တက္ကသိုလ်ရဲ့အမည်
Vol. 146 Ch. 2185
“အစတုန်းကတော့... ငါကမင်းအဆင့်နဲ့ ဖက်ပြိုင်ဖို့စိတ်ကူးမရှိဘူး.... မင်းတို့လုပ်စရာရှိတာက ဒီနေရာကနေ အသာတကြည်ထွက်သွားပြီး ငါ့သခင်လေးကိုတောင်းပန်ဖို့ပဲ”
ရွှယ်ကလန်အစေခံက သက်လတ်ပိုင်းအရွယ်အမျိုးသား၏ လက်ဖဝါးကို တက်နင်းပြီး မလှမ်းမကမ်းမှာရှိသောလူငယ်ကို အေးစက်စွာစိုက်ကြည့်လိုက်၏။
“ဒါပေမဲ့... မင်းက ပါးစပ်ညစ်ညမ်းတဲ့ကောင်စုတ်ပဲ... မင်းငါ့ကိုဘယ်လိုတောင်အော်ငေါက်ရဲတာလဲ”
“အဆင့်မြင့်အင်မော်တယ်... ကျေးဇူးပြုပြီးစိတ်လျှော့ပါ”
သူ့လက်ဖဝါးမှ စူးရှသောနာကျင်မှုကို တောင့်ခံရင်း သက်လတ်ပိုင်းအရွယ် အမျိုးသားက ကြိုးစား၍ပြုံးလိုက်၏။
“ကျုပ်တို့က အဲ့ဒီအမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကိုလည်း ထပ်ပြီးမလိုချင်တော့ပါဘူး... ဟိုသံဓားကိုလည်း တောင်းပန်တဲ့အနေနဲ့ သခင်လေးအတွက် လက်ဆောင်အဖြစ်ယူထားလိုက်ပါ... အဆင့်မြင့်အင်မော်တယ် ကျေးဇူးပြုပြီး သနားညှာတာပေးပါ”
“ဟီးဟီး”
ရွှယ်ကလန်အစေခံက အူမြူးအားရစွာပြုံး၍ မလှမ်းမကမ်းတွင်ရှိသောလူငယ်ကိုစိုက်ကြည့်ကာ ကျိန်ဆဲလိုက်၏။
“ကောင်စုတ်... မြန်မြန်ဒူးထောက်စမ်း မင်းကိုယ်မင်း ပါးပြန်ရိုက်လိုက်”
လူငယ်၏ မျက်နှာက အမျက်ဒေါသဖြင့် ပြည့်နှက်နေပြီး သွေးများပေနေသော ရောင်ကိုင်းနေသည့် သူ့မျက်နှာက ပြာနှမ်းလာခဲ့ပြီဖြစ်၏။
“ကောင်စုတ်... မင်းကမကျေနပ်သေးဘူးလား”
ရွှယ်ကလန်အစေခံက ကျိန်ဆဲလိုက်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ကျိုးနေသောလက်ကို ထပ်နင်းလိုက်လေသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားက နာကျင်မှုဖြင့်တုန်ယင်သွားသော်လည်း သူကအသံတိတ်နေ၏။
ထိုသည်ကိုတွေ့မြင်သောအခါ လူငယ်၏ မျက်လုံးက မျက်ရည်များဖြင့် ပြည့်နှက်လာပြီး သူကဆက်လက်၍ တင်းမခံနိုင်တော့ပေ။
သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး သူ၏ ဒူးနှစ်ဖက်ကို ကွေးညွှတ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်၏။
ရုတ်တရက်ဆိုသလို... ။
လူငယ်၏ ဒူးနှစ်ဖက်က မြေပြင်နှင့်မထိခင်မှာပင် သိပ်သည်းပြင်းထန်သောခုခံအားတစ်ရပ်က သူ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း မတင်ပေးလာခဲ့၏။
လူငယ်ကမှင်တက်သွားပြီး အလိုလိုလှည့်ကြည့်လိုက်၏။
မသိလိုက်မသိဘာသာနှင့်ပင် လူတစ်ယောက်က သူ၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ဤလူက သူ့ကိုထူမပေးလိုက်ခြင်းဖြစ်၏။
ထိုလူမှာ ကြော့ရှင်းသန့်ပြန့်သောသွင်ပြင်များရှိပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ နှစ်ပေါင်းထောင်ချီကြာသွားသော်လည်း လူငယ်က တစ်ချက်ကြည့်ရုံဖြင့် သူ့ကိုမှတ်မိသွားပြီး အံအားတသင့်ရေရွတ်လိုက်၏။
“အစ်ကိုဆူ... အဲ့ဒါခင်ဗျားပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်မတွေ့ရသည်မှာ နှစ်ပေါင်းထောင်ချီကြာသွားခဲ့ပြီဖြစ်သော်လည်း ဆူဇီမို၏ သွင်ပြင်က များစွာပြောင်းလဲမသွားပေ။
သို့သော်လည်း ရှုရှောင်းထျန်က ကြီးပြင်းလာခဲ့ပြီဖြစ်၏။
ထိုသူနှစ်ယောက်သည် နဂါးအသူရာချောက်နက်မြို့တော်၏ ယခင်မြို့တော်အရှင်နှင့် သူ၏သား ရှုရှောင်းထျန်ဖြစ်လေသည်။
ထိုတစ်ခေါက်တုန်းက ဆူဇီမိုသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကို သွားဖို့အတွက် နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာလာခဲ့စဥ်က ရှုရှစ်က သူ့ကိုလမ်းညွှန်ပေးခဲ့လေသည်။
“ညီကိုဆူ”
ရှုရှစ်က လှည့်ကြည့်လိုက်ပြီး သူ၏ ဖြူဖျော့နေသောမျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အကြည့်တစ်ခုပေါ်ထွက်လာ၏။ သူကစကားပြောတော့မည့်ဆဲဆဲမှာပင် သူက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး သူ၏ စကားကို ခပ်မြန်မြန်ပြောင်းလဲလိုက်လေသည်။
“အဆင့်မြင့်အင်မော်တယ်ဆူ... မတွေ့ရတာကြာပြီနော်”
“မင်းခြေထောက်ကိုဖယ်လိုက်”
ဆူဇီမိုက ရွှယ်ကလန်၏ အစေခံကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“ဘာလို့လဲ... မင်းရဲ့ကျင့်ကြံမှုနယ်ပယ်က ငါ့ထက်နှစ်ဆင့်ပိုမြင့်နေတာနဲ့ပဲ မင်းကငါ့ကို ခြိမ်းခြောက်နိုင်မယ်ထင်လို့လား”
ရွှယ်ကလန်အစေခံက ဆူဇီမိုကိုစစ်ဆေးကြည့်ပြီး သူကအဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သည်ကို တွေ့မြင်သောအခါ သူကလုံးဝကြောက်လန့်မသွားလဲ လှောင်ရယ်လိုက်၏။
“ဘာလို့မင်းမျက်လုံးတွေကိုဖွင့်ပြီး မင်းဘယ်သူနဲ့စကားပြောနေလဲ မကြည့်ရတာလဲ... မင်းက ရွှယ်ကလန်က ငါ့လိုလူကို ဘယ်လိုတောင်ရန်စရဲ...”
ရုတ်တရက်ဆိုသလို...။
ပုံရိပ်တစ်ခုက ပေတစ်ရာကိုဖြတ်ကျော်လာပြီး ရွှယ်ကလန်အစေခံ၏ ရှေ့သို့ တစ်ခဏချင်းရောက်ရှိလာ၏။
ရွှယ်ကလန်အစေခံ၏ အသံက ယတိပြတ်ရပ်တန့်သွား၏။
ထို့နောက်ချက်ချင်းပင် ရွှယ်ကလန်အစေခံ၏ ခန္ဓာကိုယ်က လွင့်စင်ထွက်သွားလေသည်။ သူကလေထဲမှာရှိစဥ်မှာပင် သူ၏ နှလုံးကပေါက်ကွဲသွားပြီး သူ၏ ရင်ဘတ်ကနေ သွေးများကပန်းထွက်ကာ အရိုးများကျိုးသံတဖြောက်ဖြောက်ထွက်ပေါ်လာ၏။
ရွှယ်ကလန်အစေခံက မြေပြင်ပေါ်သို့လဲကျသွားသည့်အချိန်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရွှံ့တုံးကဲ့သို့ ပျော့ပြောင်းသွားပြီး သူ၏ အရွတ်များနှင့်အရိုးများက ကြေမွပျက်စီးကာ သူ၏ ကိုယ်တွင်းအင်္ဂါများက သွေးအလိမ်းလိမ်းဖြင့် စုတ်ပြတ်သတ်သွားလေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဒဏ်ရာပြင်းထန်စွာရရှိကာ လုံးဝကိုချို့ယွင်းပျက်စီးသွား၏။
ထိုအခါမှသာလျှင် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက တုံ့ပြန်လာနိုင်ပြီး အံအားတသင့်ရေရွတ်လိုက်ကြ၏။
ရွှယ်ကလန်မှ ကျင့်ကြံသူများစွာက သတိဝင်လာပြီး သူတို့၏ သိုလှောင်အိတ်များပေါ်သို့ လက်များတင်ကာ စိမ်းသက်သောအမူအရာများနှင့်အတူ ဆူဇီမိုကိုစိုက်ကြည့်ပြီး သူတို့၏ ဓမ္မရတနာများကို အချိန်မရွေးဆင့်ခေါ်ကာ တိုက်ခိုက်ဖို့ပြင်လိုက်ကြ၏။
ရွှယ်ကလန်မှလူတိုင်း၏ ကာကွယ်ပေးခြင်းခံထားရသော သခင်လေးရွှယ်ကလည်း မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဆူဇီမိုကိုမော့ကြည့်လိုက်၏။
သူ၏ အကြည့်က ဆူဇီမို၏ ခါးပေါ်ရှိ တံဆိပ်ပြားပေါ်သို့ ရောက်ရှိသွားပြီး ခဏမျှရပ်တန့်သွား၏။
ဆူဇီမိုက ရှုရှစ်ကို ထူမပေးလိုက်၏။
ရှုရှစ်က ဒဏ်ရအပြင်းအထန်မရရှိထားပေ။ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဟူသော သူ၏ ကျင့်ကြံမှုအရ သူသည် ခဏကြာအားအင်ဖြည့်တင်းပြီးနောက် အပြည့်အဝ ပြန်လည်သက်သာလာပေလိမ့်မည်။
သို့သော်လည်း ရွှယ်ကလန်အစေခံကတော့ မတူပေ။ သူ၏ ခန္ဓာကိုယ်က ဆူဇီမို၏ လက်ချက်ဖြင့် လုံးဝကို ချို့ယွင်းပျက်စီးသွားပြီး သူ့မှာ ထိတ်လန့်တကြားဖြစ်နေသော အမြုတေစိတ်ဝိညာဥ်တစ်ခုသာလျှင်ကျန်ရစ်ခဲ့၏။
သူက သခင်လေးရွှယ်ထံသို့ပြေးသွားပြီး ကျယ်လောင်စွာအော်ငိုလိုက်၏။
“အဆင့်မြင့်အင်မော်တယ်သတိထားပါ... ရွှယ်ကလန်က စွမ်းအားကြီးမားတယ်... ကျုပ်တို့ကြောင့် ဒုက္ခအရောက်မခံပါနဲ့”
ရှုရှစ်က စိုးရိမ်ပူပန်သောအမူအရာတစ်ခုနှင့်အတူ တိုးတိတ်စွာပြောလိုက်၏။
ဆူဇီမိုက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်နေသည့်အချက်ကို အသာထား သူ့ဂိုဏ်းမှလူတိုင်းက ဤနေရာမှာရောက်ရှိနေမည်ဆိုလျှင်တောင် သူတို့သည် သခင်လေးရွှယ်ကို ဆန့်ကျင်ရဲလိမ့်မည်မဟုတ်သည်ကို သူကကောင်းကောင်းသိထားလေသည်။
သခင်လေးရွှယ်ထံမှ စကားတစ်ခွန်းက ရေတိမ်ဓားဂိုဏ်းတစ်ဂိုဏ်းလုံးကို မြေပြင်ပေါ်မှာ ပြားကပ်သွားအောင် ချေမှုန်းပစ်နိုင်လေသည်။
“သခင်လေး... ကျုပ်အတွက် တရားသဖြင့်ဆောင်ရွက်ပေးပါ”
ရွှယ်ကလန်အစေခံ၏ အမြုတေစိတ်ဝိညာဥ်က ပြေးလွှားလာရင်း မှေးမှိန်လာပြီး မကျေမနပ်ပြောဆိုလိုက်၏။
“ကျုပ်က ရွှယ်ကလန်က ခွေးတစ်ကောင်ပဲဆိုပေမယ့် ကျုပ်ကိုတိုက်ခိုက်တဲ့လူတွေက ခွေးရှင်ရဲ့မျက်နှာကိုတော့ ကြည့်သင့်တာပေါ့... ဒါပေမဲ့လို့ အဲ့ဒီလူက ကျုပ်ကို တိုက်ခိုက်ပြီး ရွှယ်ကလန်ရဲ့ အဆင့်အတန်းကို ပမာမခန့်ပြုလိုက်တာပဲ”
“သူက ရွှယ်ကလန်ကို သက်သက်အထင်သေး...”
ရွှက်...
ထိုသူက စကားဆုံးအောင်မပြောနိုင်ခင်မှာပင် သခင်လေးရွှယ်က ရုတ်တရက် သူ၏ လက်ထဲရှိ သံဓားကိုဝေ့ယမ်းပြီး ထိုလူ၏ အမြုတေစိတ်ဝိညာဥ်ကို နှစ်ပိုင်းလှီးဖြတ်လိုက်၏။
အစေခံက အမြုတေစိတ်ဝိညာဥ်ဖျက်ဆီးခံရခြင်းနှင့်အတူ နေရာမှာပင်သေဆုံးသွား၏။
သူသေဆုံးသည့်အချိန်ထိပင်လျှင် သူသည် သူ့သခင်၏ လက်ထဲမှာ သေရလိမ့်မည်ဟု ထင်မှတ်မသွားခဲ့ပေ။
“မင်္ဂလာပါတာအိုရောင်းရင်း ကျုပ်က ရွှယ်ယွမ်ပါ... ကျုပ်ရဲ့အစေခံက မျက်စိကန်းနေလို့ ခင်ဗျားကို ဆန့်ကျင်မိခဲ့တယ်... အဲ့တော့ခင်ဗျားကိုယ်စား ကျုပ်သူ့ကိုသတ်ပေးလိုက်ပြီ... ခင်ဗျားရဲ့အဆင့်အတန်းနဲ့ သူနဲ့ဖက်ပြိုင်မနေပါနဲ့ တာအိုရောင်းရင်း”
သခင်လေးရွှယ်က ဆူဇီမိုထံသို့ လက်သီးနှစ်ဖက်ကိုယှက်ပြပြီး အပြုံးတစ်ခုနှင့်အတူ နှုတ်ဆက်လိုက်၏။
“တာအိုရောင်းရင်း... ကျုပ်ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ “
ရွှယ်ယွမ်၏ စိတ်နေသဘောထားက ရှုရှစ်နှင့် သူ့သားကို အံ့အားသင့်သွားစေ၏။
ရွှယ်ယွမ်သည် အစကတည်းက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လေသည်။ ရွှယ်ကလန်ကျင့်ကြံသူအများစုကလည်း အဆင့်-၈ သို့မဟုတ် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များဖြစ်ပြီး အလွန်တရာသန်မာကြ၏။
ပြောရမည်ဆိုလျှင် ရွှယ်ယွမ်က ဤကဲ့သို့ အလွယ်တကူအလျှော့မပေးသင့်ပေ။
စောင့်ကြည့်နေသော ကျင့်ကြံသူများကလည်း စဥ်းစားရခက်သွားပြီး တိတ်တဆိတ်ဆွေးနွေးလိုက်၏။
“သခင်လေးရွှယ်ကိုတောင်အလျှော့ပေးရအောင် အဲ့ဒီလူမှာ ဘာနောက်ခံရှိနေလို့ပါလိမ့်”
“အဲ့ဒီလူရဲ့ခါးပေါ်က တံဆိပ်ပြားက ရင်းနှီးနေသလိုပဲ... ကြည့်ရတာ... အဲ့ဒါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ပဲ”
လူတစ်ယောက်က အံအားတသင့်ပြောဆိုလိုက်၏။
ထိုစကားထွက်ပေါ်လာသည့်အချိန်မှာ အဲ့ဒါသည် လှိုင်းဂယက်တစ်ထောင်ကိုဖြစ်ပေါ်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ လူအုပ်ကြားထဲမှာ ကြီးမားသော တုံ့ပြန်မှုများကို ဖြစ်ပေါ်လာစေ၏။
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲက... ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်။
“တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေက ရောက်လာပြီပဲ”
ရှုရှစ်နှင့် ရှူရှောင်းထျန်က တုန်လှုပ်သွား၏။
သူတို့သည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ကြားဖူးထားသော်လည်း ဤကဲ့သို့သောဂိုဏ်းများက သူတို့နှင့်လက်လှမ်းမမီပေ။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့်ယှဥ်လျှင် ရေတိမ်ဓားဂိုဏ်းသည် အရေးမပါအရာမရောက်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ဖြစ်၏။
နဂါးအသူရာချောက်နက်မြို့မှာတုန်းက ဆူဇီမိုမှာ ပါရမီအလားအလာ များစွာရှိသည်ကို ရှုရှစ်က ပြောနိုင်ခဲ့လေသည်။
သို့သော်လည်း နှစ်ထောင်ဂဏန်းတချို့ကြာရုံနှင့် ဤစာပေသမားလူငယ်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်နိုင်ခဲ့လိမ့်မည်ဟု သူက စဥ်းစားကြည့်၍ မရနိုင်ပေ။
နဂါးအသူရာချောက်နက်မြို့မှာတုန်းက ရှုရှစ်၏ ကျင့်ကြံမှုသည် ဆူဇီမိုထက်ပင် ပို၍မြင့်မားနေခဲ့၏။
သို့သော်ယခု... သူတို့နှစ်ယောက်ကြားကွာဟချက်က မိုးနှင့်မြေလိုဖြစ်သွားခဲ့လေပြီ။
ရွှယ်ယွမ်မှာ ဤကဲ့သို့သော စိတ်နေသဘောထားတစ်ခုရှိလာသည်မှာ မထူးဆန်းတော့ပေ။
ရွှယ်ကလန်သည် သိပ်သည်းပြင်းထန်သော ခွန်အားနှင့် နက်ရှိုင်းသောအခြေခံအုတ်မြစ်တစ်ခုနှင့်အတူ အင်မော်တယ်တာအိုကလန်ကြီးတစ်ခုဖြစ်သော်လည်း သူတို့သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့်ယှဥ်လျှင် အနည်းငယ်နိမ့်ကျနေ၏။
“အဲ့ဒီဓားကို သူတို့ကိုပြန်ပေးလိုက်”
ဆူဇီမိုက ရွယ်ယွမ်၏ မေးခွန်းကို ပြန်မဖြေပေ။ ထိုအစားသူက ရွှယ်ယွမ်၏ လက်ထဲရှိသံဓားကို လက်ညှိုးထိုးပြလိုက်၏။
ရွှယ်ယွမ်က တုံ့ဆိုင်းသောအမူအရာတစ်ခုနှင့်အတူ မျက်မှောင်အနည်းငယ် ကြုတ်ပြီး ပြုံးကာပြောလိုက်လေသည်။
“တာအိုရောင်းရင်း... ကျုပ်က ဒီဓားကိုဝယ်ဖို့အတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကို ပေးချေပြီးသွားပြီ... ခင်ဗျားက တက္ကသိုလ်က တပည့်တစ်ယောက်ဆိုရင်တောင် ဒါကို အတင်းအကျပ်လုယူလို့မရဘူးလေ... ဟုတ်တယ်မလား”
တကယ်တော့... သူသည် ဤနေရာသို့ရောက်ရှိလာသည်မှာ နှစ်တစ်သောင်းတွေ့ဆုံပွဲတွင် ပါဝင်ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှ နေရာတစ်ခုအတွက် တိုက်ခိုက်ဖို့ဖြစ်၏။
သူ၏ နည်းလမ်းများနှင့် တိုက်ခိုက်ရည်ခွန်အားအရ သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၀ လောက်မှာ ရပ်တည်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ဆူဇီမိုသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သောအခါ သူကလုံးဝကြောက်ရွံ့မနေပေ။
ပို၍အရေးကြီးသည်မှာ ရွှယ်ကလန်သည် ဒီဘက်မျိုးဆက်တွင် ပို၍စွမ်းအားကြီးမားသော ပြိုင်စံရှားတစ်ဦးကိုမွေးထုတ်ပေးခဲ့ပြီး ထိုသူက သူ၏နောက်မှာရှိနေ၏။
ထိုပြိုင်စံရှား၏ တိုက်ခိုက်ရည်ခွန်အားသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးအဆင့် ၂၀ ထဲသို့ သေချာပေါက်ဝင်ရောက်နိုင်ပေလိမ့်မည်။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ပညာရှင်နှစ်ဦး...။
အဲ့ဒါက ရွှယ်ယွမ်၏ ယုံကြည်မှုဖြစ်၏။