ဖန်းယွီ၏ သေဆုံးမှု
Vol. 146 Ch. 2176
ဆူဇီမိုသည် သူက မရှောင်နိုင်တော့ဘူးဆိုတာကို တွေ့မြင်ရသောအခါ သူ၏ မျက်လုံးများက ကြမ်းကြုတ်ခက်ထန်သော အလင်းရောင်ဖြင့် တောက်ပလာခဲ့၏။
သူသည် အန္တရာယ်ကို စွန့်စားဖို့ ပြင်ဆင်လိုက်၏။
ဖန်းယွီ၏ လက်ချောင်းက အရမ်းကို ထက်ရှပြီး သူ့အနေဖြင့် မထိမခိုက် လွတ်မြောက်နိုင်ဖို့က မဖြစ်နိုင်ပေ။
သို့သော်လည်း သူက ပြန်ပြီး မတုံ့ပြန်ဘူးဆိုလျှင် မယဉ်ကျေးရာကျပေလိမ့်မည်။
ဆူဇီမိုသည် သူ၏ အမြုတေကို ရူးသွပ်စွာ လှည့်ပတ်ပြီး ဖန်းယွီကို အေးစက်ခက်ထန်စွာ စိုက်ကြည့်လိုက်၏။ သူ၏ နှာရောင်ပေါ်ရှိ သွေးရောင်အလင်းထဲမှာ စတုရန်းကြေးမီးဖိုတစ်လုံးက ခပ်ရေးရေး ပေါ်ထွက်လာ၏။
သူသည် ဖန်းယွီ၏ ဓားလက်ညှိုးထံမှ ပထမဆုံး ရိုက်ခတ်မှုလှိုင်းကို ခုခံဖို့အတွက် ငရဲဖိနှိမ်မီးဖိုကို အသုံးချချင်၏။
ငရဲဖိနှိမ်မီးဖိုက မနှိုင်းယှဉ်သာအောင် မာကြောသော်လည်း အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ စွမ်းအားကို လုံးလုံးလျားလျား ချေဖျက်ပေးနိုင်ဖို့က မလွယ်ပေ။
အစိမ်းရောင်ကြာပန်း အမြုတေပေါ်မှာ နောက်ထပ် အဆုံးစွန်ရတနာတစ်ခု သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး ရှိလေသည်။
ဤအဆုံးစွန်ရတနာသည် ဤနှစ်များမှာ နေ၊ လနှင့် ကြယ်တို့၏ အမြုတေကို အဆက်မပြတ် စုပ်ယူခဲ့ပြီး မနှိုင်းယှဉ်သာအောင် မာကျောလာခဲ့၏။ အဲဒါက ဒုတိယမြောက် သက်ရောက်မှုကို ခုခံနိုင်ပေလိမ့်မည်။
သူသည် ထိုထက်ရှမှုကို လုံးလုံးလျားလျား မဖြေရှင်းနိုင်ဘူးဆိုလျှင် သူ့မှာ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ ရှိနေသေး၏။
သူသည် ဒဏ်ရာအပြင်းအထန် ရရှိမည်ဆိုလျှင်တောင် ဆူဇီမိုက ဖန်းယွီကို သတ်ဖြတ်ချင်၏။
ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ကျင့်ကြံပြီးနောက် သူ၏ အမြုတေက အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်နိုင်နေပြီဖြစ်၏။
သူနားလည်ဆင်ခြင်ထားသော အန္တိမနတ်ဘုရားစွမ်းအားများကြားမှာ ကျင့်ကြံမှုနယ်ပယ်ကို လျစ်လျူရှုပြီး အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်သော အန္တိမနတ်ဘုရားစွမ်းအားတစ်ခု ရှိလေသည်။
အဲဒါက အရမ်းကို အန္တရာယ်များသော လှုပ်ရှားကွက်ဖြစ်၏။
ငရဲဖိနှိမ်မီးဖို၊ သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးနှင့် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာက ဖန်းယွီ၏ တိုက်ခိုက်မှုများကို ခုခံနိုင်ပါ့မလား ဆူဇီမို မသိပေ။
သို့သော်လည်း သူက အချက်တစ်ချက်ကို သိရှိထား၏။ သူက ဖန်းယွီကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းရပေမည်။
ဆူဇီမို၏ မျက်လုံးထဲရှိ ရူးသွပ်မှုနှင့် သတ်ဖြတ်လိုစိတ်ကို အာရုံခံမိပြီး ဖန်းယွီ၏ မျက်လုံးထဲတွင် သရော်တော်တော် အကြည့်တစ်ခု ပေါ်ထွက်လာကာ သူက လှောင်ရယ်လိုက်၏။
“မင်းက ခုခံချင်သေးတာလား”
ဖန်းယွီက ညင်သာစွာ ပြောလိုက်၏။
“ငါ့ရဲ့မျက်လုံးထဲမှာ မင်းရဲ့ ခွန်အားက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ”
ရွှစ်…
သူ၏ ဓားလက်ညှိုးက ဆင်းသက်လာပြီး ထက်ရှသော အနားစောင်းတစ်ခုနှင့်အတူ ဆူဇီမို၏ နှာရောင်ဆီသို့ ပစ်ဝင်လာခဲ့၏။
ရုတ်တရက်ဆိုသလို…
ဆူဇီမို၏ ရှေ့မှာ ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ သူက ဖြောင့်မတ်မှန်ကန်မှုဖြင့် ပြည့်နှက်နေပြီး သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ သူက အဆင့်-၉ ကောင်းကင်အင်မော်တယ် ဖန်းယွီထက် အားမနည်းပေ။
ယန်လောရှုက တည်နေရာ ခုန်ကူးခြင်းဖြင့် ရောက်ရှိလာခဲ့၏။
ဖန်းယွီက တည်နေရာ ခုန်ကူး၍ ပထမဆုံး တိုက်ခိုက်ခဲ့စဉ်က ယန်လောရှုက အချိန်မီ မဝင်ရောက်နိုင်ခဲ့ပေ။
ဤတစ်ခေါက်မှာတော့ သူက အချိန်မီ ရောက်ရှိလာခဲ့၏။
သူက ဟိန်းဟောက်လိုက်ပြီး သူ၏ ရင်ထဲမှာ ဖြောင့်မတ်မှန်ကန်မှုက ပဲ့တင်ထပ်သွား၏။ သူက သူ၏ လက်ကို မြှောက်ပြီး လက်သီးတစ်လုံးဖြင့် ဆုပ်ကာ ဖန်းယွီ၏ ဝင်ရောက်လာသော ဓားလက်ညှိုးကို ပစ်ထိုးလိုက်၏။
ယန်လောရှု ပေါ်ထွက်လာပြီး အော်ဟစ်လိုက်သည့် ခဏမှာပင် ဆူဇီမိုကလည်း ဟိန်းဟောက်လိုက်၏။
“တဒင်္ဂ အခိုက်အတန့်”
အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားက ပေါက်ကွဲထွက်ပေါ်လာပြီး ချက်ချင်းပင် ဆင်းသက်ကာ ဖန်းယွီပေါ်သို့ လွှမ်းခြုံသွား၏။
ယန်လောရှု ပေါ်ထွက်လာပြီးနောက် ဖန်းယွီ၏ စိတ်အာရုံက ဆူဇီမိုအပေါ်မှာ ရှိမနေတော့ပေ။
ကြမ်းကြုတ်ခက်ထန်သော အကြည့်တစ်ချက်နှင့်အတူ သူက ယန်လောရှုကို ကြည့်ပြီး လှောင်ရယ်လိုက်၏။
“ဂျူနီယာညီ ယန်.. မင်းရဲ့လက်သီးက အားပျော့နေတုန်းပဲ.. မင်းက ငါ့ရဲ့ ဓားလက်ညှိုးကို ခုခံနိုင်မှာ မဟုတ်ဘူး”
ဘန်း…
ဖန်းယွီ၏ ဓားလက်ညှိုးက ယန်လောရှု၏ လက်သီးနှင့် ထိတွေ့ရိုက်ခတ်ပြီး တုန်ခါလှိုင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာကာ ဓားဆွေးနွေးပြိုင်ပွဲကွင်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။
စောင့်ကြည့်နေသော ဘေးပတ်လည်ရှိ ကျင့်ကြံသူများက ထိုအော်ရာဖြင့် နောက်သို့ လန်သွားပြီး ယိမ်းယိုင်သွားကြ၏။
သူ၏ လက်ရှိခွန်အားက ဖန်းယွီကို မယှဉ်နိုင်ဘူးဆိုတာ ယန်လောရှုကလည်း သိထား၏။
သို့သော်လည်း ဆူဇီမိုက သူ၏ နောက်တည့်တည့်မှာ ရှိနေပြီး သူက ဆူဇီမိုကို ထိခိုက်ခွင့်မပေးနိုင်ပေ။
သူက နောက်ဆုတ်လို့ မရပေ။
လက်သီးနှင့် လက်ညှိုးက ထိတွေ့ရိုက်ခတ်သွားပြီး သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကာ မလှုပ်မယှက် ရှိနေကြ၏။
ဖန်းယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
တစ်စုံတစ်ရာ လွဲမှားနေသည်ကို သူက ခံစားရလေသည်။
သူ့ဓား၏ စွမ်းအားသည် ယန်လောရှု၏ လက်သီးကို ထိုးဖောက်သွားသင့်လေသည်။ သူတို့၏ ခွန်အားက ဘယ်လိုလုပ်ပြီး ညီတူမျှတူ ဖြစ်နိုင်ပါ့မလဲ။
ယန်လောရှုကလည်း တွေဝေသွား၏။
ဖန်းယွီက သူ၏ ခွန်အားကို ထိန်ချန်ထားတာလား။
သို့သော်လည်း ထိုစဉ်မှာပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။
ဖန်းယွီ၏ မျက်လုံးထဲမှာ တုန်လှုပ်နေသော အကြည့်တစ်ခုက ဖျတ်ခနဲ ပေါ်ထွက်လာပြီး နောက်ကနေ တွေဝေရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုက လိုက်ပါလာကာ နောက်ဆုံးမှာ တုန်လှုပ်ချောက်ချားမှုအဖြစ် ပြောင်းလဲသွားလေသည်။
ယန်လောရှုကတော့ သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ဖန်းယွီကို မယုံကြည်နိုင်စွာ ကြည့်နေ၏။
ယန်လောရှု၏ ရှေ့မှာ ဖန်းယွီ၏ ရုပ်ရည်သွင်ပြင်က မြင်နိုင်သော နှုန်းထားဖြင့် သိသိသာသာ အိုစာလာခဲ့၏။
သူ၏ အနက်ရောင် ဆံပင်များက တခဏချင်းမှာပင် ဖြူဖွေးလာခဲ့၏။
ဖန်းယွီ၏ မျက်နှာပေါ်တွင် အရေးကြောင်းများ ပေါ်ထွက်လာပြီး သူက အချိန်မရွေး သေဆုံးတော့မည့် အဘိုးကြီးတစ်ယောက်ကဲ့သို့ ဖြစ်လာ၏။ သူ၏ ရှင်းလင်း၍ အေးစက်နေသော မျက်လုံးများက ထိုင်းမှိုင်း၍ ညှိုးခြောက်လာခဲ့၏။
တဖြည်းဖြည်းနှင့်…
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည်လည်း ဖန်းယွီက တစ်နည်းတစ်ဖုံ ထူးခြားလာသည်ကို သတိထားမိသွားကြ၏။
“ကြည့်စမ်း.. စီနီယာအစ်ကိုဖန်းက ဘာဖြစ်သွားတာလဲ”
“ဘုရားရေ.. စီနီယာအစ်ကိုဖန်းက ဘယ်လိုလုပ်ပြီး ခဏလေးနဲ့ ဒီလိုပုံစံဖြစ်သွားရတာလဲ”
လူတိုင်း၏ ရှေ့မှောက်မှာပင် ဖန်းယွီ၏ အစက ဖြောင့်မတ်နေသော ခန္ဓာကိုယ်က ကိုင်းညွှတ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကျုံ့ဝင်လာခဲ့၏။
လူအုပ်ကြားထဲမှာ ထွက်ပေါ်လာသော အသံများက ပို၍ပင် ကျယ်လောင်လာခဲ့၏။
လူတိုင်းက ဖန်းယွီကို တုန်လှုပ်စွာ ကြည့်နေကြ၏။
“ငါ ဘာဖြစ်သွားတာလဲ”
ဖန်းယွီ၏ အသံက အနည်းငယ် တုန်ယင်နေ၏။
သူ စကားပြောလိုက်သည့် ခဏမှာပင် သူ၏ အသံက အရမ်းကို အိုစာလာခဲ့သည်ကို သူက နားလည်သိရှိသွား၏။
ထိုအသံသည် သူ၏ ပါးစပ်ထဲကနေ ထွက်ပေါ်လာသည်ဟု ဖန်းယွီက မယုံကြည်နိုင်ပေ။
“စီနီယာအစ်ကိုဖန်း.. မင်းရဲ့ ဘဝသက်တမ်းက ဘာလို့…”
ယန်လောရှု၏ မျက်လုံးကလည်း ပြူးကျယ်နေပြီး ဖြစ်ပျက်နေသည့်အရာကို နားမလည်နိုင်တော့ပေ။
ဖန်းယွီ၏ ဘဝသက်တမ်းက ကုန်ခန်းလုနီးပါးဖြစ်လာသည်ကို သူက ရှင်းလင်းစွာ အာရုံခံမိနေ၏။
ကောင်းကင်အင်မော်တယ်တစ်ယောက်၏ ဘဝသက်တမ်းက နှစ်သုံးသိန်း ဖြစ်လေသည်။
ယခုအချိန်မှာ ဖန်းယွီ၏ အသက်က နှစ်တစ်သိန်းကျော်သာ ဖြစ်ပြီး သူ၏ အထွတ်အထိပ်အရွယ်မှာ ရှိနေသေး၏။
သို့သော် ယခုအခါ သူ၏ ဘဝသက်တမ်းက ကုန်ခန်းလုနီးပါးဖြစ်လာခဲ့ပြီး သူက အချိန်မရွေး သေဆုံးသွားနိုင်၏။
အရာရာတိုင်းက တခဏချင်းမှာပင် ဖြစ်ပျက်ခဲ့လေသည်။
“ငါ့.. ငါ့ရဲ့ ဘဝသက်တမ်း…”
ဖန်းယွီက ပါးရည်နားရည်များ တွန့်လာပြီး သူ၏ ရှုံ့တွနေသော နှုတ်ခမ်းက လှုပ်ရှားသွား၏။
ဖြစ်ပျက်နေသည့်အရာကို သူကလည်း နားလည်သဘောပေါက်လာခဲ့၏။ သူ၏ ဘဝသက်တမ်းက ကုန်ခမ်းလာပြီး သူက သေရတော့မည့်ဆဲဆဲအချိန်သို့ ရောက်ရှိလာခဲ့၏။
အဲဒါသည် ဒဏ်ရာအပြင်းအထန် ရရှိခြင်း သို့မဟုတ် သူ၏ အမြုတေ ပျက်စီးထိခိုက်သွားခြင်းထက် ပို၍ ကြောက်စရာကောင်းလေသည်။
သူ၏ အမြုတေက ထိခိုက်သွားသည်ဆိုလျှင်တောင် အဲဒါကို ကုသဖို့အတွက် မျှော်လင့်ချက် ပါးပါးလေး ရှိနေသေး၏။
သို့သော်လည်း လူတစ်ယောက်၏ ဘဝသက်တမ်း ကုန်ဆုံးသွားသည့်အခါ သူက အမှန်တကယ် သေရပေလိမ့်မည်။
“မင်း..”
နောက်ဆုံးမှာတော့ ဖန်းယွီက သူ၏ မှုန်ရီနေသော မျက်လုံးများဖြင့် ယန်လောရှုကို စိုက်ကြည့်ပြီး မုန်းတီးမှုနှင့်အတူ သည်းထန်စွာ မောဟိုက်နေ၏။
သို့သော်လည်း တွေဝေရှုပ်ထွေးနေသော ယန်လောရှုကို တွေ့မြင်သောအခါ သူက မှင်တက်သွား၏။
စောစောက ယန်လောရှုသည် သူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ရုံသာ ဖြစ်၏။ သူက ဤကဲ့သို့သော စွမ်းအားကို ထုတ်ဖော်နိုင်စရာ အကြောင်းမရှိပေ။
ဒါ့အပြင် ယန်လောရှု၏ အမူအရာအရ သူသည်လည်းပဲ စောစောက ဖြစ်ပျက်ခဲ့သည့်အရာကို မသိရှိသည့်ပုံပင်။
သို့သော်လည်း ယန်လောရှု မဟုတ်ဘူးဆိုလျှင် အဲဒါကို ဘယ်သူလုပ်ခဲ့တာလဲ။
သူ့ကို တိတ်တဆိတ် ဘယ်သူက တိုက်ခိုက်ခဲ့တာလဲ။
ဖန်းယွီက မသေဆုံးခင် သူ၏ စိတ်ထဲသို့ အတွေးတစ်ချက် ဖျတ်ခနဲ ဝင်ရောက်လာ၏။
သူ၏ အကြည့်သည် ယန်လောရှု၏ နောက်ဘက်မှာရှိသော အစိမ်းရောင်ဝတ် ကျင့်ကြံသူအပေါ်သို့ ဆင်းသက်သွားလေသည်။
ထိုအခိုက်အတန့်မှာ အစိမ်းရောင်ဝတ် ကျင့်ကြံသူ၏ အမူအရာက တည်ငြိမ်နေပြီး သူ့ကို အေးစက်စွာဖြင့် စိုက်ကြည့်နေ၏။ သူက လုံးဝ အံ့အားသင့်နေခြင်း မရှိပေ။
ရုတ်တရက် စောစောက တိုက်ပွဲနယ်မြေမှာ တစ်ယောက်ယောက်က ‘တဒင်္ဂအခိုက်အတန့်’ဟု အော်ပြောခဲ့သည်ကို သူက အမှတ်ရသွား၏။
“မင်း.. မင်း.. မင်း..”
ဖန်းယွီက သူ၏ လက်ကို ခက်ခက်ခဲခဲဖြင့် မြှောက်ပြီး မလှမ်းမကမ်းမှာ ရှိနေသော ဆူဇီမိုကို လက်ညှိုးထိုးလိုက်၏။
ဆူဇီမိုက ယန်လောရှုနှင့် တစ်တန်းတည်း ရပ်တည်နေ၏။
လူတိုင်း၏ မျက်လုံးထဲမှာ ဖန်းယွီက ယန်လောရှုကို ပြောနေခြင်းဖြစ်သည်ဟု လူတိုင်းက တွေးထင်လိုက်ကြ၏။
စောစောက သိပ်သည်းပြင်းထန်သော တိုက်ပွဲမှာ ယန်လောရှုက ဖန်းယွီကို အော်ပြောခဲ့ပြီး ဆူဇီမို၏ ဟိန်းဟောက်သံက ထိုအသံကြားမှာ နစ်မြုပ်လုနီးပါးဖြစ်ကာ မည်သူကမှ အဲဒါကို သတိမထားမိခဲ့ပေ။
အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်လိမ့်မည်ဟု ဘယ်သူက တွေးမိပါ့မလဲ။
ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ အန္တိမ နတ်ဘုရားစွမ်းအားသည် အတွင်းဂိုဏ်း၏ ထိပ်သီး အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ဦးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူက တွေးမိပါ့မလဲ။
ဖန်းယွီသည် တစ်စုံတစ်ရာကို ထပ်မံ၍ ပြောချင်နေသည့်အလား သူ့နှုတ်ခမ်းက တဆတ်ဆတ် လှုပ်သွား၏။
သို့သော်လည်း သူ၏ ဘဝသက်တမ်းက ထိုအချိန်တိုအတွင်းမှာပင် လုံးဝကို ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။
ဘုန်း…
ဖန်းယွီက သူ၏ လက်ကို မြှောက်ပြီး ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ နောက်သို့လန်ကျကာ အေးအေးချမ်းချမ်း အနားမယူနိုင်ခဲ့ပေ။ သူသေဆုံးသည့် အချိန်မှာပင် သူသည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ လက်ထဲမှာ မည်သို့မည်ပုံ သေဆုံးခဲ့သည်ကို ဖန်းယွီက နားလည်မသွားနိုင်ခဲ့ပေ။