ကမ္ဘာမြေအဆင့်သတ်မှတ်ချက်
Vol. 146 Ch. 2190
ပြန်ဝင်စား အင်မော်တယ်များ…။
ထိုစကားလုံးများမှာ ချောက်ချားစရာကောင်းသော မှော်စွမ်းအားတစ်ခု ပါဝင်နေပုံရ၏။ မင်းသမီး သက်တံနီသည် မည်သည့်အရာကိုမှ ဆက်လက်၍ မပြောဆိုတော့ဘဲ ရုတ်တရက် အသံတိတ်သွား၏။
လူတစ်ယောက်သည် ပြန်လည်မွေးဖွားချင်သည်ဆိုလျှင် သူတို့သည် အနည်းဆုံး ပကတိဧကနယ်ပယ်၏ ဗလာနယ်ဝိညာဉ်အထိ ရောက်ရှိနေရမည်ဟု သိုင်းတာအိုပင်မခန္ဓာထံမှ ဆူဇီမိုက ကြားဖူးထား၏။
မဟုတ်ပါက သူတို့ သေဆုံးသွားလျှင် သူတို့၏ ဝိညာဉ်များသည် ပျက်ပြယ်သွားပြီး သူတို့သည် ပြန်ဝင်စားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်သွားရပေလိမ့်မည်။ ထိုအခါ သူတို့သည် အနာဂတ်မှာ မည်သည့် သတ္တဝါများဖြစ်လာမည် သို့မဟုတ် သူတို့သည် မည်သည့်ကမ္ဘာမှာ မွေးဖွားလာမည်ကို မသိနိုင်တော့ပေ။
တကယ်ဆို သူတို့သည် ကမ္ဘာငယ်များမှာ ပြန်လည်မွေးဖွားလာပြီး အိမ်မွေးတိရစ္ဆာန်များပင် ဖြစ်နေနိုင်၏။
သူတို့သည် ကံကောင်း၍ ကောင်းမွန်သော နောက်ခံတစ်ခုကို ရရှိမည်ဆိုလျှင်တောင် သူတို့၏ အတိတ်ကာလ အမှတ်သညာများက ပျောက်ကွယ်သွားမည်ဟု ဆိုလိုလေသည်။
သို့သော်လည်း ဗလာနယ်ဝိညာဉ်နယ်ပယ်အထိ ကျင့်ကြံထားသော ပကတိအင်မော်တယ်များသည် သူတို့၏ ယခင်ဘဝ အမှတ်သညာများနှင့်အတူ ပြန်လည်မွေးဖွားလာနိုင်ပြီး သူတို့ ယခင်ဘဝက ကမ္ဘာမှာပင် ပြန်လည်မွေးဖွားလာဖို့ ဖြစ်နိုင်ခြေများလေသည်။
သူတို့သည် သူတို့ ယခင်ဘဝမှ ပညာရှင်တစ်ဦး၏ လမ်းညွှန်မှုကို ရရှိမည်ဆိုလျှင် သူတို့သည် သူတို့၏ ဂိုဏ်းများသို့ပင် ပြန်လည်ဝင်ရောက်နိုင်၏။
သူတို့သည် ပကတိဧကနယ်ပယ်သို့ နောက်တစ်ဖန် ကျင့်ကြံသောအခါ သူတို့သည် သူတို့၏ ယခင်ဘဝမှတ်ဉာဏ်များကို ပြန်လည်ရရှိလာပေလိမ့်မည်။
ရှဲ့ချင်းချန်က ဆက်ပြောလိုက်၏။
“အင်မော်တယ်ပျံဂိုဏ်းက ပြန်ဝင်စား အင်မော်တယ်ရဲ့ တာအိုဘွဲ့က ထိုက်ဟွာပဲ.. လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီက သူက အင်မော်တယ်ပျံဂိုဏ်းရဲ့အမွေခံတပည့်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်”
“ဒီဘက်မျိုးဆက်မှာ သူက အင်မော်တယ်ပျံဂိုဏ်းက ဂိုဏ်းချုပ်ရဲ့ လမ်းညွှန်မှုကို ရရှိခဲ့တယ်… သူ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ သူက အင်မော်တယ်ပျံဂိုဏ်းကို တစ်ဖန်ပြန်ဝင်ပြီး သူ့ရဲ့ တာအိုဘွဲ့ကို အရင်တိုင်းပဲ ပြန်ထားထားတယ်”
“နောက်ထပ် ပြန်ဝင်စား အင်မော်တယ်ရဲ့ တာအိုဘွဲ့က ဖုန်းယင်ပဲ.. သူက အင်ပါယာလေဘုရားကျောင်းက… သူက အရင်တုန်းက မိုးကောင်းကင်ကိုးလွှာ တွေ့ဆုံပွဲရဲ့ ပကတိအင်မော်တယ် အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး ၁၀ထဲကို ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုတယ်.. သူက ဒီတစ်ခေါက် ပြန်လည်မွေးဖွားလာတဲ့အချိန်မှာ အင်ပါယာလေဘုရားကျောင်းက အကြီးအကဲတစ်ယောက်ရဲ့ လမ်းညွှန်မှုကို ရရှိပြီး ဂိုဏ်းကို ပြန်ဝင်လာခဲ့တယ်”
“ထိပ်ဆုံး နှစ်နေရာအတွက် တိုက်ခိုက်စရာ မရှိဘူးဆိုရင်တောင် ထိပ်ဆုံး ၁၀ ထဲမှာ တခြား ၈ နေရာကရော.. သူတို့တွေက အဲ့လောက်ထိ သန်မာနေလို့လား”
မင်းသမီး သက်တံနီက တည်တံ့သော လေသံဖြင့် ပြောလိုက်၏။
“အစ်ကိုချင်းချန်.. ကျွန်မ ရှင့်ကို ပြောလိုက်မယ်… ဒီနှစ်တွေထဲမှာ တက္ကသိုလ်ကို ဝင်ရောက်ပြီးတဲ့နောက် ကျွန်မရဲ့ ကျင့်ကြံမှုနယ်ပယ်က ပြောင်းလဲမသွားဘူးဆိုပေမဲ့ ကျွန်မရဲ့ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ တိုးလာခဲ့ပြီ”
“ဒါက နန်းတော်ကနေ ကြိုတင်ခန့်မှန်းထားတဲ့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပဲ.. မင်းတို့တွေ အဲဒါကို တစ်ချက်ကြည့်လိုက်ကြ”
ရှဲ့ချင်းချန်က သူ၏ လက်ဖဝါးကို လှုပ်ရှားပြီး ဝါးစာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်လေသည်။
“ဂျူနီယာညီမ သက်တံနီ… ငါ့ကိုလည်း မိတ္တူတစ်ခု ပွားပေးပါလား”
ယဲ့ဖေးကလည်း စူးစမ်းလိုနေပြီး အဲဒါကို တောင်းခံလိုက်၏။
မင်းသမီး သက်တံနီက ပြောလိုက်၏။
“မပူပါနဲ့.. ကျွန်မ လူတိုင်းအတွက် မိတ္တူတစ်ခု ပွားပေးမယ်.. အဲဒါမှ ကျွန်မတို့က ကြိုတင်ပြင်ဆင်ထားလို့ ရမှာ”
ထိုသို့ပြောရင်း မင်းသမီး သက်တံနီက ဝါးစာလိပ်ကို သူမ၏ နှာရောင်ပေါ်မှာ တင်ပြီး သူမ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ မိတ္တူများ ပွားလိုက်လေသည်။
သိပ်မကြာခင် မိတ္တူများကို ခတ်နှိပ်ပြီးသွားပြီး တက္ကသိုလ်မှ လူတိုင်းထံသို့ ဖြန့်ဝေပေးလိုက်၏။
“ညီအစ်ကိုဆူ.. ခင်ဗျားရော အဲဒါကို ဘာလို့ မကြည့်တာလဲ”
ရှဲ့ချင်းချန်က ပြောလိုက်၏။
“ဒီဝါးစာလိပ်ကို နန်းတော်ထဲက အထူးကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေက သတင်းအချက်အလက်တွေ စုဆောင်းပြီးတော့ ပြုလုပ်ပေးထားတာပဲ.. အဲဒီမှာ ဒီတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်က ပြိုင်စံရှား တော်တော်များများ ပါဝင်ပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေလည်း ပါတယ်.. အဲဒါက မင်းတို့တွေအတွက် အသုံးဝင်မှုအချို့ ရှိလိမ့်မယ်”
ဆူဇီမိုက ကျေးဇူးတင်ကြောင်း ပြသပြီး ဝါးစာလိပ်ကို လက်ခံယူလိုက်၏။
ဝါးစာလိပ်ကို ပါးလွှာသော ဝါးပြားအချပ်တစ်ရာဖြင့် ပြုလုပ်ထားလေသည်။
ပထမဝါးချပ်ပေါ်မှာ တာအိုဘွဲ့တစ်ခုသာလျှင် ရှိလေသည်။
ဖုန်းယင်…။
ဆူဇီမိုသည် ဝါးချပ်ထဲသို့ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထိုးသွင်းလိုက်သောအခါ သူ၏ စိတ်ထဲမှာ မှတ်တမ်းတင်ထားသော စာလုံးတချို့နှင့်အတူ ပို၍ပင် ကြီးမားသော ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။
“အမည် - ဖုန်းယင်”
“အဆင့် - အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်”
“တိုက်ပွဲမှတ်တမ်း - …..”
“အကဲဖြတ်တန်ဖိုး - …..”
“သရုပ်သကန် - အင်ပါယာလေဘုရားကျောင်း၏ ပြန်ဝင်စား အင်မော်တယ်”
သူ၏ အမည်နှင့် သရုပ်သကန်က လွဲလျှင် ကျန်ရှိနေသော ခေါင်းစဉ်များက မည်သည့် သတင်းအချက်အလက်မှ မရှိဘဲ ဗလာကျင်းနေ၏။
ထိုစဉ်မှာပင် ရှဲ့ချင်းချန်၏ အသံက ထွက်ပေါ်လာ၏။
“ထိုက်ဟွာနဲ့ ဖုန်းယင်က ပြန်လည်မွေးဖွားလာပြီးတဲ့နောက် ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်မှာ ပေါ်ထွက်လာခဲတယ်.. သူတို့က တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့ကြတာ… ဒီလိုမျိုး မဟာပွဲတော်တစ်ခုမှာ သူတို့ ပေါ်ထွက်လာတယ်ဆိုတာ ပထမဆုံးအကြိမ်ပဲ”
“အဲဒါကြောင့် သူတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် များများစားစား မရှိဘူး”
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က ဒုတိယမြောက် ဝါးချပ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ပေါ်ထွက်လာသော သတင်းအချက်အလက်က ဖုန်းယင်နှင့် သိပ်မကွာပေ။
သူ၏ အမည်နှင့် သရုပ်သကန်က လွဲလျှင် တခြားအရာများက ဗလာကျင်းနေ၏။
ဝါးစာလိပ်ပေါ်မှာ ဝါးချပ်များကို ၁ ကနေ ၁၀၀ အထိ ဘယ်ညာ အစဉ်လိုက် စီထားလေသည်။
အဲဒီမှာ ဖုန်းယင်နှင့် ထိုက်ဟွာနှင့် ပတ်သက်၍ အသုံးဝင်သော သတင်းအချက်အလက်များ မရှိပေ။ ပြန်ဝင်စား အင်မော်တယ်များ ဟူသော သူတို့၏ သရုပ်သကန်များကပင်လျှင် သူတို့နှစ်ယောက်ကို ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး နှစ်နေရာထဲ ထည့်ထားဖို့ လုံလောက်နေ၏။
ပြန်ဝင်စား အင်မော်တယ်များ၏ ကြောက်မက်ဖွယ်ရာကောင်းမှုက သူတို့၏ ယခင်ဘဝမှတ်ဉာဏ်များထဲမှာ တည်ရှိနေ၏။
သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက လုံလောက်မှု မရှိဘဲ သူတို့၏ ယခင်ဘဝမှတ်ဉာဏ်များ အားလုံးကို ပြန်မရသေးသော်လည်း သူတို့မှတ်ဉာဏ်များ၏ တစ်စိတ်တစ်ပိုင်းကပင်လျှင် လုံလောက်အောင် ကြောက်စရာကောင်းနေပြီဖြစ်၏။
သူတို့သည် အဆက်မပြတ် ကျင့်ကြံ၍ သူတို့ ယခင်ဘဝများ၏ လမ်းကြောင်းပေါ်သို့ ပြန်လျှောက်နိုင်သည်နှင့် သူတို့ နိုးထလာစေမည့် မှတ်ဉာဏ်များက ပိုတိုးလာပေလိမ့်မည်။
သူတို့နှစ်ယောက်စလုံးသည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များ ဖြစ်သော်လည်း သူတို့သည် ပကတိအင်မော်တယ်များ၏ မှတ်ဉာဏ်များနှင့် တိုက်ခိုက်ရည်အတွေ့အကြုံများကို ပိုင်ဆိုင်ထားလေသည်။ ထိုအရာများက ကြောက်စရာအကောင်းဆုံး ဖြစ်၏။
ဆူဇီမိုက ဆက်လက်၍ ဖတ်ရှုလိုက်၏။
တတိယမြောက် ဝါးချပ်ပေါ်မှ ကမ္ဘာမြေအင်မော်တယ်က တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်းမှ အဆင့်-၉ ကမ္ဘာမြေအင်မော်တယ် ယွဲ့ဖုန် ဖြစ်လေသည်။
အဲဒီမှာ သူ၏ တိုက်ပွဲမှတ်တမ်းမှာ စကားလုံးရာချီ ရေးသားထားပြီး သူ့အတွက် အကဲဖြတ်တန်ဖိုးကလည်း အတော်လေး မြင့်မားလေသည်။ သတင်းအချက်အလက်စုဆောင်းသူများ၏ အဆိုအရ ပြန်ဝင်စား အင်မော်တယ်နှစ်ယောက်ကြောင့် မဟုတ်လျှင် ယွဲ့ဖုန်က ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို ရယူနိုင်ဖို့ များလေသည်။
လေးခုမြောက် နေရာကနေ ဆယ်ခုမြောက် နေရာအထိကို မဟာကျင်းအင်မော်တယ်နိုင်ငံ၊ အင်မော်တယ်ပျံဂိုဏ်း၊ တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်း၊ ယန်ယန်းအင်မော်တယ်နိုင်ငံ၊ အင်ပါယာလေဘုရားကျောင်း၊ ကျိရွှမ်အင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ကလန်ကြီးတစ်ခုဖြစ်သော ဖန်းကလန်မှ ပြိုင်စံရှားတစ်ဦးတို့က အသီးသီး နေရာယူထားကြ၏။
အဆင့် ၁၁ သည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ ယဲ့ဖေး၊ အပြင်ဂိုဏ်း ပြိုင်ပွဲ၏ နံပါတ်တစ် ဖြစ်လေသည်။
“အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ယွင်လေရဲ့ အဆင့်သတ်မှတ်ချက်က ကျွန်မထက် နိမ့်ကျနေခဲ့တာပဲ… သူက ထိပ်ဆုံး ၁၀ နေရာထဲကို ဘယ်လိုလုပ်ပြီး ဝင်ရောက်လာတာလဲ”
မင်းသမီး သက်တံနီက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
မင်းသားယွင်လေသည် ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ဖြစ်သော်လည်း သူသည် ဤတစ်ခေါက်မှာ တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်းကို ကိုယ်စားပြုပြီး ဤအဆင့်သတ်မှတ်ချက်တွင် အဆင့် ၆ မှာ ရပ်တည်နေ၏။
ရှဲ့ချင်းချန်က ပြောလိုက်၏။
“နင့်ရဲ့ လှုပ်ရှားမှု နည်းစနစ်က သူ့ထက် မြန်ဆန်ပြီးတော့ နင်က မိုးကောင်းကင်ကိုးလွှာ အဆင့်သတ်မှတ်ချက်မှာ အသာစီးရရှိလိမ့်မယ်.. ဒါပေမဲ့ နောက်ဆုံး အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ နင်က သူ့ကို ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး”
ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး ၁၈ခုမြောက် ဝါးချပ်ပေါ်မှာ မင်းသမီး သက်တံနီ၏ အမည်ကို တွေ့မြင်လိုက်ရ၏။
“အမည် - သက်တံနီ”
“အဆင့် - အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်”
“တိုက်ပွဲမှတ်တမ်း - သူမသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်ခဲ့စဉ်က သူမသည် အဆင့်သေးတစ်ခု ဖြတ်ကျော်၍ အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့လေသည်။ သူမသည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်လာသည့်အခါ ယန်ယန်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မိသားစုပြိုင်ပွဲမှာ သူမက လူတိုင်းကို တုန်လှုပ်စေခဲ့၏။ သို့သော်လည်း သူမသည် နောက်ဆုံးမှာ မင်းသား ရှဲ့ယွင်ကို ရှုံးနိမ့်ခဲ့လေသည်။ သူမသည် လွန်ခဲ့သည့် နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဒုတိယနေရာကို ရရှိခဲ့သည်။”
“အကဲဖြတ်တန်ဖိုး - ကမ္ဘာမြေအင်မော်တယ်များကြားမှာ သူမ၏ လှုပ်ရှားမှု နည်းစနစ် အလျင်အဟုန်က ထိပ်ဆုံး ၃နေရာထဲ ဝင်ရောက်ဖို့ အဆင့်မီလေသည်။ မိုးကောင်းကင်ကိုးလွှာကြားမှာ သူမသည် ထိပ်ဆုံး ၁၀မှာ ရပ်တည်နိုင်လေသည်။ သို့သော်လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတစ်ခုမှာ သူမ၏ တိုက်ခိုက်ရည်ခွန်အားက သေချာပေါက် နိမ့်ကျနေပေလိမ့်မည်။”
“သရုပ်သကန် - ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ အပြင်ဂိုဏ်းတပည့်၊ ယန်ယန်း အင်မော်တယ်နိုင်ငံ၏ မင်းသမီး။”
ဝါးစာလိပ်ပေါ်မှာ အကဲဖြတ်တန်ဖိုးသည် ရှဲ့ချင်းချန် ပြောခဲ့သော အရာနှင့် များစွာ မကွာခြားပေ။ သူတို့သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ ပြိုင်စံရှားများ၏ သတင်းအချက်အလက်များကို စုဆောင်းဖို့အတွက် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ပုံရလေသည်။
သို့သော်လည်း ရှဲ့ချင်းချန်နှင့် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကနေ ဖော်ပြထားသည့် မိုးကောင်းကင်ကိုးလွှာဆိုတာကို ဆူဇီမိုက မသိရှိပေ။
သူသည်လည်းပဲ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ထဲမှာ ပါဝင်နေသလား၊ သူက ဘယ်အဆင့်မှာ ရပ်တည်နေသလဲ ဆူဇီမိုက သိချင်သွား၏။
သူသည် ဝါးစာလိပ်ကို စစ်ဆေးကြည့်ရှုပြီး အလယ်တစ်နေရာမှာ ရပ်တန့်သွား၏။
၄၉ ခုမြောက် ဝါးချပ်..။
“အမည် - ဆူဇီမို”
“အဆင့် - အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်”
“တိုက်ပွဲမှတ်တမ်း - လွန်ခဲ့သည့် နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ သူသည် သူ၏ ပြောင်မြောက်လှသောစွမ်းပကားကို ထုတ်ဖော်ပြသခဲ့ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်ကို သတ်ဖြတ်ခဲ့လေသည်။ သူသည် မင်းသားယွမ်ကျောကို ဆန့်ကျင်ခဲ့ပြီး မဟာနတ်မိမယ် လေးပါးထဲမှ ဒုံမင်းအင်မော်တယ်နှင့် ပန်းချီအင်မော်တယ်ကိုပင် ပေါ်ထွက်လာစေခဲ့ပြီး သူတို့နှစ်ယောက်ကို တိုက်ခိုက်လုနီးပါး ဖြစ်စေခဲ့၏။ နောက်ဆုံးမှာ သူသည် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲ၏ ပထမနေရာကို ရရှိခဲ့လေသည်။”
“အကဲဖြတ်တန်ဖိုး - ကြောက်စရာကောင်းသော မီးတောက်အင်မော်တယ် ပညာရပ်တချို့မှာ ကျွမ်းကျင်ပြီး တည်နေရာခုန်ကူးခြင်းနှင့် ဆင်တူသော လှုပ်ရှားမှု နည်းစနစ်တစ်ခုကိုပင် တတ်မြောက်ထားသည်။ သူ၏ ကိုယ်ကာယက သန်မာသော်လည်း သူ၏ မျိုးဆက်သွေးက သာမန်သာ ဖြစ်၏။ သူသည် သူ့ထက် အဆင့်ပိုမြင့်သော သန်မာသည့် ရန်သူများကို သတ်ဖြတ်နိုင်ပြီး ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်နှင့် အဆင့်မြင့် ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ် အစစ်အမှန်သုတ္တန်ကို ကျင့်ကြံထားလေသည်။”
“သူ၏ ယခင်အောင်မြင်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်များစွာ မရှိပေ။ အဲဒါကို အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲတစ်ခုတည်းကနေ အကဲဖြတ်ဖို့က ခက်ခဲလေသည်။ ဒါ့အပြင် သူ၏ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းပြီး သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်က တစ်ဦးတည်းသော အဆင့် ၈ ကမ္ဘာမြေအင်မော်တယ် ဖြစ်လေသည်။ အဲဒါက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ သူ၏ အားနည်းချက် ဖြစ်လာနိုင်ပြီး သူသည် လောလောဆယ်မှာ ထိပ်ဆုံး အဆင့် ၅၀ တွင် ရပ်တည်နေလေသည်။”
“သရုပ်သကန် - ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ အပြင်ဂိုဏ်းတပည့်၊ အောက်ဘုံကနေ တက်လှမ်းလာသည်။”
ထိုနေရာအရောက်တွင် ဆူဇီမိုက ပြုံးလိုက်၏။
သတင်းအချက်အလက် စုဆောင်းသူများသည် သူနှင့် ပတ်သက်သည့် သတင်းအချက်အလက် အတော်အတန်ကိုပင် စုဆောင်းမိထားလေသည်။
သို့သော်လည်း သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ပြေးလွှားနေခဲ့စဉ်က သူ့ကို အာရုံစိုက်ခဲ့သည့်သူ မရှိသလောက်နီးပါးဖြစ်ပြီး ထိုစဉ်တုန်းက သူ၏ အောင်မြင်မှုများကို သူတို့က သိရှိကြလိမ့်မည် မဟုတ်ပေ။