← Chapters

ဖန့်ချင်းယွင်

Vol. 146 Ch. 2177

ဖန့်ချင်းယွင်

Vol. 146 Ch. 2177

“စီနီယာအစ်ကိုဖန်းက ဒီလိုပဲသေသွားပြီလား”

“စီနီယာအစ်ကိုယန်ရဲ့ တိုက်ခိုက်ရည်ခွန်အားက ဒီလောက်ထိကြောက်စရာကောင်းနေပြီလား... သူကလှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ စီနီယာအစ်ကိုဖန်းကိုသတ်ပစ်လိုက်တယ်”

“စီနီယာအစ်ကိုယန်ရဲ့ လက်ရှိတိုက်ခိုက်ရည်ခွန်အားက စီနီယာအစ်ကိုဖန့်နဲ့ ယှဥ်နိုင်နေပြီလို့တောင် ငါထင်တယ်”

တက္ကသိုလ်ကိုဝင်ရောက်လာခါစတပည့်တစ်ယောက်က မေးလိုက်လေသည်။

“စီနီယာအစ်ကိုဖန့်က ဘယ်သူလဲ”

“အတွင်းဂိုဏ်းရဲ့လက်ရှိနံပါတ်တစ် ဖန့်ချင်းယွင်ပေါ့”

“စောစောက စီနီယာအစ်ကိုယန်သုံးခဲ့တဲ့ အန္တိမနတ်ဘုရားစွမ်းအားရဲ့နာမည်က ဘာပါလိမ့်... အဲ့ဒါက စီနီယာအစ်ကိုဖန်းရဲ့ဘဝသက်တမ်း နှစ်တစ်သိန်းကျော်ကို တစ်ခါတည်းနဲ့ကုန်ဆုံးစေခဲ့တာပဲ... ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ”

“ငါအဲ့ဒါကို ရှင်းရှင်းလင်းလင်းမကြားလိုက်ရဘူး... အဲ့ဒါက တဒင်္ဂဘာဆိုလားပဲ”

ဓားဆွေးနွေးပြိုင်ပွဲကွင်း၏ အပြင်ဘက်မှာ အသံဗလံများထွက်ပေါ်လာ၏။

ကျင့်ကြံသူတစ်ယောက်သည် ဤကိစ္စကို သတင်းပေးဖို့အတွက် အတွင်းဂိုဏ်းဘက်ကို ပြေးသွားခဲ့ပြီဖြစ်၏။

ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ သေခြင်းရှင်ခြင်းတိုက်ပွဲများကို ခွင့်ပြုပေးမထားပေ။ သို့သော်လည်း ယနေ့မှာ လူနှစ်ယောက်က ဆက်တိုက်သေဆုံးခဲ့ရ၏။ တစ်ယောက်က အပြင်ဂိုဏ်းစည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်က အတွင်းဂိုဏ်းမှာ ထိပ်ဆုံးငါးယောက်အတွင်းရပ်တည်နိုင်သော အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လေသည်။ အဲ့ဒါက တက္ကသိုလ်ကို သေချာပေါက်တုန်လှုပ်သွားစေပေလိမ့်မည်။

ဆူဇီမို၏ အမူအရာကတည်ငြိမ်နေ၏။

အကြီးအကဲထန်နှင့် ဖန်းယွီသည် ဤကိစ္စမှာ အစကတည်းက ​ကျိုးကြောင်းဆီလျော်မှုမရှိသူများဖြစ်လေသည်။ သူသည် ခုခံတိုက်ခိုက်ဖို့အတွက် ဖိအားပေးခံခဲ့ရရုံသာဖြစ်၏။

တက္ကသိုလ်က မျှတစွာဆောင်ရွက်ပေးသရွေ့ သူတို့က သူ့ကို အပြစ်ပေးလိမ့်မည်မဟုတ်ပေ။

တဒင်္ဂအခိုက်အတန့်သည် ကျတ်တီးမြေနှင့် ဆေဘာတစ်လက်ကဲ့သို့အချိန်ကို ၎င်း၏ အကန့်အသတ်များထိ နားလည်ဆင်ခြင်ထားခြင်းဖြစ်လေသည်။

ထိုနတ်ဘုရားစွမ်းအား၏ အားဖြည့်စုဆောင်းမှုနှင့်အတူ အချိန်စီးဆင်းမှုက လျှပ်တပြက်ဖြစ်လာခဲ့ပြီး တစ်ခဏချင်းပျောက်ကွယ်သွားပေလိမ့်မည်။

ဖန်းယွီ၏ ဘဝသက်တမ်းက ဘယ်လောက်ပင်များပြားသည်ဖြစ်စေ... သူ့မှာဘဝသက်တမ်း နှစ်သုံးသိန်းတိတိရှိနေမည်ဆိုလျှင်တောင် သူ့အနေဖြင့် တဒင်္ဂအခိုက်အတန့်နှင့် ထိခတ်ခံရလျှင် ရှင်သန်နိုင်ဖို့ မလွယ်ပေ။

တကယ်တော့... တဒင်္ဂအခိုက်အတန့်သည် ပကတိအင်မော်တယ်တစ်ဦးကိုတိုက်ခိုက်မည်ဆိုလျှင် အဲ့ဒါကသုံးစားရလိမ့်မည် မဟုတ်ပေ။

ပကတိအင်မော်တယ်များသည် တာအိုသစ်သီးများကို စုဖွဲ့ထားပြီး သူတို့ကို အစစ်အမှန်အမြုတေက ကာကွယ်ပေးထား၏။ တဒင်္ဂအခိုက်အတန့်၏ စွမ်းအားက အဲ့ဒါကိုလုံးဝထိုးဖောက်နိုင်မည်မဟုတ်ပေ။

ဖန်းယွီသည် ကြိုတင်ပြင်ဆင်ထားပြီး အဲ့ဒါကိုခုခံဖို့အတွက် အခြားသော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို အသုံးပြုခဲ့မည်ဆိုလျှင် သူက သေရလိမ့်မည် မဟုတ်ပေ။

ကံဆိုးစွာနှင့်ပင် ဖန်းယွီက ဆူဇီမိုကို လုံးဝအလေးအနက်မထားခဲ့ပေ။

ဆူဇီမိုသည် သူ့ကိုခြိမ်းခြောက်နိုင်သည့် စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။

သူ၏ စိတ်အာရုံက ယန်လောရှုအပေါ်မှာသာရှိနေခဲ့၏။

သူ၏ ထက်ရှမှုနှင့် ခွန်အားသည် သူ၏ ဓားလက်ညှိုးပေါ်မှာ စုဖွဲ့ထားပြီး သူကယန်လောရှုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့လေသည်။

ထိုစဥ်မှာပင် တဒင်္ဂအခိုက်အတန့်က ဆင်းသက်လာခဲ့၏။

တကယ်တော့... ဆူဇီမိုက အချက်တစ်ချက်ကို သိရှိထား၏။

ဖန်းယွီသည် တဒင်္ဂအခိုက်အတန့်ကြောင့်သေဆုံးခဲ့ရသော်လည်း သူသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဟု မဆိုလိုပေ။

သူတို့ကြား ခွန်အားကွာဟချက်က ကြီးမားနေဆဲဖြစ်၏။

အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ဦးကိုမပြောနှင့် အဆင့်-၃ သို့မဟုတ် အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ စွမ်းအားကိုပင်လျှင် သူ့က ခုခံနိုင်ဖို့မလွယ်ပေ။

သူက သူ၏အကန့်အသတ်ကို သိရှိထားလေသည်။

ယန်လောရှုက နောက်ဆုံးမှာပေါ်ထွက်မလာခဲ့ဘဲ ဖန်းယွီ၏ စိတ်အာရုံနှင့်ခွန်အားကို လွှဲပြောင်းပေးခဲ့ခြင်းမရှိလျှင် သူက အဲ့ဒါကို အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။

ဖန်းယွီသည် ဆူဇီမို၏ လက်ထဲမှာသေဆုံးခဲ့ရသည်ဟုဆိုနိုင်၏။

သို့သော်လည်း ထိုကဲ့သို့ဖြစ်လာဖို့ တိုက်ဆိုင်မှုများစွာကလည်းရှိခဲ့လေသည်။

ဆူဇီမိုက စဥ်းစားတွေးတောနေစဥ်မှာပင် သူကရုတ်တရက်တစ်စုံတစ်ရာကို အာရုံခံမိသွား၏။

သူ့ရှေ့မှာရှိသော ယန်လောရှုက တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ သူ့ကိုအဓိပ္ပါယ်ပါပါ လှည့်ကြည့်လာခဲ့၏။

အဲ့ဒီမှာ တုန်လှုပ်မှု၊ နားလည်သဘောပေါက်မှုနှင့် စိတ်ခံစားချက်များပါဝင်နေ၏။

ဖန်းယွီသည် ယန်လောရှု၏ လက်ထဲမှာ သေဆုံးခဲ့ရသည်ဟု လူတိုင်းကတွေးထင်ထားခဲ့ကြ၏။ သို့သော်လည်း စောစောက သူ့ထိုးချက်၏ စွမ်းအားသည် ဖန်းယွီကိုသတ်ဖြတ်နိုင်ခြင်းမရှိသလို သူသည် ဤကဲ့သို့ကြောက်စရာကောင်းသောသက်ရောက်မှုတစ်ခုကိုလည်း မထုတ်ဖော်နိုင်ဘူးဆိုတာကို ယန်လောရှုကသိရှိထား၏။

အဲ့ဒါက သူမဟုတ်ဘူးဆိုလျှင် အဲ့ဒါကို ဘယ်သူလုပ်ခဲ့တာလဲ။

ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ လူသုံးယောက်သာလျှင်ရှိနေခဲ့၏။

ဖန်းယွီက သေဆုံးသွားပြီဖြစ်၏။

အဲ့ဒါကို ပြုလုပ်ခဲ့သူက သူမဟုတ်လျှင် အဲ့ဒါကတတိယမြောက်လူသာဖြစ်ရပေမည်။

ဤကိစ္စသည် လူတိုင်းထံကနေ ဖုံးကွယ်နိုင်သော်လည်း အဲ့ဒါသည် ယန်လောရှုထံကနေ ဖုံးကွယ်မထားနိုင်ပေ။

“အဲ့ဒါကျုပ်...”

ဆူဇီမိုက စကားပြောမည်ပြုစဥ်မှာပင် ယန်လောရှုက ရုတ်တရက်မျက်မှောင်ကြုတ်ပြီး လက်ကာပြကာ ဆူဇီမိုကိုဖြတ်ပြောလိုက်၏။

“အဲ့ဒါကို ဝန်မခံလိုက်နဲ့”

ယန်လောရှုက တည်တံ့သောအမူအရာဖြင့် တီးတိုးပြောဆိုလိုက်၏။

ဆူဇီမိုက စကားပြောမည့်ဆဲဆဲမှာပင် အဝေးကနေဟိန်းဟောက်သံတစ်သံထွက်ပေါ်လာ၏။

“အဲ့ဒီမှာ ဘာတွေဖြစ်နေကြတာလဲ”

အတွင်းဂိုဏ်းရှိရာဘက်ကနေ ပုံရိပ်တချို့က အံ့မခန်းအမြန်နှုန်းဖြင့် လေထုကိုဆုတ်ဖြဲလာကြ၏။ တစ်ခဏချင်းမှာပင် သူတို့ကရောက်ရှိလာပြီး ဖြည်းဖြည်ချင်း ဆင်းသက်လိုက်ကြ၏။

သူတို့၏ ခေါင်းဆောင်က မင်္ဂလာတိမ်စိုင်များခတ်နှိပ်ထားသည့် အစိမ်းရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏ အနက်ရောင်ဆံပင်များကို စုစည်းထားပြီး သူ့မှာတည်ကြည်ခန့်ညားသောအမူအရာတစ်ခုရှိကာ သူ၏ ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထား၏။

“မင်္ဂလာပါ စီနီယာအစ်ကိုဖန့်”

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက သူတို့၏ လက်များကိုယှက်ကာ နှုတ်ဆက်လိုက်ကြ၏။

အတွင်းဂိုဏ်း၏ နံပါတ်တစ်... ဖန့်ချင်းယွင်...။

ဖန့်ချင်းယွင်၏ နောက်ဘက်မှာ ကျင့်ကြံသူလေးယောက်၊ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ရှိလေသည်။

သူတို့က ကြော့ရှင်းရည်မွန်ပြီး ယန်လောရှုနှင့်ယှဥ်နိုင်သော စွမ်းအားကြီးမားသည့် အော်ရာများနှင့်အတူ တစ်မူထူးခြားနေ၏။

အမျိုးသားနှင့် အမျိုးသမီးက ထန်ပန်နှင့် ယန်ပင်းယင် ဖြစ်လေသည်။ သူတို့သည်လည်းပဲ အတွင်းဂိုဏ်းမှာ အလွန်တရာကျော်ကြားပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက အဆင့်၁၀ အတွင်းမှာ ရပ်တည်လေသည်။

သူတို့ကြားမှာ ယန်ဖေးယင်သည် အတွင်းဂိုဏ်း၏ နံပါတ်တစ်နတ်မိမယ်ဟူသော ဂုဏ်သတင်းကိုပင် ပိုင်ဆိုင်ထားလေသည်။ သူမနှင့် ဖန့်ချင်းယွင်ကြားမှာ ကောလာဟလများစွာရှိသော်လည်း သူတို့ထဲမည်သူကမှ အဲ့ဒါကို ပေါ်ပေါ်ထင်ထင်ဝန်ခံမထားကြပေ။

“မင်္ဂလာပါ စီနီယာအစ်ကိုထန်နဲ့ စီနီယာအစ်မယန်”

ကျင့်ကြံသူများစွာက နောက်တစ်ဖန်ဦးညွှတ်လိုက်ကြ၏။

ဖန့်ချင်းယွင်၏ အကြည့်က ထက်ရှနေပြီး သူက ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှ သေဆုံးနေသော ဖန်းယွီကို ချက်ချင်းပင်တွေ့မြင်သွား၏။

သို့သော်လည်း သူ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းကာ စိတ်ခံစားချက်တစ်စုံတစ်ရာကို ထုတ်ဖော်ခြင်းမရှိဘဲ မလှမ်းမကမ်းတွင်ရှိသောယန်လောရှုကို ကြည့်လိုက်၏။

“စီနီယာအစ်ကိုဖန်း”

ထန်ပန်က ဖန်းယွီ၏ အလောင်းကို တွေ့မြင်သောအခါ သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး အံ့အားတသင့်ရေရွတ်ကာ ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်သို့ ပြေးတက်သွား၏။

ယန်ဖေးယင်က သူမ၏ ချယ်ရီရောင်နှုတ်ခမ်းကို လက်ဖြင့် အုပ်ပြီး အံ့အားတသင့်ရေရွတ်လိုက်၏။

“အဲ့ဒါကို မင်းလုပ်လိုက်တာပဲ”

ထန်ပန်က သူ၏ ခေါင်းကိုရုတ်တရက်မော့ပြီး ယန်လောရှုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်၏။

“ဟုတ်တယ်”

ယန်လောရှုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဝန်ခံလိုက်၏။

“အဲ့ဒါဆိုလည်း သေလိုက်တော့”

ထန်ပန်က ရန်လိုခက်ထန်ပြီး သူ၏ သိုလှောင်အိတ်ကိုပုတ်ကာ တလက်လက်တောက်ပနေသော ရွှေရောင်လက်အိတ်တစ်စုံကို ထုတ်ယူလိုက်၏။

လက်အိတ်နှစ်ဖက်က ထန်ပန်၏ လက်ဖဝါးပေါ်မှာ အပြည့်အဝရစ်ပတ်သွားလေသည်။

ဒါ့အပြင် သူ၏ လက်သည်းချွန်များက ဆေဘာများကဲ့သို့ ထက်ရှနေပြီး သူတို့ချင်းထိခတ်သောအခါ တချွင်ချွင်မြည်သံနှင့်အတူ မီးပွားများကစင်ထွက်လာ၏။

ရွှစ်...

ဖျတ်ခနဲဆို ထန်ပန်က နေရာကနေပျောက်ကွယ်သွား၏။

တည်နေရာခုန်ကူးခြင်း...။

ယန်လောရှုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူသည် ပုံမှန်အခြေအနေမှာ ပုံမှန်ရန်သူတစ်ယောက်နှင့်ရင်ဆိုင်ရမည်ဆိုလျှင် သူသည် ယခုအချိန်မှာ တည်နေရာခုန်ကူးခြင်းကို ချက်ချင်းပင်ထုတ်ဖော်သင့်၏။

သို့သော်လည်း ဆူဇီမိုက သူ၏ နောက်တည့်တည့်မှာရှိနေ၏။ သူက ထွက်ခွာသွားမည်ဆိုလျှင် ဆူဇီမိုသည် ထန်ပန်၏ အမျက်ဒေါသဖြင့် ငြိစွန်းခြင်းခံရပြီး နေရာမှာပင်သေဆုံးသွားနိုင်၏။

ထိုသို့အတွေးဖြင့် ယန်လောရှုက လုံးဝမလှုပ်ရှားပေ။ သူက သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး ဓားတစ်လက်ကိုဆွဲထုတ်ကာ သူ၏ နောက်ဘက်​လေဟာနယ်ကို ကန့်လန့်ဖြတ်ပစ်ထိုးလိုက်၏။

အစက အဲ့ဒီနေရာမှာ ဘာမှမရှိခဲ့ပေ။

ယန်လောရှုတိုက်ခိုက်လိုက်ပြီးနောက် ထန်ပန်၏ ပုံရိပ်က ရုတ်တရက်ပေါ်ထွက်လာပြီး သူ၏ ထက်ရှသော ရွှေရောင်လက်သည်းများကိုမြှောက်ကာ အောက်သို့ ကုတ်ဆွဲချလိုက်၏။

သို့သော်လည်း ယန်လောရှု၏ တိုက်ခိုက်မှုက အဲ့ဒါနှင့် ထိပ်တိုက်ရင်ဆိုင်မိသွား၏။

ရွှမ်း...

ဆေဘာနှင့် လက်သည်းက စူးစူးရှရှမြည်သံနှင့်အတူ ထိတွေ့ရိုက်ခတ်သွားပြီး သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။

ထန်ပန်က အနည်းငယ်တုန်ယင်သွားပြီး နောက်တစ်ဖန် ဖျတ်ခနဲလက်သွား၏။

သူ၏ အလျင်အဟုန်က အရမ်းကိုမြန်ဆန်ပြီး ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်တွင် အလင်းတန်းတစ်ခုဖြတ်သွားသည်ကိုသာ တွေ့မြင်လိုက်ရ၏။ အပြင်ဂိုဏ်းတပည့်များ၏ အကြည့်များက သူ၏ လှုပ်ရှားမှုနည်းစနစ်နောက်သို့ လိုက်မမီနိုင်ပေ။

ဆူဇီမို၏ အမြင်အာရုံနှင့်ပင်လျှင် သူက အဲ့ဒါကိုမျက်ခြည်မပြတ်လိုက်မကြည့်နိုင်ဘဲ နောက်ချန်ပုံရိပ်များကိုသာ တွေ့မြင်လိုက်ရ၏။

ဆူဇီမိုသည် ခဏမျှသာစောင့်ကြည့်ပြီး မူးဝေလာသည်ဟုခံစားလိုက်ရ၏။

သူက ရုတ်တရက်ထိတ်လန့်သွား၏။

တက္ကသိုလ်မှာ အတွင်းဂိုဏ်းတပည့်များက အရမ်းကိုသန်မာ၏။

ဖန်းယွီသည် ယန်လောရှုကြောင့် စိတ်အာရုံပျက်ယွင်းခဲ့ပြီး တဒင်္ဂအခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်မှုမရှိခဲ့သောကြောင့်မဟုတ်လျှင် သူသည် ဤကဲ့သို့ သေဆုံးခဲ့လိမ့်မည်မဟုတ်ပေ။

ထန်ပန်က ငယ်ရွယ်သော်လည်း သူက မဟာအခွင့်အလမ်းတစ်ခုကိုရရှိထားပြီး ခြင်ဆီရှင်းလင်းခြင်းကနေတစ်ဆင့် သွေးဖလှယ်ထားလေသည်။

ဧရာမရွှေငှက်၏ မျိုးဆက်သွေးက သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေပြီး သူ၏ ပင်ကိုအလျင်အဟုန်က တုန်လှုပ်စရာကောင်းလေသည်။

အတွင်းဂိုဏ်းမှာ ထန်ပန်သည် လှုပ်ရှားမှုနည်းစနစ်မှာ နံပါတ်တစ်ဖြစ်သည်ဟုဆိုကြလေသည်။

All Chapters