ယွဲ့ဟွားနှင့် နောက်တစ်ဖန်တွေ့ဆုံခြင်း
Vol. 146 Ch. 2180
အောက်ဘက်မှာရှိသောကျင့်ကြံသူများက ထိတ်လန့်သွားပြီး အလိုလိုမော့ကြည့်လိုက်ကြ၏။
မင်္ဂလာတိမ်စိုင်တစ်ခုက လူတိုင်း၏ ဦးခေါင်းထက်မှာ လွင့်မျောလာပြီး ၎င်းပေါ်မှာ လူခုနှစ်ယောက် ရှစ်ယောက်လောက် မတ်တတ်ရပ်နေကြ၏။
သူတို့က အမျိုးသားများနှင့် အမျိုးသမီးများဖြစ်ပြီး အနည်းငယ်လှုပ်ရှားနေသော ကျောက်စိမ်းတံဆိပ်ပြားများကို သူတို့၏ ခါးများပေါ်မှာ ချိတ်ဆွဲထားကြ၏။
ကျင့်ကြံသူများ၏ အမူအရာများက ပြောင်းလဲသွား၏။
ထိုမင်္ဂလာတိမ်စိုင်သည် သူတို့၏ ဦးခေါင်းထက်မှာ ဘယ်အချိန်ကလွင့်မျောလာသလဲ သူတို့ထဲဘယ်သူမှ သတိမထားမိကြပေ။
သူတို့၏ ခါးပေါ်မှ ကျောက်စိမ်းတံဆိပ်ပြားများအရ မင်္ဂလာတိမ်စိုင်ပေါ်မှ ဤကျင့်ကြံသူများသည် အမွေခံတပည့်များဖြစ်လေသည်။
တက္ကသိုလ်၏ အမွေခံတပည့်များက ပေါ်ထွက်လာခဲ့လေပြီ။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် တက္ကသိုလ်၏ အပြင်ဂိုဏ်းတပည့်များသည် အမွေခံတပည့်များနှင့် ထိတွေ့ဆက်ခံခွင့်ရလိမ့်မည် မဟုတ်ပေ။
မင်္ဂလာတိမ်စိုင်ပေါ်မှာ လရောင်အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာမတ်တတ်ရပ်နေ၏။ သူ၏ အနက်ရောင်ဆံပင်က တဖျပ်ဖျပ်လွင့်နေပြီး သူက လွတ်လပ်ပေါ့ပါးနေသည့်အလား သူ့မှာ ဂရုမစိုက်သည့်အမူအရာတစ်ခုရှိနေ၏။
အခြားသောကျင့်ကြံသူများက လကိုဝန်းရံထားသောကြယ်များကဲ့သို့ သူ၏ နောက်ဘက်မှာ မတ်တတ်ရပ်နေကြ၏။
အဖြူရောင်ဝတ်လူ၏ ခန္ဓာကိုယ်က မြင့်မား၍ဖြောင့်တန်းနေ၏။
မင်္ဂလာတိမ်စိုင်ပေါ်မှာ သာမန်ကာလျှံကာ မတ်တတ်ရပ်နေရုံဖြင့် သူသည် မိုးကောင်းကင်ကို နှစ်ပိုင်းလှီးဖြတ်နိုင်သည့် ထုတ်ဖော်ထားသောဓားတစ်လက်ကဲ့သို့ဖြစ်နေ၏။
ကျင့်ကြံသူများစွာ၏ မျက်လုံးထဲမှာ တွေဝေရှုပ်ထွေးသော အမူအရာများရှိလာခဲ့၏။ အဲ့ဒီမှာ ရိုသေလေးးစာခြင်း၊ အားကျခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိတ်လှုပ်ရှားခြင်း။
ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်ရှိ ဆူဇီမိုက သူ၏ အကြည့်ကိုအလိုလိုရှောင်လွှဲပြီး သူ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်သည်ကို မည်သူကမှသတိမထားမိကြပေ။
အတွင်းဂိုဏ်းတပည့်များစွာသည် မင်္ဂလာတိမ်စိုင်ပေါ်မှ အမွေခံတပည့်များကို မှတ်မိသိရှိကြလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုသည် သူတို့ကိုဦးဆောင်လာသည့် အဖြူရောင်ဝတ်လူကို မှတ်မိလိုက်လေသည်။
ဓားအင်မော်တယ်ယွဲ့ဟွား...။
အရင်တုန်းက နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခု ပေါ်ထွက်လာပြီး ပကတိအင်မော်တယ်များစွာကို ဆွဲဆောင်ခဲ့လေသည်။
သူတို့ထဲမှတစ်ယောက်က ဓားအင်မော်တယ်ယွဲ့ဟွားဖြစ်လေသည်။ ထိုအချိန်တုန်းက ဆူဇီမိုသည် မဟူရာအင်မော်တယ်တစ်ယောက်မျှသာဖြစ်ပြီး ဓားအင်မော်တယ်ယွဲ့ဟွားက သူ့ကိုမှတ်မိချင်မှ မှတ်မိပေလိမ့်မည်။ သို့သော်လည်း သူက ဓားအင်မော်တယ်ယွဲ့ဟွားကို ကောင်းကောင်းမှတ်မိလေသည်။
အစတုန်းက ဆူဇီမိုသည် ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်သို့ မဝင်ရောက်လိုခဲ့သည့် အကြောင်းအရင်းမှာ သူတို့ထိတွေ့ဆက်ဆံမိလျှင် တစ်စုံတစ်ရာဖြစ်ပျက်လာမည်ကို သူကစိုးရိမ်ပူပန်နေခဲ့သောကြောင့်ဖြစ်၏။
သူသည် တက္ကသိုလ်သို့ဝင်ရောက်လာပြီး နှစ်တစ်ထောင်မပြည့်ခင်မှာပင် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
ယန်လောရှုသည် ဦးဆောင်လာသော ဓားအင်မော်တယ်ယွဲ့ဟွားကို တွေ့မြင်သောအခါ သူ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုအကြည့်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။
အခြားတစ်ဘက်မှာတော့ ဖန့်ချင်းယွင်၏ နှုတ်ခမ်းက ကွေးညွှတ်သွား၏။
မင်္ဂလာတိမ်စိုင်ပေါ်မှာ ဓားအင်မော်တယ်ယွဲ့ဟွားက တစ်ချိန်လုံး မည်သူ့ကိုမှကြည့်ရှုမနေပေ။
သူသည် တိမ်စိုင်ပေါ်မှာမတ်တတ်ရပ်ပြီး အပြင်ဂိုဏ်းမှာဖြစ်ပျက်နေသည့်အရာများကို စိတ်ဝင်စားမှုမရှိသည့်အလား အဝေးတစ်နေရာကိုငေးကြည့်နေ၏။
အမျိုးသားတစ်ယောက်က မင်္ဂလာတိမ်စိုင်ပေါ်ကနေ ဆင်းသက်လာခဲ့၏။
အကြီးအကဲကျန့်က ရှေ့သို့အလောတကြီးတက်ပြီး သူ၏ လက်နှစ်ဖက်ကို ယှက်လိုက်၏။
“မင်္ဂလာပါ စီနီယာအစ်ကိုရှောင်”
သူသည် ပကတိအင်မော်တယ်တစ်ဦးဖြစ်သော်လည်း သူသည် ပေါင်းစည်းခြင်းနယ်ပယ်မှာသာရှိပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က သူ့ရှေ့မှာရှိသောရှောင်လီကို မယှဥ်နိုင်ပေ။
ဒါ့အပြင် အတွင်းဂိုဏ်းစည်းကမ်းထိန်းသိမ်းရေးအကြီးအကဲများသည် အမိန့်အာဏာကိုပိုင်ဆိုင်ထားသော်လည်း သူတို့သည် အမွေခံတပည့်များကို မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် တက္ကသိုလ်မှာရှိသော အမွေခံတပည့်များအားလုံးနီးပါးသည် အတွင်းဂိုဏ်းစည်းကမ်းထိန်းသိမ်းရေး အကြီးအကဲများထက် ပိုမိုမြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားကြ၏။
“ဘာတွေဖြစ်နေတာလဲ... ဒီနေရာမှာဘာလို့ လူတွေဒီလောက်များနေတာလဲ”
ရှောင်လီကမေးလိုက်၏။
အကြီးအကဲကျန့်က စကားပြောတော့မည့်ဆဲဆဲမှာပင် ဖန့်ချင်းယွင်၊ ထန်ပန်နှင့် ယန်ပင်းယင်တို့က ရှေ့သို့တက်လာပြီး သူ့ကိုကြိုဆိုကာ ဦးညွှတ်လိုက်၏။
“မင်္ဂလာပါ စီနီယာအစ်ကိုရှောင်”
“အို... ချင်းယွင်... မင်းတို့တွေပဲ”
ရှောင်လီက ဖန့်ချင်းယွင်နှင့် အခြားသူများနှင့် အလွန်တရာရင်းနှီးမှုရှိပုံရလေသည်။ သူက အနည်းငယ်ခေါင်းညိတ်ပြီး ပြုံးလိုက်၏။
“မင်းတို့တွေက ပကတိအင်မော်တယ်တွေဖြစ်လာဖို့ ကောင်းကောင်းကျင့်ကြံပြီး မင်းတို့ရဲ့တာအိုသစ်သီးတွေကို တတ်နိုင်သမျှမြန်မြန်စုဖွဲ့သင့်တယ်... တက္ကသိုလ်မှာ ငါတို့က မင်းတို့တွေကို စောင့်နေကြတာ”
အပြင်ဂိုဏ်းဖြစ်စေ... အတွင်းဂိုဏ်းဖြစ်စေ... မည်သည့်ဂိုဏ်းကမှ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ အစစ်အမှန်တက္ကသိုလ်မဟုတ်ဟု ဆူဇီမိုသည် မင်းသမီးသက်တံနီထံမှ ကြားဖူးထား၏။
အစစ်အမှန်တက္ကသိုလ်က အမွေခံတပည့်များ ကျင့်ကြံရာနေရာဖြစ်၏။
အဲ့ဒါက အစစ်အမှန်သုခဘုံဖြစ်လေသည်။
ဖန့်ချင်းယွင်နှင့် အခြားသူများသည် ရှောင်လီနှင့် ဘယ်လောက်တောင်ရင်းနှီးမှုရှိနေသည်ကို တွေ့ရသောအခါ ကိစ္စများက ပြေပြေလည်လည်ရှိတော့မှာမဟုတ်ဘူးဆိုတာ ဆူဇီမိုက သိလိုက်၏။
ရှောင်လီ၏ စကားကိုကြားရပြီးနောက် ဖန့်ချင်းယွင်က ပြုံး၍ခေါင်းညိတ်ပြလိုက်၏။
“မပူပါနဲ့ စီနီယာအစ်ကိုရှောင်... ကျုပ်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ တက္ကသိုလ်အတွက် ကောင်းကင်အဆင့်နံပါတ်-၁ နေရာကို ရယူပြီးတာနဲ့ ကျုပ်က သေချာပေါက်တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ပြီး ပကတိအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းလာခဲ့မယ်... အဲ့ဒီအချိန်ကျရင် ကျုပ်က စီနီယာအစ်ကိုရှောင်ရဲ့လမ်းညွှန်မှုကို လာပြီးခံယူမယ်”
“ငါ့ရဲ့ကျင့်ကြံမှုက မလုံလောက်ဘူး”
ရှောင်လီက သူ၏ ခေါင်းကိုခါပြီး အတွေးတစ်ခုနှင့်အတူ မင်္ဂလာတိမ်စိုင်ရှိရာဘက်သို့ ကြည့်လိုက်၏။
“မင်းတို့တွေက အမွေခံတပည့်တွေ ဖြစ်လာမယ်ဆိုရင် မင်းတို့တွေကိုလမ်းညွှန်ပြသပေးမယ့်သူက စီနီယာအစ်ကိုယွဲ့ဟွားပဲ”
ဖန့်ချင်းယွင်၊ ထန်ပန်၊ ယန်ပင်းယင်နှင့် အခြားသူများက ကျေနပ်သဘောကျသွား၏။
ထိုစဥ်မှာပင် ဖန့်ချင်းယွင်က သက်ပြင်းတစ်ချက်ချပြီး သူ၏ ခေါင်းကိုခါယမ်းလိုက်၏။
“ကံဆိုးစွာနဲ့ပဲ... ဂျူနီယာညီဖန်းကတော့ ကျုပ်တို့နဲ့လိုက်ပါလာနိုင်မှာ မဟုတ်တော့ဘူး”
“ဂျူနီယာညီဖန်းလား”
ရှောင်လီကမျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ဂျူနီယာညီဖန်းယွီလေ”
အံကိုကြိတ်ပြီး ထန်ပန်က ယန်လောရှုကိုစိုက်ကြည့်ကာ မုန်းတီးစွာပြောလိုက်၏။
“ဂျူနီယာညီဖန်းက..... ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ နိမ့်ကျသက်ရှိယန်လောရှုရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရပြီ”
“ယန်လောရှု”
ထိုနာမည်ကိုကြားချိန်မှာ ရှောင်လီ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲပေါ်ထွက်လာ၏။
သူက မင်္ဂလာတိမ်စိုင်ပေါ်ရှိ ဓားအင်မော်တယ်ယွဲ့ဟွားကို အလိုလိုလှည့်ကြည့်လိုက်၏။
ဓားအင်မော်တယ်ယွဲ့ဟွားက လှည့်ကြည့်မလာသေးပေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိထက်ရှမှုက ပိုမိုသိပ်သည်းစုဖွဲ့လာပြီး ပို၍အေးစက်လာပုံရလေသည်။
ရှောင်လီက နားလည်သဘောပေါက်သွားပြီး ယန်လောရှုကိုလှည့်ကြည့်ကာ အေးစက်စွာပြောလိုက်၏။
“မင်းက... ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ လူတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုမှတော့ မင်းအသက်နဲ့ပြန်ပြီးပေးဆပ်ရမယ်”
ထိုသို့ပြောလိုက်သည့်ခဏမှာပင် ယန်လောရှုသည် သူ့ကိုလွှမ်းခြုံလာသည့် အေးစက်နေသောစိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရ၏။
နောက်ခဏ၌ ကပ်ဘေးတစ်ခုက သူ့အပေါ်ကိုဆင်းသက်လာတော့မည့်အလားပင်။
သူသည် ပကတိအင်မော်တယ်ပညာရှင်တစ်ဦး၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပစ်မှတ်ထားခံလာရပြီဖြစ်၏။
“အဟမ်း... အဟမ်း...”
အကြီးအကဲကျန့်က တံတွေးမျိုချ၍ ချောင်းဟန့်ကာ ဂရုတစိုက်ပြောလိုက်၏။
“စီနီယာအစ်ကိုရှောင်... ဒီကိစ္စက အဲ့ဒါထက်ပိုတယ်... အကြောင်းရင်းက...”
“ဒီကိစ္စမှာ ဘာကပိုနေလဲ ငါဂရုမစိုက်ဘူး”
ရှောင်လီကလက်ကာပြပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါသိလိုက်တာကတော့ ဂျူနီယာညီဖန်းယွီက ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ အဲ့ဒီလူရဲ့သတ်ဖြတ်တာခံလိုက်ရတယ်... ငါက ဂျူနီယာညီဖန်းအတွက် တရားသဖြင့်ဆောင်ရွက်ပေးရမယ်”
ထိုသို့ပြောပြီးနောက် ရှောင်လီ၏ မျက်လုံးထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ၎င်း၏ အထွတ်အထိပ်ထိ မြင့်တက်လာခဲ့ပြီဖြစ်ပြီး သူက အချိန်မရွေးတိုက်ခိုက်လာနိုင်၏။
ဆူဇီမို၏ အမူအရာက သုန်မှုန်လာပြီး လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။
ဖန်းယွီသည် သူ၏ တဒင်္ဂအခိုက်အတန့်ကြောင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်၏။
ယန်လောရှုသည် ဤကိစ္စမှာ သူ့ကိုယ်စား အပြစ်တင်ပြောဆိုခံနေရခြင်းဖြစ်၏။
ယန်လောရှုသည် တက္ကသိုလ်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး တက္ကသိုလ်၏ အခြေအနေများစွာနှင့်ပတ်သက်၍ သေချာပေါက်သိရှိထားပေလိမ့်မည်။
သူက ဤအခြေအနေကိုမျှော်လင့်ထားခဲ့သောကြောင့်သာ ဆူဇီမိုကိုဝန်မခံဖို့ ပြောခဲ့ခြင်းဖြစ်၏။
သို့သော်ယခု... ယန်လောရှုက ရှောင်လီ၏ လက်ထဲမှာသေရတော့မည်ဖြစ်ပြီး ဆူဇီမိုက အဲ့ဒါကို ဆက်လက်၍ သည်းမခံနိုင်တော့ပေ။
သူက ယန်လောရှုကို သူ့ကိုယ်စားအသေမခံနိုင်ပေ။
ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဖန်းယွီက...”
“တိတ်တိတ်နေ”
ဆူဇီမိုက စကားစပြောလိုက်စဥ်မှာပင် ယန်လောရှု၏ အသံက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာ၏။
ထိုအသံကကျယ်ပြော၍ ဖြောင့်မတ်မှန်ကန်ပြီး သူ၏ ခေါင်းထဲမှာတဝီဝီမြည်ကာ သူက စကားကို ဆက်လက်၍မပြောနိုင်တော့ပေ။
ယန်လောရှုက အနည်းငယ်ရွေလျားပြီး ဆူဇီမိုကို သူ၏ နောက်မှာထားကာ ပိတ်ရပ်လိုက်၏။ သူက လေထဲမှာရှိသောရှောင်လီကို အကြောက်အလန့်ကင်းမဲ့စွာအော်ပြောလိုက်၏။
“စီနီယာအစ်ကိုရှောင်... ဂျူနီယာညီဖန်းက ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ သေခဲ့ရတယ်... ဒါပေမဲ့ သူက သူ့ရဲ့ဂိုဏ်းသားအဖော်တွေကို အရင်စပြီးသတ်ဖို့ကြိုးစားခဲ့တယ်... ခင်ဗျားက တက္ကသိုလ်ရဲ့စည်းမျဥ်းစည်းကမ်းကို လျစ်လျူရှုပြီး အမှန်တရားကိုသိရဖို့မလိုဘဲ ကျုပ်ကိုချက်ချင်းသတ်ဖြတ်ချင်တယ်ပေါ့... တက္ကသိုလ်က ခင်ဗျားကို အပြစ်ပေးမှာမကြောက်ဘူးလား”
“တော်တော်လျှာစောင်းထက်နေတာပဲ”
ရှောင်လီ၏ အမူအရာက အေးစက်လာပြီး ခက်ထန်စွာပြောလိုက်၏။
“အတွင်းဂိုဏ်းတပည့်တစ်ယောက်ပဲဖြစ်တဲ့ မင်းလိုနိမ့်ကျသက်ရှိက ငါ့ကိုဘယ်လိုတောင်ခြိမ်းခြောက်ရဲတာလဲ... ဒီနေ့မင်းကိုသတ်ဖြတ်တဲ့အတွက် တက္ကသိုလ်မှာဘယ်သူက ငါ့ကိုအပြစ်ပေးနိုင်မလဲ ကြည့်ရသေးတာပေါ့”
ထိုသို့ပြောရင်း ရှောင်လီက သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖိအားတစ်ခုကိုထုတ်ဖော်ပြီး ဆင်းသက်လာခဲ့၏။
သူကယန်လောရှုကို တည်နေရာခုန်ကူးခြင်းမထုတ်ဖော်နိုင်အောင် ချုပ်နှောင်ထားလေသည်။
တစ်ချိန်တည်းမှာပင် ရှောင်လီက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး အစစ်အမှန်အမြုတေကိုစုဖွဲ့လိုက်၏။
ဧရာမ အစစ်အမှန်အမြုတေလက်ဖဝါးတစ်ဖက်က သိပ်သည်းစုဖွဲ့လာပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ယန်လောရှုရှိရာဘက်သို့ အညှာအတာမဲ့စွာ ခုတ်ပိုင်းကျဆင်းလာခဲ့၏။