← Chapters

အခန်း (၁၇၈)

Vol. 12 Ch. 178

အခန်း (၁၇၈)

Vol. 12 Ch. 178

ကျန်းပိုင်ချွမ်း ထွက်ခွာသွားပြီးသည့်နောက် ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးသည် လျှို့ဝှက်နယ်မြေထဲတွင် ဖြစ်တည်နေတုန်းပင်။ ရေတွက်လို့မရအောင် များပြားလှသည့် သားရဲရိုင်းများသည် ကျင့်ကြံသူများဆီသို့ ဝင်ရောက်ကာ တိုက်ခိုက်လျက် ရှိနေကြ၏။ အားလုံးသော သူတို့သည် ကြောက်လန့်တကြားဖြင့် အနောက်ဘက်သို့ ဆုတ်ခွာပြီး ခပ်ဝေးဝေးဆီသို့ ပြေးကုန်ကြသည်။ မည်သူမှသည် အဆင်ခြင်မဲ့စွာဖြင့် အထဲသို့ တိုးဝင်ကာ တိုက်ခိုက်ခြင်းကို မပြုလုပ်ရဲကြချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်

ယန်ရှိုသည် ဂဏာမငြိမ်သလို ရုတ်တရက် မတ်တပ်ထရပ်လိုက်မိ၏။ ဘယ်လောက်မှန်းမသိသည့် အချိန် ကာလကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ သူ၏တပည့်ဆီမှ မည်သည့်သတင်းမှ မရရှိခဲ့ချေ။ တစ်စုံတစ်ခု မှားယွင်းသွားခဲ့လေသည်လား မသိနိုင်ပေ။

"စီနီယာ… အခု အခြေအနေက ဘယ်လိုလဲ" ယန်ရှိုက မေးမြန်း စုံစမ်းလိုက်၏။

"နတ်အဆင့် ပစ္စည်းတစ်ခု" လီယွင်သည် ယန်ရှို၏ အရှေ့၌ လက်တစ်ဖက်ကို ဖြန့်လိုက်သည်။

"ဒါလည်း ပိုက်ဆံပေးရတာပဲလား" ယန်ရှိုသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးသွားမိ၏။ သူတို့ များပြားသည့် အလဲအလှယ်များကို ပြုလုပ်ခဲ့ပြီးပြီဖြစ်သည်။ စီနီယာအနေဖြင့် အနည်းဆုံး လျော့ဈေးလေး တောင်ပေးဖို့ မစီစဉ်ထားလေသည်လား။ သူ၏ စိတ်ထဲတွင် များပြားလှသည့် အတွေးများ ဖြစ်တည်လျက်ရှိ၏။

သို့ပေမဲ့ ယန်ရှိုသည် ချက်ချင်းဆိုသလိုပဲ သက်ပြင်းရှည်ကြီးကို ချကာဖြင့် နတ်အဆင့် စိတ်ဝိညာဉ် ဆေးတစ်ပုလင်းကို ထုတ်ကာ လှမ်းပေးလိုက်၏။ သူ၏ တပည့်အခြေအနေကို စုံစမ်းမေးမြန်းခြင်း မရှိသည် ဆိုပါက သူ့အနေနှင့် သက်တောင့်သက်သာ ဖြစ်လိမ့်မည် မဟုတ်ချေ။ နတ်အဆင့် ပစ္စည်းတစ်ခုနှင့် ဝယ်ယူပြီး သူ၏စိတ်တစ်ခုလုံး ငြိမ်းချမ်းခြင်းကို ရရှိဖို့ဆိုသည်မှာ ထိုက်တန်သည့်အရာ ဖြစ်သည်။

"ကျန်းပိုင်ချွမ်းက ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် အစိတ်အပိုင်းတစ်ခုကို ရယူနိုင်ခဲ့ပြီလေ။ သူက လျှို့ဝှက်နယ်မြေထဲကနေပြီးတော့ အပြင်ဘက်ကို ထွက်ခွာနေပြီ။ ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးအကြီးအကဲကြီးနဲ့ တွေ့ဆုံဖို့တောင် စီစဉ်နေပြီ" လီယွင်သည် သက်တောင့်သက်သာဖြင့် ပြောလိုက်၏။

"ဟမ်"

ယန်ရှို၏ မျက်နှာတစ်ခုလုံးသည် တောက်ပသွားခဲ့၏။ သို့ပေမဲ့ သူသည် တစ်ကိုယ်လုံး တုန်ယင်သွားမိ၏။ ကျောက်စိမ်းပြားကို အသာကောက်ယူပြီးသည့်နောက် ထိုအရာဆီမှ အလင်းအရိပ်အငွေ့ များ ထွက်ပေါ်နေသည့်ကို မြင်လိုက်ရ၏။ ပါဝင်သည့် အကြောင်းအရာများကို ဖတ်ကြည့်လိုက်သည့် အချိန်မှာတော့ သူ၏ အမူအရာတစ်ခုလုံးသည် သာမန်ထက်ပိုကာ နဝေတိမ်တောင်ဖြစ်လို့နေ၏။ သူသည် ဤသတင်းအချက်အလက်လေးကို သိရရန် နတ်အဆင့် စိတ်ဝိညာဉ်ဆေးပုလင်းတစ်ခုကို အသုံးပြုခဲ့ရ လေသည်လား။ မည်ကဲ့သို့သော အခြေအနေနည်း။

"ကျုပ် ခင်ဗျားကို ပြောပြမယ်။ သတင်းအချက်အလက်တွေကို တစ်စက္ကန့်ပိုပြီး သိရှိတယ်ဆိုတာ တခြားသူတွေထက် ခြေတစ်လှမ်းပိုပြီး ဦးနေတာပဲ။ ခင်ဗျားနားလည်တယ် မဟုတ်လား" လီယွင်သည် လေးလေးနက်နက်နှင့် သေသေချာချာ ပြောဆိုလိုက်၏။

ယန်ရှို "….."

သူသည် ဤသဘောတရားကို နားလည်ပြီးဖြစ်၏။ သို့ပေမဲ့ သူကိုယ်တိုင် ကြုံဆုံရသည့် အချိန်မှာတော့ အဆင်မပြေသလို ခံစားနေမိသည်။

"ဪ.. ဟုတ်ပြီ။ အခု လျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ အခြေအနေကကော စီနီယာ" ယန်ရှိုသည် ထပ်မံကာ မေးမြန်းလိုက်၏။ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် လက်ကျန်အစိတ်အပိုင်းကို မည်သူ ပိုင်ဆိုင်သည် ဆိုသည်ကို သူ သိချင်နေမိ၏။ ထိုတန်ဖိုးကြီးလှသည့် ဆေးပင်သည် မည်သူရရှိသည်ဆိုဆို ကျိန်းသေပေါက် နောက်ခံအင်အားတစ်ခုလုံး အားအင်အဆင့် တိုးတက်သွားနိုင်သည့်အရာဖြစ်ကြောင်း သိသာ ထင်ရှားလွန်းလှ၏။

"အင်း… သိရပါတော့မယ်"

လီယွင်သည် ကောင်းကင်လျှို့ဝှက်အမှတ်တစ်ရာကို အသုံးပြုပြီးသည့်နောက် လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် အချက်အလက်များကို စုံစမ်းလိုက်၏။ သတင်းအချက်အလက်သည် မည်သူ့လက်ထဲမှ မရောက်ရှိသေးချေ။

လက်ကို အသာယမ်းခါပြီးသည့်နောက်မှာတော့ လီယွင်သည် လျှို့ဝှက်နယ်မြေအတွင်းမှာ ရှိနေသည့် ပုံရိပ်များကို ထုတ်ဖော်ပြသလိုက်၏။ အတွင်းမှာတော့ တစ်ကိုယ်လုံး သွေးများစွန်းထင်းလျက်ရှိနေသည့် ရီချန်သည် မွန်းစတား ကလန်မှ ပါရမီရှင်နှစ်ယောက်တို့နှင့် တိုက်ခိုက်လျက် ရှိနေ၏။ သူ့ကို ကြည့်ရသည်မှာ အလုံးစုံ ပြိုလဲလု မတတ်ပင်။

ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် သူ၏လက်ထဲတွင် ရှိနေသည့် သေးငယ်လှသော ကျောက်စိမ်းဖြူရောင် ဓားသွားသည် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာ၏။ တစ်ချက်တည်း ခုတ်ပိုင်းပြီးသည့်နောက်မှာတော့ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို ထိုးခွင်းသွားစေပြီး သူ၏ ဓားအလင်းတန်းသည် မိုင်တစ်ထောင် အကွာအဝေးဆီသို့ ရောက်ရှိသွားခဲ့၏။ တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် အရာအားလုံးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲကုန်၏။

"သူတော်စင်အဆင့် ဓားနည်းစနစ်လား" ယန်ရှိုသည် စဉ်းစားလိုက်မိ၏။ ရီချန်သည် အမှန်ပင် ဝှက်ဖဲကို ထုတ်ဖော်ကာ အသုံးပြုခဲ့၏။ တော်ဝင်ဓားဂိုဏ်းနှင့် မတူညီစွာဘဲ ဤတစ်ကြိမ်မှာတော့ ရီချန်သည် တိုက်ခိုက်သည့်နေရာ၌ အားလုံး ဒုက္ခရောက်အောင် မလုပ်ခဲ့ပေ။ ပစ်မှတ်ကို ချိန်ဆကာ တိုက်ခိုက်ခဲ့သည်။ ရီချန်အနေနှင့် အားလုံးသောသူတို့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားလွန်းလှ၏။ သူ့အနေနှင့် အချိန်ဆွဲချင်သောကြောင့် ဤကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းပင်။

အဆုံးသတ်မှာတော့ ရလဒ်သည် ရှင်းလင်းလွန်းလှ၏။ ရီချန်၊ ရွှေကျီးကန်းကလန်ဆီမှ မင်းသားနှင့် ရှန်းရှန်၊ ခွန်ဖန်ကလန်မှ သခင်လေး၊ လင်းကျန်နှင့် တခြားသောသူများ အားလုံးတို့သည် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်၏ အစိတ်အပိုင်းများကို အသီးသီး ရရှိခဲ့လေ၏။

"ကြည့်ရတာ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ရဲ့ အကန့်အသတ် အစီအရင်က ဒီလူတွေအပေါ်ကို မသက်ရောက်ဘူးနဲ့တူတယ်" ယန်ရှိုသည် မြင်ကွင်းကို ကြည့်ရှုနေရင်းမှ လီယွင်ကို အသာခိုးကာ ကြည့်ရှုလိုက်သည်။

ဤတစ်ကြိမ်မှာတော့ သူသည် ချက်ချင်း နားလည်လိုက်မိ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် အကျိုးကျေးဇူးတစ်ချို့ကို ရရှိခဲ့သည်ဟု သုံးသပ်ရပေလိမ့်မည်။ သို့ပေမဲ့ စီနီယာနှင့် နှိုင်းယှဉ်၍တော့ မရနိုင်ခဲ့ချေ။ အင်ပါရီယာရီကလန်မှလွဲ၍ တခြားသောသူများ အားလုံးတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရောက်ကာ လည်ပတ်ခဲ့ကြသည့် လူများလည်း ဖြစ်လို့နေ၏။

"ဒီတော့ …. ဒါတွေက မျိုးနွယ်အသီးသီးရဲ့ ပါရမီရှင်တွေပေါ့" လီယွင်သည် အသာကြည့်ရှုလိုက်မိ၏။ တိုင်ချူး နတ်သားတော်နှင့် ကျင်းချန်တို့၏ကြား တိုက်ပွဲမှလွဲလျှင် တခြားသော ပါရမီရှင်များ၏ ကြမ်းတမ်းသည့် တိုက်ခိုက်မှုကို သူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သာမန်ထက်ပိုလွန်းလှပြီး တစ်ယောက်ချင်းစီတိုင်းသည် တကယ်ကို မယုံကြည်နိုင်လောက်အောင် အားကောင်းလွန်းလှချေသည်။

အနာဂတ်တွင် တော်ဝင်အင်ပါယာနှစ်ယောက်တို့သာ တိုက်ခိုက်သည်ဆိုပါက သူ့အနေနှင့် ထိုတိုက်ပွဲကို သေသေချာချာ မှတ်တမ်းတင်ထားပြီး ပြန်လည် ရောင်းချရပေလိမ့်မည်။ ထို့အပြင် အားလုံးသော သူများသည် တော်ဝင်အင်ပါယာများ၏ကြား တိုက်ပွဲကို မျက်မြင်တွေ့ဖူးသူဟူ၍ မရှိကြချေ။

"ဒီတစ်ကြိမ်မှာ ပါရမီရှင်တွေ အများကြီး သေဆုံးခဲ့ကြတယ်လေ။ ဒီတော့ မျိုးနွယ်စုတွေ အကုန်လုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်လွှင့်ဖို့အတွက် အချိန်ကျပြီပဲ"

လီယွင်သည် မေးစေ့ကို ပွတ်သပ်ပြီး ခပ်နောက်နောက် ပြောဆို လိုက်၏။

"စနစ်… မျိုးနွယ်စုတွေ အားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်ဖော်လိုက်။ လူသားမျိုးနွယ်၊ မွန်စတားကလန်မျိုးနွယ် ဒါတွေနဲ့ အတူတူပေါ့။ အင်း… ကောင်းပြီ"

လီယွင်သည် တခြားသော အရာတစ်ခုကို ဆက်လက်ကာ စဉ်းစားလိုက်၏။ ပြီးနောက် သူက ထပ်မံကာပြောလိုက်သည်။ "အရေအတွက်ကို ငါးရာလောက်ပဲ ကန့်သတ်ထားရအောင်"

များပြားလှသော မျိုးနွယ်စုအသီးသီးအတွက် ပါရမီရှင်စာရင်းသည် တစ်ရာဆိုလျှင် လုံလောက်ပြီဖြစ်၏။ သို့ပေမဲ့ မျိုးနွယ်စုအားလုံး၏ ကောင်းကင်ပါရမီရှင်စာရင်းမှာတော့ ခြားနားလွန်းလှ၏။ ပါရမီရှင် အရေအတွက်၏ အခြေခံသည် ကြီးမားလွန်းလှ၏။ မျိုးနွယ်စု၊ မျိုးနွယ်စုတိုင်းသည် ပါရမီရှင်စာရင်းတွင် ပါဝင်ကောင်း ပါဝင်ချင်စိတ်ရှိမှာ သေချာ၏။

သူ့အနေနှင့် အရေအတွက်ကိုသာ တစ်ရာဟု ကန့်သတ် ထားမည်ဆိုပါက တခြားသော သူများအား ရက်စက်လွန်းရာ ကျပေလိမ့်မည်။ ငါးရာဆိုသည်မှာ သင့်တော်လှသည့် အရေအတွက် ပမာဏတစ်ခုဖြစ်ပြီး မများလွန်းသလို နည်းလည်း မနည်းလွန်းချေ။

[ဒင်… မျိုးနွယ်စုအားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို အောင်မြင်စွာ ဖန်တီးပြီးပါပြီ]

[ပထမနေရာ - ယုရှင်းချန်

မျိုးနွယ်စု - လူသား]

[ဒုတိယနေရာ - ရှန်းရှန်

မျိုးနွယ်စု - ရှုပ်ထွေး လူဝံကလန်]

[တတိယနေရာ - ရီချန်

မျိုးနွယ်စု - လူသား]

……….

[ဆဋ္ဌမနေရာ - စီထျန်း

မျိုးနွယ်စု - သွေးနတ်ဆိုးကလန်

လောက - သွေးနတ်ဆိုးလောက]

[သတ္တမနေရာ - ရွှေကျီးကန်းကလန်၏ အိမ်ရှေ့စံမင်းသား

မျိုးနွယ်စု - ရွှေကျီးကန်းကလန်]

……….

[ငါးရာမြောက် - ရှစ်ယွင်ရှန်း

မျိုးနွယ်စု - ဝိညာဉ်ကလန်

လောက- ဝိညာဉ်လောက]

"ဟမ်"

လီယွင်သည် ထိုစာရင်းကို ကြည့်ရှုပြီးသည့်နောက် သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လာခဲ့၏။ သူက သေသေချာချာ စိစစ်ခြင်းမဟုတ်ပါက သိရှိမည် မဟုတ်ချေ။ တကယ်တမ်း စစ်ဆေးကြည့်သည့်အချိန်မှာတော့ တခြားသော လောကထဲတွင် ရှိနေသည့် ပါရမီရှင်များပါ ပါဝင်လာခဲ့သည်။

All Chapters