← Chapters

အခန်း (၁၇၄)

Vol. 12 Ch. 174

အခန်း (၁၇၄)

Vol. 12 Ch. 174

“ကျန်း ... ပိုင် .... ချွမ်း”

များပြားလှသည့် လူများသည် ဒေါသတကြီးဖြင့် လှမ်းကာ အော်ဟစ်လိုက်၏။ အဝေးတစ်နေရာရှ မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် ၎င်းတို့သည် ဒူးများပင် ခွေလုမတတ် ဖြစ်နေကြ၏။ မြင်ကွင်းသည် အမှန်ပင် ကြမ်းတမ်းလွန်းလှချေ၏။

လျှို့ဝှက်နယ်မြေထဲတွင် ရှိရှိသမျှ သားရဲရိုင်းများကို ခေါ်ဆောင်လာသည့်ပုံပင်။ ကြမ်းတမ်းလှသည့် သားရဲရိုင်း များသည် လှမ်းကြည့်လိုက်မည်ဆိုလျှင် အနည်းဆုံး ခုနှစ်ဆယ်မှ ရှစ်ဆယ်နီးပါးခန့်ပင် ရှိမည့်ပုံပေါ်သည်။ ကံကောင်းစွာဖြင့် ဤသားရဲများသည် အလှည့်အပြောင်း များလှသည့် သားရဲမျိုးတော့ မဟုတ်ချေ။ မြန်နှုန်းမြင့် သတ္တဝါများသာ ဖြစ်သည်။ မဟုတ်ပါက ကျန်းပိုင်ချွမ်း အနေဖြင့် လက်ရှိအချိန်တွင် အသားမှုန့်ပင် ဖြစ်နေလောက်မှာ သေချာသည်။

“ကျုပ်တို့ ဘာလုပ်ကြမလဲ” ပါရမီရှင် တစ်ယောက်သည် လေးနက်တည်ကြည်စွာဖြင့် မေးလိုက်၏။

“ထွက်သွားကြမယ်”

သက်လတ်ပိုင်းလူသည် ထိုစကားကို ပြောဆိုပြီးသည့်နောက် ချက်ချင်း အသာလှည့်လိုက်၏။ သူတော်စင်အဆင့် ဆေးပင်တစ်ခုအတွက် ကျန်းပိုင်ချွမ်းနှင့် တိုက်ခိုက်ဖို့ ဆိုသည်မှာ ထိုက်တန်လှသည့်အရာ မဟုတ်ချေ။ သူ့၌ အသက်ကယ်သည့် အရာတစ်ခု တည်ရှိနေ၏။ သို့ပေမဲ့ ထိုအရာကို ထုတ်ဖော်၍ အသုံးပြုရန် မဖြစ်နိုင်ချေ။ သားရဲရိုင်းများ၏ အုပ်ထဲ၌ ပိတ်မိသွားသည်ဆိုပါက ၎င်းတို့၏ အသက်များသည် ကျိန်းသေပေါက် သေဆုံးသွားမှာ သေချာသည်။

“ချီးတဲ့မှ”

တခြားသောသူများ အားလုံးသည်လည်း ဒေါသတကြီးဖြင့် ထကာ အော်ဟစ်လိုက်ကြသည်။ အားလုံးသည် ဆဲဆိုရင်းမှာပဲ သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်ကို ချန်ထားကာဖြင့် အသာလှည့်ကာ ထွက်ပြေးရလေ၏။

“အင်း... နန်းဆောင်သခင် သင်ပေးထားတဲ့ နည်းလမ်းက တကယ့်ကို အလုပ်ဖြစ်တာပဲ”

လေဟာနယ်ထဲမှာတော့ ကျန်းပိုင်ချွမ်းသည် လျင်လျင်မြန်မြန်ဖြင့် ပျံသန်းလာခဲ့၏။ သူသည် အဝေးသို့လှည့်ကာ ပြေးလျက်ရှိနေသည့် လူများ အားလုံးကို လှမ်းမျှော်ကြည့်ရှုပြီးသည့်နောက် မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ဖြစ်တည် လာခဲ့သည်။

နန်းဆောင်သခင်၏ ပြောကြားချက် အရဆိုလျှင် ဤလှုပ်ရှားမှုကို ရန်သူ့လှံနှင့် ရန်သူကို သတ်ဖြတ်ခြင်းဟူ၍ပင် အဓိပ္ပာယ် ဖော်ဆောင်လေသည်။ ကြမ်းတမ်းလှသည့် သားရဲအုပ်ကြီး၏ရှေ့မှ အားရပါးရ ပြေးရသည် ဖြစ်သောကြောင့် သူ့အတွက် အန္တရာယ်တော့ များလွန်းလှ၏။ ထို့အပြင် သူ့၌ လိုက်ပါစောင့်ရှောက်သည့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ အကြီးအကဲ တစ်ယောက်မှ မရှိခဲ့ချေ။

ထို့ကြောင့် အမှန်ပင် ကြိုးစားကာ ရုန်းကန်ခဲ့ရ၏။ လက်ရှိ အခြေအနေမှာတော့ ဤသားရဲများ၏ အကူအညီကို ပြန်လည်ယူဆောင်ကာဖြင့် သူသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ရှိနေသည့် လူများကိုပင် ရင်ဆိုင်၍ ရနေလေ၏။

အစီအရင်ထဲသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်ပြီးသည့်နောက် ကျန်းပိုင်ချွမ်းသည် သူတော်စင်အဆင့် ဆေးပင်ကို တူးယူလိုက်၏။ ပြီးနောက် ကျောက်စိမ်းသေတ္တာထဲသို့ ထည့်သွင်းကာဖြင့် အကန့်အသတ်စည်းများကို ဖန်တီး ပြုလုပ်လိုက်၏။ အရာအားလုံးကို တစ်ထိုင်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ချက်ကလေးမှ လွဲချော်ခဲ့ခြင်း မရှိပေ။ သူသည် အမှန်ပင် ကျွမ်းကျင်လို့ နေခဲ့သည်။

ပြီးနောက် သူ၏ဆရာဆီသို့ မြန်မြန်ဆန်ဆန်ပဲ သတင်းပို့လွှတ်လိုက်၏။ “ဆရာ.. သူတော်စင်အဆင့် ဆေးပင် လက်ထဲရောက်ပြီ”

“အင်း... ငါ့ရဲ့ တကယ့်ကို အသုံးကျတဲ့တပည့် ပီသတာပဲ”

ကောင်းကင်လျှို့ဝှက်နန်းဆောင်နန်းဆောင် အတွင်းမှာတော့ ယန်ရှိုသည် ချီးကျူး ပြောဆိုလိုက်မိ၏။ ကျောက်စိမ်းပြားဆီမှ ရောက်ရှိလာခဲ့သည့် သတင်းပေးပို့မှုကို လက်ခံရရှိပြီးသည့်နောက် သူသည် မပြုံးဘဲ မနေနိုင်တော့ချေ။ အချိန်တို အတိုင်းအတာ အတွင်း သူတော်စင်အဆင့် ဆေးပင် မည်မျှများများကို သိမ်းဆည်းရခဲ့လေသနည်း။

ဆယ့်ခုနှစ်ခုလား၊ ဆယ့်ရှစ်ခုလားပင် မသေချာတော့ချေ။ အရေအတွက်သည် များပြားလွန်းလှသည် ဖြစ်သောကြောင့် သူ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ရစ်သိုင်းလာလေ၏။ အစပိုင်းတုန်းက ဆုံးရှုံးလှသည်ဟု တွေးတောခဲ့သော်လည်း တကယ့်မှန်ကန်သည့် လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းပြီးသည့်နောက် သူသည် အကျိုးအမြတ် တော်တော်များများကို ရရှိခဲ့၏။

လျှို့ဝှက်နယ်မြေ ဖွင့်လှစ်ပြီးသည့်နောက်တွင် အကျိုးအမြတ် မည်သူ အများဆုံးရမည်ကို ပြောရန်ခက်၏။ သို့ပေမဲ့ သူတို့၏ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှာတော့ သံသယ ရှိစရာပင် မလိုချေ။ အားလုံးသော သူတို့၏ အထက်၌ တည်ရှိနေမှာ သေချာသည်။

“စီနီယာ”

ယန်ရှိုသည် သတိအပြည့်ဖြင့် လက်ကို ယမ်းခါလိုက်၏။ သူသည် နတ်အဆင့် ပစ္စည်းတစ်ခုကို ထုတ်ယူပြီး လီယွင် အရှေ့သို့ ချလိုက်၏။ ပြီးနောက် ရဲတင်းစွာဖြင့် ပြောလိုက်မိသည်။ “တခြား သူတော်စင်အဆင့် ဆေးပင်က ဘယ်နေရာမှာ ရှိသေးလဲ”

“ဟမ့်” လီယွင်သည် မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

“ဟမ်” ယန်ရှို၏ မျက်နှာသွင်ပြင်သည် ပြောင်းလဲသွား၏။ သူသည် ချက်ချင်းပဲ လေးစားသမှု အမူအရာကို ပြန်လည်ကာ ပြသလိုက်၏။ စီနီယာ ဘာမှားသွားသနည်း။ အရာအားလုံး စောဏကလေးတင် ပြေလည်နေသည် မဟုတ်ပါလား။ ကောင်းကောင်းမွန်မွန်နှင့်ပင် စကားပြောဆိုနေသေး၏။ လက်ရှိအချိန် ပစ္စည်းတစ်ခုကို ထုတ်ယူ လိုက်သည့် အချိန်မှာတော့ စီနီယာသည် လက်ခံရန် ငြင်းပယ်ခဲ့လေ၏။ ဖြစ်နိုင်သည်မှာ သတင်းအချက်အလက် ဝယ်ယူသည့် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့လေသောကြောင့်လား။

“စီနီယာ... ဘာဖြစ်လို့ပါလဲ”

ယန်ရှိုသည် သတိအပြည့်ဖြင့် လှမ်းကာ မေးမြန်းလိုက်၏။ လက်ရှိ အခြေအနေမှာတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အကျိုးအမြတ် တော်တော်များများကို ရရှိခဲ့ပြီးဖြစ်၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ယန်ရှိုသည် သူ၏ အလိုလောဘကို မသတ်နိုင်ခဲ့ချေ။ သူတော်စင်ဘုရင်အဆင့် သို့မဟုတ် တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်များကို ရရှိရန်ပင် သူက စဉ်းစားထားခဲ့၏။

“လျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ အကြီးဆုံး အခွင့်အရေးက မကြာခင် ပေါ်လာမယ်” လီယွင်သည် သူ့ကိုသူ တီးတိုးရေရွတ်နေသလို ပြောဆိုလိုက်သည်။

“မကြာခင် ဟုတ်လား” ယန်ရှို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် မယုံကြည် နိုင်မှုများနှင့် ပြည့်နှက်နေသည်။ ကြမ်းတမ်းလှသည့် လှိုင်းအဟုန်များသည် သူ၏ နှလုံးသားထဲတွင် တိုက်စားလျက် ရှိနေလေ၏။ သူ၏ အသိအမြင်အရဆိုလျှင် ခန့်မှန်းရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။

စီနီယာသည် သူ့ကိုယ်သူ ပြောဆိုခဲ့ခြင်းသာဖြစ်၏။ လျှို့ဝှက်နယ်မြေအတွင်းရှိ ကြီးမားလှသည့် အခွင့်အရေး ဆိုသည်မှာ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် ထွက်ပေါ်လာခဲ့သည့် အရိပ်အယောင်များလား။ စီနီယာ သည် သတင်းအချက်အလက်ကို ရောင်းချရန် ငြင်းပယ်ခဲ့ခြင်း မရှိချေ။ သတင်းအချက်အလက် အခွင့်အရေးကို လွှဲချော်ရန် မသင့်ဟု သတိပေးခဲ့ခြင်းသာလျှင် ဖြစ်သည်။

“အခု ရီကလန်၊ ရွှေကျီးကန်ကလန်ရဲ့ အိမ်ရှေ့စံမင်းသားနဲ့ တခြားသူတွေ အားလုံးက လျှို့ဝှက်နယ်မြေရဲ့ အတွင်းပိုင်းကို ရောက်နေပြီ။ ဒီထက် နည်းနည်းလေးသာ နောက်ကျမယ်ဆိုရင် လျှို့ဝှက်နယ်မြေထဲမှာ ဝင်လာတဲ့ ဒီခရီးက ခင်ဗျားအတွက်တော့ သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် အနည်းငယ်ပဲ ဖြစ်လိမ့်မယ်” လီယွင်သည် လေးနက်တည်ကြည်သည့် အသံဖြင့် ပြောလိုက်၏။

မျက်နှာပေါ်တွင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအတွက် စဉ်းစားပေးသည့် ပုံပန်းသွင်ပြင်မျိုး ပေါ်နေသည် ဖြစ်သော်လည်း တကယ် အခြေအနေမှာတော့ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် ပေါ်ပေါက်လာခဲ့သည် ဖြစ်သောကြောင့် ပါရမီရှင်များအားလုံး မဖြစ်မနေ တိုက်ခိုက်ရန်သင့်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်၏။ မကြာခင်တွင် ရလဒ်သည် ပေါ်ပေါက်လာပေလိမ့်မည်။

ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် မရှိသော လျှို့ဝှက်နယ်မြေတစ်ခုသည် တန်ဖိုးကြီးမားလိမ့်မည် မဟုတ်ချေ။ အဓိက ဂိုဏ်းအသီးသီးတို့သည် တချို့သော သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်များကို စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ ၎င်းတို့၌ အရေအတွက် များများစားစား ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နေနိုင်၏။

လီယွင်သည် နတ်အဆင့် စိတ်ဝိညာဉ်ဆေးပင်များကို ရယူပြီး သတင်းအချက်အလက် ရောင်းချခြင်း ကိစ္စရပ်ကို ဆက်လက်ကာ ပြုလုပ်ချင်စိတ်လည်း မရှိတော့ချေ။ သူ့အနေနှင့် အကျိုးအမြတ် ရယူချင်သည်ဆိုလျှင် ကြီးကြီးမားမား အကျိုးအမြတ်များကိုသာ ရရှိချင်စိတ် ရှိနေသည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ” ယန်ရှိုသည် လက်ဖျောက်တီးပြီးသည့်နောက် အစစ်အမှန်ပင် နားလည်မိတော့၏။ သူ၏ကျောဘက်တွင် ချွေးစေးများပင် ပျံလာမိ၏။ စီနီယာ၏ သတိပေးမှုကို ကျေးဇူးတင်ရ ပေလိမ့်မည်။ မဟုတ်ပါက သူ့အနေနှင့် ကွာစေ့များကို လိုက်လံသိမ်းဆည်းရင်း ဖရဲသီး ဆုံးရှုံးသည့် အဖြစ်မျိုးကို ရောက်ရှိသွားနိုင်၏။

မူလအားဖြင့် သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်များကို ရယူရန်သာ သူက တွေးတောထားခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ တခြားသူများသည် သူတို့၏ လမ်းစဉ်အတိုင်း လှုပ်ရှားနေကြပြီဖြစ်၏။ ရီကလန် နှင့် ရွှေကျီးကန်းကလန်တို့ အားလုံးသည် လျှို့ဝှက်နယ်မြေ၏ အတွင်းဆုံး အပိုင်းဆီသို့ပင် ရောက်ရှိနေကြသည်။

“စီနီယာ... ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို ဘယ်ကနေ ရနိုင်မလဲ” ယန်ရှိုသည် တီးတိုးမေးမြန်း လိုက်၏။ ပြောနေတုန်းမှာပဲ သူသည် သိုလှောင်လက်စွပ်ကို အသာကြည့်လိုက်၏။ ယခင်တုန်းက သူ ကြိုတင် ပြင်ဆင်ထားခဲ့သည်ဟု ခံစားခဲ့မိ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူ ပြင်ဆင်ထားခဲ့သည်များမှာ နည်းပါနေ သကဲ့သို့ပင် ခံစားနေမိ၏။

“ဒါ ခင်ဗျား ဘယ်လောက်လေးနက်တယ်ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်”

လီယွင်သည် ယန်ရှိုကို တစ်ချက် လှမ်းကြည့်ပြီးသည့်နောက် တစ်ဖက်လူ၏ အတွေးများကို မြင်နိုင်သည့် ပုံပန်းသွင်ပြင်မျိုးပင်။

“ကျုပ်ရဲ့ ခန့်မှန်းမှုသာ မှန်မယ်ဆိုရင် မုန့်ရှင်းကျီက သူ့ရဲ့အသက် ရှည်စေနိုင်ဖို့အတွက် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို စောင့်မျှော်နေတယ်လို့ ထင်တယ်”

“ဘယ်အရာကမှ စီနီယာရဲ့ အတွေးအမြင် အောက်ကနေ မလွတ်မြောက်နိုင်ဘူးပဲ” ယန်ရှိုသည် ရှက်ရွံ့သွားမိ၏။ မုန့်ရှင်းကျီ၏ သက်တမ်းသည် ကုန်ဆုံးလုမတတ် ဖြစ်နေ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲများ အားလုံးတို့သည် ထိုအရာကို သတိပြုမိပြီးသားပင်ဖြစ်၏။

လင်းရှောင်၏ ဖိအားဒဏ်ကြောင့် အားလုံးသော သူတို့သည် ရဲရဲပင် မနေရဲကြချေ။ အကယ်၍ မုန့်ရှင်းကျီသာ သေဆုံးသွားခဲ့ပြီး လင်းရှောင်သာ လာရောက် လက်စားချေမည်ဆိုပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးသည် ပြီးဆုံးသွားပေလိမ့်မည်။

လီယွင်သည် အချက်အလက်များ အားလုံးကို အတည်ပြုပြီးပြီဖြစ်၏။ ထို့ကြောင့် မည်သည့်စကားမှ မဆိုတော့ချေ။ ထို့ကြောင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအတွက် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ဆိုသည်မှာ တကယ်ပင် အရေးကြီးသည့်အရာဖြစ်ကြောင်းကို သူက သိသာထင်ရှားစွာ ပြသခဲ့ပြီး ဖြစ်တော့၏။

သေသေချာချာ သုံးသပ်ပြီးသည့်နောက် ယန်ရှိုသည် တော်ဝင်သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် နှစ်ခုကို သူ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။ ပြီးနောက် လီယွင်၏ အရှေ့တွင် ချထားလိုက်သည်။ “စီနီယာ.. ဒီ သိုင်းနည်းစနစ် နှစ်ခုက လုံလောက်ရဲ့လား”

All Chapters