ထိန်းမနိုင်သိမ်းမရနည်းလမ်းများ
Vol. 146 Ch. 2186
အလားအလာရှိသော ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပညာရှင်နှစ်ယောက်အပြင် ရွှယ်ယွမ်သည် တက္ကသိုလ်၏ တပည့်တစ်ယောက်ကို စိန်ခေါ်ရဲရသည့်အကြောင်းအရင်းမှာ ဤနေရာသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်ဖြစ်နေသောကြောင့်ပင်။
ပဋိပက္ခတစ်ခုက ပြင်းထန်လာမည်ဆိုလျှင် မြို့စောင့်တပ်သားများက အခြေအနေကိုထိန်းသိမ်းဖို့အတွက် ဤနေရာသို့ သေချာပေါက် ရောက်ရှိလာပေလိမ့်မည်။
ဤသံဓားက တစ်နည်းတစ်ဖုံထူးဆန်းနေ၏။ သူသည် အဲ့ဒါကိုရရှိထားပြီဆိုမှတော့ အလွယ်တကူလက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
“မင်းအဲ့ဒါကိုပြန်မပေးသေးဘူးလား”
ဆူဇီမိုက တည်ငြိမ်သောလေသံဖြင့် ခပ်အုပ်အုပ်ပြောလိုက်လေသည်။
ရွှယ်ယွမ်က ညင်သာစွာပြုံးလိုက်၏။ သူက ဆက်လက်၍အချိန်ဆွဲစကားပြောတော့မည့်ဆဲဆဲမှာပင် သူ၏ အမြင်အာရုံက ဝေဝါးသွားသည်ဟုခံစားလိုက်ရပြီး ပုံရိပ်တစ်ခုက မွန်းကျပ်ဖွယ်ရာ အော်ရာတစ်ခုနှင့်အတူ လေထုကို ဖြတ်ကျော်လာခဲ့၏။
ဆူဇီမိုက ချဥ်းကပ်လာခဲ့ပြီဖြစ်ပြီး တစ်ပေပင်မကွာဝေးတော့ပေ။
အဲ့ဒါက အရမ်းကိုမြန်ဆန်လွန်း၏။
စောစောကသူသည် ကြော့ရှင်းသန့်ပြန့်သော စာပေသမားတစ်ယောက်သွင်ပြင်မှာရှိနေခဲ့၏။ တစ်ခဏချင်းမှာပင် သူက လောကကိုပင်ဝါးမျိုနိုင်သော ရှေးဟောင်းတောကောင်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပုံရလေသည်။
သူ၏ ဆိုးယုတ်ချီက အစိုင်အခဲဖွဲ့လုနီးပါးဖြစ်ပြီး တလိပ်လိပ်ထိုးတက်လာ၏။
ရွှယ်ယွမ်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။
သူက ကြောက်လန့်သွားပြီး သူ၏ အော်ရာက ချက်ချင်းပင်ဖိနှိမ်ခံလိုက်ရ၏။
“အခြေအနေမကောင်းတော့ဘူး”
ရွှယ်ယွမ်က ရင်တစ်ချက်ထိတ်သွား၏။
ထိုအခိုက်အတန့်မှာ သူသည် စဦးအရေးနိမ့်သွားပြီး ဆူဇီမို၏ နောက်ပိုင်းတိုက်ခိုက်မှုကို သေချာပေါက်ခုခံနိုင်မှာမဟုတ်တော့ဘူးဆိုတာ နားလည်သိရှိသွား၏။
“နောက်ဆုတ်”
ရွှယ်ယွမ်ကလျင်မြန်စွာနောက်ဆုတ်လိုက်၏။
သူက မဆုတ်ခွာရသေးခင်မှာပင် သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး နတ်ဘုရားစွမ်းအားများကို စုဖွဲ့ဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပုံရိပ်တစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး သူ၏ သွေးချီက ဆူနာမီအသံတစ်ခုနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ သူကလက်သီးကိုမြှောက်ပြီး ချဥ်းကပ်လာသောဆူဇီမိုရှိရာသို့ ပစ်ထိုးလိုက်၏။
အဲ့ဒါက တို့ယွမ်ဖြစ်လေသည်။ သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးအဆင့်၂၀ထဲဝင်ရောက်ဖို့ အလားအလာရှိသောသူဖြစ်လေသည်။
အစကတော့ တို့ယွမ်၏ နောက်ခံက သာမန်သာဖြစ်၏။
သို့သော်လည်း သူ၏ ထူးချွန်ထက်မြတ်သော ပါရမီအရည်အချင်းကြောင့် သူသည် ရွှယ်ကလန်၏ ရွေးချယ်ခြင်းခံရပြီး အလေးအနက်ထားကာ ပြုစုပျိုးထောင်ခံထားရလေသည်။
တဖြည်းဖြည်းနှင့် သူသည် ဂမ္ဘီရမိုးကောင်းအင်မော်တယ်မဟာနယ်မြေမှာ ကျော်ကြားလာခဲ့၏။
ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲအပြီးမှာ ရွှယ်ကလန်က သူ့ကိုမျိုးရိုးနာမည် ‘ရွှယ်’ကို ပေးအပ်နှင်းဖို့ပြင်ဆင်ထားလေသည်။
“ထွက်သွားစမ်း”
ဆူဇီမိုက အော်ငေါက်လိုက်ပြီး သူ့ကိုလှည့်ကြည့်ခြင်းပင်မရှိဘဲ တို့ယွမ်၏ လက်သီးရှိရာသို့ ပစ်ထိုးလိုက်၏။
ဘန်း
လက်သီးနှစ်လုံးက ထိတွေရိုက်ခတ်ပြီး ပတ်ဝန်းကျင်လေဟာနယ်က လှုပ်ခါသွား၏။
အရိုးများကြိတ်ချေသံက အလွန်တရာချောက်ချားစရာပုံစံဖြင့် ထွက်ပေါ်လာခဲ့၏။
ဆူဇီမိုသည် ခဏမျှရပ်တန့်ပြီး မြေပြင်ကိုဆောင့်နင်းကာ လမ်းမရှည်ကိုတုန်ခါသွားစေ၏။
သူ၏ အလျင်အဟုန်က နောက်တစ်ဖန်မြင့်တက်လာပြီး ရွှယ်ယွမ်နောက်သို့ ပြေးလိုက်သွား၏။
တို့ယွမ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူကနောက်သို့ဆက်တိုက်ဆုတ်လိုက်ရ၏။
သူ၏ ခြေလှမ်းတိုင်းက လမ်းမရှည်ပေါ်သို့ ပြင်းထန်စွာဆင်းသက်သွားပြီး တုန်ခါသံများကို ထွက်ပေါ်လာစေ၏။
“မင်းက ငါ့ဆီကထိုးချက်တစ်ချက်ကို ခံယူနိုင်တယ်ဆိုတော့ မဆိုးဘူးပဲ”
ဆူဇီမိုက တို့ယွမ်ဘေးကနေဖြတ်ကျော်လာပြီး မှင်သေသေဖြင့်ပြောလိုက်၏။
အစကတော့... တို့ယွမ်သည် ဆူဇီမိုကို ထိုထိုးချက်ဖြင့် နောက်ပြန်လှန်ကျစေဖို့ ရည်ရွယ်ထားခဲ့၏။
သို့သော်လည်း သူ၏ ထိုးချက်သည် ဆူဇီမိုကို ခဏမျှသာရပ်တန့်စေမည်ဟု သူကထင်မှတ်မထားခဲ့ပေ။
သူကတော့ လွင့်စင်ထွက်လုနီးပါးဖြစ်ပြီး သူ၏ ဆူနာမီသွေးချီက ဆူဇီမို၏ ထိုးချက်ဖြင့် ဟန့်တားနှောက်ယှက်ခံလိုက်ရ၏။
သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး၂၀ ထဲ ဝင်ရောက်နိုင်သည်ဟု မှတ်ယူထားသည်မှာ သူ့မှာ သန်မာသောကိုယ်ကာယ၊ တုန်လှုပ်စရာကောင်းသော သက်လုံအား၊ တလိပ်လိပ်ထိုးတက်လာသော သွေးချီနှင့် ကြောက်စရာကောင်းသော အနီးကပ်တိုက်ခိုက်ရည်ခွန်အားတို့ ရှိနေသောကြောင့်ဖြစ်၏။
သို့သော်လည်း ယနေ့မှာ နုနယ်ပုံရသော စာပေသမားတစ်ယောက်၏ ထိုးချက်တစ်ချက်ဖြင့် သူက နောက်ပြန်တွန်းလှန်ထုတ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဆူဇီမိုက ရွှယ်ယွမ်ထံသို့ ပြေးဝင်သွားသည်ကို တွေ့မြင်သောအခါ တို့ယွမ်ကရှေ့သို့တိုးပြီး ရွှယ်ယွမ်ကိုကယ်တင်ချင်လေသည်။
သို့သော်လည်း သူလှုပ်ရှားလိုက်သည့်ခဏမှာပင် သူ၏ ရင်ဘတ်က ချာလပတ်လည်သွားသည်ဟု ခံစားလိုက်ရ၏။
သူက သူ၏ အင်္ကျီလက်စကို ခပ်မြန်မြန်မြှောက်ပြီး သူ၏ မျက်နှာကိုအုပ်လိုက်၏။ ထို့နောက်သူက သူ၏ အင်္ကျီလက်စပေါ်သို့ သွေးများစွာကို ထွေးထုတ်လိုက်ရ၏။
ထိုအခိုက်အတန့်မှာ လူတိုင်း၏ စိတ်အာရုံက ဆူဇီမိုပေါ်သို့ရောက်ရှိနေပြီး အဲ့ဒါကိုမည်သူကမှ မမြင်လိုက်ပေ။
တို့ယွမ်က တုန်လှုပ်သွား၏။
သူကထိုးချက်တစ်ချက်တည်းဖြင့် ထိခိုက်ဒဏ်ရာရသွားခဲ့၏။
ဒီတက္ကသိုလ်တပည့်ဂိုဏ်းသားက ဘယ်သူပါလိမ့်။
အခြားတစ်ဘက်မှာတော့ ဆူဇီမို၏ အလျင်အဟုန်က တုန်လှုပ်စရာကောင်းပြီး သူက နောက်ဆုတ်သွားသောရွှယ်ယွမ်ကို တစ်ခဏချင်းမှာပင် လိုက်မီသွား၏။
တောက်လောင်ပြင်းပြသော အကြည့်တစ်ခုနှင့်အတူ သူ၏ လက်ဖဝါးကိုဆန့်ထုတ်ပြီး ထိုသူကိုဖိနှိမ်ဖို့အတွက် မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို စုဖွဲ့လိုက်၏။
“သတ်”
ရွှယ်ယွမ်က ဟိန်းဟောက်လိုက်ပြီး သူ၏ အဆင့်မြင့်နတ်ဘုရားစွမ်းအား အဆူရာတာအိုကို ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ ဘေးနားမှာရှိသော ရွှယ်ကလန်အစောင့်တပ်သားများက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။ သူတို့ထဲမှအချို့က ဓမ္မရတနာများကို ဆင့်ခေါ်ပြီး၊ အချို့က အင်မော်တယ်ပညာရပ်များကို ထုတ်ဖော်ကာ အချို့က နတ်ဘုရားစွမ်းအားများကို စုဖွဲ့လိုက်ကြ၏။
“ပျက်စမ်း”
ဘေးပတ်လည်ရှိ ဓမ္မရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုက ရှောင်တိမ်းခြင်းမရှိဘဲ အော်ဟစ်လိုက်၏။
ထိုအသံက နဂါးဟိန်းသံလျှို့ဝှက်အသံလောက် ကြောက်စရာမကောင်းသော်လည်း ၎င်းမှာ မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကဲ့သို့ အသံပိုင်းလျှို့ဝှက်အတတ်များ၏ ဓမ္မအစီအရင်ပါဝင်နေ၏။
ဘေးပတ်လည်ရှိ ရွှယ်ကလန်အစောင့်တပ်သားများ၏ အမူအရာများက ပြောင်းလဲသွား၏။
ယခုတင် စုဖွဲ့လာသော နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များက ပျက်ပြယ်သွားလေသည်။
ဆင့်ခေါ်ထားသော ဓမ္မရတနာများကလည်း လေထဲကနေပြုတ်ကျလာခဲ့၏။
အစောင့်တပ်သားများမှာ နာကျင်နေသောအမူအရာများရှိလာပြီး သူတို့၏ ခေါင်းများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကြ၏။
သူတို့သည် သူတို့၏ နားများထဲမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားနေရပြီး သူတို့၏ စိတ်များက တဝီဝီမြည်၍ ဗလာကျင်းနေ၏။
ထိုလူများသည် ရွှယ်ယွမ်ကို ကာကွယ်ဖို့နေနေသာ သူတို့ကိုယ်သူတို့ပင် အနိုင်နိုင်ကာကွယ်နေရ၏။
ဆူဇီမိုသည် နဂါဟိန်းသံလျှို့ဝှက်အတတ်ကို တိုက်ရိုက်အသက်သွင်းခဲ့ခြင်းမရှိပေ။ တစ်ဘက်မှာတော့ အဲ့ဒါသည် သူ၏ ဝှက်ဖဲဖြစ်ပြီး သူက အဲ့ဒါကို အလွယ်တကူ အသုံမပြုလိုသောကြောင့်ဖြစ်၏။
အခြားတစ်ဘက်မှာတော့... ရွှယ်ကလန်အစောင့်တပ်သားများသည် နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်သည့်အခါ သေဆုံးရဖို့ဖြစ်နိုင်ခြေများလေသည်။
ဆူဇီမိုသည် ရွှယ်ယွမ်ကိုသင်ခန်းစာတစ်ခုပေးပြီး သံဓားကို ပြန်ရယူချင်ရုံသာဖြစ်လေသည်။ သူသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကိုစတင်ဖို့ စိတ်ကူးမရှိပေ။
သူတို့ကြားမှာ နက်ရှိုင်းသော ရန်ငြိုးရန်စလည်းမရှိပေ။
တစ်ဘက်မှာတော့ တို့ယွမ်၏ သွေးချီက တည်ငြိမ်လာခဲ့ပြီဖြစ်၏။ သူကရှေ့သို့လှုပ်ရှားလိုက်သည့်ခဏမှာပင် သူက မတိုက်ခိုက်ရသေးခင် အော်ဟစ်သံတစ်သံကိုကြားလိုက်ရ၏။
သူ၏ သွေးချီက ကသောင်းကနင်းဖြစ်သွားပြီး သူကဆက်လက်၍တောင့်မခံနိုင်တော့ပေ။ သူ၏ပါးစပ်ကိုခပ်မြန်မြန်အုပ်ပြီး နောက်ထပ်သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
အနီးဆုံးမှာရှိနေသော ရွှယ်ယွမ်ကလည်း ဆတ်ခနဲတုန်ယင်သွား၏။ သို့သော်လည်း သူ၏ ကိုယ်ကာယက တစ်မူထူးခြားပြီး အဲ့ဒါကို ခုခံဖို့အတွက် အံကိုတင်းတင်းကြိတ်လိုက်၏။
သူ၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားက ပျက်ပြယ်တော့မည့် လက္ခဏာများ ပြသလာသော်လည်း အဲ့ဒါက လုံးလုံးပျောက်ကွယ်မသွားပေ။
ထိုစဥ်မှာပင် မဟာကစဉ့်ကလျားအမြုတေလက်ဝါးက ဆင်းသက်လာခဲ့၏။
ဘုန်း...
ပျက်ပြယ်လုနီးပါးဖြစ်နေသော အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကိုမပြောနှင့် သိပ်သည်းစုဖွဲ့ထားသော အဆူရာတာအိုပင်လျှင် ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။
အဆူရာတာအိုက လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရပြီး ဧရာမလက်ဝါးတစ်ဖက်က ဆင်းသက်လာခဲ့၏။ ရွှယ်ယွမ်က ပြေးစရာနေရာမရှိတော့ဘဲ သူ့လက်ထဲရှိသံဓားကို ဆုပ်ကိုင်ကာ လက်ပြန်ပစ်ထိုးလိုက်၏။
မဟာကစဉ့်ကလျားအမြုတေလက်ဝါးက ဆင်းသက်လာပြီး သံဓားနှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင် စွမ်းအားများအားလုံးက ရုတ်တရက်ပျက်ပြယ်သွား၏။
ကြမ်းကြုတ်ခက်ထန်၍ ကြိတ်ချေလာသောစွမ်းအားက ရုတ်တရက်နူးညံ့သိမ်မွေ့သော စွမ်းအားတစ်ခုအဖြစ်ပြောင်းလဲသွား၏။
မာကြောမှုနှင့် နူးညံ့မှုအကြား အပြောင်းအလဲမှာ မည်သည့်လေးလံမှုမှမရှိဘဲ အဲ့ဒါက တုန်လှုပ်စရာကောင်းနေ၏။
ဆူဇီမိုသည် သူ၏ လက်ဖဝါးကို သံဓားပေါ်သို့တင်လိုက်၏။ ရစ်ပတ်၍ဆွဲခါလိုက်ပြီး သူကသံဓားကိုလက်ဗလာဖြင့် လုယူလိုက်၏။
တစ်ချိန်တည်းမှာပင် သူကရှေ့သို့နောက်ထပ်ခြေတစ်လှမ်းတိုးပြီး ရွှယ်ယွမ်၏ ရင်ဘတ်ကို ဖိချလိုက်၏။
“မင်း...”
ရွှယ်ယွမ်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏ တုံ့ပြန်မှုကလည်း မြန်ဆန်လေသည်။ သူက သူ၏ ရင်ဘတ်တစ်ခုလုံးကို နောက်သို့ချိုင့်ဝင်သွားစေ၏။ တစ်ချိန်တည်းမှာပင် သူ၏ လက်ကိုပြန်ရုပ်သိမ်းပြီး သူ့ရှေ့မှာပိတ်ဆို့တားဆီးလိုက်၏။
“ဟမ့်...”
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး ရွှယ်ယွမ်၏ လက်ကိုညင်သာစွာတွန်းကာ နောက်ပြန်ဆုတ်သွား၏။
ဖြောက်....
ရွှယ်ယွမ်၏ လက်က ကျိုးသွားပြီဖြစ်၏။
ဖြောက်... ဖြောက်... ဖြောက်...
ထို့နောက်ချက်ချင်းပင် ရွှယ်ယွမ်၏ ရင်ဘတ်ထဲကနေ ပေါက်ပေါက်ဖောက်သံကဲ့သို့ တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာ၏။
သူ၏ ခန္ဓာကိုယ်က ပျော့ခွေသွားပြီး မြေပြင်ပေါ်ကိုလဲပြိုကျကာ သွေးများကိုအန်ထုတ်လိုက်ရ၏။
ရွှယ်ယွမ်၏ ရင်ဘတ်ပေါ်တွင် ရှင်းလင်းသော လက်ဝါးရာတစ်ခုကပေါ်ထွက်လာ၏။
ဟာ...
လူတိုင်းက ပင့်သက်ကိုရှိုက်လိုက်၏။
စောစောက ဆူဇီမို၏လက်ဝါးရိုက်ချက်သည်ပေါ့ပါး၍ စွမ်းအားမဲ့ပုံရလေသည်။ ယခုအဲ့ဒါက ဤကဲ့သို့ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထားပြီဆိုတော့..။
သူသည် ရွှယ်ယွမ်၏ လက်ကိုချိုးခဲ့ရုံသာမက ထိုသူ၏ ရင်ညွန့်ရိုးကပါ ကြေမွသွားပြီး သူ၏ နှလုံးက စုတ်ပြဲသွား၏။
နှစ်ဘက်စလုံးက အလွန်တရာလျင်မြန်စွာဖြင့် တိုက်ခိုက်ဖလှယ်ခဲ့ကြ၏။
ဆူဇီမိုတိုက်ခိုက်ချိန်မှ အဆုံးသတ်သွားချိန်အထိ အဲ့ဒါက အသက်ငါးရှိုက်စာမျှသာ ကြာခဲ့လေသည်။
ဆူဇီမိုသည် ဘယ်တုန်းကမှ မလှုပ်ရှားခဲ့သည့်အလား သူရှိနေခဲ့သောနေရာမှာ အတိအကျမတ်တတ်ရပ်နေဆဲဖြစ်၏။ သူ၏ အစိမ်းရောင်ဝတ်ရုံက မည်သည့်အတွန့်အကြောင်းမှမရှိဘဲ သန့်ရှင်းသပ်ရပ်နေ၏။
သို့သော်လည်း သူ၏ လက်ထဲမှာ အပိုသံဓားတစ်လက်ရောက်ရှိနေ၏။
ရှေ့တည့်တည့်မှာရှိသောရွှယ်ကလန်ကတော့ သူတို့သည် လုံးဝကိုဖရိုဖရဲဖြစ်နေကြ၏။
တို့ယွမ်၏ အမူအရာက ပျက်ယွင်းသွား၏။
ရွှယ်ကလန်အစောင့်တပ်သားများက ငေးငိုင်သွားပြီး ရွှယ်ယွမ်သည် မြေပြင်ပေါ်သို့လဲကျကာ ဒဏ်ရာအပြင်းအထန် ရရှိသွား၏။
ဤကဲ့သို့ ထိန်းမနိုင်သိမ်းမရ နည်းလမ်းများက အနီးနားရှိလူအုပ်ကြားထဲမှာ ကြီးမားသောရုတ်ရုတ်သဲသဲအသံများကို ထွက်ပေါ်လာစေ၏။