ်
ဒုတိယမြောက် မင်းသားသည် လမ်းလျှောက်လာရင်းမှ ရုတ်တရက် မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ပိုင်ဖန်းကလန်မှ လူများကို ကြည့်ရှုပြီးသည့်နောက် ချက်ချင်းဆိုသလိုပင် အနောက်ဖက်တွင် ရှိနေသည့် သူတော်စင်အဆင့် ဆေးပင်ဆီသို့ အကြည့်ရောက်သွား၏။
"တော်ဝင်သူတော်စင်အဆင့် ဆေးပင်လား"
ဒုတိယမြောက် မင်းသားသည် ပျော်ရွှင်သွားမိ၏။ တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် သူ၏ စိတ်အခြေအနေတစ်ခုလုံးသည် ပြန်လည်ကာ တိုးတက်ကောင်းမွန်လာခဲ့၏။ အစောက တော်ဝင်သူတော်စင်အဆင့် ဆေးပင်ကို ဆုံးရှုံးခဲ့သော်လည်း နောက်ထပ်တစ်ခုက ပေါ်ပေါက်လာခဲ့၏။ ယခင်က ဆုံးရှုံးခဲ့သည် တန်ဖိုးကို ပြန်လည်ကာ ပေးအပ်လိုက်ပုံပင်။
"မင်း"
ပိုင်ဖန်ကလန်မှ လူသည် ဒေါသထွက်သွားမိ၏။ ရွှေကျီးကန်းကလန်မှ လူများသည် ရဲရဲတင်းတင်းနှင့် ရောက်ရှိလာခဲ့သော်လည်း ဤကဲ့သို့ သူတို့ဆီမှ လုယက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ မွန်းစတားကလန်များတွင် အချင်းချင်း လေးစားရမည်ဟူသော စည်းမျဉ်း စည်းကမ်းများလည်း တည်ရှိနေသည် မဟုတ်ပါလား။
သို့ပေမဲ့ ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားသည် ရောက်ရောက်ချင်းမှာပဲ သူတို့ကို ထွက်ခွာရန် အမိန့်ပေးခဲ့၏။ ဤကဲ့သို့သော အပြုအမူကို ရင်ဆိုင်ရသည့် အခါမှာတော့ သစ်သားကဲ့သို့သော လူပင်လျှင် ဒေါသထွက်မှာ သေချာ၏။
"ဒါဆိုရင် သေချင်နေတာလား"
ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသာ၏ စိတ်သည် အစောကတည်းက ရှုပ်ထွေးနှင့်ပြီးဖြစ်သည်။ ယခု သူ၏စကားကို နားမထောင်သည့် လူတစ်ယောက် ပေါ်ပေါက်လာသည့် အချိန်မှာတော့ လုံးဝ ယဉ်ကျေးနေတော့မည် မဟုတ်ချေ။ လက်တစ်ဖက်ကို ယမ်းခါပြီးသည့်နောက် ကောင်းကင်ယံထက်ဆီမှ ပူပြင်းတောက်လောင်နေသော နေလုံးကြီးတစ်ခု ဆင်းသက်လာခဲ့ပြီး တလက်လက် တောက်ပနေသည့် မီးတောက်များသည် လောကကြီးကို လွှမ်းခြုံမတတ်ပင်။
ဤစွမ်းအင်များသည် တိုင်ချူးနတ်သားတော်ကို အနိုင်မယူနိုင်သော်လည်း ပိုင်ဖန်ကလန်မှ သူခင်လေးကိုတော့ လွယ်လွယ်ကူကူ ဖိနှိပ်နိုင်စွမ်း ရှိ၏။ ပိုင်ဖန်ကလန်မှ လူသုံးယောက်ကို ကြည့်ရှုပြီး သူသည် မထူးခြားသလို အေးစက်စက်ဖြင့် ပြောလိုက်၏။ "အသက်သုံးချက်ရှိုက်အတွင်း ထွက်သွားမလား။ ဒါမှမဟုတ် သေမလား"
"ရွှေကျီူကန်းကလန်က လူတွေက တကယ် လွန်လွန်းအားကြီးတယ်။” ပိုင်ဖန်ကလန်မှ သခင်လေးသည် ရှေ့သို့တက်လာပြီးသည့်နောက် ပြောလိုက်၏။ သူသည်လည်း ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်သူ တစ်ယောက်လည်း ဖြစ်၏။ အဆင့်အနည်းငယ် နိမ့်ကျရုံသာ ရှိ၏။ သာမန်အချက်အလက်အရဆိုလျှင် မွန်းစတားမျိုးနွယ်များသည် လျှို့ဝှက်နယ်မြေထဲ၌ တစ်ယောက်နှင့်တစ်ယောက် ထောက်ပံ့ပေးသင့်သည် မဟုတ်ပါလား။ သို့ပေမဲ့ ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် ရောက်ရောက်ချင်းမှာပဲ သူတို့ကို ထွက်သွားရန် စေခိုင်းလျက် ရှိနေ၏။ ဤကဲ့သို့သော အခြေအနေကို မြင်ရသည့် အချိန်မှာတော့ သူသည် မည်သို့မှ မနေနိုင်ဘဲ နှလုံးသားထဲ၌ ဒေါသများ ဖြစ်တည်လာခဲ့သည်။
"ဒီအတိုင်းဆိုရင် မင်းက သေချင်နေတာပဲ"
အစောကြီးကတည်းက စိတ်တိုလျက် ရှိနေသော ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားသည် နှောင့်နှေးမနေတော့ချေ။ ချက်ချင်းပဲ တိုက်ခိုက်ခြင်းကို ပြုလုပ်လိုက်တော့၏။ လက်တစ်ဖက်ကို ဝေ့ယမ်းပြီးနောက် တောက်ပနေသော နေလုံးကြီးသည် ချက်ချင်းပဲ အောက်သို့ ကျဆင်းလာခဲ့၏။ အလုံးစုံကို လောင်ကျွမ်းပစ်နိုင်သည့် စိတ်ဆန္ဒများ ပါဝင်နေသော နေလုံးကြီး၏ အပူဓာတ်များ ကျဆင်းလာခဲ့ပြီးနောက် ပိုင်ဖန်ကလန်မှ သခင်လေးသည် ဆိုးရွားလှသည့် အခြေအနေကို စတင်ကာ ခံစားလာမိ၏။
"မင်း" ပိုင်ဖန်ကလန်၏ သခင်လေးသည် တုန်လှုပ်သွားမိသည်။
ရွှေကျီးကန်းကလန်သည် အားကောင်းလှသည်ကို သူသိရှိပြီးဖြစ်၏။ သို့ပေမဲ့ ဤမျှကြမ်းတမ်းလှမည်ဟု မထင်မှတ်ခဲ့ချေ။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲနှင့် သူ့အားစတင်ကာ တိုက်ခိုက်ခဲ့သည်။
ဘန်း ….။
နှစ်ဖက်သား တိုက်ခိုက်ချက်များ ဖြစ်ပေါ်လာပြီးနောက် တည်နေရာကြီးတစ်ခုလုံးသည် ဘုန်းခနဲ အသံကျယ်ကြီး ဖြစ်တည်လာခဲ့၏။
တိုက်ခိုက်ချက်ကို ပြုလုပ်ပြီးသည့်နောက် ပိုင်ဖန်ကလန်မှ သခင်လေးသည် အောက်စည်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ သူသည် အလုံးစုံ ပြိုလဲလုမတတ်ပင်။ ကြည့်ရသည်မှာ အလုံးစုံ ရှုံးနိမ့်သွားပုံပေါ်၏။ အနားတွင် ရှိနေသည့် ကာကွယ်သူများသည် သူ့အားကယ်တင်ရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ ၎င်းတို့သည် ရွှေကျီးကန်းကလန်မှ ကာကွယ်သူများ၏ တားဆီးခြင်းကို ခံလိုက်ရ၏။
"တကယ့်ကို ကောင်းမွန်တဲ့ အခွင့်အရေးပဲ"
ဖန်းနီချန်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ မနီးမဝေးတွင် ဖြစ်နေသော တိုက်ပွဲကို ကြည့်ရှုပြီးသည့်နောက် သူမသည် အစစ်အမှန် စွမ်းအင် အဆီအနှစ်များကို ချက်ချင်းပဲ အသက်သွင်းလိုက်သည်။
ရှလွမ်
ဓားသံတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး တိတ်ဆိတ်စွာဖြင့် လေဟာနယ်ကို ထိုးခွင်းသွားခဲ့သည်။ ဓားချီများသည် လေဟာနယ်ကိ ထိုးခွင်းပြီးနောက် နှိုင်းယှဉ်၍ မရနိုင်သည့် ဓားနည်းစနစ်တစ်ခု ဖြစ်တည်လာသည်။ ကောင်းကင်ယံတစ်ခုလုံးအား သူတော်စင်တစ်ယောက်၏ အော်ရာများဖုံးလွှမ်းကာ အားလုံးသောသူများကို အသက်ရှုကျပ်စေခဲ့၏။
ရှလွမ်
တည်နေရာထဲတွင် တလက်လက်နှင့် တောက်ပနေသော ဓားချီများသာလျှင် ဖုံးလွှမ်းသွား၏။ သူတော်စင်တစ်ယောက်၏ ခုတ်ပိုင်းချက် ထွက်ပေါ်လာပြီးသည့်နောက် လေဟာနယ်ကြီး တစ်ခုလုံးပင်လျှင် ကွဲအက်လျက် ရှိ၏။ ရောင်စဉ်အလင်းတန်းများမှာ စူးရှလွန်းသောကြောင့် ကြည့်ရှုနေသူများသည် မျက်လုံးများ ပင် မဖွင့်နိုင်အောင် ကျိန်းသွားခဲ့သည်။
"သူတော်စင်"
နှစ်ဖက်ခြမ်းသည် တိုက်ခိုက်လျက် ရှိနေတုန်းမှာပဲ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့သည် အံ့အားတသင့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်ကြ၏။
သူတို့တိုက်ခိုက်နေစဉ်အတွင်း တစ်ဖက်လူသည် ပုန်းအောင်းကာဖြင့် နှစ်ဖက်လုံးအား အပျောက်ရှင်းရန် ကြိုးစားနေလေသည်။