← Chapters

လက်လျှော့ရခြင်း

Vol. 146 Ch. 2187

လက်လျှော့ရခြင်း

Vol. 146 Ch. 2187

“အဲ့ဒါဘယ်သူလဲ... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်ဝင်ဖို့ အလားအလာရှိတဲ့ ပညာရှင်နှစ်ဦးတောင်မှ ဖိနှိမ်ခံလိုက်ရတယ်ဆိုတော့... သူ့ရဲ့နည်းလမ်းတွေက တော်တော်​ကြောက်ဖို့ကောင်းတာပဲ”

“ငါလည်းမပြောတတ်ဘူး... တက္ကသိုလ်ရဲ့ အပြင်ဂိုဏ်းပြိုင်ပွဲအဆင့်သတ်မှတ်ချက်က ထွက်ပေါ်လာခဲ့တာကြာခဲ့ပြီ... ဒါပေမဲ့ အဲ့ဒီမှာ စာပေသမားတစ်ယောက်အော်ရာနဲ့ ကမ္ဘာမြေအင်မော်တယ် တစ်ယောက်ယောက်ရှိတယ်လို့ မကြားမိဘူး”

ကျင့်ကြံသူများက ဤနေရာမှာ ပို၍ပို၍ စုဝေးရောက်ရှိလာကြ၏။ သူတို့ထဲမှအချို့သည် တက္ကသိုလ်မှ အခြားသောတပည့်များကို မှတ်မိသိရှိသော်လည်း သူတို့သည် ဆူဇီမိုကို အရင်က တစ်ခါမှမမြင်ဖူးကြပေ။

ဆူဇီမိုသည် တက္ကသိုလ်သို့ ဝင်ရောက်စဥ်ကတည်းက သူကတံခါးပိတ်ကျင့်ကြံနေခဲ့၏။

တက္ကသိုလ်သို့ဝင်ရောက်လာသော ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် အဆင့်-၈ သို့မဟုတ် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များဖြစ်ပြီး သူတို့က တံခါးပိတ်ကျင့်ကြံနေစရာမလိုပေ။

ဤအပြင်ဂိုဏ်းတပည့်အများစုသည် ဂိုဏ်းကနေ သတ်မှတ်ပေးထားသည့် တာဝန်းများစွာကိုလက်ခံယူပြီး ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ လေ့ကျင့်ရေးဆင်းနေခဲ့ကြ၏။ တာဝန်များကိုပြီးမြောက်အောင်ဆောင်ရွက်ရင်း သူတို့သည် သူတို့ကိုယ်သူတို့ နာမည်တစ်ခု တဖြည်းဖြည်းတည်ဆောက်ကြပေလိမ့်မည်။

လူတစ်ယောက်က ရုတ်တရက်ပြောလိုက်၏။

“လွန်ခဲ့တဲ့နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ တက္ကသိုလ်က ရက်စက်ကြမ်းတမ်းတဲ့လူတစ်ယောက်ကို လက်ခံခဲ့တာ မမေ့လိုက်နဲ့”

“မင်းက မျိုးရိုးနာမည်'ဆူ'နဲ့သူကို ပြောနေတာမလား... မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အာဏာပါးကွက်သားအစောင့်တပ်သား တစ်ရာကျော်ကို သတ်ဖြတ်ခဲ့တဲ့သူမလား”

ဟုတ်တာပေါ့ အဲ့ဒါသူပဲ သူ့နာမည်က ဆူဇီမို”

လူအုပ်ကြားထဲမှ ဆွေးနွေးသံများက ပို၍ပို၍ ကျယ်လောင်လာခဲ့၏။

“ဘာတွေဖြစ်နေကြတာလဲ”

ပုံရိပ်တချို့က လူအုပ်ကြီးကိုတွန်းဖယ်ပြီး ဝင်ရောက်လာကြ၏။ ဒဏ်ရာရရှိထားသော ရွှယ်ယွမ်နှင့် အခြားသူများကိုတွေ့မြင်သောအခါ သူတို့၏ အမူအရာများက ပြောင်းလဲသွား၏။

“ဦးလေး... ခင်ဗျားရောက်လာပြီပဲ”

နာကျင်နေသောအမူအရာနှင့်အတူ ရွှယ်ယွမ်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ဖယ်လိုက်၏။

ရောက်ရှိလာသော ရွှယ်ကလန်ကျင့်ကြံသူများ၏ ကျင့်ကြံမှုနယ်ပယ်များက ကောင်းကင်အမြုတေနယ်ပယ်မှာရှိလေသည်။ အဲ့ဒီမှာ အဆင့်-၈ ကောင်းကင်အင်မော်တယ်သုံးယောက်နှင့် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ဦးရှိလေသည်။

ရွှယ်ယွမ်၏ ဦးလေး ရွှယ်ချန်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ဦးဖြစ်ပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အတော်အတန်ကျော်ကြားလေသည်။

“အဲ့ဒါကို ဘယ်သူလုပ်လိုက်တာလဲ”

ရွှယ်ချန်က ဟိန်းဟောက်လိုက်ပြီး ရွှယ်ယွမ်၏ အကြည့်အတိုင်း လိုက်ပါကြည့်ရှုလိုက်၏။ သူက ကြမ်းကြုတ်ခက်ထန်သော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုကိုမမှိတ်မသုန်စိုက်ကြည့်လိုက်၏။

သို့သော်မကြာခင် သူ၏ အမူအရာကပြောင်းလဲသွားပြီး သူ၏ မျက်လုံးထဲရှိသတ်ဖြတ်လိုစိတ်က သိသိသာသာလျော့ကျသွား၏။

သူသည် ဆူဇီမို၏ ခါးပေါ်မှ ဂိုဏ်းတံဆိပ်ပြားကိုတွေ့မြင်သွားပြီဖြစ်၏။

အဲ့ဒါသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ တံဆိပ်ပြားဖြစ်၏။

တက္ကသိုလ်က တပည့်တစ်ယောက်...။

ရွှယ်ချန်၏ အမူအရာက ပျက်ယွင်းသွား၏။

ရွှယ်ချန်၏ စိတ်ခံစားချက်အပြောင်းအလဲကို အာရုံခံမိသောအခါ ဆူဇီမိုကလည်း စိတ်ခံစားချက်တချို့ကိုရရှိလိုက်၏။

တက္ကသိုလ်သို့ သူဝင်ရောက်လာပြီးနောက် သူသည်တံခါးပိတ်ကျင့်ကြံနေခဲ့၏။

တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် သူသည် ပဋိပက္ခတစ်ခုဖြစ်၍ အပြင်ဂိုဏ်းကလူနှစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရုံသာဖြစ်၏။ သူသည် တက္ကသိုလ်က ထွက်ခွာခဲ့ခြင်းမရှိသလို အပြင်လောကမှာကျက်စားသွားလာခဲ့ခြင်းလည်း မရှိပေ။

ဤအခိုက်အတန့်မှသာလျှင် သူသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ စွမ်းအားကို ခံစားမိလာခဲ့၏။

အင်မော်တယ်တာအိုကလန်ကြီးတစ်ခုမှ အဆင့်-၉ ကောင်းကင်အင်မော်ဆယ်တစ်ဦး၏ သတ်ဖြတ်လိုစိတ်သည် ၎င်း၏ အကန့်အသတ်ထိ စုဖွဲ့လာခဲ့ပြီဖြစ်ပြီး အချိန်မရွေးမည်သူ့ကိုမဆို ထိခိုက်အောင်လုပ်နိုင်၏။

သို့သော်လည်း ထိုလူသည် သူ၏ ခါးပေါ်မှ တက္ကသိုလ်တံဆိပ်ပြားကို တွေ့မြင်သောအခါ သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး စိုးရိမ်ပူပန်သောအမူအရာတစ်ခုကို ထုတ်ဖော်လာခဲ့၏။

ဆူဇီမိုသည် ဤကိစ္စကို ဖြေရှင်းဖို့ ပေါ်ထွက်လာစဥ်ကတည်းက တက္ကသိုလ်မှ အခြားမည်သူကမှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိပေ။

ထိုသို့ဆိုလျှင်တောင် ရွှယ်ချန်နှင့် အခြားသူများက မဆင်မခြင်မပြုမူရဲပေ။

ဆူဇီမို၊ ရွှယ်ယွမ်နှင့် တို့ယွမ်အကြားတိုက်ခိုက်မှုကို ကျင့်ကြံမှုအဆင့်တူသော ကျင့်ကြံသူများအကြား လက်ရည်စမ်းမှုတစ်ခုအဖြစ်သတ်မှတ်နိုင်၏။ အဲ့ဒါက ပြောပလောက်စရာမဟုတ်ပေ။

သို့သော်လည်း ရွှယ်ချန်က ဆူဇီမိုကိုတိုက်ခိုက်လိုက်မည်ဆိုလျှင် သူသည် သူ၏ ကျင့်ကြံမှုထက်နိမ့်သော လူတစ်ယောက်ကို အနိုင်ကျင့်ခြင်းဖြစ်သွားပေလိမ့်မည်။

ထိုအခါ ကောင်းကင်နှင့်မြေပြီးတက္ကသိုလ်က အဲ့ဒါကို သေချာပေါက်လက်ခံလိမ့်မည် မဟုတ်ပေ။

တက္ကသိုလ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို ဘေးပတ်ဝန်းကျင် ကျင့်ကြံသူများကလည်း ရောင်ပြန်ဟပ်ပြနေဆဲဖြစ်၏။

လူတိုင်းသည် သူ့ကိုကြည်ညိုလေးစားခြင်း၊ ချီးကျူးလိုခြင်း၊ အထင်ကြီးခြင်းတို့ဖြင့် ကြည့်နေသည်ကို ဆူဇီမိုးက ရှင်းလင်းစွာအာရုံခံမိနေ၏။

အဲ့ဒါသည် အထက်ဘုံသို့ သူတက်လှမ်းလာပြီးနောက် သူ တစ်ခါမှ မတွေ့ကြုံခဲ့ရသည့် ခံစားချက်တစ်ခုဖြစ်လေသည်။

သူသည် အောက်ဘုံလောကကနေ တက်လှမ်းလာခဲ့၏။ သူတက်လှမ်းလာပြီးနောက် ကျင့်ကြံသူများစွာ၏ မျက်လုံးထဲမှာ သူ၏ အဆင့်အတန်းက နိမ့်ကျနေခဲ့၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ ဦးခေါင်းထက်တွင် ရောင်လျှံစက်ဝန်းတစ်ခု ပေါ်ထွက်လာသည့်အလားပင်။

တက္ကသိုလ်မှတပည့်တစ်ယောက်...။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများကို မည်သူကမှ အထင်မသေးရဲပေ။

“တက္ကသိုလ်ရဲ့တပည့်ဂိုဏ်းသားတွေက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ... သူတို့က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမစခင်မှာတင် အခြားသူတွေကို စိတ်ရှိတိုင်းတိုက်ခိုက်နိုင်နေပြီ”

ရွှယ်ချန်က ဆူဇီမိုကို လှောင်ပြောင်သရော်လိုသောလေသံနှင့် ပြောကာကြည့်လိုက်၏။

“ကျုပ်မလုပ်ရဲပါဘူး”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“ကျုပ်တို့တက္ကသိုလ်က ရွှယ်ကလန်ကို ဘယ်ယှဥ်နိုင်ပါ့မလဲ.. ခင်ဗျားတို့တွေက အဲ့ဒါကိုသဘောကျတာနဲ့ပဲ တခြားသူတွေရဲ့ပစ္စည်းကို လုယူနိုင်ကြတယ်လေ… ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိလိုက်လဲ”

ရွှယ်ချန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး မြေပြင်ပေါ်မှာ ထိုင်နေသော ရွှယ်ယွမ်ကို ငုံ့ကြည့်လိုက်၏။

ရွှယ်ယွမ်က မလုံမလဲဖြစ်သွားပြီး ရွှယ်ချန်နှင့် အကြည့်ချင်းမဆုံရဲပေ။

အဲ့ဒါကို လူတိုင်းက မျက်မြင်တွေ့ထားပြီး အဲ့ဒါကို သူကမလိမ်ညာရဲပေ။

ရွှယ်ချန်က စိတ်ထဲကနေကျိန်ဆဲလိုက်၏။ သူတို့က အရင်စ၍မှားခဲ့သူများဖြစ်ပြီး ယနေ့ကိစ္စကို ဒီတိုင်းပင်ထားရတော့မည်ဆိုတာကို သူသိလိုက်၏။

“ဘာလို့အဲ့ဒီမှာ လူတွေအများကြီးစုရုံးနေကြတာလဲ”

ထိုစဥ်မှာပင် ခံ့ညားသောအသံတစ်သံက ခပ်လှမ်းလှမ်းကောင်းကင်ထက်ကနေထွက်ပေါ်လာ၏။

ရွှယ်ချန်၏ မျက်လုံးက ဝင်းလက်သွား၏။

ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်ထဲမှာ မြို့တော်၏အစောင့်တပ်သားများနှင့် ပကတိအင်မော်တယ်ပညာရှင်များကလွဲလျှင် အခြားသောကျင့်ကြံသူများက မြို့တော်ထဲမှမပျံသန်းနိုင်ကြပေ။

ဤနေရာမှာရှိသောရုတ်ရုတ်သဲသဲအခြေအနေအရ မြို့စောင့်တပ်သားများက ရောက်ရှိလာတာဖြစ်ရပေမည်။

သူသည် တက္ကသိုလ်ကို စိုးရိမ်ပူပန်နေသော်လည်း ယန်ယန်းအင်မော်တယ်နိုင်ငံက စိုးရိမ်ပူပန်နေမည် မဟုတ်ပေ။

ယန်ယန်းအင်မော်တယ်နိုင်ငံသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့်ယှဥ်နိုင်သော ကြီးမားသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်၏။

ဒါ့အပြင် ဤနေရာသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်ဖြစ်လေသည်။

တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ... သူတို့သည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ စည်းမျဥ်းစည်းကမ်းများကို လိုက်နာရပေမည်။

သူ့အနေဖြင့်တိုက်ခိုက်ဖို့ မသင့်လျော်သော်လည်း သူက ယန်ယန်းအင်မော်တယ်နိုင်ငံ၏ စွမ်းအားကို အသုံးချကာ ဤတက္ကသိုလ်တပည့်ဂိုဏ်းသားကို သင်ခန်းစာတစ်ခု ပေးနိုင်လေသည်။

ထိုသို့အတွေးဖြင့် ရွှယ်ချန်က လေထဲကနေပျံသန်းလာနေသော မြို့တော်အစောင့်တပ်သားတစ်အုပ်စုကို လှည့်ကြည့်လိုက်ပြီး သူကလက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“မင်္ဂလာပါခေါင်းဆောင်တပ်မှူး... ကျုပ်က ရွှယ်ကလန်က ရွှယ်ချန်ပါ”

“တာအိုရောင်းရင်းရွှယ်... ခင်ဗျားအကြောင်း ကျုပ်အများကြီးကြားဖူးတယ်”

မြို့တော်ခေါင်းဆောင်တပ်မှူးသည် ရွှယ်ကလန်၏ ရွှယ်ချန်ကို တွေ့မြင်သောအခါ သူ၏ အမူအရာကပျော့ပြောင်းသွားပြီး အသာအယာခေါင်းညိတ်ကာ လက်သီးနှစ်ဖက်ကိုပြန်ယှက်ပြလိုက်၏။

ရွှယ်ချန်က ဆူဇီမိုကိုလက်ညှိုးထိုးပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သူက တက္ကသိုလ်ရဲ့ တပည့်ဂိုဏ်သားတစ်ယောက်ဖြစ်နေတာနဲ့ပဲ... သူက မြို့တော်ထဲမှာတိုက်ခိုက်ပြီး ကျုပ်တို့ရွှယ်ကလန်သားတွေအများကြီးကို ဆက်တိုက်ဒဏ်ရာရစေခဲ့တယ်”

“ဒီနေရာ အင်မော်တယ်နိုင်ငံရဲ့မြို့တော်ဖြစ်နေလို့ ကျုပ်ကအဲ့ဒီလူကို လက်နဲ့တောင်မထိသေးဘူး... ကျုပ်က မြို့ထဲမှာ ရုန်းရင်းဆန်ခတ်မဖြစ်စေချင်လို့ပဲ... ခေါင်းဆောင်တပ်မှူး ကျေးဇူးပြုပြီး ရွှယ်ကလန်အတွက် တရားသဖြင့်ဆောင်ရွက်ပေးပါ”

မြို့တော်ခေါင်းဆောင်တပ်မှူးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အခက်တွေ့နေသောအမူအရာဖြင့် ဆူဇီမိုကိုလှည့်ကြည့်လိုက်၏။

အဲ့ဒါက သာမန်ကျင့်ကြံသူတစ်ယောက်ယောက်သာဆိုလျှင် သူသည် ထိုသူကိုဖမ်းဆီးပြီး ဆုံးမသည့်အနေဖြင့် ရက်အနည်းငယ် အကျဥ်းချထားလိုက်ရုံသာဖြစ်၏။

သို့သော်လည်း အဲ့ဒါက ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ တပည့်ဂိုဏ်းသားတစ်ယောက်ဖြစ်၏။

“ခေါင်းဆောင်တပ်မှူးရှင်း”

သူက အခက်တွေ့နေစဥ်မှာပင် အမျိုးသမီးတစ်ယောက်၏ အသံက လူအုပ်ကြားထဲကနေထွက်ပေါ်လာ၏။

သူက အသံလာရာဘက်သို့ အလိုလိုလှည့်ကြည့်လိုက်ပြီး သွေးနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာပြီး ပြုံး၍ပြောလိုက်သည်ကို သူကတွေ့မြင်လိုက်ရ၏။

“ခေါင်းဆောင်တပ်မှူးရှင်း... မတွေ့ရတာတောင်ကြာပြီပဲ”

“မင်္ဂလာပါ မင်းသမီးသက်တံနီ”

ခေါင်းဆောင်တပ်မှူးရှင်းက မှင်တက်သွားပြီး ခပ်မြန်မြန်ဦးညွှတ်လိုက်၏။

သူ၏ နောက်ဘက်မှ မြို့တော်အစောင့်တပ်သားများစွာကလည်း ဦးညွှတ်လိုက်ကြ၏။

ရွှယ်ချန်က မှင်တက်သွားပြီး ဆိုးဝါးသောခံစားချက်တစ်ခုကိုရရှိလာခဲ့၏။

မင်းသမီးသက်တံနီက လက်ကာပြလိုက်၏။

“ဒီနေရာမှာဘာမှကြီးကြီးမားမားဖြစ်တာမရှိပါဘူး... အဲ့ဒါ ရွှယ်ကလန်ရဲ့သခင်လေးက အခြားတစ်ယောက်ပိုင်တဲ့ပစ္စည်းကို လုယူလိုက်ရုံပဲ.. ကျွန်မရဲ့ဂျူနီယာမောင်လေးက အဲ့ဒါကိုလက်ပိုက်ကြည့်မနေနိုင်လို့ သခင်လေးရွှယ်နဲ့ ဖော်ဖော်ရွေရွေလက်ရည်စမ်းလိုက်ရုံပါပဲ... အဲ့ဒါက ဘာမှပြောပလောက်စရာမဟုတ်ပါဘူး”

အဲ့ဒါက ဖော်ဖော်ရွေရွေလက်ရည်စမ်းခြင်းတဲ့လား..။

ခေါင်းဆောင်တပ်မှူးရှင်းသည် မြေပြင်ပေါ်မှာ လဲကျနေသောရွှယ်ယွမ်ကို တစ်ချက်ကြည့်ကာ စိတ်ထဲကနေရေရွတ်လိုက်၏။

သခင်လေးရွှယ်က ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာပင် မပါဝင်နိုင်တော့ဖို့များလေသည်။

မင်းသမီးသက်တံနီက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်သွားခဲ့သည်ကို သူကြားထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။

ယခု... မင်းသမီးသက်တံနီက ပေါ်ထွက်လာပြီး သူက ခပ်မြန်မြန်နောက်သို့ဆုတ်လိုက်၏။

“ကျုပ်သိပြီ”

ခေါင်းဆောင်တပ်မှူးရှင်းက အသာအယာခေါင်းညိတ်ပြီးပြောလိုက်၏။

“မြို့တော်ထဲမှာ အသေးအဖွဲ့ပဋိပက္ခလေးတွေဖြစ်တတ်တာ ပုံမှန်ပါပဲ... အဲ့ဒါက ကြီးကြီးမားမားမဟုတ်သရွေ့ ဘာမှမဖြစ်ပါဘူး”

“ဟုတ်တာပေါ့”

မင်းသမီးသက်တံနီက ပြုံး၍ပြောလိုက်၏။

“ခေါင်းဆောင်တပ်မှူးရှင်း... တခြားနေရာတွေကို ကင်းလှည့်လိုက်ဦးလေ... ဒီနေရာမှာဘာမှအထွေအထူးမရှိဘူး... ကျွန်မတို့လည်း သိပ်မကြာခင် သွားကြတော့မှာ”

“အဲ့ဒါဆိုရင် ကျုပ်သွားလိုက်ပါဦးမယ်”

ခေါင်းဆောင်တပ်မှူးရှင်းက လက်သီးနှစ်ဖက်ကို နောက်တစ်ဖန်ယှက်ပြပြီး သူ၏ နောက်ဘက်မှ မြို့စောင့်တပ်သားများနှင့်အတူ ထွက်ခွာကာ ပျောက်ကွယ်သွားလေသည်။

ရွှယ်ချန်က ဒေါသထွက်လွန်းသောကြောင့် သွေးအန်လုနီးပါးဖြစ်နေ၏။

“နှုတ်ဆက်ပါတယ်”

ရွှယ်ချန်၏ မျက်နှာက အစိမ်းရောင်နှင့်အပြာရောင် တစ်လှည့်စီပြောင်းလဲသွား၏။ နောက်ဆုံးမှာသူက ထိုစကားကိုသာပြောပြီး ရွှယ်ယွမ်ကိုဖေးမကာ ရွှယ်ကလန်မှ အခြားသူများနှင့်အတူ လှည့်ထွက်သွားလေသည်။

All Chapters